← Chapters

ကောင်းကင်နတ်မင်းကိုးချန်၏မြင့်မြတ်သောငှက်မွှေးဝတ်ရုံ.....အိမ်ရှေ့စံရာထူးအတွက် တိုက်ပွဲဝင်ခြင်း.....

Vol. 4 Ch. 53

ကောင်းကင်နတ်မင်းကိုးချန်၏မြင့်မြတ်သောငှက်မွှေးဝတ်ရုံ.....အိမ်ရှေ့စံရာထူးအတွက် တိုက်ပွဲဝင်ခြင်း.....

Vol. 4 Ch. 53

[ ကျန့်ယွီနှစ်၏၆နှစ်မြောက်တွင် နတ်ဘုရားဘုန်းတော်ကြီးကြွယ်ရှင်းသည် နတ်ဆေးလုံးသောက်သုံးပြီး အစစ်အမှန်နတ်ဘုရားနယ်ပယ်သို့ရောက်ရှိရန် သူ၏သွေးနှင့် အသက်ကို လောင်ကျွမ်းကာ စတေးခဲ့သည်။ သူသည် သင်နှင့်အတူ သေသည်အထိ တိုက်ခိုက်ခဲ့ပြီး သင်သည် သူ၏စိန်ခေါ်မှုကို အောင်မြင်စွာ လွတ်မြောက်ခဲ့သည်။ သင်သည် ဘေးဆိုးတစ်ခုမှ လွတ်မြောက်ခဲ့ပြီး ရှင်သန်ခြင်းဆုလာဘ်အဖြစ် ကောင်းကင်မနတ်မင်းကိုးချန်၏မြင့်မြတ်သော ငှက်မွှေးဝတ်လုံကို ရရှိခဲ့သည်။]

ကျန်းချန်ရှန်း သူ့အခန်းထဲမှာထိုင်ပြီးတာနဲ့ စကားတစ်ကြောင်းက သူ့ရှေ့မှာပေါ်လာခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်း၊ အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို အနိုင်ရခဲ့သဖြင့် တန်ဖိုးကြီးသောရတနာတစ်ခုရရှိခဲ့သည်။

ကျန်းချန်ရှန်း စိတ်ထဲကနေသာ သက်ပြင်းချလိုက်မိသည်။ ဤကမ္ဘာပေါ်တွင် အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင် ပိုများလာမည်ဟု သူမျှော်လင့်ခဲ့သည်။

သူသည် ချက်ချင်းပင် ငှက်မွှေး၀တ်ရုံကို လက်ခံလိုက်သည့်အခါ အစိမ်းရောင်သမ်းနေသော ၀တ်ရုံဖြူတစ်ထည် သူ့လက်ထဲတွင် ပေါ်လာသည်။ ၀တ်ရုံပေါ်တွင် ငှက်မွှေးသဏ္ဍာန်အရိပ်များပါရှိပြီး အစိမ်းရောင်အလင်းဖျော့ဖျော့သည် ၀တ်ရုံအပေါ်မှ ပိတ်စတစ်လွှာကဲ့သို့ဖြစ်ပြီး အလွန်ကို ခံ့ညားလှသည်။

ကျန်းချန်ရှန်းသည် ချက်ချင်းပင် ထိုဝတ်စုံကို ပြောင်းလဲဝတ်ဆင်လိုက်သည့်အခါ အော်ရာများ ရုတ်တရက် ပြောင်းလဲသွားသည်။ ထို့နောက် သူသည် ဤရတနာ၏အသုံးဝင်မှူအချက်အလက်များကို အမွေဆက်ခံခဲ့သည်။

မြင့်မြတ်သော ငှက်မွှေးဝတ်ရုံကို နတ်သားရဲတစ်ကောင်၏အမွေးများနှင့် မိုးကုပ်စက်ဝိုင်းမှနေထွက်လာချိန်တောက်ပနေသော အစိမ်းရောင်အလင်းတန်းများဖြင့် ဖန်တီးထားသည်။ ၎င်းတွင်အလွှာ ဆယ့်နှစ်လွှာရှိပြီး အလွန်ခိုင်မာသော ဝတ်ဆင်သူကိုကာကွယ်ပေးနိုင်စွမ်းရှိသည်။ ဝိညာဉ်စွမ်းအင်ကို ဝတ်ရုံထဲဖြည့်သွင်းလိုက်သည်နှင့် ၎င်း၏ ခုခံအား အဆမတန်တိုးမြင့်လာပါလိမ့်မည်။

မဆိုးဘူး.... ဒါကအဖိုး အသက်ကယ်ရတနာပဲ......

တိုက်ခိုက်မှုအတွက် ရွှေအကြေးခွံကျောက်စိမ်းသစ်ရွက်နှင့် ကာကွယ်ရေးအတွက် မြင့်မြတ်သော ငှက်မွှေးဝတ်ရုံရှိနေပြီဖြစ်သည်။ဤသည်ကိုကြည့်ခြင်းအားဖြင့် သူ့ရဲ့ တိုက်စစ်နှင့်ခံစစ် နှစ်ခုစလုံး အားနည်းချက် မရှိဘူးဟု ဆိုနိုင်ပါသည်။

ကျန်းချန်ရှန်း ဆုလာဘ်များရရှိနေချိန်တွင် တစ်မြို့လုံးကတော့ တိုက်ပွဲအကြောင်း ဆွေးနွေးနေကြဆဲဖြစ်သည်။

'အစစ်အမှန်နတ်ဘုရားနယ်ပယ်' ဟူသော စကားလုံးသည် တစ်မြို့လုံးပျံ့နှံ့သွားသည်။ ယခုအချိန်မှစ၍၊ စီရင်စုဆယ့်သုံးခရိုင်မှ သိုင်းပညာရှင်များသည် သိုင်းလောကကို ရူးသွပ်သွားစေမည့် နယ်ပယ်အသစ်စက်စက်ကို အသိအမှတ်ပြုတော့မည်ဖြစ်သည်။

စံအိမ်ဟောင်းတစ်ခုထဲတွင်.......

ခွမ်းးးးးးးး

ဧကရာဇ်ကျန်းယွီသည် ဒေါသအပြည့်ဖြင့် ကြွေခွက်ကို ရိုက်ခွဲလိုက်ပြီး ကပ်ဘေးဗုဒ္ဓကို စူးစူးရဲရဲစိုက်ကြည့်ကာ.....

“အခု ဘယ်လိုလုပ်ကြမလဲ.... အင်မော်တယ်

ဆရာတော်ချန်ရှန်းက အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူကိုတောင် တစ်ချက်တည်းနဲ့ သတ်နိုင်နေပြီ.... သူ့ကို ဘယ်လိုတိုက်ခိုက်ကြမလဲ..... သူ့စွမ်းအားတွေကို စုပ်ယူဖို့မပြောနဲ့ ချူးမင်းဆက်ကို ပြန်လည်ထူထောင်ဖို့တောင် အတော်ခက်ခဲနေပြီ......ပြီးတော့ ဆရာတော်ချန်ရှန်းက ဝေ့ဝမ်ကို ပွင့်ပွင့်လင်းလင်း ထောက်ခံထားပြီးသား...ကျူပ် သူ့အတွက် ဘာမှလုပ်မပေးနိုင်ဘူး...ဒါ့ကြောင့် ကျုပ်ကို အတင်းအကြပ်ဖိအားမပေးနဲ့တော့..... ခင်ဗျားတို့ရဲ့နဂါးမျှော်စင်က သိပ်ကိုလုပ်နိုင်စွမ်းရှိတယ်ဆို ဆရာတော်ချန်ရှန်းကိုအရင်ရှင်းလိုက်....ပြီးတော့မှ ချူမင်းဆက်ကိုပြန်ထူထောင်မယ့်ကိစ္စဆက်ပြောကြမယ်....."

ကံဘေးဗုဒ္ဓလည်း အင်မတန်ရုပ်ပျက်ဆင်းပျက်ဖြစ်နေလေ၏။ သူသည် ကျန်းချန်ရှန်းအား ချူမင်းဆက်အား ပြန်လည်ထူထောင်ရန် တာဝန်အတွက်သာမက သူ့အစ်ကိုသေဆုံးမှုအတွက် လက်စားချေရန်အတွက်လည်း မုန်းတီးခဲ့သည်။ သို့သော် ယနေ့တိုက်ပွဲက သူ့ကို ကြောက်လန့်စေခဲ့သည်။

သူ့ဘဝတွင် ဤမျှလောက် အစွမ်းထက်သော ချီဓာမျိုး တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

ဧကရာဇ်ကျန်းယွီက ထိုင်လိုက်ပြီး စိတ်တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။

“ပြန်သွားပြီး ကျုပ် သဘောထားကို နဂါးမျှော်စင်ကို ပြောပြလိုက်ပါ...."

တကယ်တော့ ချူးမင်းဆက်ကို ပြန်လည်ထူထောင်ဖို့အတွက် ကျန်းယွီ အပြည့်အဝမမျှော်လင့်ထားခဲ့ပေ။ချူမင်းဆင်းကို ပြန်လည်ထူထောင်ရန် ဆန္ဒရှိရခြင်း အကြောင်းအရင်း၏ ပထမအချက်မှာ မဟာယာနနဂါးမျှော်စင်၏ အတင်းအဓမ္မခိုင်းစေခြင်းနှင့် ဒုတိယအချက်မှာ ချူမင်းဆက်မှ ဂရမ်းမာစတာငါးယောက်ကို သူ့ဘက်ပါအောင်စည်းရုံးလိုခြင်းတို့ကြောင့်ဖြစ်သည်။ အခုတော့ ချူမင်းဆက်ကို ပြန်လည်ထူထောင်ဖို့ အတွေးတွေ မှိန်ဖျော့သွားခဲ့ချေပြီ။

ချူမင်းဆက် ပြန်လည်ဉီးမော့လာသည်နှင့်အမျှ၊ သူသည် တစ်သက်တာလုံး လွတ်မြောက်လိမ့်မည်ဖြစ်သော်လည်း ရာဇဝင်တွင်မည့်နာမည်ဆိုးကို ချန်ထားခဲ့ရမည်ကိုလည်း သူသိသည်။

တကယ်တမ်းတွင်မူ ကျန်းယွီသည် အိမ်ရှေ့မင်းသားကို မျက်နှာသာပေးပေမယ့်လည်း သူ့ကိုယ်သူ ပိုဂရုစိုက်သူဖြစ်သည်။ အများသဘောဆန္ဒအတိုင်း ဝေ့ဝမ် နန်းတက်ဖြစ်ခဲ့လျှင်တောင် သူ့သားဖြစ်သောကြောင့် ရှက်စရာမဟုတ်ပေ။

ကပ်ဘေးဗုဒ္ဓက ဒေါသတကြီးဖြင့် ထွက်သွားလေသည်။

ဧကရာဇ်ကျန်းယွီသည် ယခင်က မြင်ခဲ့၊ကြားခဲ့ရသည့်အရာများကို ပြန်လည်အမှတ်ရနေခဲ့သည်။ သိုင်းပညာ လေ့ကျင့်သူတစ်ဦးအနေဖြင့်၊ သူသည်လည်း အစစ်အမှန်နတ်ဘုရားနယ်ပယ်အတွက် ရည်မှန်းချက်များရှိပြီး ကျန်းချန်ရှန်းလို သန်မာမှုမျိုးကို တောင့်တခဲ့ဖူးသည်။

"ငါ့ရဲ့ ခွန်အားကို မြှင့်တင်သင့်တယ်...''

ထိုသို့ ရေရွတ်ရင်း ဧကရာဇ်ကျန်းယ်ွီ၏ မျက်လုံးများ တောက်ပလာခဲ့သည်။

.........................

လုံချီ ဘုရားကျောင်းမှ တပည့်များသည် ဘုန်းတော်ကြီးကြွယ်ရှင်းကို သင်္ဂြိုဟ်ပြီးနောက် ယခင်တိုက်ပွဲများအကြောင်း စိတ်လှုပ်ရှားစွာ ဆွေးနွေးစပြုလာသည်။ တပည့်ငယ်များသည် ကျန်းချန်ရှန်းနှင့်ဘုန်းတော်ကြီးကြွယ်ရှင်းတို့၏တိုက်ပွဲအကြောင်းကို ပြဇာတ်များပင် သရုပ်ဖော်ကပြနေကြသည်။လုံချီဘုရားကျောင်းတစ်ခုလုံးသည် နှစ်သစ်ကူးပွဲတော် ဆင်နွှဲနေသလို စည်ကားနေလေ၏။

ပိုင်ချီသည် အရမ်းစိတ်လှုပ်ရှားနေပြီး ဝမ်ချန်နောက်ကို လိုက်ကာ ကျန်းချန်ရှန်းအကြောင်းကို မရပ်မနားမေးနေသည်။ ကျန်းချန်ရှန်း၏အသက်အရွယ်နှင့် ဘယ်သူ့တပည့်မှန်း သူတကယ် သိချင်နေသည်။

တကယ်တော့ ဝမ်ချန်းက သိပ်မသိပေမယ့် သူသိတာတွေကိုလည်း ပြောပြပေးမည်မဟုတ်ပေ။

ထိုညတွင် ကျန်းချန်ရှန်း အိမ်ထဲမှထွက်လာသောအခါ သူ့ဝတ်ရုံကြောင့် အားလုံး အံ့အားသင့်သွားကြလေသည်။

ဝမ်ချန်း၊ ပိုင်ချီ နှင့်ဟွမ်းချွမ် တို့က....

“...ဒီ...ဒီသင်္ကန်းက ဘယ်လိုသင်္ကန်းမျိုးလဲ...."

ဟွမ်းချွမ် မျက်လုံးပြူးပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

အကယ်၍သာ ၂၁ရာစုမှလူသားများသာဆို ဤဝတ်ရုံကို special effect များသုံးထားသည်ဟုထင်နေပေလိမ့်မည်။

ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး...

" ဒီမှော်ဝတ်ရုံကို ငါကိုယ်တိုင် သန့်စင်ထားတာ ...အဆင်ပြေတယ်မလား.... ဒါပေမယ့် ပစ္စည်းတွေက ဒီဝတ်ရုံတစ်စုံစာပဲရှိလို့ မင်းတို့အတွက် မလုပ်ပေးနိုင်တော့ဘူး..."

ဟွမ်းချွမ်၊ဝမ်ချန်းနှင့် ပိုင်ချီတို့သည် သန့်စင်ခြင်းဟူသော စကားလုံးကို နားမလည်သော်လည်း တုန်လှုပ်သွားကြသည်။

အစိမ်းဖျော့ရောင်သန်းနေသော ဝတ်ရုံဖြူကိုဝတ်ဆင်ထားသော ကျန်းချန်ရှန်းသည် သူ့တပည့်များအတွက်တော့ တကယ့်ကိုအင်မော်တယ်နတ်ဘုရားနှင့်တူနေခဲ့သည်။

.........................

နောက်ပိုင်းကာလများတွင်.....

လုံချီဘုရားကျောင်းတွင် ဘုရားဝတ်ပြုသူများနှင့် ပြည့်နေပါသည်။အမွှေးတိုင်းထွန်းညှိပူဇော်ခြင်းကြောင့်ရရှိသော အလှူငွေများသည်လည်း အရင်ကထက် အများကြီး ပိုရနေပြီဖြစ်သည်။

ဤကိုးကွယ်ဆည်းကပ်သူများကြောင့် နံသာတိုင်အရေအတွက်တိုးပွားလာသည့်အတွက် ကျန်းချန်ရှန်းကို နေ့တိုင်းပျော်ရွှင်စေခဲ့သည်။

ဒါတောင်မှ ကျန်းချန်ရှန်းက ဘယ်ဧည့်သည်ကိုမှ လက်ခံတွေ့ဆုံခြင်းမရှိပေ။ ကံကောင်းထောက်မစွာဖြင့် ဟွမ်းချွမ်သည် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် ကျွမ်းကျင်သူဖြစ်ပြီး မန်ချွဲ့ဆောင်ကို ကူညီနိုင်နေပြီဖြစ်သည်။

ထိုလတွင် တကျန်း၏သိုင်းပညာလောကတခုလုံး ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပြီး စီရင်စု ၁၃ ခုတခွင်တွင်လည်း ဘုန်းတော်ကြီးကြွယ်ရှင်းနှင့် ကျန်းချန်ရှန်းတို့၏တိုက်ပွဲအကြောင်း ပျံ့နှံ့နေခဲ့ချေပြီ။

ယခုအခါ ကျန်းချန်ရှန်၏အမည်နာမည် သိုင်းလောကသားတိုင်း၏နှလုံးသားထဲတွင် နက်ရှိုင်းစွာ စွဲထင်နေပြီဖြစ်သည်။

မေလတွင်.....

ဧကရာဇ်က ဝေ့ဝမ်ကို နေပြည်တော်သို့ပြန်ခေါ်ခဲ့သည်။ ရှေးဟောင်းဟန်မင်းဆက် စစ်မြေပြင်မှ သတင်းကောင်းများလည်း ဆက်တိုက် ထွက်ပေါ်လာသည်။ထို့နောက် အညံ့မခံလျှင် တိုင်းပြည်ပျက်သုန်းရတော့မည်ဖြစ်သောကြောင့် ရှေးဟောင်းဟန်မင်းဆက်က တကျန်းကိုအညံ့ခံခဲ့သည်။

တကျန်းပြည်သူများက ရှေးဟောင်းဟန်မင်းဆက်ကို အရိုးထဲစွဲနေသည်အထိမုန်းတီးနေပြီး တိုင်းပြည်ပျက်သုန်းလုနီးပါးဖြစ်အောင် ရှေးဟောင်းဟန်မင်းဆက်ကို စစ်ချီခဲ့သော ဧကရာဇ်ကိုပါမုန်းတီးနေကြသည်။

ထို့ကြောင့် အခွင့်သာတုန်းက ရှေးဟောင်းဟန်မင်းဆက်နှင့်တိုက်ခိုက်နေသော အိမ်ရှေ့စံဆီ တပ်ကူများစေလွှတ်ပေးခဲ့သည်။အညံ့ခံခဲ့သည့်တိုင် ဧကရာဇ်ကျန်းယွီက ရှေးဟောင်းဟန်မင်းဆက်ကို ခွေးတွေဝက်တွေထက်ဆိုးအောင်ဖိနှိပ်ဉီးမည်သာ....

အိမ်ရှေ့မင်းသားသည် ထိုလတွင်ပင် သူ၏ အပြန်ခရီးကို စတင်ခဲ့သည်။

အင်ပါယာသည် တည်ငြိမ်နေသော်လည်း မြို့တော်ရှိ သြဇာကြီးသူများသည် မုန်တိုင်းအသစ်တစ်ခု ရောက်ရှိလာတော့မည်ကို သိကြပြီး အိမ်ရှေ့စံအတွက် တိုက်ပွဲတစ်ခုဖြစ်ပွားမည့်အရိပ်အယောင်များကိုကြိုမြင်နေကြသည်။

တရားရုံးရှိ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများသည် အချိန်အတော်ကြာအောင် တိတ်တဆိတ် လှုပ်ရှားခဲ့ကြသည်။ ယန်မိသားစုနှင့် ချန်းမိသားစုတို့သည်လည်း လူသူစုဆောင်းရန် ကြိုးစားခဲ့ကြသည်။ ယင်းအတွက်၊ အင်မော်တယ်ဆရာတော်ချန်ရှန်းသည်အကောင်းဆုံးသော နိူင်ဖဲတစ်ချပ်ဖြစ်နေခဲ့ပါသည်။

အရင်တုန်းကတော့ အရပ်ဘက်နဲ့ စစ်ဘက် အရာရှိတွေက သိုင်းပညာဘယ်လောက်ပဲ အားကောင်းနေပါစေ တိုင်းပြည်ရဲ့ အခြေခံအုတ်မြစ်ကို လှုပ်ခါနိုင်မှာ မဟုတ်ဘူးလို့ ထင်ခဲ့ကြသော်လည်း တိုက်ပွဲကို သူတို့ကိုယ်တိုင် မျက်မြင်တွေ့ပြီးနောက် တုန်လှုပ်သွားကြသည်။ ဆရာတော်ချန်ရှန်းသည် တပ်သားတစ်သောင်းကို တိုက်ခိုက်နိုင်စွမ်းရှိသည်ကိုအားလုံးသိမြင်ခဲ့ကြရသည်။ ထို့အပြင် ဝေ့ဝမ်၏တပ်များသည် အားကောင်းပြီး သူ့လက်အောက်တွင် ကျွမ်းကျင်သူများစွာရှိသည်။ သူသည် အိမ်ရှေ့မင်းသားကို အမှန်တကယ် အနိုင်ယူနိုင်ပေမည်။

ညဉ့်နက်ချိန်တွင်.....

ဟွာဂျန်ရှင်းသည် ကျန်းချန်ရှန်း၏အခန်းထဲသို့ ရောက်ရှိလာပြီး ဧကရာဇ်၏ လတ်တလောအခြေအနေကို သတင်းပို့ခဲ့သည်။

“မကြာသေးမီက ဝတ်ဖြူတော်အစောင့် သိုင်းသမားတွေ အကြောင်းမဲ့သက်သက်မဲ့ ဖမ်းဆီးခံခဲ့ရတယ်... ဧကရာဇ်က ကောင်းကင်အကျဉ်းထောင်ကို မကြာခဏ ရောက်ရှိလာပြီး သူထွက်သွားတိုင်း ပညာရှင်တစ်စု ရုတ်တရက် သေဆုံးသွားကြတယ်...ဒီနောက်ကွယ်မှာ အကြောင်းတခုခုတော့ရှိနေလိမ့်မယ်....."

ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး.... "ဧကရာဇ်က လူတွေရဲ့စွမ်းအားကို စုပ်ယူနိုင်တဲ့ ထူးခြားတဲ့နည်းပညာကို ကျွမ်းကျင်တယ်....နောက်ဆိုသေချာသတိထား...ငါပေးထားတဲ့ အဆောင်စာရွက်ကိုလည်း ကိုယ်နဲ့မကွာဆောင်ထား...."

ဟွာဂျန်ရှင်းက ထိတ်လန့်တုန်လှုပ်သွားပြီး....

"ကမ္ဘာမှာ ဒီလောက်ဆိုးဝါးတဲ့ သိုင်းပညာရှိလား?"

"ရှိတာပေါ့....."

"ဒါဆို ရှင် ဘာလို့ မလှုပ်ရှားသေးတာလဲ... အခုဆို အိမ်ရှေ့စံရာထူးကို အဆုံးအဖြတ်ပေးပြီးပြီ၊ သူ့ကိုသတ်လိုက်ရင် ဇီယု အေးအေးဆေးဆေးနန်းတက်လို့ရပြီ ...."

“အလျင်မလိုပါဘူး...ငါက ကြက်သွန်မြိတ်တွေစိုက်ထားတာလေ..."

"ကြက်သွန်မြိတ်?"

"ဇီယု ပြန်လာပြီ....ဝတ်ဖြူတော်အစောင့်တပ်ဖွဲ့ကို သိမ်းပိုက်ဖို့ အသင့်ပြင်ထားပါ..... ထီးနန်းအတွက် တိုက်ပွဲစတော့မယ်.... မဟာယာနနဂါးမျှော်စင်ဘက်က တိုက်ခိုက်ဝံ့သလားဆိုတာ ကြည့်ရအောင်....သူတို့ဘက်က ဘာမှမလှပ်ရှားရင် ငါလည်း စောင့်နေစရာမလိုတော့ဘူး....ဇီယု နန်းတက်ချင်ရင် အချိန်မရွေး နန်းတက်နိုင်ပြီ.....”

"ကောင်းပြီ ...ကျွန်မ နားလည်ပါတယ်...."

ကျန်းချန်ရှန်းသည် ဧကရာဇ်က အခြားသူများ၏စွမ်းအားကို စုပ်ယူနေသည်ကို အဘယ်ကြောင့် ဒီအတိုင်းကြည့်နေသလဲ သူမ နားမလည်သော်လည်း ကျန်းချန်ရှန်းကို ယုံကြည်ရန် ရွေးချယ်ခဲ့သည်။

ကျန်းချန်ရှန်းသည် သူ၏ဝိညာဉ်ကိုယ်ပွားဖြင့် ဧကရာဇ်ထံ ပုံမှန်သွားရောက် အကဲခတ်နေမှန်း သူမ မသိခဲ့ပေ။ သူဒီလိုလုပ်ရခြင်းအကြောင်းကတော့ ဧကရာဇ်မင်းက သူ့ကို ပိုတန်ဖိုးကြီးတဲ့ ရှင်သန်မှုဆုလာဘ်ပေးနိုင်သည်အထိ စောင့်ဆိုင်းချင်တာကြောင့်ပင်....

၎င်းကိုကြည့်ခြင်းအားဖြင့် ဧကရာဇ်ကျန်းယွီသည် အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျော်လွန်ရန် မဖြစ်နိုင်သလောက်ပင်။

ထိုလျှို့ဝှက်ဆန်းကြယ်သော ကျင့်စဉ်သည် အစွမ်းထက်ပုံပေါက်သော်လည်း ၎င်းကိုအသုံးပြုရန် ပေးချေရမည့်စျေးနှုန်းမှာလည်း အလွန်မြင့်မားပါသည်။ အကယ်၍ လူတစ်ဦး၏ အစစ်အမှန်ချီဓာတ်များ ဖရိုဖရဲဖြစ်နေပါက၊ စုပ်ယူသူ၏ ထူးကဲသော သွေးကြော ရှစ်ခုကို ထိခိုက်စေပြီး သက်တမ်းတိုစေလိမ့်မည်။

ထိုကျင့်စဉ်ကို ဆိုးကျိုးမရှိဘဲသုံးနိုင်ပါက မဟာယာနနဂါးမျှော်စင်သည် အစစ်အမှန်နတ်ဘုရားနယ်ပယ် ပညာရှင်အများအပြားကို ပြုစုပျိုးထောင်ရန် ဤကျင့်စဉ်ကို အကြာကြီးအမှီပြုနေပေလိမ့်မည်။

ဇူလိုင်လတွင်.....

လုံချီ ဘုရားကျောင်းမှာ ကြီးမားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။ မန်ချွဲ့ဆောင် အနားယူလိုက်သည့်အတွက် ကျန်းချန်ရှန်းက အကြီးဆုံးတပည့်ခေါင်းဆောင်အဖြစ် ဝမ်လီကို အပ်နှင်းခဲ့ရသည်။ ထိုအချိန်မှစ၍ ဝမ်လီသည် အကြီးဆုံးတပည့်သစ်ဖြစ်လာပြီး ဘုရားကျောင်းကိစ္စများကို ထိန်းချုပ်ခဲ့သည်။

ထိုနေ့တွင် မန်ချွဲ့ဆောင်သည် မိန်းကလေးငယ်တစ်ဦးကို ကျန်းချန်ရှန်းဆီသို့ ခေါ်ဆောင်လာခဲ့သည်။ဟွမ်းချွမ်လည်း သူမတို့နှင့်အတူ ပါလာသည်။

" ဆရာတော်... ဒီမိန်းကလေးရဲ့

နာမည်က လျိုဝူယွင့်ပါ..သူ့အမေက မကြာသေးမီက နာမကျန်းဖြစ်ပြီး သေဆုံးသွားခဲ့ပြီ..... သူမအသက်ရှင်နေချိန်မှာ သမီးဖြစ်သူကို လုံချီဘုရားကျောင်းဆီ စေလွှတ်ခဲ့တယ်.... ဒီကလေးမရဲ့ အလားအလာက ထူးခြားတယ်လို့ထင်တယ်.... သူ့ကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ပေးမယ်ဆိုရင် လုံချီဘုရားကျောင်းအတွက် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာမှာ သေချာပါတယ်.......”

လက်ရှိ လုံချီဘုရားကျောင်းသည် အတိတ်ကို ကျော်လွန်ခဲ့သည်။ ကျန်းချန်ရှန်းသည် သိုင်းပညာဒဏ္ဍာရီအဖြစ်၊ ဟွမ်းချွမ်သည် အလံတစ်ခုအဖြစ်နှင့် အနာဂတ်ကိုကိုယ်စားပြုသော တပည့်ရာပေါင်းများစွာတို့ရှိခဲ့သည်။

ကျန်းချန်ရှန်းက လျိုဝူယွင့်ကို ကြည့်လိုက်သည်။ လျိုဝူယွင့်သည် အသက်ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်အရွယ်ရှိပြီး အလွန်စိတ်လှုပ်ရှားနေသဖြင့် သူ့ကိုမော့မကြည့်ဝံ့ပေ။

လျှိုဝူယွင့်တို့သားအမိကို အရင်ကတည်းကမြင်ခဲ့ဖူးပါသည်။

အရင်တုန်းကတော့ ဒီအမေနဲ့သမီး နှစ်ယောက်က သူ့ကို အရင်ကလို တိတ်တိတ်လေး လာတွေ့ဖူးပြီး သူ့အပေါ် အထင်ကြီးစရာတွေ ကျန်ရစ်ခဲ့ပါသည်။

လျိုဝူယွင့်...

ကျန်းချန်ရှန်း သည် အသက်လမ်းကြောင်းစာရင်းကို ချက်ချင်းပြန်လှန်ကြည့်လိုက်သည်။

[ကျန်းမင်းဆက် 17 နှစ်မြောက်တွင် သိုင်းလောကမှ အမျိုးသမီးတစ်ဦးဖြစ်သော လျိုလော့ရင်းသည် မုန်းတီးမှုကြောင့် သင့်ကိုရန်ငြိုးဖွဲ့ဖူးသည်။သို့သော် သင်က သူ့အတွေးတွေကို ချေမှုန်းပြီး ကံကြမ္မာတစ်ခုဖြစ်ပေါ်စေခဲ့သည်.....]

ဒါဆို ဒီကလေးမလေးက လျိုလော့ရင်းရဲ့သမီးပေါ့. ....

ကျန်းချန်ရှန်းသည် လျိုလော့ရင်းအကြောင်း တွေးကြည့်သောအခါ ထိုအမျိုးသမီး၏ အတွေးများက မူမမှန်ကြောင်း ခံစားလိုက်ရသည်။ သို့သော် သူမ မရှိတော့သောကြောင့် အတိတ်ကိုမေ့ထားလိုက်တော့သည်။

လျိုဝူယွင့်ကို ဂရုတစိုက် အကဲခတ်ကြည့်လိုက်တော့ ခန္ဓာကိုယ်က အလွန်ထူးခြားနေပြီး သူမ၏ သွေးကြောများက အလွန်အေးစက်နေသော်လည်း သိုင်းပညာထက်မြက်သူဖြစ်သည်မှာ သေချာပါသည်။ ဟွမ်းချွမ် ကဲ့သို့ပင်၊ သူမ၏ ချွေးပေါက်များသည် ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်ကို အလိုအလျောက် စုပ်ယူနိုင်သည်။ အလွန်အားနည်းသော်လည်း အချိန်ကြာလာသည်နှင့်အမျှ စုဆောင်းပြီးနောက် သူမသည် သာမန်လူများထက် စစ်မှန်ကောချီဓာတ် အများအပြား ရရှိလာမည်ဖြစ်သည်။

ဟွမ်းချွမ်က... “ဆရာကြီး၊ သူက တကယ်ကို အရည်အချင်းရှိတယ်....ဒါ့အပြင် ဘုရားကျောင်းမှာ ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးသိုင်းပညာရှင် တပည့်တစ်ယောက်မှမရှိဘူး.. ယောက်ျားလေးတပည့်တွေကို သင်ပေးရတာ အဆင်ပြေပါတယ်.... ဒါပေမယ့် တစ်ခါတလေမှာ မိန်းကလေးတွေကို သင်ပေးရတာ အဆင်မပြေဘူး.... ”

မန်ချွဲ့ဆောင်နှင့်မင်ယွဲ့တို့၏ အရည်အချင်းများက ပျမ်းမျှသာဖြစ်သည်။ သူတို့၏ သိုင်းပညာနယ်ပယ်သည် ကန့်သတ်ချက်သို့ ရောက်ရှိသွားခဲ့ပြီး စစ်မှန်သော ကျွမ်းကျင်သူများ မဖြစ်လာနိုင်ပေ။

ကျန်းချန်ရှန်းက ခဏလောက်စဉ်းစားပြီး....

“တပည့်အဖြစ်ခေါ်ထားဖို့ကိစ္စကိုမေ့လိုက်တော့.... နောက်ဆို မင်း ငါ့ခြံဝန်းကို မနက်တိုင်းလာခဲ့.....ကျင့်ကြံဖို့နည်းလမ်းတွေ ငါသင်ပေးမယ်......"

မန်ချွဲ့ဆောင် အလွန်ဝမ်းသာသွားပြီး လျိုဝူယွင့်ကို အမြန်အရိုအသေပေးခိုင်းလိုက်သည်။

လျိုဝူယွင့်သည် စိတ်လှုပ်ရှားစွာ ဒူးထောက်လိုက်ပြီး မန်ချွဲ့ဆောင်နှင့်အတူ မထွက်သွားခင် ခဏကြာ စကားစမြည်ပြောခဲ့သည်။

ကျန်းချန်ရှန်း သူတို့ထွက်သွားတဲ့ဘက်ကို လှမ်းကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။

“ဘုရားကျောင်းက ပိုအသက်ဝင်လာပြီ.... ချွမ်အာ ၊ မင်းအချိန်ရရင် မင်းရဲ့တပည့်တွေကိုခေါ်ပြီး ဘုရားကျောင်းနေရာချဲ့ဖို့ပြင်ဆင်လိုက်ဉီး...."

လုံချီတောင်ဟာ သိပ်ပြီးမကြီးမားသော်လည်း နေရာအများစုကတော့ တောအုပ်ဖြစ်နေဆဲပင်... မြက်ရိုင်းတွေက နေရာတိုင်းမှာရှိတာကြောင့် သေချာရှင်းလင်းလိုက်လျှင် နေရာချဲ့နိုင်ပြီဖြစ်သည်။

ဟွမ်းချွမ်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ သူသည် လုံချီဘုရားကျောင်း၏ တာဝန်များစွာကို တဖြည်းဖြည်းသယ်ယူထမ်းပိုးရင်း ပျော်မွေ့နေခဲ့သည်။

ရက်အတော်ကြာသည့်အခါ.......

ဝေ့ဝမ် မြို့တော်သို့ပြန်ရောက်ပြီး ကျန်းချန်ရှန်းထံသို့ ချက်ချင်းသွားရောက်ခဲ့သည်။

ရှုထျန်းကျိ၊ ပင်းအန်း၊ကျန်းယုနှင့် ကျုံးထျန်းဝူတို့လည်း အတူလိုက်ပါလာခဲ့ကြသည်။

သမုဒ္ဒရာလေးစင်းပဏ္ဍိတက လုံချီတောင်ကိုခြေမလှမ်းဝံ့သော်လည်း ကျန်းချန်ရှန်းသည် တောင်ခြေရင်းတွင် ပျံ့လွင့်နေသော သူ၏ အော်ရာရို ခံစားနေရသည်။

"ပင်းအန်း ဒီကိုလာပါဉီး..."

ကျန်းချန်ရှန်း သူ့လက်ကို ဝှေ့ယမ်းပြီး ပြုံးလိုက်သည်။ ပင်းအန်း သိသိသာသာ ပြောင်းလဲနေပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်သည် ရက်စက်ကြမ်းကြုတ်သော သားရဲနှင့်တူပြီး သူ့မျက်ခုံးကြားတွင် သတ်ဖြတ်လိုစိတ်များလှိုင်လှိုင်ထနေပြီး သူ့ခန္ဓာကိုယ်တွင် အမာရွတ်များစွာရှိသည်။

ပင်းအန်းသည် ကျန်းချန်ရှန်းရှေ့သို့ရောက်လာသည်နှင့် တပြိုင်နက် ရူးကြောင်ကြောင် အပြုံးများစတင်ဖြစ်ပေါ်လာသည်။ သူ ကျန်းချန်ရှန်း အနားတွင် ထိုင်ချလိုက်ပြီး ကလေးတစ်ယောက်လို ပခုံးကို မှီလိုက်သည်။

ကျန်းချန်ရှန်းသည် သူ၏ ကြွက်သားများနှင့် အရိုးများကို စစ်ဆေးစဉ် ကျန်းဇီယု ယကို ကြည့်ပြီး....

"ဇီယုလည်း ပြောင်းလဲသွားပြီပဲ..... ငါတကယ် ကျေနပ်တယ်...."

ကျန်းဇီယု ထိုစကားကိုကြားသောအခါ စိတ်ထိန်းမနိုင်ရှာတော့ပေ။ သူ့မျက်လုံးတွေ နီရဲသွားပေမယ့် ဂုဏ်ယူစွာ ပြုံးလိုက်ပြီး ....

“ဆရာ၊ ကျွန်တော် ကျင်းမင်းဆက်ကို တကျန်းရဲ့ လက်အောက်ခံဖြစ်အောင် အနိုင်ယူခဲ့တယ်…”

နှစ်တွေကြာလာတာနဲ့အမျှ သူ့ရဲ့ အတွေ့အကြုံတွေကို ကြွားလုံးထုတ်လာတတ်လေပြီ။

ကျန်းချန်ရှန်းသည် အပြုံးဖြင့် ကျန်းဇီယုပြောသမျှကို လေးလေးနက်နက် နားထောင်ခဲ့သည်။

ကျုံးထျန်းဝူသည် မြေဝိညာဉ်သစ်ပင်အောက်ရှိ ပိုင်ချီကိုကြည့်ကာ ရှုထျန်းကျိကိုမေးလိုက်သည်။

"ဘာလို့ နောက်ထပ် နတ်ဆိုးဝံပုလွေရှိနေတာလဲ?"

သူတို့သည် နတ်ဘုရားနယ်ပယ်ကျွမ်းကျင််သူများဖြစ်သောကြောင့် ပိုင်ချီ၏ ခန္ဓာကိုယ်ရှိ နတ်ဆိုးအငွေ့အသက်ကို သဘာဝအတိုင်း ခံစားနိုင်ကြသည်။

ရှုထျန်းကျိက အမှုမဲ့အမှတ်မဲ့ဖြင့်. "မြွေတောင်မွေးထားသေးတာပဲ... နောက်ထပ် ဝံပုလွေမွေးတာ ဘာမှားလို့လဲ...."

ထိုသို့ပြောပြီးနောက် ပိုင်လုံနှင့် ကစားရန် သစ်ပင်အောက်သို့လျှောက်သွားသည့်အခု ပိုင်လုံကလည်း တုံ့ပြန်သည့်အနေဖြင့်ကြီးမားသော ခန္ဓာကိုယ်ကို ရွှေ့ကာ ရွေ့ကာ ရှေ့တိုးလာခဲ့သည်။

All Chapters