အမှောင်ထဲကရန်သူက အန္တရာယ်အများဆုံးပဲ!
Vol. 4 Ch. 43
လူသတ်ပြီး ရတနာပစ္စည်းများလုယူခြင်းသည် ဤရက်စက်သည့် ကျင့်ကြံခြင်းလောကကြီး၏ စံချိန်စံနှုန်းဖြစ်လေသည်!
"အခြေအနေပေါ်မှာ မူတည်တယ်!"
ဂိုဏ်းတူ အစ်ကို ဖုန်း ၏မျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းသွားကာ အပြင်းအထန်ဝင်တိုက်မိတော့မည့် လူတစ်ယောက်နှင့် သားရဲတစ်ကောင်အားစိုက်ကြည့်ကာ တီးတိုးပြောခဲ့သည်။
သူ၏ ကျင့်ကြံခြင်းသည်လည်း တော်ဝင်မင်းသားအစောပိုင်းအဆင့်သို့ ရောက်ရှိနေကာ ဂိုဏ်းအတွင်း၌ရှိသည့် ထိပ်တန်းပါရမီရှင်များထဲမှ တစ်ဦးဖြစ်သော်လည်း မုယွင်ဖေး၏ တိုက်ပွဲဝင်စွမ်းအားကို တွေ့ပြီးသည့်နောက်တွင် အမြဲလိုလိုမောက်မာနေသည့် ဂိုဏ်းတူ အစ်ကို ဖုန်းသည်ပင် အလွန်လေးစားခဲ့ရသည်!
အကယ်၍ သူက တော်ဝင်မင်းသားအထွတ်အထိပ်အဆင့် လူဝံနတ်ဆိုး ထုန်ယွင်အား ရင်ဆိုင်ရမည်ဆိုပါက သူသည် ထွက်ပြေးဖို့ရာတွင် တတ်နိုင်ပေမည်။ သို့သော်လည်း မုယွင်ဖေးသည် တော်ဝင်မင်းသားအလယ်အလတ်အဆင့်ဖြင့် ရင်ဆိုင်တိုက်ခိုက်နိုင်ပေသည်။ ယောင်ရီအင်ပါယာ၏ လူငယ်မျိုးဆက်ထဲတွင် သေချာပေါက် ထိပ်တန်းအဆင့်ဖြစ်သည်။
ထိုသည်မှနေ၍ မုယွင်ဖေးရရှိခဲ့သည့် အခွင့်အရေးက မည်မျှထိတ်လန့်ဖွယ်ကောင်းသည်ကို တွေ့မြင်နိုင်ပြီး သဘာဝကျစွာပင် ထိုအခွင့်အရေးသည် ဂိုဏ်းတူအစ်ကို ဖုန်း အား စိတ်လှုပ်ရှားစေခဲ့သည်။ အပေါက်ဆိုးကာ လက်ကမြင်းသည့် တပည့်သည် ဘာမှမပြောသည့်တိုင်အောင် ရတနာအားရရှိရန်အတွက် တစ်စုံတစ်ယောက်အား သတ်ရန် အစီအစဉ်ဆွဲနေဆဲပင်!
သို့သော်ငြား မုယွင်ဖေးအား သတ်ပြီး ရတနာအား ရယူရန်အတွက် ထုန်ယွမ် လူဝံနတ်ဆိုးနှင့် အပြင်းအထန်ဝင်တိုက်မိသည့်အချိန်၌ မုယွင်ဖေးက ဒဏ်ရာအပြင်းအထန် ရရပေမည်။ မဟုတ်ပါက သူက သေချာပေါက်လှည့်ထွက်သွားပေမည်။
ရတနာများက လူများ၏ စိတ်နှလုံးကို ကောင်းကျိုးဖြစ်ထွန်စေသည်။ သို့သော်လည်း သူတို့က အလစ်သုတ်ရပေမည်။
ဂိုဏ်းတူ အစ်ကို ဖုန်း၏ စကားများကိုခနားထောင်ပြီး ပါးစပ်ဆိုးကာ လက်ကမြင်းသည့် တပည့်နှင့် အခြားတပည့်များက ခေါင်းညိမ့်ခဲ့ကြသည်။ အကယ်၍ ဂိုဏ်းတူအစ်ကိုဖုန်းသာမရှိပါက မုယွင်ဖေးက ဒဏ်ရာအပြင်းအထန်ရခဲ့လျှင်ပင် သူတို့သည် ထိုကဲ့သို့အတွေးမျိုးတွေးရဲမည်မဟုတ်ပေ။
သို့သော်လည်း စီနီယာအစ်ကို ဖုန်း ဖြစ်စေ ထိုတပည့်များဖြစ်စေ သူတို့၏ ဆွေးနွေးမှုက ဝမ်ဖုန်း၏ နားအတွင်းသို့ ရောက်ရှိသွားသည်ကို မသိခဲ့ကြချေ။
ထိုအချိန်၌ မီတာတစ်ရာ အဝေးတွင်ရှိနေသည့် ဝမ်ဖုန်းသည် အနည်းငယ်မျက်မှောက်ကြုတ်ကာ သူ၏ မျက်နှာက အေးစက်လာခဲ့သည်။
ရှန်ရှန့်ကျုံဂိုဏ်းက သူ့တပည့်ကို ဘယ်လိုတောင် မလိုတမာစိတ်ထားရဲရတာလဲ။
ထိုကလေး မုယွင်ဖေးအား သင်ခန်းစာကောင်းတစ်ခုကို သင်ကြားပေးချင်သည့် ရည်ရွယ်ချက်ကြောင့်သာမဟုတ်ပါက ဝမ်ဖုန်းသည် ထိုလူများအား တစ်ခါတည်းသတ်ပစ်ပေလိမ့်မည်!
"ဝုန်း!"
ထိုအချိန်၌ ကြိုတင်ခန့်မှန်းထားသည့်အတိုင်း လူတစ်ယောက် နှင့် သားရဲတစ်ကောင်သည်လည်း တိုက်မိသွားခဲ့ပြီး နားကွဲလုမတတ် ပေါက်ကွဲသံကြီးသည် ကမ္ဘာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။ ပြင်းထန်သည့် စွမ်းအားမငြိမ်သက်မှုများက အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲသွားကာ မြေပြင်တစ်ခုလုံးက ဟက်တက်ကွဲသွားခဲ့သည်။ ပိန်းပိတ်အောင်နက်မှောင်သည့် သစ်ပင်များသည် လွှစာမှုန့်များအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်ပေါ်သို့ ပြန့်ကျဲသွားခဲ့သည်!
ကြောက်မက်ဖွယ်စွမ်းအားသည် လင်းဖေးဝူ နှင့် လီထျန်းရှင်း တို့အား တုန်လှုပ်သွားစေခဲ့ပြီး သူတို့သည် မသိစိတ်အလျောက် ဝမ်ဖုန်း၏နောက်၌ ပုန်းကွယ်ခဲ့ကြကာ ဤနည်းလမ်းကသာ အလုံအလောက်လုံခြုံမှုရှိသကဲ့သို့ပင်။ သာမန်မျက်စိဖြင့် မြင်နိုင်သည့် စွမ်းအား မငြိမ်သက်မှုများက လွင့်ပျံလာခဲ့ပြီး သူတို့၏ နှလုံးကို အပြင်းအထန် ခုန်ပေါက်စေခဲ့သည်။
သို့သော်လည်း ထိုစွမ်းအားများသည် ဝမ်ဖုန်း၏ အရှေ့သို့ရောက်ရှိလာသည့် အခါ၌ ဆန်းကြယ်သည့် စွမ်းအားတစ်ခုက တားဆီးလိုက်သကဲ့သို့ ဝမ်ဖုန်းနှင့် အခြားသူများအား ရှောင်ကွင်းကာ အရပ်မျက်နှာအနှံ့သို့ ဆက်လက်ပျံ့နှံ့သွားခဲ့သည်။
ဤသည်က လင်းဖေးဝူနှင့် လီထျန်းရှင်းအား အလျင်အမြန် စိတ်သက်သာရာရသွားကာ လှုပ်ရှားမှုလုပ်ဆောင်ခဲ့သည့် သူက ဝမ်ဖုန်းဆိုသည်ကို သိခဲ့ကြပေသည်။
စိတ်အေးသွားပြီးသည့်နောက်တွင် လင်းဖေးဝူ နှင့် လီထျန်းရှင်းသည်လည်း လွှစာမှုန့်များဖုံးလွှမ်းနေသည့် တိုက်ပွဲမြေပြင်အား စိုးရိမ်သည့် အကြည့်ဖြင့် ပြန်ကြည့်ခဲ့ကြသည်။
စွမ်းအားပေါက်ကွဲမှုကပင် ထိုမျှကြောက်စရာကောင်းပါက ဤစွမ်းအားနှင့် ရင်ဆိုင်ရာတွင် မုယွင်ဖေး တောင့်ခံရမည့် ဖိအားက မည်မျှခက်ခဲမည်ကို စဉ်းစားကြည့်နိုင်ပေသည်။
လင်းဖေးဝူတို့သာ တိုက်ပွဲအလယ်သို့ စိုက်ကြည့်နေသည်မဟုတ်ဘဲ မီတာ တစ်ရာအဝေး၌ရှိသည့် ဂိုဏ်းတူအစ်ကို ဖုန်း နှင့် အခြားသူများသည်လည်း တိုက်ပွဲအလယ်အားစိုက်ကြည့်နေခဲ့ကြသည်။ မုယွင်ဖေး၏ အခြေအနေက မုယွင်ဖေးအား သတ်နိုင်မလားဆိုသည်ကို အဆုံးအဖြတ်ပေးနိုင်ပေသည်။ အခွင့်အရေးက သူ့လက်မှာပင်!
"ဒီကောင်လေး အတွေ့အကြုံမရှိပေမယ့် သူ့ရဲ့ တိုက်ပွဲဝင်စွမ်းအားက အတော်လေးကောင်းတာပဲ။ သူက တကယ်ကို ငါ့ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ တပည့်ပဲ!"
ဝမ်ဖုန်းသည် အနည်းငယ်မှေးကာ အပြုံးတစ်ခုဖြင့် တိုးလျစွာပြောခဲ့သည်။
သူ၏ကျင့်ကြံခြင်းဖြင့် အတားအဆီးအလွှာများအား ထိုးဖောက်ကာ မုယွင်ဖေး၏ အခြေအနေကို မြင်နိုင်လေသည်။
ဝမ်ဖုန်း၏ စကားသံ ထွက်လာပြီးသည့်နောက်တွင် လွှစာမှုန့်များက တဖြည်းဖြည်းချင်း ပြန့်ကျဲလာခဲ့ပြီး တိုက်ပွဲမြေပြင်၌ရှိသည့် အခြေအနေကိုမြင်တွေ့ခဲ့ရသည်။ တိုက်ပွဲမြေပြင်ရှိ အခြေအနေအား ရှင်းရှင်းလင်းလက်းမြင်တွေ့ပြီးသည့် နောက်တွင် လင်းဖေးဝူ နှင့် လီထျန်းရှင်းတို့၏ လှပသည့်မျက်နှာထက်တွင် ကျေနပ်သည့် အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
ထိုအချိန်၌ မုယွင်ဖေး၏ ဝတ်ရုံက စုတ်ပြဲနေကာ သွေးများစိုရွှဲနေသော်လည်း သူ၏ ဓားက လူဝံနတ်ဆိုး၏ နှလုံးတည့်တည့်၌ စိုက်ဝင်နေခဲ့သည်။
ထိုအချိန်၌ ထုန်ယွမ် လူဝံနတ်ဆိုး၏ ကြီးမားသည့် ခန္ဓာကိုယ်ကြီးသည် မုယွင်ဖေး၏ ရှေ့၌ ဒူးထောက်နေပြီး သူ၏ ကြီးမားသည့်လက်မော်င်းများက အားပျော့စွာတွဲလောင်းကျနေလျက် မျက်လုံးများက မှုန်မှိုင်းနေကာ အသက်မရှုတော့ပေ။
မြေကြီးပေါ်တွင် ဒူးထောက်နေသည့်တိုင်အောင် ထုန်ယွမ်လူဝံနတ်ဆိုး၏ ခန္ဓာကိုယ်ကြီးသည် မုယွင်ဖေး အတွက် ကြီးမားနေဆဲပင်။ မုယွင်ဖေးသည် ကြီးမားသည့် သတ္တဝါကြီးရှေ့၌ ရပ်နေသည့် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင်။ သို့သော်လည်း သူ၏ ပုံရိပ်တစ်ခုလုံးသည် လီထျန်းရှင်းနှင့် လင်းဖေးဝူ တို့၏ မျက်လုံးထဲ၌ အားကိုးချင်စဖွယ် လူတစ်ယောက်အဖြစ် ရှိနေခဲ့သည်။
တော်ဝင်မင်းသားအလယ်အလတ်အဆင့် ကျင့်ကြံခြင်းဖြင့် တော်ဝင်မင်းသားအထွတ်အထိပ်အဆင့် သားရဲတစ်ကောင်အား သတ်ဖြတ်ခြင်း။ ဤကဲ့သို့ တိုက်ပွဲဝင်စွမ်းအားမျိုးသည် အနည်းဆုံးတော့ သူတို့သိထားသည့် ယောင်ရီအင်ပါယာတစ်ခုလုံးရှိ ပါရမီရှင်များကြားထဲ၌ ပြိုင်ဘက်ကင်းဖြစ်သည်။
"ဒီကောင်လေးက မဆိုးဘူး။ အတွေ့အကြုံမရှိပေမယ့် သူ့ရဲ့တိုက်ပွဲဝင်အစွမ်းက ကောင်းနေတုန်းပဲ။ ရှင်းအာ ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ခဲ့တာက မင်းအတွက် တကယ်ကို အမျှော်အမြင်ရှိတဲ့ ရွေးချယ်မှုပဲ!"
လီထျန်းရှင်းက မုယွင်ဖေး၏ တိုက်ပွဲဝင်စွမ်းအားကို စိတ်လှုပ်ရှားနေသည့် အချိန်၌ သူ၏ စိတ်ထဲမှ အနည်းငယ်ထောက်ခံနေသည့် အသံတစ်သံထွက်လာခဲ့သည်။
"ဆရာ ဂိုဏ်းတူအစ်ကို မု ရဲ့ တိုက်ပွဲဝင်စွမ်းအားက ယောင်ရီအင်ပါယာတစ်ခုလုံးမှာ ထိပ်တန်းအဆင့်လို့ သတ်မှတ်လို့ရတယ်။ ဒါက လက်ခံနိုင်စရာပဲလား"
သူမ၏ စိတ်ထဲမှ အသံကို ကြားပြီးသည့်နောက်တွင် လီထျန်းရှင်းက ထိတ်လန့်သွားခဲ့သည်။
လီထျန်းရှင်း၏ အမြင်၌ မုယွင်ဖေး၏တိုက်ပွဲဝင်စွမ်းအားသည် ကြောက်စရာကောင်းပေသည်။
"ရှင်းအာ မင်းရဲ့ အမြင်ကို ဒီအဓိကအင်ပါယာကြီး သုံးခုနဲ့ မကန့်သတ်လိုက်နဲ့။ ကမ္ဘာကြီးရဲ့အပြင်ဘက်မှာ လူတွေအများကြီးရှိတယ်။ ကောင်းကင်ဘုံလည်းရှိတယ်။ ဒီကောင်လေးက အဓိကအင်ပါယာသုံးခုထဲမှာ ထိပ်တန်းပါရမီရှင် ဖြစ်နိုင်တယ်။ ဒါပေမယ့် ကျယ်ပြန့်တဲ့လောကကြီးထဲမှာ ဒီကောင်လေးရဲ့ တိုက်ပွဲဝင်စွမ်းအားက အမှားအယွင်းတစ်ခုပဲ!"
လီထျန်းရှင်း၏ မမှန်ကန်မှုအား သတိထားမိပြီး သူမ၏ ခန္ဓာကိုယ်ထဲမှ အကြွင်းအကျန် စိတ်ဝိဉာဉ်က နက်နဲသည့် အဓိပ္ပါယ်ဖြင့်ထပ်မံပြောခဲ့သည်။
"အဲ့တာက အပြင်ဘက်မှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အဓိကအင်ပါယာကြီးသုံးခုထဲမှာ ဂိုဏ်းတူ အစ်ကို မု က အင်အားအကြီးဆုံးပဲ!"
လီထျန်းရှင်းသည် သူမ၏ စိတ်ထဲမှ အသံအား ထပ်၍ကြားသည့်အခါ၌ သူမသည် ဂုဏ်ယူစွာပြောခဲ့သည်။
"ဟုတ်ပါပြီ ၊ ရှင်းအာပြောတာမှန်ပါတယ်?"
အကြွင်းအကျန်စိတ်ဝိဉာဉ်က အနည်းငယ် ကူကယ်ရာမဲ့သွားခဲ့သည်။ သို့သော်လည်း သူမ၏ လေသံထဲ၌ စိတ်အေးသည့်ခံစားချက်တစ်ခုရှိနေခဲ့သည်။ သူမနိုးထလာပြီးကတည်းက လီထျန်းရှင်းက ထိုကဲ့သို့ အမူအရာမျိုးအား ထုတ်ဖော်လာသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ဤရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်လာခြင်းက ရှင်းအာ ကို အတော်များများ စိတ်အေးစေခဲ့ပေသည်။
........
"အဟွတ် ၊ အဟွတ်!"
လီထျန်းရှင်း က သူမ၏ ကိုယ်ထဲမှ အကြွင်းအကျန်စိတ်ဝိဉာဉ်နှင့် စကားပြောနေစဉ်တွင် မုယွင်ဖေး၏မျက်နှာက ဖြူရော်လာခဲ့ပြီး အနည်းငယ် ချောင်းဆိုးကာ မြေပြင်ပေါ်တွင် သူ၏ ဓားရှည်ဖြင့် ယိုင်တိုင်တိုင်ရပ်နေခဲ့သည်။ သူသည် ထုန်ယွမ် လူဝံနတ်ဆိုးအား အောင်မြင်စွာ သတ်နိုင်ခဲ့သော်လည်း သူသည်လည်း အပြင်းအထန် ဒဏ်ရာရခဲ့ပေသည်။ ထိုအချိန်၌ သူသည် သာမန် အပြောင်းအလဲသို့ ဝင်ရောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ထက်ပင် ပို၍ ဆိုးရွားနေပေသည်။
"ဂိုဏ်းတူ မောင်လေး!"
မုယွင်ဖေး၏ သနားစဖွယ် အသွင်အပြင်အားတွေ့ပြီး လင်းဖေးဝူသည် အလျင်စလိုပြေးသွားပြီး မုယွင်ဖေးအား ထိန်းကာ အဖွဲ့ဆီသို့ တစ်လှမ်းခြင်းပြန်လျောက်လာခဲ့သည်။
"ဂိုဏ်းချုပ် ၊ ဒီတပည့်က သူ့ရဲ့တာဝန်အတွက်မျက်နှာပျက်ခံမှာမဟုတ်ပါဘူး!"
လင်းဖေးဝူထံမှ ထိန်းထားပေးခံနေရသည့် မုယွင်ဖေးသည် သူ၏ နာကျင်နေသည့် ခန္ဓာကိုယ်အား တောင့်ခံကာ ဝမ်ဖုန်းထံသို့ အပြုံးဖြင့်ပြောခဲ့သည်။
"ဂိုဏ်းချုပ် ဂိုဏ်းတူမောင်လေး မု က အရမ်းကို သန်မာနေပါပြီ။ သူ့ကို မြန်မြန်ကုသပေးပါဦး!"
လင်းဖေးဝူသည် ဝမ်ဖုန်းအား အလျင်စလိုပြောခဲ့သည်။ လင်းဖေးဝူ၏ အမြင်၌ မုယွင်ဖေး၏ လုပ်ဆောင်မှုက အတော်လေး ထူးချွန်နေပြီဖြစ်သည်။
"ဂိုဏ်းတူ အစ်ကို မု ဒါက ချင်းတန်ကျောက်စိမ်းဆေးလုံးပါ။အဌမအဆင့် ဆရာသခင်အဆင့် ကုသရေးဆေးလုံးပဲ။ သက်သာလာအောင် ကူညီပေးနိုင်တယ်!"
သူ့ဘေး၌ရှိနေသည့် လီထျန်းရှင်းသည် သူမ၏ ကျောက်စိမ်းကဲ့သို့ သွယ်လျသည့်လက်အား ဖျပ်ခနဲလြှပ်ကာ ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူခဲ့ပြီး မုယွင်ဖေးအား ပေးကာ ညင်သာစွ ပြောခဲ့သည်။
လင်းဖေးဝူနှင့်လီထျန်းရှင်းတို့၏ ဂရုစိုက်မှုများက မုယွင်ဖေး၏ နှလုံးသားကို နွေးထွေးသွားစေခဲ့သည်။ လီထျန်းရှင်းသည် ယခုမှ ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သော်လည်း သူမက သူ့အား အဌမအဆင့် ကုသရေးဆေးလုံးကို ပေးခဲ့ပေသည်။ ဤရက်စက်သည့် ကျင့်ကြံခြင်းလောကထဲ၌ ထိုကဲ့သို့ အခြေအနေမျိုးက မြင်ရခဲပေသည်။
သို့သော်လည်း မုယွင်ဖေးသည် လင်းဖေးဝူနှင့် လီထျန်းရှင်းတို့၏ ဂရုစိုက်မှုအား အလွန်ကျေး
ဇူးတင်သော်လည်း သူက တုပ်တုပ်မလှုပ်ဘဲ ဝမ်ဖုန်းကိုသာ နီးနီးကပ်ကပ် ကြည့်နေခဲ့သည်။ လင်းဖေးဝူနှင့် လီထျန်းရှင်းတို့၏ ဂရုစိုက်မှုနှင့် နှိုင်းယှဉ်လိုက်ပါက သူသည် ဝမ်ဖုန်း၏ ခံယူချက်ကိုရရှိရန် ပို၍ စိတ်အားထက်သန်ပေသည်။
"မင်းရဲ့ အခက်အခဲက မပြီးသေးဘူး။ ဒါက မင်းရဲ့ ကိုယ်ပိုင်အတွေ့အကြုံပဲ။ ဒီဂိုဏ်းချုပ်က အဲ့တာကို မင်းကိုယ်တိုင်ရင်ဆိုင်နိုင်မယ်လို့ မျှော်လင့်ပါတယ်! တစ်ခါတစ်လေကျရင် မင်းရဲ့ ရှေ့မှာရှိတဲ့ ရန်သူကိုပဲ မကြည့်နဲ့။ အမှောင်ထုထဲ၌ ရန်သူက တကယ်သေစေနိုင်တယ်!"
ဝမ်ဖုန်းသည် မုယွင်ဖေးအား စိုက်ကြည့်ကာ အလေးအနက်ပြောခဲ့သည်။
သူ၏ စကားများက မုယွင်ဖေးအား ပြောင်းလဲသွားစေခဲ့ပြီး သူ၏ မျက်နှာထက်တွင် အေးစက်သည့် အလင်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။ ဝမ်ဖုန်း၏ ဆိုလိုရင်းအား သူက မည်သို့ နားမလည်ဘဲနေလိမ့်မလဲ။
လင်းဖေးဝူ နှင့် လီထျန်းရှင်း တို့၏ လှပသည့်မျက်နှာလေးများသည်လည်း ပြောင်းလဲသွားခဲ့ပြီး သူတို့၏ လှပသည့် မျက်လုံးလေးများက ပတ်ဝန်းကျင်သို့ ချက်ချင်းလှည့်ကြည့်ခဲ့ကြသည်။
"ဒီတပည့်က ပေါ့ဆမိပါတယ်။ ဂိုဏ်းချုပ်ရဲ့ သတိပေးမှုကို ဒီတပည့်က လိုက်နာပါ့မယ်!"
မုယွင်ဖေးသည် ဝမ်ဖုန်းအား အရိုအသေပေးကာ အသံကိုနှိမ့်၍ပြောခဲ့သည်။
"ဖြောင်း! ဖြောင်း!"
မုယွင်ဖေး၏ အသံထွက်လာပြီးသည့်အခိုက်၌ လက်ခုပ်သံတစ်ခုထွက်ပေါ်လာပြီး ခြေသံများနှင့် နောက်ပြောင်သည့် ဝေဖန်သံများထွက်လာခဲ့သည်။
"မင်းလိုအဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်နဲ့ ဆုံရမယ်လို့ထင်မထားခဲ့ဘူး။ ငါ ဖုန်းမို က တကယ်ကံကောင်းတာပဲ! အဲ့အချန်တုန်းက မင်းပြခဲ့တဲ့ စွမ်းအားက ဘယ်လောက်များလဲဆိုတာ ငါမသိလိုက်ဘူး"
နောက်ပြောင်သည့်အသံထွက်လာပြီးသည့်နောက်တွင် အစက မီတာ တစ်ရာ၌ ဂိုဏ်းတူအစ်ကို ဖုန်း နှင့် အခြားသူများသည် ဝမ်ဖုန်းတို့ အနီး၌ပေါ်လာခဲ့သည်။ ခေါင်းဆောင်ဖြစ်သည့် ဂိုဏ်းတူအစ်ကို ဖုန်းမော့သည် ရွှတ်နောက်နောက်အပြုံးဖြင့် မျက်လုံးမှိတ်ပြခဲ့သည်။
မုယွင်ဖေး၏ လက်ရှိအခြေအနေဖြင့် သူ၏ အောင်မြင်ကျော်ကြားချိန်အား မတားဆီးနိုင်ပေ။ သူသည် မုယွင်ဖေး၏ ကောင်းကင်ဘုံအား စိန်ခေါ်နေသည့် အခွင့်အရေးကိုရရှိနိုင်ရုံသာမက သူ့ထက်ပိုသာသည့် ပါရမီရှင်တစ်ယောက်ဖြစ်သည့် မုယွင်ဖေးအား သတ်ပစ်နိုင်ခြင်းသည် ဖုန်းမိုအား ပို၍ ရွှင်မြူးစေခဲ့သည်။
"ဖုန်းမို ၊ တကယ် နင်ပဲ!"
လီထျန်းရှင်းသည် ဖုန်းမို၏ စကားများကိုကြားသည့်အခါ၌ အေးစက်သည့် မျက်နှာထားဖြင့် အော်ခဲ့သည်။
"ယို့ ထျန်းရှင်းဂိုဏ်းရဲ့ နတ်မိမယ် ဂိုဏ်းတူအစ်မ လီထျန်းရှင်းက ဒီနေရာမှာရှိနေမယ်လို့ ထင်မထားခဲ့ဘူး။ ဘာလို့ပါလိမ့်? ဒီလူက မင်းရဲ့ မိတ်ဆွေလား"
ဖုန်းမိုသည် လီထျန်းရှင်း၏ စကားများကို ကြားပြီး မျက်ခုံးပင့်ကာ အော်ပြောခဲ့သည်။ သူသည် လီထျန်းရှင်းအား တွေ့သည့်အခါ၌ ရုတ်တရက်အနည်းငယ်စိတ်အေးသွားကာ လှောင်ပြောင်ခဲ့သည်။
လီထျန်းရှင်းသည်လည်း တော်ဝင်မင်းသားအစောပိုင်းအဆင့်ဖြစ်သော်လည်း အောင်မြင်မှုတစ်ခုမှမရခဲ့သည်မှာ အချိန်တစ်ခုကြာခဲ့ပြီဖြစ်သည်။ သူမက ယောင်ရီအင်ပါယာ၌ နာမည်ကျော်ကြားရသည့်အကြောင်းအရင်းမှာ သူမ၏ အလှတရားကြောင့်ဖြစ်လေသည်ယ ထို့အတွက်ကြောင့် ဖုန်းမိုသည် လီထျန်းရှင်းအား သိပ်မကြောက်ပေ။
ထိုအချိန်၌ အရေးအကြီးဆုံးကိစ္စမှာ လီဟေး နှင့် လင်းဖေးဝူတို့၏ ကျင့်ကြံခြင်းအား ဝမ်ဖုန်းက ဖုံးကွယ်ထားခဲ့သည့်အတွက် ဖုန်းမိုသည် ထိုနေရာ၌ နောက်ထပ် စွမ်းအားကြီးသည့် တော်ဝင်မင်းသားအဆင့်တစ်ယောက်ရှိသေးသည်ကို မသိခဲ့ဘဲ သူက အလွန်ကြောက်မက်ဖွယ် အားကြီးသည့် တော်ဝင်မင်းသားအဆင့်တစ်ယောက်ဖြစ်နေဆဲပင်။
"ဖုန်းမို ၊ ယောင်ရီအင်ပါယာရဲ့ စန်းဟိုင်ဂိုဏ်းက ထိပ်တန်းတစ်ယောက်ဖြစ်တဲ့ ရှင်က တခြားတစ်ယောက်ရဲ့ အန္တရာယ်ကို အခွင့်ကောင်းယူဖို့ မရှက်ဘူးလား? စန်းဟိုင်ဂိုဏ်းကို အရှက်ရအောင်မလုပ်ဖို့ အကြံပေးမယ်!"
လီထျန်းရှင်း သည် ဖုန်းမို၏ ကပျက်ကချော်စကားများကို နားထောင်ပြီး ဒေါသထွက်နေသည့်မျက်နှာထားဖြင့် ခန္ဓာကိုယ်တစ်ခုလုံးသည် သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေပြီး အသံနက်ကြီးဖြင့် အော်ခဲ့သည်။