ဖြောင့်မတ်မှန်ကန်မှု
Vol. 35 Ch. 511
မဟာချွမ်အပျက်အစီးနယ်မြေက ရင်းနှီးဖော်ရွေသော နေရာတစ်ခုမဟုတ်တာကို သိထားသောကြောင့် ဆူဇီမိုသည် နမော်နမဲ့ မလုပ်ရဲဘဲ နယ်မြေအစပ်၌ ဖြည်းဖြည်းချင်း ဆင်းသက်လိုက်၏။ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုပြီးမှသာ သူသည် ရှေ့ဆက်တက်လိုက်၏။
ဤကဲ့သို့ ခမ်းနားထည်ဝါခဲ့သည့် မြို့တော်ကြီးတောင်မှ ယခုအခါ အပျက်အစီးပုံဘဝသို့ ကျရောက်သွားလေပြီ။
သူသည် ရွှံ့မြေများ၊ အကျိုးအပဲ့များကို ဖြတ်လျှောက်လာခဲ့ပြီးနောက် ဆူဇီမိုသည် စိတ်ခံစားချက် မြင့်တက်လာ၏။
အင်မော်တယ်လမ်းစဉ်ဖြစ်စေ၊ သားရဲကျင့်ကြံခြင်းဖြစ်စေ.. ကျင့်ကြံသူအများစု ကျင့်ကြံကြသည်မှာ အသက်ရှည်ရှည်နေနိုင်ဖို့အတွက် ဖြစ်ကြလေသည်။
သို့သော်လည်း အချိန်စွမ်းအား၏ တိုက်စားမှုဒဏ်ကို မည်သူခံနိုင်ရည် ရှိပါသလဲ။
ရှေးဟောင်းခေတ်မှာ.. ဧကရာဇ်များစွာနှင့် မရေမတွက်နိုင်သော စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် မျိုးနွယ်စုခေါင်းဆောင်များ ရှိခဲ့ကြ၏။ သို့သော် ယခုအခါ သူတို့အားလုံးက မရှိကြတော့ဘဲ ဒဏ္ဍာရီများသာ ကျန်ခဲ့လေတော့သည်။
ဆူဇီမိုသည် မဟာချွမ်အကြောင်း သိပ်မသိသောကြောင့် အရမ်းမြန်မြန် မသွားလာရဲပေ။
လမ်းတစ်လျှောက်တွင် သူသည် ကျင့်ကြံသူတချို့ကို ဖြတ်လာခဲ့ပြီး သူတို့က ချီစုဖွဲ့စစ်သည်တော်နှင့် အခြေတည်အဆင့်များ ဖြစ်ကြလေသည်။
ထိုကျင့်ကြံသူများအားလုံးက အလွန်တရာ သတိထား၍ စိုးရိမ်ထိတ်လန့်နေကြ၏။ သူတို့သည် ဆူဇီမိုကို မြင်သောအခါ သတိထားသောပုံစံနှင့် သူနှင့် ခပ်လှမ်းလှမ်းကနေ ကွေ့ရှောင်၍ သွားကြ၏။
ဤအပျက်အစီးနယ်မြေတွင် ဤနေရာမှာရှိသော အန္တရာယ်များအပြင်.. ရတနာအတွက် ကျင့်ကြံသူအချင်းချင်း သတ်ဖြတ်ကြသည်မှာလည်း ဖြစ်ပျက်နေကြပင်။
တစ်ခဏအတွင်း နှစ်နာရီက ကုန်ဆုံးသွား၏။
ဆူဇီမိုသည် အပျက်အစီးနယ်မြေမှ မည်သည့် ထိုက်တန်တာကိုမှ မတွေ့ရသေးပေ။ သူတွေ့ရသည်မှာ အပျက်အစီးပုံများကြားမှ ကျိုးပဲ့နေသော စိတ်ဝိညာဉ်လက်နက် အပိုင်းများသာ ဖြစ်လေသည်။
မည်သည့်အန္တရာယ်ကိုမှလည်း သူ မတွေ့ရပေ။
အခုက ညအချိန်ကို ရောက်နေပြီဖြစ်ကာ လရောင်က ကြည်လင်ဝင်းပနေပြီး နေရာတစ်ခုလုံးက အနိဋ္ဌာရုံဆန်ဆန် တိတ်ဆိတ်ငြိမ်သက်နေ၏။
“ထူးဆန်းတယ်”
ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။
“အား”
ရုတ်တရက် အနီးနားမှ ကြောက်လန့်တကြား အော်ဟစ်သံက ထွက်ပေါ်လာ၏။
ဆူဇီမိုသည် ရင်ထိတ်သွားပြီး ခဏမျှ စဉ်းစားချင့်ချိန်ပြီးနောက် သွားစစ်ဆေးကြည့်ဖို့ ဆုံးဖြတ်လိုက်၏။
အန္တရာယ်၏ ရင်းမြစ်ကို သူသိထားလျှင် သူကိုယ်တိုင်လည်း အဲ့ဒါအတွက် ကြိုတင်ပြင်ဆင်ထားနိုင်လေသည်။
ဖျတ်ကနဲဆို သူသည် အသံထွက်ပေါ်လာရာဘက်သို့ ပြေးသွားလိုက်၏။
သိပ်မကြာမီ.. နေရာတစ်နေရာတွင် ချီစုဖွဲ့စစ်သည်တော်တစ်ယောက်က မတ်တပ်ရပ်နေသည်ကို သူတွေ့လိုက်ရ၏။ သူက ဆူဇီမိုကို နောက်ကျောပေးထားပြီး သူ့ထံမှ အသက်ဓါတ်က ထွက်ပေါ်နေသော်လည်း လုံးဝ မလှုပ်ရှားပေ။
ခပ်လှမ်းလှမ်းတွင် ကျင့်ကြံသူအချို့ ရှိနေကြပြီး သူတို့၏ မျက်လုံးများက ကြောက်ရွံ့မှုဖြင့် ပြည့်နှက်၍ ထိုလူ့အနားသို့ မကပ်ရဲကြပေ။
ဆူဇီမိုက ညင်သာစွာ ချောင်းဟန့်၍ အသံမြှင့်ကာ မေးလိုက်၏။
“ဒီက တာအိုရောင်းရင်း”
ဆူဇီမို၏ အသံကို ကြားသောအခါ ချီစုဖွဲ့စစ်သည်တော်က သူ့ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း လှည့်လိုက်၏။
ထိုလူ၏ မျက်နှာသွင်ပြင်ကို မြင်သောအခါ ဆူဇီမိုသည် ကြက်သေသေမိသွား၏။
ထိုလူ၏ နဖူးက ညိုမည်းနေပြီး သူ့နှုတ်ခမ်းက ခရမ်းရောင်ဖြစ်နေ၏။ လရောင်တွင် သူ၏ ဖြူဆုတ်နေသော မျက်နှာက အလွန်တရာ ကြေက်စရာကောင်းနေပြီး သူက တစ္ဆေသရဲတစ်ကောင်လို ပြုံးလိုက်၏။
ထိုအပြုံးကို မြင်သောအခါ ဆူဇီမို၏ ခေါင်းမွေးများက ထောင်ထသွား၏။
“ဟီဟီဟီးဟီး”
ထိုလူ့ထံမှ ကျောချမ်းဖွယ်ရာ ရယ်မောသံကြီးက ထွက်ပေါ်လာပြီး သွားကိုဖြီးကာ လက်နှစ်ဖက်ကို ဆန့်တန်း၍ ဆူဇီမိုဆီသို့ ခုန်ဝင်လာ၏။
သိပ်မကြာမီ ဆူဇီမိုသည် ဣန္ဒြေပြန်ရသွား၏။
ကျင့်ကြံရေးလောကသို့ သူခြေစချစဉ်က ဤကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရလျှင် သူသည် ကြောင်အကောင်းကြောင်အနေပေလိမ့်မည်။
သို့သော် အခုအခါ သူသည် ရွှေအမြုတေတစ်ယောက်ဖြစ်နေပြီဖြစ်ပြီး ဤကဲ့သို့သော အရာမျိုးကို သူအရင်က မကြုံတွေ့ဖူးခဲ့လျှင်တောင် ဘာဖြစ်နေသည်ဆိုတာကို အကြမ်းဖျင်း သူခန့်မှန်းနိုင်လေသည်။
ချီစုဖွဲ့စစ်သည်တော်၏ တိုက်ခိုက်မှုကို ဆူဇီမိုသည် ရှောင်လည်းမရှောင် နောက်လည်းမဆုတ်ပေ။ သူသည် အားများစွာ စိုက်ထုတ်ခြင်း မရှိဘဲ ထိုလူ၏ နဖူးကို ညင်သာစွာ ပုတ်ပြီး အော်လိုက်၏။
“မိစ္ဆာကောင် မင်းဘာလို့ သူများတွေကို လိုက်ဒုက္ခပေးနေရတာလဲ.. ထွက်သွားစမ်း”
“အား”
ချီစုဖွဲ့စစ်သည်တော်၏ ခန္ဓာကိုယ်တွင်းမှ စူးစူးဝါးဝါး အော်သံက ထွက်ပေါ်လာ၏။
သူ၏ ခေါင်းပေါ်မှ တစ္ဆေတစ်ကောင်က ပျံထွက်လာ၏။ အဲ့ဒါက မှိန်ဖျော့၍ ကြည်လင်နေသောကြောင့် မြင်ရဖို့ ခက်လေသည်။
ဆူဇီမို၏ အော်ရာကို အာရုံခံမိသောအခါ ထိုတစ္ဆေသည် ကြောက်လန့်တကြား ဖြစ်သွားပြီး အဝေးသို့ ထွက်ပြေးသွားလေသည်။
ချီစုဖွဲ့စစ်သည်တော်၏ ခန္ဓာကိုယ်က တသိမ့်သိမ့် တုန်ရီနေပြီး သူ့နှုတ်ခမ်းနှင့် မျက်နှာက သွေးရောင်တချို့ ပြန်ရလာ၏။
သို့သော်လည်း ထိုလူသည် နုန်းချိ၍ အားနည်းနေပြီး ခြေပစ်လက်ပစ် ထိုင်ချကာ ပင့်သက်ကို သည်းထန်စွာ ရှိုက်နေရ၏။
“ကျေးဇူးတင်ပါတယ်.. စီနီယာ”
ချီစုဖွဲ့စစ်သည်တော်သည် မောဟိုက်နေသော လေသံဖြင့် ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်၏။
“သက်သာသွားအောင် ခဏလောက် နားနေလိုက်.. ပြီးရင် ဒီနေရာကနေ အမြန်ဆုံး ထွက်သွားတော့.. မင်းဒီမှာ ထပ်ပြီးနေရင် သေလိမ့်မယ်” ဆူဇီမိုက မျက်နှာထားတင်းတင်းနှင့် ပြောလိုက်၏။
“ကောင်း-ကောင်းပါပြီခင်ဗျ”
ချီစုဖွဲ့စစ်သည်တော်က အလောတကြီး ခေါင်းညိတ်ပြလိုက်၏။
ချီစုဖွဲ့စစ်သည်တော်ကို ဝင်စီးထားသောကောင်က တစ္ဆေလေးသာဖြစ်ပြီး စွမ်းအားသိပ်မရှိပေ။ အများဆုံးအနေနှင့် သူသည် မော်တယ်များနှင့် အဆင့်နိမ့်ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ကိုသာ ကပ်တွယ်နိုင်လေသည်။ ထိုကဲ့သို့သော တစ္ဆေမျိုးက မော်တယ်လောကမှာလည်း တွေ့ရများလေသည်။
တစ္ဆေလေးတွေက လူတွေကို ဒုက္ခပေးတတ်သော်လည်း သူတို့သည့် လူသုံးမျိုးကို ရန်မစရဲပေ။
ပထမတစ်မျိုးကတော့ ဓမ္မစွမ်းအားကောင်းသော ကျင့်ကြံသူများ ဖြစ်၏။
အခြေတည်အဆင့်ကျင့်ကြံသူအများစုသည် တစ္ဆေလေးများကို ကြောက်စရာ မလိုပေ။
ဒုတိယကတော့ အားကောင်းသော ယန်သွေးချီရှိသည့်လူများ ဖြစ်လေသည်။
ကျင့်ကြံသူဖြစ်စေ၊ မော်တယ်ဖြစ်စေ.. သူတို့သည် ကျန်းမာ၊ သန်မြန်၍ အားကောင်းသော သွေးချီရှိနေသ၍ တစ္ဆေသရဲအများစုနှင့် နာမကျန်းမှုတို့ကို ခုခံကာကွယ်နိုင်လေသည်။
ဆူဇီမို၏ သွေးက ဆူနာမီအဆင့်ဖြစ်ပြီး သူ့သွေးချီကို မလှည့်ပတ်ဘဲနှင့်တောင် အဲ့ဒါက တောက်လောင်နေသော နေတစ်စင်းနှင့် တူလေသည်။ တစ္ဆေလေးများက လောင်ကျွမ်းနေသော မီးဖိုကြီးအနားသို့ ချဉ်းကပ်ရဲစရာ အကြောင်းမရှိပေ။
တတိယ.. ဖြောင့်မတ်မှန်ကန်မှုနှင့် တရားမျှတမှုရှိသော လူမျိုး ဖြစ်၏။
ဖြောင့်မတ်မှန်ကန်သော လူများသည် ဖျားယောင်းသွေးဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်းတို့နှင့် ရင်ဆိုင်ရလျှင် သူတို့ကိုယ်သူတို့ ဣန္ဒြေဆယ်နိုင်လေသည်။
သူတို့က စိတ်မလုံမလဲဖြစ်စရာ ဘာမှ လုပ်မထားဘူးဆိုရင် တစ္ဆေသရဲများကို ကြောက်စရာမလိုဘူးဟု မော်တယ်များသည် ပြောကြလေ့ရှိ၏။
လိပ်ပြာမလုံစရာကိစ္စ ဘာတစ်ခုမှကို မကျူးလွန်ထားဘူးဆိုလျှင် သူတို့၏ နှလုံးသားက ကြောက်လန့်မှုဖြင့် အားနည်းသွားလိမ့်မည် မဟုတ်ပေ။ ဖြောင့်မတ်မှန်ကန်သောလူများက အမြဲတမ်း အကြောက်အလန့်ကင်းလေသည်။
လွန်ခဲ့သည့်နှစ်တစ်ထောင်က သန်းနှင့်ချီသော အသက်များသည် ဤနေရာ၌ ညတွင်းချင်း ဆုံးရှုံးခဲ့ရ၏။ ထိုသို့ဖြင့် ဤနေရာတွင် အငြိုးအတေးအော်ရာက သန်မာအားကောင်းလာပြီး မကျေမချမ်းမှုဖြင့် လှည့်လည်လျှောက်သွားနေသော တစ္ဆေတွေက များစွာ ရှိနေ၏။
တစ္ဆေလေးများက ဒုက္ခပေးတတ်သော်လည်း သူတို့က အသက်အန္တရာယ်ကိုတော့ တော်တန်ရုံနှင့် ရန်မရှာနိုင်ပေ။
အငြိုးအတေးကြီးသော၊ ကြမ်းကြုတ်သော၊ နတ်ဆိုးဆန်သော တစ္ဆေများကတော့ လူများကိုပင် သတ်နိုင်လေသည်။
ဆူဇီမိုသည် ရှေ့ဆက်သွားရင်း ညက မှောင်လာသလို အပျက်အစီးနယ်မြေ၏ ပို၍နက်သော အပိုင်းထဲသို့လည်း ဝင်ရောက်လာမိ၏။
သိပ်မကြာမီ..
ကြောက်စရာကောင်းသည့် ရယ်သံတစ်ခုက ဘက်ပေါင်းစုံမှ ထွက်လာနေ၏။ ထိုအသံက မှန်းဆလို့ မရဘဲ.. လူတစ်ယောက်ကို ခေါင်းမွေးများ ထောင်ထသွားစေနိုင်၏။
ဆူဇီမိုက အေးစက်စက် သရော်ရယ်၍ မရပ်မနားဘဲ ရှေ့သို့ ဆက်တက်သွား၏။
ရွှစ်..
မကောင်းဆိုးဝါးလေပြေက သူ့ကို တိုက်ခတ်လာ၏။
ဆူဇီမို၏ အနက်ရောင်ဆံပင်များက ညင်သာစွာ ယိမ်းနွဲ့နေပြီး သူ့အမူအယာက တည်ငြိမ်နေ၏။ သူ့မျက်လုံးများထဲမှာ ကြောက်လန့်မှု တစ်စွန်းတစ်စမှ ရှိမနေပေ။
“နင်ရှေ့ဆက်သွားရင်.. နင့်အသက်ကို ငါနုတ်ယူရလိမ့်မယ်”
အမျိုးသမီးတစ်ယောက်၏ ခြောက်ကပ်ကပ်အသံက ထွက်ပေါ်လာ၏။
ဆူဇီမိုက ယိမ်းယိုင်သွားခြင်း မရှိပေ။
သူသည် မီတာအနည်းငယ်လောက် ဆက်လျှောက်သွားပြီးနောက် သူ့နောက်မှာ ဝေဝေဝါးဝါး ပုံရိပ်တစ်ခုက ပေါ်လာ၏။ သူမက သွေးနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး နက်မှောင်ရှည်လျားသည့် ဆံပင်များကို ဖြန့်ချထား၏။
ဆံပင်များကြားတွင် ကြောက်စရာကောင်းသည့် မျက်နှာတစ်ခုကို မပီမသ မြင်နိုင်လေသည်။
အငြိုးအတေးကြီးသော တစ္ဆေက ခရမ်းညိုရောင်လက်သည်းများကိုထုတ်ပြီး လက်နှစ်ဖက်ကို ဆန့်ကာ ဆူဇီမိုထံသို့ တိတ်တဆိတ် ခုန်ဝင်လိုက်၏။
ဆူဇီမိုက အဲ့ဒါကို လျစ်လျူရှုထားပုံရ၏။
တစ္ဆေ၏ လက်နှစ်ဖက်က ဆူဇီမိုကို ခန္ဓာကိုယ်ကို ထိလိုက်သည့်အချိန်မှာပင် သူ့အမူအယာက ပြောင်းလဲသွားပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်၏။
ဆူဇီမို၏ မျိုးဆက်သွေးက ရုန်းကြွလာပြီး တဖျပ်ဖျပ်လက်နေသော လျှပ်စီးကြောင်းများဖြင့် တောက်ပသွား၏။
မိုးကြိုးစွမ်းအားက ကမ္ဘာပေါ်တွင် ဖြောင့်မတ်အသန်မာဆုံး ဖြစ်ပြီး တစ္ဆေသရဲနှင့် နတ်ဆိုးများ၏ တန်ပြန်ဝိပါတ် ဖြစ်လေသည်။
ချက်ချင်းပင် ထိုတစ္ဆေသည် မိုးကြိုးစွမ်းအားနှင့် ထိတွေ့သွားပြီး ပြာကျသွားကာ ပျောက်ကွယ်သွားလေသည်။
အစကတည်းက ဆူဇီမို၏ ခြေလှမ်းသည် လုံးဝရပ်တန့်မသွားခဲ့ပေ။
အစတုန်းက သူ့ဘေးပတ်လည်မှာ အခြားသော ဆိုးယုတ်တစ္ဆေများ ရှိနေခဲ့၏။
စောစောက အခြင်းအရာကို မြင်သောအခါ သူတို့သည် အကုန်လုံး ဝေးရာသို့ ထွက်ပြေးကုန်ကြ၏။