← Chapters

လီဟေး၏လူသတ်ဓား။

Vol. 4 Ch. 44

လီဟေး၏လူသတ်ဓား။

Vol. 4 Ch. 44

“လီထျန်းရှင်း မင်းက သစ်စိမ်းအိမ်ရဲ့ပန်းလေးတစ်ပွင့်ဖြစ်ဖို့ ထိုက်တန်တဲ့အထိ ရိုးစင်းလွန်းတာပဲ။ စွမ်းအားမြင့်ပုဂ္ဂိုလ်တွေရဲ့စည်းမျဉ်းတွေကို လေးစားရမယ်‌ဆိုတာ မင်းနားမလည်ဘူးလား”

လီထျန်းရှင်း၏စကားအဆုံးတွင် ဖုန်းမိုမှ ပြက်ရယ်ပြု၏။

ထို့နောက် ‌လီထျန်းရှင်းကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။ လီထျန်းရှင်း၏နှစ်လိုစွဲမက်ဖွယ်ခန္ဓာကိုယ်နှင့် မျက်နှာလှလှလေးကို မြင်တွေ့လိုက်ရသည်တွင် နှလုံးအိမ်တစ်ခုလုံးမှာ ခုန်လှုပ်သွားခဲ့လျက် စိတ်တွင်းတွင် မကောင်းသည့်ရည်ရွယ်ချက်များ ဖြစ်တည်လာခဲ့သည်။

“အခု ဒီနေရာမှာ တော်ဝင်မင်းသားအဆင့်ကျင့်ကြံသူကလွဲလို့ အသုံးမကျတဲ့လူနည်းနည်းပဲရှိတာကို ငါ့ကိုတားနိုင်မယ်လို့ထင်နေတာလား။ ဒါပေမဲ့ မင်းသာ ငါ့ကို ကောင်းကောင်းဆက်ဆံရင်တော့ ဒီအသုံးမကျတဲ့လူတွေကိုလွှတ်ပေးဖို့ စဉ်းစားပေးလို့ရတယ်”

ဖုန်းမိုသည် လီထျန်းရှင်းကို ပြုံးလျက်ဖြင့် သူ၏စိတ်တွင်းမှ မကောင်းသည့်အတွေးတို့ကို ဖုံးကွယ်ခြင်းမပြုဘဲ နောက်ပြောင်လာခဲ့သည်။

သူ၏အမြင်တွင် ဝမ်ဖုန်းနှင့်အခြားသူများသည် ဆန်းကြယ်အကြီးအကဲ အမှိုက်ကောင်များထက် မပိုပေ။ သူကိုယ်တိုင်မဆိုထားနှင့် သူ့နောက်ရှိတပည့်တစ်ယောက်ဖြင့်ပင် ဝမ်ဖုန်းနှင့်အခြားသူများကို အနိုင်ပိုင်းနိုင်ဖြစ်ရာ အရေးစိုက်မနေချေ။

လီထျန်းရှင်း၏ကျင့်ကြံမှုမှာလည်း တော်ဝင်မင်းသားအစောပိုင်းအဆင့်သာဖြစ်သောကြောင့် အလေးအနက်မထားချေ။ ဘာလို့များ သူ့ကိုယ်သူ တော်ဝင်မင်းသားအစောပိုင်းအဆင့်ကျင့်ကြံသူနဲ့ နှိုင်းယှဉ်ရမတဲ့လဲ?

အင်ပါယာ၏အိမ်ရှေ့မင်းသားသည် လီထျန်းရှင်းကို သဘောကျနေသည်ဟူသော ကောလာဟလများရှိသည်မှာ မှန်ပါ၏။ သို့သော် ဤသည်မှာ နတ်ဆိုးချိပ်ပိတ်မြေဖြစ်ပြီး မည်သူမျှမရှိပေ။ အိမ်ရှေ့‌မင်းသားပင် မသိလိုက်ရဘဲ လီထျန်းရှင်းနှင့် အခြားသူများကို သတ်လိုက်နိုင်၏။ အိမ်ရှေ့မင်းသား မေတ္တာသက်ဝင်နေသည့်မိန်းကလေးကို မိမိမှ ဦးစွာပိုင်ဆိုင်ရတော့မည်ဟူသောအတွေးတွင် ဖုန်းမို ၏စိတ်နှလုံးအတွင်း၌ ဖောက်ပြန်စွာသောကျေနပ်မှုတစ်မျိုးကို ခံစားလိုက်ရလေသည်။

“ဟားဟား လီထျန်းရှင်း ဂိုဏ်းတူအစ်ကိုဖုန်းရဲ့ နှစ်ခြိုက်မှုကိုရရှိတာ မင်းအတွက်ကောင်းချီးတစ်ခုပဲနော်!”

“ဟုတ်တယ် ဂိုဏ်းတူအစ်ကိုဖုန်းက ငါတို့စန်းဟိုင်ဂိုဏ်းရဲ့ ထိပ်တန်းကျင့်ကြံသူပဲ။ အဲ့တော့ မင်းအတွက်လည်း အရှက်ရစေတယ်လို့ မဖြစ်တော့ဘူးပေါ့။ သွေးထွက်သံယိုတွေမဖြစ်ရအောင် ဂိုဏ်းတူအစ်ကိုဖုန်းကိုနာခံပြီး သေချာလေးအလုပ်အကျွေးပြုဖို့ ငါအကြံပြုလိုက်မယ်”

ဖုန်းမို၏စကားအဆုံးတွင် သူ့၏နောက်ရှိတပည့်များသည်လည်း လှောင်ရယ်ကြလျက် ထိုတပည့်များ၏မျက်လုံးများ၌ လီထျန်းရှင်းကို တပ်မက်စိတ်များထင်ဟပ်နေပေသည်။ လီထျန်းရှင်းကဲ့သို့ ပြိုင်ဘက်ကင်းအလှလေးအား တပ်မက်စိတ်ကို လွန်ဆန်နိုင်မည့်ယောက်ျားသား မရှိလိမ့်မည်ကိုပင် စိုးရိမ်ရသည်။

“သေချင်နေတာပဲ”

ဖုန်းမို၏စက်ဆုပ်ဖွယ်စကားများကို ကြားရသည်တွင် လီထျန်းရှင်းမှာ သည်းခံနိုင်စွမ်းမရှိတော့ပေ။ သူမ၏မျက်နှာလှလှလေးမှာ အေးစက်သွားလျက် သူမ၏စွဲမက်ဖွယ်ခန္ဓာတွင် စွမ်းအင်များတစ်ဟုန်တိုး စီးဆင်းလာခဲ့သည်။ ထို့နောက်တွင် သူမ၏သေးသွယ်သည့်လက်များကို ရုတ်ချည်းဆန့်ထုတ်၍ရိုက်ချက်တစ်ချက် ထုတ်လွှတ်လိုက်၏။

ဘုန်း!

ခမ်းနားလှသည့်ချီစွမ်းအင်ဖြင့် အပြည့်အဝဆောက်တည်ထားသည့် လက်ဝါးရိုက်ချက်သည် လေဟာပြင်ကိုတုန်လှုပ်သွားစေခဲ့လျက် အရှိန်ပြင်းစွာ ထွက်ပေါ်လာခဲ့၏။

“ဟေး! အားနည်းလိုက်တာ!”

လီထျန်းရှင်းမှ လှုပ်ရှားသည်ကိုမြင်သောအခါ ဖုန်းမိုသည် စိတ်ပျက်သည့်အမူအရာဖြင့်လှောင်ရယ်လျက် သူသည်လည်း လက်ကိုဆန့်ထုတ်၍ လီထျန်းရှင်းထက် ပို၍ပြင်းထန်ခမ်းနားသောချီစွမ်းအင်များဖြင့် ရိုက်ချက်တစ်ချက် ထုတ်လွှတ်လိုက်သည်။

ဘုန်း!

လက်ဝါးရိုက်ချက်နှစ်ခုသည် အရှိန်ပြင်းပြင်းဆောင့်တိုက်မိသွားကြပြီး အားကောင်းလှသည့်စွမ်းအင်သက်ရောက်မှုသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားခဲ့သည်။ အားကောင်းလှသည့်စွမ်းအင်တစ်ခုသည် လီထျန်းရှင်းသို့ အလျင်နှုန်းဖြင့်ဦးတည်သွားခဲ့ရာ လီထျန်းရှင်း၏မျက်နှာလှလှလေးမှာ အမူအရာပြောင်းလဲသွားရပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားရ၏။ ကျောက်စိမ်းသဖွယ်လက်သွယ်သွယ်မှာလည်း တုန်ရီနေတော့သည်။

လီထျန်းရှင်း၏ကျင့်ကြံဆင့်သည် တော်ဝင်မင်းသားအစောပိုင်းအဆင့်ဖြစ်သော်ငြား သူမ၏ကျင့်ကြံမှုသည် သူမ,ဖော်စပ်ပြုလုပ်ခဲ့သည့်ဆေးလုံးများကြောင့် တိုးတက်ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ တိုက်ခိုက်ဖျက်ဆီးနိုင်စွမ်းအရာတွင် သူမသည် ဖုန်းမိုနှင့် အခြားပါရမီများနှင့် အဘယ်သို့များ ယှဉ်နိုင်လိမ့်မည်နည်း။ တိုက်ကွက်တစ်ချက်ဖြင့်ပင် လွင့်စင်ထွက်သွားတော့သည်။

“မင်းက သစ်စိမ်းအိမ်ထဲက ပန်းလေးတစ်ပွင့်ပဲလို့ ငါပြောပါတယ်။ ရုန်းကန်မနေတော့ဘဲ ငါ့စကားကိုပဲ လိမ်လိမ်မာမာနဲ့နာခံစမ်းပါ။ ပြောလို့မရဘူး.. ငါမင်းအသက်ကို ချမ်းသာပေးရင်လည်း ပေးလိမ့်မှာပေါ့”

ဖုန်းမို၏မျက်နှာထက်တွင် ရက်စက်ဟန်အပြုံးတစ်ခု ဖြတ်ပြေးသွားခဲ့လျက် ယုတ်မာကောက်ကျစ်သည့်အကြည့်မျိုးဖြင့် ကြည့်နေခဲ့သည်။ ထို့နောက် တည်ကြည်လးနက်စွာဖြင့်ပြော၏။

“ဒီနေ့သင်ခန်းစာကိုမှတ်မိလား”

လီထျန်းရှင်းမှ တစ်ခုခုပြန်ပြောတော့မည်တွင် တည်ငြိမ်အေးဆေးသည့်အသံတစ်ခု ထွက်ပေါ်လာ၏။ လီထျန်းရှင်းသည် ပြောထွက်တော့မည့်စကားများကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး ဝမ်ဖုန်းဘေးသို့ တိတ်ဆိတ်စွာပြန်လျှောက်သွားခဲ့သည်။

ဖုန်းမိုမှ ထိုအသံကိုကြားသည်တွင် မျက်နှာထက်ရှိအပြုံးမှာ ‌တံ့သွားခဲ့လျက် အနီးဝန်းကျင်သို့ဝေ့ဝဲကြည့်လိုက်၏။ သို့ရာတွင် မွဲညစ်သောစိတ်သဘောထားဖြင့် ချောမောသည့်လူငယ်တစ်ဦးသည် လျှို့ဝှက်ဆန်းကြယ်စွာ စကားပြောနေသည်ကိုမြင်လိုက်ရသည်တွင် ဖုန်းမို လန့်သွား၏။

“တပည့်မှတ်မိပါတယ်။ တစ်သက်လုံး မမေ့လျော့ဝံ့ပါဘူး”

ဝမ်ဖုန်း၏စကားအဆုံးတွင် မုယွင်ဖေးမှ လေးနက်သည့်မျက်နှာအမူအရာဖြင့် တည်ကြည်လေးနက်စွာပြော၏။

“ဒီဂိုဏ်းချုပ်က မင်းကို ကိုယ်တိုင်ရင်ဆိုင်ပြီး ဒီနေ့ရဲ့သင်ခန်းစာကို မေ့လျော့မသွားစေချင်ပေမဲ့ မတတ်နိုင်ဘူး။ ဒီလိုခုန်ပေါက်နေတဲ့လူပြက်ကောင်က ဒီဂိုဏ်းချုပ်ကို စိတ်ရှုပ်စေလို့ အဲဒီ့ကောင် ခဏလေးတောင် အသက်ဆက်ရှင်နေတာကို မမြင်ချင်တော့ဘူး”

ဝမ်ဖုန်း ခေါင်းတညိတ်ညိတ်ဖြင့် အရေးမစိုက်ဟန်ပြော၏။

‌ထို့နောက်တွင် လီဟေးကိုကြည့်၍ ပြောခဲ့သည်။

“လီဟေး လှုပ်ရှားလိုက်တော့.. အဲဒီ့လူပြက်ကောင်တွေကို သတ်ပစ်”

ဖုန်းမို ကဲ့သို့လူပြက်ကောင်သည် သူကိုယ်တိုင်လှုပ်ရှားရန် မထိုက်တန်ပေ။ လီဟေးကို လှုပ်ရှားစေခြင်းသည်ပင် လီဟေး၏လက်ကို ညစ်‌ပတ်စွန်းထင်းစေသည်။ သို့သော် ဖုန်းမိုသည် သေခြင်းကိုစိတ်အားထက်သန်၍ ရှန်ရှန့်ကျုံဂိုဏ်း၏တပည့်များကို စော်ကားရဲသည်ဖြစ်ရာ အသက်ရှင်လျက် မထားရစ်‌လိုပေ။

“ဟုတ်ကဲ့”

လီဟေး တုံ့ပြန်ဖြေလိုက်၏။ ထို့နောက် ရှေ့သို့ခြေတစ်လှမ်းလှမ်း၍ ဝမ်ဖုန်းနှင့် အခြားသူများရှေ့တွင် ရပ်လျက် ဖုန်းမော့တို့အုပ်စုအား ခံစားချက်ကင်းမဲ့သည့်မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။

“ချီချီ မင်းဒီလောက်ထိ သတ္တိရှိလိမ့်မယ်လို့ထင်မထားဘူး။ မင်းတို့သေချင်နေတယ်ဆိုရင်လည်း ဖြည့်ဆည်းပေးရတာပေါ့”

ဝမ်ဖုန်း၏စကားများကြောင့် ဖုန်းမိုသည် ‌ဒေါသတကြီးရယ်မောလျက် သူ၏မျက်လုံးများမှာ ပြင်းထန်သည့်သတ်ဖြတ်လိုခြင်း‌အငွေ့အသက်များဖြင့် ပြည့်နှက်နေပေသည်။

ဖုန်းမို၏အသံနှင့်အတူ သူ၏ခန္ဓာကိုယ်မှလည်း ရုန့်ရင်းကြမ်းတမ်းသည့်အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။ ဖုန်းမိုမှာ ကြမ်းကြုတ်သည့်သားရဲ‌ကောင်ကြီးအလား ဖြစ်နေတော့သည်။ ဆန်းကြယ်ပြင်းထန်လှသော သတ်ဖြတ်လိုခြင်းအငွေ့အသက်သည် ဝန်းကျင်တစ်ခွင်အား အေးစက်သွားစေခဲ့သည်။

ဖုန်းမိုသည် လက်ကိုဆန့်ထုတ်၍ ကြမ်းတမ်းစွာ လက်သီးကိုတင်းတင်းဆုပ်လိုက်သည်။ သူ၏ခန္ဓာကိုယ်ရှိစွမ်းအားများသည် လက်သီးသို့ အရှိန်အဟုန်ဖြဏင့်စီးဆင်းသွားခဲ့သည်။ လက်သီးနေရာသည် နေလုံးငယ်လေးကဲ့သို့ တောက်ပနေ၏။

ဖုန်းမိုသည် ဖနောင့်နှစ်ဖက်ကိုစုလိုက်ရာ မြေပြင်တွင် ချိုင့်ကြီးဖြစ်ပေါ်သွား၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ လေးကြိုးမှလွှတ်လိုက်သည့်မြှားကဲ့သို့ လက်သီးကိုလွှဲရမ်းလိုက်သည်တွင် လေဟာပြင်ထိတိုင် တုန်လှုပ်သွား၏။ ထို့နောက် လီဟေးသို့ ဦးတည်ပစ်လွှတ်ခဲ့သည်။

ထိုစွမ်းအင်လုံးကြီးသည် လီဟေးထံသို့ ရောက်ရှိမလာသေးသော်ငြား လီဟေး၏နောက်တွင်ရပ်နေသည့် လင်းဖေးဝူနှင့် လီထျန်းရှင်းတို့သည် ထိုလက်သီးစွမ်းအား၏ပြင်းထန်မှုကို ခံစားရသည်ဖြစ်ရာ တစ်ကိုယ်လုံးရှိအရေပြားတို့မှာ ကြက်သီးမွေးညှင်းများ ထနေတော့သည်။

ဖုန်းမို၏လက်သီးထိုးချက်ကိုရင်ဆိုင်ရန် လီဟေး စိတ်မလှုပ်ရှားမိပါ။ လီဟေးသည် တည်ငြိမ်အေးဆေးစွာဖြင့် မုယွင်ဖေးသို့လှည့်၍ ပြောခဲ့သေးသည်။

“ငါ့ကိုဓားပေး။ သေချာကြည့်ထား”

လီဟေးသည် ထိုမျှကြောက်မက်ခြောက်ခြားဖွယ်အခြေအနေတွင် မုယွင်ဖေးအား စကားလှည့်ပြောနိုင်သေးသည်ကိုကြည့်၍ လင်းဖေးဝူနှင့် လီထျန်းရှင်းတို့မှာ လီဟေးအစား ချွေးပြန်မိရသည်။

လင်းဖေးဝူနှင့်လီထျန်းရှင်းတို့သည် လီဟေး၏ စိတ်အေးတည်ငြိမ်နိုင်မှုကို လေးစားမိပါ၏။ ဖြစ်ကောင်းဖြစ်နိုင်သည်မှာ သူ၏ရှေ့မှောက်တွင် ဒဏ္ဍာရီလာထိုက်တောင်တန်းကြီး ပြိုလဲခဲ့ဖူး‌ခြင်းကြောင့် ဖြစ်နိုင်ပေသည်။

လီဟေး၏စကားကြောင့် မုယွင်ဖေးမှာ အချိန်ခဏမျှ မင်သက်သွားရသည်။ ထို့နောက် သူ၏လက်ထဲမှဓားကို လီဟေးသို့ အလျင်အမြန် ပစ်ပေးလိုက်သည်။

လီဟေးသည် ဓားကိုကိုင်ဆောင်လိုက်သည်နှင့်တစ်ပြိုင်နက် အရှိန်အဝါမှာ လုံးဝပြောင်းလဲသွားတော့သည်။ အရင်လီဟေးသည် တည်ငြိမ်သည့်ပုံစံဖြစ်ပါလျှင် ယခု ဓားကိုင်ဆောင်ထားသည့်လီဟေး၏ပုံစံသည် ဓားအိမ်မှလွတ်ထွက်လာတော့မည့် ထက်ရှသည့်ဓားတစ်လက်အလား ဖြစ်သည်။ ခြုံငုံကြည့်လိုက်ပါလျှင်မူ ထက်ရှသည့်အစွန်းဖျားကို မမြင်နိုင်ပေ။

လီဟေး၏အသက်ရှူနှုန်းကွာခြားမှုကို ခံစားမိသည်တွင် ဖုန်းမို၏မျက်လုံးများတွင် အလင်းစတစ်ခုဖြတ်ပြေးသွားလျက် လီဟေးကိုစိုက်ကြည့်နေခဲ့သည်။

မုယွင်ဖေးသည် ရှန်ရှန့်ကျုံဂိုဏ်းသို့ စတင်ဝင်ရောက်ခဲ့ချိန်တည်းကပင် လီဟေးနှင့် အကွာအဝေးတစ်ခုခြား၍ နေထိုင်ခဲ့သည်။ လီဟေးသည် ထောင်လွှားအေးစက်လွန်းသောကြောင့် လူကို အနားမကပ်ဝံ့စေသည့် ခံစားချက်မျိုးပေးစွမ်း၏။

ဤအခိုက်အတန့်တွင် သူ၏ဂိုဏ်းတူအစ်ကိုလီဟေးသည် သူ့ကို တမင်ရည်ရွယ်၍လမ်းညွှန်ပြသပေးနေခြင်းဖြသည်ကို မုယွင်ဖေး နားလည်သွားခဲ့သည်။

ဟင်!

ဖုန်းမိုမှ လီဟေးကို လက်သီးဖြင့်ထိုးမိတော့လုနီးတွင် လီဟေး၏လက်ထဲရှိဓားသည် အပြင်းအထန်တုန်လှုပ်လာခဲ့ပြီး တောက်ပသည့်အလင်းတစ်တန်း ဖြာထွက်လာခဲ့၏။ ထိုအလင်း‌တန်းကြောင့် လင်းဖေးဝူတို့မှာ အလိုအလျောက် မျက်လုံးမှိတ်လိုက်မိသွားကြရသည်။ မျက်လုံးပြန်ဖွင့်ချိန်တွင် ဓားအိမ်ထဲသို့ဓားကို ဖြေးညှင်းစွာထည့်နေသည့်လီဟေးကို မြင်လိုက်ရသည်။

တစ်ဖက်ရှိဖုန်းမော့သည် ထိုးနှက်နေသည့်အနေအထားအတိုင်းဖြင့် လီဟေး၏ရှေ့တွင် ရပ်နေခဲ့သည်။ သူ၏လက်သီးထိုးချက်သည် လီဟေး၏မျက်နှာနှင့် ၅စင်တီခန့်အဝေးတွင်ရှိနေ၏။

“မင်း…!”

လင်းဖေးဝူနှင့် လီထျန်းရှင်းတို့မှာ ရှုပ်ထွေးနေကြစဉ်‌တွင် ထိတ်လန့်ဖွယ်မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။ ဖုန်းမိုမှ စကားတစ်လုံးဟလိုက်ခြင်းနှင့်အတူ သူ၏လည်တိုင်တွင် အက်ရှရာတစ်ခုဖြစ်တည်သွားလျက် သွေးနီများပန်းထွက်လာခဲ့၏။ သွေးနီများသည် ခလုတ်ဖွင့်လိုက်သည့်အလား ပန်းထွက်လာခဲ့ပြီး လူတစ်ကိုယ်လုံးမှာ လဲကျသွားတော့သည်။

ဘုန်း!

လဲကျသွားသည့်ဖုန်းမော့၏ဦးခေါင်းမှာ သွေးများပေကျံနေလျက် စန်းဟိုင်ဂိုဏ်းတပည့်များ၏ရှေ့တွင် မြေပြင်ပေါ်၌ အကြိမ်အနည်းငယ် လိမ့်သွားခဲ့သေး၏။

ဖုန်းမို၏ပြူးကျယ်စွာ ပွင့်ဟနေသည့်မျက်လုံးများသည် ထိုချင်ဟိုင်ဂိုဏ်းတပည့်များကို စိုက်ကြည့်နေခဲ့သည်။

ထိုကြောက်မက်ခြောက်ခြားဖွယ်မြင်ကွင်းသည် နေရာရှိချင်ဟိုင်ဂိုဏ်းတပည့်များကို ထိတ်လန့်ကြောင်အ,သွားစေခဲ့သည်။ စန်းဟိုင်ဂိုဏ်းတပည့်များမှာ ဒူးထောက်ကျကုန်ကြကာ မျက်နှာများမှာဖြူဖျော့ကုန်ကြလျက် ကြောက်စိတ်ကြောင့် တစ်ကိုယ်လုံးတုန်ယင်နေကြပေသည်။

အဖြစ်အပျက်မှာ မြန်ဆန်လွန်းလှသောကြောင့် ဖုန်းမို၏‌ဦးခေါင်းမှာ မည်သို့အဖြတ်ခံလိုက်ရသည်ကိုပင် မမြင်လိုက်ကြချေ။ လွန်ခဲ့သည့်စက္ကန့်အနည်းငယ်ကပင် သူတို့သည် လှောင်ရယ်နေခဲ့ကြပြီး ဂိုဏ်းတူအစ်ကိုဖုန်းမိုမှ လီထျန်းရှင်းနှင့်ပျော်ပါးပြီးလျှင် ခွဲခြားမည်၊ မခွဲခြားမည်ကို ဆွေးနွေးနေခဲ့ကြသေးသည်။ သို့သော် နောက်တစ်စက္ကန့်မျှသောအချိန်တွင် သူတို့အားလုံးမှာ ငရဲတွင်းသို့ကျဆင်းသွားခဲ့ရလေပြီ။ အတိုင်းမသိကြောက်ရွံ့မှုများ သူတို့၏တစ်ကိုယ်လုံးတွင် ကြီးစိုးသွား၏။

လီထျန်းရှင်းနှင့် လင်းဖေးဝူတို့နှစ်ဦးသည်တော့ ပါးစပ်လေးအဟောင်းသားနှင့် လီဟေးကို ကြောင်အစွာစိုက်ကြည့်နေကြလေသည်။ အထူးသဖြင့် လီထျန်းရှင်းဖြစ်သည်။ သူမသည် လီဟေး၏စွမ်းအားမှာ ထိုမျှထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါချေ။

စန်းဟိုင်ဂိုဏ်း၏အတော်ဆုံးတပည့်ဖြစ်သည့် ဖုန်းမော့၏အကျင့်စရိုက်သည် အနည်းငယ်စက်ဆုပ်ဖွယ်ဖြစ်သော်ငြား သူ၏စွမ်းအားသည် အနည်းငယ်သော်မျှ အားမနည်းပါချေ။

သို့သော် ဖုန်းမိုသည် ဂိုဏ်းတူအစ်ကိုလီဟေး၏ ဓားချက်တစ်ချက်ဖြင့် ခေါင်းဖြတ်ခံလိုက်ရ၏။ ထိုဓားချက်တစ်ချက်သည် ဖုန်းမော့ကို တုံ့ပြန်နိုင်စွမ်း ကင်းမဲ့စေခဲ့လေသည်။

“အခြေခံကိုပြန်စဉ်းစားကြည့်ရင် ရိုးရှင်းတဲ့ဓားချက်က အင်အားအကြီးဆုံးဓားသွားပဲ! ဒီကလေး သူက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ပါရမီအရှင်အစစ်အမှန်ဖြစ်နေမှာ စိုးရတယ်”

လီထျန်းရှင်း၏ခန္ဓာကိုယ်ထဲရှိ ဝိဉာဉ်အပိုင်းအစသည်လည်း အံ့ဩသွားခဲ့လျက် တီးတိုးရေရွတ်လာခဲ့သည်။

ဝမ်ဖုန်းသည်လည်း စိတ်ကျေနပ်စွာဖြင့် ခေါင်းတညိတ်ညိတ်ဖြစ်နေ၏။ ရှန်ရှန့်ကျုံဂိုဏ်း၏လက်ရှိတပည့်များထဲတွင် လီဟေးသည် သူ့ကို စိတ်အေးချမ်းမှု အပေးစွမ်းနိုင်ဆုံးသောတပည့်ဖြစ်သည်။

“နားလည်ပြီလား”

လီဟေးသည် အံ့အားသင့်နေသည့်လင်းဖေးဝူကို လစ်လျုရှု၍ ချင်ဟိုင်တပည့်များကိုလည်း လျစ်လျူရှုကာ မုယွင်ဖေးသို့လှည့်၍ ပေါ့ပါးစွာဖြင့်ပြောခဲ့သည်။

ထိုစကားအဆုံးတွင် မုယွင်ဖေးသည် ခေါင်းခါယမ်း၏။ လီဟေး၏ထိုဓားချက်သည် အလွန်လျင်မြန်လွန်းလှသည်။ မုယွင်ဖေးသည် မိမိကိုယ်ကို မျက်လုံးမပိတ်မိစေရန် သတိတကြီးထားခဲ့သော်ငြား သူ၏မျက်ခွံများသည် နာခံမှုမရှိချေ။ သူမျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် လီဟေးသည် ဓားကိုပြုန်ရုတ်သိမ်းပြီး ရပ်နေခဲ့လေပြီ။

“ဓားဆိုတာ စစ်သည်ရာချီရဲ့ရှင်ဘုရင်ပဲ! ဒါက လူသတ်ဓားပဲ! ဟန်ပြဓား မဟုတ်ဘူး! သတ်ဖြတ်နိုင်တဲ့ဓားက ဓားကောင်းတစ်လက်ပဲ။ မသတ်ဖြတ်နိုင်တဲ့ဓားက ဘယ်လောက်ပဲကြီးကျယ်ခမ်းနားနေပါစေ အသုံးမဝင်တဲ့ဓားပဲ!”

လီဟေးမှ အရေးမစိုက်ဟန်ဖြင့်ပြော၏။

ထို့နောက်တွင် လီဟေးသည် ဓားကိုပြန်ဆွဲထုတ်ခဲ့သည်။ ဤတစ်ကြိမ်တွင်တော့ ‌ဖုန်းမိုကိုသတ်သည့်အချိန်ကဲ့သို့ အရမ်းမမြန်တော့ဘဲ ညင်သာစွာလွှဲရမ်းထိုးစိုက်ပြ၏။ သို့သော် ထိုညင်သာသည့်ဓားချက်သည် စန်းဟိုင်ဂိုဏ်းတပည့်များကို အံ့အားသင့်စေခဲ့သည်။ အန္တိမဓားသွားသိုင်းကွက်!??

All Chapters