အိတ်သွန်ဖာမှောက်
Vol. 35 Ch. 523
သားရဲများများအကြားမှာ မျိုးဇာတ်အနိမ့်အမြင့်က အရမ်းစကားပြော၏။
သူသည် မိုးပျံမြွေနဂါးကို မြင်သောအခါ အဲ့ဒါက အမြုတေနယ်မြေ၏ စွမ်းအားသာ ဖြစ်သော်လည်း သွေးနီရောင်ချပ်ဝတ်မိစ္ဆာသားရဲသည် မသိစိတ်အရ အလိုလိုဒူးထောက်၍ ဦးချချင်စိတ်များ ပေါက်လာ၏။
အစကတည်းက မိုးပျံမြွေနဂါးအမြေတေနယ်မြေသည် ဆူဇီမို၏ မီးဒြပ်စင်စွမ်းအားကနေ ဖြစ်တည်လာခြင်းဖြစ်၍ ၎င်း၏ အကန့်အသတ်သို့ ရောက်ရှိနေပြီးဖြစ်၏။
ခြစ်ခြစ်တောက် ပူပြင်းသော ပတ်ဝန်းကျင် ထပ်ပေါင်းလိုက်သောအခါ မိုးပျံမြွေနဂါးအမြုတေနယ်မြေ၏ စွမ်းအားက ထပ်မံပေါက်ကွဲထွက်ပေါ်လာ၏။
မြေဦးခေါင်း၊ အနာကွန်ဒါကိုယ်၊ နဂါးကြေးခွံများ၊ ဖီးနစ်တောင်ပံတို့နှင့် ကမ္ဘာဦးမိုးပျံမြွေနဂါးကြီးသည် ၎င်း၏ မီးတောက်တောင်ပံများကို ခတ်၍ ၎င်း၏ သွေးသံရဲရဲပါးစပ်ကြီးကို ဟကာ လေများကို ရှူသွင်းလိုက်၏။
မြေပြင်ပေါ်ရှိ ချော်ရည်ပူများက မိုးပျံမြွေနဂါးကြီး၏ ပါးစပ်ထဲသို့ အတောမသတ် ဝင်ရောက်လာ၏။
မိုးပျံမြွေနဂါး၏ ကိုယ်ပေါ်ရှိ မီးတောက်များကလည်း တဖျတ်ဖျတ်တလက်လက်ရောင်ခြည်ဖြင့် တောက်ပလင်းထိန်လာ၏။
ကမ္ဘာဦးမိုးပျံမြွေနဂါးက အထက်ကနေ အောက်သို့ ငုံ့ကြည့်လိုက်ပြီး သူ့အကြည့်က သွေးနီရောင်ချပ်ဝတ်မိစ္ဆာသားရဲပေါ်သို့ အေးစက်စွာ ကျရောက်သွားကာ ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်သလို ကြည့်နေလိုက်၏။
အဲ့ဒါက ရွှေအမြုတေနယ်မြေတစ်ခုသာ ဖြစ်သော်လည်း မိုးပျံမြွေနဂါးမျိုးနွယ်၏ ဂုဏ်ကျက်သရေနှင့် မြင့်မြတ်မှုကို သယ်ဆောင်ထား၏။
“သွား”
ဆူဇီမိုက ရှေ့သို့ ညွှန်လိုက်၏။
ရွှစ်..
ကမ္ဘာဦးမိုးပျံမြွေနဂါးက သူ့တောင်ပံများကိုခတ်၍ ကြောက်စရာကောင်သည့် အော်ရာနှင့်အတူ သွေးနီရောင်ချပ်ဝတ်မိစ္ဆာသားရဲဆီသို့ တစ်ဟုန်ထိုး ဝင်ချသွား၏။
“ရွှေအမြုတေနယ်မြေတစ်ခုက ဘယ်လိုတောင် မောက်မာရဲနေတာလဲ”
သွေးနီရောင်ချပ်ဝတ်မိစ္ဆာက ကြောက်မက်ဖွယ်ရာအမူအယာနှင့် အော်လိုက်၏။ သူ့ရင်ထဲမှ အကြောက်တရားကို ဖိနှိမ်ပြီး သူ၏ ကြီးမားသည့် လက်ကြီးဖြင့် ကမ္ဘာဦးမိုးပျံမြွေနဂါး၏ သေကွင်းသေကွက်ကို ဖမ်းဆွဲလိုက်၏။
ဖွီး..
ရုတ်တရက်.. ကမ္ဘာဦးမိုးပျံမြွေနဂါးကြီးက သူ့ပါးစပ်ကိုဟပြီး ချော်ရည်ပူများကို မိစ္ဆာသားရဲဆီသို့ မှုတ်ထုတ်လိုက်၏။
ကြိုတင်တွက်ဆထားသည့် မိစ္ဆာသားရဲက သူ့လက်ဖဝါးကို ထုတ်၍ ချော်ရည်ပူများကို ပိတ်ဆို့ကာလိုက်၏။
ခြစ်ခြစ်တောက်ပူသော ချော်ရည်များက ဘေးဘက်များသို့ စင်ထွက်သွား၏။ သွေးနီရောင်မိစ္ဆာသားရဲက ဒဏ်ရာ လုံးဝ မရပေ။
သူတို့၏ ကျင့်ကြံမှုအဆင့် ကွာဟချက်က ကြီးမားလွန်း၏။
ဆူဇီမို၏ ရွှေအမြုတေနယ်မြေကို လိုဏ်ဂူထဲရှိ ချော်ရည်ပူများက ထောက်ပံ့ပေးထားတာတောင် အဲ့ဒါက သွေးနီရောင်ချပ်ဝတ်မိစ္ဆာသားရဲကို ခြိမ်းခြောက်နိုင်ခြင်း မရှိပေ။
အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း သွေးနီရောင်ချပ်ဝတ်မိစ္ဆာသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားခဲ့၏။
သူ့ရှေ့မှလူသားက သူ့အဆင့်သို့ ရောက်အောင် ကျင့်ကြံထားနိုင်ခဲ့လျှင် ထိုအမြုတေနယ်မြေ၏ စွမ်းအားတစ်ခုတည်းက သူ့ကို သတ်ဖို့ လုံလောက်လေသည်။
“တော်သေးတာပေါ့...”
သွေးနီရောင်ချပ်ဝတ်မိစ္ဆာသားရဲသည် စိတ်ထဲကနေ ရေရွတ်လိုက်၏။
ဆူဇီမိုသည် ရလဒ်ကို ကြိုတင်ခန့်မှန်းထားသည့်အလား သူ့အမူအယာက ပြောင်းလဲမသွားပေ။
သူသည် သိုလှောင်အိတ်ကိုပုတ်၍ ဧရာမချိတ်စည်းကြီးတစ်ခုကို ဆွဲထုတ်ပြီး အထဲသို့ စိတ်ဝိညာဉ်စွမ်းအင်ကို ထိုးသွင်းလိုက်၏။
ရစ်ခွေနဂါးချိတ်စည်းက လင်းလက်တောက်ပလာ၏။
“ဂါး”
နဂါးဟိန်းသံက လေထုကို တုန်ခါသွားစေပြီး လိုဏ်ဂူတွင်းမှာ ပဲ့တင်ထပ်သွား၏။
ဆူဇီမိုက မျက်လုံးများက ဝင်းလက်လာပြီး နောက်ဆုံးရမည့်အစား ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။
ဝုန်း..
သူ့အတွင်းအမြုတေနှင့် ရွှေအမြုတေက တစ်ချိန်တည်းမှာ လည်ပတ်သွားပြီး သူ့သွေးချီက ရုန်းကြွလာ၏။ ဆူဇီမို၏ ခန္ဓာကိုယ်က ပြန့်ကားလာပြီး သူ့အင်္ကျီလက်များက စုတ်ပြဲသွားကာ သွေးကြောစိမ်းများ ဖောင်းကြွနေသည့် လက်တစ်ဖက်က ပေါ်လာ၏။
ဆူဇီမိုသည် ရစ်ခွေနဂါးချိတ်စည်းကို ဘယ်ဘက်လက်ဖြင့် ကိုင်ပြီး သွေးနီရောင်ချပ်ဝတ်မိစ္ဆာသားရဲ၏ ဦးခေါင်းသို့ ပြင်းထန်စွာ ပစ်ပေါက်ချလိုက်၏။
တစ်ချိန်တည်းမှာပင် သူ၏ ညာဘက်လက်ကို ဓါးတစ်လက်ကဲ့သို့ အသုံးပြုလိုက်၏။
ချွမ်.. ချွမ်..
ဓါးမြှောင်များကဲ့သို့ ထက်ရှသော သူ၏ လက်သည်းများက ထွက်လာပြီး အေးစက်စက် လက်နေကာ သူတို့က သွေးနီရောင်ချပ်ဝတ်မိစ္ဆာသားရဲ၏ ရင်အုပ်ကို ထိုးဖောက်ဖို့ ပြေးဝင်သွား၏။
ဆူဇီမိုသည် တုံ့ဆိုင်းမနေဘဲ သူ့မှာ ရှိသမျှ ဝှက်ဖဲများကို အကုန်ထုတ်ကာ မိစ္ဆာသားရဲကို သတ်ဖြတ်နိုင်ဖို့ ကြိုးစားလိုက်၏။
အရင်ဆုံး.. ကမ္ဘာဦးမိုးပျံမြွေနဂါးက သွေးနီရောင်ချပ်ဝတ်မိစ္ဆာ၏ စိတ်အာရုံကို ဆွဲဆောင်ဖို့ပင်။
အဲ့ဒီနောက် သတ်ဖြတ်ဖို့အတွက် သူက တိုးကပ်ရပေမည်။
သူ၏ သတ်ဖြတ်ကွက်က ရွှေအမြုတေနယ်မြေမဟုတ်ဘဲ ရစ်ခွေနဂါးချိတ်စည်းနှင့် သူ့ညာဘက်လက်ရှိ နတ်ဖီးနစ်အရိုး ဖြစ်လေသည်။
ဖောင်း..
သွေးနီရောင်ချပ်ဝတ်မိစ္ဆာသားရဲက သူ့လက်ထဲသို့ ခွန်အားကို ပို့လွှတ်ပြီး မိုးပျံမြွေနဂါးကို ရိုက်ချကာ အမြုတေနယ်မြေ၏ စွမ်းအားကို ပျက်ပြယ်သွားစေ၏။
တစ်ချိန်တည်းမှာပင်..
ဧရာမချိတ်စည်းကြီးက သူ့ဦးခေါင်းပေါ်သို့ ပစ်ကျလာ၏။
ဘုန်း..
သူ့ဦးခေါင်းက တစ်ဖက်သို့ လည်ထွက်သွားပြီး အပြင်ဘက်အရေက ကွဲထွက်ကာ သွေးများက စီးကျလာ၏။
သူက မသေဘူးလား..
“အား..”
သွေးနီရောင်ချပ်ဝတ်မိစ္ဆာသားရဲက နာကျင်စွာနှင့် အော်ဟစ်လိုက်၏။
သူ့မျက်လုံးထဲမှာ ဆူဇီမိုက ဘာမဟုတ်သည့် ပုရွက်ဆိတ်လေးတစ်ကောင်သာ။
ထိုပုရွက်ဆိတ်လေးက သူ့ကို နာကျင်စေလိမ့်မည်ဟု သူတစ်ကယ်ကို မျှော်လင့်မထားပေ။
ရွှစ်..
သွေးနီရောင်ချပ်ဝတ်မိစ္ဆာသားရဲ၏ ခန္ဓာကိုယ်က ကြီးမားစွာ ပြန့်ကားလာပြီး လူသားပုံစံသူ့ဦးခေါင်းက လျှင်မြန်စွာ အသွင်ပြောင်းကာ သွားစွယ်များနှင့် ကြောက်စရာကောင်းလာ၏။
စောစောက ရရှိသွားသော ဒဏ်ရာသည် သွေးနီရောင်ချပ်ဝတ်မိစ္ဆာသားရဲကို လုံးဝ ဒေါသူပုန်ထသွားစေလေသည်။
သူ၏ သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းတော့ပေမည်။
သားရဲများသည် သူတို့၏ အစစ်အမှန်ပုံစံ၌သာ အသန်မာဆုံး ဖြစ်ကြလေသည်။
တစ်ချိန်တည်းမှာပင် သွေးနီရောင်ချပ်ဝတ်မိစ္ဆာသားရဲ၏ ခန္ဓာကိုယ်နှင့် ထိတွေ့လိုက်သော ဆူဇီမို၏ ညာဘက်လက်သည်းများက ကြေမွသွား၏။
အဲ့ဒါကို အထဲသို့ရောက်အောင် မထိုးသွင်းနိုင်ခဲ့ပေ။
အခြေအနေကို လုံးဝ မဟန်တော့ဘူးဆိုတာ နားလည်သွားပြီး ဆူဇီမို၏ အမူအယာက ပြောင်းလဲသွား၏။
သူ၏ သတ်ဖြတ်ကွက် နှစ်ခုစလုံးက တစ်ချိန်တည်းမှာပင် ကျရှုံးသွားကြ၏။
ဆူဇီမိုသည် ရင်ထဲ နင့်ကနဲ ဖြစ်သွား၏။
ဘုန်း..
သူ့မှာ မည်သည့်အခွင့်အရေးမှ မကျန်ရှိတော့ပေ။ မြောက်များလှစွာသော ခွန်အားက ကျဆင်းလာပြီး သူ့ကို လွင့်စင်ထွက်သွားစေလေသည်။
“အီး..”
ဆူဇီမိုသည် ဖော်မပြတတ်သော နာကျင်မှုကို တစ်ကိုယ်လုံး ခံစားလိုက်ရပြီး သွေးများကို အဆက်မပြတ် အန်ထုတ်လိုက်ရ၏။
သွေးနီရောင်ချပ်ဝတ်မိစ္ဆာသားရဲ၏ အစစ်အမှန်ပုံစံက သွေးနီရောင်ချပ်ဝတ်တစ်ခုနှင့် ဧရာမမိချောင်းကြီးတစ်ကောင် ဖြစ်လေသည်။ လေထဲမှာရပ်နေပြီး သူ၏ တုတ်ခိုင်လှသော အမြီးကို ရမ်းကာ သူ၏ မျက်လုံးများက သွေးနီရောင်တောက်နေ၏။
သွေးနီရောင်ချပ်ဝတ်မိချောင်းကြီး၏ ထိုအမြီးက ဆူဇီမို၏ အင်္ဂါများကို ကျိုးကြေလုမတတ် ဖြစ်သွားစေ၏။
ဆူဇီမိုသည် ကြိုးပြတ်သွားသော စွန်လို မည်သည့်ခွန်အားမှ မရှိတော့ဘဲ လေထဲကနေ ပြုတ်ကျလာ၏။
သူက ရှုံးနိမ့်သွားလေပြီ။
သူက လုံးဝကို ခုခံနိုင်စွမ်း မရှိတော့ပေ။
“ငါ့ကျင့်ကြံမှုရဲ့ ဒီအခြေအနေကို ရောက်တဲ့အထိ ခက်ခဲကြမ်းတမ်းတဲ့ တိုက်ပွဲတွေ မရေမတွက်နိုင်အောင် ငါကျော်ဖြတ်ခဲ့ပြီးပဲ.. အဆင့်တူချင်းမှာဆို သန်မာပါတယ်ဆိုတဲ့ ရန်သူတွေများစွာကို ငါဖိနှိမ်ခဲ့ပြီးပြီ.. ဒါပေမယ့် ဒီနေ့တော့ မိချောင်းတစ်ကောင်ရဲ့ လက်ချက်နဲ့ ငါသေရတော့မှာပါလား”
ဆူဇီမိုသည် နာကျင်နေပြီး သူ့သွင်ပြင်က တွန့်လိမ်နေကာ သူ့စိတ်က ကစင်ကလျား ဖြစ်နေ၏။ သူသည် မူးဝေထိုင်းမှိုင်းစွာနှင့် သူ့အောက်ဘက်က ချော်ရည်ပြင်ထဲသို့ လဲကျသွားလေသည်။
တစ်ကယ်တမ်း အောက်သို့ မကျသေးခင်မှာပင် ချော်ရည်မျက်နှာပြင်တွင် တောက်လောင်နေသော မူလစိတ်ဝိညာဉ်မီးက ဆူဇီမို၏ အစိမ်းရောင်ဝတ်ရုံကို ပြာကျသွားစေ၏။
အစတုန်းကတော့ မြေခွေးလေးသည် စိုးရိမ်ပူပန်သော အမူအယာနှင့် ဆူဇီမိုကို အမှိတ်မသုန် စောင့်ကြည့်နေ၏။
မမျှော်လင့်ဘဲနှင့် ဆူဇီမို၏ အစိမ်းရောင်ဝတ်ရုံက ရုတ်တရက် လောင်ကျွမ်းသွားပြီး သူက ချက်ချင်းပင် ကိုယ်လုံးတည်းဖြစ်သွားကာ မဖော်ပြသင့်သော အရာများက ပေါ်ထွက်လာ၏။
“အ”
မြေခွေးလေးသည် အထိတ်တလန့်အော်ပြီး သူ၏ သေးငယ်သော လက်ဖဝါးလေးနှစ်ဖက်ဖြင့် သူ့မျက်လုံးများကို ကာလိုက်၏။
သို့သော်လည်း ထို့နောက်ချက်ချင်းပင် သူ၏ လက်ဖဝါးလေးနှစ်ဖက်က အနည်းငယ် ဟသွားပြီး ထိုအကြားအဟမှ နက်မှောင်နေသော မျက်လုံးလေးကို ခပ်ရေးရေး မြင်နိုင်လေသည်။
သူက ဆူဇီမိုကို ချောင်းမကြည့်ချင်ပေ။
သို့သော်လည်း သူက တစ်ကယ်ကို စိုးရိမ်နေမိ၏။ သူသည် ဒီအတိုင်း ပွင့်ပွင့်လင်းလင်း မကြည့်ရဲသည့်အတွက် ယခုကဲ့သို့ နည်းလမ်းကို သုံးလိုက်ရခြင်း ဖြစ်လေသည်။
ချော်ရည်ပြင်မှ ခြစ်ခြစ်တောက် အပူစွမ်းအားက ဆူဇီမို၏ အာရုံကြောများကို ထပ်တလဲလဲ နှိုးဆွပေးနေ၏။
သူသည် အံကိုကြိတ်ပြီး အာရုံကို ပြန်စုစည်းလိုက်သောကြောင့် သူ့မျက်လုံးများထဲသို့ ကြည်လင်မှုက ပြန်ရောက်လာ၏။
သူ အရှုံးပေးလို့ မရပေ။
နောက်ဆုံး အဆုံးစွန် အခိုက်အတန့်လေးထိ သူ့မျှော်လင့်ချက်ကို လွှတ်မချရပေ။
ဆူဇီမိုသည် ရွှေအမြုတေကို လှည့်ပတ်၍ သူ့ကိုယ်သူ ကပျာကယာ ထိန်းချုပ်ကာ သိုလှောင်အိတ်ကို ချော်ရည်ပြင်ထဲသို့ ကျမသွားဖို့အတွက် ဖမ်းဆုပ်ထားလိုက်၏။
တစ်ချိန်တည်းမှာပင် သွေးနီရောင်ချပ်ဝတ်မိချောင်း၏ မျက်လုံးများထဲတွင် လှောင်ပြောင်သရော်လိုမှုကို သူတွေ့လိုက်ရ၏။
“ပြီးသွားပြီ”
သွေးနီရောင်ချပ်ဝတ်မိချောင်း၏ အသံက ထွက်ပေါ်လာ၏။
နောက်ခဏ၌ ဆူဇီမို၏ အမြင်အာရုံက ဝါးကနဲ ဖြစ်သွား၏။
ကြီးမားသည့် အရိပ်ကြီးက သွေးရနံ့နှင့်အတူ သူ့ထံသို့ ခုန်အုပ်လာလေသည်။