← Chapters

ဆူးကို ချနင်း၍ ပလ္လင်ပေါ်တတ်မည်(က)

Vol. 51 Ch. 784

ဆူးကို ချနင်း၍ ပလ္လင်ပေါ်တတ်မည်(က)

Vol. 51 Ch. 784

ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ နတ်ဘုရားအာရုံသည် မိုးထစ်ချုန်းသံပမာ ရှေးဟောင်းဝိညာဉ်လောကတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။

မည်သူမဆို နားဖြင့် ကြားနိုင်ရုံသာမက သူတို့၏ စိတ်အာရုံဖြင့်လည်း အာရုံခံနိုင်ပေသည်။ သူတို့၏ ဝိညာဉ်များသည်ပင် ထိုနတ်ဘုရားအာရုံအောက်မှာ အလိုအလျောက် တုန်ယင်လာကြလိမ့်မည်။

ဤသည်မှာ မြင့်မားသော ဘဝအဆင့်အတန်းထံမှ ခြိမ်းခြောက်ခြင်းနှင့် ဖိနှိပ်ခြင်း ဖြစ်သည်။

နတ်ဘုရားလက်ချောင်းသည် ရုတ်ချည်း တောင့်တင်းသွားသည်။

အကြောက်တရားသည် ဒီရေအလား ပေါ်ထွက်လာပြီး ဝမ်းနည်းပူဆွေးမှု၊ ခံပြင်းဒေါသဖြစ်မှုနှင့် စိတ်ပျက်အားငယ်မှုသို့ ပြောင်းလဲသွားကြကာ ၎င်း၏ စိတ်ထဲမှာ ပြည့်နှက်သွားသည်။

ရွှီချင်း၏ ယိုယွင်းပျက်စီးနေသော ခန္ဓာကိုယ်သည်လည်း နတ်ဘုရားအာရုံ၏ စောင့်ကြည့်မှုအောက်မှာ တုန်ယင်သွားသည်။

သူ၏ ခန္ဓာကိုယ်က ထူးခြားသော်လည်း ယင်းက အလျှင်အမြန် ဖျက်ဆီးခံနေရဆဲ ဖြစ်သည်။ သူ၏ ဒဏ်ရာများသည် ချက်ချင်းလက်ငင်း ဆိုးဝါးပြင်းထန်လာပြီး ကျန်ရှိသော နတ်ဘုရားစွမ်းအင်က သူ့အား အချိန်ကြာကြာတောင့်ခံနိုင်စေရန် မထောက်ပံ့နိုင်တော့ပေ။

သို့သော် ရွှီချင်းမှာ သူ၏ ဒဏ်ရာများကို အာရုံစိုက်နေရန် အချိန်မရှိပေ။ သူက သူ့ကိုယ်သူ စိတ်တည်ငြိမ်စေရန် အကောင်းဆုံး ကြိုးစားလိုက်သည်။

ဤအခိုက်အတန့်မှာ သူသည် တစ်ဖက်လူကို စိတ်ဆိုးဒေါသဖြစ်စေမည့် မည်သည့်ကိစ္စကိုမှ မလုပ်ဆောင်သင့်ကြောင်း သိထားသည်။

သို့သော်လည်း ရွှီချင်းစကားမပြောနိုင်ခင် ရှေးဟောင်းဝိညာဉ်အင်ပါယာသည် စိတ်မရှည်ဖြစ်လာသည်။ သူ၏ နတ်ဘုရားအာရုံက မြည်ဟိန်းထွက်လာသည်နှင့် ကောင်းကင်ကို ပို၍နက်မှောင်သွားစေသည်။ မရဏမြစ်ကြီးသည် ထပ်မံလှုပ်ရှားထကြွလာပြီး မရေမတွက်နိုင်သော အရိုးများကို ပေါ်ထွက်လာစေသည်။ ဤသည်မှာ ခြောက်ခြားဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်တည်း။

ထိုအခိုက်အတန့်မှာ ခမ်းနားထည်ဝါသော ဆွဲငင်အားက ပေါက်ကွဲထွက်လာသည်။ ယင်းက ဝဲကတော့ကြီးတစ်ခုပမာ ရွှီချင်းကို လွှမ်းခြုံသွားပြီး လောဘရမ္မက်နှင့် လိုအင်ဆန္ဒကို ထုတ်ဖော်ပြလိုက်သည်။

ရွှီချင်း၏ ခန္ဓာကိုယ်သည် တသိမ့်သိမ့်တုန်ယင်သွားပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ အသွေးအသားများသည် ချက်ချင်း အဝေးသို့ စုပ်ယူခံလိုက်ရသည်။ အသက်ဓာတ်အရှိန်အဝါသည်လည်း အလျှင်အမြန် ပြန့်ကျဲသွားပြီး သူက တဖြည်းဖြည်း ဆွေးမြေ့လာသည်။

သူ၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားလက်ချောင်းသည် အော်ဟစ်ညည်းညူလိုက်သည်။ ဆွဲငင်အားကြောင့် ၎င်း၏ ဝိညာဉ်က လွင့်ပြယ်လာနေပြီး အနက်ရောင်အခိုးအငွေ့သို့ ပြောင်းလဲသွားကာ ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ အပြင်သို့ ဆွဲထုတ်ခံလိုက်ရသည်။ အခိုးအငွေ့သည် လေထဲမှာ လက်ချောင်းပုံရိပ်တစ်ခု၏ အရိပ်အဖြစ် စုစည်းသွားသည်။

ဤလုပ်ငန်းစဉ်သည် နတ်ဘုရားလက်ချောင်းအား ကြီးမားသော နာကျင်မှုဝေဒနာကို ခံစားရစေသည်။ နတ်ဘုရားလက်ချောင်းသည် ၎င်း၏ ဘဝက အမှန်တကယ် သနားစရာကောင်းကြောင်း တွေးမိသွားသည်။

၎င်းသည် နတ်ဘုရားတစ်ပါးဖြစ်၏။

သို့သော်လည်း ၎င်း၏ မူလခန္ဓာကိုယ်သည် နီလာနတ်သမီး၏ ဝါးမျိုခံခဲ့ရသည်။ ယခု ၎င်းသည်လည်း ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ ဝါးမျိုခံရတော့ပေမည်။ မည်သို့ကြောင့် ထိုသို့ဖြစ်လာရကြောင်း ၎င်းမသိပေ။

၎င်း၏ နတ်ဘုရားအခွင့်အာဏာသည် ကံကြမ္မာဆိုးဖြစ်သော်လည်း ယခုတော့ ကံကြမ္မာဆိုးက ၎င်းဆီသို့ တန်ပြန်ကျရောက်လာချေ၏။

၎င်းသည် လွတ်မြောက်ရန် အကောင်းဆုံး ကြိုးစားရုန်းကန်သော်လည်း အချည်းနှီးသာဖြစ်ရ၏။ ၎င်းက ပိုပြီးရုန်းကန်လေ ချုပ်နှောင်မှုက ပိုပြီးတင်းကျပ်လေ ဖြစ်သည်။ ဤသည်မှာ ၎င်းက သားရဲတစ်ကောင်၏ ပါးစပ်ထဲမှာ ဖမ်းချုပ်ခံထားရသော သားကောင်တစ်ကောင်နှယ်။

ဝိညာဉ်အခိုးအငွေ့သည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပိုမိုများပြားစွာ ထွက်ပေါ်လာနေသည်။

အဝေးမှကြည့်လျှင် ထိုဝိညာဉ်အခိုးအငွေ့သည် လေထဲသို့ မြှောက်တတ်သွားပြီး ဘေးပတ်ဝန်းကျင်ကို ပုံပျက်တွန့်လိမ်သွားစေသည်။ ယင်းက ရွှီချင်း၏ ဘေးပတ်ပတ်လည်မှ ဟင်းလင်းပြင်ကို ဝေဝါးသွားစေသည်။ နတ်ဘုရားလက်ချောင်းထံမှ ထုတ်လွှတ်နေသော နတ်ဘုရားအရှိန်အဝါသည်လည်း ပုံရိပ်ယောင်မှ အစစ်အမှန်သို့ ပြောင်းလဲသွားနေသည်။

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ ရှေးဟောင်းဝိညာဉ်အင်ပါယာသည် နတ်ဘုရားလက်ချောင်းကို စုပ်ယူနေရုံသာမက သူ၏ အသက်ဓာတ်နှင့် နတ်ဘုရားအဆီအနှစ်ကိုလည်း စုပ်ယူနေလေသည်။

တစ်ဖက်လူက ၎င်း၏ နတ်ဘုရားအဆီအနှစ်ကို ဆက်လက်စုပ်ယူနေသည်နှင့်အမျှ နတ်ဘုရားလက်ချောင်း၏ ဘဝအဆင့်အတန်းသည် နတ်ဘုရားအဆင့်မှ ကျင့်ကြံသူအဆင့်သို့ ကျဆင်းသွားလိမ့်မည်။

ရွှီချင်းသည် ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ သူ့အပေါ် မုန်းတီးသော စိတ်သဘောထားကို မအံ့ဩပေ။

သူနှင့် ရှေးဟောင်းဝိညာဉ်အင်ပါယာကြားမှ ဆက်ဆံရေးသည် အစကတည်းက သဟဇာတမရှိပေ။ သို့ဖြစ်၍ အစားအစာတစ်ခုတည်းဖြင့် သူ့အပေါ် တစ်ဖက်လူ၏ သဘောထားက ချက်ချင်း ပြောင်းလဲသွားရန် မဖြစ်နိုင်ပေ။

ထိုအကြောင်းအရင်းကြောင့်ပင် ရွှီချင်းက ဝိညာဉ်ချောက်နက်အဆောင်ကို တကယ်မလိုအပ်လျှင် ထုတ်မသုံးလိုခြင်း ဖြစ်သည်။

ယင်းက ကျားများနှင့် ဝံပုလွေများကို မောင်းထုတ်နေလျက် ချောက်ကမ်းပါး၏ အစွန်အဖျားဆီသို့ တဖြည်းဖြည်း ရောက်သွားသည့်သဘောပင်။ အကယ်၍ သတိတစ်ချက်လွတ်သွားမည်ဆိုလျှင် ကျားနှင့်ဝံပုလွေများ၏ အစားခံရနိုင်သလို ချောက်ကမ်းပါးအောက်သို့လည်း ပြုတ်ကျသေဆုံးနိုင်ပေသည်။

သို့သော် အစောနက သူဖော်ပြခဲ့သော စိတ်ရင်းမှန်ကြောင့် ဤအခိုက်အတန့်မှာ စကားပြောရန် အခွင့်အရေးတစ်ခုရလာသည်။

ရွှီချင်းသည် တည်ငြိမ်စွာ ပြောသည်။

“ ကြီးမြတ်တဲ့အရှင် စောစောက ကျွန်တော်ပေးတဲ့ အတိုးကို စိတ်ကျေနပ်မှုရှိပါရဲ့လား ”

ရှေးဟောင်းဝိညာဉ်အင်ပါယာသည် သူ့ကို လျစ်လျူရှုထားသည်။ သူ၏ စိတ်အာရုံအားလုံးက ရွှီချင်း၏ အပေါ်မှာ တဖြည်းဖြည်း ကြည်လင်ပြတ်သားလာနေသော သရေစာပေါ်သို့သာ ကျရောက်နေဟန် တူသည်။

ရွှီချင်း၏ အသတ်ဓာတ်သည်လည်း ဆွဲထုတ်ခံနေရသည်ကိုတော့ ရှေးဟောင်းဝိညာဉ်အင်ပါယာက ဂရုမစိုက်ချေ။ ယင်းက သရေစာပေါ်မှာ နှမ်းတချို့ ထပ်ဖြူးပေးလိုက်သည့်သဘောနှင့် တူညီ၏။

ဤသည်ကိုမြင်သောအခါ နတ်ဘုရားလက်ချောင်းက လုံးလုံးစိတ်ပျက်အားလျော့သွားသည်။ ၎င်း၏ ပုံရိပ်က စတင်ကြည်လင်လာပြီး ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ လုံးလုံးလျားလျား ဆွဲထုတ်ခံရတော့မည့်အချိန် ရွှီချင်း၏ အသံသည် မည်သည့်လှိုင်းအတတ်အကျမှမပါဘဲ ထပ်မံပျံ့လွင့်လာသည်။

“ ကြီးမြတ်တဲ့အရှင် အခု အရှင်စုပ်ယူနေတာက ကျွန်တော်ပေးဆပ်မယ့် ဒုတိယအတိုးမဟုတ်ပါဘူး… အဲ့ဒါက အရှင့်ဆီကနေ ယာယီ ကျွန်တော်ငှားထားမယ့် လက်နက်လေးပါ… တကယ်လို့ အရှင်က အဲ့ဒါကို ပြန်သိမ်းယူသွားမယ်ဆိုရင် အနာဂတ်မှာ နောက်ထပ်ဘာအတိုးမှ ရတော့မှာမဟုတ်ပါဘူးခင်ဗျ ”

ရွှီချင်း၏ စကားက နားမကြားသောသူထံသို့ ကျရောက်သွားဟန် ရ၏။ ရှေးဟောင်းဝိညာဉ်အင်ပါယာသည် မည်သို့မှမတုံ့ပြန်ပေ။ သို့သော်လည်း ရွှီချင်း၏ စကားဆုံးသွားသည်နှင့် ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ ဧရာမမျက်လုံးကြီးထဲမှာ အံ့ဩသော အရိပ်အယောင်တချို့ ထွက်ပေါ်လာသည်။

အရပ်မျက်နှာအဘက်ဘက်မှ မကောင်းဆိုးဝါးဝိညာဉ်များနှင့် ဘေးပတ်ပတ်လည်မှာ လွင့်မျောလှည့်ပတ်နေကြသော ဝိညာဉ်များသည် ဝါးမျိုချင်သော စိတ်ဆန္ဒကို ထုတ်လွှတ်လိုက်ကြသည်။

ယင်းတို့အားလုံးက အလွန်သိပ်သည်းသော မကောင်းဆိုးဝါးစိတ်ဆန္ဒသို့ ပြောင်းလဲသွားပြီး လောကတစ်ခွင်သို့ ဖြတ်သန်းသွားကာ ကြီးမားသော ဖိအားအဖြစ် ရွှီချင်းအပေါ်သို့ သက်ဆင်းလာသည်။

ရွှီချင်းသည် ဧရာမမျက်လုံးကြီးကို တည်ငြိမ်စွာ စူးစိုက်ကြည့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်က ထပ်မံပြိုလဲပျက်စီးလာနေသည်ဟူသော အချက်ကို လျစ်လျူရှုထားလိုက်သည်။ သွေးက ဒလဟော စီးကျလာသည်နှင့် မူလက ပေ(၃၀၀)ကျော် ရှည်လျားသော သူ၏ ခန္ဓာကိုယ်သည် ယခု သာမန်လူတစ်ယောက်၏ ခန္ဓာကိုယ်မျှသာ ရှိတော့သည်။ ထို့အပြင် သူ၏ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်များက မရေမတွက်နိုင်အောင် ရှိသည်။

“ ကြီးမြတ်တဲ့အရှင်… အပြင်လောကမှာ အစားအစာတွေ ပေါများလှပါတယ်… ဒါပေမဲ့ သူတို့ကို အရှင့်ဆီ ပို့ဆောင်ပေးနိုင်မယ့်လူက ကျွန်တော်တစ်ယောက်ပဲ ရှိပါတယ် ”

“ တကယ်လို့ အရှင်က ကျွန်တော့်ကို ခဏငှားထားတဲ့ လက်နက်ကို ဝါးမျိုလိုက်မယ်… ကျွန်တော့်ကိုပါ ဝါးမျိုလိုက်မယ်ဆိုရင် နောက်ထပ်ဘာအကျိုးအမြတ်မှ ရှိတော့မှာမဟုတ်ပါဘူး ”

ရွှီချင်း၏ မျက်လုံးသည် ကြည်လင်သည်။ သူသည် မလိမ်ညာပေ။ သူက နတ်ဘုရားလက်ချောင်း၏ ပိုင်ရှင်ကို သွယ်ဝိုက်သော နည်းလမ်းဖြင့် ဖော်ပြလိုက်ပြီး ရှေးဟောင်းဝိညာဉ်အင်ပါယာနှင့် အဆင်ပြေချောမွေ့စွာ ဆက်သွယ်ပြောဆိုနိုင်စေရန် အခွင့်အရေးတစ်ခု ဖန်တီးလိုက်ခြင်း ဖြစ်သည်။

ရှေးဟောင်းဝိညာဉ်အင်ပါယာကဲ့သို့ တည်ရှိမှုမျိုးက သူ၏ စိတ်ရင်းမှန်ကို မြင်နိုင်လိမ့်မည်ဟု သူယုံကြည်သည်။

အရေးကြီးအခိုက်အတန့်မှာ နတ်ဘုရားလက်ချောင်း၏ ကြားဝင်ကူညီမှုကြောင့်သာမဟုတ်လျှင် ရွှီချင်းသည် လက်ထောက်ဒေသအကြီးအကဲ၏ မျက်နှာပျက်ကြီးဆီသို့ ချဉ်းကပ်နိုင်ခဲ့ပြီး ဤနေရာသို့ တည်နေရာပြောင်းရွှေ့လာနိုင်ခဲ့မည် မဟုတ်ချေ။

မရဏမြစ်ကြီး၏ ဆွဲငင်အားသည် ရုတ်တရက် ရပ်တန့်သွားသည်။

တံတွေးမျိုချသံသည်သာ ထပ်ခါတလဲလဲ ပဲ့တင်ထပ်နေလေရာ ရှေးဟောင်းဝိညာဉ်အင်ပါယာသည် ပြင်းပြသော ဆာလောင်စိတ်နှင့် လောဘရမ္မက်ကို မနည်းထိန်းချုပ်နေဟန် ရ၏။ ယင်းက ကြားရသူတိုင်းကို အရိုးခိုက်ခိုက်တုန်စေသည်။

ထိုအသံကို ကြားမိသည့် မည်သည့်သက်ရှိမဆို အလိုအလျောက် ခြောက်ခြားလာလိမ့်မည်။ ဤသည်မှာ သူတို့က အသံပိုင်ရှင်၏ ဝါးမျိုခံရပြီး အစားအစာဖြစ်လာတော့မည့်အလားပင်။

နတ်ဘုရားလက်ချောင်းသည် ယခု (၈၀)ရာခိုင်နှုန်းအထိ ဒြပ်ထည်ဖြစ်တည်လာနေပြီ ဖြစ်သည်။ ၎င်းက စိတ်ပျက်အားလျော့နေသော်လည်း ရွှီချင်းက ၎င်းကို ကာကွယ်ပေးရန် ကြိုးစားနေသည်ကို နားလည်သွားသောအခါ စိတ်လှုပ်ရှားခြင်း၊ စိုးရိမ်ကြောင့်ကြခြင်းနှင့် ဖော်မပြနိုင်သော ခံစားချက်များကို တစ်ပြိုင်နက် ခံစားသွားရသည်။

All Chapters