နတ်ဘုရားများ၏တိုက်ခိုက်မှု.... ထိတ်လန့်စရာအဆုံးအဖြတ်တိုက်ပွဲ.....
Vol. 4 Ch. 51
ကျန်းချန်ရှန်းက လင်းရှောင်ကိုကြည့်ကာ ဒေါသတကြီးဖြင့်....
"ပေါက်ကရတွေမပြောစမ်းနဲ့......"
လုံချီတောင်တစ်ခုလုံးကို အာရုံဖြန့်ကျက်ထားသဖြင့် ကျွမ်းကျင်သူတစ်ဦး ချဉ်းကပ်ပါက ချက်ချင်းသိနိုင်မည်ဖြစ်သည်။
လင်းရှောင်က.... “စိန်ခေါ်သူက လူကိုယ်တိုင်ရောက်လာတာမဟုတ်ဘူး.... အဲဒီအစား တစ်နှစ်ခွဲအတွင်း မြို့တော်မြောက်ဘက်တံခါးမှာ သေတဲ့အထိ တိုက်ခိုက်ဖို့ ဖိတ်ခေါ်လိုတဲ့ စာတစ်စောင်ကို ပေးပို့ဖို့ တပည့်တစ်ဦးကို စေလွှတ်ခဲ့ပါတယ်.....”
ကျန်းချန်ရှန်း မျက်ခုံးပင့်လိုက်ပြီး.... "ဒါပဲလား?"
တစ်နှစ်ခွဲအတွင်း တိုက်ခိုက်မည်ဆိုကတည်းက စိန်ခေါ်သူတွင် လှည့်ကွက်အချို့ကို ရှိပုံရသည်။
လင်းရှောင်က..... "စိန်ခေါ်သူက ထင်းရှူးရေကန်က နတ်ဘုန်းကြီးကြွယ်ရှင်းပါ.... ထင်းရှူးရေကန်က သိုင်းပညာလောကမှာ အင်မတန်အဆင့်အတန်းမြင့်မားပြီး သိုင်းပညာလောကရဲ့ အထွတ်အထိပ်အတွက် သိုင်းပညာပြိုင်ပွဲကို ထင်းရှူးရေကန်မှာပဲ ကျင်းပကြတယ်....."
ကျန်းချန်ရှန်း ခေါင်းညိတ်လိုက်သည်။ သူလုံးဝစိတ်မ၀င်စားတာကိုမြင်တော့ လင်းရှောင်က ဘာမှဆက်မပြောဘဲ နှုတ်ဆက်ကာထွက်သွားခဲ့တော့သည်။
လင်းရှောင်ထွက်သွားပြီးနောက် ဝမ်ချန်းရောက်လာပြီး.....“ဆရာတော်ကြွယ်ရှင်း အကြောင်း ငါကြားဖူးတယ်.... တကျန်းရဲ့သိုင်းလောကမှာ နတ်ဘုရားဘုန်းတော်ကြီး လေးပါးရှိတဲ့အထဲမှာ သုံးပါးက ဆရာတော်ရှင်းကြွယ်ရဲ့ တပည့်တွေ..... ဆရာတော်ကြွယ်ရှင်းက အသက်တစ်ရာကျော်နေပြီ...တိုင်းပြည်ဖရိုဖရဲဖြစ်နေချိန်မှာ သူက တပ်သား 100,000ကို လက်တစ်ကမ်းတည်းနဲ့ ပိတ်ဆို့ပြီး မြို့တစ်မြို့ကို ကယ်တင်နိုင်ခဲ့တယ်..... အဲ့အချိန်ကတည်းက သူ့အမည်မနာမက သိုင်းပညာလောကကို လှုပ်ခတ်သွားစေခဲ့တယ်.... သူက အရမ်း အစွမ်းထက်နေပြီ ဆိုပေမယ့် နှစ်ဝက်လောက် ပြင်ဆင်မယ်ဆိုကတည်းက တခုခုတော့ တခုခုပဲ....."
ကျန်းချန်ရှန်းက.... "ဒါဆို သူ့အကြံအစည်တွေက အနည်းနဲ့အများ ခြိမ်းခြောက်လာမယ်လို့ မျှော်လင့်တယ်...."
ဝမ်ချန်းက ခေါင်းယမ်းကာ ရယ်လိုက်သည်။ ကျန်းချန်ရှန်း ကို ယုံကြည်မှုအပြည့်ရှိပြီး သိုင်းပညာလောကတွင် မည်သူမျှ သူ့ကို ယှဉ်နိုင်မည်မဟုတ်ဟု သူခံစားမိသည်။
ကျန်းချန်ရှန်းသည် စစ်မှန်သောနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူဖြစ်ကြောင်း ပိုင်ချီ သေချာပေါက်သိသည်။ လမ်းတစ်လျှောက်တွင် တကျန်း သိုင်းပညာလောက၏ ခွန်အားကို မြင်တွေ့ခဲ့ရပြီး အလွန်အားနည်းသည်ကို တွေ့ရှိခဲ့ရသည်။
ပိုင်ချီက ပိုင်လုံဘေးနားတွင် ဝင်အိပ်နေလေ၏။ ဤနေရာသည် ပိုင်လုံကို လေ့လာရန်မဟုတ်ဘဲ ကမ္ဘာမြေဝိညာဉ်သစ်ပင်၏ ဝိညာဉ်စွမ်းအင်ကို စုပ်ယူရန်ဖြစ်သည်။
ကျန်းချန်ရှန်းက ပိုင်ချီကို မတားဘဲ အဲဒီအစား သူ့ဘေးကို လျှောက်သွားပြီး တရားထိုင်နေလိုက်တော့သည်။
ပိုင်ချီကို အသက်ရှင်လျက် ထားခဲ့ရခြင်းမှာလည်း နတ်ဆိုးများ မည်သို့ကျင့်ကြံသည်ကို မြင်လိုသောကြောင့် ဖြစ်သည်။
ဆယ့်တစ်လပိုင်း ဆီးနှင်းများကျဆင်းလာချိန်တွင် ဝေ့ဝမ်သည် ကျင်းမင်းဆက်ကို တိုက်ခိုက်ခဲ့ပြီး တကျန်း၏ နယ်မြေကို အဆက်မပြတ် တိုးချဲ့ခဲ့သည်။ အိမ်ရှေ့မင်းသားက ရှေးဟောင်းဟန်မင်းဆက်ကို တိုက်ခိုက်ခဲ့ပြီး မင်းသားနှစ်ပါးက သူတို့ရဲ့ ခွန်အားကို ပြသခဲ့ကြသည်။ ဆက်လက်တိုက်ပွဲဝင်ခဲ့ကြပြီး အနိုင်ရရှိခဲ့ကြသည့် နှစ်အနည်းငယ်အတွင်းမှာပဲ တကျန်းgဟာ ဖျက်ဆီးခံရလုနီးပါးအခြေနေကနေ တခြားမင်းဆက်တွေထိပါ နယ်မြေချဲ့ထွင်ပြီးအောင်ပွဲ ဆင်နွှဲနိုင်ခဲ့ကြသည်။
ပြည်နယ် ၃ ခုမှ ဝန်ကြီးချုပ်များ၏ အကြံပြုချက်အရ ဧကရာဇ်သည် အနီးနားရှိ မင်းဆက်များနှင့် ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်လည်တည်ဆောက်ရန် သံတမန်စေလွှတ်ခဲ့သည်။ နဂါးနှစ်ကောင်၏ စွမ်းအားကြောင့် အခြားမင်းဆက်များက အံကြိတ်ကာ မတရားသော အခြေအနေများကို သဘောတူခဲ့ကြရသည်။
ကျင်းမင်းဆက်၏ ရေခဲဖုံးလွှမ်းနေသော လွင်ပြင်တစ်ခုတွင်..ဝေ့ဝမ် တပ်စွဲထားသည်။
တဲထဲမှာ ကျန်းဇီယုက မီးရှေ့မှာ မီးလှုံနေသည်။ အသက် ဆယ့်ကိုးနှစ်တွင် ကလေးဆန်သော ဟန်ပန်အမူအရာ လုံးဝပျောက်ဆုံးသွားခဲ့ချေပြီ။ အထူးသဖြင့် သူ့မျက်ခုံးနှစ်ခုကြားက မွေးရာပါ အမှတ်အသားက သွေးနီရောင်ပြောင်းသွားပြီး သူ့ကို ပိုလို့တောင် ကြည့်ကောင်းစေခဲ့သည်။
သူ့ဘေးမှာထိုင်နေသည့် ရှုထျန်းကျိက.....
“ဒီအတိုင်းသာဆို ငါတို့ ကျင်းမင်းဆက်ရဲ့မေပြည်တော်ကို ရောက်နိုင်ပါ့လား....."
တခြားစစ်သားတွေလည်း ပြုံးရယ်ကြတယ်။ သူတို့သည် တိုက်ပွဲတိုင်းကို အနိုင်ရခဲ့သဖြင့် ဂုဏ်ယူဝံ့ကြွားနေကြသည်။
သမုဒ္ဒရာလေးစင်း၏ပဏ္ဍိတက ခေါင်းခါပြီး .....
“အင်ပါယာမြို့တော်ကို တိုက်ခိုက်လို့လဲ အသုံးမဝင်ဘူး.... အင်ပါယာတရားရုံးကို ပြန်သွားဖို့ပါပဲ အကြံပေးချင်တယ်....."
ဒီစကားကိုပြောပြီးတာနဲ့ စစ်သည်တွေအားလုံးက သူ့ကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်ကြသည်။
ကျုံးထျန်းဝူက လေးလေးနက်နက် တွေးနေမိသည်။
သမုဒ္ဒရာလေးစင်းပဏ္ဍိတက ဝိုင်တစ်ငုံသောက်လိုက်ပြီး.... “အရှင့်သားအနေနဲ့ ကျင်းမင်းဆက်ကို သိမ်းပိုက်နိုင်ရင်တောင် လက်ရှိဧကရာဇ်ကပဲ ဒီအောင်မြင်မှုတွေကို အညွှန့်ခူးစားသွားမှာ.....အရှင့်သားတို့ညီအစ်ကိုနှစ်ယောက်ရဲ့ပံ့ပိုးမှုနဲ့သာဆို လက်ရှိဧကရာဇ်က နှစ်ပေါင်းထောင်ချီကြာအောင် ဧကရာဇ်ဖြစ်လာမှာဖြစ်ပြီး သူ့ရဲ့အင်ပါယာတရားရုံးက ပိုတောင်အားကောင်းလာပါလိမ့်မယ်။ ဒီလိုအာဏာနဲ့ အိမ်ရှေ့စံရာထူးကို ဘယ်သူလဲဆိုတာ ဆုံးဖြတ်နိုင်တယ်.....”
ကျန်းဇီယု မျက်မှောင်ကြုတ်လိုက်သည်။
"အခု အကောင်းဆုံးအစီအစဉ်ကတော့ ပြည်တော်ပြန်ပြီး မင်းရဲ့တပ်တွေကို ပြင်ဆင်ဖို့ပါပဲ....အိမ်ရှေ့မင်းသားကို ရှေးဟောင်းဟန်မင်းဆက်နဲ့ကျင်းမင်းဆက်ကိုတစ်ယောက်တည်း တိုက်ခိုက်ပြီး သူ၏ တိုက်ခိုက်ရေးအင်အားကို ကုန်ဆုံးအောင်လွှတ်ထားလိုက်..... သူ ရှုံးပြီဆိုတာနဲ့ မင်းအသာလေးနေရာဝင်ယူလိုက်ရုံပဲ......"
ဝေ့ဝမ် နောက်သို့လိုက်ကာ စည်းလုံးညီညွတ်နေပြီဖြစ်သည့်အတွက် ထုံးစံအတိုင်း ဝေဝမ့် နန်းတက်ဖို့ မျှော်လင့်နေကြသူများကတော့ ပဏ္ဍတိ၏စကားကို အဓိပ္ပါယ်ရှိသည်ဟုယူဆကြသည်။
ဝေဝမ့် နန်းတက်သောအခါ သူတို့၏အနာဂတ်လည်း ပိုမိုတောက်ပလာမည်ဖြစ်သည်။
အားလုံးက ကျန်းဇီယုကိုကြည့်ပြီး ဆုံးဖြတ်ချက်ချဖို့ စောင့်နေကြသည်။
ကျန်းဇီယု အသက်ပြင်းပြင်းရှူရင်း .....
“ထီးနန်းအတွက် တိုက်ပွဲဝင်ချင်ပေမယ့် ဒီလိုနည်းလမ်းတွေကို အားမကိုးချင်ဘူး.... ရာဇပလ္လင်ကို ပွင့်ပွင့်လင်းလင်းနဲ့ ကမ္ဘာပေါ်မှာ ဘယ်သူမှ မငြင်းဝံ့တဲ့ အောင်မြင်မှုတွေနဲ့ပဲသိမ်းပိုက်ချင်တယ်.....”
"တိုက်ပွဲဝင်ကြမာ်.... ကျင်းမင်းဆက် လက်မြှောက်အရှုံးပေးပြီး တခြားမင်းဆက်တွေပါ တကျန်းကို ဖိန့်ဖိန့်တုန်အောင်ကြောက်ရွံနေတဲ့အထိ တိုက်ပွဲဝင်ကြမယ်!"
ဒါကိုကြားတော့ အားလုံးက တုန်လှုပ်သွားပြီး ကျန်းဇီယုကို တလေးတစားကြည့်နေကြ၏။
ပဏ္ဍိတက ထိတ်လန့်သွားပြီး သူ သက်ပြင်းချလိုက်ကာ ခေါင်းယမ်းလိုက်သည်။
"မင်းရဲ့မြင့်မြတ်မှုက အရင်ဧကရာဇ်မင်းနဲ့ တကယ်ဆင်တူတယ်၊ ဒါပေမယ့် မင်းကသူ့ထက်တောင် ပိုပွင့်လင်းပြီး စိတ်နေသဘောထားပိုမြင့်မြတ်တယ်....."
ထိုစကားသည် ချီးကျူးခြင်းလော...ကျိန်ဆဲခြင်းပေလော......
ကျုံးထျန်းဝူက စူးစမ်းလိုစိတ်ဖြင့်.....
"စီနီယာက ကွယ်လွန်သွားတဲ့ဧကရာဇ်ကို မြင်ဖူးလို့လား....."
တခြားသူတွေကလည်း သိလိုစိတ်ဖြင့် ပဏ္ဍိတကို ကြည့်နေကြသည်။
ဧကရာဇ် ကျန်းနန်းကို လှေနဲ့ခရီးထွက်လာတုန်းက မြစ်ကမ်းပါးကနေ လှမ်းမြင်လိုက်တယ်.....ငါသူ့ကို လက်ဝှေ့ယမ်းပြတော့ သူ့ကခေါင်းညိတ်ပြတယ်လေ ...ဒါကိုရင်းနှီးတဲ့ဆက်ဆံရေးလို့ယူဆလို့ရတယ်မလား...."
ပဏ္ဍိတ၏အဖြေကြောင့် လူတိုင်း မျက်လုံးပြူးသွားကြသည်။
ဒီလူကြီး အတည်ပေါက်နဲ့လာနှောက်နေတယ်.......
ထိုစဉ် ကျန်းဇီယု ရုတ်တရက်မေးလိုက်သည်က.....
"အိမ်ရှေ့မင်းသားလက်အောက်ကို အသစ်ရောက်လာတဲ့ ရဲ့ကျယ်ဆိုတဲ့သူရဲ့နောက်ကြောင်းရာဇဝင်ကိုစုံစမ်းလို့ရပြီလား....."
ဗိုလ်ချုပ်တစ်ဉီးက ခေါင်းခါလိုက်ပြီး.... “သူ့ရဲ့ အထောက်အထားကို ဘယ်လိုမှ ရှာမတွေ့ဘူး........"
ကျုံးထျန်းဝူက.... "သူက တကျန်းရဲ့ သိုင်းလောကထဲက မဟုတ်တာ ဖြစ်နိုင်တယ်....."
ချင်ဝမ်က ခေါင်းညိတ်ပြီး..... "ဧကရာဇ်ရဲ့ နောက်ကွယ်မှာ အစွမ်းထက်တဲ့ သိုင်းပညာတွေ ရှိတယ်ဆိုတာ သိသာနေသားပဲ... ရဲ့ကျယ်က ဧကရာဇ်ရဲ့ညွှန်ကြားချက်ကြောင့် အိမ်ရှေ့မင်းသားကို ပံ့ပိုးပေးနေတာဖြစ်နိုင်တယ်.....ရဲ့ကျယ်ရောက်မလာခင်တုန်းကဆို အိမ်ရှေ့မင်းသားက တိုက်ပွဲတိုင်း ကျရှုံးခဲ့ပြီး မင်းနဲ့ လုံးဝ နှိုင်းယှဉ်လို့ မရဘူး......”
ဒါကိုကြားတော့ ကျန်းဇီယုရဲ့အမူအရာတွေ ရှုပ်ထွေးသွားခဲ့သည်။
.......................
ကျန့်ယွီ ခြောက်နှစ်မြောက်၏ နွေဦးရာသီ ကုန်ဆုံးသွားခဲ့ပြီး မြို့တော်တွင် ရောင်းဝယ်ဖောက်ကားမှုများပိုမိုစည်ကားလာခဲ့သည်။
ရှေ့တန်းတွင် ဆက်တိုက်အောင်မြင်မှုများရရှိနေသောကြောင့် တကျန်းသည် အထွတ်အထိပ်အခြေနေသို့ ပြန်လည်ရောက်ရှိတော့မည်ဖြစ်သည်။ထို့ကြောင့် နေရာတိုင်းတွင် ကုန်သည်များနှင့် မင်းမျိုးမင်းနွယ်မိသားစုများ စတင်လှုပ်ရှားနေကြပြီဖြစ်သည်။
ဆရာတော်ကြွယ်ရှင်းနှင့် ကျန်းချန်ရှန်းတို့၏ စိန်ခေါ်ပွဲရောက်ဖို့ အချ်ိန်တလသာလိုတော့သည်။
ကျင်းမင်းဆက်၏ ဧကရာဇ် ကွယ်လွန်ပြီး ဧကရာဇ်အသစ် နန်းတက်ကြောင်း သတင်းတစ်ပုဒ် ထွက်ပေါ်လာသည်။ ထို့နောက် ကျင်းမင်းဆက်၏ဧကရီက တကျန်းထံ လက်နက်ချအညံခံဖို့ဆုံးဖြတ်ခဲ့သည်။ ထိုသတင်း မြို့တော်အနှံ့ ပျံ့နှံ့သွားပြီး အဆင့်မြင့်အရာရှိများမှ သာမန်လူများအထိ အားလုံးက စိတ်လှုပ်ရှားနေကြသည်။
ကျင်းမင်းဆက်က တကျန်းကိုစတင် တိုက်ခိုက်ခဲ့စဉ်က ကောင်းကင်ကြီးပြိုကျလုနီးပါး ခံစားခဲ့ရသည်။ နှစ်အနည်းငယ်သာကြာခဲ့ချိန်တွင် ကျင်းမင်းဆက် အမှန်တကယ် လက်နက်ချခဲ့ရသည်။ ဒီတိုက်ပွဲအကြောင်း အသေးစိတ်က လူတွေကြားထဲ ပျံ့နှံ့သွားပြီး ဝေ့ဝမ်၏အောမြင်မှုများ ပိုမိုကျော်ဇောလာခဲ့သည်။
ကျင်းမင်းဆက်သည် တကျန်း၏ ထက်ဝက်မျှသာရှိသည်။ ဒါတောင် ဝေ့ဝမ်က ကျင်း မင်းဆက်ကို အနိုင်ယူဖို့ အချိန်တစ်နှစ်တာပဲကြာခဲ့သည်။
ဝေ့ဝမ်သည် သက်ရှိစစ်နတ်ဘုရားတပါးပင်.....
ဧကရာဇ်သည် အိမ်ရှေ့စံမင်းသားကို မျက်နှာသာပေးခဲ့သော်လည်း အခုချိန်တွင် ဝေ့ဝမ်ကို မည်သို့မျှလျစ်လျူရှုထားလို့မဖြစ်တော့ပေ။
ရက်အနည်းငယ်အကြာတွင် ဧကရာဇ်မသည် ဝေ့ဝမ်အား မြောက်ပိုင်းနယ်မြေ၏
ဗိုလ်ချုပ်ကြီးအဖြစ် ခန့်အပ်လိုက်ကြောင်း ကမ္ဘာသိအောင်ကြေညာခဲ့သည်။ ကြီးမြတ်သောဗိုလ်ချုပ်ဟူသည် စစ်ဗိုလ်ချုပ်တစ်ဦးရရှိနိုင်သည့် အမြင့်ဆုံးအဆင့်အတန်းဖြစ်ပြီး၊ သမိုင်းတွင်မှတ်တမ်းတင်ခံရပေမည်။
ညဉ့်ဉီးပိုင်းအချိန်... ကျန်းချန်ရှန်း၏ခြံဝင်းထဲတွင်......
ဟွာဂျန်ရှင်း၏အစီရင်ခံချက်ကိုကြားတော့ ကျန်းချန်ရှန်း ကျေနပ်အားရဖွယ်အမူအရာတစ်ခုကို ထုတ်ပြလိုက်သည်။
ဒီကလေး နောက်ဆုံးတော့အရွယ်ရောက် ကြီးပြင်းလာခဲ့ပြီ.....
ထိုသို့သော တိုက်ပွဲမှတ်တမ်းဖြင့် သူသည် အခြားကမ္ဘာ၏ လီရှီမင်း ဖြစ်လာရန် အခွင့်အလမ်း အမှန်တကယ် ရှိခဲ့သည။ သို့သော်လည်း လီရှီမင်း၏ ညီအစ်ကိုများ၏ အောင်မြင်မှုများသည် သူ့ထက် များစွာ နိမ့်ကျသည်။ လက်ရှိ အိမ်ရှေ့မင်းသား၏ အောင်မြင်မှုများသည် ကျန်းဇီယုထက် နိမ့်ကျသော်လည်း သူ၏ အရှိန်အဟုန်မှာ အလွန်ပြင်းထန်သည်။
“အိမ်ရှေ့မင်းသားကို ထောက်ပံ့နေတာ မဟာယာနနဂါးမျှော်စင်ပဲဖြစ်ရမယ်....ဇီယုက ဗိုလ်ချုပ်ရာထူး ရထားပေမယ့် ထီးနန်းတက်ဖို့လွယ်ကူမှာမဟုတ်ဘူး...”
ဟွာဂျန်ရှင်း အမှန်ပင်စိတ်ပူနေပါသည်။
ကျန်းဇီယု လက်အောက်တွင် ကျွမ်းကျင်သူများစွာရှိသောကြောင့် ထိုကဲ့သို့ အောင်မြင်မှုများ ရရှိခဲ့သည်။ ထိုအချိန်တွင် အိမ်ရှေ့မင်းသားထံတွင်လည်း ရဲ့ကျယ်ဟုခေါ်သော ပညာရှင်တစ်ဦး ရှိနေသည်။
ဤသည်မှာ ရဲ့ကျယ် မည်မျှ အစွမ်းထက်ကြောင်း ပြသရန် လုံလောက်ပါသည်။
ကျန်းချန်ရှန်းက.... "ရာဇပလ္လင်အတွက် တိုက်ပွဲဆိုတာ အိမ်ရှေ့မင်းသားနဲ့ ဇီယု တို့ရဲ့တိုက်ပွဲမဟုတ်ဘဲ ငါနဲ့ မဟာယာနနဂါးမျှော်စင်ရဲ့တိုက်ပွဲပဲ.... ကံအားလျော်စွာနဲ့ မဟာယာနနဂါးမျှော်စင်က ဇီယုကို ငါ့သားအရင်းမှန်း မသိတာမို့ သူ့ကို တိုက်ခိုက်မှာ မဟုတ်ပါဘူး...အကယ်၍ သိသွားလို့ သူတို့ ချက်ချင်း ငါ့ဆီ လာလိမ့်မယ်ဆိုရင်တောင် ရာဇပလ္လင်အတွက် တိုက်ပွဲက ချက်ချင်းကိုအဆုံးသတ်သွားလိမ့်မယ်.....”
ဟိုအရင်တုန်းကတော့ မဟာယာနနဂါးမျှော်စင်က ဘယ်လောက်တောင် အားကောင်းမှန်း မသိခဲ့ပေ။ အခု သူကိုယ်တိုင်လုံလောက်အောင်သန်မာလာပြီဖြစ်သောကြောင့် ကျန်းဇီယု းကို ပွင့်ပွင့်လင်းလင်း ထောက်ခံပြီး မဟာယာနနဂါးမျှော်စင် အမြန်ဆုံးလာမည်ကို စောင့်မျှော်နေပါသည်။
ကျန်းချန်ရှန်၏ စိတ်ချယုံကြည်မှုကို မြင်လိုက်ရသောအခါ ဟွာဂျန်ရှင်း၏ စိတ်နှလုံး ငြိမ်သက်သွားခဲ့သည်။
မိုးလင်းသည်နှင့် ဟွာဂျန်ရှင်း တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။
မတ်လတွင်......
ဆရာတော်ကြွယ်ရှင်းနှင့်ကျန်းချန်ရှန်းတို့၏ သူသေကိုယ်သေတိုက်ပွဲကြောင့် မြို့တော်တွင် သိုင်းပညာရှင်အများအပြား စုဝေးခဲ့ကြသည်။ ဤတိုက်ပွဲသည် သိုင်းပညာလောကရှိ ဂိုဏ်းပေါင်းစုံ၏ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သည်။
ဟွမ်းချွမ်လည်း လုံချီဘုရားကျောင်းသို့ ပြန်ရောက်လာခဲ့သည်။
လုံချီ ဘုရားကျောင်းကို ပြန်ရောက်ပြီး တပည့်တွေနဲ့ ပျော်ရွှင်စွာ စကားဖလှယ်ပြီးနောက် ကျန်းချန်ရှန်းကို နှုတ်ဆက်ဖို့ ခြံဝင်းထဲကိုရောက်လာခဲ့သည်။ ခြံဝင်းထဲမှာ ဝံပုလွေတစ်ကောင်ကို တွေ့ရတော့ အနည်းငယ် အံ့အားသင့်သွားပေမယ့် ဒိအကြောင်း သိပ်ပြီး မစဉ်းစားခဲ့မိပေ။
“ဆရာ၊ ကျွန်တော့်အဘိုးကို သင်္ဂြိုဟ်ပြီးပြီ..... အနာဂတ်မှာ....လုံချီ ဘုရားကျောင်းမှာနေပြီး ဆရာ့ကို ခြေဆုပ်လက်နယ်ပြုစုပေးပြီး အေးအေးချမ်းချမ်း ကျင့်ကြံတော့မယ်...."
သူ့အတွက် ကမ္ဘာပေါ်တွင် သွေးသားတော်စပ်သည့်ဆွေမျိုးများ မရှိတော့သည့်အတွက်မှိတွယ်ရာဆိုလို့ ကျန်းချန်ရှန်းတစ်ယောက်တည်းသာရှိတော့သည်။
ကျန်းချန်ရှန်းကပြုံးလိုက်ပြီး.....
"ငါ မင်းထက် အသက်ပိုရှည်နိုင်တယ်"
“ဒါဆို ဆရာ အသက်၂၀၀၀ ကျော်အထိ အသက်ရှည်ပါစေလို့ ဆုတောင်းပါတယ်...."
သိုင်းပညာရှင်တစ်ယောက်ရဲ့ နယ်ပယ် ပိုမြင့်လေ သက်တမ်းက ပိုရှည်လေပင်... သို့သော်လည်း တကျန်းတွင် အသက် 200 အရွယ် ပညာရှင်တစ်ဦးမျှ မရှိခဲ့သေးပေ။ ဥပမာအားဖြင့်၊ လက်ရှိ ဂရမ်းမာစတာ တွေ အားလုံးဟာ အသက် 100 ရှိပါပြီ။ သူတို့ဘဝတွေ ဆုံးခန်းတိုင်တော့မည်ကိုသိလိုက်ရတော့ သူတို့ဘဝရဲ့ နောက်ဆုံးတိုက်ပွဲကို စတင်ခဲ့ကြသည်။
“စကားမစပ်....ဆရာတော်ကြွယ်ရှင်းက ဗုဒ္ဓနှလုံးသားကို နားလည်သဘောပေါက်နေပြီတဲ့.....အခုသူရဲ့ ခွန်အားက သာမာန်ဂရမ်းမာစတာတစ်ဦးထက် သာလွန်နေပြီ....သူ့ကို လျှော့တွက်လို့မရဘူး......”
ဟွမ်းချွမ်က လေးနက်သော အမူအရာဖြင့် သတိပေးခဲ့သည်။
နှစ်အနည်းငယ်ကြာအောင် အပြင်လောကတွင်ကျင်လည်ခဲ့ရသဖြင့် ခက်ခဲကြမ်းတမ်းမှုတွေ သေခြင်းရှင်ခြင်းအတွေ့အကြုံတွေကို တွေ့မြင်ကြုံကြိုက်ခဲ့ရသည်။အခုတော့ သူဟာ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ဖြစ်နေပါပြီ။ နယ်ပယ် မြင့်မားလာသည်နှင့်အမျှ ကိုယ့်ထက်နယ်ပယ်မြင့်မားသူများ၏ ကြောက်မက်ဖွယ်ခွန်အားများအကြောင်းကိုလည်းသေချာစွာနားလည်ခဲ့ချေပြီ........
စစ်မှန်သော လျှို့ဝှက်ဆရာသခင်၏ ရှေ့မှောက်တွင်၊ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ဟူသည် ပုရွက်ဆိတ်တစ်ကောင်မျှသာပင်.....
ကျန်းချန်ရှန်းသည် တကျန်း၏ သိုင်းပညာလောကတွင် အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးရှိသည်ကို မယုံကြည်သော်လည်း ၎င်းကို စောင့်မျှော်နေပါသည်။
သူသည် အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူနှင့် ယခင်က မတိုက်ခဲ့ဖူးပေ။
ထို့နောက် ဟွမ်းချွမ်က ခြံဝင်းထဲကနေပြန်ထွက်လာပြီး လင်းရှောင်ကို သွားရှာခဲ့လေသည်။
...................
တစ်လအကြာတွင် မြို့တော်၌ သိုင်းပညာရှင် တစ်သောင်းကျော်ရှိနေပြီဖြစ်ပြီး နေရာအနှံ့တွင် ဤတိုက်ပွဲအကြောင်း ဆွေးနွေးနေကြသည်။
နတ်ဘုရားဘုန်းတော်ကြီးကြွယ်ရှင်းသည် သက်ရှိဒဏ္ဍာရီဖြစ်သည်။
အင်မော်တယ်ဆရာတော်ချန်ရှန်းသည် သိုင်းပညာအကျော်အမော်တစ်ဦးဖြစ်သည်။
ထိုသို့သို့သေ. သိုင်းပညာအကျော်အမော်ကြား တိုက်ပွဲသည် ဆန်းကြယ်လွန်းလှပြီး ဘယ်သူအနိုင်ရပါစေ၊ ရှားရှားပါးပါး ဂန္တဝင်တွင်မည့် တိုက်ပွဲတစ်ခုပင်ဖြစ်ချေတော့မည်။
နန်းတော်ရဲ့ အိပ်ခန်းတစ်ခုထဲတွင် ........
ဧကရာဇ်ကျန်းယွီသည် ရေကန်ထဲတွင် ရေစိမ်ပြီး နန်းတွင်းအစေခံခြောက်ယောက်က သူ့တစ်ကိုယ်လုံးကို နှိပ်နယ်ပေးနေသည်။
ခပ်လှမ်းလှမ်းတွင် ရပ်နေသော ကပ်ဘေးဗုဒ္ဓက..... “နတ်ဘုရားဘုန်းတော်ကြီး ကြွယ်ရှင်းက မဟာယာနနဂါးမျှော်စင်ရဲ့ မြင့်မြတ်သော ဆေးလုံးကို သက်တမ်း လောင်ကျွမ်းစေပြီးချေဖျက်ခဲ့တာမို့ ဒဏ္ဍာရီလာ အစစ်အမှန်နတ်ဘုရားနယ်ပယ်ကိုတက်လှမ်းနိုင်ခဲ့ပြီ.....ဒါ့ကြောင့် တိုက်ပွဲမှာ ဆရာတော်ချန်ရှန်းကိုအသေမသတ်နိုင်ရင်တောင် ဒဏ်ရာအပြင်းအထန်ရအောင်လုပ်နိုင်လိမ့်မယ်.....ဒါ့ကြောင့် ဆရာတော်ကြွယ်ရှင်းက ချူမင်းဆက်ကို တည်ထောင်မယ့် အစီအစဉ်ကိုအမြန်အကောင်အထည်ဖော်ဖို့ စကားပါးခိုင်းလိုက်တယ်...ပြီးတော့ တိုက်ပွဲကိုလည်း လာကြည့်ဖို့ဖိတ်ကြားလိုက်သေးတယ်....."
ဧကရာဇ်ကျန်းယွီကဒေါတကြီးဖြင့်... "ဟမ့် ...သူ ငါ့ကို ခြိမ်းခြောက်နေတာလား...."
“ဒါက သူ့ရည်ရွယ်ချက် မဟုတ်ဘူး”
"ထားလိုက်တော့.... အချိန်တန်ရင် သွားကြည့်လိုက်မယ်....အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူတဲ့လား....... ငါ့ရဲ့ တကျန်းမှာ ဒီလ်ို ကျွမ်းကျင်သူတစ်ယောက်မှမရှိခဲ့ဖူးဘူး.... ရှိမယ့်ရှိတော့လည်း တကျန်းမှာနေပြီး ချူမင်းဆက်ကိုသစ္စာစောင့်သိနေတဲ့သူဖြစ်နေတယ်......"
ပြန်မဖြေဘဲ လှည့်ထွက်သွားသော ကပ်ဘေးဗုဒ္ဓ၏ မျက်လုံးထဲတွင် အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။
..........................................
နောက်ဆုံးတော့ တိုက်ပွဲနေ့ကို ရောက်လာချေပြီ.......
မြောက်ဘက်မြို့တံခါးအပြင်ဘက်တွင် လူများဖြင့် ပြည့်နေပြီး သိုင်းပညာရှင်တို့သည် မြို့ပြင်တွင် စခန်းချခဲ့ကြပြီး အဆင့်မြင့်အရာရှိကြီးများနှင့် မှူးမတ်များသည် သိုင်းလောက၏ အဆုံးအဖြတ်တိုက်ပွဲကို ကြည့်ရှုရန် ပြင်ဆင်နေကြပြီး မြို့တွင်းရှိ မဏ္ဍပ်အမျိုးမျိုးတွင် ဧည့်ခံပွဲများ ပြုလုပ်နေပြီဖြစ်သည်။
လုံချီ ဘုရားကျောင်းရဲ့ တောင်စောင်းမှာ တပည့် ၃၀၀ နီးပါးလည်း စောင့်နေကြသည်။
ဧကရာဇ်သည် ယခင်အိမ်ရှေ့စံဘဝကနေထိုင်ခဲ့သော စံအိမ်တော်ရှိ အမြင့်ဆုံးမဏ္ဍပ်တွင် ဝိုင်သောက်ကာ ကျွမ်းကျင်ပညာရှင်နှစ်ဦး ရောက်ရှိလာခြင်းကို စောင့်ဆိုင်းနေသည်။
ကပ်ဘေးဗုဒ္ဓက စိတ်မရှည်သောအမူအရာဖြင့် သူ့နောက်တွင် ရပ်နေ၏။
ဧကရာဇ်ကျန်းယွီက ဝိုင်ခွက်ကို ရုတ်တရက်ချလိုက်ပြီး.... “သူတို့ရောက်ပြီ” ဟု နက်မှောင်သောအမူအရာဖြင့် ပြောလိုက်လေသည်။
တကယ့်ကို ကြောက်စရာကောင်းတဲ့ချီဓာတ်တွေ........
အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို လျှော့တွက်မိကြောင်း နားလည်ခဲ့ချေပြှယ ဘုန်းတော်ကြီးကြွယ်ရှင်း၏ စကားကို တွေးတောရင်း နှလုံးသားတစ်ခုလုံး နစ်မြုပ်သွားသလိုခံစားနေရသည်။
မြောက်ဘက်မြို့တံခါးအပြင်ဘက် ကောင်းကင်တွင် နီမြန်းသော အလင်းရောင်တစ်ခု ပေါ်လာပြီး နေဝင်ချိန်ရောက်နေသကဲ့သို့ ဖြစ်သွားသောကြောင့် မြို့ပြင်တွင် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။
ဟွမ်းချွမ်သည် မျက်လုံးများကို မှိတ်ထားပြီး သူ့အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။
မိုးကုပ်စက်ဝိုင်းရဲ့အဆုံးမှာကနေ ဘုန်းတော်ကြီးတပါး၏သွင်ပြင်ကိုမြင်လိုက်ရသည်။
မုတ်ဆိတ်မွေးနှင့် မျက်ခုံးတို့ပါ ဖြူဖွေးနေသော ဘုန်းတော်ကြီးသည် မျက်လုံး မှတ်ထားပြီး တစ်လှမ်းပြီးတစ်လှမ်း လျှောက်လာနေသည်။ သူ့နောက်ကွယ်မှ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေပြီး ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို ခပ်ဝါးဝါးမြင်နေရသည်။ ဒီမြင်ကွင်းကြောင့် မြို့အပြင်ဘက်မှာရှိတဲ့ မရေမတွက်နိုင်တဲ့ လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ကြလေသည်။
ကောင်းကင်ထက်တွင် ရွှေရောင်တောက်ပနေသည်မှာ သက်ရှိဗုဒ္ဓတစ်ဆူကြွမြန်းလာနေသလိုပင်..........