ချန်းဝူ....မင်းဘာလို့ အိုမင်းမသွားတာလဲ......
Vol. 4 Ch. 59
ကျန်းဇီယုသည် လီကုန်းကုန်းနှင့်အတူ ရှုထျန်းကျိနှင့် အခြားသူများရှိရာသို့ ပြန်သွားခဲ့သည်။ ဧကရာဇ်အား ပြန်လည်ကျန်းမာလာစေရန် ဝတ်ဖြူတော်အစောင့်များက သူ၏အိပ်ခန်းသို့ ပြန်ပို့ခဲ့ပြီးဖြစ်သည်။ နန်းတော်အတွင်း အစောင့်အကြပ်များစွာ ရောက်ရှိလာပြီး နန်းတော်ရှိ နေရာတိုင်းတွင် ဖယောင်းတိုင်များ ထွန်းညှိထားသည်။
စစ်သည်အများအပြား နန်းတော်ထဲသို့ ပြေးဝင်လာကြပြီး ထိုစစ်သည်များက ကျန်းဇီယု၏လက်အောက်ငယ်သားများနှင့် ကျန်းဇီဟန်၏လက်အောက်ငယ်သားများရှိသည်။ ကျန်းဇီဟန်၏အလောင်းကိုတွေ့လိုက်သောအခါ သူတို့၏အမူအရာများ သိသိသာသာပြောင်းလဲသွားလေသည်။
ဟွာဂျန်းရှင်းက တံစက်မြိတ်မှာရပ်နေပြီး....
" အိမ်ရှေ့စံက မင်းကြီးကိုလုပ်ကြံဖို့ လူဆိုးတွေကို နန်းတော်ထဲ ခေါ်သွင်းခဲ့တယ်...ကံကောင်းထောက်မစွာနဲ့ ဝေ့ဝမ်ကအချိန်မှီကယ်တင်နိုင်ခဲ့တယ်...."
သူမ၏စကားများသည် အိမ်ရှေ့မင်းသား၏အဖွဲ့ခွဲမှ စစ်သားများကို တခုခုသတ်ပေးနေသလိုပင်.....
သူတို့အမြင်အရ အိမ်ရှေ့မင်းသားက ဧကရာဇ်ကို လုပ်ကြံဖို့အတွက်ဆို ရူးနေမှပဲဖြစ်ထိုသို့လုပ်ပေလိမ့်မည်။.မည်သို့ပင်ဆိုစေ သူသည် အိမ်ရှေ့စံမင်းသားဖြစ်သည် မဟုတ်လော........
ရှုထျန်းကျိက ပြုံးပြီး......."ကျုံးထျန်းဝူ၊ ငါတို့ လှုပ်ရှားဖို့ အချိန်တန်ပြီ....ဒီညလည်း လူပိုသေသင့်တယ်......”
ကျုံးထျန်းဝူက မုတ်ဆိတ်မွေးတွေကို ဟန်ပါပါသပ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ သူ့မျက်လုံးများကလည်း အနည်းငယ် စိတ်လှုပ်ရှားနေသလို တောက်ပနေသည်။
နောက်တစ်နေ့တွင် ဧကရာဇ်က ဝေ့ဝမ် နန်းတက်တော့မည်ဖြစ်ကြောင်း ကြေငြာလိုက်ပြီး ကြီးကျယ်သောအကြောင်းအရာ ပြီးသွားခဲ့သည်။
တစ်ဖက်တွင်မူ........
ကျန်းချန်ရှန်း လုံချီ ဘုရားကျောင်းသို့ ပြန်ရောက်သောအခါ၊ ပိုင်ချီသည် အံ့သြစွာဖြင့် လျှာသပ်လိုက်ပြီး.......
"တကယ်ကို အံ့သြစရာကောင်းတယ်....ဒီလို အစွမ်းထက်တဲ့ ကျွမ်းကျင်သူကို တစ်ချက်တည်းနဲ့ သတ်ဖြတ်လိုက်တဲ့အပြင် အဝေးက ရန်သူတွေနောက်လိုက်ဖို့ လက်နက်ကို ထိန်းချုပ်နိူင်အောင်ဘယ်လိုများစီမံခဲ့တာလဲ....."
ပိုင်ချီသည် နှစ်တစ်ရာကျော်ကျင့်ကြံခဲ့သောနတ်ဆိုးသားရဲဖြစ်သောကြောင့် ၎င်း၏ခန့်မှန်းချက်သည် တူညီသောနယ်ပယ်မှ သိုင်းပညာရှင်တို့၏ အမြင်ထက် များစွာကျော်လွန်သွားခဲ့သည်။ ထို့ကြောင့် ယနေ့ည တိုက်ပွဲကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။
ကျန်းချန်ရှန်း ပေါ်လာသောအခါ၊ ရဲ့ကျယ်၏လက်အောက်ငယ်သားများ လျင်မြန်စွာ ထွက်ပြေးသွားကြသည်။ ကျန်းချန်ရှန်းက သူတို့ကို လျစ်လျူရှုထားပုံရပေမယ့် ကျွမ်းကျင်ပညာရှင်တွေ နန်းတော်ထဲက မပြေးခင်မှာ အရပ်ရပ်ကနေ ပျံဝဲနေတဲ့ လက်နက်တွေနဲ့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။
ဒီနည်းလမ်းက တကယ်ကြောက်စရာကောင်းလွန်းလှသည်။
ထို့အပြင်၊ ရဲ့ကျယ်၏အော်ရာသည် ကျန်းချန်ရှန်းကိုရင်ဆိုင်ရချိန်တွင် သေသူနှင့်တူသည်။ သူလုံးဝကို မခုခံနိုင်ခဲ့ပေ။
အဲဒါကို ပိုတွေးလေ၊ ကျန်းချန်ရှန်းဟာ အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ မဟုတ်ပေမယ့် ဒဏ္ဍာရီဆန်ဆန် ရွှေခန္ဓာ နယ်ပယ် ကျွမ်းကျင်သူ ဖြစ်တယ်လို့ ပိုခံစားရလေလေပင်.....
ကျန်းချန်ရှန်းက အဖြေမပေးဘဲ ပြုံးရုံသာပြုံးနေခဲ့သည်။
အိမ်သို့ပြန်လာပြီးနောက် ကျန်းချန်ရှန်းသည် ကုတင်ပေါ်တွင်ထိုင်ကာ သူရရှိသော ရှင်သန်ခြင်းဆုလာဘ်ကို စစ်ဆေးခဲ့သည်။
[ကျန့်ယွီနှစ် ခုနှစ်နှစ်မြောက်တွင် အိမ်ရှေ့စံမင်းသား ကျန်းဇီဟန်နှင့် မဟာယာနနဂါးမျှော်စင်ပညာရှင် ရဲ့ကျယ်တို့က သင့်အား ဝိုင်းရံတိုက်ခိုက်ခဲ့ကြသည်။ သူတို့၏ဝိုင်းရံမှုမှ အောင်မြင်စွာ လွတ်မြောက်ခဲ့ပြီး ဘေးဆိုးတစ်ခုမှ လွတ်မြောက်ခဲ့သည်။ ရှင်သန်ခြင်းဆုလာဘ်အဖြစ် ကောင်းကင်ဘုံအောင်နိုင်ခြင်းနှင့်မြေသားအဌဂံဓား၀င်္ကပါကိုရရှိပါသည်....]
နာမည်က ဘယ်လောက်ရှည်လိုက်သလဲ.....
ကျန်းချန်ရှန်းသည် ဓား၀င်္ကပါဆုလာဘ်ကို တိတ်တဆိတ် အမွေဆက်ခံခဲ့သည်။
၀င်္ကပါများနှင့် ပထမဆုံးအကြိမ် ထိတွေ့ခွင့်ရသောကြောင့် အလွန်စိတ်ဝင်စားနေခဲ့သည်။
ဤဓား၀င်္ကပါသည် ဝိညာဉ်စွမ်းအင်နှင့် စစ်မှန်သောချီအတွက် သင့်လျော်သည်။ လူတစ်ဦး သို့မဟုတ် လူများစွာ အသုံးပြုနိုင်သည်။ လုံချီဘုရားကျောင်း၏တပည့်များ လေ့ကျင့်သင်ယူနိူင်ရန်အတွက်၎င်းကိုထားခဲ့ရန်ဆုံးဖြတ်ခဲ့သည်။ သိုင်းလောကရှိ ဂိုဏ်းကြီးအများစုတွင် ထူးထူးခြားခြား အကာအကွယ်ပေးသည့် ၀င်္ကပါများ ရှိကြသည်။ သို့သော်လည်း ထို၀င်္ကပါအများစုဟာ ကြားကောင်းရုံသက်သက် အတွက်သာဖြစ်ပြီး ပခူရရှိထားသော ဆုလာဘ်နှင့်မည်သို့မျှနှိုင်းယှဉ်နိုင်မည်မဟုတ်ပေ။
ထိုညတွင် ကျန်းချန်ရှန်း အင်မတန်စိတ်လက်ကြည်သာနေသည်။ နောက်ဆုံးတော့ သူ့သားအရင်းနဲ့ ပြန်ဆုံနိုင်ခဲ့ပြီး မနက်ဖြန်တွင် ဝေ့ဝမ်၏ နန်းတက်ခြင်းကို ကြေငြာပြီး သူ၏စိုးရိမ်မှုများအား ပြေလည်စေမည်ဖြစ်သည်။
သူပျော်နေပေမယ့် မြို့ထဲက မှူးမတ်တွေကတော့ အိပ်ဖို့ခက်ခဲနေကြသည်။
အိမ်ရှေ့စံမင်းသားသည် နန်းတော်၌ ဝမ်းနည်းဖွယ် ကွယ်လွန်သွားခဲ့ပြီး ဧကရာဇ်သည်လည်း ဒဏ်ရာအပြင်းအထန်ရခဲ့သည်။ မနက်ဖြန်မှာ ထီးနန်းစွန့်မယ်လို့လည်း ကောလဟလတွေကြားနေရသည်။ ထိုသတင်းက သူတို့အား အံသြသွားစေသည်။
ဝေ့ဝမ်နှင့် အိမ်ရှေ့မင်းသားတို့ကြား တိုက်ပွဲသည် အချိန်အတော် ကြာမြင့်နေပြီဖြစ်သော်လည်း အခုလို ရုတ်တရက် နိဂုံးချုပ်မည်ဟု မမျှော်လင့်ထားပေ။
ကျန်းဇီဟန် သေဆုံးပြီးနောက် ဤတိုက်ပွဲ ပြီးဆုံးမည်ဖြစ်သည်။ အိမ်ရှေ့မင်းသားက ဝေ့ဝမ်လက်ထဲမှာ ဆုံးပါးသွားရင်တောင်မှ အိမ်ရှေ့မင်းသား ကွယ်လွန်သွားတဲ့အခါ ဝေ့ဝမ်ကပဲ နန်းတက်နိုင်မှာမို့ ဘယ်သူမှ မေးခွန်းထုတ်ဝံ့မည် မဟုတ်ပေ။
စံအိမ်အသီးသီးက သူလျှိုတွေကို စုံစမ်းဖို့ ေ လွှတ်လိုက်ကြပြီး စူးစမ်းလေလေ ပိုတုန်လှုပ်လေလေပင်......
ယနေ့ညတွင် အင်မော်တယ်ဆရာတော်ချန်ရှန်းသည် အမှန်တကယ် လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့သည်။ အိမ်ရှေ့မင်းသား၏ လက်အောက်ရှိ အသန်မာဆုံး ကျွမ်းကျင်သူ ရဲ့ကျယ်သည် ဆရာတော်ချန်ရှန်း၏ ခေါင်းဖြတ်ခြင်းကို ခံခဲ့ရသည်။
ဝတ်ဖြူတော်အစောင့်များသည် ဝေ့ဝမ်နှင့်ပူးပေါင်းကာ နန်းတော်ကို ပိတ်ချထားသည်။
ယန်မိသားစုနှင့်ချန်းမိသားစုတို့သည် ဘက်ပေါင်းစုံမှ အရာရှိများကို သူ့တို့ဘက်အောင်ဆွဲခေါ်ဖို့အခွင့်အရေးယူခဲ့ကြသည်။ထို့အပြင် မှားယွင်းတဲ့ဘက်မှာ ရပ်တည်နေတဲ့ မိသားစုတွေကိုလည်း အခွင့်အရေးပေးခဲ့သေးသည်။
တစ်ညတည်းနှင့်တင် အရာအားလုံးပြောင်းလဲခဲ့ချေပြီ။
နောက်နေ့မနက်မှာ ဝန်ကြီးတွေက တရားရုံးကို သွားခဲ့ကြသည်။ နန်းတော်တွင် ဝတ်ဖြူဖြူဝတ်အစောင့်များနှင့် အလောင်းများကို ထမ်းထားသည့် အစောင့်များဖြင့် ပြည့်နှက်နေပြီး နန်းတွင်းရှိ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများကို ကြောက်ရွံ့တုန်လှုပ်စေသည်။
နန်းတွင်းစည်းဝေးပွဲချိန်ရောက်သောအခါ၊ ကျန်းယွီက မိန်းမစိုးတစ်ဦး၏အကူညီဖြင့်ညီလာခံသို့ရောက်လာပြီး နဂါးပလ္လင်ပေါ်တွင် ထိုင်နေခဲ့သည်။ သူ့မျက်နှာက နွမ်းနယ်နေပြီး ဖြူဖပ်ဖြူရော်ဖြစ်နေတာကို လူတိုင်းသတိထားမိကြသည်။ သူသည် ဖျားနေသကဲ့သို့ ကိုယ်အလေးချိန် အများအပြား ကျဆင်းနေသည်။
ကျန်းဇီယုသည် စစ်ဗိုလ်ချုပ်များ၏ ရှေ့တွင် ရပ်နေပြီး တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ တစ်ညလုံး သူ့စိတ်တွေကို ပြုပြင်ပြောင်းလဲပြီး အမှန်တရားကို လက်ခံခဲ့သည်။ အခုချိန်မှာတော့ ရည်မှန်းချက်တွေ ပြည့်နှက်နေခဲ့ပါပြီ။
၀န်ကြီးများသည် ၎င်းတို့၏ အသိအကျွမ်းအများအပြား ပျောက်ဆုံးနေကြောင်း သတိပြုမိသောကြောင့် အကြောက်တရားဖြင့် နှုတ်ဆိတ်နေခဲ့သည်။
အိမ်ရှေ့မင်းသား ကွယ်လွန်သွားသဖြင့် လူများစွာ သေရမည်မှာ သေချာသည်။ လူတိုင်းသည် ၎င်းတို့၏ ရပ်တည်ချက်ကို ပြောင်းလဲရန် အခွင့်အရေး ရှိမည်မဟုတ်ပေ။
ကျန်းယွီသည် တရားရုံးအရာရှိများကို ငုံ့ကြည့်ကာ ....“ငါကိုယ်တော်… မနေ့ညက အိမ်ရှေ့မင်းသားရဲ့ လုပ်ကြံမှုကို ခံခဲ့ရတယ်..... ကံကောင်းထောက်မစွာနဲ့ ဝေ့ဝမ်က ငါ့ကို ကယ်တင်ခဲ့ပေမယ့် ငါ့မှာ တိုင်းပြည်ကို အုပ်စိုးဖို့ အခွင့်အာဏာ မရှိတော့ဘူး… ဒီနေ့... ဝေ့ဝမ် ထီးနန်းကို အမွေဆက်ခံတော့မယ်လို့ ကြေညာတယ်…”
“ဒီအမိန့်ကို ကမ္ဘာသိအောင် ကြေညာလိုက်ပြီမို့… ဒီနေ့ကစပြီး အသက်ဝင်တော့မှာပါ.....တရားဝင် နန်းမတက်ခင်မှာလည်း နန်းတွင်းကိစ္စတွေအားလုံးကို ဝေ့ဝမ်ကပဲ စီမံပေးလိမ့်မယ်..…”
ကျန်းယွီသည် ထိုသို့ပြောပြီးနောက်တွင် ပြင်းထန်စွာ ချောင်းဆိုးပြီး အလွန်စိတ်မသက်မသာဖြစ်ရသည်။ ထို့နောက် သူ့ကို အောက်ပြန်ဆင်းဖို့ ကူညီရန် လက်ဟန်ပြလိုက်သည်။
ဝန်ကြီးများ ဒူးထောက်ကာ ကျန်းယွီကို နှုတ်ဆက်ခဲ့ကြသည်။
ကျန်းယွီ၏ နောက်ကျောကို ကြည့်ရင်း ခံစားချက်များ ရောထွေးနေခဲ့သည်။ မနေ့တုန်းက ကျန်းယွီဟာ ကြီးကျယ်ခမ်းနားနေသေးပေမယ့် အခုဆို အသက် 30လောက်ပို၍အိုစာနေသလိုပင်......
အာဏာအတွက် တိုက်ပွဲဝင်ခြင်းသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
ကျန်းဇီယုသည် နဂါးပုလ္လင်ပေါ်သို့ တိုက်ရိုက်တက်သွားခဲ့သည်။ သူသည် နဂါးပုလ္လင်ထိုင်ပေါ်တွင် ထိုင်ပြီး သူ၏ဓားကို ကြမ်းပြင်ပေါ်ချထားပြီး တရားရုံးအရာရှိများကို ကြည့်လိုက်သည်။
ရှုထျန်းကျိ၊ ကျုံးထျန်းဝူနှင့် ဝေ့ဝမ်၏ အခြားစစ်သည်များသည် ဂုဏ်ယူသောအမူအရာများကို ထုတ်ပြပြီး ခေါင်းမော့လိုက်ကြသည်။
စီရင်စုသုံးခုမှ ဝန်ကြီးချုပ်များနှင့် ဝန်ကြီးဌာန ခြောက်ခုမှ ၀န်ကြီးများသည် ဝေ့ဝမ်၏အမူအရာကို အနည်းငယ်ရိုင်းစိုင်းသည်ဟု ခံစားမိသော်လည်း နန်းတော်အနှံ့တွင် သွေးနံ့များ ပြည့်နှက်နေသေးသဖြင့် ထုတ်မပြောရဲကြပေ။
ကျန်းဇီယုသည် မျက်လုံးများကို မှိတ်ထားပြီး အသက်ပြင်းပြင်းရှူလိုက်ပြီးမှ.....
“ရာဇပုလ္လင်ဆိုတာ ဒါလား.....ကမ္ဘာတခုလုံးကိုအုပ်စိုးနိုင်တဲ့ရာဇပုလ္လင်...အာဏာရဲ့အရသာက တကယ်ကိုအံ့မခမ်းပဲ....."
ဝန်ကြီးတွေကို ဂရုမစိုက်ဘဲ သူ့စိတ်ထဲ ထိုသို့သာတွေးနေခဲ့သည်။
နောက်ဆုံးတွင်၊ သူသည် ဧကရာဇ်ဖြစ်သောကြောင့် အခြားသူများကိုကြည့်ရန် မလိုအပ်တော့ပေ။
ကျန်းဇီယုက သူ့အပြုံးကို ပြန်ရုတ်သိမ်းလိုက်ပြီး...... "ဒီနေ့ကစပြီး ကျုပ်ကိုယ်ကျုပ် ကျန်း(ငါကိုယ်တော်)လို့ပဲသုံးနှုန်းမယ်....နန်းတက်ပွဲ အခမ်းအနားကို ဒီနှစ်မကုန်ခင် ပြင်ဆင်ရမယ်။ နောက်နှစ် နွေဦးရာသီမှာ ငါကိုယ်တော် နန်းတက်ပြီး ထိုသင့်တဲ့လူတွေကို ဂုဏ်ပြုမယ်.....”
"ငါကိုယ်တော်အုပ်ချုပ်မယ့်ခေါတ်သစ်ရဲ့အမည်က... ချန်းဝူ!"
"ချန်းဝူခေတ်မှာ သိုင်းပညာက တိုင်းပြည်၏ အခြေခံအုတ်မြစ်ရမယ်....."
ဝန်ကြီးများက တညီတညွတ်တည်း ဒူးထောက်ကာ “ကျွန်ုပ်တို့၏ ဧကရာဇ် သက်တော်ရာကျော်ရှည်ပါစေ” ဟု ကြွေးကြော်ခဲ့ကြသည်။
ကျန်းဧကရာဇ် ထီးနန်း စွန့်လွှတ်ပြီး ဝေ့ဝမ် နန်းတက်တဲ့ သတင်းဟာ မုန်တိုင်းတစ်ခုလို ကမ္ဘာအနှံ့ ပျံ့နှံ့သွားခဲ့သည်။ ၎င်းသည် အနီးနားရှိ မင်းဆက်များအထိပင် ရုတ်ရုတ်သဲသဲဖြစ်စေခဲ့သည်။
ဝေ့ဝမ်၏ အောင်မြင်မှုများကြောင့် လူများအပြား ရွှင်မြူးနေကြသည်။ ကျန်းယွီနှင့်ယှဉ်ရင် ဝေ့ဝမ်ကို ပိုကြောက်ကြသောကြောင့် ဘယ်မင်းဆက်မှ ထိပါးဖို့စိတ်မကူးဝံ့ကြတော့ပေ။
ဝေ့ဝမ်သည် ထီးနန်းမတက်သေးသော်လည်း တိုက်ပွဲဝင်စိတ်ဓာတ်အပြည့်ရှိသည်။ သူသည် စည်းကမ်းအသစ်များကို တစ်မျိုးပြီးတစ်မျိုး ထုတ်ပြန်ကာ သိုင်းပညာကို ပြင်းပြင်းထန်ထန် ထောက်ခံခဲ့သည်။ သူသည် ရွာ၊ မြို့၊ ခရိုင်နှင့် မြို့တော်တို့မှ သိုင်းပညာစာမေးပွဲများကို အဆင့်သတ်မှတ်ခဲ့သည်။ ၎င်းတို့အား အသေးစိတ် ပိုင်းခြားပြီး အဆင့်တိုင်းတွင် သိုင်းပညာဆိုင်ရာ အောင်မြင်မှုများကို လူသိရှင်ကြား ထုတ်ပြန်ခဲ့ပြီး သိုင်းပညာရှင်များကို စိတ်လှုပ်ရှားစေသည်။
ဝေ့ဝမ်သည် သိုင်းပညာကို မြှင့်တင်ခြင်းအပြင် ပြည်သူများ၏အကျိုးစီးပွားရေးကို အကျိုးပြုသည့် မူဝါဒများကို ချမှတ်ခဲ့ပြီး မြို့တော်ကို ပိုမိုချမ်းသာလာစေသည်။
ဝေ့ဝမ်သည် လုံချီ ဘုရားကျောင်းကို မြေယာပြန်လည်ရရှိရန်နှင့် ဆောက်အဉီးများချဲ့ထွင်ရန် လူများကို အထူးစေလွှတ်ခဲ့သည်။ အဆောက်အအုံဟောင်းများကိုပင် ပြန်လည်ပြုပြင်ခဲ့သည်။
ကျန်းယွီနဲ့ ယှဉ်ရင် ဝေ့ဝမ်ဟာ ကျန်းမင်းဆက်ကို ပိုကောင်းအောင်လုပ်ဖို့ အာရုံစိုက်ခဲ့သည်။ သူသည် တစ်နေ့လုံး တော်ဝင်စာကြည့်ဆောင်တွင် သဝဏ်လွှာများကြား၌ နစ်မြှုပ်နေခဲ့ပြီး ကျန်းချန်ရှန်းဆီ သွားရောက်လည်ပတ်ရန် အချိန်မရှိခဲ့ပေ။ သို့သော် သူသည် လက်ဆောင်များပေးပို့ရန် လူများကို မကြာခဏ စေလွှတ်လေ့ရှိပြီး နေ့တိုင်း မိန်းမစိုးတစ်ဦးသည် နန်းတော်မှ အဆာပြေမုန့်များကို ကျန်းချန်ရှန်းဆီသို့ ပို့ပေးသည်။
ဝေ့ဝမ်သည် ဟွာဂျန်းရှင်းကို ညာလက်ရုံးအစောင့်တပ်၏ခေါင်းဆောင်အဖြစ် ရာထူးတိုးမြှင့်ပြီး သူ့ကို ဒုတိယတန်းအရာရှိအဖြစ် ခန့်အပ်ခဲ့သည်။ သူမသည် ဝတ်ဖြူတော်အစောင့်များနှင့် ကောင်းကင်စံအိမ်လုပ်ကြံသတ်ဖြတ်သူတို့ကို တာဝန်ယူကြီးကြပ်နေရသည်။
ကျန်းချန်ရှန်း၏ခြံဝင်းထဲတွင်........
ဟွာဂျန်းရှင်းသည် ပေါ့ပေါ့ပါးပါး အဝတ်အစားများ ဝတ်ဆင်ထားပြီး ခါတိုင်းလိုမျက်နှာဖုံးမတတ်ထားပေ။
"ဇီယုက ပုံမှန်အားဖြင့် အလုပ်များပေမယ့် သူက ငါ့ကို လစ်လျူမရှုဘူး..... လွန်ခဲ့တဲ့ရက်အနည်းငယ်က ဧကရာဇ်ရဲ့ကိုယ်လုပ်တော် ကျွန်မကို ဆူပူ ကြိမ်းမောင်းခဲ့လို့ ဇီယုက ဧကရာဇ်ကို မမေးဘဲ ချက်ချင်း ရာထူးချလိုက်တယ်....."
ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး..... "ကျန်းယွီ ကြာကြာအသက်မရှင်နိုင်ဘူး ..သူ့မှာ ဒါတွေကို ဂရုစိုက်ဖို့ အချိန်မရှိဘူး”
ကျန်းယွီသည် အစစ်အမှန်ချီကို သိုင်းပညာရှင်အများအပြားဆီက စုပ်ယူခဲ့သဖြင့် သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးကြော များကို အလွန်အားနည်းစေသည်။ ယခုအခါတွင် သူ၏ခန္ဓာကိုယ်ရှိ အစစ်အမှန်ချီများအားလုံးကို အဆိပ်နှင့်အတူ စုပ်ထုတ်ခံလိုက်သောကြောင့် လာမည့်နွေဦးအထိပင် သူ့အတွက် အသက်ရှင်ရန် ခက်ခဲလှသည်။
ဟွာဂျန်းရှင်းက ကျန်းချန်ရှန်းကို စိုက်ကြည့်ရင်း..... "ကျွန်မ တရားဝင် ရာထူးက နှုတ်ထွက်ပြီး ရှင်နဲ့အတု လုံချီဘုရားကျောင်းမှာ လာနေချင်တယ်...."
ကျန်းဇီယု နန်းတက်သောအခါ သူမ၏ဆန္ဒများ ပြည့်စုံခဲ့ပြီး ယခုအခါ ဘဝကိုရိုးရှင်းစွာဖြတ်သန်းနိုင်ပြီဖြစ်သည်။
သူမသည် အသက်ငါးဆယ်ကျော်နေပြီဖြစ်သဖြင့် သူမနှင့် ကျန်းချန်ရှန်းအတွက် အချိန် အများကြီး မကျန်တော့ပေ။
ကျန်းချန်ရှန်းက ခေါင်းညိတ်လိုက်ပြီး
" မင်းသာပျော်မယ်ဆို ကြိုက်တာလုပ်ပါ.. "
ဟွာဂျန်းရှင်းက ပန်းတစ်ပွင့်လိုလှပစွာ ပြုံးပြလိုက်လေသည်။
ထိုအချိန်တွင်....သူမ ဘဝအတွက်အရာရာလုံလောက်ခဲ့ပြီဟု ခံစားနေရသည်။
မြေဝိညာဉ်သစ်ပင်အောက်မှာ ထိုင်နေသည့် ပိုင်ချီသည် ကျန်းချန်ရှန်းကို သေသေချာချာကြည့်ရင်း တခုခုတွေးနေသည်။
ပိုင်လုံကတော့ ဤနေရာတွင် မရှိခဲ့ဘဲ ဟွမ်းချွမ်၊ ဝမ်ချန်းတို့နှင့်အတူ တောင်ပေါ်တွင် ပြေးလွှားဆော့ကစားနေသည်။
ပိုင်လုံ၏ ပြောင်းလဲလာသောအသွင်အပြင်သည် ဝေ့ဝမ် စေလွှတ်လိုက်သည့် ဆောက်လုပ်ရေး အလုပ်သမားများကို ထိတ်လန့်စေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် လုံချီ ဘုရားကျောင်း၏တပည့်များ၏နှစ်သိမ့်ကူညီမှုများကြောင့် ပိုင်လုံနှင့်ရင်းနှီးလာခဲ့ကြသည်။ ၎င်းတို့ကြောင့် ပိုင်လုံ၏ ဂုဏ်သတင်းက ပို၍ပင် ကြီးမားလာခဲ့သည်။
နှင်းတွေ အရည်ပျော်တော့မည့် နွေဦးရာသီအစပိုင်းတွင်.........
ဧကရာဇ်သည် ဝေ့ဝမ် နန်းမတက်မီ နာမကျန်းမှုဖြင့် ကွယ်လွန်သွားခဲ့ပြီး သူ၏သေဆုံးပြီးချိန်ဘွဲ့အမည်မှာ ဧကရာဇ်ဝမ်ဖြစ်သည်။
နွေဦးရာသီသစ်တွင် ဝေ့ဝမ်ကျန်းဇီယု နန်းတက်ခဲ့ပြီး တကျန်း၏ တတိယမြောက်ဧကရာဇ်ဖြစ်လာခဲ့သည်။
ချန်းဝူခေတ်၏ ပထမနှစ်တွင်......
ကျန်းချန်ရှန်းနှင့် ဟွာဂျန်းရှင်းတို့သည် ချောက်ကမ်းပါးတစ်ခုရှေ့တွင် ရပ်ကာ တစ်နေရာဆီသို့မျှော်ကြည့်နေကြသည်။
တော်ဝင် နန်းတက်ပွဲ...... နန်းတော်တွင်း သီဆိုကခုန်မှုတို့ကြောင့် အင်မတန်သက်ဝင်စည်ကားနေသည်။
ဟွာဂျန်းရှင်းသည် ကျန်းချန်ရှန်းကို ဘေးတိုက် လှည့်ကြည့်ကာ "ဇီယုအကြောင့် ကျန်းယွီကိုဘာလို့မပြောပြခဲ့တာလဲ.." ဟု မေးခဲ့သည်။
ကျန်းချန်ရှန်းက တခစ်ခစ်ရယ်လိုက်ပြီး “ဘာများအရေးကြီးသေးလို့လဲ.....ဇီယု နန်းတက်ဖို့ ကူညီပေးတာက ငါ့ရဲ့ရေတိုပန်းတိုင်တစ်ခုပဲ..... ငါတကယ်လိုက်စားတဲ့အရာက ကျင့်ကြံခြင်းနဲ့ အသက်ရှည်ခြင်းပဲ......”
“သူသေဆုံးတဲ့အချိန်အထိ ကျန်းယွီက ဇီယု ဟာ သူ့သားမဟုတ်မှန်း မသိခဲ့ဘူး....သနားစရာပဲ....ငါ သူ့ကို နည်းနည်းတော့ မုန်းသင့်တယ်"
“သူက ပင်းအန်းရဲ့ဖခင်ဖြစ်တာကြောင့် နောင်တရမှုနည်းနည်းနဲ့ ထွက်သွားပါစေ.... အသက်ရှင်နေတဲ့သူက ဘာလို့လူသေတွေနဲ့ ငြင်းခုံနေရမှာလဲ....."
ဟွာဂျန်းရှင်းက ခေါင်းညိတ်လိုက်ပြီး အဓိပ္ပါယ်ရှိတယ်ဆိုတာ ခံစားလိုက်ရသည်။ထို့နောက် သူမ သက်ပြင်းချလိုက်ပြီး.....
“ကမ္ဘာပေါ်မှာ အင်မော်တယ်တွေ တကယ်ရှိလား........”
"ရှိနိုင်တယ်...."
ကျန်းချန်ရှန်းက တည်ငြိမ်စွာပြန်ဖြေလိုက်သည်။ သူ့ဇနီးနဲ့ သားသမီးတွေအပါအဝင် သူ့ရဲ့ အကန့်အသတ်မဲ့ သက်တမ်းအကြောင်း ဘယ်သူ့ကိုမှ မပြောခဲ့ပေ။ ဤလျှို့ဝှက်ချက်ကို သူသာလျှင် သိနိုင်သည်။ ဘာကြောင့်လဲဆိုတော့ ဒီအကြောင်း ပြန့်နှံ့ပြီးတာနဲ့ ကြီးမားတဲ့ဒုက္ခကို ဆွဲဆောင်နိုင်သောကြောင့်ပင်......
သူတို့နှစ်ယောက် ခြံထဲမပြန်ခင် ခဏလောက် စောင့်ကြည့်နေလိုက်ကြသည်။ ထိုညနေခင်းတွင် ချန်းလီ သူဆီသို့ အလည်လာခဲ့သည်။
ချန်းလီသည် အခုဆို အသက် 60 ကျော်ရှိပြီဖြစ်သော အရာရှိဟောင်းတစ်ဦးဖြစ်လာသည်။သို့သော် သူ့မျက်နှာပေါ်တွင် အပြုံးများနှင့်ပြည့်နေသည်။ လွန်ခဲ့သည့် ခြောက်လအတွင်း သူ့ကို စိတ်အားထက်သန်ဆုံးသူဟု ဆိုနိုင်သည်။ သူ၏ အစောပိုင်း ပံ့ပိုးမှုများကြောင့် ဧကရာဇ်ကို ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ကူညီပေးနိုင်သည့်အတွက် ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး အဆင့်မြင့် အရာရှိတစ်ဦးဟု ဆိုနိုင်သည်။
ဒါတွေအားလုံးဟာ ဧကရာဇ်မင်းမြတ်ကို ပထမဆုံးပံ့ပိုးပေးခဲ့တဲ့သူဖြစ်ပြီး ချန်းမိသားစုကို ယုံကြည်စေခဲ့တဲ့သူဖြစ်သောကြောင့်ပင်.....
ယန်မိသားစုမှ ယန်ချယ်သည်လည်း ဝန်ကြီးချုပ်ရာထူးသို့ တိုးမြှင့်ခံရပြီး ၎င်း၏ရာထူးမှာ ချန်းလီကဲ့သို့ မြင့်မားသည်။
တစ်ဖက်တွင် ရှုထျန်းကျိ နှင့် ကျုံးထျန်းဝူ သည် တော်ဝင်နန်းတွင်းမှ ထွက်ခွာပြီး သိုင်းလောကသို့ ပြန်လာခဲ့သည်။ ကျန်းဇီယုပေးအပ်သော သေခြင်းကင်းလွတ်ခွင့် ရွှေတံဆိပ်များလည်း ရရှိခဲ့ကြသည်။
ကျန်းယုကတော့ ချင်ဝမ် ဖြစ်နေဆဲပင်... ကျန်းဇီယုသည် ရှေးဟောင်းဟန်မင်းဆက်၏ ကျူးကျော်ခြင်းမှ ကာကွယ်ရန် ကျန်းယုထံသို့ ရှန်းပြည်နယ်ကို လွှဲအပ်လိုက်သည်။
"ဆရာတော်ချန်ရှန်း ဒီည မူးအောင် သောက်ကြမယ်.....!"
ချန်းလီက စိတ်လှုပ်ရှားစွာဖိတ်ခေါ်လိုက်သည်။ သူ့ဘဝတွင် နောင်တရစရာမရှိဟူ၍မရှိနိုင်တော့ပေ။
ကျန်းချန်ရှန်းက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ ခြံဝင်းထဲမှာ သူတို့ နှစ်ယောက် တစ်ယောက်နှင့တစ်ယောက် ခွက်ချင်းတိုက်၍ သေရည်သောက်သုံးခဲ့ကြသည်။
ဝမ်ချန်းက သူတို့အတွက် သေရည်ပြင်ဆင်ပေးသည်နှင့် ဟွမ်းချွမ်၊ပင်းအန်းတို့နှင့်အတူ ကိုယ်ပိုင်ခြံဝင်းများဆီပြန်ခဲ့ကြသည်။
မူးနေသော အနေအထားတွင် ချန်းလီ ရုတ်တရက် မေးလိုက်သည်က......
"ဆရာတော်ချန်ရှန်း မင်းဘာလို့မအိုသေးတာလဲ....."
ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး....
“ကျုပ်ရဲ့ ကျင့်ကြံမှုကြောင့်ပါ.....အသက် 51 နှစ်ရှိနေပြီမို့ မကြာခင် အသက်ကြီးတော့မှာပါ.....”
ချန်းလီ ပြုံးပြီး စားပွဲပေါ်မှောက်သွားလေသည်။
ကျန်းချန်ရှန်းက ချန်းလီကို ဘေးခန်းမှာ ထားပေးဖို့ ဝမ်ချန်းကိုအကူအညီတောင်းခဲ့ရသည်။
သိပ်မကြာခင်မှာပဲ လီကုန်းကုန်း ခြံဝင်းထဲကို ပြေးဝင်လာသည်။ သူက ကျန်းချန်ရှန်းရဲ့ နံဘေးကို လာပြီး....
“မဟာယာန နဂါးမျှော်စင်မှာ တစ်ခုခု ဖြစ်နေပြီထင်တယ်.... အနောက်တိုင်းဒေသက ဂိုဏ်းတွေအတော်တော်များများ သတ်ဖြတ်ခံခဲ့ရတယ်...သေဆုံးသူတွေအကုန်လုံး ရေညှစ်ခံထားရလိုခြောက်ကပ်နေတာမို့ မဟာယာန နဂါးမျှော်စင်က လုပ်တာလို့ပဲ ထင်တယ်...နှောင်းဧကရာဇ်နဲ့ ကျန်းဇီဟန်တို့ ကျွမ်းကျင်ကြတဲ့ မကောင်းဆိုးဝါးသိုင်းပညာကလည်း မဟာယာနနဂါးမျှော်စင်က ဆင်းသက်လာတာလေ.....ဘုန်းတော်ကြီး ကြွယ်ရှင်းလို အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတွေ ဖန်တီးဖို့ နေရာတိုင်းကနေ အစစ်အမှန်ချီတွေစုပ်နေတာဖြစ်နိုင်တယ်....”