နတ်ဆိုးမြေခွေးပိုင်ချီ....အစွမ်းထက်သော မဟာယနနဂါးမျှော်စင်
Vol. 4 Ch. 50
တောထဲတွင်.....
အိပဲ့အိပဲ့ရွေ့လျားနေသော ရထားလုံးကြောင့် စောင့်ကြပ်ပေးနေရသော သိုင်းပညာရှင်က သမ်းဝေလိုက်ပြီး....
“ညီအစ်ကိုတို့၊ ငါတို့ မြို့တော်ကို ရောက်တော့မယ်...မြို့ထဲရောက်ရင် သစ်တော်ပန်းစားသောက်ဆိုင်မှာ ဝင်နားပြီး အလှလေးတွေနဲ့သက်တောင့်သက်သာအိပ်စက်ကြမယ်...."
ဒါကိုကြားတော့ သူ့နောက်က အစောင့်တွေက အားပါးတရရယ်မောကြပြီး သစ်တော်ပန်းစားသောက်ဆိုင်အကြောင်း စတင်ဆွေးနွေးနေကြသည်။
သစ်တောအဆုံးကနေ မြို့တော်ကို မသိမသာ မြင်နိုင်နေပြီဖြစ်သည်။
ဝူးးးးးးဝူးးးးး
လူ သို့မဟုတ် သားရဲကဲ့သို့ အော်ဟစ်သံကြောင့် ပတ်ဝန်းကျင်ကို လှည့်ကြည့်ပြီး လူတိုင်း လန့်သွားကြသည်။
"အဲဒါ ဘာသံလဲ"
"တစ်ယောက်ယောက် ငိုနေတာလား။"
“မဟုတ်ဘူး၊ ဒီအသံက လူသံမဟုတ်ဘူး။ အနီးနားက တောထဲမှာ မြေခွေးတွေ ရှိနေတယ်လို့ ကြားတယ်... အားလုံးသတိထားပါ။"
"မြေခွေးလား? ဟားဟား၊ သူတို့ ချဉ်းကပ်ဝံ့ရင် ငါ ဒီည အစားအသောက်ထဲမှာထည့်ချက်ဖို့ ထည့်ဖို့ သစ်တော်ပန်းစားသောက်ဆိုင်က စားဖိုမှူးတွေဆီယူသွားပေးလိုက်မယ်...."
အစောင့်အကြပ်တွေက ဂရုမစိုက်ပေမယ့် လူလတ်ပိုင်း သိုင်းပညာရှင်က မျက်မှောင်ကြုတ်နေသည်။ သူသည် အနှစ်သုံးဆယ်အတွေ့အကြုံရှိသော ပထမအဆင့် ကျွမ်းကျင်သူဖြစ်သည်။ ဒီအသံက လူမဟုတ်သလို မြေခွေးလည်းမဟုတ်တာ သေချာသည်။
လူလတ်ပိုင်း သိုင်းပညာရှင်က ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သဖြင့် အခြားသော အစောင့်အကြပ်များလည်း သတိချပ်မိလိုက်ပြီး လက်နက်တွေဆွဲထုတ်ကာ တိုက်ခိုက်ဖို့ ပြင်ဆင်ကြသည်။
ယာဉ်တန်းသည် ရှေ့သို့ ဆက်သွားသော်လည်း အရှိန်လျှော့ပြီး နှစ်ဖက်စလုံးမှ ရန်သူများ တောထဲမှ ခုန်ထွက်မည်ကို စိုးရိမ်နေကြသည်။
မီတာတစ်ရာခန့် လမ်းလျှောက်ပြီးနောက် ကောင်းကင်က တဖြည်းဖြည်း မည်းမှောင်လာသည်။
ထိုစဉ် အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးက လက်ဝဲဘက်ရှိ တောအုပ်ထဲမှ ရုတ်တရက် ပြေးထွက်လာခဲ့သည်။ ရှေ့သို့လှမ်းလာစဉ် ရုတ်တရက်လဲကျသွားသဖြင့် အမျိုးသမီး၏လှပသောခြေတံသွယ်သွယ်ကို အတိုင်းသားမြင်နေရသည်။အမှောင်ထဲတွင်ပင် ထင်းလင်းနေသောထိုအမျိုးသမီးကိုကြည့်ပြီး အားလုံးအံ့သြနေကြသည်။
အဖြူရောင် ၀တ်စုံ အမျိုးသမီးသည် ခေါင်းကိုမော့ကာ လှပသော မျက်နှာကို ပေါ်လွင်စေပြီး....
“အစ်ကိုတို့၊ လာကူညီကြပါဦး တောထဲမှာ မြွေတွေရှိတယ် အရမ်းကြောက်စရာကောင်စတာပဲ....အမလေးးအသက်ရှုကြပ်လိုက်တာ....ကယ်ကြပါဉီး..... "
ချက်ချင်းဆိုသလိုပဲ အစောင့်အကြပ်တစ်ယောက်က ရှေ့သို့တိုးလာပြီး.....
“မိန်းကလေး... မစိုးရိမ်နဲ့...ကျူပ်တို့ ကူညီပါ့မယ်။"
သက်လတ်ပိုင်း သိုင်းပညာသမားက ဓားကို ရုတ်တရက် မြှောက်လိုက်ပြီး အစောင့်အကြပ်ရှေ့တွင် ပိတ်ရပ်လိုက်သည်။ အစောင့်အကြပ်က ခေါင်းကိုလှည့်ပြီး "သူဌေး.... ဘာဖြစ်နေတာလဲ" ဟု မေးသည်။
သူ့မျက်လုံးများထဲတွင်လည်း နာကြည်းမှုများဖြင့် ပြည့်နှက်နေသည်။ သူဌေးက တစ်ယောက်တည်း ပျော်ချင်နေတာလား....
“ဒီမိန်းမကိုကြည့်ရတာ မူမမှန်ဘူး....အရမ်းအန္တရာယ်များတယ်” ဟု လူလတ်ပိုင်း သိုင်းပညာရှင်က အေးစက်စွာပြောသည်။
ဝတ်ရုံဖြူဝတ်အမျိုးသမီးက “အစ်ကိုရယ် ကျွန်မလို မိန်းမသားတစ်ယောက်က ဘယ်လိုအန္တရာယ်ရှိနိုင်မှာလဲ... အရမ်းနေရခက်နေလို့ ကျေးဇူပြုပြီး ကူညီပေးကြပါ....."
အစောင့်အကြပ်တွေက ရှေ့ဆက်မတိုးတော့ဘဲ လူလတ်ပိုင်း သိုင်းပညာရှင်ကို ယုံကြည်ဖို့ ရွေးချယ်ခဲ့ကြသည်။
ဒါကိုမြင်လိုက်တဲ့အခါ ဝတ်ရုံဖြူအမျိုးသမီးရဲ့အမူအရာက ပြောင်းလဲသွားပြီး သူမရဲ့မျက်နှာဟာ ဝံပုလွေ ဒါမှမဟုတ် မြေခွေးတစ်ကောင်လို မြန်မြန်ဆန်ဆန် ပြောင်းလဲသွားခဲ့သည်။ ထိုမြင်ကွင်းက အလွန်ကြောက်စရာကောင်းပြီး လူတိုင်း၏အမူအရာများ သိသိသာသာ ပြောင်းလဲသွားစေသည်။ သူတို့ မတုံ့ပြန်နိုင်ခင်မှာ ဝတ်ရုံဖြူဝတ် အမျိုးသမီးက ရုတ်တရက် ပြေးဝင်လာသည်။
လူလတ်ပိုင်း သိုင်းပညာရှင်ကလည်း မြင်းပေါ်မှ ခုန်ဆင်းကာ အမျိုးသမီးကို
ဓားဖြင့် ခုတ်လိုက်သည်။
ဘန်းးးးးး
ဝတ်ရုံဖြူအမျိုးသမီးက ဓားချက်ကို ရှောင်လိုက်ပြီး ရင်ဘတ်ကို လက်ဖဝါးနဲ့ရိုက်ချလိုက်သဖြင့် သတ်လတ်ပိုင်းသိုင်းပညာရှင် သွေးအန်ကာ နောက်သို့လွင့်စင်သွားသည်။
ပထမအဆင့် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် တချက်တည်းနှင့် ရှုံးနိမ့်ခဲ့သည်။
ဤမြင်ကွင်းသည် အခြားအစောင့်အကြပ်များ၏ အသည်းများပြုတ်ကျသွားသလို ခံစားရစေသည်။ ဒါပထမဆုံးအကြိမ် သူတို့ရဲ့သူဌေးရှုံးတာကိုမြင်ဖူးခြင်းပင်.....
အစောင့်တွေတယောက်ပြီး တယောက် မြင်းပေါ်က ဆင်းပြီး ရထားလုံးဘေးကိုဆင်းသက်လာသည့် ဝတ်ရုံဖြူ အမျိုးသမီးကို ထိတ်လန့်တကြား ကြည့်နေသည်။ ဝတ်ရုံဖြူအမျိုးသမီးက ခေါင်းကိုလှည့်ပြီး ဝံပုလွေခေါင်းကိုလှစ်ဟာပြသလိုက်သည်။ သူမ၏ အပြုံးသည် ယုတ်မာကောက်ကျစ်ပြီး အော်ဂလီဆန်ဖွယ်ကောင်းလွန်းလှသည်။
"နင်တို့တွေ ဉာဏ်ကောင်းပေမယ့် သေရမယ်....."
ဝတ်ရုံဖြူအမျိုးသမီးက လှောင်ပြောင်ပြီး အစောင့်အကြပ်တွေကို တိုက်ခိုက်ပြန်သည်။
ဝှစ်.....
သစ်သားဓားတစ်ချောင်းက အလွန်လျင်မြန်သော အရှိန်ဖြင့် တောထဲမှ လွှင့်ထွက်လာသည်။ ၀တ်စုံဖြူ အမျိုးသမီးသည် မသိစိတ်ကြောင့် ရှောင်ထွက်သွားသော်လည်း သူမ၏ပါးပြင်တွင် ပြတ်ရှရာတစ်ခုဖြစ်ပေါ်ခဲ့သည်။
"မကောင်းဆိုးဝါးမ.... ဘယ်သူ့ကိုမှ မထိခိုက်စေနဲ့!"
အေးစက်စက်အော်သံ ထွက်ပေါ်လာပြီး လူရိပ်တစ်ခုက ပေါ့ပါးသော စွမ်းရည်ကို အသုံးပြုကာ သစ်ပင်တစ်ပင်မှ တစ်ပင်သို့ လျင်မြန်စွာကူးလာပြီး ဝံပုလွေနတ်ဆိုးကို လျင်မြန်စွာ တိုက်ခိုက်ခဲ့သည်။
သူသည် အစောင့်အကြပ်များရှေ့သို့ ဆင်းလာပြီး လက်ကို ဝှေ့ယမ်းလိုက်သည့်အခါသစ်သားဓားက သူ့လက်ထဲသို့ အလိုလိုပြန်ရောက်လာခဲ့သည်။
ဤလူသည် စုတ်ပြတ်နေသော မီးခိုးရောင် ၀တ်ရုံကို ၀တ်ထားပြီး ဓားရှည် ၃ ချောင်းကို ကျောတွင် ဆောင်ထားသည်။ သို့သော် သူ့မျက်နှာသည် သန့်ရှင်းနေပြီး သူ့အဝတ်အစားနှင့် မလိုက်ဖက်ပေ။ သူသည် သစ်သားဓားရှည်တစ်လက်ကို ကိုင်ထားပြီး ၀တ်စုံဖြူ အမျိုးသမီးကို စတင်တိုက်ခိုက်လေတော့သည်။
၀တ်စုံဖြူ အမျိုးသမီး၏ အဖြူရောင်အဝတ်အစားများ မြေပြင်ပေါ်သို့ ပြုတ်ကျကာ အနက်ရောင်အော်ရာများက အနက်ရောင်ဝံပုလွေတစ်ကောင်အဖြစ်ပြောင်းလဲသွားပြီး မီးခိုးရောင်ဝတ်ထားသော လူဆီသို့ တည့်တည့်ပြေးဝင်လာသည်။
လက်ရည်တူနေသဖြင့် တစ်ယောက်နှင့်တစ်ယောက်အထိနာအောင် မလုပ်နိုင်ခဲ့ကြပေ။
"မြန်မြန်ထွက်သွား!"
မီးခိုးရောင် ၀တ်ဆင်ထားသော အမျိုးသားက အသံနက်ကြီးဖြင့် အော်လိုက်သည်။ ဒါကိုကြားတော့ အစောင့်တွေက ရုတ်တရက် နိုးလာပြီး ချက်ချင်း လှည့်ကြည့်လိုက်မိသည်။ ထို့နောက် ဒဏ်ရာရထားသော သူဌေးကို ပြေးထူပြီး ဘေးလွတ်ရာကိုရှောင်တိမ်းသွားကြလေသည်။
" လုချန်းဖန်...နင် ငါ့ကိုဘယ်လောက်ကြာအောင်လိုက်ဖမ်းနေမှာလဲ!!!!"
ဝံပုလွေဆီကနေ နာကြည်းမှုအပြည့်နဲ့မိန်းမတစ်ယောက်ရဲ့အသံကို ထွက်ပေါ်လာသည်။
လုချန်းဖန်က တိုက်ခိုက်ရင်းဖြင့်.... “ဒါက နတ်ဆိုးတွေနဲ့ နတ်ဆိုးတွေကို နှိမ်နင်းဖို့ ငါတို့ဂိုဏ်းရဲ့ဆောင်ပုဒ်ကြောင့်ပဲ.... မင်းက နတ်ဆိုးလေ.... မင်းအနောက်တိုင်းက ပြေးလာပြီး မရေမတွက်နိုင်တဲ့ အပြစ်မဲ့ပြည်သူတွေကို သတ်ပစ်ခဲ့တယ်မလား.... အဲ့အတွက်
"ဟမ့်.... နတ်ဆိုးတွေကို နှိမ်နင်းတာကိုအကြောင်းပြပြီး နင်တို့ ကောင်းကင်ဘုံဂိုဏ်းက ငါ့နတ်ဆိုး အူတိုင်အတွက် ဆုလာဘ်ကို ပေးမယ့်သူကို ရှာနေတာမဟုတ်လား.... !”
ဝံပုလွေက ရယ်မောလိုက်ပြီး လုချန်းဖန် ပတ်ပတ်လည်မှာ အနက်ရောင် မြူတွေ ဖုံးအုပ်သွားအောင်ဖန်တီးလိုက်သည်။
လုချန်းဖန်က ဓားကို ဆက်၍ဝှေ့ယမ်းလိုက်တော့ ဓားချီများသည် လမ်းကြောင်းတစ်လျှောက်က သစ်ပင်များကို ခုတ်လှဲလိုက်သော်လည်း အနက်ရောင် မြူခိုးကို မချေဖျက်နိုင်ခဲ့ပေ။
“ငါက လမ်းတစ်လျှောက်မှာ ယန်ချီတွေကို သေလောက်အောင် စုပ်ယူခဲ့ပြီးပြီ.... လုချန်းဖန် နင် ငါ့ကိုဘယ်လိုအနိုင်ယူနိုင်မလဲ....."
ဝံပုလွေက ရိုင်းစိုင်းစွာ ရယ်မောလိုက်ပြီး သတ်ဖြတ်လိုသည့်အော်ရာများကို တောအုပ်အနှံဖြန့်ကျက်လိုက်သည်။
လုချန်းဖန်က ဆက်လက်တိုက်ခိုက်နေစဉ် သူ့ရဲ့ အစစ်အမှန်ချီတွေ ထွက်ပေါ်နေချိန်မှာတော့ တစ်ခုခုမှားနေပြီမှန်းသိလိုက်သော်လည်းနောက်ကျသွားခဲ့ပြီ ...အနက်ရောင် မြူခိုးများက သူ့မြင်အာရုံများကို ဖုံးလွှမ်းထားသောကြောင့် အဆုံးမရှိဟု ထင်ရသည်။
ရွှတ်....
ခါးနားကို တချက်ထိသွား၍သွေးများဖြာထွက်လာသည်။
ကြောက်စရာကောင်းသော သတ်ဖြတ်လိိုစိတ်က လုချန်းဖန်ကိုသာဉီးတည်နေသည် တစ်ခုခုမှားနေပြီမှန်း သိလိုက်ကတည်းကအဆုံးစွန်သော နည်းစနစ်ကို အသုံးပြုခါနီးတွင် သူ၏ ရင်ဘတ်ကို ပြင်းထန်စွာ ထိုးနှက်ခံလိုက်ရသဖြင့် ထိန်းမနိုင်သိမ်းမရ လွင့်ထွက်သွားခဲ့သည်။ထို့နောက် တောင်ကုန်းပေါ်သို့ လဲကျသွားပြီး သူ့လည်ချောင်းမှ သွေးများ အထိန်းအကွပ်မဲ့စွာ ထွက်ကျလာသည်။
"ငါ.. လုချန်းဖန်က သားရဲတစ်ကောင်ရဲ့လက်မှာ သေဆုံးသွားလိမ့်မယ်လို့ မထင်ထားမိဘူး..."
လုချန်းဖန် အံကြိတ်ပြီး သစ်သားဓားကို လက်နှစ်ဘက်ဖြင့်ကိုင်ကာ ခက်ခက်ခဲခဲ မတ်တပ်ထရပ်လိုက်သည်။
"ဒါက ကောင်းကင်ဘုံဂိုဏ်းရဲ့ သိုင်းပညာရှင်တွေရဲ့ ကံကြမ္မာပဲ မဟုတ်လား? လူ့သားသိုင်းပညာရှင်ရဲ့ လက်ထဲမှာ သေရတာထက် ပိုကောင်းမယ်ထင်တယ်....!”
ဝံပုလွေထံမှ အသံ ထပ်မံ၍ ထွက်ပေါ်လာပြီး ၎င်း၏ စကားများသည် လှောင်ပြောင်သရော်မှုများဖြင့် ပြည့်နှက်နေသည်။
အနက်ရောင် မြူခိုးများ ဝံပုလွေထံသို့ ရုတ်တရက် စိမ့်ဝင်သွားပြီး သူ့ရှေ့တွင် ဖြတ်ကနဲ ပေါ်လာပြီး ကိုက်ဝါးဖို့ ပါးစပပ်ဟနေသည်။
ဒါ ငါ့ဘဝရဲ့အဆုံးသတ်လား....
လုချန်းဖန်၏ မျက်လုံးများ ပြူးကျယ်သွားကာ သူ့နှလုံးသားထဲတွင် နောင်တတရားနှင့် မလိုလားအပ်သော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။
ရုတ်တရက်ပင် နားအူးလောက်သော ပေါက်ကွဲသံ တစ်ခုသည် ထွက်ပေါ်လာပြီး သူ့ရှေ့က ဝံပုလွေကို ရွှေရောင်အလင်းတန်းက စုပ်ယူလိုက်လေသည်။ထို့နောက် ရွှေရောင်အလင်းတန်းက အမှောင်ထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
လုချန်းဖန် ကြက်သေသေနေခဲ့သည်။
"အဲ့ဒါဘာလဲ?"
လုချန်းဖန် နားမလည်နိုင်တော့ပေ။ သူသည် ဘာကိုမှ နားမလည်သော်လည်း ထိုရွှေရောင်အလင်းတန်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ကမန်းကတန်း ထိုင်ချလိုက်ပြီး သူ့စွမ်းအင်တွေကို ဖြန့်ကျက်လိုက်ပြီး နတ်ဆိုး၏လှည့်စားမှုဖြစ်နေမည်ကို စိုးရိမသဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုခဲ့သည်။
လုချီဘုရားကျောင်းရှိ ကမ္ဘာမြေဝိညာဉ်သစ်ပင်၏အကိုင်းအခက်ပေါ်တွင်....
ကျန်းချန်ရှန်းက သစ်ပင်၏ပင်စည်ကိုမှီပြီး လှပသောလရောင်ကို ရှုစားနေသည်။
ထိုစဉ် လရောင်အောက်တွင် ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသည်နှင့် အနည်းငယ်ပြုံးလိုက်လေသည်။
ရွှေရောင်အလင်းတန်းက တစတစ ပိုမိုကြီးမားလာပြီး သူ့ဆီသို့ အလွန်လျင်မြန်သော အရှိန်ဖြင့် ပျံသန်းလာခဲ့သည်။ထို့နောက် လက်ကို မြှောက်လိုက်ပြီး ရွှေရောင်အလင်းတန်းကို လက်နှစ်ချောင်းနဲ့ ဖမ်းလိုက်သည်။
၎င်းသည် ရွှေရောင်သစ်ရွက်ဖြစ်သော်လည်း အရွက်ပေါ်ရှိပုံစံများက နဂါးအကြေးခွံပုံစံနှင့် ဆင်တူသည်။
ဟုတ်ပေသည်....ထိုအရာက ရွှေအကြေးခွံကျောက်စိမ်းသစ်ရွက်ပင်ဖြစ်သည်။
ကျန်းချန်ရှန်း သစ်ပင်ပေါ်ကဆင်းပြီး အိမ်ခန်းထဲသို့ပြန်ရောက်သောအခါ ကုတင်ပေါ်တွင်ထိုင်ကာ မှော်ရတနာဖြင့်ချုပ်နှောင်ထားသော နတ်ဆိုးကို လွှတ်လိုက်သည်။ထိုအခါ မီးခိုးရောင်ဝံပုလွေတစ်ကောင် မြေပြင်ပေါ်တွင် ပေါ်လာသည်။ဝံပုလွေက ကျန်းချန်ရှန်းကိုမြင်လိုက်တဲ့အခါ မသိစိတ်ကြောင့် ထွက်ပြေးချင်ပေမယ့် ခေါင်းကို လှည့်လိုက်ချိန်မှာတော့ ရွှေရောင်ကျောက်စိမ်းသစ်ရွက်က သူ့ရှေ့မှာ ဝေ့ဝဲနေတာကြောင့် ကြောက်လန့်တကြားဖြစ်ပြီး မလှုပ်ဝံ့တော့ပေ။
ဝံပုလွေက ခေါင်းကိုလှည့်ကာ မြေပြင်ပေါ်တွင် ဝပ်နေ၏။ သူ့ခေါင်းကို ခြေသည်းတွေကြားမှာ ဝှက်ထားပြီး....
“စီနီယာ... ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ....နောက်ဒါမျိုးထပ်မလုပ်တော့ပါဘူး...."
ဒါဟာ အမျိုးသမီးတစ်ယောက်ရဲ့ အသံဖြစ်သည့်အတွက် နားထဲမှာ အတော်လေး ကြည်နူးစရာ ကောင်းနေခဲ့သည်။
ကျန်းချန်ရှန်းက တစ်ဖက်လူ၏ အသွင်အပြင်ကြောင့် သဘောကျသွားသည်။ ဝံပုလွေတစ်ကောင်က လူသားများလိုသရုပ်ဆောင်နေသည်မှာ တကယ်ကို ရယ်စရာကောင်းနေသည်။
“မင်းဘာလို့ မြို့တော်ကို လာတာလဲ....ဒီအတိုင်း ဖြတ်သွားတာလားလို့ မပြောနဲ့...."
မီးခိုးရောင်ဝံပုလွေက.... “ကောင်းကင်နဲ့မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်စီးဆင်းမှုကို အာရုံခံကြည့်တော့ ဒီနေရာမှာ သဘာဝအတိုင်း ထူးထူးခြားခြားတွေရှိရမယ်ဆိုတာကို ခံစားမိခဲ့တယ်”
ကျန်းချန်ရှန်း မျက်ခုံးပင့်လိုက်သည်။ ဒါဆို ဒီဝံလွေကို မြေဝိဉာဉ်သစ်ပင်က ဆင့်ခေါ်ခဲ့တာလား....ဒါဟာပုံမှန်ပါပဲ....မြေဝိဉာဉ်သစ်ပင်ကကြီးထွားလာတာနဲ့အျှ ဝိညာဉ်စွမ်းအင်တွေ ပိုမိုထုတ်လွှတ်နေပြီပဲ.....
၎င်းသည် ကြီးပြင်းလာသောအခါ ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်ကိုလည်း စုပ်ယူနိုင်မည်ဖြစ်သည်။မြေဝိဉာဉ်သစ်ပင်မှထုတ်လွှတ်နေသော ဝိဉာဉ်စွမ်းအားများကို နတ်ဆိုးများက လူသားသိုင်းပညာရှင်တွေလို ကျင့်စဉ်တွေသုံးစရာမလိုဘဲ အလိုအလျောက်စုပ်ယူနိုင်ကြသည်။
ကျန်းချန်ရှန်းက ....“မင်း အကြောင်းအကုန်ပြောပြ....."
မီးခိုးရောင်ဝံပုလွေသည် မျက်လုံးတစ်ဖက်ကို ဂရုတစိုက်ဖွင့်ကာ ကျန်းချန်ရှန်း ကို ထိတ်လန့်စွာ စိုက်ကြည့်နေသည်။
"ကျွန်မ နာမည် ပိုင်ချီပါ... ကျွန်မက တုံ့လင်းမင်းဆက်ကနေ ဆင်းသက်လာတဲ့ နှစ်ထောင်သက်တမ်းရှိတဲ့ဝံပုလွေနတ်ဆိုးပါ.... လူသားပညာရှင်တစ်ယောက်က ကျွန်မရဲ့ နတ်ဆိုးအူတိုင်ကို လိုချင်လို့ ကျွန်မကိုလိုက်ရှာဖို့ ကောင်းကင်ဘုံဂိုဏ်းကို ဆုလာဘ်တွေပေးခဲ့တယ်.... ဒါကြောင့် ဒီလမ်းတစ်လျှောက်လုံး ထွက်ပြေးခဲ့ရတာပါ…”
ကောင်းကင်ဘုံဂိုဏ်း?တုံ့လင်းမင်းဆက်?
ကျန်းချန်ရှန်း ဤနေရာများကို မသိသောကြောင့် မေးခွန်းများတလစပ်မေးနေသည်ကို ပိုင်ချီကလည်း အမှန်အတိုင်းဖြေပေးခဲ့သည်။
တုံ့လင်းမင်းဆက်သည် ကျင်းမင်းဆက်နှင့် မင်းဆက်လေးဆက် ကွာခြားသောအင်မတန်ဝေးလံသောအရပ်တွင်တည်ရှိသည်။ ကောင်းကင်ဘုံဂိုဏ်းကတော့ ရှည်လျားတဲ့ သမိုင်းကြောင်းနဲ့ နတ်ဆိုးတွေကို သုတ်သင်ရာမှာ အထူးပြုထားတဲ့ ဂိုဏ်းတစ်ခုဖြစ်သည်။
"တုံ့လင်းမင်းဆက်နဲ့ ကောင်းကင်ဘုံဂိုဏ်းမှာ ရွှေခန္ဓာနယ်ပယ်အဆင့် ကျွမ်းကျင်သူတွေ ရှိလား"
“မနောက်ပါနဲ့ စီနီယာရယ်.... ရွှေခန္ဓာနယ်ပယ်ဆိုတာ ဒဏ္ဍာရီထဲမှာပဲရှိမယ်ထင်တယ်....တုံ့လင်းမှာတောင် အဆင့်မြင့်ဆုံးဆိုလို့အစစ်အမှန်နတ်ဘုရားနယ်ပယ်တစ်ယောက်ပဲရှိတယ်....."
ကျန်းချန်ရှန်း ထိုစကားကိုကြားသောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။
တော်သေးတာပေါ့!
အခြားမင်းဆက်များမှာ ရွှေခန္ဓာနယ်ပယ်နဲ့ အစစ်အမှန်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများရှိနေမည်ကို သူတကယ်ကြောက်နေခဲ့သည်။အခုမှသာ အတွေးလွန်နေမှန်းသိခဲ့ရတော့သည်။ အကယ်၍သာ ၎င်းတို့ ဤမျှ အားကောင်းနေပါက မဟာယာန နဂါးမျှော်စင်သည် ရှေးရှေးကတည်းကပင် သိမ်းပိုက်ခံရပေလိမ့်မည်။
"မဟာယာန နဂါးမျှော်စင်အကြောင်း မင်းသိလား"
ပိုင်ချီက ခေါင်းမော့ပြီး "သိတယ်... မင်းဆက် လေးခုကို အုပ်စိုးတဲ့ အင်အားကြီးတဲ့သူတွေလေ....စီနီယာကလည်း မဟာယာန နဂါးမျှော်စင်ကပဲလာ.... ဒါဆိုအရမ်းအစွမ်းထက်တာ မထူးဆန်းတော့ဘူး... ..."
ပိုင်ချီ ရှေ့တစ်လှမ်းတိုးခါနီးတွင် ရွှေရောင်သစ်ရွက် သူ့ရှေ့တွင် ပေါ်လာသဖြင့် ကြောက်လန့်သွားလေသည်။
ကျန်းချန်ရှန်း ဒီစကားကိုကြားတော့ ပိုလို့တောင် စိတ်အေးသွားခဲ့သည်။
မဟာယာနနဂါးမျှော်စင် အားကောင်းလေလေ၊သူ့အတွက် သက်တောင့်သက်သာရှိလေလေဖြစ်သည်။
ကျန်းချန်ရှန်းက ပိုင်ချီိကို ဂုပ်ကနေကိုင်မြှောက်လိုက်ပြီးစစ်ဆေးကြည့်လိုက်သည်။ ဤဝံပုလွေသည် နတ်ဘုရားနယ်ပယ်အဆင့် ကျွမ်းကျင်သူဖြစ်သည်။ထို့ကြောင့် ၎င်း၏နတ်ဆိုးအူတိုင်က များစွာတန်ဖိုးရှိသင့်သည်။ မဟုတ်ပါက၊ အစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးက မိုင်ထောင်ချီ၍ လိုက်ရှာမည်မဟုတ်ပေ။
ပိုင်ချီက.... "အသက်ကိုချမ်းသာပေးပါ....ဘယ်တော့မှ ယန်ချီတွေမစုပ်ယူတော့ပါဘူး...."
ကျန်းချန်ရှန်းက ၎င်းကိုချက်ချင်းမသတ်ဘဲ ....
“မင်း ယန်ချီကို ဘယ်လိုစုပ်တာလဲ” လို့ စပ်စုလိုက်ပြန်သည်။
"ပါးစပ်ဖွင့်ပြီး စုပ်ယူတာပေါ့... တခြားဘယ်လိုစုပ်ယူနိုင်သေးလို့လဲ...."
ထို့နောက် တစ်ခုခုကို တွေးနေပုံရပြီး “ အတွေးမလွန်ပါနဲ့ဉီး စီနီယာရယ်.... ကျွန်မရဲ့
ပုံစံအစစ်က ဝံပုလွေတစ်ကောင်ပါ....ဒါ့ကြောင့် လူသားတွေနဲ့မဖွယ်မရာတွေဘယ်လိုလုပ်လို့ရမှာလဲ...တစ်ယောက်ယောက်ကို. သတိလစ်အောင်တိုက်ခိုက်ပြီး ယန်ချီကို စုပ်ယူဖို့ သူတို့ရဲ့ ဦးခေါင်းထိပ်မှာ ကျွန်မပါးစပ်ကို ဖွင့်ထားဖို့ပဲ လိုတယ်....."
ကျန်းချန်ရှန်း အနည်းငယ် အဆင်မပြေသလို ခံစားခဲ့ရသော်လည်း သူ့အမူအရာကတော့ မပြောင်းလဲပေ။
ထို့နောက်သူသည် လက်ကို မြှောက်လိုက်ပြီး ပိုင်ချီ့ကို သေခြင်းရှင်ခြင်းစည်းတံဆိပ်ခတ်နှိပ်လိုက်သည်။
“မင်း ဒီနေရာကို ဆယ်နှစ်လောက် စောင့်ရှောက်ပေးပါ.... ဆယ်နှစ်ကြာရင် မင်းကို ငါလွှတ်ပေးမယ်..... မင်းရဲ့အပြစ်တွေကိုလည်းခွင့်လွှတ်ပေးမယ်.... မင်း ဒီမှာရှိနေစဉ်ကာလအတွင် လူသားတွေကိုထိခိုက်အောင်မလုပ်ရဘူး....လူသားပုံစံလည်းမပြောင်းရဘူး....ကြားလား...."
ပိုင်ချီသည် သေခြင်းရှင်ခြင်းစည်းတံဆိပ်အကြောင်း နားမလည်သော်လည်း ကျန်းချန်ရှန်ကိုတော့ ကြောက်ရွံ့နေသည်။ ကျန်းချန်ရှန်းရဲ့အစစ်အမှန်ချီက ပုံမှန်မဟုတ်တဲ့အပြင် ဒီလောက် အစွမ်းထက်တဲ့ အစစ်အမှန်ချီ ကို တစ်ခါမှ မကြုံဖူးသေးပေ။ တုံ့လင်း မင်းဆက်၏ အစစ်အမှနိနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူပင်လျှင် ထိုမျှလောက် အစွမ်းထက်မည်မဟုတ်ပေ။
“ခွင့်လွှတ်ပေးလို့ ကျေးဇူးတင်ပါတယ်…”
ကျန်းချန်ရှန်း ရွှေရောင်သစ်ရွက်ကိုပြန်သိမ်းကာ တရားထိုင်ဖို့ မျက်စိမှတ်ထားလိုက်တော့သည်။
ဒါကိုမြင်တော့ ပိုင်ချီကလည်း စိတ်တည်ငြိမ်အောင် လှဲအိပ်လိုက်တော့သည်။
[ကျန့်ယွီ 5 နှစ်မြောက်တွင် မြို့တော်ကိုဝင်ရောက်လိုသည့် နတ်ဆိုးသားရဲပိုင်ချီကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့သည်။ သင်သည် ဘေးဆိုးတစ်ခုမှ လွတ်မြောက်ခဲ့ပြီး ရှင်သန်ခြင်းဆုလာဘ်အဖြစ် ကောင်းကင်ဘုံအထွေထွေဆေးကျမ်းကို ရရှိသည်။]
မျက်လုံးမှိတ်ထားသည့် ကျန်းချန်ရှန်းက ဤသတိပေးချက်ကို မြင်သည်။ဆေးကျမ်းတစ်ခုဖြစ်နေသည့်အတွက် တိတ်တဆိတ် ဝမ်းသာသွားခဲ့သည်။ သူသည် ဆေးပြားသန့်စင်ခြင်းတွင် ကျွမ်းကျင်သော်လည်း ဆေးကျမ်းလက်စွဲစာအုပ်မရှိသဖြင့် မိမိဘာသာ စမ်းတဝါးဝါး စူးစမ်းလေ့လာခဲ့ရသည်။
ပိုင်ချီ သူ့ဘေးမှာ ရှိနေတော့ ဆေးကျမ်းကို ချက်ချင်း အမွေဆက်ခံလို့ မရပေ။ မည်သို့ပင်ဆိုစေကာမူ အလျင်စလိုနေစရာလဲမလိုသေးပေ။
နောက်နေ့မနက်.......
ကျန်းချန်ရှန်းက ပိုင်ချီကို ခြံဝင်းထဲသို့ ခေါ်သွားခဲ့သည်။ ဝမ်ချန်းက ပိုင်ချီကိုတွေ့သောအခါ အလွန်အံ့သြသွားပြီး....
" ဆရာတော်.... ဒီဝံပုလွေဘယ်ကလာတာလဲ။ အရမ်းလှတာပဲ!"
နံနက်ခင်း နေရောင်အောက်တွင် ပိုင်ချီ၏ ဖြူဖြူဖွေးဖွေး အမွေးများက အလွန်တောက်ပပြီး ချောမောနေပုံရသည်။
ဝမ်ချန်၏ချီးမွမ်းသံကိုကြားတော့ ပိုင်ချီ ဂုဏ်ယူစွာခေါင်းထောင်ပြသော်လည်း နောက်တစ်စက္ကန့်တွင် ၎င်း၏အကြည့်ကို ပိုင်လုံက စွဲဆောင်သွားခဲ့သည်။
မြွေနတ်ဆိုး.....
ငါ့ကိုဒီမှာ ဆယ်နှစ်နေခိုင်းတာမထူးဆန်းတော့ဘူး....ဒီဆရာတော်က နတ်ဆိုးသားရဲတွေမွေးရတာ ဝါသနာပါတယ်နဲ့တူတယ်....အနာဂတ်မှာ သတိထားရမယ်
ထို့နောက် ၎င်း၏အကြည့်များ မြေဝိညာဉ်သစ်ပင်ပေါ်သို့ ကျဆင်းသွားကာ မျက်လုံးများ မှုန်ဝါးလာသည်။
ကျန်းချန်ရှန်းက ဝမ်ချန်းကိုပြုံးပြလိုက်ပြီး....."ငါမနေ့ညက လမ်းလျှောက်ထွက်ရင်းကောက်လာတာ.... နောက်ဆို ပိုင်လုံနဲ့ဆော့ဖို့အဖော်ရတာပေါ့....."
ဝမ်ချန်းက ထိုအကြောင်းကို သိပ်ပြီးမစဉ်းစားဘဲ တံမြက်စည်းဆက်လှည်းနေလိုက်သည်။
ထိုအချိန်တွင် လင်းရှောင် ခြံဝင်းထဲသို့ ပြေးဝင်လာပြီး "ဆရာကြီး.... နောက်ထပ် ဂရမ်းမာစတာတစ်ယောက်က ဆရာကြီးကို စိန်ခေါ်ဖို့ လာနေပြီ!"