သင်သည် ကောင်းကင်ဘုံမှ သတ်မှတ်ထားသော သားတော်ဖြစ်လျှင် ငါသည် ကောင်းကင်ဘုံဖြစ်၏........
Vol. 4 Ch. 56
ရဲ့ကျယ်၏ စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုများကြောင့် ကျန်းဇီယု၏ အမူအရာ အလွန်အမင်း မှောင်သွားခဲ့သည်။ သို့သော်လည်း အံကြိတ်ကာ .....
“ခင်ဗျားပြောခဲ့တာတွေက အမှန်ဆိုရင်တောင် ဒါကကျုပ်တို့ သားအဖကြားကပြသာနာမို့ ခင်ဗျားလို ပြင်ပလူတွေ ဝေဖန်ခွင့်မရှိဘူး.....ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ရှိနေသ၍ ဧကရာဇ်ကို ထိဖို့မစဉ်းစားနဲ့......"
သူသည် ကျန်းယွီကို ခမည်းတော်ဟု မခေါ်တော့ဘဲ ဧကရာဇ်ဟုသာ ခေါ်ဝေါ်ခဲ့သည်။
ကျန်းဇီယု၏ ခပ်ပြတ်ပြတ်တုံ့ပြန်စကားကြောင့် ရဲ့ကျယ်၏အမူအရာ မှောင်မိုက်သွားပြီး ....."ဝေ့ဝမ် ....မင်း ကိုယ့်ကိုကိုယ် အထင်ကြီးမနေနဲ့...... ”
ရှုထျန်းကျိ၊ ကျုံးထျန်းဝူ နှင့် သမုဒ္ဒရာလေးစင်းပဏ္ဍိတတို့သည် ကျန်းဇီယု၏စကားကိုကြားသောအခါ ခါးသီးစွာ ပြုံးလိုက်ကြသည်။ သို့သော် သူတို့ နောက်ဆုတ်မသွားဘဲ ရှေ့ကို လှမ်းတက်လာကြသည်။
ရှုထျန်းကျိက..... "ဆရာတော်ချန်ရှန်း.... ခင်ဗျားမလှုပ်ဘူးဆိုရင် ခင်ဗျားရဲ့ အဖိုးတန်တပည့်သေလိမ့်မယ်!"
ထိုစကားကြောင့် ရဲ့ကျယ်သာမက ဧကရာဇ်၏အစစ်အမှန်ချီကို စုပ်ယူနေသော ကျန်းဇီဟန်လည်း ထိတ်လန့်သွားသည်။
ဆရာတော်ချန်ရှန်း ဒီနားမှာရှိနေတာလား......
ရှုထျန်းကျိသည် ကျန်းချန်ရှန်း၏ဝိညာဉ် သူ့ခန္ဓာကိုယ်မှ ထွက်သွားသည်ကို မမြင်လိုက်ပေ။ မြို့တော်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေခြင်းသည် ဘယ်နည်းနှင့်မျှ ကျန်းချန်ရှန်း ၏အကြည့်အောက်မှ လွတ်ကင်းမည်မဟုတ်ကြောင်းသာ ခံစားခဲ့ရသည်။
ကောင်းကင်ပေါ်တွင်ရပ်နေသည့် ကျန်းချန်ရှန်းက ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
ဒီကလေးကတော့လေ......
ကျန်းဇီယု၏ သဘောထားကို သူအလွန်ကျေနပ်မိသည်။ အနည်းဆုံးတော့ ကျန်းဇီယုသည် သူရဲဘောကြောင်သူ မဟုတ်ဘူးခဲ့ပေ။
ကျန်းချန်ရှန်းက လှည့်ပြီး သူ့ခန္ဓာကိုယ်ဆီ ပြန်ပြေးသွားခဲ့လေသည်။
သူ၏ ဝိညာဉ်သည် အလွန်လျင်မြန်စွာ ပျံသန်းသွားကာ အသက်ငါးရှိုက်စာအတွင်း ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်သွားခဲ့သည်။
ကျန်းချန်ရှန်း မျက်လုံးကိုဖွင့်လိုက်ပြီး မတ်တပ်ထရပ်လိုက်သဖြင့် အိပ်ပျော်နေသော ပိုငိလုံပင် ထိတ်လန့်သွားသည်။ ဒီအခိုက်အတန့်မှာ ပိုင်ချီ ရောက်လာပြီး .....
"ပျော်စရာကိစ္စမဟုတ်လား.... ကျွန်မလည်း လိုက်ခဲ့ချင်တယ်....မလှုပ်ရှားရတာကြာတော့ အကြောအချဉ်တွေတောင့်တင်းနေပြီ....."
ကျန်းချန်ရှန်း ပိုင်ချီကို တစ်ချက်ကြည့်လိုက်ပြီး.... "မင်းမှာ လုံချီတောင်ကို စောင့်ရှောက်ဖို့ တာဝန်ရှိတယ်"
ပြောပြီးသည်နှင့် ခုန်ထကာ တိုင်ဟန်ဓားကို လှမ်းကိုင်လိုက်သည်။
................................................
နန်းတော်အတွင်းရှိ အသံများသည် လူအများကို ထိတ်လန့်စေသော်လည်း နန်းတော်စောင့်များသည် ယနေ့ညတွင် မည်သူမျှ နန်းတော်အတွင်းသို့ ဝင်ခွင့်မပြုရန် အိမ်ရှေ့မင်းသားထံမှ လျှို့ဝှက်အမိန့်ကို ရရှိခဲ့သည်။
ကျန်းဇီယုနှင့် အခြားသူများ ခြေလှမ်းတလှမ်းချင်း ချဉ်းကပ်လာသည်ကို ရဲ့ကျယ် စောင့်ကြည့်နေခဲ့သည်။ သူ့အမူအရာသည် အကျပ်ရိုက်သွားသောကြောင့် အနှိုင်းမဲ့ အကျည်းတန်နေ၏။
ကျန်းဇီဟန်ရှေ့မှာ အလေးအနက်မထားဘဲ ကျန်းချန်ရှန်းကို ဘယ်လိုပဲပုတ်ခတ်ပြောဆိုခဲ့ပါစေ တကယ်တမ်းရင်ဆိုင်ရတဲ့အခါ သူ ထိတ်လန့်နေသည်မှာ ငြင်းမရနိုင်သောအမှန်တရားပင်......
ဝေ့ဝမ်ကို တိုက်ခိုက်ရင် ကျန်းချန်ရှန်း ဒီအတိုင်းထိုင်ကြည့်နေမည်မဟုတ်မှန်းကောင်းကောင်းကြီး နားလည်ထားသည်။
ဟာကွာ....ဘေးကြပ်နံကြပ်တွေဖြစ်ကုန်ပြီ.....ဟိုသေနာလေးကလည်း အခုထိအခြေနေကိုနားမလည်သေးဘူး....
ရဲ့ကျယ်က ကျန်းဇီယု အလွန်မိုက်မဲသည်ဟု သာခံစားမိသည်။
ဧကရာဇ်ကျဆုံးခြင်းသည် ကျန်းဇီဟန်နှင့် ကျန်းဇီယုအတွက် ကောင်းသောအရာဖြစ်သည်။ ထိီးနန်းဆက်ခံဖို့နဲ့ ပတ်သက်၍ မည်သူ၏ ကျောထောက်နောက်ခံ အားကောင်းမှုအပေါ်သာ မူတည်သည်။
ယခု ကျန်းဇီယုသည် သူ့အတွက် ခက်ခဲသော အရာများကို ပြုလုပ်နေသောကြောင့် ခက်ခဲသော အနေအထားတွင် ရှိနေသည်။
ထိုအချိန်မှာပင်.....
ကျန်းဇီဟန်က သူ့လက်ကို ပြန်ရုတ်လိုက်ပြီး
"ပြီးပြီ!"
ရဲ့ကျယ် သက်ပြင်းချပြီး ကျန်းဇီယုကို ပြုံးပြလိုက်သည်။
“ဝေ့ဝမ်က တကယ့်ကို အာဏာစက်ပြင်းတာကြေညင့် ဒီညတော့ ဧကရာဇ်ကို မသတ်တော့ဘူး..... သွားကြရအောင်!"
"ဘယ်သူက မင်းကို ထွက်သွားခွင့်ပေးလိုက်တာလဲ"
အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားသော နန်းတော်ဝင်းအတွင်းမှ အသံတစ်ခု ထွက်ပေါ်လာသည့်အတွက် ရဲ့ကျယ်၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။ သူ မျှော်ကြည့်လိုက်တော့ ကျန်းချန်ရှန်းက တိုင်ဟန်ဓားပေါ်မှာ ရပ်နေပြီး သူ့ကို ငုံ့ကြည့်နေတာကို တွေ့လိုက်ရသည်။
ကျန်းဇီဟန်လည်း ထိတ်လန့်သွားသည်။ မဟာယာနနဂါးမျှော်စင်သည် ကျန်းချန်ရှန်း ကိုရင်ဆိုင်ရသောအခါတွင် အနာဂတ်ရှိနေနိုင်သော်လည်း၊ ၎င်းတို့သည် လောလောဆယ်တွင် အသက်ပျောက်သွားနိုင်သည်။
ကျန်းချန်ရှန်းက ရဲ့ကျယ်ကို စိုက်ကြည့်ပြီး.....
“မဟာယာန နဂါးမျှော်စင်က အရမ်းနှေးကွေးလွန်းတယ်..... စောင့်နေရတာကို စိတ်မရှည်တော့ဘူး..... ဒီည မင်းကိုသတ်ပြီး မဟာယာနနဂါးမျှော်စင်ကို စစ်ကြေငြာမယ်......"
ရဲ့ကျယ် အလွန်တုန်လှုပ်သွားသော်လည်း.....
"ဆရာတော်ချန်ရှန်း ခင်ဗျား ဘာလို့ မဟာယာနနဂါးမျှော်စင်ကို ဆန့်ကျင်ချင်နေရတာလဲ....." ဟု လေးနက်သော အသံဖြင့် မေးလိုက်သည်။
သူတကယ်ကို နားမလည်နိုင်တော့ပေ။
ကျန်းချန်ရှန်း၏ နောက်ခံသမိုင်းကြောင်းကို ဘယ်သူမှမသိသဖြင့် ဘယ်ကလာမှန်းဘယ်သူ့တပည့်မှန်း အစအနပင်ရှာမရပေ။
ကျန်းချန်ရှန်းက မေးခွန်းကို လျစ်လျူရှုရင်း
“မဟာယာန နဂါးမျှော်စင်က ချူမင်းဆက်ကိုပြန်တည်ထောင်ချင်နေတယ်....ကျူပ်က တကျန်းနိုင်ငံသားတစ်ယောက်ဖြစ်တဲ့အတွက်ဒီအတိုင်း ကြည့်မနေနိုင်ဘူး ..... မင်းတို့အားလုံး အတူတူ တိုက်ခိုက်ကြ... အတူတူပူးပေါင်းရင် အသက်ရှင်ဖို့ အခွင့်အလမ်းရှိနိုင်တယ်..... မဟုတ်ရင် ဒီည ဘယ်သူမှ ထွက်သွားလို့မရစေရဘူး......"
ကျန်းဇီယုကို လီရှီမင်းလို ကျိန်စာမသင့်စေရန်အတွက် ရန်သူကို ချေမှုန်းရာတွင် ကိုယ်တိုင်ကိုယ်ကျ ကူညီကာ သမိုင်းတွင်နာမည်ဆိုးကျန်ရစ်ခြင်းမှ ရှောင်ရှားရန် ဆုံးဖြတ်ခဲ့သည်။
ရဲ့ကျယ်နှင့် ကျန်းဇီဟန် အံ့သြသွားသည်။ ကျန်းဇီဟန်သည် ရဲ့ကျယ်၏ နံဘေးသို့ အမြန်ရောက်လာပြီး လေးနက်စွာ စောင့်ဆိုင်းနေခဲ့သည်။
ဆရာတော်ချန်ရှန်း ပေါ်လာပြီဖြစ်သည့်အတွက် သူတို့ မလွတ်မြောက်နိုင်ဘူးဆိုတာ ကောင်းကောင်းကြီးသဘောပေါက်လိုက်ကြသည်။
ကျန်းဇီယုက ကျန်းချန်ရှန်းကို မော့ကြည့်ပြီး ......"ဆရာ.... အိမ်ရှေ့မင်းသားကို အသက်ရှင်ခွင့်ပေးပါ"
ကျန်းချန်ရှန်းက သူ့ကို မကြည့်ဘဲ.....
"မင်း လီရှီမင်း မဖြစ်ချင်ဘူးလား..... အခု မင်းဘာလို့ ဒီလောက် မပြတ်ပယမသား ဖြစ်နေရတာလဲ"
ကျန်းဇီယု တိတ်ဆိတ်သွားသည်။
ငယ်ငယ်က သွေးသားသံယောဇဉ်ကိုနားမလည်ခဲ့ပေမယ့် ကြီးပြင်းလာသောအခါမှ ဖြတ်တောက်ရန် မည်မျှခက်ခဲသည်ကိုနားလည်ခဲ့သည်။
ရဲ့ကျယ်က.... "အရှင့်သား... အတူတူ တိုက်ခိုက်ကြရအောင်!"
ထိုသို့ပြောပြီးသည်နှင့် ရိုက်ချက်တစ်ခုထုတ်ဖော်လိုက်ရာ နဂါးပုံသဏ္ဍာန် အစစ်အမှန်ချီသည် မရပ်တန့်နိုင်သော အင်အားဖြင့် တိုက်ခိုက်လေသည်။ ကျန်းဇီဟန်က ချက်ချင်း လက်ဖဝါးကို ဝှေ့ယမ်းလိုက်သည့်အခါ သူ၏နဂါးပုံသဏ္ဍာန်အစစ်အမှန်ချီသည် ရဲ့ကျယ်ထက် လုံးဝနိမ့်ကျသည်မဟုတ်သော်လည်း အားကောင်းနေဆဲပင်.....
ကျန်းချန်ရှန်းက ချီလင်သားမြီးယပ်တောင််ကို ဝှေ့ယမ်းပြီး နဂါးပုံသဏ္ဍာန် အစစ်အမှန်ချီများကို ရင်ဆိုင်လိုက်သည်။
ယပ်တောင်ကိုအသာအယာဝှေ့ယမ်းလိုက်ရုံဖြင့် ၎င်းတို့ကို အလွယ်တကူ လူစုခွဲလိုက်ခြင်းကြောင့် ရဲ့ကျယ် နှလုံးခုန်သံ မြန်ဆန်လာသည်။
ကျန်းချန်ရှန်းသည် မြေပြင်ပေါ်သို့ ဆင်းသက်ပြီး တိုင်ဟန်ဓားက သူ့လက်ထဲသို့ ရောက်လာသည်။
"ဒါဆိုရင် ရှင်သန်ခြင်းဆုလာဘ်တစ်ခု ရှိသင့်တယ်မဟုတ်လား"
ကျန်းချန်ရှန်း ထိုသို့တွေးတောနေချိန် ရဲ့ကျယ်ဟာ လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းလို့မရတဲ့ ခြေလှမ်းများဖြင့် အမြန်တိုက်ခိုက်ဖို့ပြင်ဆင်နေသည်။
ရဲ့ကျယ်၏နောက်ဆက်တွဲတိုက်ခိုက်မှုများကို ရင်ဆိုင်လိုက်ရင်း ကျန်းချန်ရှန်းသည် သူ၏ဓားကိုဆွဲကာ ပေါ့ပေါ့တန်တန် ခုတ်ပိုင်းလိုက်သည်။ ဓားချီသည် ရေလွှမ်းမိုးမှုတစ်ခုကဲ့သို့ ပေါက်ကွဲထွက်ကာ နောက်ဆက်တွဲ ပုံရိပ်အားလုံးကို ပြန့်ကျဲစေခဲ့သည်။ ရဲ့ကျယ် ၏ ပင်မကိုယ်ထည်ကိုလည်း ဓားချီ ထိမှန်သွားပြီး သူ့တစ်ကိုယ်လုံးမှ သွေးများ ထွက်ကျလာသည်။ နောက်ဆုံးတွင် အပျက်အစီးများကြားတွင် လဲကျသွားလေသည်။
ဒီမြင်ကွင်းကို ကြည့်ပြီး လူတိုင်း မျက်လုံးပြူးကုန်ကြသည်။
ကျန်းချန်ရှန်း အင်မတန်သန်မာမှန်း သူတို့သိပေမယ့် ရဲ့ကျယ်ကို လွယ်လွယ်နဲ့ အနိုင်ယူခဲ့ခြင်းကိုကြည့်ခြင်းအားဖြင့် ခွန်အားအပြည့်ဖြင့် တိုက်ခိုက်လျှင် မည်မျှ သန်မာသည်ကို စိတ်ကူးကြည့်ရန် ခက်ခဲသည်။
ရဲ့ကျယ် နိုးခါနီးတွင် ကျန်းချန်ရှန်း သူ့နောက်မှ ပေါ်လာပြီး သူ့ဓားကို လှည့်လိုက်ရာ ရဲ့ကျယ်၏ဦးခေါင်း မြေပြင်ပေါ်သို့ ပြုတ်ကျကာ သွေးများ ပြန့်ကျဲကုန်သည်။
ကျန်းချန်ရှန်း လှည့်ကြည့်လိုက်ပြီး ကျန်းဇီဟန်ဆီသို့ လျှောက်သွားသည့်အခါ ကျန်းဇီဟန် ကြောက်လန့်သွားပြီး..... "ဝေ့ဝမ်! ညီလေး..... ငါ့ကိုကယ်ပါ! ငါတို့က ညီအစ်ကိုတွေပါကွာ......!”
ကျန်းဇီယု တိတ်ဆိတ်နေသည်။
သမုဒ္ဒရာလေးစင်းပဏ္ဍိတာက ကျန်းဇီယု နံဘေး၌ ရပ်လျက် “အရှင့်သား အခုနေ တားလိုက်မယ်ဆို နောက်ပိုင်းကျရင် အိမ်ရှေ့စံကို သတ်တဲ့ကိစ္စက အရှင့်သားအပေါ်ပဲကျရောက်လာမှာ.....ညီအစ်ကိုချင်းချင်းသတ်ဖြတ်ခြင်းက ဧကရာဇ်တပါးအတွက် ဖျက်မရတဲ့အစွန်းအထင်းပဲ......."