← Chapters

အရှင်လတ်လတ် ဝါးမျိုခြင်း

Vol. 35 Ch. 524

အရှင်လတ်လတ် ဝါးမျိုခြင်း

Vol. 35 Ch. 524

မီးတောက်များနှင့် လောင်ကျွမ်းနေသော မသတီစရာ နီနီရဲရဲလျှာကြီးက ညှီစို့စို့သွေးအနံ့နှင့်အတူ သူ့ထံသို့ ချဉ်းကပ်လာ၏။ ပတ်ပတ်လည်ရှိ သွားများက ထက်ရှနေပြီး အပေါ်နှင့်အောက်သွားကပ်များက လှောင်ချိုင့်တစ်ခုနှင့် တူနေလေသည်။

အဲ့ဒါက မြန်လွန်းလှ၏။

တုံ့ပြန်ဖို့အချိန်ကို လုံးဝ မရပေ။

တစ်စက္ကန့်ရဲ့ အစိတ်အပိုင်းလေးတစ်ခုအတွင်းမှာ ဆူဇီမိုသည် သွေးနီရောင်ချပ်ဝတ်မိချောင်း၏ အာခံတွင်းထဲသို့ ရောက်ရှိသွားပြီဖြစ်၏။

“မဟန်တော့ဘူး”

ဆူဇီမိုသည် ရင်ထိတ်၍ ကြောက်လန့်သွား၏။

သွေးနီရောင်ချပ်ဝတ်မိချောင်းက သူ့ကို အရှင်လတ်လတ် စားချင်တာပင်။

သွေးနီရောင်ချပ်ဝတ်မိချောင်း၏ ကျင့်ကြံမှုအဆင့်နှင့် သူ၏ ကြောက်စရာကောင်းသည့် ကိုက်ချက်အရဆို သူက အသားစင်းကောအဖြစ်သို့ သေချာပေါက် ပြောင်းလဲသွားပေလိမ့်မည်။

အခုချိန်မှ နောက်ပြန်ထွက်ဖို့က ဆူဇီမိုအတွက် နောက်ကျလွန်းသွားပေပြီ။

သေရေးရှင်ရေးအခြေအနေတွင် ဆူဇီမိုသည် ကြောက်လန့်တကြား ဖြစ်ရမည့်အစား တည်ငြိမ်လာ၏။

အခြေအနေက ပိုဆိုးလေ သူက ကြောက်လန့်နေလို့ ပိုလို့တောင် မဖြစ်ချေ။

မဟုတ်ပါက စိတ်အာရုံပျက်ယွင်းမှုတစ်ချက်သည် သူ့အသက်ကို ချက်ချင်း နုတ်ယူသွားနိုင်လေသည်။

သူ့အကြည့်ကို မှေးကျဉ်း၍ လက်ရှိအခြေအနေကနေ ဘယ်လို ရုန်းထွက်ရမလဲ သူ့အသည်းအသန် စဉ်းစားလိုက်၏။ အချိန်က နှေးကွေးသွားသည်စု ထင်ရလေသည်။

ဖယောင်းမီးဓါးဝင်္ကပါလား.. မဖြစ်နိုင်။

ရှေးဟောင်းနဂါးအသွင်ပြောင်းလား.. မဖြစ်နိုင်။

သူ့မှာ အကူအညီ ဖြစ်စေနိုင်တဲ့ ဘာဝှက်ဖဲ ကျန်သေးလဲ။

ရုတ်တရက်..

ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွား၏။

တုံ့ဆိုင်းနေခြင်းမရှိဘဲ.. သူ့သိုလှောင်အိတ်ကို ပုတ်၍ စတုရန်းကြေးမီးဖိုတစ်လုံးကို ဆွဲထုတ်လိုက်၏။

ထိုစတုရန်းကြေးမီးဖိုထံမှ ရှေးကျသောအော်ရာတစ်မျိုးက ဖြာထွက်နေ၏။ မဟာချွမ်အပျက်အစီးနယ်မြေ၏ တားမြစ်နေရာကနေ သူကောက်ယူလာခဲ့သောတစ်ခု ဖြစ်လေသည်။

ထိုမီးဖိုက အက်ကွဲကြောင်းများနှင့် ပြည့်ပြီး အလွန်တရာ ချုံးချုံးကျနေ၏။ သို့သော်လည်း အဲ့ဒါက ထူးထူးခြားခြားကို ခိုင်မာလေသည်။

စတုရန်းကြေးမီးဖိုက သွေးနီရောင်ချပ်ဝတ်မိချောင်း၏ ကိုက်ခဲမှုကို ခံနိုင်ရည်ရှိပါ့မလားဆိုတာ ဆူဇီမို သေချာမသိပေ။

သို့သော်လည်း ဒီတစ်ခုကသာ သူအသက်ရှင်ဖို့အတွက် နောက်ဆုံးမျှော်လင့်ချက် ဖြစ်လေသည်။

ဖျတ်ကနဲဆို သူ့အရွတ်နှင့် အရိုးများက တဖျောက်ဖျောက် မြည်ပြီး ကျုံ့သွားကာ စတုန်းရန်းကြေးမီးဖိုထဲသို့ သူ့ကိုယ်သူ ဖိကြိတ်ထည့်လိုက်၏။

ပြောရသည်မှာ ကြာသည်ထင်ရသော်လည်း အဖြစ်အပျက်များက အရမ်းကို မြန်ဆန်လွန်း၏။

မီးဖိုထဲသို့ ဆူဇီမို ရောက်သွားချိန်မှာပင် သွေးနီရောင်ချပ်ဝတ်မိချောင်းက ပြင်းထန်စွာ ကိုက်ချလိုက်၏။

သူ့အမြင်အာရုံက မှောင်မိုက်သွားလေသည်။

ခွမ်း..

ကျွတ်ဆတ်ဆတ် အသံက ထွက်ပေါ်လာ၏။

စတုရန်းကြေးမီးဖိုက တသိမ့်သိမ့် တုန်ခါသွားသော်လည်း အဲ့ဒါက လုံးဝ အဆင်ပြေလေသည်။

ဆူဇီမိုသည် ရွှင်ပျသွား၏။

စတုရန်းကြေးမီးဖိုက ချုံးချုံးကျနေပြီဖြစ်သော်လည်း ၎င်း၏ ခိုင်မာမှုက လုံးဝထိပ်တန်းအဆင့်မှာပင်။

ချော်ရည်ပြင်ထက်တွင်..

စတုရန်းကြေးမီးဖိုက လွန်စွာ ခိုင်မာသော်လည်း အဲ့ဒါက သွေးနီရောင်ချပ်ဝတ်မိချောင်းကိုလည်း နာကျင်အောင် မလုပ်နိုင်ပေ။

သွေးနီရောင်ချပ်ဝတ်မိချောင်းအတွက်တော့ အဲ့ဒါက အစာစားနေရင်း ကျောက်ခဲဝါးမိသလိုပင်။

သွေးနီရောင်ချပ်ဝတ်မိချောင်းသည် ဘာမှ စဉ်းစားမနေတော့ဘဲ သူ့ခေါင်းကို ခါလိုက်ပြီးနောက် စတုရန်းကြေးမီးဖိုကို လျှာဖြင့် ပတ်ကာ သူ့အစာအိမ်ထဲသို့ မျိုချလိုက်၏။

သားရဲတောကောင်များ မကိုက်နိုင်သော အရာများ ရှိကောင်းရှိနိုင်၏။

သို့သော်လည်း သူတို့အစာအိမ်၏ အားကောင်းသော ကျုံ့နိုင်စွမ်းအားနှင့် ကြောက်စရာကောင်းသည့် အစာချေရည်တို့က သတ္တုနှင့် ကျောက်တုံးတို့ကိုပင် အရည်ဖျော်ပစ်နိုင်လေသည်။

ချော်ရည်ပြင်အလယ်က အထီးကျန်ကုန်းမြေလေးပေါ်တွင် မြေခွေးလေးက ဖြစ်ပျက်သမျှကို ကူကယ်ရာမဲ့စွာ ကြည့်နေ၏။ သူ့မျက်လုံးထဲရှိ အလင်းက မှိန်ဖျော့သွားပြီး ညင်သာစွာ သက်ပြင်းချလိုက်၏။

ဆူဇီမိုကို ဝါးမျိုပြီးနောက် သွေးနီရောင်ချပ်ဝတ်မိချောင်းသည် မြေခွေးလေးဘက်သို့ လှည့်၍ အေးစက်စက် ကြည့်လိုက်၏။

မြေခွေးလေးက လန့်ဖျပ်သွားပြီး သံမဏိခြင်းတောင်းကို ကပျာကယာဆွဲယူ၍ အထဲမှာ ဝင်ပုန်းလိုက်၏။

ထိုသို့ပြုလုပ်ခြင်းက သူ့ကို လုံခြုံစေသလိုပင်။

အဆင့်နိမ့်မိစ္ဆာသားရဲတစ်ကောင်အနေနှင့် သွေးနီရောင်ချပ်ဝတ်မိစ္ဆာသားရဲက နိုးထဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်နှင့် ညီမျှလေသည်။

သူသည် ဆူဇီမိုကို အလွယ်တကူ လှဲချနိုင်သော်လည်း အပြင်ဘက်ရှိ တောရိုင်းကမ္ဘာမှာတော့ သူက ဘာမှ မဟုတ်ပေ။ အထူးသဖြင့် သားရဲမျိုးနွယ်ရှစ်စုကြားမှာ ဖြစ်လေသည်။

သားရဲမျိုးနွယ်ရှစ်စုကြားထဲတွင် မိစ္ဆာသားရဲများ မရေမတွက်နိုင်အောင်ရှိ၏။ သူက အနိမ့်ဆုံးအဆင့်များထဲမှာ တစ်ဦးသာ...

သားရဲမျိုးနွယ်ရှစ်စုထဲတွင် မဟာသားရဲနှင့် သားရဲအိုကြီးများသာ ညှို့ငင်ဓါတ်ပြည့်ဝသောမြေခွေးမျိုးနွယ်ကို သိမ်းပိုက်ဖို့ အခွင့်ရှိပေလိမ့်မည်။

သွေးနီရောင်ချပ်ဝတ်မိချောင်း၏ အဆင့်အတန်းနှင့် ခွန်အားအရ.. သူ့ဘဝတစ်လျှောက်လုံးမှာတောင် မြေခွေးမျိုးနွယ်နှင့် ထိတွေ့ဆက်ခံခွင့်ရလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ကံသင့်စွာနှင့် ဤနေရာမှ ခြစ်ခြစ်တောက် အော်ရာကို သူအာရုံခံမိခဲ့ပြီး ဤနေရာ၏ လျှို့ဝှက်ချက်ကို သူရှာဖွေဖော်ထုတ်နိုင်ခဲ့၏။

ထိုအချိန်တုန်းက မြေခွေးလေးကို မွေးဖွားထားကာစသာ ရှိသေး၏။

အစတုန်းက သားရဲမြေခွေးသည် အလယ်အလတ်အဆင့်မိစ္ဆာသားရဲဖြစ်၏။ သို့သော်လည်း ကလေးမွေးဖွားပြီးနောက် သူမ၏ သွေးချီများစွာကို ဆုံးရှုံးထားကာ သူမက အားအနည်းဆုံးအခြေအနေမှာ ရှိနေ၏။ သွေးနီရောင်ချပ်ဝတ်မိစ္ဆာသားရဲသည် ထိုအခွင့်အရေးကို အမိအရ အသုံးချခဲ့၏။

ကြီးမားသည့် တိုက်ပွဲကြီးက ပေါ်ပေါက်ခဲ့လေသည်။

သွေးနီရောင်ချပ်ဝတ်မိချောင်းသည်လည်း ဒဏ်ရာ ရရှိသွားခဲ့၏။

သို့သော်လည်း သားရဲမြေခွေး၏ ဒဏ်ရာက ပိုလို့တောင် ကြီးမားပြင်းထန်လေသည်။

နှစ်ဖက်စလုံးက နှစ်နှစ်ကြာလောက်ထိ လိပ်ခဲတည်းလည်း ယှဉ်ပြိုင်ခဲ့ကြ၏။ နောက်ဆုံးမှာတော့ သားရဲမြေခွေးက ရှုံးနိမ့်၍ သေဆုံးသွားခဲ့၏။

သွေးနီရောင်ချပ်ဝတ်မိချောင်းကတော့.. သူ၏ အမြုတေစိတ်ဝိညာဉ်က အပြင်းအထန် ဒဏ်ရာရရှိသွားပြီး အခုချိန်ထိကို အပြည့်အဝ ပြန်ကောင်းမလာနိုင်သေးပေ။

မြေခွေးလေးက ဖြစ်ပျက်သမျှ မြင်နေခဲ့ရသော်လည်း သူတတ်နိုင်တာ ဘာမှ မရှိပေ။

သူဒဏ်ရာ ရသွားသောအခါ သွေးနီရောင်ချပ်ဝတ်မိချောင်းသည် ဒေါသူပုန်ထသွားပြီး မြေခွေးလေးကိုပါ သတ်ပစ်ချင်ခဲ့မိ၏။ သို့သော်လည်း မြေခွေးလေး၏ သနားစဖွယ် အမူအယာကို မြင်သောအခါ သူ့စိတ်က ယိမ်းယိုင်သွားခဲ့၏။

မြေခွေးလေးက ကြီးထွားလာပြီး အတွင်းအမြုတေကို ဖွဲ့တည်လာနိုင်ပါက.. လူသားပုံစံကို ပြောင်းလဲနိုင်မည်ဖြစ်ပြီး အဲ့ဒါဆို သူအလိုရှိရာကို အသုံးချလို့ ရပြီ မဟုတ်ပါလား။

“သိပ်မကြာတော့ပါဘူးလေ.. ငါ နဲနဲလောက် ထပ်စောင့်ရုံပါပဲ”

မြေခွေးလေး ကြီးထွားလာတာကို နေ့စဉ်နှင့်အမျှ စောင့်ကြည့်နေပြီးနောက် သွေးနီရောင်ချပ်ဝတ်မိချောင်းက စိတ်လှုပ်ရှားတက်ကြွလာလေသည်။

All Chapters