နန်းတော်ထဲမှာ ပိတ်မိသွားခြင်း၏
Vol. 35 Ch. 513
ညအချိန် မဟာချွမ်နန်းတော်အတွင်း၌ သတ်ဖြတ်သံများက ကောင်းကင်ကိုပင် တုန်ခါသွားစေ၏။ ပတ်ဝန်းကျင်ရှိ တမလွန်စစ်သားများ၏ အော်ရာကလည်း သိပ်သည်မြောက်များလာပြီး ကောင်းကင်တစ်ခုလုံးကိုပင် ဖုံးအုပ်လာ၏။
“ရွှမ်ယီ.. သွားကြရအောင်.. ငါတို့ ထပ်ပြီး ထိန်းမထားနိုင်တော့ဘူး”
စကားပြောလိုက်သောသူက ချောမောလှပသော သက်လတ်ပိုင်းရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး ချွေးများဖြင့် စိုရွှဲနေ၏။ သူမလက်ထဲတွင် အဆောင်လက်ဖွဲ့များ၏ အင်းကွက်များ၊ ကျောက်စာများက တောက်ပနေပြီး သူတို့ကို ပစ်ထုတ်လိုက်သောအခါ လိပ်ပြာများကဲ့သို့ ပြန့်ကျဲထွက်သွား၏။
လျှို့ဟွေ့ဘေးတွင် အခြားရွှေအမြုတေနှစ်ယောက်သည် စိတ်ဝိညာဉ်တိုက်ကွက်များနှင့် ဓါးပျံများကို သုံးပြီး ဘေးပတ်လည်ရှိ တမလွန်စစ်သားများနှင့် အသည်းအသန် တိုက်ခိုက်နေကြ၏။
သူတို့နှစ်ယောက်စလုံးတွင် ဒဏ်ရာအချို့က ရရှိထားပြီး ဖြူဖတ်ဖြူရော်နှင့် သိပ်ကြာကြာ ထိန်းထားနိုင်တော့မည့်ပုံ မပေါ်ပေ။
သူတို့ထဲမှတစ်ယောက်က အစီအရင်တောင်ထွတ်သခင် ရွှမ်ယီဖြစ်၏။
အခြားတစ်ယောက်ကတော့ သွေးများစိုနေသော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ သူသည် အရှည်သုံးပေလောက်ရှိသော အစိမ်းရောင်ဓါးတစ်လက်ကို ကိုင်စွဲထားပြီး ပြတ်သားသော နှင်းခဲဓါးချီကို ထုတ်ဖော်ပြနေသော ဓါးကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။
သူတို့သုံးယောက်က ဖိုခနောက်ဆိုင် နေရာယူထားကြပြီး သူတို့၏ ခြေထောက်များက တရှပ်ရှပ် ဆက်တိုက်ရွေ့လျားနေကာ တစ်ယောက်ကိုတစ်ယောက် ကာကွယ်စောင့်ရှောက်နေကြ၏။
သို့သော်လည်း သူတို့ထံသို့ များပြားလှစွာသော တမလွန်စစ်သားများက အဘက်ဘက်ကနေ ပြေးဝင်ချလာပြီး ဘယ်တော့မှ မကုန်ဆုံးတော့မည့်အလားပင်။ သူတို့က တစ်လှိုင်းပြီးတစ်လှိုင်း ရှေ့သို့ ခုန်ဝင်လာကြပြီး ရွှမ်ယီနှင့် အခြားနှစ်ယောက်ကို ထပ်တလဲလဲ တိုက်ခိုက်နေကြ၏။
သူတို့သုံးယောက်သည် လုံးဝ အခြေအနေမကောင်းကြတော့ပေ။
ရွှမ်ယီသည် မချင့်မရဲ အမူအယာနှင့် အံကိုကြိတ်ပြီး အော်လိုက်၏။
“နောက်ပြန်ဆုတ်ကြမယ်ဟေ့”
“အခုချိန်မှ နောက်ပြန်ဆုတ်ဖို့တောင် မလွယ်လောက်တော့ဘူးဟ”
အဖြူရောင်ဝတ်ဓါးသမားက သုန်မှုန်နေသောအမူအယာနှင့် ပြောလိုက်၏။
သူတို့သုံးယောက်၏ တိုက်ခိုက်မှုက အုန်းအုန်းကျက်ကျက် ဖြစ်သွားပြီး နန်းတော်၏ အခြားနေရာများမှ တမလွန်စစ်သားများကပါ ဆက်တိုက်ပြေးလာနေကြ၏။
နောက်ပိုင်းမှ ရောက်လာသော တမလွန်စစ်သားများက ပိုလို့တောင် သန်မာကြမ်းတမ်းလာ၏။
အစတုန်းကတော့ ကင်းလှည့်နေသော တမလွန်စစ်သားများ၏ ခွန်အားသည် အစောပိုင်း သို့မဟုတ် အလယ်အလတ်အဆင့် ရွှေအမြုတေများ၏ အဆင့်လောက်သာရှိ၏။ သို့သော် အခုအခါမှာတော့ နောက်ပိုင်း-ရွှေအမြုတေအဆင့် ခွန်အားလောက်ရှိသည့် တမလွန်စစ်သားများကပါ ဝင်ရောက်လာကြ၏။
အခြေအနေက သေရေးရှင်ရေး ဖြစ်လာ၏။
သူတို့သုံးယောက်သည် ဆက်တိုက် နောက်ဆုတ်နေကြသော်လည်း အဆုံးမဲ့တမလွန်စစ်သားများကြားမှာ ပိတ်မိနေလေပြီ။ သူတို့၏ အမြန်နှုန်းကလည်း နှေးသထက် နှေးကွေးလာကြ၏။
ဒီနေရာမှာ ပို၍ ကြန့်ကြာလာလေလေ အခြေအနေက ပိုဆိုးလာလေ ဖြစ်တော့ပေမည်။
သူတို့သုံးယောက်စလုံးက ဒဏ်ရာရနေကြလေပြီ။ သူတို့သည် ဆေးလုံးများကို ဆက်တိုက် စားသုံးနေကြသော်လည်း ဆိုးယုတ်ချီများဖြင့် ပြည့်နှက်နေသည့် ပတ်ဝန်းကျင်အနေအထားကြောင့် သူတို့၏ ဒဏ်ရာများက သက်သာသည့်အချိန်ကို မရောက်နိုင်ဘဲ သွေးများက ဆက်တိုက်စီးကျနေ၏။
ဒါ့အပြင် သူတို့၏ ဒဏ်ရာများမှတစ်ဆင့် ဆိုးယုတ်ချီများက ဝင်ရောက်လာပြီး အထဲသို့ စိမ့်ဝင်သွားကာ သူတို့၏ မရီးဒါန်များ၊ ဒါန်ထျန်နှင့် သွေးများကို ပျက်စီးယိုယွင်းလာစေပြီး အခြေအနေက ပိုဆိုးလာဖို့သာ ရှိတော့လေသည်။
အဆုံးသတ်၌ သူတို့သုံးယောက်က တမလွန်စစ်သားများလက်ချက်နှင့် မသေလျှင်တောင် ဆိုးယုတ်ချီများကြောင့် သူတို့၏ မရီးဒါန်များနှင့် အမြုတေက အေးခဲသွားပြီး သူတို့၏ တာအိုများက ပျောက်ကွယ်ကာ သေရပေလိမ့်မည်။
ဒါ့အပြင် သူတို့သုံးယောက်ထဲမှာ လျှို့ဟွေ့က အခြေအနေ အတော်ဆိုးနေပြီးဖြစ်၏။
သူမ၏ နှုတ်ခမ်းက ခရမ်းရောင်သန်းလာပြီး သူမ၏ ခြေလှမ်းများက လေးကန်လာ၏။ သူမ၏ စိတ်ဝိညာဉ်စွမ်းအင်များကလည်း ကုန်ခမ်းနေပြီဖြစ်ပြီး သူမ၏ ရွှေအမြုတေကို ဆိုးယုတ်ချီများက ရစ်သိုင်းလာပြီဖြစ်၏။ အဲ့ဒါကို လှည့်ပတ်ဖို့တောင် အတော်လေး ခက်ခဲလာလေပြီ။
သူတို့သုံးယောက်၏ ဖိုခနောက်ဆိုင်ဗျူဟာက အတော်လေး ထိရောက်သော်လည်း တစ်ယောက်လဲကျသွားသည်နှင့် ဖွဲ့စည်းပုံက ပျက်ပြားသွားပေတော့မည်။
“ရွှစ်”
လတ်ဆတ်သောသွေးများက ဖြာကျသွား၏။
လျှိုဟွေ့သည် ညည်းတွားလိုက်၏။ သူမ၏ ဝမ်းဗိုက်မှာ မနှစ်မျို့ဖွယ်ကောင်းသော ဟက်တက်ကွဲရာတစ်ခုက ပေါ်လာပြီး သွေးများက အတော်မသတ် စီးကျလာ၏။
ရွှမ်ယီ၏ အမူအယာက ရုတ်ချည်းပြောင်းလဲသွားပြီး ခြေတစ်လှမ်းရှေ့တက်ကာ လဲကျတော့မည့် လျှိုဟွေ့ကို ဖေးကူလိုက်၏။ သူ့ဝတ်ရုံကို ဝေ့ရမ်း၍ မြောက်များလှစွာသော စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်ကာ ဝင်ရောက်လာသော တမလွန်စစ်သားများကို နောက်ပြန်လန်ကျသွားစေ၏။
“ကျိယွဲ့.. မင်းအစွမ်းကုန်ထုတ်ပြီး ရှေ့ကနေ ဖောက်ထွက်ပေးပါလား.. ငါနောက်ကနေ ကာပေးမယ်”
လျှို့ဟွေ၏ ဒဏ်ရာကို မြင်သောအခါ ရွှမ်ယီသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ့မျက်လုံးထဲတွင် ရူးသွပ်မှုက ပေါ်လာ၏။
ရွှမ်ယီသည် သိုလှောင်အိတ်ကိုပုတ်၍ ဆေးလုံးအချို့ကို ထုတ်ပြီး မျိုချလိုက်ပြီး..
တစ်ချိန်တည်းမှာပင် သူသည် ထိပ်တန်းအဆင့် ဓါးပျံ ၁၂လက်ကို ဆင့်ခေါ်ထုတ်လိုက်၏။
ချွင်.. ချွင်..
ဓါးပျံများက အဆက်တုန်ခါ၍ တဝီဝီမြည်လာ၏။
“ဆဋ္ဌဂံဓါးဝင်္ကပါ”
ရွှမ်ယီ၏ ရွှေအမြုတေသည် ၎င်း၏ အကန့်အသတ်ထိ လည်ပတ်သွားပြီး တစစ်စစ်နှင့် နာကျင်လာပြီဖြစ်၏။ ဓါးပျံ ၁၂လက်ကို ထိန်းချုပ်ရင်း ဆဋ္ဌဂံဓါးဝင်္ကပါနှစ်ထပ်ကို ပုံဖော်ကာ သူ့နောက်ကနေ ဝင်ရောက်လာသော တမလွန်စစ်သားများကို ပိတ်ဆို့ထားလိုက်၏။
ဆဋ္ဌဂံဓါးဝင်္ကပါနှစ်ခုက လေထဲမှာ ပေါ်လာပြီး တဖျတ်ဖျတ်တလက်လက်နှင့် လင်းလက်တောက်ပနေ၏။
ဘုန်း.. ဘုန်း.. ဘုန်း..
တမလွန်စစ်သား ဆယ်ယောက်ကျော်သည် ခုန်ဝင်လာကြ၏။ သူတို့သည် ဆဋ္ဌဂံဓါးဝင်္ကပါနှင့် ထိတွေ့သောအခါ ပြာအဖြစ် ပြောင်းလဲသွားပြီး လေထဲမှာ ပျက်ပြယ်သွားကြ၏။
ရွှမ်ယီမှာ ရွှေအမြုတေနယ်မြေ မရှိသော်လည်း သူက ဓါးဝင်္ကပါသခင်တစ်ယောက်ဖြစ်၏။
ဆဋ္ဌဂံဓါးဝင်္ကပါနှင့်ဆိုပါက သူသည် ရွှေအမြုတေနယ်မြေအချို့နှင့်ပင် ရင်ဆိုင်တိုက်ခိုက်ဖို့ လုံလောက်လေသည်။
ရှေ့တွင်.. အဖြူရောင်ဝတ်ဓါးကျင့်ကြံသူသည် အသက်ပြင်းပြင်းရှိုက်ပြီး စိတ်ဝိညာဉ်အားဖြည့်ဆေးလုံးအချို့ကို မျိုချလိုက်ရ၏။ သူသည် အသံရှည်တစ်ချက်ဆွဲ၍ ဟိန်းဟောက်လိုက်ပြီးနောက် အော်ဟစ်လိုက်၏။
“ရွှေအမြုတေနယ်မြေ.. ဆန်းကြယ်ဓါးမိုး”
ဖြောက်.. ဖြောက်.. ဖြောက်..
မိုးစက်များက အဆက်မပြတ် ကျဆင်းလာ၏။
ကျဆင်းလာသော မိုးရေစက်များက ကြည်လင်၊ သိပ်သည်း၊ လေးလံနေပြီး အဆုံးမဲ့ထက်ရှမှုအလင်းရောင်ဖြင့် တောက်ပနေ၏။
ဖောက်.. ဖောက်.. ဖောက်..
မိုးရေစက်များ ထိမှန်ပြီးနောက် များစွာသော တမလွန်စစ်သားများသည် မြေပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်ပြီး ဆိုးယုတ်ချီများအဖြစ်သို့ ပြောင်းလဲကာ ပျက်ပြယ်သွားကြ၏။
ရွှေအမြုတေနယ်မြေကို ထုတ်ဖော်ပြီးနောက် အနည်းဆုံး တမလွန်စစ်သားသုံးလေးရာလောက် ပျောက်ကွယ်ကုန်ကြ၏။
ရှေ့တွင် နေရာလွတ်ကြီးတစ်ခုက ပေါ်လာ၏။
“သွားကြမယ်ဟေ့”
အဖြူရောင်ဝတ်ကျင့်ကြံသူက ဟိန်းဟောက်၍ သူ့ဓါးနှင့်အတူ အရင်ဆုံး ခုန်ဝင်သွားပြီး ရှေ့သို့ လမ်းဖော်ပေးလိုက်၏။
ရွှမ်ယီသည် လျှို့ဟွေ့ကို သူ့လက်ထဲမှာသယ်ပြီး ထပ်ကြပ်မကွာ လိုက်ပါလာ၏။
သူတို့ သိပ်ဝေးဝေး မသွားရသေးခင်မှာပင် နောက်ဘက်မှ မိုးချုန်းသံကဲ့သို့ မြင်းခွာသံများက ထွက်ပေါ်လာ၏။ မြေပြင်ကတောင် အထိန်းအကွပ်မဲ့စွာ တုန်ခါလာလေသည်။
“သတိထား”
အဖြူရောင်ဝတ်ကျင့်ကြံသူ၏ အမူအယာက ပြောင်းလဲသွား၏။
ရှေ့တွင်ရှိသော တမလွန်စစ်သားများသည် အမိန့်တစ်စုံတစ်ရာကို လက်ခံရရှိလိုက်သည့်အလား တစ်ပြိုင်နက်တည်း လူစုခွဲ ပြန့်ကျဲသွားကြ၏။
မြောက်များလှစွာသော စစ်သည်တော်များသည် မြင်းများကိုစီးနင်း၍ စူးချွန်ပုံစံနေရာယူကာ အဖြူရောင်ဝတ်ကျင့်ကြံသူ၏ ရွှေအမြုတေနယ်မြေကို ထိုးဖောက်တိုက်ခိုက်လိုက်ကြ၏။
ဝုန်း..
ကျယ်လောင်သောအသံကြီးက ထွက်ပေါ်လာ၏။
မြင်းစီးသမားအချို့သည် သူတို့၏ မြင်းများပေါ်က ပြုတ်ကျကုန်ကြ၏။
သို့သော် ဆန်းကြယ်ဓါးမိုးကလည်း ပျက်ပြယ်တော့မည့် လက္ခဏာပြလာလေသည်။
နောက်တစ်ကြိမ်ဝင်တိုက်သည်နှင့် အဖြူရောင်ဝတ်ကျင့်ကြံသူ၏ ရွှေအမြုတေနယ်မြေက ပျက်ပြယ်တော့ပေမည်။
“ရွှမ်ယီ.. ကျိယွဲ့.. သွားကြတော့.. ငါ့ကို ဂရုစိုက်မနေကြနဲ့တော့”
လျှို့ဟွေ့၏ အမူအယာက တင်းမာနေပြီး ဆိုးယုတ်ချီများ၏ စည်းနှောင်ခြင်း ခံရပြီးနောက် သူမ၏ မျိုးဆက်သွေးနှင့် ခန္ဓာကိုယ်က စတင်အေးခဲလာနေ၏။ သူမသည် အလွန်တရာ အားနည်နေပြီး ဆက်လက်တိုက်ခိုက်ဖို့ ခွန်အား မကျန်ရှိတော့ပေ။
“နင်ဘာတွေ ပေါက်ကရတွေ ပြောနေတာလဲ”
ရွှမ်ယီသည် နှစ်သုံးရာကျော် ကျင့်ကြံလာခဲ့ပြီး နွေးထွေးပျူငှာတတ်သော စိတ်နေစရိုက်ရှိကာ တော်တန်ရုံနှင့် စိတ်ခံစားချက်များကို ဖော်မပြတတ်ပေ။
သို့သော် ယခုအခါ သူသည် စိတ်လှုပ်ရှားတုန်လှုပ်နေပြီး သူ့မျက်လုံးများက နီရဲနေကော အော်ပြောလိုက်၏။
“ဟင်း.. ငါ့ကို ဆက်ခေါ်သွားရင် နင်တို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေမှာပေါ့.. အဲ့ချိန်ကျရင် ငါတို့ တစ်ယောက်မှ အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး”
ရွှမ်ယီ၏ ရင်ခွင်ထဲမှာ မှီရင်း.. လျှို့ဟွေ့၏ မျက်ဝန်းထဲတွင် ကြင်နာနုယွသော အကြည့်က ဖျတ်ကနဲ ပေါ်လာ၏။
“ရွှမ်ယီ.. နင် ငါ့အပေါ်မှာ ဘယ်လိုခံစားချက်ရှိလဲ ငါသိပါတယ်.. ငါအားနာပါတယ်... ဒီဘဝမှာတော့ ငါတို့တွေ ရေစက်မဆုံနိုင်တော့ဘူး”
ထိုသည်ကို ကြားသောအခါ ရွှမ်ယီသည် တည်ငြိမ်လာ၏။
“လျှို့ဟွေ့.. ငါ့ခံစားချက်ကို နင်သိနေမှတော့ ငါ နင့်ကို ထားခဲ့မှာ မဟုတ်ဘူးဆိုတာလဲ နင်သိသင့်တယ်”
ရွှမ်ယီ၏ အကြည့်က ပြတ်သားလာပြီး လျှို့ဟွေ့၏ ရေခဲလို အေးစက်နေသော လက်ကို တင်းတင်းကျပ် ဆုပ်ကိုင်ကာ ရယ်မောလိုက်၏။
“ငါ့ဘဝတစ်လျှောက်လုံး အချစ်ရေးမှာ အမြဲတမ်း သူရဲဘောကြောင်ခဲ့ရတယ်.. နောက်ဆုံး ဒီနေ့တော့ ငါရဲရင့်ရလိမ့်မယ်”
ရွှမ်ယီက အဖြူရောင်ဝတ်ကျင့်ကြံသူဘက်သို့ လှည့်ပြီး ခေါင်းညိတ်ပြ၍ တည်ငြိမ်စွာ ပြောလိုက်၏။
“ကျိယွဲ့.. မင်းသွားနှင့်တော့.. ငါကတော့ သူ့ကို အဖော်ပြုပေးရမယ်”
“တာအိုရောင်းရင်းတို့.. မင်းတို့တွေ...”
အဖြူရောင်ဝတ်ကျင့်ကြံသူသည် စိုးရိမ်ပူပန်နေပြီး ဆက်မပြောနိုင်တော့ပေ။
ရွှမ်ယီက ညင်သာစွာ ပြုံးလိုက်၏။
“ကျင့်ကြံရေးလမ်းကြောင်းက အဆုံးမရှိလောက်အောင် အကန့်အသတ်မဲ့လှပါတယ်.. ငါတို့က တစ်ကယ်တမ်း အသက်အရှည်ကြီး နေရမယ်ဆိုရင်တောင် အထီးကျန်ဝမ်းနည်းစွာနဲ့ပဲ အိုမင်းလာရမယ်ဆို ဘာများ အဓိပ္ပါယ်ရှိဦးမှာလဲ”
“အဆင်ပြေပါတယ်.. ငါနဲ့ လျှိုဟွေ့က ငါတို့ရဲ့ မိတ်ဆွေဟောင်းကြီး ဝမ်ရွှမ်းကို အဖော်သွားပြုပေးရမယ်.. အဲ့ဒါက သူလဲ သိပ်ပျင်းရမှာ မဟုတ်တော့ဘူး.. ဟဟဟား”
ရွှမ်ယီသည် နောက်တစ်ကြိမ် ရယ်မော်၍ သူ့ရင်ခွင်ထဲရှိ အမျိုးသမီးကို တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်၏။
ထိုအခိုက်အတန့်၌ ကမ္ဘာပေါ်မှာ သူတို့နှစ်ယောက်တည်း ကျန်ခဲ့သည့်အလား ထင်လိုက်ရ၏။
ဝုန်း..
ထိုစဉ်မှာပင် နောက်ထပ် အသံကြီးတစ်သံက ထွက်ပေါ်လာ၏။
တမလွန်စစ်သားများ လက်ချက်ဖြင့် အဖြူရောင်ဝတ်ကျင့်ကြံသူ၏ ရွှေအမြုတေနယ်မြေက ကြေမွပြန့်ကျဲသွားပြီဖြစ်၏။
သူတို့သုံးယောက်မှာ မည်သည့်အကာအကွယ်မှ မရှိတော့ပေ။