← Chapters

ရွှီချင်း၏ ဝှက်ဖဲ(ဂ)

Vol. 51 Ch. 778

ရွှီချင်း၏ ဝှက်ဖဲ(ဂ)

Vol. 51 Ch. 778

ဤအခိုက်အတန့်မှာ ရွှီချင်းက မျက်နှာပျက်ကြီးဆီသို့ လျှောက်သွားနေသည်ကို မြင်သောအခါ မျက်နှာပျက်ကြီးက ၎င်းအား ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေသည်ကို မြင်သောအခါ နတ်ဘုရားလက်ချောင်း၏ အသိစိတ်သည် မြန်မြန်ဆန်ဆန် လည်ပတ်လာသည်။ သို့သော်လည်း ကိစ္စက မည်သို့ဖြစ်ပျက်နေပါစေ လက်ရှိအခက်အခဲကို ဦးစွာဖြေရှင်းသင့်ကြောင်း ၎င်းနားလည်သည်။

‘ ဒီကောင်လေးက ငါ့ကို အခွင့်အရေးတစ်ခုပေးတယ်… ငါလွတ်မြောက်ဖို့အတွက် သူ့ကို တစ်ခါကူညီပေးလိုက်မယ်… ပြီးသွားရင် ဒီကောင်လေးကို ငါဝါးမျိုမယ် ’

နတ်ဘုရားလက်ချောင်းသည် ဟိန်းဟောက်လိုက်ပြီး အစွမ်းကုန်ကို ထုတ်လွှတ်လိုက်သည်။ နတ်ဘုရားစွမ်းအင်သည် လှုပ်ရှားထကြွလာပြီး ရွှီချင်း၏ ခန္ဓာကိုယ်ကို ပေ(၁၀၀)ကျော်မှ ပေ(၃၀၀)သို့ ချက်ချင်း ကြီးထွားသွားစေသည်။ ရွှီချင်းက ညာလက်ကို မြှောက်လိုက်သည့်အခါ နတ်ဘုရားလက်ချောင်းသည် ရွှီချင်း၏ လက်ညှိုးဆီသို့ ပေါင်းစပ်သွားသည်။

မျက်စိတစ်မှိတ်အတွင်း ရွှီချင်း၏ လက်ညှိုးသည် ရွှေရောင်အလင်းတောက်ပလာပြီး လက်ထောက်ဒေသအကြီးအကဲ၏ မျက်နှာပျက်ကြီးဆီသို့ ရက်စက်ကြမ်းကြုတ်စွာ တိုးဝင်သွားသည်။

တစ်ချိန်တည်းမှာ ကောင်းကင်ပေါ်တွင် ရုပ်သေးနှစ်ရုပ်နှင့် တိုက်ခိုက်နေသော သတ္တမသခင်ကြီးနှင့် တခြားနှစ်ယောက်သည်လည်း ထိုအခိုက်အတန့်မှာ ဒဏ်ရာရထားကြသည်ကို ဂရုမထားဘဲ လူစုခွဲလိုက်ကြပြီး လက်ထောက်ဒေသအကြီးအကဲ၏ မျက်နှာပျက်ကြီးကို တိုက်ခိုက်လိုက်ကြသည်။

ခရမ်းနီရောင်အလင်းသည် ငှက်ကြီးချင်းချင်း၏ တစ်ကိုယ်လုံးမှ ပေါက်ကွဲထွက်လာပြီး အလင်းပင်လယ်တစ်ခုကို ဖြစ်ပေါ်စေကာ လက်ထောက်ဒေသအကြီးအကဲ၏ မျက်နှာပျက်ကြီးဆီသို့ ပျံသန်းသွားစေသည်။

ပေတစ်ထောင်ရှည်လျားသော ကျောက်စိမ်းဖြူလက်သည် သတ္တမသခင်ကြီး၏ နောက်ကျောမှာ ထွက်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်မှ ပုံပျက်တွန့်လိမ်မှုကို ချိုးဖြတ်သွားပြီး လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို ရိုက်ချပစ်လိုက်သည်။

အမတ်ယောင်သည်တော့ ဤနေရာမှာ အစွမ်းထက်ဆုံး ကျင့်ကြံသူဖြစ်သည်။ ဤအခိုက်အတန့်မှာ သူ၏ မျက်လုံးထဲ၌ စိတ်ဓာတ်ပြတ်သားမှုက အတိုင်းသား ထွက်ပေါ်လာသည်။ သွေးနီပန်းတစ်ပွင့်သည် သူ၏ ဦးခေါင်းထက်တွင် ပွင့်လန်းလာသည်။ ယင်းက ယိမ်းနွဲ့သွားသည်နှင့် ပန်းပွင့်၏ ညှာတံသည် လေးတစ်ခုအသွင် ကွေးညွတ်သွားသည်။ ပန်းပွင့်၏ တချို့နေရာက ညှိုးခြောက်သွားသည့်အခါ အလယ်တွင် သွေးနီမြှားတစ်ချောင်းပုံစံ ဖြစ်တည်လာသည်။

လေးကို ဆွဲတင်လိုက်ပြီး ပစ်လွှတ်လိုက်သည့်အခါ သွေးနီမြှားသည် ကမ္ဘာမြေတုန်ဟီးစေမည့် အင်အားဖြင့် ပျံသန်းထွက်သွားသည်။ ယင်းက တောင်တန်းများကို ထိုးဖောက်ဖြတ်ကျော်သွားပြီး ပင်လယ်ကြီးတစ်စင်းပမာ ပေါ်လျှိုးလာသည်။ ယင်းက လက်ထောက်ဒေသအကြီးအကဲ၏ မျက်နှာပျက်ကြီးဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားသည်။

လက်ထောက်ဒေသအကြီးအကဲသည် မရှောင်တိမ်းပေ။ သူက ရွှီချင်းကို စိတ်ပျက်သော မျက်လုံးဖြင့် ကြည့်လိုက်ပြီး သူ၏ နတ်ဘုရားအာရုံဖြင့် အသံပို့လွှတ်လိုက်သည်။

“ ထင်ထားသလိုပဲ မင်းရဲ့ခန္ဓာကိုယ်ထဲက နတ်ဘုရားလက်ချောင်းက မင်းရဲ့ဝှက်ဖဲပဲ… ရွှီချင်း မင်းရဲ့ကျင့်ကြံခြင်းက လုံလောက်အောင် မမြင့်မားသေးဘူး… မင်းဖုံးကွယ်ထားတာကို အစောကြီးကတည်းက ရှင်းရှင်းလင်းလင်း ငါမြင်ထားပြီးသား ”

“ တကယ်လို့ ဒီလက်ချောင်းရဲ့ မူလခန္ဓာကိုယ်သာ ထွက်ပေါ်လာမယ်ဆိုရင် အဲ့ဒါက ငါ့ကို တကယ်ဖိနှိပ်နိုင်တယ်… ဒါပေမဲ့ မူလခန္ဓာကိုယ်က နီလာနတ်သမီးရဲ့ ဝါးမျိုခံလိုက်ရပြီ… နှမြောစရာကောင်းလိုက်တာ ရွှီချင်း ငါမင်းကို အခွင့်အရေးတစ်ခုပေးခဲ့ပေမဲ့ မင်းကျရှုံးသွားတုန်းပဲ ”

ရွှေရောင်အလင်းသည် လက်ထောက်ဒေသအကြီးအကဲ၏ မျက်နှာပျက်ကြီးထံမှ ပျံ့နှံ့ထွက်လာပြီး ပုံရိပ်ယောင်ခန္ဓာကိုယ်ကို ဖြစ်ပေါ်စေသည်။ ၎င်းက လက်ကို မြှောက်တင်လိုက်ပြီး ကောင်းကင်ထက်သို့ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို ရွှေရောင်အလင်းသည် ပေါက်ကွဲထွက်သွားပြီး သူ၏ ဦးခေါင်းထက်တွင် အလွန်ကြီးမားသော ရွှေရောင်ထီးတစ်လက်သို့ ပြောင်းလဲသွားသည်။

ဧရာမရွှေထီးသည် အမတ်ယောင်နှင့် တခြားနှစ်ယောက်၏ တိုက်ခိုက်မှုများကို ကာကွယ်တားဆီးလိုက်သည်။ တစ်ချိန်တည်းမှာ လက်ထောက်ဒေသအကြီးအကဲသည် ညာလက်ကို မြှောက်တင်လိုက်ပြီး ရွှီချင်း၏ လက်ညှိုးပေါ်သို့ ဖိချလိုက်သည်။

လက်ညှိုးနှင့် လက်ဝါးသည် ထိပ်တိုက်တွေ့ဆုံသွားသည်။

ကျယ်လောင်သော မိုးထစ်ချုန်းသံသည် ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။ ရွှီချင်း၏ လက်ညှိုးပေါ်သို့ ဖိချလိုက်သော လက်ထောက်ဒေသအကြီးအကဲ၏ လက်ဝါးက တစ်ဖက်ထံမှ အဖျက်စွမ်းအားကို မတောင့်ခံနိုင်ဘဲ ချက်ချင်း ပြိုကွဲပျက်စီးသွားသည်။

နတ်ဘုရားလက်ချောင်း၏ စွမ်းအားက အားလုံးကို ဖျက်ဆီးပစ်လိုက်ပြီး ချက်ချင်း အနားကပ်သွားသည်။ သို့သော် လက်ထောက်ဒေသအကြီးအကဲ၏ ပုံရိပ်ယောင်လက်က ပြိုကွဲပျက်စီးသွားသည်နှင့်တစ်ပြိုင်နက် ကျောက်စိမ်းဖြူလက်သည် လက်ထောက်ဒေသအကြီးအကဲ၏ ပုံရိပ်ယောင်ခန္ဓာကိုယ်ထဲမှ ဆန့်တန်းထွက်လာသည်။ ယင်းက အစပိုင်းတွင် သေးငယ်သော်လည်း ရုတ်ချည်း အဆပေါင်းများစွာ ကြီးထွားလာပြီး ရွှီချင်း၏ လက်ချောင်းကို ဖမ်းဆုပ်လိုက်သည်။

ချက်ချင်းပင် နတ်ဘုရားလက်ချောင်းသည် တုန်ယင်သွားပြီး အရှေ့သို့ ဆက်မတိုးနိုင်တော့သလို ကျောက်စိမ်းဖြူလက်၏ ချုပ်နှောင်မှုထဲမှ မရုန်းထွက်နိုင်တော့ပေ။

ကြောက်မက်ဖွယ်ကောင်းသော အားအင်တစ်မျိုးသည် ကျောက်စိမ်းဖြူလက်ထဲမှ ပေါက်ကွဲထွက်လာပြီး ရွှီချင်း၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။

နတ်ဘုရားလက်ချောင်းက ထိတ်လန့်သွားပြီး ဒေါသထွက်သွားစဉ် ရွှီချင်း၏ နတ်ဘုရားခန္ဓာကိုယ်သည် ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာရသွားပြီး စတင်ယိုယွင်းပျက်စီးလာသည်။ နတ်ဘုရားခန္ဓာကိုယ်၏ အစိတ်အပိုင်းအများစုသည် ယိုယွင်းပျက်စီးသွားကြပြီး လတ်ဆတ်သော သွေးသည် လေထဲမှာ ပြည့်နှက်သွားသည်။ ရွှေချည်မျှင်အများအပြားသည် ပျက်စီးသွားကြသည်။

ရွှီချင်းက ခေါင်းမကိုက်ခင် နတ်ဘုရားလက်ချောင်းသည် ကြီးစွာသော ခေါင်းကိုက်ဝေဒနာကို ခံစားသွားရသည်။ ၎င်းသည် ဟိန်းဟောက်လိုက်ပြီး ဤခန္ဓာကိုယ်ကို ကာကွယ်ရန် အစွမ်းကုန်ထုတ်သုံးလိုက်သည်။ သို့သော် ယင်းက အဖျက်အင်အားကို နှောင့်နှေးသွားစေရန်သာ လုပ်ဆောင်နိုင်ပြီး အပြီးတိုင် ပျောက်ကွယ်သွားအောင် မလုပ်ဆောင်နိုင်ပေ။

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။

လက်ထောက်ဒေသအကြီးအကဲ၏ ဦးခေါင်းထက်မှ ဧရာမရွှေထီးသည် တုန်ယင်လာသည်။

အမတ်ယောင်၊ သတ္တမသခင်ကြီးနှင့် ငှက်ကြီးချင်းချင်း၏ တိုက်ခိုက်မှုများအောက်မှာ ဧရာမရွှေထီးသည် ဆက်လက်မတောင့်ခံနိုင်တော့ဘဲ ပြိုလဲပျက်စီးသွားသည်။

သို့သော်လည်း ဒုတိယကျောက်စိမ်းဖြူလက်သည် လက်ထောက်ဒေသအကြီးအကဲ၏ ခန္ဓာကိုယ်ထဲမှ ဆန့်တန်းထွက်လာပြီး အမတ်ယောင်၏ သွေးနီမြှား၊ သတ္တမသခင်ကြီး၏ နတ်ဘုရားအစွမ်းနှင့် ငှက်ကြီးချင်းချင်း၏ သဘာဝနတ်ဘုရားအလင်းတန်းကို ထပ်မံဖိနှိပ်လိုက်သည်။

ထိတ်လန့်ဖွယ်ရာ မြည်ဟိန်းသံကြီး ထွက်ပေါ်လာသည့်အခါ လက်ထောက်ဒေသအကြီးအကဲသည် သူ့အနောက်မှ လူများကို လျစ်လျူရှုထားလိုက်သည်။ အစမှအဆုံးအထိ သူ၏ မျက်လုံးထဲမှာ ရွှီချင်းတစ်ယောက်တည်းသာ ရှိသည်။

ထိုအခိုက်အတန့်မှာ သူက ခေါင်းခါလိုက်သည်။ သူ၏ မျက်လုံးထဲမှာ နောင်တအရိပ်အယောင်ရှိသည်။ သူက စကားပြောတော့မည့်အချိန် ရွှီချင်းက ကြားဖြတ်ပြောလိုက်သည်။

“ နောက်ဆုံးတော့ ခင်ဗျားနားကို ကျုပ်ရောက်သွားပြီ ”

လက်ထောက်ဒေသအကြီးအကဲသည် အံ့ဩသွားသည်။ မျက်နှာပျက်ကြီး၏ မျက်လုံးတစ်ဖက်က မှေးကျဉ်းသွားသည့်အခိုက် ရွှီချင်းသည် သူ၏ ဘယ်လက်ဖဝါးထဲမှ တမူထူးခြားသော တုံတင်တစ်ခုကို ခြေမွဖျက်ဆီးပစ်လိုက်သည်။

ထိုတုံကင်သည် သတ်မှတ်ထားသော ဧရိယာဆီသို့ တည်နေရာပြောင်းရွှေ့နိုင်သော တစ်ခါသုံး ပစ္စည်းဖြစ်သည်။

တည်နေရာပြောင်းရွှေ့မည့် ဧရိယာကြောင့် တုံကင်၏ အဆင့်သည် အလွန်အမင်း မြင့်မားသည်။ ထို့အပြင် တုံကင်ကိုယ်တိုင်က ရတနာတစ်ခုဖြစ်ပြီး ဤလောကကြီးတွင် များများစားစား မရှိပေ။

ယင်းကို ဝိညာဉ်ချောက်နက်အဆောင်ဟု ခေါ်သည်။

တည်နေရာပြောင်းရွှေ့ရန် သတ်မှတ်ထားသော ဧရိယာကိုတော့ ဝိညာဉ်ချောက်နက်ဟု ခေါ်သည်။

ထိုနေရာတွင် နတ်ဘုရားများ သို့မဟုတ် လူသားဧကရာဇ်များ မရှိကြပေ။ သို့သော်လည်း ထိုနေရာတွင် လက်ရှိလူသားဧကရာဇ်ထက် အဆပေါင်းများစွာ ပိုအစွမ်းထက်သော တည်ရှိမှုတစ်ခု ရှိသည်။

ထိုတည်ရှိမှုသည် တစ်ခေတ်တစ်ခါက ဝမ်ကူးကုန်းမြေတစ်ခုလုံးကို တစ်စုတစ်စည်းတည်းဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်သည်။ သူ့ခေတ်သူ့ခါတွင် ရှေးဘုရင်ရွှမ်ယုံသည် တာအိုကို မရရှိသေးသလို ကောင်းကင်ပေါ်တွင် နတ်ဘုရားမျက်နှာပျက်ကြီး မရှိသေးပေ။

၎င်းသေဆုံးသွားပြီးနောက်မှ ဝမ်ကူးကုန်းမြေက အသင်္ချေမျိုးနွယ်များ၏ ဖရိုဖရဲစစ်ပွဲထဲသို့ နောက်တဖန် ကျရောက်သွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်သာ လူသားမျိုးနွယ်က မြင့်တတ်လာပြီး အနာဂတ်မှာ ရှေးဘုရင်ရွှမ်ယုံဟူ၍ ဂုဏ်သတင်းကျော်ဇောလာခြင်း ဖြစ်သည်။

ထိုပုဂ္ဂိုလ်သည် ရှေးဟောင်းဝိညာဉ်မျိုးနွယ်ကို ဦးဆောင်ပြီး ဝမ်ကူးကုန်းမြေကို တစ်စုတစ်စည်းတည်းဖြစ်စေခဲ့သော ရှေးဟောင်းဝိညာဉ်အင်ပါယာမှလွဲ၍ တခြားမဟုတ်ပေ။

ဝိညာဉ်ချောက်နက်လောကဟူသည် ရှေးဟောင်းဝိညာဉ်အင်ပါယာသေသွားပြီးနောက် သူ၏ မျိုးနွယ်ဝင်များကို ခေါ်ဆောင်သွားခဲ့သော နေရာဖြစ်သည်။ ယခု သူက ပြန်လည်ရှင်သန်ထမြောက်လာနေသည်။

အတိတ်တွင် ရွှီချင်းသည် ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ ဧရာမမျက်လုံးကို မြင်ဖူးသည်။ ၎င်းထံမှ ထုတ်လွှတ်နေသော ဖိအားသည် နီလာနတ်သမီးကဲ့သို့ ကြောက်မက်ဖွယ်မကောင်းသော်လည်း ယင်းက အင်မော်တယ်တားမြစ်နယ်မြေနတ်ဘုရားထက် မနိမ့်ပေ။ အမှန်မှာတော့ ယင်းက အင်မော်တယ်တားမြစ်နယ်မြေနတ်ဘုရားထက်ပင် အနည်းငယ် ပိုသန်မာသေးသည်။

ဤသည်မှာ ရွှီချင်း၏ တကယ့်ဝှက်ဖဲဖြစ်သည်။

စောစောက သူ၏ လုပ်ဆောင်မှုအားလုံးသည် ဝှက်ဖဲမပေါ်အောင် ဖုံးကွယ်ရန်သက်သက်သာဖြစ်သည်။ လက်ထောက်ဒေသအကြီးအကဲ၏ စကားကို သူမယုံကြည်နိုင်ပေ။ ထို့ကြောင့် သူက နတ်ဘုရားလက်ချောင်းကို သူ၏ ဝှက်ဖဲဟု လက်ထောက်ဒေသအကြီးအကဲယုံကြည်လာအောင် တမင်အယုံသွင်းခဲ့ခြင်း ဖြစ်သည်။ သို့မှသာ သူက လက်ထောက်ဒေသအကြီးအကဲနားသို့ သံသယဝင်မခံရဘဲ ချဉ်းကပ်နိုင်လိမ့်မည်။

တစ်ဖက်လူက သူ၏ ဝှက်ဖဲကို ထွင်းဖောက်မြင်ပြီးသားဟု ထင်သွားသည့်အခါကျမှသာ သူ၏ တကယ့်ဝှက်ဖဲကို အသုံးပြုနိုင်မည်။

သူ့မှာ အခွင့်အရေးသည် တစ်ကြိမ်သာ ရှိသည်။

ရွှီချင်းသည် ရှေးဖြစ်ဟောသူမဟုတ်ပေ။ လက်ထောက်ဒေသအကြီးအကဲ၏ နည်းလမ်းများကို သူမသိပေ။ သူက တစ်ဖက်လူ၏ စွမ်းအားကို အကြမ်းဖျဉ်းအားဖြင့်သာ ခန့်မှန်းနိုင်သည်။ သို့သော် တစ်ဖက်လူက မည်မျှသန်မာပါစေ အဆုံးမှာတော့ သူ၏ ဝှက်ဖဲကို အသုံးပြုနိုင်သွားဆဲပင်။

အစကတော့ ရွှီချင်းသည် ဤဝှက်ဖဲကို ကျစ်လွီဆဲ့အတွက်အသုံးပြုရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

သို့သော်လည်း လက်ထောက်ဒေသအကြီးအကဲက ကျစ်လွီဆဲ့မဟုတ်သောကြောင့် အနည်းငယ် သူနောင်တရမိသည်။

သူ၏ ဝှက်ဖဲက တကယ်အလုပ်ဖြစ်မဖြစ်တော့ ရွှီချင်း မသေချာပေ။ အကယ်၍ သူက ဝိညာဉ်ချောက်နက်ဆီသို့ ဦးတည်သွားပြီး ရှေးဟောင်းဝိညာဉ်အင်ပါယာနှင့် နောက်တစ်ကြိမ် တွေ့ဆုံရမည်ဆိုလျှင် ယခင်တစ်ခေါက်ကဲ့သို့ အဆင်ပြေချောမွေ့စွာ ပြန်ထွက်လာနိုင်လိမ့်မည်ဟု သူ့ကိုယ်သူ ယုံကြည်ချက်မရှိပေ။

သို့သော်လည်း နတ်ဘုရားများက တစ်ယောက်နှင့်တစ်ယောက် ဝါးမျိုနိုင်ကြကြောင်းကို နီလာနတ်သမီးက အင်မော်တယ်တားမြစ်နယ်မြေနတ်ဘုရားအား ဝါးမျိုပြီး သက်သေပြခဲ့ပြီးပြီ ဖြစ်သည်။ သို့ဖြစ်၍ နတ်ဘုရားတစ်ပါးနှင့်တူညီသော ရှေးဟောင်းဝိညာဉ်အင်ပါယာသည် သူ၏ ပြန်လည်ရှင်သန်ထမြောက်ခြင်းကို အရှိန်တိုးမြှင့်ရန်အတွက် သူ့ထက် အဆင့်မနိမ့်သော တည်ရှိမှုများကို ဝါးမျိုချင်လောက်ပေသည်။

All Chapters