← Chapters

ဗုဒ္ဓကို ကြိုဆိုခြင်း....

Vol. 4 Ch. 52

ဗုဒ္ဓကို ကြိုဆိုခြင်း....

Vol. 4 Ch. 52

ယခုချိန်တွင် ဘုန်းတော်ကြီးကြွယ်ရှင်းကိုသာ အားလုံးကအာရုံစိုက်နေကြသည်။ မရေမတွက်နိုင်သော လူများ၏အကြည့်များအောက်တွင် သူသည် ကောင်းကင်ယံမှ မြောက်ဘက်မြို့တံခါးဆီသို့ ခြေလှမ်းတစ်လှမ်းချင်း လှမ်းလာခဲ့သည်။

သူသည် မြောက်ဘက်တံခါးသို့ နီးကပ်လာသည်နှင့်အမျှ မြို့တွင်းရှိ အရာရှိကြီးများနှင့် မှူးမတ်များအားလုံး ထိတ်လန့်တုန်လှုပ်သွားကာ တည်ငြိမ်မှုကို မထိန်းနိုင်ဘဲ တယောက်ပြီး တယောက် မတ်တပ်ထရပ်လိုက်ကြသည်။

“သူက အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူလား…”

ဧကရာဇ်ကျန်းယွီ၏နောက်တွင် ရပ်နေသော ကပ်ဘေးဗုဒ္ဓက ရှုပ်ထွေးသောအမူအရာဖြင့် ရေရွတ်လိုက်သည်။

မဟာယာနနဂါးမျှော်စင်၏ အဆင့်သည် အံ့မခန်းပင်။ကပ်ဘေးဗုဒ္ဓသည် အစစ်အမှန်နတ်ဘုရားနယ်ပယ် တည်ရှိမှုအကြောင်းကို မကြာသေးမီကမှ သိရှိခဲ့သော်လည်း ၎င်းတို့မည်မျှ တန်ခိုးကြီးမားသည်ကို မသိခဲ့ပေ။

ဧကရာဇ်ကျန်းယွီသည်လည်း ဘုန်းတော်ကြီးအား မှင်တက်စွာကြည့်ခဲ့သည်။

မောက်မာသော အင်မော်တယ်တာအိုဆရာတော်ချန်ရှန်း ကျရှုံးနိူင်သည်ဟုပင် ရုတ်တရက် ခံစားလိုက်ရသည်။

ဒီလိုအတွေးမျိုးကို သူတစ်ယောက်တည်းတွေးနေခြင်းမဟုတ်ခဲ့ပေ။ ဘုန်းတော်ကြီးကြွယ်ရှင်းကို မျက်မြင်တွေ့ဖူးသူတိုင်း ဒီလို အတွေးနေကြခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ ကျန်းချန်ရှန်း လေထဲတွင်လမ်းလျှောက်သည်ကိုမည်သူမျှမမြင်ဖူးကြပေ။

လုံချီတောင်ရဲ့ တစ်ဝက်တစ်ပျက်မှာ လင်းရှောင်က ဟွမ်းချွမ်ကို လှည့်ကြည့်ပြီး.....

"ဆရာကြီး သူ့ကို အနိုင်ယူနိုင်ပါ့မလား...ဒါကသေခြင်းရှင်ခြင်းတိုက်ပွဲနော်......"

ဟွမ်းချွမ်သည် သိုင်းပညာလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ဖူးပြီး ကျွမ်းကျင်သူများစွာကို တွေ့ဖူးသော်လည်း ထိုစွမ်းရည်မျိုးကို တစ်ခါမျှ မမြင်ဖူးပေ။ သို့သော်လည်း ကျန်းချန်ရှန်းကို ယုံကြည်သည်။ သူက အသံတိုးတိုးဖြင့်..... “ယုံပါဆရာ.....ဆရာကြီးက အသန်မာဆုံးပဲ.....”

မန်ချွဲ့ဆောင်၊ချင်ကူ၊ဝမ်လီ၊မင်ယွဲ့ နှင့် အခြားသူများ မျက်မှောင်ကြုတ်လိုက်ကြသော်လည်း ကျန်းချန်ရှန်းကို မမေးဘဲ စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။

လုံချီ တောင်မှ တပည့်တပန်းများအပြင် မြို့တွင်းရှိ မြို့သူမြို့သား၊စစ်သည်များကပါ တိုက်ပွဲကို စိတ်ဝင်တစားကြည့်ရှုဖို့စုရုံးနေကြသည်။

ဝတ်ဖြူတော်အစောင့်များ၊ကောင်းကင်စံအိမ်မှလုပ်ကြံသတ်ဖြတ်သူများ၊တော်ဝင်အစောင့် အများအပြားသည် တိုက်ပွဲကိုကြည့်ရှုရန် တံစက်မြိတ်ပေါ်သို့ ဆင်းသက်ခဲ့ကြသည်။ဟွာဂျန်ရှင်းလည်းအဲဒီ့မှာရှိပြီး နတ်ဘုရားဘုန်းတော်ကြီးကြွယ်ရှင်း ၏ရုပ်သွင်ကိုကြည့်ကာ မသိစိတ်ကြောင့် ဓားရိုးကိုတင်းကြပ်စွာဆုပ်ကိုင်ထားမိသည်။

ဘုန်းတော်ကြီးကြွယ်ရှင်း၏ အသွင်အပြင်သည် လူသားနယ်ပယ်ကိုကျော်လွန်နေပြီဟု ခံစားရစေသည်။

လူတိုင်း၏အကြည့်အောက်တွင် ဘုန်းတော်ကြီးကြွယ်ရှင်းသည် မြောက်တံခါးရှိ မြို့ရိုးပေါ်သို့ ဆင်းသက်လာပြီး ဆရာတော်ချန်ရှန်းကို စောင့်နေသည်။

လုံချီတောင်ပေါ်ရှိ ခြံဝင်းထဲတွင်..

ကျန်းချန်ရှန်း မတ်တပ်ထရပ်ပြီး ပျင်းကြောဆန့်နေချိန်တွင် ဝမ်ချန်း ခြံဝင်းထဲသို့ ရောက်လာပြီး....

“ဆရာတော်ကြွယ်ရှင်းက တကယ်ပဲ ပျံသန်းနိုင်တယ်....သိပ်ပြီးလျှော့မတွက်နဲ့.... ”

ပိုင်ချီကလည်း... “ဟုတ်တယ်...သိပ်ပြီး အတင့်မရဲနဲ့.... ပျံသန်းခြင်းဆိုတာ ကောင်းကင်ဘုံရဲ့ သင်္ကေတပဲ......”

ပိုင်လုံသည် မြေဝိညာဉ်သစ်ပင်၏ အကိုင်းအခက်များကြားထဲမှ ခေါင်းပြူကာ မြောက်ဘက်မြို့တံခါးကို အဝေးက ကြည့်နေသည်။

ဝမ်ချန်သည် ပိုင်ချီ လူသားဘာသာစကားပြောသည်ကို ကြာမြင့်စွာကြားခဲ့ရသောကြောင့် မအံ့သြတော့ဘဲ ကျန်းချန်ရှန်း ကိုသာ ကြည့်လိုက်သည်။

ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး..... "ဒါက ပျံသန်းရုံပဲ မဟုတ်လား?ငါလည်း ပျံသန်းနည်းကို သိပါတယ်ကွာ....ငါ အတိဒုက္ခကို ဘယ်လိုကျော်ဖြတ်ခဲ့တယ်ဆိုတာ မေ့သွားပြီလား.... ငါက ပျံသန်းဖို့ အရမ်းပျင်းလို့ဒီ

အတိုင်းနေ နေရုံပါပဲ... . "

ဤသည်မှာ အမှန်တရားဖြစ်သည်။ သူ့ခန္ဓာကိုယ်ကို ဝိညာဉ်စွမ်းအင်တွေနဲ့ ရစ်ပတ်ထားရင်အလွယ်တကူ ပျံသန်းနိုင်သည်။ သို့သော် ဓားပေါ်တွင် ပျံသန်းခြင်းလောက် အဆင်မပြေသလို ခံစားမိသည်။

ဝမ်ချန်းက သက်ပြင်းချကာ လှည့်ထွက်ပြီး တိုက်ပွဲကို စောင့်ကြည့်ဖို့ ပြင်ဆင်နေလေ၏။

ကျန်းချန်ရှန်းသည် ခါးတွင်ချိတ်ဆွဲထားသော တိုင်ဟန် ဓားကို ရုတ်တရက် ဖြုတ်လိုက်ပြီး ဓားပေါ်သို့ ခုန်တက်ကာ ခံ့ညားသောအသွင်အပြင်နှင့် ဓားပျံကို စီးနင်းခဲ့လေသည်။

ပိုင်ချီကလည ခြံဝင်းထဲမှ ခုန်ထွက်ပြီး ချောက်ကမ်းပါးဆီသို့သွကာ မြောက်ဘက်မြို့တံခါးကို ငုံ့ကြည့်နေသည်။

ဆရာတော်ကြွယ်ရှင်း ရောက်ရှိလာပြီးနောက် လူအများစု၏ အကြည့်များသည် လုံချီ တောင်ပေါ်သို့ ရောက်သွားကြပြီး ဆရာတော်ချန်ရှန်း ၏ အသွင်အပြင်ကို စောင့်မျှော်နေကြသည်။ များမကြာမီတွင်၊ ကျန်းချန်ရှန်း သည် တောင်ပေါ်မှ ဓားပျံကိုစီးနင်းလာပြီဖြစ်သောကြောင့် အားလုံးကိုစိတ်အေးသွားစေခဲ့သည်။

ထုံးစံအတိုင်း၊ သူတို့သည် ဆရာတော်ချန်ရှန်း ကို ပို၍ စိတ်ဝင်စားကြသည်။

ကျန်းချန်ရှန်း ပေါ်လာတာကိုမြင်တော့ ကပ်ဘေးဗုဒ္ဓက လှောင်ပြောင်သည့်အနေဖြင့် ..

"ပထမတစ်ယောက်က လေထဲမှာ တိုက်ရိုက်ပျံသန်းနေပြီး နောက်တစ်ယောက်ကတော့ ဓားပျံကိုပဲစီးနင်းနိုင်တယ်....ဒါကိုကြည့်ရုံနဲ့ နယ်ပယ်ခြားနားချက်က သိသာနေပြီ.....”

ဧကရာဇ်ကျန်းယွီက ဘာမှပြန်မဖြေသော်လည်း သူလည်း ဒီလိုပဲ ခံစားနေရသည်။

ကျန်းချန်ရှန်းသည် မြို့ရိုးထိပ်သို့ လျင်မြန်စွာ ခုန်ဆင်းကာ မြို့ရိုးတံစက်မြိတ်ပေါ် ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။ထို့နောက် တိုင်ဟန်ဓားက ဓားအိမ်ထဲသို့ တိကျစွာ နေရာပြန်ယူသွားခဲ့လေသည်။

ဤမြင်ကွင်းက သိုင်းပညာရှင်များစွာကို စိတ်လှုပ်ရှားစေခဲ့သည်။

"သိုင်းပညာလောကမှာ ဒီလိုဓားသမားမျိုးရှိနိင်မယ်မထင်ဘူး..ဆရာတော်ချန်ရှန်းက ဓားသမားမဟုတ်ဘူးမလား......."

" နောက်ဆုံးတော့ သိုင်းပညာအကျော်အမော်တွေရဲ့ အံ့ဖွယ်တိုက်ပွဲကိုမြင်တွေ့ခွင့်ရခဲ့ပြီ....."

"သိုင်းပညာဒဏ္ဍာရီတွေဟာ တကယ်ကို အထင်ကြီးစရာကောင်းတယ်.... ဒါပေမယ့် သူတို့က ဂရမ်းမာစတာတွေထက် အနည်းငယ်နိမ့်ကျနေပါသေးတယ်...."

"ဂရမ်းမာစတာငါးယောက်ရဲ့

ခေါင်းဆောင်ဆရာတော်ထျန်းကန်ကို သူရဲကောင်းဂူဗိမာန်မှာ မြှုပ်နှံထားတယ်.... အကယ်၍ ဆရာတော်ကြွယ်ရှင်းသာ အောင်နိုင်ခဲ့ရင် အသန်မာဆုံးဂရမ်းမာစတာ ဖြစ်လာလိမ့်မယ်...."

မြို့အပြင်ဘက်တွင် သိုင်းလောကရှိ အစွမ်းထက်သော ပညာရှင်များ၊ မင်းမျိုးမင်းနွယ်များ၊ မှူးမတ်များနှင့် သာမန်လူများ အားလုံးသည် ပြိုင်ဘက်ကင်းသော ကျွမ်းကျင်သူနှစ်ဦးကြား တိုက်ပွဲ၏ ရလဒ်ကို ဆွေးနွေးနေကြသည်။

ဆရာတော်ကြွယ်ရှင်း၏ မျက်လုံးများပွင့်လာပြီး ကျန်းချန်ရှန်းကို စိုက်ကြည့်လာသည်။

"အင်မော်တယ်ဆရာတော်ချန်ရှန်းက အတော်ငယ်သေးတာပဲ....."

ကျန်းချန်ရှန်းက တခစ်ခစ်ရယ်ပြီး......

“ကျွန်တော်က အသက် ၅၀ နီးပါးရှိနေပြီမို့ ငယ်တယ်လို့ မယူဆပါဘူး.....”

“ဒီနေ့တိုက်ပွဲက ငါ့ဘဝရဲ့ နောက်ဆုံးတိုက်ပွဲပဲ..... ငါသေရင် သူရဲကောင်းဗိမ္မာန်မှာမြှုပ်နှံခံပြီး လုံချီဘုရားကျောင်း ရဲ့ဂုဏ်သတင်းကိုမြှင့်တင်ပေးမယ်....အကယ်၍ မင်း သေဆုံးသွားခဲ့ရင်လည်း ငါ မင်းကိုတမလွန်ခရီးလမ်းမှာ အတူဖော်ပြုပေးမယ်......"

ကျန်းချန်ရှန်းက ခေါင်းခါပြီး. .

“ဆရာတော်ကြွယ်ရှင်း...စကားကိုကြည့်ပြောပါ.... ”

ဆရာတော်ကြွယ်ရှင်း၏ အကြည့်များ အေးစက်သွားသည်။ သို့ပေမယ့်လည်း ချူမင်းဆက်ကိုပြန်လည်ထူထောင်လိုသည့်ရည်ရွယ်ချက်ကို ရှင်းပြခဲ့ပြန်သည်။

ကျန်းချန်ရှန်း၏တည်ရှိမှုသည် ချူမင်းဆက်ကို ပြန်လည်ထူထောင်ရာတွင် အကြီးမားဆုံးအတားအဆီးဖြစ်လာခဲ့သည်။

ကျန်းချန်ရှန်းက ထိုစကားများကိုကြားပြီးသည့်တိုင် အံသြနေဟန်မပြဘဲ အေးအေးဆေးဆေးဖြင့်.....

“ဒါဆို တိုက်ခိုက်ကြရအောင်.... ဒီမှာ လူတော်တော်များတယ်..... ပရိသတ်ကို အကြာကြီးမစောင့်ခိုင်းနဲ့......”

"ဒါဆို ဒီနေ့ သိုင်းလောကဒဏ္ဍာရီရဲ့ စွမ်းအားကို မြည်းစမ်းကြည့်ရအောင်!"

ဆရာတော်ကြွယ်ရှင်းက တိုးညှင်းသော အသံဖြင့် ပြောလိုက်ပြီး.... သူ့လက်ဖဝါးကို ဖိလိုက်သည်နှင့် သူ့နောက်ဘက်ရှိ ဗုဒ္ဓရုပ်ပုံ၏ အလင်းရောင်များ အလွန်တောက်ပလာသည်။ထို့နောက် အစစ်အမှန်ချီဓာတ်များ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်ပတ်လာပြီး ဤစစ်မှန်သောချီဓာတ်သည် အမှန်တကယ်ပင် သွေးရောင်ဖြစ်နေသည်။

ကျန်းချန်ရှန်း မျက်ခုံးပင့်လိုက်မိသည်။ တစ်ဖက်လူက သူ့အား အပြင်းအထန် ဖိနှိပ်နိုင်ရန် ချီဓာတ်နှင့်အသက်သွေးကို လောင်ကျွမ်းစေသည်ဟု တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင်သိလိုက်ရသည်။

ဒီလိုဆက်သွားရင်တော့ ထိုသူသည် အနိုင်ရရင်တောင် သေခြင်းတရားကို လွန်ဆန်နိုင်မည်မဟုတ်ပေ။

ဒီဘုန်းကြီး တကယ်ကိုမိုက်ရူးရဲဆန်လှချည်လား.....

ပြိုင်ဘက်သည် အစစ်အမှန်နတ်ဘုရားနယ်ပယ်တွင်ရှိလျှင်ပင်၊ ပေါ့လျော့နေမည်မဟုတ်ပေ။ ယင်းအစား၊ သူသည် သက်တမ်းကို လောင်ကျွမ်းပြီး ၎င်း၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုကို ထုတ်ဖော်တော့မည်ဖြစ်သည်။

မှောင်ရီပျိုးစပြုလာပြီဖြစ်သည်။ ကောင်းကင်နှင့်မြေပြင်ကြားတွင် လေပြင်းများ တိုက်ခတ်လာကာ မြို့အပြင်ဘက်ရှိ တောအုပ်ကိုပင် လှုပ်ခတ်သွားစေခဲ့သည်။ တံစက်မြိတ်ပေါ်မှ ဧည့်သည်များ၏ ၀တ်လုံများကလည်း တသုန်သုန်တိုက်ခတ်နေပြီး ကြီးမားသော ဖိအားတစ်ခုက တစ်မြို့လုံးကို လွှမ်းခြုံထားသည်။ သာမန်လူများပင်လျှင် ဖိအားကို ခံစားနိုင်ပြီး မသက်မသာ ခံစားနေကြရသည်။

ရုတ်တရက် တလောကလုံးအရောင်ပြောင်းသွားပြီး မိုးကြိုးတိမ်တိုက်များသည် ရုတ်တရက် စုစည်းကာ တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။

ကျန်းချန်ရှန်းဘက်ကစတင် မတိုက်ခိုက်ခဲ့သေးဘဲ ဆရာတော်ကြွယ်ရှင်းကို စူးစူးစိုက်စိုက် စိုက်ကြည့်နေသည်။

ဆရာတော်ကြွယ်ရှင်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ့နောက်ကွယ်မှ ဗုဒ္ဓရုပ်ပွားတော်သည် ရုတ်တရက် ပေ ၁၀၀၀ မြင့်သည်။ ၎င်းသည် ရွှေရောင်အလင်းတန်းများဖြင့် ပြိုးပြိုးပြက်ပြက်လင်းလက်နေပြီး မျက်နှာတော်သညခ ကျန်းချန်ရှန်းကို စိုက်ကြည့်နေစဉ် နတ်ဆိုးများကို နှိမ်နင်းခဲ့သော ရဟန္တာနှင့်တူသည်။

အားလုံးက ဒီမြင်ကွင်းကို မျက်လုံးပြူး၍ကြည့်နေကြသည်။

မြို့အပြင်ဘက်တွင် .....

သူတောင်းစားအိုကြီးတစ်ဦးက တစ်ကိုယ်လုံး တုန်တုန်ယင်ယင်နှင့်...

“သူက လေပေါ်ပျံဝဲနိုင်ပြီး စစ်မှန်တဲ့ချီကိုသိပ်သည်းနိူင်နေပြီဆိုတော့ ဂရမ်းမာစတာ နယ်ပယ်ကို ကျော်လွန်နေပြီ... သာမာန်လူမဟုတ်တော့ဘူး......” ဟူ၍ ရေရွတ်နေ၏။

သိုင်းပညာရှင်အားလုံး ထိတ်လန့်တုန်လှုပ်သွားပြီး ဆရာတော်ကြွယ်ရှင်းကို ရိုသေလေးစားစွာဖြင့် ကြည့်နေကြသည်။

သိုင်းပညာ၏အဆုံးသတ်လမ်းကြောင်းသည် အမှန်တကယ်ပင် အလွန်အစွမ်းထက်လှသည်။

ထိုအခိုက်တွင် ပေတစ်ထောင်မြင့်သော ဗုဒ္ဓရုပ်ပွားတော်သည် ရုတ်တရက် မှေးမှိန်သွားပြီး ဆရာတော်ကြွယ်ရှင်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ထိုအခါ ဆရာတော်ကြွယ်ရှင်း၏ ပိန်ပိန်ပါးပါးခန္ဓာကိုယ်သည် ရုတ်တရက် သန်မာလာပြီး ရွှေရောင်ပြောင်းသွားသည်။

တခဏချင်းမှာပဲ သူဟာ ၃ မီတာနီးပါး အရပ်ရှည်ပြီး ကြီးစိုးတဲ့ ကိုယ်ဟန်အနေအထားကို ပိုင်ဆိုင်ခဲ့လေသည်။ဆရာတော်ကြွယ်ရှင်း

လက်နှစ်ဖက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်နှင့် နောက်ကျော်ဘက်တွင် ရွှေရောင် ဗုဒ္ဓ လက်နှစ်ဖက်ပေါ်ထွက်လာပြီး ဗုဒ္ဓရောင်ဝါများသည်လည်း ထူးထူးခြားခြား တောက်ပနေသည်။

ဤအခိုက်အတန့်တွင် ဆရာတော်ကြွယ်ရှင်းသည် သေမျိုးနယ်ပယ်ကိုကျော်လွန်နေသော ရဟန္တာတစ်ပါးသဖွယ် ကြည်ညိုဖွယ်ကောင်းလှသည်။ထိုမြင်ကွင်းကြောင့် ဧကရာဇ်ကျန်းယွီ မတ်တပ်ထရပ်လိုက်ပြီး မျက်လုံးများ ပြူးကျယ်သွား၏။

ချောက်ကမ်းပါးပေါ်တွင် ရပ်နေသည့် ပိုင်ချီက..... " တကျန်းက တကယ်မလွယ်ဘူးပဲ....ဒီအစစ်အမှန်နတ်ဘုရားနယ်ပယ်က တကယ်သန်မာလွန်းတယ်......."

ထိုကြောက်စရာကောင်းသောဖိအားသည် တုံလင်းမင်းဆက်၏အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူများထက် ပို၍ပင်သန်မာနေသည်။

"ဒီနယ််ပယ်က ဂရမ်းမာစတာနယ်ပယ်နဲ့ အစစ်အမှန်နတ်ဘုရားနယ်ပယ်ရဲ့အထက်မှာရှိတယ်.... ဒီဘုန်းကြီးကအသွေးအသားကိုအသုံးပြုပြီး အစစ်အမှန်နတ်ဘုရားနယ်ပယ်ကိုတက်လှမ်းပြီး အားလုံးကိုအမြင်ဖွင့်ပေးခဲ့ပြီ..... ကမ္ဘာပေါ်က သိုင်းပညာရှင်အားလုံး ဒီနယ်ပယ်ကို ရောက်ဖို့ စိတ်ကူးနိုင်ကြပြီ..... ငယ်ရွယ်သူတွေအနေနဲ့ ဒီနယ်ပယ်ကို ပန်းတိုင်ထားပြီး ကြိုးစားသင့်တယ်....."

ဆရာတော်ကြွယ်ရှင်း၏ အသံသည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေသည်။ မိုးကြိုးနတ်ဘုရားမိန့်ကြားနေသကဲ့သို့ မြို့တွင်း၌ရှိလူတိုင်း ကြားနိုင်သည်။

ဆရာတော်ကြွယ်ရှင်းက ညာလက်မောင်းကို မြှောက်လိုက်ပြီး လက်ဖဝါးကို လွှဲမည့်ဟန်ဖြင့် သူ့နောက်မှ ရွှေလက်တံကို နောက်သို့ ဆွဲထုတ်လိုက်သည်။

ထိုအခါ အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ ကန့်သတ်ချက်သို့ရောက်ရှိသွားသည်။

သူက ကျန်းချန်ရှန်း ကို အေးစက်စွာ စိုက်ကြည့်ကာ.... "အင်မော်တယ်ဆရာတော်ချန်ရှန်း မဘာလို့ မင်းရဲ့ စွမ်းအင်ကို မဖြန့်ကျက်သေးတာလဲ....."

ကျန်းချန်ရှန်းက ချီလင်မြင်းမြှီးသားယပ်ကို သါးမှာညှပ်ပြီး တိုင်ဟန်ဓားကို ထပ်မံဆွဲထုတ်လိုက်ကာ.....

"ဒါဆို ကျူပ်က လုံချီဘုရားကျောင်းရဲ့ အဆုံးစွန်သောနည်းစနစ်ဖြစ်တဲ့ တိုင်ချင်းဓားပညာကိုသုံးပြီးရင်ဆိုင်ပါ့မယ်...."

"အံ့ဖွယ်ဂိုဏ်းရဲ့ ဓမ္မရုပ်တုကိုဘာလို့မသုံးတာလဲ..... "

" လုံချီ ဘုရားကျောင်းရဲ့ ဓားသိုင်းကို ကမ္ဘာက မြင်အောင်ကြည့်သင့်တယ်......"

ကျန်းချန်ရှန်း ပေါ့ပေါ့ပါးပါး ပြုံးပြီး ဆရာတော်ကြွယ်ရှင်းကို ဓားဖြင့်ချိန်ရွယ်လိုက်လေသည်။

ဆရာတော်ကြွယ်ရှင်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး အသွေးအသားနှင့်ချီဓာတ်များကို ကန့်သတ်ချက်အထိ လောင်ကျွမ်းပစ်လိုက်တော့သည်။

လူတိုင်း၏ ထိတ်လန့်သော အမူအရာအောက်တွင် ကြွယ်ရှင်းသည် ဒေါသတကြီး ဟိန်းဟောက်ကာ သူ၏ညာဖက်လက်ဖဝါးဖြင့် ပြင်းစွာ ရိုက်ချလိုက်ရာ သူ့နောက်ကျောပေါ်က ရွှေလက်တံကလည်း သူနှင့်တပုံစံတည်းလှုပ်ရှားနေလေ၏။ လက်ဖဝါးနဲ့ ရိုက်လိုက်တာနဲ့ တပြိုင်နက် မိုးခြိမ်းသံများ ပေါက်ကွဲပြီး အဖြူရောင် စမ်းချောင်းတစ်ခု ဆင်းသက်ပြီး ကမ္ဘာကြီးကို အရောင်ပျယ်လွင့်သွားစေခဲ့သည်။

"ဗုဒ္ဓသည် တောင်တန်းနှင့်မြစ်များကို လှုပ်ခါစေသည်"

ဝုန်းးးးးး

ဝုန်းးးးးးးးး

သူတို့ခြေထောက်အောက်က မြို့ရိုးသည်ပင် ချက်ချင်း ဖုန်မှုန့်တွေ ဖြစ်သွားပြီး ပေါက်ကွဲသွားလေ၏။

ကျန်းချန်ရှန်းသည် အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ၏ ကြီးမားသော စွမ်းအားကို ရင်ဆိုင်ခဲ့ပြီး သူ၏ ညာလက်ကို ရုတ်တရက် ဖြည်လိုက်သည်။ သူသည် သူ့လက်ဖဝါးကို ရှေ့သို့ တွန်းလိုက်ပြီး တိုင်ဟန် ဓားကို ဓားအလင်းအဖြစ် ပြောင်းလဲပစ်လိုက်သည်။

အိုး!

ဤဓားအလင်းကြောင့် ကမ္ဘာကြီးတခုလုံး လင်းထိန်သွားကာ လျှပ်စီးကြောင်းများ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ မသိစိတ်ကြောင့် လူတိုင်း တုန်လှုစွာဖြင့်မျက်လုံးမှိတ်ထားလိုက်ကြပြီး တစ်ဖန် မျက်လုံးပြန်ဖွင့်လိုက်သောအခါ ကျန်းချန်ရှန်း ဓားချက်ကြောင့် တိမ်တိုက်များပင် နှစ်ပိုင်းကွဲနေသည်ကိုမြင်လိုက်ရသည်။

ဆရာတော်ကြွယ်ရှင်းသည် လက်ဖဝါးကို ဝှေ့ယမ်းကာ လေထဲ၌ ရပ်နေသော်လညိး ဓားတစ်ချောင်းက သူ့ရင်ဘတ်ကို ထိုးဖောက်ပြီး သူ့ရွှေရောင်ကိုယ်ထည်မှာ မြှုပ်နှံထားသည်။ သူ့တစ်ကိုယ်လုံး တုန်တုန်ယင်ယင်နှင့် သူ့မျက်လုံးထဲတွင် မယုံနိုင်စရာများဖြင့် ပြည့်နှက်နေသည်။

သူက ကျန်းချန်ရှန်းကို စိုက်ကြည့်နေပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းများ တဖြည်းဖြည်းမှေးမှိန်သွားသည်။

"ဒီ...ဒီတိုင်ရှင်းဓားနည်းပညာက ဘယ်ကလာတာလဲ..."

ကျန်းချန်ရှန်းက သူ့ညာဖက်လက်ကို အသာအယာဝှေ့ယမ်းလိုက်သည့်အခါ တိုင်ဟန်ဓားသည် ဆရာတော်ကြွယ်ရှင်း၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားလေသည်။ သွေးများသည် ကောင်းကင်ပေါ်မှ သွေးမိုးများဖျန်းခနဲရွာကျလာပြီး တိုင်ဟန်ဓားက ကျန်းချန်ရှန်းဆီသို့ပြန်ရောက်လာခဲ့သည်။

“အဲ့ဒါကို ကျွန်တော် ဖန်တီးခဲ့တာပါ....ခင်ဗျားက အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပေမယ့် ကျုပ်ရဲ့ တိုင်ချင်ဓားသိုင်းကို နတ်ဘုရားတွေကိုသတ်ဖြတ်ဖို့ အထူးတီထွင်ထားတာ......"

ကျန်းချန်ရှန်းက ထိုသို့ပြေားပြီးသည်နှင့် ဓားကို ညင်သာစွာ ယမ်းခါလိုက်ပြီး ဓါးပေါ်ရှိ သွေးများကို ဖယ်ရှားသန့်စင်ရန် သူ၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြုခဲ့သည်။

ဆရာတော်ကြွယ်ရှင်း၏ မျက်လုံးများတဖြည်းဖြည်းအသက်မဲ့လာသည်။ သူ၏ ခန္ဓာကိုယ်သည်လည်း လျင်မြန်စွာ ရှုံ့သွားကာ အသက်ကြီး၍ အားနည်းသော ရုပ်အသွင်သို့ ပြောင်းလဲသွားပြီး ချက်ချင်းပင် ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည်။

ကျန်းချန်ရှန်းက လက်ကို မြှောက်လိုက်ပြီး ဆရာတော်ကြွယ်ရှင်း၏ အလောင်းကို စုပ် လုံချီ တောင်သို့ သယ်ဆောင်သွားခဲ့သည်။

ထိုအချိန်တွင် တလောကလုံးတိတ်ဆိတ်နေသလို အားလုံးမှင်သက်အံ့သြနေကြသည်။

ဆရာတော်ကြွယ်ရှင်း၏

အလောင်းကိုသယ်၍ ကျန်းချန်ရှန်း လုံချီ ဘုရားကျောင်းဆီသို့ ပျံသန်းလာသည်ကို တွေ့လိုက်ရမှသာ အားလုံးသတိပြန်ဝင်လာခဲ့ကြသည်။

"ဘုရားရေ....ဆရာတော်ကြွယ်ရှင်း ရှုံးနိမ့်သွားပြီ....."

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ? ဒီအတိုင်း ရှုံးသွားတာလား......"

“ဒီလောက် ကြောက်စရာကောင်းတဲ့ လက်ဝါးရိုက်ချက်ကို ဓားချက်တစ်ချက်တည်းနဲ့ဘယ်လိုရင်ဆိုင်ခဲ့တာလဲ.... အဝေးကြီးမှာရှိနေတဲ့ ငါတို့တောင် အသက်ရှူကျပ်နေသလို ခံစားရတယ်!”

"ဘယ်လိုဓားသိုင်းမျိုးလဲ...."

"နတ်ဘုရားတွေကိုသတ်ဖြတ်ဖို့ အထူးတီထွင်ထားတဲ့ တိုင်ချင်းဓားသိုင်းလို့ ဆရာတော်ချန်ရှန်း ပြောသွားတာမကြားလိုက်ဘူးလား......"

မြို့ပြင်တွင် သိုင်းပညာ တတ်မြောက်သူ အများအပြား ရှိနေပြီး အားလုံးက လုံချီဘုရားကျောင်းရှိရာဆီဉီးတည်၍ ဒူးထောက်အရိုအသေပေးနေကြသည်။

ပညာရှင်တစ်ဦးသည် မှုန်မှိုင်းသောအကြည့်ဖြင့် တစစီပျက်စီးသွားသော မြောက်ဘက်မို့ရိုးတံတိုင်းကိုကြည့်ကာ....

“တိုင်ချင်းဓားသိုင်းက နတ်ဘုရားတွေကို တစ်ချက်တည်းနဲ့သတ်ဖြတ်နိုင်ပြီး တစ္ဆေတွေက ကောင်းကင်ဘုံကိုတုန်လှုပ်စေတယ်.....လောကကြီးရဲ့ သိုင်းနတ်ဘုရားတစ်ပါးကို အားလုံးက တရိုတသေကြိုဆိုနေကြပြီပဲ......."

ထိုစဉ် ဟွမ်းချွမ်၏ စိတ်လှုပ်ရှားနေသော ကြေငြာသံတစ်ခု လုံချီတောင်မှ ထွက်ပေါ်လာသည်။

"နတ်ဘုရားဘုန်းတော်ကြီးကြွယ်ရှင်းကို သူရဲကောင်းသင်္ချိုင်းသို့ ပို့ဆောင်လိုက်ပါပြီ..... "

ထိုအသံသည် အချိန်အတော်ကြာ ပဲ့တင်ထပ်နေပြီးသိုင်းပညာ အကျော်အမော်၏ သူရဲကောင်းဆန်မှုကို ခံစားမိစေသည် ။

All Chapters