← Chapters

နဂါးသားတော်က နဂါးအစစ်ကိုစားခြင်း.... ကံကြမ္မာတပတ်လည်ခြင်း(၁)

Vol. 4 Ch. 54

နဂါးသားတော်က နဂါးအစစ်ကိုစားခြင်း.... ကံကြမ္မာတပတ်လည်ခြင်း(၁)

Vol. 4 Ch. 54

ခြံဝင်းထဲမှာ ကျန်းချန်ရှန်းနဲ့ကျန်းဇီယုတို့က မျက်နှာချင်းဆိုင် ထိုင်နေကြပြီး ဝမ်ချန်းက သူတို့အတွက် လက်ဖက်ရည်တည်ခင်းပေးခဲ့ပြီး အခြားသူများနှင့်ပတူ ခြံဝင်းထဲတွင် အနားယူနေကြသည်။

ကျန်းဇီယုသည် ကျန်းချန်ရှန်းနှင့် မျက်နှာချင်ဆိုင်ရသည်မှာ အနည်းငယ် စိတ်မသက်မသာဖြစ်နေဆဲပင်။ အိမ်အပြန်လမ်းမှာ ကျန်းချန်ရှန်းနဲ့ ဘုန်းတော်ကြီးကြွယ်ရှင်းတို့၏တိုက်ပွဲအကြောင်းကို သူကြားသိခဲ့ရသည်။

နှစ်အတော်ကြာ တိုက်ပွဲဝင်ပြီးနောက်တွင် အဆင့်မြင့် သိုင်းပညာ မည်မျှ အစွမ်းထက်ကြောင်း နားလည်ခဲ့သည်။ဂရမ်းမာစတာတစ်ဦးသည် ထောင်ပေါင်းများစွာသော တပ်သားများကို ခုခံရန် လုံလောက်သည်။ အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး မည်မျှ တန်ခိုးကြီးမားခဲ့သနည်း။

ကျန်းချန်ရှန်းက လက်ဖက်ရည်တစ်ခွက်သောက်လိုက်ပြီး ...."ဇီယု၊ မင်းဘာဆက်လုပ်ဖို့စီစဉ်ထားလဲ?"

ကျန်းဇီယုက... “ခဏလောက် အနားယူဉီးမယ်.... စစ်သားတွေက တစ်နှစ်ပတ်လုံး တိုက်ပွဲကြောင့် ပင်ပန်းနေရတယ်”

"ငါက လက်ရှိမင်းရဲ့ လှုပ်ရှားမယ့်အစီအစဉ်ကိုမေးနေတာ....."

“ပထမအချက်က အရပ်ဘက်နဲ့ စစ်ဘက်အရာရှိတွေကိုသိမ်းသွင်းပြီး အင်အားစုဖို့ပါပဲ... အိမ်ရှေ့မင်းသားနဲ့ ကျွန်တော်နဲ့ကြားမှာ

တိုက်ပွဲက ရှောင်လွှဲလို့ မရဘူး......”

ကျန်းဇီယု နည်းနည်းအံ့သြသွားသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

ဆရာက ထီးနန်းအတွက် တိုက်ပွဲဝင်ရတာကို ဘာကြောင့် အရမ်းစိုးရိမ်နေရတာလဲ.....

ချင်ဝမ်နဲ့ ဆုံတွေ့မှုကို တွေးလိုက်တဲ့အခါ ကျန်းချန်ရှန်းက သူ့အတွက် အထောက်အပံ့ပေးခြင်းက နည်းနည်းလေး လွန်လွန်းတယ်လို့ ခံစားရသည်။

ဆရာက ငါ့ကို သူ့တပည့်မို့အင်တိုက်အားတိုက်ကူညီနေတာလား.....

ကျန်းချန်ရှန်းက... "မင်း နန်းတက်ချင်ရင် မင်းကို ကူညီဖို့ ငါအစွမ်းကုန်ကြိုးစားပေးမယ်.... "

ကျန်းဇီယုက ခေါင်းညိတ်လိုက်ပြီး “ကျေးဇူးတင်ပါတယ် ဆရာကြီး..... လောလောဆယ်တော့ ခဏနားချင်သေးတယ်.....”

ထိုစကားကြောင့် ကျန်းချန်ရှန်း အခြားဘာမျှ ထပ်မပြောတော့ပေ။ မည်သို့ပင်ဆိုစေကာမူ ကျန်းဇီယုက အသက်ငယ်သေးသည့်အပြင် သူ့(ကျန်းချန်ရှန်း)ထံတွင် အကန့်အသတ်မရှိသော သက်တမ်းရှိသောကြောင့် အလျင်လိုစရာမလိုခဲ့ပေ။

ကျန်းဇီယုသည် နယ်စပ်ရှိ ရှုခင်းများနှင့် ကျင်းမင်းဆက်အကြောင်း စတင်ပြောဆိုခဲ့သည်။ ကျန်းချန်ရှန်းကလည်း စိတ်ဝင်တစားနားထောင်ပေးခဲ့သည်။သူသည် အသက် ၅၀ ပြည့်တော့မည်ဖြစ်သော်လည်း မြို့တော်မှလွဲ၍ ဘယ်ကိုမှမရောက်ခဲဖူးပေ။ ကျန်းဇီယုက လှပသောရှုခင်းများအကြောင်းပြောသည်ကို ကြားသောအခါမျှော်လင့်ခြင်းအရိပ်အယောင်ကို ခံစားလိုက်ရသည်။

တစ်နေ့ကျရင် သူလည်း လောကတခွင်လှည့်လည်သွားလာနိုင်မှာပါ.......

ကျန်းဇီယု မပြန်ခင် ကျန်းချန်ရှန်းက အဆောင်စာရွက်သုံးရွက် ပေးခဲ့ပြီး သူ့ကို အမြဲဆောင်ထားဖို့မှာကြားလိုက်သည်။

ဝေ့ဂမ် ပြန်ရောက်ပြီး တစ်လခွဲမပြည့်မီ အိမ်ရှေ့မင်းသားလည်း ပြန်လာခဲ့သည်။ ချက်ခြင်းပင် မြို့တော်တခုလုံး တုန်လှုပ်ခြောက်ခြားသွားကာ ကုန်သည်များ၊ သိုင်းပညာရှင်များနှင့် တည်းခိုခန်းများရှိ သာမန်လူများက ထိုအကြောင်းကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးဝံ့ခြင်းမရှိတော့ပေ။

ကျန်းချန်ရှန်းလည်း ရဲ့ကျယ်၏ အော်ရာကို သတိပြုမိသည်။ အလွန်အားကောင်းသော်လည်း ဘုန်းတော်ကြီးကြွယ်ရှင်းထက်တော့ နိမ့်ကျသည်။

ရဲ့ကျယ်သည် ကျန်းဇီယုနဲ့ ကျန်းဇီဟန်တို့အခုလို မီးစတစ်ဖက် ရေမှုတ်တဖက်ဖြစ်လာရခြင်း၏အဓိကလက်သည်ပင်ဖြစ်သည်။

ရဲ့ကျယ်၏လက်အောက်တွင် ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့ရှိပြီး ၎င်းတို့ထဲမှ အညံ့ဆုံးသည် စိတ်ဝိညာဉ်နယ်ပယ်သို့ ရောက်ရှိနေပြီဟုပင် ဆိုကြသည်။ထိုအဖွဲ့က စစ်မြေပြင်မှာ ရန်သူကို ကြောက်လန့်စေတဲ့ အိပ်မက်ဆိုးကြီးလိုပင်......

အံ့အားသင့်စရာမှာ၊ ရဲ့ကျယ်သည် အိမ်ရှေ့မင်းသား၏နေအိမ်တွင် နေထိုင်ခဲ့ပြီး လုံချီဘုရားကျောင်းကို ခြေတစ်လှမ်းမျှ မလှမ်းခဲ့ပေ။

ကျန်းချန်ရှန်းသည် ယခုအချိန်တွင် ရဲ့ကျယ်နှင့် ရင်ဆိုင်ရန် ရည်ရွယ်ချက်မရှိသေးဘဲ မဟာယာနနဂါးမျှော်စင်ကိုသာ တိုက်ခိုက်ရန် စောင့်မျှော်နေပါသည်။

.....................

တော်ဝင်စာကြည့်ခန်းထဲတွင်......

"ခမည်းတော် ပြောထားတဲ့စကားကိုပြန်ရုတ်သိမ်းတော့မလို့လား..."

အိမ်ရှေ့မင်းသားကျန်းဇီဟန်က ကျန်းယွီကို အသံတိုးတိုးဖြင့် မေးသည်။

ဧကရာဇ်ကျန်းယွီက သဝဏ်လွှာများဖတ်ရှုနေရင်းကနေ..... “ငါက အခုထိငယ်ရွယ်ပြီးသန်မာနေတုန်းပဲ.... မင်းကို အိမ်ရှေ့မင်းသားအဖြစ် အရင်က ကြေငြာခဲ့ပေမယ့် အရှေ့နန်းဆောင်မှာ နေခွင့်မပေးထားဘူး.... အသက်ပိုကြီးလာတာနဲ့အမျှ ပိုပြီးတော့ စဉ်းစားဆင်ခြင်တတ်ရမယ်.....မကျေနပ်ရင်လည်း ရာထူးစွန့်လိုက်......"

ကျန်းဇီဟန် ဒေါသအရမ်းထွက်နေသော်လည်း ခါးသီးစွာ ရယ်မောလိုက်သည်။ ရှေ့တန်းသို့ စစ်မချီခင် အရှေ့နန်းဆောင်သို့ ပြောင်းရွှေ့ခဲ့ပြီးဖြစ်သော်လည်း ပြန်လာသောအခါ အိမ်ရှေ့မင်းသားစံအိမ်သို့ ပြန်ပို့ခံခဲ့ရသည်။

ကျန်းဇီဟန်က အံတင်းတင်းကြိတ်ကာ....

“ခမည်းတော်....ကျွန်တော်က ရှေးဟောင်းဟန်မင်းဆက်ကို အနိုင်ယူခဲ့တဲ့သူနော်...."

"ဒါပေမယ့် မင်း ဇီယုထက်တော့ နောက်ကျခဲ့တယ် မဟုတ်လား"

ကျန်းဇီဟန် နှုတ်ဆိတ်နေလေ၏။

ဧကရာဇ်ကျန်းယွီက ဖတ်လက်စ သဝဏ်လွှာကိုပစ်ချလိုက်ပြီး နဖူးကိုနှိပ်နယ်ကာ.... "ငါပင်ပန်းနေပြီ... မင်း ပြန်တော့....."

ကျန်းဇီဟန် အသက်ပြင်းပြင်းရှူပြီး လက်သီးဆုပ်ထားလိုက်မိသည်။တဖက်သို့လှည့်လိုက်ချင်တွင် သူ့အမူအရာက ထိန်းမရအောင် ခက်ထန်နေသည်။

ဧကရာဇ်က ကျန်းဇီယုအပေါ်ဘက်လိုက်နေပြီဖြစ်ကြောင်း သူနားလည်ခဲ့သည်။ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် သူ့အတွက် နစ်နာစရာတွေသာဖြစ်လာလိမ့်မည်။

ငယ်ငယ်ကတည်းက သူနဲ့ ကျန်းဇီယု ဘယ်လိုမှ ပေါင်းဖက်မရခဲ့ပေ။ ယခုကျပြန်တော့လည်း ထီးနန်းအတွက် ပြိုင်ဆိုင်နေကြရပြန်ပြီ။ အခုဆို ဒေါသကနေ ပြင်းထန်သော အမုန်းတရားအဖြစ်သို့ ပြောင်းလဲနေခဲ့ချေပြီ။

"ဒါဆိုလည်း အဆုံးထိတိုက်ခိုက်ကြတာပေါ့.....!"

ကျန့်ယွီနှစ်၏ ခုနှစ်နှစ်မြောက်တွင် ကျန်းချန်ရှန်း အသက် 50 ပြည့်ခဲ့လေပြီ။

တကျန်းသည် တိုက်ပွဲများ လုံးဝရပ်တန့်သွားပြီး ရာနှင့်ချီသော ပြုပြင်ပြောင်းလဲမှုများကြောင့် ပြန်လည်ရှင်သန်လာခဲ့သည်။ စီရင်စု ၁၃ ခုမှ ပြည်သူပြည်သားများအားလုံး စပါးရိတ်သိမ်းခြင်းအတွက် အလုပ်များပြီး ပျော်ရွှင်နေကြသည်။

အခုဆို ဝေ့ဝမ်နှင့် အိမ်ရှေ့မင်းသားတို့နှစ်ယောက်လုံး တော်ဝင်ညီလာခံကို တက်ရောက်နိုင်ကြပြီဖြစ်ပြီး ဧကရာဇ်မင်းသည် နဂါးပလ္လင်ပေါ်တွင် ထိုင်နေသည့်တိုင် နှစ်ယောက်သား ပေါ်တင်တမျိုး လျှို့ဝှက်၍တထုံ ထိပ်တိုက်ရင်ဆိုင်နေကြပြီဖြစ်သည်။

ဧကရာဇ်သည် ပြည်သူများ၏ စားဝတ်နေရေးအစီအစဉ်ကို လုံးဝဂရုမစိုက်ဘဲ ပြည်နယ်သုံးခုမှ ဝန်ကြီးချုပ်များထံ လွှဲပြောင်းပေးခဲ့သည်။ ပြည်နယ်သုံးခု၏ ဝန်ကြီးချုပ်များထဲတွင် အိမ်ရှေ့မင်းသားနှင့် ဝေ့ဝမ်တို့၏ ဘက်တော်သားများပါရှိကာ ဆုံးဖြတ်ချက်များစွာကိုချမှတ်နိုင်ဖို့ အပြန်အလှန်အတိုက်အခံပြုကြစမြဲပင်.....

အိမ်ရှေ့စံအိမ်တော်၌......

ကျန်းဇီဟန်သည် အစေခံတစ်ဉီးကို မြေပြင်ပေါ်သို့ ကန်ထုတ်ပြီး ဒေါသတကြီး ထပ်မံကန်ကျောက်လိုက်သည်။ထိုအစေခံ လုံးလုံး သတ်လစ်သွားတော့မှသာကန်ကျောက်နေခြင်းကိုရပ်တန့်ခဲ့သည်။

ကျန်းဇီဟန် ဒေါသကြောင့်မောဟိုက်နေသောလည်း သူ့အကြည့်များထဲတွင် ဒေါသများဖြင့် ပြည့်နှက်နေသဖြင့် အစေခံများ အသံမထွက်ဝံ့ကြပေ။

ထိုအချိန်တွင် ရဲ့ကျယ် ခန်းမထဲသို့ ဝင်လာပြီး အစေခံများကို ထွက်သွားဖို့ အချက်ပြ

လိုက်သည်။

ခန်းမထဲတွင် သူတို့နှစ်ဦးသာ ကျန်တော့သောအခါ၊ ကျန်းဇီဟန်က ရဲ့ကျယ်ကို လှည့်ကြည့်ကာ.... “မဟာယာနနဂါးမျှော်စင်က ဘယ်တော့လာမှာလဲ” ဟု စိတ်မရှည်စွာ မေးလိုက်သည်။

" သူတို့မလာရင် ကျန်းဇီယုက ကျွန်တော့်ရဲ့

အိမ်ရှေ့မင်းသားရာထူးကို လုယူလိမ့်မယ်...

အဲ့အခါကျရင် ချူမင်းဆက်ကို ပြန်ထူထောင်ဖို့ခက်ခဲသွားလိမ့်မယ်..... ”

ရဲ့ကျယ်က ပြုံးလိုက်ပြီး.... "မကြာခင်... မျှော်စင်သခင်က တံခါးပိတ်ကျင့်ကြံနေရာကနေ ပြန်ရောက်လာတော့မှာပါ......”

ကျန်းဇီဟန် ဒီစကားကိုကြားတော့ ဝမ်းသာအားရနဲ့ ....."တကယ်လား....ဝေ့ဝမ်ရဲ့ဆရာက အစစ်အမှန်နတ်ဘုရားနယ်ပယ်ကိုတောင် အနိုင်ယူနိုင်တဲ့သူနော်......"

“ဟုတ်တယ်....ငါတို့မဟာယာန နဂါးမျှော်စင်က ဘာတွေ ပြင်ဆင်နေတယ်လို့ ထင်လဲ....ငါတို့ဆီမှာ ဘုန်းတော်ကြီးကြွယ်ရှင်းလို ပညာရှင်မျိုး တစ်ဦးထက်မကရှိပါသေးတယ်.... ဒီတစ်ခါ၊ ငါတို့တွေ လုံချီဘုရားကျောင်းကို ဖျက်ဆီးပြီး ဝေ့ဝမ်ကို သတ်ပစ်ရမယ် ...ဒါဆို.ဧကရာဇ်ကလည်း မင်းကိုအသာတကြည် ထီးနန်းလွှဲအပ်ပေးလိမ့်မယ်....."

ကျန်းဇီဟန် ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး လက်ခုပ်လက်ဝါးတီးကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ရဲ့ကျယ်ကတော့ သူ့ကိုကြည့်ကာ စိတ်ထဲကနေသာ သက်ပြင်းချလိုက်သည်။

ဘယ်လိုအမှိုက်ကောင်မျိုးလဲ...ဒါပေမယ့်မဟာယာနနဂါးမျှော်စင်မှာ ရွေးချယ်စရာမှမရှိခဲ့တာ......

ဝေ့ဝမ်သည် အင်မော်တယ်ဆရာတော်ချန်ရှန်းထံတွင် တပည့်ခံခဲ့ပြီး အခြားမင်းသားများကလည်း နဂါးချီရကိ အမွေဆက်ခံနိုင်ခြင်းမရှိခဲ့ပေ။

ကျန်းဇီဟန် နန်းတက်သောအခါတွင် သူ့သားသမီးများထဲမှ ထူးချွန်သူတစ်ဦးကို သေချာပေါက်ရွေးချယ်မည်ဟု ရဲ့ကျယ် လျှို့ဝှက်စွာဆုံးဖြတ်ခဲ့သည်။ ထိုကလေးကို သိုင်းပညာသာမက အခြားသော စွမ်းရည်များကိုလည်း သေချာပေါက်သင်ကြားပေးရမည်။

All Chapters