← Chapters

နှစ်တစ်ထောင်အခြေခံအုတ်မြစ်.... ဧကရာဇ်၏စိတ်နှလုံးသား......

Vol. 4 Ch. 60

နှစ်တစ်ထောင်အခြေခံအုတ်မြစ်.... ဧကရာဇ်၏စိတ်နှလုံးသား......

Vol. 4 Ch. 60

လီကုန်းကုန်း၏ စကားကိုကြားတော့ ကျန်းချန်ရှန်း စိတ်မ၀င်စားဘဲ သာမာန်ဟုသာ ခံစားမိသည်။

သူသည် အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်ပညာရှင်ကို အလွယ်တကူ သတ်ပစ်ခဲ့သည်။ထို့ကြောင့် မဟာယာနနဂါးမျှော်စင်သည် မည်သို့ကမူးရူးထိုးရောက်လာမည်နည်း။

ဘုန်းတော်ကြီး ကြွယ်ရှင်းကဲ့သို့ အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်များဖန်တီးခြင်းကိုလည်း ကျန်းချန်ရှန်း မကြောက်ခဲ့ပေ။

အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးသည် သူ့အတွက် ဘာမှမဟုတ်ခဲ့ပေ။

ဘုန်းတော်ကြီးကြွယ်ရှင်းကို သတ်လိုက်သောအခါ သူသည် တိုင်ချင်းဓားသိုင်းကို အသုံးပြုခဲ့သည်။ ထိုဓားသိုင်း၏ ဂုဏ်သတင်းကို မြှင့်တင်ရန် ၎င်းကို အသုံးပြုနေခြင်းဖြစ်သည်။

အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူ ဆိုမထားနှင့် ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူရှိရင်တောင် မျက်တောင်တချက်ခတ်မည်မဟုတ်ပေ။

ကျန်းချန်ရှန်းက.... "ကျုပ်...နားလည်ပါတယ်"

လီကုန်းကုန်းက.... “မကြာသေးမီက သိုင်းလောကတခုလုံ အရမ်းစိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်....ကောင်းကင်လောင်ကျွမ်းခြင်းစံအိမ်က သိုင်းလောကကို ပေါင်းစည်းချင်ပေမယ့် သိုင်းတောင်ထွတ်ကြောင့် အခက်ကြုံနေရတယ်...သိုင်းတောင်ထွတ်မှာ ဂရမ်းမာစတာတစ်ယောက်ပေါ်ထွန်းလာတော့ သူ့ရဲ့ မြင့်မြတ်တဲ့ နည်းစနစ်တွေနဲ့ သဘာဝ အားသာချက်တွေသုံးပြီး ကောင်းကင်လောင်ကျွမ်းခြင်းစံအိမ်တခုလုံးကို လက်တဖက်တည်းနဲ့ တားဆီးပိတ်ဆို့ထားတယ်...."

လီကုန်းကုန်းက သိုင်းလောကအကြောင်း စတင်ပြောဆိုခဲ့ပြီး ကျန်းချန်ရှန်းကလည်း ဂရုတစိုက် နားထောင်ခဲ့သည်။

တကျန်း မင်းဆက်ကို ကျန်းယွမ် စတင်တည်ထောင်ချိန်မှစ၍ စီရင်စုဆယ့်သုံးခရိုင်၏ သိုင်းလောက ပြန်လည်ကောင်းမွန်လာပြီး ပိုမိုအားကောင်းလာမည့် အရိပ်အယောင်များ ပြသလာခဲ့သည်။ ဘုန်းတော်ကြီး ကြွယ်ရှင်း ကွယ်လွန်ပြီးနောက် အစစ်အမှန်နတ်ဘုရားနယ်ပယ်အကြောင်းကို လူတိုင်းသိရှိသွားကြပြီး ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် သိုင်းပညာရှင်တို့ကို ထိပ်တန်းကျွမ်းကျင်သူများအဖြစ် မသတ်မှတ်ကြတော့ပေ။ ယခုအခါ အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို တက်လှမ်းခြင်းသည် သိုင်းလောကတစ်ခုလုံး၏ စိတ်ကူးယဉ်ဆန်သောပန်းတိုင်ဖြစ်လာခဲ့သည်။

အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူဖြစ်လာမှသာလျှင် သိုင်းလောကတွင် ထိပ်တန်းကျွမ်းကျင်သူတစ်ဦး ဖြစ်လာနိုင်မည်ဖြစ်သည်။

တကျန်း၏ သိုင်းပညာလောကတွင် အစစ်အမှန်နတ်ဘုရားနယ်ပယ်တစ်ဆူတည်းရှိကာ ၎င်းမှာ မြို့တော်၏ အင်မော်တယ်ဆရာတော်ချန်ရှန်း ဖြစ်သည်။

သိုင်းပညာရှင်အများစု၏အမြင်တွင်၊ ဒုတိယမြောက် အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူတစ်ဦးကိုမွေးဖွားရန် သုံးနှစ်မှငါးနှစ်ကျော်ကြာလိမ့်မည်။ ဒီ့ထက်လည်း ပိုကြာသွားနိုင်သည်။

ကျန်းချန်ရှန်းက လီကုန်းကုန်းကို တစ်ချက်ကြည့်လိုက်သည်။ ဤမိန်းမစိုးကြီးသည် အသက် ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ကျော်ရှိနေပြီဖြစ်သော်လည်း ဒုက္ခများစွာကို ဖြတ်သန်းနိုင်သေးသည်။ နေရာတိုင်း သူ့အတွက် အချက်အလက်တွေ စုဆောင်းရတာ မလွယ်လှပေ။

လီကုန်းကုန်း၏အဆိုအရ သူသည် ယန်ကျင့်စဉ်ကို လေ့ကျင့်ထားသည့်အတွက် ယန်ဓာတ်မကုန်ခမ်းသရွေ့ သက်တမ်းကုန်ဆုံးသည့်တိုင်အောင် သူ၏ အထွတ်အထိပ်အခြေအနေကို ထိန်းသိမ်းထားနိုင်သည်။

ကျန်းချန်ရှန်းသည် ဆေးပုလင်းတစ်ပုလင်းကိုထုတ်ကာ စားပွဲပေါ်တင်လိုက်သည်။

“ ယူလိုက်ပါ...အခုချိန်ကစပြီး လစဉ် တစ်လုံးစီသောက်လိုက်....."

" ဒါက ဘာအတွက်လဲ မေးလို့ရမလား "

"ဒါက လူတစ်ယောက်ရဲ့ သက်တမ်းကို ဆွဲဆန့်ပေးနိုင်တယ်....."

ခန္ဓာကိုယ်ကို အာဟာရဖြည့်ပေးပြီး အနှစ်သာရနဲ့ စိတ်ဝိဉာဉ်ကို ပြုစုပျိုးထောင်ပေးမှသာ အသက်ရှည်စေလိမ့်မည်။

လီကုန်းကုန်း ထိုစကားကိုကြားသောအခါ အံ့သြဝမ်းသာဖြစ်မိသည်။ သူ ကမန်းကတန်း လက်ခံလိုက်ပြီး ကျန်းချန်ရှန်းကို ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။ ကျန်းယွမ်သည် ကျန်းချန်ရှန်း၏ဆေးကိုသောက်သုံးပြီး နှစ်အနည်းငယ်ကြာအောင် ထိန်းထားနိုင်ခဲ့သည်။ လီကုန်းကုန်းသည် ၎င်းကို သူ့မျက်စိဖြင့်မြင်သောကြောင့် ကျန်းချန်ရှန်း၏ဆေးပညာကို ချွင်းချက်မရှိ ယုံကြည်ခဲ့သည်။

ကျန်းချန်ရှန်းသည် သူနှင့်ရင်းနှီးသောသူများအတွက် ထိုသို့သောဆေးများကို တွန့်တိုခြင်းမရှိပါ။ သို့သော်လည်း ဆေးများသည် ရောက်ကိုရောက်လာမည့်အနိစ္စသဘောကို နှောင့်နှေးစေနိုင်ရုံသာ......

မခွဲခွာခင်အထိ ရသလောက်တော့အချိန်ဆွဲရမည်သာ.......

ဤသည်မှာ အင်မော်တယ်ဘဝ၏ အကြီးမားဆုံးသော ညဉ်းပန်းနှိပ်စက်မှုဖြစ်နိုင်သည်။

သို့သော်၊ ဤသည်မှာ ဘဝတွင် ပျော်ရွှင်မှုနှင့် လွမ်းဆွေးစရာရှိသောကြောင့် စိတ်ပိုင်းဆိုင်ရာ ပြုစုပျိုးထောင်မှုဖြစ်စဉ်တစ်ခုလည်းဖြစ်သည်ဟု ခံစားမိသည်။

.............................

ကောင်းကင်ပြာတွင် တိမ်ကင်းစင်နေ၏.....

အလောင်းများနှင့် ပြည့်နှက်နေသော အဆုံးမရှိသော လွင်တီးခေါင်တွင် ပြိုကျနေသော တံတိုင်းတစ်ခုရှိသည်။ နဂါးချည်ထိုး ခရမ်းရောင် ၀တ်စုံဝတ်ထားသော သိုင်းပညာရှင်တို့သည် သေလုမြောပါးဖြစ်နေသူများထံမှ အစစ်အမှန်ချီဓာတ်များကို စုပ်ယူနေကြသည်။ ထိုသူများအားလုံး အသက်သုံးဆယ်ဝန်းကျင်ခန့်သာရှိကြသည်။

ပျက်စီးယိုယွင်းနေသော နန်းတော်တစ်ခုတွင် အနီရောင်ဝတ်စုံဝတ်ထားသော အမျိုးသားတစ်ဦးသည် လက်နှစ်ဖက်ကို ခါးနောက်တွင်ထားကာ သူ့ရှေ့ရှိ ဗုဒ္ဓရုပ်ပွားတော်ကြီးကို မျှော်ကြည့်နေသည်။

ကပ်ဘေးဗုဒ္ဓက ခန်းမဆောင်အတွင်းသို့ လျင်မြန်စွာဝင်ရောက်လာကာ ၀တ်ရုံနီဝတ်ထားသော အမျိုးသား၏နောက်တွင် ဒူးထောက်ထိုင်ချလိုက်သည်။

“မျှော်စင်သခင်၊ ဓားချီဂိုဏ်းကို အပြီးအပြတ်သုတ်င်လိုက်ပါပြီ။ အကြီးအကဲတွေက သူတို့ရဲ့ အစစ်အမှန်ချီကို စုပ်ယူပြီးတဲ့အခါ၊ ဓားချီဂိုဏ်းဆိုတာ ရှိတော့မှာ မဟုတ်ဘူး.......”

၀တ်ရုံနီဝတ်ဆင်ထားသူသည် မဟာယာနနဂါးမျှော်စင်၏ အရှင်ရှောင်တုထျန်း ဖြစ်သည်။ သူ၏အနီရောင်အဝတ်အစားများသည် သွေးကဲ့သို့နီဆွေးနေပြီး ၎င်းပေါ်တွင် ရွှေရောင်နဂါးရုပ်ပုံများကို ရွှေချည်ထိုးထားသည်။ သူ၏ဖြူလွှသောဆံပင်များကို ရွှေသရဖူဖြင့်ထုံးဖွဲ့ထားပြီး သရဖူပေါ်တွင် ပုလဲများကိုဆော့ကစားနေသည့် နဂါးနှစ်ကောင်ရုပ်ပုံရှိနေသည်။အလုံးစုံခြုံငုံကြည့်လိုက်လျှင် ထိုသူသည် အလွန်ပင်အာဏာရှင်ဆန်လှသည်။

ရှောင်တုထျန်း လှည့်ကြည့်လိုက်သည့်အခါ သူ၏မျက်နှာသည် အသက်လေးဆယ် သို့မဟုတ် ငါးဆယ်ကျော်ရှိခန့်သာရှိပုံရသည်။ သူ့မျက်နှာသွင်ပြင်က ချောမောပေမယ့် သူ့မျက်လုံးတွေကတော့ အသက်မဲ့နေသည်။

“တကျန်းမှာ အခြေနေဘယ်လိုရှိလဲ......”

“ အင်မော်တယ်ဆရာတော်ချန်ရှန်းက မြို့တော်မှာရှိနေတုန်းပဲ...လက်ရှိ ဧကရာဇ်က သိုင်းပညာရွှေခေတ်ကို စတင်ချင်နေတယ်....တကျန်းမှာ သိုင်းပညာရှင်တွေကို ဆက်ဆံပုံကို အနီးနား မင်းဆက်တွေက ကြားသိရတဲ့အခါ မင်းဆက်တိုင်းက သိုင်းပညာရှိတွေက တကျန်းကို အပြေးအလွှားသွားနေကြပြီ..... ပြီးတော့ ဧကရာဇ်က ချူမင်းဆက်ရဲ့ အရာရှိတွေကို လျှို့ဝှက်လုပ်ကြံသတ်ဖြတ်ဖို့ ဝတ်ဖြူတော်အစောင့်တပ်ဖွဲ့နဲ့ ကောင်းကင်စံအိမ်ကြီးကြပ်ရေးမှူးတို့ကိုတောင် လျှို့ဝှက်အမိန့်ပေးခဲ့တယ်..…”

ရှောင်တုထျန်းက. .. "ဒါက ဧကရာဇ်တပါးလုပ်သင့်တဲ့အရာတွေပဲလေ....အကယ်၍ မဟာယာနနဂါးမျှော်စင် အနိုင်ရခဲ့ပြီး ဒီဧကရာဇ်ကလည်း လက်ခံမယ်ဆို ငါ သူ့ကို အခွင့်အရေးပေးနိုင်ပါတယ်.....”

ကပ်ဘေးဗုဒ္ဓက တစ်ခုခု ပြောချင်ပေမယ့် တုံ့ဆိုင်းနေသည်။

ရှောင်တုထျန်း ခန်းမထဲမှ ထွက်လာသဖြင့ ကပ်ဘေးဗုဒ္ဓက အလျင်အမြန် လိုက်လာခဲ့သည်။ တံခါးအပြင်ဘက်ရောက်လာပြီး ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်တော့ ဓားချီဂိုဏ်းသည် အပျက်အစီးများအဖြစ်သို့ ပြောင်းလဲနေပြီး တိတ်ဆိတ်ငြိမ်သက်နေသည်။ ဤသည်မှာ တိုက်ပွဲအပြီး မြင်ကွင်းဖြစ်သည်။

ထိုမြင်ကွင်းကို မြင်သောအခါ ကပ်ဘေးဗုဒ္ဓ အလွန်စိတ်မသက်မသာဖြစ်ခဲ့ရသည်။ တစ်ချိန်က မြင့်မားပြီး အားကြီးသော မဟာယာန နဂါးမျှော်စင်သာ လူတစ်ဦးကြောင့် ဤကဲ့သို့သော အခြေအနေသို့ အမှန်တကယ် ကျဆင်းသွားခဲ့လျှင်........

ကပ်ဘေးဗုဒ္ဓသည် လက်စားချေရန် စိတ်အားထက်သန်သော်လည်း ဆင်ခြင်တုံတရားမမဲ့သေးပေ။

“မျှော်စင်သခင်၊ အားလုံးက ကျုပ်တို့ကို လောဘတကြီး စောင့်ကြည့်နေကြတယ်.... ဒီတိုက်ပွဲမှာ ကျူပ်တို့ရှုံးခဲ့ရင်…”

ရှောင်တုထျန်း၏ အကြည့်များ တည်ငြိမ်သွားပြီး.....

"ငါသိပါတယ်၊ ဒါပေမယ့် ငါတို့ မတိုက်ရင် စီရင်စု ဆယ့်သုံးပါး မရှိဘဲ မဟာယာန နဂါးမျှော်စင်ကိုလည်း မင်းဆက်ပေါင်းစုံက ဝါးမြိုသွားလိမ့်မယ်...ဒါက ကောင်းကင်ဘုံတာအိုသံသရာဖြစ်နိုင်တယ်.... နောက်ဆုံးတော့လည်း မဟာယာနနဂါးမျှော်စင်က စီရင်စုဆယ့်သုံးခရိုင်ရဲ့ ကံတရားနဲ့ အရင်းအမြစ်တွေကို လက်ဝါးကြီးအုပ်ထားပြီး နှစ်တစ်ထောင်သက်တမ်းရှိတဲ့ခြေခံအုတ်မြစ်ကိုတည်ဆောက်ထားတဲ့ အကြွေးကို ပြန်ဆပ်ရမယ့်အချိန်ဖြစ်လာတော့မယ်.....”

“ဘာပဲဖြစ်ဖြစ် ဒီတိုက်ပွဲကို ငါတို့ တိုက်ရမယ်။ ငါတို့အနိုင်ရရင် မဟာယာနနဂါးမျှော်စင်ရဲ့ သိုင်းပညာဗျူဟာကို ပြောင်းလဲပစ်မယ်။ ငါတို့ရှုံးရင် တကျန်းကိုကူညီမယ်...ဒါဆို နဂါးမျှော်စင်က အပြီးတိုင်ပျက်စီးသွားတာမဟုတ်ဘဲ ခေတ္တတာလောက်သာ ပျောက်ကွယ်သွားလိမ့်မယ်... ငါတို့ရဲ့ နှစ်တစ်ထောင်သက်တမ်းရှိတဲ့ အခြေခံအုတ်မြစ်ကို လူတစ်ဦးတည်းက ဘယ်လိုဖယ်ရှားနိူင်မှာလဲ....”

ကပ်ဘေးဗုဒ္ဓ တိတ်ဆိတ်နေသည်။

ဤအခိုက်အတန့်တွင် ခရမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသော အဖိုးအိုတစ်ဦးသည် လမ်းလျှောက်လာကာ လက်သီးဆုပ်လျက်.....

"မျှော်စင်ဆရာ၊ အခြားဂိုဏ်းတစ်ခုရဲ့ ကျင့်ကြံမှုတွေကို စုပ်ယူပြီးပြီမို့ ကျုပ်တို့အားလုံး အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို တက်လှမ်းနိုင်ပါတော့မယ်...."

ရှောင်တုထျန်းက...ဒါဆို တကျန်းကို သွားကြရအောင်...တကျန်းမှာ ကြုံရာကျပန်းဂိုဏ်းတစ်ခုကို ရှာတွေ့နိုင်ပြီး တကျန်း ဧကရာဇ်ကို စစ်ကြေညာနိုင်တယ်.... တကျန်းရဲ့ သိုင်းလောကို စစ်မှန်တဲ့ သိုင်းပညာကို မြင်တွေ့စေပြီး လှုံ့ဆော်ရမယ်....."

“ဟုတ်ကဲ့!”

ခရမ်းရောင်ဝတ်ထားတဲ့ အဖိုးအိုက လှည့်ထွက်သွားသည့်အခါ ရှောင်တုထျန်းက တကျန်းရဲ့ ဦးတည်ရာကို ကြည့်ပြီး......

“မင်းက အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တယ်.... အဲ့တော့ ဒဏ္ဍာရီလာရွှေခန္ဓာနယ်ပယ်ကိုရောက်ပြီလား ငါကြည့်ချင်တယ်......"

ရွှေခန္ဓာနယ်ပယ်...?

ထိုစကားကြောင့် ကပ်ဘေးဗုဒ္ဓ ကြောက်ရွံ့တုန်လှုပ်သွားသည်ယ အစစ်အမှန်နတ်ဘုရားနယ်ပယ် အထက်တွင် အခြားသော နယ်ပယ်များရှိနေသေးသလား......

..............

တော်ဝင်စာကြည့်ဆောင်တွင်.......

ကျန်းဇီယုသည် နဂါးကုလားထိုင်ပေါ်တွင် လှဲလျောင်းနေပြီး ပျင်းရိစွာဖြင့် သဝဏ်လွှာများကို ဖတ်ရှုနေသည်။

ထိုအချိန်တွင် ချန်းလီ ရောက်လာပြီး သူ့ရှေ့တွင် ဦးညွှတ်လိုက်သည်။

“အရှင်မင်းကြီး.....အခွန်ဝန်ကြီးက ကျွန်တော့်ကို အကြံတစ်ခုတောင်းတယ်....အရှင်မင်းကြီးက ပြည်သူတွေကို စာနာနားလည်ပေးပေမယ့် ပြဋ္ဌာန်းလိုက်တဲ့ မူဝါဒတွေက အထူးသဖြင့် ကုန်သည်တွေအပေါ်ဘက်လိုက်နေသလိုပဲ... ဒီအတိုင်းဆက်သွားရင်တော့ ပြည်သူတွေ ချမ်းသာပြီး ကုန်သည်တွေ ပိုက်ဆံရှိလာမယ်ဆိုပေမယ့် တိုင်းပြည်အတွက် ဘဏ္ဍာငွေရရှိမှုနည်းပါးလာမယ်..... ဒါက အရှင့်ရဲ့ အနာဂတ်အစီအစဉ်တွေအတွက် အကျိုးရှိနိုင်မှာမဟုတ်ဘူး.....”

ကျန်းဇီယုက ..."ငါကိုယ်တော်မှာ ဘာအစီအစဉ်ကြီးရှိလို့လဲ"

ချန်းလီ အံ့ဩသွားပြီး ရုတ်တရက် ဘာပြန်ပြောရမှန်းကို မသိတော့ပေ။ သူသည် ရိုးရှင်းသော ပင်ကိုယ်စရိုက်ရှိသော်လည်း၊ အနှစ် ၆၀ ကျော်နေထိုင်ခဲ့ပြီး အချို့အရာများကို တိုက်ရိုက်ပြော၍မရကြောင်း နားလည်ထားသည်။

ကျန်းဇီယုက ဖတ်လက်စ သဝဏ်လွှာကို ချလိုက်ပြီး မှတ်ချက်အချို့ရေးသားလိုက်သည်။ ထို့နောက် နောက်ထပ်တစ်ခုကို ကောက်ယူပြီး ဆက်လက်ဖတ်ရှုခဲ့သည်။

“ဝန်ကြီးချုပ်ချန်း.....ငါကိုယ်တော်ရဲ့အတွေးတွေကို မေးခွန်းမထုတ်ဖို့.ခင်ဗျားရဲ့လက်အောက်ငယ်သားတွေကိုပြောလိုက်ပါ..... ခင်ဗျား ခွဲခြားသိမြင်တတ်ဖို့ သင်ယူရမယ်..... ငါကိုယ်တော်က တိုင်းပြည်ကို အုပ်စိုးနေတဲ့ဧကရာဇ်... လူတိုင်းက ကျုပ်ရဲ့အတွေးတွေကို ခန့်မှန်းနိုင်ရင် ဒီလောက်ကြီးကျယ်တဲ့ တကျန်းမှာ ယိုပေါက်တွေပြည့်နေမှာ မဟုတ်ဘူးလား...ခင်ဗျားက

သူတို့နဲ့ မတူဘူး....ကျုပ်ဆရာရဲ့ သူငယ်ချင်းကောင်းဖြစ်ပြီး ကျုပ်အတွက် အများကြီး ပံ့ပိုးပေးခဲ့သူမို့ ခင်ဗျားကို သေချာပေါက် ယုံကြည်ပေမယ့် ဓားထုတ်သုံးရအောင်လာမလုပ်နဲ့......"

“အခွန်ဝန်ကြီးက ဘာလို့ တိုက်ရိုက်လာမပြောဘဲ ခင်ဗျားကနေ စကားတဆင့်ပါးလိုက်ရတာလဲ...."

ကျန်းဇီယုက သူ့ကို မော့ကြည့်သည့်အခါ ဤအကြည့်ကြောင့် ချန်းလီ အနည်းငယ်မှိန်းမောသွားခဲ့သည်။ သိုင်းဘိုးဘေး ကျန်းယွမ် ကို မြင်တွေ့နေရသလိုပင်.....

ကျန်းဇီယုက..... “ချူလူမျိုးတွေရဲ့အဆက်အနွယ်တွေဖြစ်နေတာကိုက ချန်းမိသားစုရဲ့အကြီးအမားဆုံး အစွန်းအထင်းပဲ.....မဟုတ်မဟပ်တွေမကြံစည်မိအောင် အထူးဂရုစိုက်ကြ......"

ချန်းလီ ချွေးများစိုရွှဲနေလေပြီ။

ကျန်းဇီယုသည် သဝဏ်လွှာကို ပိတ်ကာ ပြုံးလိုက်ပြီး.....

"ထားလိုက်ပါ....ခင်ဗျားနဲ့ကျုပ်ရဲ့ ဆက်ဆံရေးကြောင့်နဲ့ ခင်ဗျားကို ဖုံးကွယ်ထားမှာ မဟုတ်ဘူး ဒါပေမယ့် သတင်းမပြန့်စေနဲ့...ဒီကိစ္စကို တတိယလူ သိသွားရင် ခင်ဗျားကို ခေါင်းဖြတ်ပစ်မယ်.....အခုလို အမိန့်ထားရတဲ့ အကြောင်းရင်းက စေတနာအပြည့်နဲ့ မဟုတ်ဘူး...ဘဏ္ဍာငွေ ရှားပါးလာတော့မှာသိတယ်....ဒါပေမယ့် ကျန်းမင်းဆက်က အနှစ်နှစ်ဆယ်ကြာ စစ်ပွဲကို ကြုံတွေ့ခဲ့ရတာမို့ ပြန်လည်တည်ထောင်ရမယ့်အပိုင်းတွေအများကြီးရှိသေးတယ်.... ပြည်သူတွေကို အခွန်တိုးလိုက်ရင် ဆိုးဆိုးရွားရွား သက်ရောက်မှုရှိလာမှာ သေချာတယ်...အားလုံး စည်းစည်းလုံးလုံးနေဖို့ လိုအပ်နေသေးတဲ့အတွက် ကုန်သည်တွေ ခရလောက်မျက်နှာသာပေးထားလိုက်တာ... ကုန်သည်တွေက လိုက်လျောညီထွေရှိပြီး သာမန်လူတွေနဲ့ နီးစပ်တယ်။ ကုန်သည်တွေ ချမ်းသာလာတဲ့အခါ သာမန်လူတွေနဲ့ ကွဲကွာသွားလိမ့်မယ်.... ဒါဆိုရင် သာမန်လူတွေက သူတို့ကို မနာလိုဖြစ်လာမှာ သေချာတယ်.... အဲဒီအချိန်မှာ သူတို့ကိုကိုင်တွယ်ဖို့ အကြောင်းပြချက်ရှာမယ်...ကုန်သည်တွေဆီကနေ သိမ်းယူလိုက်ရင်တောင် ဘယ်သူအပြစ်ပြောနိုင်ဉီးမလဲ... ဒါဆို ပိုကောင်းမယ် မဟုတ်ဘူးလား?"

ချန်းလီက သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ကျန်းဇီယုသည် ငယ်ရွယ်သော်လည်း ထိုသို့သော အတွေးမျိုးရှိမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"ငါကိုယ်တော်ရဲ့ပန်းတိုင်က တကျန်းထဲမှာတင် မဟုတ်ဘူး..... ဝန်ကြီးချုပ်ချန်း.... သတိထားပြီး ချန်မိသားစုကို စောင့်ကြည့်ပါ.... ချန်းမိသားစုရဲ့သခင်လေးက ချူလူမျိုးတွေနဲ့အဆက်အဆံရှိနေတယ်ဆိုတော့...ကြည့်ရတာ ချန်းမိသားစုတွေနည်းနည်းများမောက်မာနေသလားလို့....."

ချန်းလီက ဆောလျင်စွာ ဦးညွှတ်လိုက်ပြီး "ဒီအကြောင်းအရာကို သေချာ မှတ်ထားပါ့မယ်!"

ကျန်းဇီယု သူ့ကို သာသာနှင့်နာနာနှက်နေမှန်း ချန်းလီ သိသည်။

ချန်းလီ ထွက်သွားပြီးနောက် ယန်ချီလည်း ရောက်လာသည်။ကျန်းဇီယုသည် ဧကရီရဲ့အဘိုးကိုတောင် မျက်နှာသာမပေးခဲ့ပေ။ ယန်ချယ်က သူ့ရဲ့ ဆုံးဖြတ်ချက်ရဲ့ ရည်ရွယ်ချက်ကို ပြောပြခဲ့သော်လည်း ချန်းလီလိုပင် အပြတ်နှံခံလိုက်ရသည်။ယန်မိသားစုသည် ချူလူမျိုးများနှင့်မပူးပေါင်းခဲ့သော်လည်း စစ်အာဏာကို အလွန်အမင်း ဆုပ်ကိုင်ထားသည်။

ယန်ချယ် ထွက်သွားပြီးနောက် မိန်းမစိုးတစ်ဦး ဝင်လာပြီး မုန့်များ ယူလာပေးသည်။

ကျန်းဇီယုက.... "အင်မော်တယ်ဆရာတော်ချန်ရှန်းဆီ နန်းတော်ထဲက မုန့်တွေသွားပို့တော့ ဘာပြောသေးလဲ "

မိန်းမစိုးလေးက... "အရင်ကလောက် ဟက်ဟက်ပက်ပက် မစားတော့ဘူး... သူမွေးမြူထားတဲ့ နတ်ဆိုးဝံပုလွေကိုတောင် မုန့်တွေချကျွေးနေတယ်....”

ကျန်းဇီယုက "ဒါဆို စားဖိုမှူး ပြောင်းဖို့ အမိန့်ချလိုက်ပါ....အဆာပြေမုန့်တွေသေချာလုပ်တတ်တဲ့ စာဖိုမှုးတစ်ယောက်ရှာဖို့ ဧကရီကိုကူညီခိုင်းလိုက်....."

မိန်းမစိုးက အမိန့်ကိုလက်ခံပြီး ကမန်းကတန်း ပြန်ထွက်သွားလေသည်။

ကျန်းဇီယု မတ်တပ်ထရပ်ပြီး ပြတင်းပေါက်နားကို လျှောက်လာကာ အပြာရောင်ကောင်းကင်ကြီးကို မော့ကြည့်ရင်း မျက်မှောင်ကြုတ်နေသည်။ သူ့မျက်လုံးတွေမှာ စိုးရိမ်မှုတွေ ပြည့်နှက်နေဆဲပင်.....

အရပ်ဘက်နှင့် စစ်ဘက်အရာရှိများ၏ အကြံအစည်ကို မကြောက်သော်လည်း မဟာယာန နဂါးမျှော်စင်ကို မဖယ်ရှားသရွေ့တော့ သူ အမြဲတမ်း စိတ်မချမ်းမသာ ဖြစ်နေရဉီးမည်သာ....

အောက်တိုဘာလတွင်......

တကျန်း၏ သိုင်းပညာလောကတွင် ထိပ်တန်းဆယ်ဦးစာရင်းဝင်နိုင်သည့် ကန်ရှုဂိုဏ်း အမြစ်ပြတ်သုတ်သင် ခံခဲ့ရသည်။ဂိုဏ်း၏ တပည့်ပေါင်း ၂၀၀၀ ကျော်သည် ၎င်းတို့၏ ချီဓာတ်များခမ်းခြောက်ကာ သေဆုံးခဲ့ရသည်။ ဒီအမှုဟာ သိုင်းလောကတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပြီး သတင်းတွေလည်း မြို့တော်အထိ ပျံ့နှံ့သွားခဲ့သည်။ ဝတ်ဖြူတော်အစောင့်များကို ကိုယ်တိုင်ကိုယ်ကျစုံစမ်းစစ်ဆေးရန် ဧကရာဇ်က အမိန့်ပေးခဲ့သည်။

“မဟာယာန နဂါးမျှော်စင် လာတော့မယ်”

လီကုန်းကုန်းက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။ ဒီတခေါက်တော့ မဟာယာန နဂါးမျှော်စင်ကို တကယ်ကိုကြောက်နေမိသည်။

ကျန်းချန်ရှန်းက အေးဆေးတည်ငြိမ်စွာဖြင့်....

"လာပါစေပေါ့......"

ဘေးမှာ တရားထိုင်နေသည့် လျို့ဝူယင်းက..... “မဟာယာန နဂါးမျှော်စင်ဆိုတာ ဘာလဲ” လို့ စပ်စုလိုက်သည်။

လင်းရှောင်လည်း မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူသည် စိတ်ဝိညာဉ်နယ်ပယ်သို့ ဝင်ရောက်နေပြီဖြစ်သော်လည်း ကျင့်ကြံရန်ပတွက် ဤခြံဝင်းထဲသို့ ရောက်လာစမြဲပင်.. ....

ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး “အခြေအနေကို လှည့်စားနေတဲ့ ဂိုဏ်းတစ်ခု” လို့သာပြန်ဖြေလိုက်သည်။

သူက လီကုန်းကုန်းကိုကြည့်ပြီး " ခင်ဗျား အရင်ပြန်နှင့်တော့" လို့ပြောလိုက်သည့်အခါ

လီကုန်းကုန်းက ခေါင်းညိတ်ပြီး လှည့်ထွက်သွားသည်။

ပိုင်ချီက ကျန်းချန်ရှန်းရှေ့ကို ရောက်လာပြီး....

"ဆရာကြီး..... မဟာယာနနဂါးမျှော်စင်ကို လျှော့တွက်လို့မရဘူး။ တခြားသူတွေရဲ့ ကျင့်ကြံမှုကို စုပ်ယူနိုင်တဲ့ သူတို့ရဲ့ အဆုံးစွန်သော နည်းစနစ်ကို ကျွန်မ ကြားဖူးတယ်....အဲ့ကျင့်စဉ်ကို ကောင်းကင်စက်ဝန်းနတ်ဘုရားကျင့်စဉ်လို့ခေါ်တယ်.... ဒီကျင့်စဉ်ကို ဒဏ္ဍာရီလာ.ရှန်းရှန်တုံးထျန်းကနေ သင်ယူခဲ့ကြတာတဲ့....."

ရှန်းရှန်တုံးထျန်......

ပိုင်ချီ ဒီအကြောင်းတွေသိနေမည်ဟု ကျန်းချန်ရှန်း ထင်မထားခဲ့ပေ။

"ရှန်းရှန်တုံးထျန်းအကြောင်းကို မင်းဘယ်လောက်သိလဲ"

လျို့ဝူယင်းနှင့် လင်းရှောင်တို့သည်လည်း ဂရုတစိုက် နားထောင်ကြပြီး သိချင်စိတ်ပြင်းပြနေကြသည်။

ပိုင်ချီသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ကူကယ်ရာမဲ့စွာဖြင့် ....

"ဘယ်လိုသိမှာလဲ..ရှန်းရှန်တုံးထျန်းဆိုတာ လူသားတွေအတွက် သိုင်းပညာရဲ့ သန့်ရှင်းတဲ့နယ်မြေဖြစ်တယ်ဆိုတာပဲကြားဖူးတာ... မဟာမင်းဆက်ကြီးဆယ်ခုတောင်မှ လုံးဝသွားမထိရဲဘူး....”

ကျန်းချန်ရှန်းက ဒေါသတကြီးနဲ့.... “မသိဘူးဆိုရင်လည်း ပေါက်ကရတွေပြောမနေနဲ့တော့...."

ပိုင်ချီက စားပွဲပေါ်က အဆာပြေမုန့်တွေကို စိုက်ကြည့်ရင်း “နည်းနည်းလောက်စားလို့ရမလား…”

ကျန်းချန်ရှန်းသည် မုန့်တစ်ထုပ်ကို ရှောင်တခင် ကောက်ယူပြီး မြေဝိညာဉ်သစ်ပင်ပေါ်သို့ ပစ်ချလိုက်သည်။ ပိုင်ချီက မုန့်ထုပ်ကို ခုန်ပြီး ဖမ်းကာ တလုတ်တည်း မျိုချလိုက်လေသည်။

“အရမ်းအရသာရှိတယ်.... အချိန်ရရင် မုန့်တွေ ခိုးဖို့ နန်းတော်ထဲဝင်ရမယ်..... …”

ပိုင်ချီ ထိုသို့တွေးလိုက်ပြီး သူ့ရဲ့ လက်ရှိဘဝကို အင်မတန်ကျေနပ်နေပါသည်။မြေဝိညာဉ်သစ်ပင်ကြောင့် ၎င်း၏နတ်ဆိုးစွမ်းအားများ အဆက်မပြတ်တိုးလာသည်။ ထို့အပြင် ကျန်းချန်ရှန်းသည် ၎င်း၏လုံခြုံရေးကို ကာကွယ်ခဲ့သည်။ တခါတရံမှာ ဒီလိုအရသာရှိတဲ့ အစားအစာတွေလည်း စားရဉီးမည်ဆိုသည့်အတွက် ကျေနပ်နေသည်မှာလည်းမပြစ်တော့မဆိုသာပေ။

ကျန်းချန်ရှန်းက အမွှေးတိုင်အရေအတွက်ကိုစတင်စစ်ဆေးနေသည်။

[လက်ရှိ အမွှေးတိုင်အရေအတွက်.. 11,702]

မဟာယာနနဂါးမျှော်စင်၏ လက်ရှိအင်အားကို တွက်ဆရန် တွန့်ဆုတ်နေ၏။ အချိန်တွေကုန်လွန်သွားသည်နှင့်အမျှ မဟာယာနနဂါးမျှော်စင်က ပိုအားကောင်းလာလိမ့်မည်။

စမ်းကြည့်မယ်!

“မဟာယာန နဂါးမျှော်စင် တစ်ခုလုံးကို အလွယ်တကူ နှိမ်နင်းနိုင်မလား”

[အမွှေးတိုင်အရေအတွက် 2,000 လိုအပ်သည်။ ဆက်လက်လုပ်ဆောင်လိုပါသလား။]

ဟမ်?ကုန်ကျစရိတ်ကနှစ်ဆတိုးလာတယ်....ဒါပေမယ့်လည်း သိပ်တော့မပြင်းထန်သေးဘူး.....

ကျန်းချန်ရှန်းက ဆက်လက်လုပ်ဆောင်ဖို့ လုံးဝမရွေးချယ်ခဲ့ပေ...

တွက်နေစရာ မလိုတော့ဘူး....

အမွှေးတိုင်အရေအတွက် ၅၀၀၀ ထက်ကျော်လွန်သွားပြီးဆိုတော့ အတော် တည်ငြိမ်နေပြီပဲ.....မဟာယာနနဂါးမျှော်စင် ပိုမိုအားကောင်းလာပေမယ့် ငါလည်း ဒီအတိုင်းရပ်တန့်နေတာမှမဟုတ်တာ ဝိညာဉ်စွမ်းအင်တစ်ခုတည်းတောင် နှစ်ဆကျော်တိုးလာခဲ့ပြီပဲ........

All Chapters