← Chapters

နဂါးသားတော်က နဂါးအစစ်ကိုစားခြင်း.... ကံကြမ္မာတပတ်လည်ခြင်း(၂)

Vol. 4 Ch. 55

နဂါးသားတော်က နဂါးအစစ်ကိုစားခြင်း.... ကံကြမ္မာတပတ်လည်ခြင်း(၂)

Vol. 4 Ch. 55

ကျန်းဇီဟန်ကို ထောက်ခံသော်လည်း ကျန်းဇီဟန်သည် ရက်စက်သောအာဏာရှင် ဖြစ်လာလိမ့်မည်ကို သူ မျှော်လင့်ထားပြီးဖြစ်သည်။

ကျန်းဇီဟန် ရုတ်တရက် တစ်ခုခုကို တွေးပြီး မျက်မှောင်ကြုတ်လိုက်သည်။

“အခုတလော ခမည်းတော်ရဲ့ခွန်အားတွေ တိုးလာတယ်..... ကောင်းကင်အကျဉ်းထောင်ကိုလည်း မကြာခဏသွားတယ်....ဒီအတိုင်းသာဆို မကြာခင် အစစ်အမှန်နတ်ဘုရားနယ်ပယ်ဖြစ်လာမှာကိုစိုးရိမ်ရတယ်....အဲ့အခါကျရင် နန်းစွန့်ဖို့ ငြင်းဆန်မှာသေချာတယ်......"

ရဲ့ကျယ်က ပြုံးပြီး..... “ဒါဆို သူ့ခွန်အားကို စုပ်ယူလိုက်ကြရအောင်.... ဘယ်လိုလဲ?"

ကျန်းဇီဟန်၏အမူအရာ သိသိသာသာပြောင်းလဲသွားပြီး ......

"ကောင်းပါ့မလား.... သူ ကျွန်တော့ကို နှိပ်စက်ပေမယ့် အဖေပဲလေ...…”

ရဲ့ကျယ်က မျက်နှာတချက်မပျက်ဘဲ.....

"အရင်တုန်းကလည်း မင်းအဖေက မင်းအဖိုးရဲ့အစစ်အမှန်ချီတွေကို စုပ်ယူခဲ့တာပဲလေ.....မင်းအဖိုး လုံးဝအားအင်ချိနှဲ့ပြီး ခိုကိုးရာမဲ့နေတာမို့ မင်းအဖေကို ထီးနန်းလွှဲပေးလိုက်ရတာ....မင်းလည်း အဖေ့ခြေရာနင်းလိုက်ပေါ့ကွာ....စိတ်မပူပါနဲ့....အစစ်အမှန်ချီကိုစုပ်ယူလိုက်လို့ မသေနိုင်ပါဘူး... သာမာန်လူတွေလို နေထိုင်သွားနိုင်ပါတယ်....ဒါမှ မင်းစောစောစီးစီး နန်းတက်လို့ရမှာ....."

ကျန်းဇီဟန်၏ အမူအရာ ပြောင်းလဲသွားခဲ့ချေပြီ။ဒီစကားတွေက သူ့ကိုအကြီးအကျယ်သွေးဆောင်နေခဲ့ပြီ။

ဝေ့ဝမ်၏ အရာရှိများနှင့် နေ့တိုင်း အငြင်းအခုံမလုပ်ချင်တော့သလို တရားမ၀င် သားတော်ဖြစ်သောကြောင့် အိမ်ရှေ့စံမဖြစ်သင့်ကြောင်း ပြောနေကြသည်ကိုလည်း မကြားချင်တော့ပေ။

ရဲ့ကျယ်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ....

“မင်းအဖေဆီက အစစ်အမှန်ချီတွေ စုပ်ယူပြီးရင် အစစ်အမှန်နတ်ဘုရားနယ်ပယ်ကိုရောက်သွားမှာနော်.....ဟိုးတုန်းကတည်းက အစစ်အမှန်နတ်ဘုရားနယ်ပယ်အဆင့် ဧကရာဇ်တပါးမှမပေါ်ထွန်းခဲ့ဖူးဘူး......မင်းသာအောင်မြင်ခဲ့ရင် မျိုးဆက်သစ်တွေအတွက် အခြေခံအုတ်မြစ်ချပေးလိုက်သလိုဖြစ်သွားပြီ....မင်းသာ အောင်မြင်မှုကြီးကြီးမားမားရနိုင်မယ်ဆို မင်းဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ ဘယ်သူ့မှ ဝေဖန်ပုတ်ခတ်ရဲမှာမဟုတ်တော့ဘူး.....ချူဂေါင်ဇူက ဆရာဖြစ်သူကိုသတ်ပြီး အင်ပါယာထူထောင်ဖို့ အာဏာသိမ်းခဲ့တယ်......ဒါပေမယ့် အခုချိန်မှာ ချူမင်းဆက်ကို လူဘယ်လောက်များများလွမ်းဆွတ်နေသလဲ မင်းအသိပါ....."

ကျန်းဇီဟန် အသက်ပြင်းပြင်းရှူပြီး အံကြိတ်လိုက်သည်။

"ကောင်းပြီ ဒါဆို ဉီးလေး ကျွန်တော့်ကို ကူညီပေးပါ....ခမည်းတော်ကို ကျွန်တော်မယှဉ်နိုင်ဘူး......"

“ ပြဿနာမရှိဘူး..... မင်းအဖေက ငယ်ငယ်ကတည်းက ငါ့နဲ့မယှဉ်နိုင်ဘူး..... သူ့ကို အနိုင်ယူဖို့ လွယ်တယ်......"

နွေရာသီညချမ်းတွင် ကျန်းချန်ရှန်းသည် သစ်ပင်တစ်ပင်အောက်တွင် တရားထိုင်နေပြီး ပိုင်လုံက သူ့ကိုရစ်ခွေပြီးအိပ်စက်နေသည်။ ပိုင်ချီသည် နေနှင့်လ၏ အနှစ်သာရကို စုပ်ယူကာ မနီးမဝေးတွင် အိပ်စက်လှဲလျောင်းနေသည်။

ကျန်းချန်ရှန်း ရုတ်တရက် မျက်လုံးပွင့်လာပြီး ပိုင်ချီသည်လည်း တူညီရာအရပ်ဆီသို့ ခေါင်းထောင်ကြည့်နေသည်။

အင်ပါယာနန်းတော်......

ရဲ့ကျယ်နှင့် ကျန်းယွီတို့ တိုက်ခိုက်နေသည်ကို အာရုံခံမိသောကြောင့် ကျန်းချန်ရှန်း အနည်းငယ် အံ့သြသွားသည်။

ဘာတွေဖြစ်နေတာလဲ?ဘာကြောင့် အချင်းချင်း တိုက်ခိုက်နေကြတာလဲ....

ကျန်းချန်ရှန်း ချက်ချင်းပင် ဝိဉာဉ်ခွဲထုတ်ကာ နန်းတော်ဆီပျံသန်းခဲ့လေသည်။

သူ၏ ဝိညာဉ်သည် ညကောင်းကင်ယံကို လျင်မြန်စွာ ဖြတ်ကျော်သွားပြီး တော်ဝင်စာကြည့်ဆောင်ရှေ့သို့ရောက်လာခဲ့သည်။

ရဲ့ကျယ်နှင့် ဧကရာဇ်ကျန်းယွီတို့ အပြင်းအထန် တိုက်ခိုက်နေကြပြီး ၎င်းတို့၏ အစစ်အမှန်ချီဓာတ်များ ချိတ်ဆက်ကာ အသံပလံများမထွက်စေရန် ၀င်္ကပါတစ်ခုခင်းကျင်းထားသေးသည်။

ထို၀င်္ကပါကိုကြည့်ပြီး ကျန်းချန်ရှန်း သဘောကျသွားသည်။

သိုင်းပညာ ဖွံ့ဖြိုးတိုးတက်မှုသည် စိတ်ကူးစိတ်သန်းကို ကျော်လွန်ခဲ့ချေပြီ။

ဧကရာဇ်ကျန်းယွီသည် ရဲ့ကျယ်၏ယှဉ်ပြိုင်မှုမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းသိရပြီး လုံးလုံးလျားလျား ဖိနှိပ်ခံခဲ့ရသည်။ သူ့ကိုယ်ပေါ်ရှိ နဂါးချီများ ရံဖန်ရံခါ ပျောက်ကွယ်သွားသည်ကို တွေ့နိုင်သည်။

ကျန်းချန်ရှန်းသည် တချက်ကြည့်ရုံဖြင့် ဧကရာဇ်ကျန်းယွီ အဆိပ်သင့်နေကြောင်း သိနိုင်ခဲ့သည်။ ဖရိုဖရဲဖြစ်နေသောချီဓာတ်များက သွေးကြောများကို အပြင်းအထန်ထိခိုက်စေသဖြင့် အလွန်မသက်မသာခံစားရစေသည်။

၀င်္ကပါသည် အသံများကို ပိတ်ဆို့ထားသော်လည်း ကျန်းချန်ရှန်း၏ အကြားအာရုံကို မတားဆီးနိုင်ပေ။

“ညီလေး၊ ကိုယ့်ကိုကိုယ် ဖိအားပေးမနေနဲ့..... မဟုတ်ရင် မင်းသေလိမ့်မယ်။ ငါတို့က မင်းရဲ့ ခွန်အားကိုပဲ စုပ်ယူမှာပါ....."

ရဲ့ကျယ်က မထီမဲ့မြင် ပြုံးလိုက်သည်။ သူ့လက်ဖဝါးများသည် လေနှင့်တူပြီး ကျန်းယွီ ပေါ်သို့ မုန်တိုင်းကဲ့သို့ ကျရောက်ကာ ကျန်းယွီ၏ နဂါးသရဖူ ပျက်စီးသွားခဲ့သည်။ သူ့ဆံပင်တွေ ဖွာလန်ကျဲနေပြီး ပုံမှန်မဟုတ်တဲ့ သနားစရာကောင်းတဲ့ အခြေအနေမျိုးရောက်နေရှာသည်။

ကျန်းယွီသည် သွေးအန်နေသော်လည်း တည်ငြိမ်စွာဖြင့် ဆက်လက် တိုက်ပွဲဝင်နေဆဲပင်.....

ရဲ့ကျယ် ရုတ်တရက် ထူးဆန်းသော ခြေလှမ်းသိုင်းကို အသုံးပြုခဲ့သည်။ ဧကရာဇ် ကျန်းယွီကို ဝန်းရံထားသလိုမျိုး များစွာသော ကိုယ်ပွားများ ဝန်းရံထားသကဲ့သို့ လျင်မြန်စွာလှုပ်ရှားနေကြီး မကြာခင်မှာပဲ ကျန်းယွီ ဟာ သဲအိတ်လို သွေးတွေ အန်တဲ့အထိ ရိုက်နှက်ခံခဲ့ရလေသည်။

ရဲ့ကျယ်က ဧကရာဇ်ကျန်းယွီ၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာပြီး သူ့ပခုံးကို ဘယ်လက်ဖြင့် ဆုပ်ကိုင်လိုက်ပြီးနောက် ငယ်ထိပ်ကို ညာလက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

“မင်းသားလေး မြန်မြန်လာတော့......”

ရဲ့ကျယ်က ဧကရာဇ်ကျန်းယွီကို ထိန်းထားပြီး အသံနက်ကြီးဖြင့် အော်လိုက်သည်။

ကျန်းဇီဟန် ချက်ခြင်းပြေးလာပြီး ကျန်းယွီ ရှေ့မှာ ရပ်လိုက်ကာ လက်ကို မြှောက်လိုက်ပြီး ကျန်းယွီ ရဲ့ နဖူးကိုထိကာ ခွန်အားကို စတင်စုပ်ယူလိုက်ပါတော့သည်။

ကျန်းယွီသည် သွေးစွန်းသော မျက်လုံးများဖြင့် မော့ကြည့်လိုက်ပြီး အံကြိတ်ကာ....

“သားမိုက်… မင်းဘာလုပ်နေလဲ သိလား”

ကျန်းဇီဟန်၏ အမူအရာသည် ရူးသွပ်သွားသလိုဖြစ်နေပြီး..... “ခမည်းတော်..... ကျွန်တော် မစောင့်နိုင်တော့ဘူး.... မြန်မြန်ထီးနန်းစွန့်လိုက်ပါသော...ဒါဆို ခမည်းတော်ကို အေးအေးချမ်ချမ်းဘဝကူးခွင့်ပေးမယ်.... ဒီလိုလုပ်ရတဲ့အတွက် သားတော်ကိုအပြစ်မတင်ပါနဲ့....ခမည်းတော်လည်း ဘိုးတော်ကိုအဲ့လိုပဲလုပ်ခဲ့တယ်မလား....."

ကျန်းယွီ၏ ခန္ဓာကိုယ်မှ အစစ်အမှန်ချီများ ထွက်ပေါ်လာပြီး ကျန်းဇီဟန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ ကျန်းဇီဟန် တစ်ကိုယ်လုံး တုန်တုန်ယင်ယင်ဖြင့် အံကြိတ်ကာ ဤကြီးမားသော စွမ်းအားကို တောင့်ခံနေရသည်။

ကျန်းယွီ၏ အကြည့်များသည် ဒေါသနှင့် မယုံကြည်မှုများမှ ဝမ်းနည်းမှုသို့ ပြောင်းလဲသွားသည်။

ကျန်းဇီဟန်ရဲ့ နောက်ဆုံးစကားက သူ့ကို အင်မတန် နာကျင်စေခဲ့ပါသည်။

သူတုန်းက သူ့ခမည်းတော် ဘယ်လိုတွေတွေးနေမလဲ မစဉ်းစားမိခဲ့ပေ။

ဖခင်ဆုံးသွားသည့်တိုင် ဖခင်ဖြစ်သူကို ဂရုမစိုက်ဘဲ ကြမ်းတမ်းသောစကားများသာပြောဆိုခဲ့သည်။

သို့သော်လည်း ကျန်းယွီ စိတ်သက်သာရာ ရသွားခဲ့သည်။

နှစ်ပေါင်းများစွာ ဧကရာဇ်ဖြစ်ပြီးနောက်၊ သူသည် ဧကရာဇ်ဖြစ်ရန်မထိုက်တန်ကြောင်း အမှန်တကယ် နားလည်ခဲ့သည်။

သို့သော် သူထီးနန်းတက်ပြီးနောက် ကျန်းဇီဟန်တစ်ယောက် ချူမင်းဆက်ကို မည်သို့ပြန်လည်တည်ထောင်မည်ကို တွေးတောရင်းနှင့် နောင်လာနောက်သားများက ကျန်းမိသားစုကို မည်သို့ရယ်မောကြမည်ကို တွေးသောအခါတွင် အလွန် စိတ်မသက်မသာ ခံစားခဲ့ရပြန်သည်။

အရာရာနောက်ကျခဲ့ချေပြီ။ သူသည် သူ့ဘဝတွင် အမြဲတမ်း စစ်တုရင်နယ်ရုပ်တခုသာဖြစ်ခဲ့ရပြီး သူဘာလိုချင်သည်ကို ဘယ်သောအခါမှ မသိခဲ့ပေ။

ကျန်းချန်ရှန်းသည် ချစ်လှစွာသော ဖခင်နှင့် သားငယ်၏ မြင်ကွင်းကို ငုံ့ကြည့်နေသည်။

သုံးမိနစ်လောက်ကြာသွားသည့်အခါ.....

ရုတ်တရက် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

"ကျန်းဇီဟန်၊ မင်း အတင့်ရဲလှချည်လား......"

ကျန်းဇီယုသည် ကျုံးထျန်းဝူ၊ ရှုထျန်းကျိ၊ သမုဒ္ဒရာလေးစင်းပဏ္ဍိတို့နှင့်အတူ ရောက်လာခဲ့သည်။

ရဲ့ကျယ်သည် သူ့လက်ကို ပြန်ရုတ်လိုက်ပြီး ဧကရာဇ်ကျန်းယွီကို ကျန်းဇီဟန် ရှေ့မှာ ဒူးထောက်ထိုင်ခိုင်းလိုက်သည်။

“အိမ်ရှေ့မင်းသား ဆက်ပြီး စုပ်ယူလိုက်ပါ..... ငါသူတို့ကိုတားထားလိုက်မယ်!"

ထိုသို့ပြောပြီးနောက် ရဲ့ကျယ်သည် ၀င်္ကပါထဲမှ ခုန်ထွက်လာသည်။ တိုက်ခိုက်သူလေးဦးနှင့် ရင်ဆိုင်ရသော်လည်း ရိုက်ချက်တစ်ချက်တည်းကနေ ထွက်ပေါ်လာသောချီဓာတ်များသည် ကျန်းဇီယုနဲ့ တခြားသူတွေဆီ အော်ဟစ်ကြွေးကြော်နေတဲ့ နဂါးတစ်ကောင်အဖြစ်ပြောင်းလဲသွားသည်။ နဂါးဟိန်းသံသည် ညကောင်းကင်ယံတွင် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ထိုအသံကို တစ်မြို့လုံးကြားနေရသည်။

ကျန်းဇီယုနှင့် အခြားသုံးယောက်တို့သည် တညီတညွတ်တည်း ခုခံနေကြသော်လည်း အစစ်အမှန်ချီဖြင့် ဖန်တီးထားသော နဂါးကြီးကတော့ ပျံသန်းနေဆဲပင်.... လမ်းတစ်လျှောက်တွင် ဘုံဗိမာန်များစွာသည် အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်ယံတွင် ဖုန်မှုန့်များ ပြည့်နှက်နေသည်။

ကျုံးထျန်းဝူသည် အိမ်ခေါင်မိုးပေါ်သို့ ဆင်းသက်ကာ သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။

“အရှင့်သား....ဒီလူက အရမ်းသန်မာတယ်.... ငါတို့ လေးယောက်က သူ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး....."

ရဲ့ကျယ်က မထီမဲ့မြင် ပြုံးလိုက်ပြီး.....

“မှန်ပါတယ်....ငါတို့နှစ်ယောက်စလုံး နတ်ဘုရားနယ်ပယ်ကိုရောက်နေပေမယ့် ငါ့ရဲ့သိုင်းပညာအခြေခံက မင်းယှဉ်နိုင်တဲ့ အရာမဟုတ်ဘူး......"

ထို့နောက် ရဲ့ကျယ်က ကျန်းဇီယု ကိုကြည့်ပြီး.....

"ဝေ့ဝမ်၊ မင်းအဖေက မင်းကို ဘယ်တုန်းကမှ မနှစ်သက်ခဲ့ဘူး....မနှစ်သက်ရုံတင်မကဘူး မုန်းတောင်မုန်းနေသေးတာ..... မင်းအမေကိုလည်း မုန်းတယ်..ဒါ့ကြောင့်မို့ မင်းအမေ အသက်ရှင်နေနိုင်ပေမယ့် သေတဲ့အထိ ရောဂါပြင်းထန်အောင် တမင်တကာ လွှတ်ထားလိုက်တာပေါ့...... သူ့ရဲ့ရည်မှန်းချက်က အိမ်ရှေ့စံမင်းသားရဲ့ မိခင်ကို ထောက်ပံ့ဖို့ပဲ....မင်းအခုနားလည်ပြီလား? မင်းအဖေက မင်းအမေကိုသတ်ခဲ့တာ....မင်းမွေးတုန်းက တချက်လေးတောင်လာမကြည့်ဘဲ အဲဒီအစား ငါ့လက်အောက်ငယ်သားနှစ်ယောက်ကိုပဲ စောင့်ခိုင်းထားတာ....."

ဒါကိုကြားတော့ ကျန်းဇီယုရဲ့အမူအရာ အလွန်ရုပ်ဆိုးသွားသည်။

ကျန်းချန်ရှန်း မျက်ခုံးပင့်လိုက်မိသည်။ ၎င်းကိုကြည့်ခြင်းအားဖြင့် ထိုအချိန်ကတည်းက ကြင်ယာတော်ကို ကျန်းယွီ အဆိပ်ခတ်ထားခြင်းဖြစ်နိုင်သည်။

ကြမ်းတမ်းသောကျားသည်ပင် သားပေါက်များကို မစားနိုင်ပေ။ကျန်းယွီကတော့ တိရစ္ဆာန်ထက်ပင်ပိုရက်စက်သေးသည်။ အကယ်၍ ကျန်းချန်ရှန်းသာ ပင်းအန်းကို မရွေးချယ်ခဲ့ပါက အချိန်မတန်မီ မိခင်နှင့်အတူ သေဆုံးသွားမည်ဖြစ်သည်။

ရဲ့ကျယ်က ပြုံးလိုက်ပြီး.....

"ဝေ့ဝမ် ကျေးဇူးပြုပြီး ထွက်သွားပေးပါ...ဆရာတော်ချန်ရှန်း မျက်နှာကိုထောက်ထားပြီး ဒီတစ်ကြိမ် လွှတ်ပေးလိုက်မယ်....."

တစ်နည်းဆိုရသော် ဝေ့ဝမ်သည် ဆရာတော်ချန်ရှန်း၏တပည့် မဟုတ်ပါက၊ ရဲ့ကျယ် သည် ယနေ့ညတွင် ၎င်းတို့ကို သတ်ပစ်မည်ဖြစ်သည်။

All Chapters