သင်သည် ကောင်းကင်ဘုံမှ သတ်မှတ်ထားသော သားတော်ဖြစ်လျှင် ငါသည် ကောင်းကင်ဘုံဖြစ်၏...(၂)
Vol. 4 Ch. 57
ကျန်းဇီယုလည်း ဤသဘောတရားကို နားလည်သောကြောင့် နှုတ်ဆိတ်နေခဲ့သည်။
ရှုထျန်းကျိက.... “ဒီကောင် သေဖို့သင့်တယ်.....အရင်ကတည်း ပို့လိုက်တဲ့ရိက္ခာတွေဖြတ်လုပြီး လုပ်ကြံသတ်ဖြတ်သူတွေတောင် လွှတ်လိုက်သေးတယ်....အရှင့်သားက စိတ်ထားနူးညံ့လွန်းတယ်.....အရှင့်သားကသာ သူ့ကို အစ်ကိုလို ဆက်ဆံပေမယ့် သူက အရှင့်သားကို ရန်သူတစ်ယောက်လိုမုန်းတီးနေတာ....."
ကျန်းဇီယု အလွန် စိတ်မသက်မသာ ခံစားခဲ့ရပြီး မချေပနိုင်တော့ပေ။
ကျန်းချန်ရှန်းက ကျန်းဇီဟန် ရှေ့တွင်ရပ်နေပြီး အားနည်းပြီး ကြောက်လန့်နေတဲ့ အိမ်ရှေ့မင်းသားကို ကြည့်လိုက်တယ်။
ကျန်းဇီဟန်သည် အံကြိတ်ကာ ကျန်းချန်ရှန်း ၏စွမ်းအားများကို စုပ်ယူလိုစိတ်ဖြင့် ရုတ်တရက် လှုပ်ရှားလိုက်သည်။
ကျန်းချန်ရှန်းက မရှောင်တိမ်းဘဲငြိမ်နေသဖြင့် အားလုံး အံ့သြနေကြသည်။
ကျန်းဇီဟန်ကတော့ အလွန်ပျော်ရွှင်နေပြီး.....
"ခင်ဗျားက ကျုပ်ကိုသတ်ချင်တယ်ပေါ့....... ဘယ်လိုဖြစ်နိုင်မှာလဲ!"
နောက်တစက္ကန့်မှာ သူ့အမူအရာ သိသိသာသာ ပြောင်းလဲသွားပြီး သူ့မျက်လုံးတွေထဲမှာကြောက်ရွံ့မှုတွေ ပြည့်နှက်လာခဲ့သည်။
တစ်ဖက်လူရဲ့ အစစ်အမှန်ချီကို လုံးဝမစုပ်ယူနိုင်တာကို တွေ့ရတော့ အရမ်းအံ့သြနေခဲ့သည်။
ကျန်းချန်ရှန်းက သူ့ဝမ်းဗိုက်ကို ထိုးဖောက်ပြီး နား နားကိုကပ်ကာ..... “မင်းအစကတည်းက အိမ်ရှေ့မင်းသားမဖြစ်နိုင်ဘူး..... အိမ်ရှေ့စံမင်းသားဖြစ်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့သမျှအလကားပဲ.....”
ဝိညာဉ်စွမ်းအင်များသည် ဓါးမှထွက်ကျလာပြီး ကျန်းဇီဟန်၏ အတွင်းအင်္ဂါများကို ကွဲကြေသွားစေသည်။
သူသည် တိုင်ဟန်ဓားကို ဆွဲထုတ်လိုက်ပြီး ကျန်းဇီဟန် မြေပြင်ပေါ်သို့ လဲကျသွားစေခဲ့သည်။ ကျန်းဇီဟန်သည် သေဆုံးသွားချိန်အထိ အံ့သြထိတ်လန့်နေခဲ့ရှာသည်။
ကျန်းချန်ရှန်းက ဓားကို ဝှေ့ယမ်းလိုက်ပြီး ကျန်းဇီဟန်၏ အလောင်းကို ငုံ့ကြည့်လိုက်သည်။
'မင်းသာ ကိုယ့်အဖေကိုယ်ပြန်မသတ်ရင် အသက်နည်းနည်းပိုရှည်နိုင်လိမ့်မယ်'
ကျန်းဇီယု နှင့် အခြားသုံးယောက် အံ့သြသွားကြသည်။ ကျန်းချန်ရှန်း ပေါ်လာတာ ဘယ်လောက်ကြာသေးလို့လဲ.....
ကျန်းချန်ရှန်းသည် ကြောက်မက်ဖွယ်ကောင်းသော နည်းစနစ်များကို မသုံးခဲ့ဘဲ ပေါ့ပေါ့ပါပါးသာလှုပ်ရှားသွားခဲ့သည်။ အတိအကျပြောရသော် ယင်းကြောင့် ၎င်းတို့ကို အကြီးအကျယ် ထိတ်လန့်စေခဲ့သည်။
ရဲ့ကျယ်ရော ကျန်းဇီဟန်ပါ နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူများဖြစ်ကြသည်။ သို့တိုင် ကြက်ကလေးငှက်ကလေးသတ်သလို အသတ်ခံလိုက်ချေပြီ။
ကျန်းဇီယုသည် ကျန်းချန်ရှန်းကို အဝေးမှကြည့်ကာ နားမလည်နိုင်သော ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
ကျန်းချန်ရှန်း၏ စွမ်းအားသည် တိုင်းပြည်အာဏာကို အလွယ်တကူ ခြိမ်းခြောက်နေပြီဖြစ်သည်။ သူ နန်းတက်ရင် အနာဂတ်မှာ ကျန်းချန်ရှန်းရဲ့ စကားကို နားထောင်ရမှာလား.......
သူတို့သည် သားအဖ မဟုတ်ဘဲ ဆရာနှင့် တပည့်သာဖြစ်သည်။ ကျန်းချန်ရှန်းသာ အနာဂတ်မှာ သားတစ်ယောက်ရလာရင်........
ကျန်းဇီယု တွေးလေလေ ပိုကြောက်လေလေဖြစ်နေချေပြီ။ ယခုတော့ ပိုလို့တောင်စိတ်ရှုပ်ရလေပြီ။
ကျန်းချန်ရှန်းက သူ့ကို ဘာကြောင့် ဒီလောက် ပြင်းပြင်းထန်ထန် ထောက်ခံခဲ့တာလဲ.....
တကယ်ပဲတကျန်းအတွက်လား....
ဤအခိုက်အတန့်တွင် ဝတ်ဖြူတော်အစောင့်တပ်သားများ အရပ်ရပ်မှ ပြေးလာကာ နန်းတော်အသီးသီး၏ တံစက်မြိတ်များပေါ်တွင် ရပ်နေလေသည်။ ဟွာဂျန်ရှင်းလည်း ရောက်လာပြီး အားလုံးကို ရပ်တန့်ရန် အချက်ပြလိုက်သည်။
လီကုန်းကုန်းသည် တစ်နေရာမှ နန်းတော်ထဲသို့ ဝင်လာခဲ့ပြီး ရဲ့ကျယ်နှင့်ကျန်းဇီဟန် ၏အလောင်းများနှင့် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဧကရာဇ်ကျန်းယွီကိုမြင်သောအခါ အလွန်စိတ်လှုပ်ရှားသွားသည်။
“ကွယ်လွန်သူဧကရာဇ်ရေ.....အခုတကျန်းကို ကယ်တင်နိုင်ခဲ့ပြီ…”
လီကုန်းကုန်း အလွန်စိတ်လှုပ်ရှားနေသဖြင့် မျက်လုံးများနီရဲသွားသည်။
ကျန်းချန်ရှန်းက ဧကရာဇ်ကျန်းယွီ ရှေ့မှာလာပြီး သူ့ကို အပေါ်ကနေ ငုံ့ကြည့်နေသည်။
"မနက်ဖြန် ဝေ့ဝမ်အတွက် မင်းရဲ့ရာထူးကို စွန့်လွှတ်ရလိမ့်မယ်။ အိမ်ရှေ့မင်းသားက ပုန်ကန်ပြီး ဝေ့ဝမ် မင်းကို ကယ်တင်တာ သိပ်ကံကောင်းတယ်..... ဒါပေမယ့် မင်းလည်း ဒဏ်ရာအပြင်းအထန်ရပြီး တရားရုံးကို မထိန်းနိုင်တော့ဘူးမလား....”
ဧကရာဇ်ကျန်းယွီက ခါးသီးစွာ ပြုံးလိုက်ပြီး.... “နားလည်ပါတယ်…” လို့သာပြန်ဖြေလိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် နန်းတက်မယ့်သူက သူ့သားတော်ပဲလေ.....
"ရှုထျန်းကျိ....မင်း ဧကရာဇ်ကို ဂရုစိုက်လိုက်ပါ.... ဇီယုနဲ့ လီကုန်းကုန်း၊ ငါ့နောက်ကို လိုက်ခဲ့ကြ..."
ထိုစကားကိုပြောပြီးနောက် ကျန်းချန်ရှန်းသည် ပလ္လင်တော်အခန်းဆီသို့ လျှောက်သွားခဲ့သည်။
လီကုန်းကုန်းက ချက်ချင်း လိုက်သွားသော်လည်း ကျန်းဇီယု တုံ့ဆိုင်းနေသည်။ အဆုံးတွင်၊ ရှုထျန်းကျိ၏တိုက်တွန်းမှုကြောင့် ကျန်းချန်ရှန်း နောက်လိုက်သွားခဲ့ရသည်။
လမ်းခရီးတွင် ကျန်းဇီယုသည် အကြောင်းအရာများစွာကို တွေးတောပြီး ငယ်စဉ်ကတည်းက သူ့အတွေ့အကြုံများကို ပြန်အမှတ်ရခဲ့သည်။ သူ့စိတ်ထဲတွင်၊ ကျန်းချန်ရှန်းသည် သူနှင့် အခြားသူများအတွက် ရေကဲ့သို့ အမြဲတမ်း နူးညံ့သိမ်မွေ့သူဖြစ်သည်။အခုလိုအေးစက်ခက်ထန်နေပုံကို တခါမျှ မမြင်ဖူးခဲ့ပေ။
ကျန်းချန်ရှန်းက သူ့ကို ဘာပြောပြချင်တာလဲ....သူ့ကို ခြိမ်းခြောက်မှာလား ...ဒါမှမဟုတ် အမှန်တရားကို ဖော်ထုတ်မှာလား....
သုံးယောက်သား တိတ်ဆိတ်စွာဖြင့် မှောင်မည်းနေသော ပလ္လင်ခန်းထဲသို့ ဝင်လာကြသည်။ လီကုန်းကုန်းသည် ရှည်လျားသော တိုင်တစ်ခုဆီသို့ လျှောက်သွားပြီး ယန္တရားတစ်ခုကို အသက်သွင်းလိုက်သည်။ထို့နောက် နဂါးပလ္လင်ပေါ်ရှိ ညလင်းပုလဲတစ်လုံးကို ဖွင့်ပြီး အလင်းတန်းများ ထွန်းလင်းတောက်ပစေပါသည်။
ပလ္လင်တော်သည် အမှောင်ထုထဲတွင် အလွန်ထင်ရှားနေပြီး တိုင်းပြည်တခုလုံး သူ့ရှေ့တွင် ရှိနေသကဲ့သို့ပင်........
ကျန်းချန်ရှန်း က ရပ်လိုက်ပြီး နဂါးပုလ္လင်ကို ကြည့်လိုက်သည်။ "ဇီယု၊ အဲ့ပေါ်မှာထိုင်လိုက်..... မနက်ဖြန်ကစပြီး မင်းက ဧကရာဇ်မင်းဖြစ်သွားပြီ......"
ကျန်းဇီယုသည် နဂါးလှေကားပေါ်တက်ပြီး နဂါးပလ္လင်ရှေ့သို့ရောက်သည်အထိ တိတ်ဆိတ်ငြိမ်သက်စွာ လျှောက်လှမ်းခဲ့သည်။ သူ ရုတ်တရက် လှည့်ကြည့်လိုက်ပြီး ခန်းမထဲက ကျန်းချန်ရှန်းကို ငုံ့ကြည့်လိုက်ကာ.....
“ဆရာ...ကျွန်တော် နန်းတက်ရင် တိုင်းပြည်အပေါ် သြဇာငြောင်းပါ့မလား....."
လီကုန်းကုန်းက ဤမြင်ကွင်းကို စိတ်ဝင်တစားကြည့်ကာ တိတ်ဆိတ်နေခဲ့သည်။
ကျန်းချန်ရှန်းက.... “မင်းက ကောင်းကင်ဘုံကရွေးချယ်ထားတဲ့ ကောင်းကင်သားတော်ဖြစ်တာကြောင့် သေချာပေါက် သြဇာညောင်းမှာပါ....."
ကျန်းဇီယုက ကျန်းချန်ရှန်းကို စိုက်ကြည့်ရင်း ......“ဆရာ ကျွန်တော့်ကို နန်းတက်ဖို့ ဘာကြောင့် ပံ့ပိုးပေးတာလဲနားမလည်နိုင်ဘူး..... ကျွန်တော်က ဆရာ့ရဲ့တပည့်မို့လား..... ဆရာ့ရဲ့ အစွမ်းအစနဲ့ဆို ဧကရာဇ်ဖြစ်မယ့်သူကိုပံ့ပိုးနေစရာမလိုပါဘူး....ဧကရာဇ်ဖြစ်လာမယ့်သူတိုင်းက ဆရာ့ကိုလေးစားမှာပါ......"
သူ ဧကရာဇ်ဖြစ်ချင်ပေမယ့် ရုပ်သေးရုပ်ဧကရာဇ်မဖြစ်ချင်ဘူး....သူများကြိုးဆွဲရာကမယ့်အစား အသေခံလိုက်မယ်......
ကျန်းချန်ရှန်း စိတ်သက်သာရာရစွာ ပြုံးလိုက်သည်။ အနည်းဆုံးတော့ ဒီကလေးက တခြားသူတွေကို လွယ်လွယ်နဲ့ အယုံအကြည်မရှိဘူးပဲ....
သူက ကျန်းဇီယုကိုကြည့်ပြီး ပြုံးလိုက်ကာ....
“မင်းက ကောင်းကင်က အဆုံးအဖြတ်ပေးထားတဲ့သားတော်ဆို ငါက ကောင်းကင်ပဲ..... ငါ မင်းကို ဧကရာဇ်ဖြစ်စေချင်တယ်...."
ထိုကဲ့သို့ လွှမ်းမိုးချုပ်ကိုင်ထားသော စကားလုံးများသည် ကျန်းဇီယု၏ နှလုံးသားထဲတွင် ဝမ်းနည်းပူဆွေးမှုကို ဖြစ်စေသည်။
ကျန်းချန်ရှန်းက လီကုန်းကုန်းဘက်လှည့်လိုက်ပြီး....."လီကုန်းကုန်း....ကျုပ်ရဲ့ အထောက်အထား အစစ်အမှန်ကို ပြောပြလိုက်ပါ....."
သူ့ရဲ့ အထောက်အထားအစစ်အမှန်......
ကျန်းဇီယု အံ့အားသင့်သွားပြီး လီကုန်းကုန်း ကို ကြည့်လိုက်သည်။
လီကုန်းကုန်းသည် ကျန်းချန်ရှန်းကို လေးလေးစားစား ဦးညွှတ်ပြီး ကျန်းဇီယု ကို ကြည့်လိုက်ကာ....
"ဝေ့ဝမ်..... ဆရာတော်ချန်ရှန်းက နှောင်းဧကရာဇ် ခန့်အပ်ထားတဲ့ အိမ်ရှေ့စံပါ...."
ကျန်းဇီယုရဲ့အမူအရာက သိသိသာသာပြောင်းလဲသွားပြီး သူ့တစ်ကိုယ်လုံး တုန်ရီနေပြီ......
"ကျန်းမင်းဆက်ကို စတင်တည်ထောင်ချိန်ကတည်းက နှောင်းဧကရာဇ်က မမွေးလာသေးတဲ့သန္ဓေသားဘဝမှာတင် မင်းသားကို အိမ်ရှေ့စံအဖြစ် ခန့်အပ်ခဲ့တယ် ....ဒါက တလောကလုံးသိကြတဲ့ လှပတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ....ဒါပေမယ့် မဟာယာနနဂါးမျှော်စင်က ရုတ်တရက် တိုက်ခိုက်ပြီးအာဏာကို ထိန်းချုပ်ဖို့ကြိုးစားကြတော့ နှောင်းဧကရာဇ်ကိုယ်တိုင်က မဟာယာနနဂါးမျှော်စင်မှာ ကျင့်ကြံခဲ့ဖူးတာကြောင့် ဘယ်လောက် တန်ခိုးကြီးတယ်ဆိုတာ ကောင်းကောင်းကြီးသိနေတယ်.... ဒါ့ကြောင့် အိမ်ရှေ့စံကို ကာကွယ်ဖို့ မိဘမဲ့တစ်ဦးကိုရှာပြီးလူစားထိုးခဲ့ကြတယ်.... အိမ်ရှေ့စံကိုတော့ လုံချီဘုရားကျောင်းကိုပို့ပြီး ကောင်းကင်ရဲ့အလိုဆန္ဒကို လျှို့ဝှက်စွာ ပြောင်းလဲခဲ့ကြတယ်......ဒီလိုနည်းနဲ့သာ အိမ်ရှေ့စံ တစ်သက်တာလုံး ဘေးကင်းမယ်လို့ မျှော်လင့်ခဲ့တာကြောင့်ပါ..... နောက်ဆုံးတော့ အိမ်ရှေ့စံအတုနဲ့ ဒုတိယမင်းသားတို့ အချင်းချင်းတိုက်ခိုက်ကြပြီးသေဆုံးသွားခဲ့ကြလို့ သတ္တမမင်းသား၊.လက်ရှိဧကရာဇ်မင်း နန်းတက်နိုင်ခဲ့တယ်....ဒါတွေအားလုံးက နှောင်းဧကရာဇ်တွေနဲ့ မဟာယာနနဂါးမျှော်စင်ရဲ့ အစီအစဉ်တွေပါပဲ......"