← Chapters

ရှေးခေတ်မှ ပြန်လာခြင်း(ခ)

Vol. 51 Ch. 773

ရှေးခေတ်မှ ပြန်လာခြင်း(ခ)

Vol. 51 Ch. 773

ရွှီချင်း၏ ခန္ဓာကိုယ်အပြင်ဘက်တွင် လှည့်ပတ်စီးဆင်းနေသော အချိန်မြစ်ကြီးသည် အနည်းငယ် ထင်ရှားပြတ်သားလာသည်။ ပုံရိပ်တစ်ခုသည် မြစ်ကြီးထဲမှ ထွက်လျှောက်လာသည်။

အချိန်ကာလထဲမှ ထွက်လျှောက်လာသည်နှင့် သူ၏ ပုံရိပ်သည် ကြည်လင်လာသည်။ သူ၏ ခန္ဓာကိုယ်တစ်ဝိုက်၌ မည်သည့်အလင်းရောင်မှမရှိသလို ကိုယ်ရောင်ကိုယ်ဝါတောက်ပမှုလည်း မရှိပေ။ ယင်းအစား သူက ညစ်တီးညစ်ပတ်နေသော မျက်နှာနှင့် အဝတ်စုတ်ကို ဝတ်ဆင်ထားသော ကလေးငယ်တစ်ယောက် ဖြစ်သည်။ ဤသည်မှာ သူက အလောင်းပုံထဲမှ တွားသွားထွက်လာသည့်အလားပင်။

သို့သော်လည်း သူ၏ မျက်လုံးထဲတွင် စိတ်ဓာတ်ပြတ်သားမှုက အတိုင်းသား ထွက်ပေါ်နေသည်။ ဤသည်မှာ သူ့ဘဝက မည်မျှခက်ခဲကြမ်းတမ်းပါစေ ဘယ်အရာကမှ သူ့အား ခေါင်းငုံ့အောင် မလုပ်ဆောင်နိုင်သည့်အလားပင်။ သူက အသက်ရှင်ရန် ဆက်လက်လျှောက်လှမ်းနေသည်။

ဤသည်မှာ ရွှီချင်း၏ ဒွါဒသမဝိညာဉ်နတ်သူငယ်ဖြစ်သည်။

ထိုဝိညာဉ်နတ်သူငယ် ပေါ်ထွက်လာသည်နှင့်ချက်ချင်း တောင်တန်းများနှင့် မြစ်များသည် တုန်ယင်သွားကြသည်။ မြေပြင်ပေါ်ရှိ လူသိန်းပေါင်းများစွာကြားတွင် ချင်းချိုး၏ ခန္ဓာကိုယ်သည် ထိန်းချုပ်မရအောင် တုန်ယင်သွားသည်။ သူ၏ အသက်ရှူသံသည် မြန်ဆန်လာပြီး ဝိညာဉ်နတ်သူငယ်ဆီသို့ မိန်းမောတွေဝေစွာ ကြည့်လိုက်သည်။

“ အကိုလေး ”

ထိုအခိုက်အတန့်မှာ ရွှီချင်းသည် မည်သည့်အရာကိုမှ သတိမပြုမိတော့ချေ။ သူ၏ ကျင့်ကြံခြင်းသည် တစ်ဟုန်ထိုး မြင့်တတ်သွားပြီး လျှပ်တစ်ပြက်အတွင်း ဝိညာဉ်နတ်သူငယ်လေးကောင်ကို ဖွဲ့စည်းနိုင်သွားသည်။ ယင်းက သူ၏ ကျင့်ကြံခြင်းကို ကြီးကြီးမားမား တိုးမြှင့်သွားစေပြီး သူ့အား ဝိညာဉ်နတ်သူငယ်ဆယ့်နှစ်ကောင်၏ စွမ်းအားကို ပိုင်ဆိုင်သွားစေသည်။

ထိုအခိုက်အတန့်မှာ ကောင်းကင်မိုးကြိုးသည် ကောင်းကင်၏ အနက်ရှိုင်းဆုံးအပိုင်းတွင် စုဝေးသွားသည်။ ဤသည်မှာ ကောင်းကင်ကဒ်ဘေးဒုက္ခ၏ စွမ်းအားဖြစ်သည်။

ဒွါဒသမဝိညာဉ်နတ်သူငယ်၏ ပေါ်ထွက်လာမှုသည် ကောင်းကင်ကဒ်ဘေးဒုက္ခကို ပို၍စောစီးစွာ ဖြစ်ပေါ်လာစေသည်။

ကောင်းကင်သည် မည်းမှောင်သွားပြီး လျှပ်စီးသည် ကောင်းကင်တစ်ခွင် ပြည့်နှက်သွားသည်။ ဤသည်မှာ သန်းပေါင်းများစွာသော ငွေရောင်မြွေများက ကောင်းကင်ပေါ်မှာ လူးလွန့်သွားလာနေကြသည့်အလားပင်။

မြေကွက်လပ်ထဲမှ သိန်းပေါင်းများစွာသော ကျင့်ကြံသူများနှင့် မြို့တော်ထဲမှ သေမျိုးများသည် ထိတ်လန့်သွားကြသည်။

ကောင်းကင်ကဒ်ဘေးဒုက္ခက ဆင်းသက်လာတော့မည့်အချိန် ရွှီချင်း၏ ဦးခေါင်းထက်ရှိ ကမ္မသရဖူပေါ်မှ လူငယ်လေးသည် ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ရုတ်တရက် ဟိန်းဟောက်လိုက်သည်။

“ ထွက်သွားစမ်း ”

ထိုဟိန်းဟောက်သံနှင့်အတူ လေထဲမှာ မျောလွင့်နေကြသော ရွှီချင်း၏ ဝိညာဉ်နတ်သူငယ်ဆယ့်နှစ်ကောင်သည် ကောင်းကင်ပေါ်မှာ အစပျိုးနေသည့် ကောင်းကင်ကဒ်ဘေးဒုက္ခကို တစ်ပြိုင်နက် ဟိန်းဟောက်လိုက်ကြသည်။

“ ထွက်သွားစမ်း ”

သူတို့၏ ဟိန်းသံများသည် အတူတကွစုဝေးသွားပြီး ကောင်းကင်နှင့်မြေပြင်ကို လှုပ်ခါစေမည့် စွမ်းအားတစ်မျိုးကို ဖြစ်ပေါ်လာစေသည်။ ထို့နောက် မြေကွက်လပ်ထဲမှ သိန်းပေါင်းများစွာသော ကျင့်ကြံသူများသည် ဟိန်းဟောက်လိုက်ကြသည်။

“ ထွက်သွားစမ်း ”

မြို့တော်ထဲမှ သေမျိုးများသည်လည်း အော်ဟစ်လိုက်ကြသည်။

“ ထွက်သွားစမ်း ”

ဖုန်းဟိုင်ဒေသငယ်၏ ကမ္မသည် သူ့ကို အသိအမှတ်ပြု၏။ ဒေသငယ်ထဲမှ သက်ရှိအားလုံးသည် သူ့အား အထောက်အပံ့ပေးကြ၏။ ထိုအခါ လျှပ်စီးသည် ပေါက်ကွဲထွက်သွားပြီး ကောင်းကင်ကဒ်ဘေးဒုက္ခသည် ပြိုလဲပျက်စီးသွားသည်။ ယင်းက အနောက်ဆုတ်သွားရန် တွန်းအားပေးခံလိုက်ရသည်။

ထို့နောက် အဆုံးမဲ့သော ကောင်းကင်အာဏာစက်များသည် ဆင်းသက်လာကြသည်။ ယင်းတို့က ဝိညာဉ်နတ်သူငယ်ဆယ့်နှစ်ကောင်ကို လွှမ်းခြုံသွားပြီး သူတို့ကို ကောင်းချီးပေးလိုက်ကြသည်။

ကောင်းကင်အာဏာစက်များက သူ့အား လွှမ်းခြုံသွားသည်နှင့် ရွှီချင်းသည် ညာလက်ကို မြှောက်လိုက်ပြီး သူ၏ ကျောနောက်ကို ဖမ်းဆုပ်လိုက်သည်။ ဤသည်မှာ သူက သဏ္ဍာန်မဲ့ဓားတစ်လက်ကို ဆုပ်ကိုင်ထားသည့်ဟန် တူသည်။

“ ငါ့မှာ ဓားရှိတယ် ”

ထိုစကားသံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း မြေကွက်လပ်ထဲရှိ ဓားကိုင်တစ်သိန်းကျော်၏ မျက်လုံးသည် နီရဲသွားကြသည်။ သူတို့၏ အသိစိတ်နှင့် မှတ်ဉာဏ်ထဲတွင် ထာဝရရှင်သန်နေသော သွေးလွှမ်းပုံရိပ်သည် ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာပြီး သူ့အား ထပ်ဆင့်လွှမ်းခြုံသွားဟန် ရသည်။

ထို့ကြောင့် အဆုတ်ကွဲလုမတတ် အော်ဟစ်သံသည် သူတို့၏ ပါးစပ်ထဲမှ မြည်ဟိန်းထွက်လာကြသည်။

“ ငါ့မှာ ဓားရှိတယ် ”

“ ငါ့မှာ ဓားရှိတယ် ”

အော်ဟစ်သံများသည် တစ်ယောက်ပြီးတစ်ယောက်ထံမှ ထွက်ပေါ်လာပြီး အတူတကွ စုဝေးသွားကြကာ ကောင်းကင်မိုးကြိုး၏ အသံထက် ကျော်လွန်သွားသည်။ ထို့နောက် ဓားကိုင်များသည် သူတို့၏ ဓားကို တစ်ယောက်ပြီးတစ်ယောက် ဆွဲထုတ်လိုက်ကြသည်။

ဓားအလင်းတန်းများသည် မြေပြင်ပေါ်မှာ ပေါ်လျှိုးထွက်လာကြပြီး ရွှီချင်းထံသို့ ဦးတည်ပျံသန်းသွားကြသည်။ ယင်းတို့က ရွှီချင်း၏ လက်ထဲမှာ စုစည်းသွားပြီး ဓားတစ်လက်သို့ အလျှင်အမြန် ပြောင်းလဲသွားသည်။

ဤသည်မှာ ဓားကိုင်၏ အင်ပါယာဓားဖြစ်သည်။

အင်ပါယာဓားသည် မျက်စိကျိန်းစပ်လုနီးပါး ထွန်းလင်းတောက်ပသည်။

ဤသည်မှာ အဆုံးသတ်မဟုတ်ပေ။ ဒုက္ခိတအဖိုးအိုတစ်ယောက်သည် ဒေသငယ်မြို့တော်၏ စံအိမ်တစ်ခုအတွင်းမှ ထွက်လျှောက်လာသည်။ သူက အဝတ်အစားကို သေသပ်စွာ ဝတ်ဆင်ထားပြီး သူ၏ မျက်လုံးထဲမှာတော့ ပြင်းထန်သော တိုက်ပွဲစိတ်ဆန္ဒက ပေါ်လျှိုးနေသည်။ အဖိုးအိုသည် အကျဉ်းထောင်ဌာန၏ နယ်မြေ(ဂ)မှ နယ်ရုပ်တစ္ဆေလက်ဖြစ်သည်။

သူ့မှာလည်း ဓားရှိသည်။ အကျဉ်းထောင်ဌာနပြိုလဲပျက်စီးသွားခဲ့စဉ်က ဓားကို သူဆုပ်ကိုင်ထားခဲ့သည်။ အကယ်၍ အကျဉ်းထောင်ဌာနကို ပြိုလဲပျက်စီးသွားစေခဲ့သည့် တရားခံကို ရွှီချင်းရှာတွေ့မည်ဆိုလျှင် သူ့အား ပြောပြရမည်ဟု ပြောကြားခဲ့သည်။

သူက ထိုနေ့ကို အချိန်အတော်ကြာ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

ဤအခိုက်အတန့်မှာ သူက ညာလက်ကို မြှောက်တင်လိုက်ပြီး သူ့ကျောနောက်မှ ဓားကို ဆုပ်ကိုင်လိုက်ကာ ဟိန်းဟောက်လိုက်သည်။

“ ငါ့မှာ ဓားရှိတယ် ”

သူ့စကားဆုံးသွားသည်နှင့်ချက်ချင်း ဓားဆွဲထုတ်လိုက်သည်။ ချက်ချင်းပင် နှစ်ပေါင်းရှစ်ရာကျော် အားဖြည့်ပေးခြင်းခံထားရသော အင်ပါယာဓားသည် သူ၏ ကျောနောက်မှ ကောင်းကင်ပေါ်သို့ ပျံသန်းသွားသည်။ ယင်းက လေထဲမှာ သက်တံ့အလင်းသို့ ပြောင်းလဲသွားပြီး ကမ္ဘာတုန်ဟီးစေမည့် အစွမ်းဖြင့် ရွှီချင်းထံသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

ထိုဓားချက်တစ်ခုတည်းဖြင့် ဝိညာဉ်သိုက်အဆင့်ကျင့်ကြံသူကို သတ်ဖြတ်ပစ်နိုင်ပြီး ဗလာနတ္ထိအဆင့်ကျင့်ကြံသူကို တုန်လှုပ်စေနိုင်၏။

ဓားသည် အလျှင်အမြန် ရောက်ရှိလာပြီး ရွှီချင်း၏ အင်ပါယာဓားထဲသို့ ပေါင်းစပ်သွားလေရာ သူ့လက်ထဲမှ အင်ပါယာဓားကို ချက်ချင်း အဆပေါင်းများစွာ ပို၍သန်မာသွားစေသည်။ ရွှီချင်းသည် တောက်ပသော မျက်လုံးဖြင့် လက်ထောက်ဒေသအကြီးအကဲကို ကြည့်လိုက်သည်။

“ ငါ့မှာ ဇာတိမြေကိုကာကွယ်ဖို့ ဓားရှိတယ် ”

သူက အင်ပါယာဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

ဓားအလင်းသည် ကောင်းကင်တစ်ခွင် လင်းထိန်သွားပြီး ဓားချီသည် အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ထိုအထဲမှာ ဓားကိုင်၏ ကျမ်းသစ္စာတရားနှင့် ရုံးတော်သခင်အပေါ် သူ၏ အတွေးအမြင်များပါဝင်ပြီး ဓားအလင်းက လက်ထောက်ဒေသအကြီးအကဲဆီသို့ တန်းမတ်စွာ ဦးတည်သွားနေသည်။

ကောင်းကင်ပေါ်တွင် သတ္တမသခင်ကြီးသည် ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်ပြီး လက်ထောက်ဒေသအကြီးအကဲဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် အမတ်ယောင်၏ မျက်လုံးထဲမှ ပေါက်ကွဲထွက်လာပြီး ကောင်းကင်အထိ ထိုးတတ်သွားသည်။ သူသည်လည်း အရှေ့သို့ ပြေးထွက်သွားသည်။

ငှက်ကြီးချင်းချင်းသည်လည်း ကျယ်လောင်စွာ အော်မြည်လိုက်ပြီး ပျံသန်းသွားသည်။

ထို့အပြင် လက်ထောက်ရုံးတော်သခင်များ၊ စီမံခန့်ခွဲရေးမှူးများနှင့် ဘေးပတ်ဝန်းကျင်ရှိ တရားရေးရုံးတော်နှင့် ပြည်ထဲရေးရုံးတော်မှ ကျင့်ကြံသူများလည်း ရှိကြသည်။ သူတို့အားလုံးသည် ကျင့်ကြံခြင်းအခြေခံကို ထုတ်လွှတ်လိုက်ကြပြီး လက်ထောက်ဒေသအကြီးအကဲကို တိုက်ခိုက်လိုက်ကြသည်။

လူတိုင်း၏ စုပေါင်းတိုက်ခိုက်မှုသည် မရပ်တန့်နိုင်သော အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသည်။

လက်ထောက်ဒေသအကြီးအကဲသည် ခေါင်းငုံ့လိုက်ပြီး မရှောင်ရှားချေ။

ဤသည်မှာ အရာအားလုံးက အဆုံးသတ်သွားသည့်အလားပင်။

အနီးနားမှ အစေခံအဖိုးအို၏ အမူအရာသည် ပျက်ယွင်းသွားပြီး အလျှင်အမြန် အနောက်ဆုတ်သွားသည်။ သို့သော်လည်း ဘေးပတ်ပတ်လည်မှ စုပေါင်းတိုက်ခိုက်မှုအောက်မှာ သူသည် ရှောင်ရှားရန် အခွင့်အရေးမရခဲ့ပေ။

ဓားအလင်းသည် ဖျတ်ခနဲ တောက်ပသွားပြီး အစေခံအဖိုးအို၏ ဦးခေါင်းသည် လွင့်ထွက်သွားသည်။ သူ၏ ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်သွားပြီး ပျက်စီးသွားသည်။ အသွေးအသားများသည် နေရာအနှံ့သို့ ပြန့်ကျဲသွားသည်။ ဦးခေါင်းပြတ်မှ မျက်နှာသည် နှင်းကဲ့သို့ အရည်ပျော်ကျသွားပြီး သူ၏ မူရင်းမျက်နှာက ထွက်ပေါ်လာလေသည်။

သူသည် ညဉ့်ငှက်ဖြစ်သည်။

သူတစ်ယောက်တည်းမဟုတ်ပေ။ လက်ထောက်ဒေသအကြီးအကဲ၏ ဘေးပတ်ဝန်းကျင်မှ လူတိုင်းသည် သေခြင်းတရားမှ မလွတ်မြောက်နိုင်ကြပေ။ သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် ဖျက်ဆီးခံလိုက်ရသည်။ စုပေါင်းစွမ်းအားသည် လက်ထောက်ဒေသအကြီးအကဲဆီသို့ ဆက်လက် ဦးတည်သွားနေသည်။

လက်ထောက်ဒေသအကြီးအကဲသည် လေထဲမှာ မတ်တတ်ရပ်နေပြီး လုံးဝရှောင်ရှားခြင်းမပြုချေ။ သို့သော်လည်း အဖျက်အစီးစွမ်းအားက သူ့ထံသို့ ကျရောက်လာတော့မည့်အချိန် သူက ခေါင်းမော့လိုက်ပြီး ဓားအလင်း၏ အနောက်မှ ရွှီချင်းထံသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက မျက်လုံးမှိတ်လိုက်လေသည်။

ဓားအလင်းထဲတွင် လူတိုင်း၏ စွမ်းအားက စုဝေးနေပြီး တစ်မြို့လုံး၏ စိတ်ဆန္ဒက ပါရှိသည်။ ထို့အပြင် ကမ္မစွမ်းအားသည်လည်း ပါရှိသေး၏။

မျက်စိတစ်မှိတ်အတွင်း ယင်းက လက်ထောက်ဒေသအကြီးအကဲထံသို့ ကျဆင်းသွားသည်။

လက်ထောက်ဒေသအကြီးအကဲ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး နာကျင်သော အမူအရာသည် သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ အရင်ဦးဆုံး သူ၏ ဆံပင်သည် ပြာမှုန်သို့ ပြောင်းလဲသွားပြီး အဝတ်အစားများနှင့် အသွေးအသားသည် မျက်စိတစ်မှိတ်အတွင်း အရည်ပျော်သွားသည်။

တစ်ချိန်တည်းမှာ သူ၏ ခန္ဓာကိုယ်သည် အဖျက်အစီးစွမ်းအား၏ ရိုက်ခတ်ခံလိုက်ရပြီး အတွင်းဘက်ထဲသို့ စတင်ချိုင့်ဝင်သွားသည်။ သူ၏ အသွေးအသားသည်တော့ ဓားအလင်း၏ ချက်ချင်း ဖယ်ရှားခံလိုက်ရသည်။ သူ၏ နံရိုးများသည် ချောမွေ့ရာမှ ကြမ်းတမ်းလာပြီး နောက်ဆုံးမှာတော့ အမှုန်အမွှားများသို့ အက်ကွဲထွက်သွားကြသည်။ ထို့နောက် ဓားအလင်းက သူ၏ ကိုယ်တွင်းအင်္ဂါများဆီသို့ ဆက်လက်ဦးတည်သွားသည်။

ထိုဖြစ်စဉ်သည် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

လျှပ်တစ်ပြက်အတွင်း လက်ထောက်ဒေသအကြီးအကဲ၏ ပုံရိပ်သည် လူရုပ်မပေါ်တော့ပေ။ သူ၏ ခြေလက်များသည်လည်း အက်ကွဲထွက်သွားကြပြီး ဖုန်မှုန့်သို့ ပြောင်းလဲသွားသည်။

ကျန်ရှိနေသည့် တစ်ခုတည်းသောအရာမှာ ဦးခေါင်းနှင့် ဆက်သွယ်နေသော ကျောရိုးမသာဖြစ်သည်။

ကျောရိုးမသည်လည်း ဆက်လက်မတောင့်ခံနိုင်တော့ဘဲ သာမန်မျက်စိဖြင့် မြင်နိုင်လောက်သော အလျှင်ဖြင့် လွင့်ပြယ်နေလေသည်။ ထို့နောက် အဖျက်အစီးစွမ်းအားသည် ဦးခေါင်းဆီသို့ ပျံ့နှံ့သွားသည်။

All Chapters