← Chapters

သေဆုံးသွားမှသာလျှင် နာမည်မရှိတော့မည်ဖြစ်သည်။

Vol. 4 Ch. 45

သေဆုံးသွားမှသာလျှင် နာမည်မရှိတော့မည်ဖြစ်သည်။

Vol. 4 Ch. 45

ဓားရှည်တစ်ချောင်းတည်းသာ ဖြစ်သည်ဟုထင်ရသော်လည်း ထိုဓားသည် စန်းဟိုင်ဂိုဏ်းမှ တပည့်များအား ရေခဲဂူထဲသို့ လဲကျသွားသကဲ့သို့ သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးမှာ အေးခဲသွားခဲ့သည်။

ဟမ်!

စန်းဟိုင်ဂိုဏ်းတပည့်များ၏ ကြောက်လန့်နေကြသော အကြည့်များရှေ့တွင်ပင် ဤဓားရှည်သည် လွဲမှားသွားမှုလုံးဝ မရှိကာ သူတို့၏ ခန္ဓာကိုယ်သို့ ရောက်သွားစေခဲ့၍ ကိုယ်ထည်များစွာသည် တိုက်ရိုက် ပြုတ်ကျသွားကြကာ သဲသဲကွဲကွဲမကြားရသည့် အသံများစွာ ထွက်ပေါ်လာလေသည်။

“ဒီတခါတော့ သဘောပေါက်တယ်မလား?”

လီဟေးသည် လူသေကောင်အလောင်းများကို မကြည့်ဘဲ မုယွင်ဖေးဘက်သို့ လှည့်ကာ မေးခဲ့သည်။

မုယွင်ဖေးသည် ခေါင်းညိတ်လိုက်ပြီး ဤတခါတွင် သူသည်နားလည်နေသည်ဖြစ်၍ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သူ၏ အလွန်တင့်တယ်လှပလှသည့် ဓားသိုင်းနှင့် ယှဉ်လျှင် ဂိုဏ်းတူအစ်ကို လီဟေး၏ ဓားသိုင်းက မထူးခြားပေ။ သို့သော် ထွက်ပေါ်လာသည့် စွမ်းအားသည်တော့ သူ၏ တင့်တည်လှပသည့် ဓားသိုင်းထက် အလွန် သာလွန်လှပေသည်။

ဤဓားထဲ၌ သူသည် တံခါးပေါက်အချို့ တွေ့မြင်ခဲ့ပေသည်။ ဂိုဏ်းတူ အစ်ကို လီဟေးသည် စွမ်းအားလုံးစုံကို ဓားရှည်၏ ထိပ်၌စုစည်းလိုက်ကာ ချွန်ထက်နေသည့် အစွမ်းတိုင်းကို တစ်နေရာတည်း၌ ပေါင်းစည်လိုက်လေသည်။ သာမန်ဟုသာ ထင်ရသော်လည်း အလွန့်အလွန်ကို အင်အားကြီးလှပေသည်။

“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတယ်ပါတယ် အစ်ကို!”

မုယွင်ဖေးသည် လီဟေးကို ရိုသေစွာနှင့် အလျင်စလို ဦးညွတ်၍ တည်ကြည်စွာ ပြောခဲ့သည်။

လီဟေးသည် စကားပြန်မပြောခဲ့ဘဲ မုယွင်ဖေးဘက်သို့ ဓားရှည်ကို ပစ်ပေါက်လိုက်၍ မာနကြီးသည့် အရှိန်အဝါနှင့် တိတ်တဆိတ်သာရပ်နေခဲ့သည်။

သို့သော် ထိုအချိန်၌ မုယွင်ဖေးသည် ထိုအရာကို အဖက်မလုပ်ဘဲ‌မနေခဲ့ပေ။ ထိုအစား သူသည် ‌လီဟေးနှင့် ရင်းနီးပုံပေါ်သည်ဟု ခံစားမိလေသည်။ ဂိုဏ်းတူအစ်ကို လီဟေးသည် မာနကြီးပုံပေါ်သော်လည်း တကယ်တော့ သူသည် နှလုံးသားနူးညံ့သူတစ်ယောက် ဖြစ်နေလေသည်။

မုယွင်ဖေးသည် ဤကဲ့သို့ထောက်ပြပေးသည့် စေတနာကို လုံးဝ မေ့ပျောက်သွားမည်မဟုတ်ပေ။

လင်းဖေးဝူနှင့် လီထျန်းရှင်းတို့သည်လည်း ဤအချိန်၌ လီဟေးကို လေးစားစွာ ကြည့်နေခဲ့ကြသည်။ သူတို့နှစ်ယောက်လုံးသည် အမြဲလိုလို တိတ်ဆိတ်ကာ မာနကြီး၍ အေးတိအေးဆက်ဆက်ဆံနေတတ်သူ ဖြစ်သည့် လီဟေးသည် ဤကဲ့သို့ ကြောက်ခမန်းလိလိ အင်အားကို ဖုံးကွယ်ထားသည်ဟု မထင်ခဲ့ပေ။

“ဖေးဝူ ၊ သူတို့ရဲ့ နတ်ဆိုးချိပ်ပိတ်ခြင်း အမိန့် အမှတ်တွေကို သွားပြီး ယူလိုက်!”

ထိုသို့မြင်လိုက်ရသောအခါတွင် ဝမ်ဖုန်းသည် နတ်ဆိုးချိပ်ပိတ်ခြင်း အမိန့်ကို လင်းဖေးဝူထံသို့ ပစ်ပေး၍ ပြောလိုက်သည်။

ဤအခါတွင် မုယွင်ဖေး၏ အမှတ်များမှလွဲ၍ သူတို့အဖွဲ့၌ အမှတ်ရှိသူ တစ်ယောက်မျှမရှိခဲ့ပေ။ ဖုန်းမော့နှင့် အခြားသူတို့သည်လည်း ဆုံးပါးသွားခဲ့ကြပြီဖြစ်သောကြောင့် သူတို့၏ ချမ်းသာမှုတို့နှင့် အမှတ်တို့ကို အလကားထားခဲ့၍မဖြစ်ပေ!

“ဟုတ်ကဲ့!” လင်းဖေးဝူသည် ဝမ်ဖုန်းထံမှ နတ်ဆိုးချိပ်ပိတ်ခြင်း အမိန့်ကို ယူလိုက်၍ ချိုသာစွာ ပြောလိုက်ကာ ဖုန်းမော့နှင့် အခြားသူတို့၏ အလောင်းများဘက်သို့ လျှောက်သွားခဲ့လေသည်။

မုယွင်ဖေးသည် တော်ဝင်မင်းသားအဆင့်၏ အထွကတ်အထိပ်၌ရှိသည့် လူဝံနတ်ဆိုး ထုန်ယွင်ကို သတ်လိုက်နိုင်ခဲ့ကာ အမှတ် ၁၀,၀၀၀ တိတိရရှိသွားခဲ့သည်ကိုလည်း ပြောပြရပေမည်။

“ဂိုဏ်းချုပ် ဒီမှာပါ!"

အချိန်တိုအတွင်းမှာပင် လင်းဖေးဝူသည် ဝမ်ဖုန်း၏ ရှေးဟောင်း ချိပ်ပိတ်တံဆိပ်ခေါင်းနှင့် ပြန်လာခဲ့ပြီး ဝမ်ဖုန်းအား ပြုံးပြကာ ပေးလိုက်သည်။ လက်မှတ်၌ ဖော်ပြထားသည့် အမှတ်ပေါင်း ၅,၀၀၀ကျော်ကို ကြည့်၍ ဝမ်ဖုန်းသည် ခေါင်းညိတ်လိုက်ခဲ့သည်။ ****ကတော့ အမှတ်ရဖို့ အမြန်ဆုံးနည်းဆိုတာသေချာတာပေါ့။ တကယ့် အကောင်းဆုံးနည်းပဲ!

ဤ အမှတ်ပေါင်း ၅,၀၀၀ကျော်တို့သည် ဖုန်းမော့နှင့် အခြားသူတို့ ရှေးဟောင်းနယ်မြေထဲသို့ ဝင်ရောက်ပြီးနောက်တွင် မကောင်းဆိုးဝါးတို့အား ရူးရူးမိုက်မိုက်နှင့် အမဲလိုက် သတ်ဖြတ်ထားခြင်းမှ ရလိုက်သော အမှတ်တို့ပင်ဖြစ်ကာ ထို့ကြောင့်ပင် အသက်ဆုံးပါးသွားခဲ့ခြင်းလည်းဖြစ်ပေသည်။

“အာရုံစိုက်ပြီး စိတ်ကို တည်တည်ငြိမ်ငြိမ်ထားကြ!”

ထို့နောက်တွင် ဝမ်ဖုန်း၏ ကိုယ်ထည်သည် ပျောက်သွားခဲ့ကာ သူ မုယွင်ဖေးနောက်သို့ ချက်ချင်းပေါ်ပေါက်လာပြီး အော်ပြောခဲ့သည်။

မုယွင်‌ဖေးသည် လျစ်လျှူမရှုလိုက်နိုင်ဘဲ မြန်မြန်ဆန်ဆန်ပင် စိတ်ငြိမ်သွားစေ၍ လေ့ကျင့်မှုများကို စတင်လုပ်ဆောင်လာခဲ့သည်။ ထို့နောက်တွင် မုယွင်ဖေးသည် သူ၏ ခန္ဓာကိုယ်ထဲသို့ မြင့်မြတ်ထူးကဲ၍ ကြောက်စဖွယ်အင်အားတစ်ခု သိမ်မွေ့နူးညံ့ကာ စိမ့်ဝင်လာ၍ သူ၏ခန္ဓာကိုယ်ရှိ ထိခိုက်ထားသည့် မရီဒျာန်အား ပြုပြင်ပေးနေသည်ကို ခံစားလိုက်ရလေသည်။

ဝမ်ဖုန်းသည် သူ၏ လက်များကို ချ၍ ခေါင်းညိတ်ခဲ့သည်။ မုယွင်ဖေးသည် ဒဏ်ရာများပြင်းပြင်းထန်ထန် ရရှိထားခဲ့သော်လည်း သိပ်အရေးမကြီးသော ဒဏ်ရာတို့ရသွားခဲ့ခြင်းသာဖြစ်သောကြောင့် သူသည် သိပ်အတင်းအကြပ်မကြိုးစားနေခဲ့ပါ။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်!”

အားအင်များအထွက်အထိပ်သို့ ပြန်လည်‌ရရှိသွားခဲ့ပြီဖြစ်သည့် မုယွင်ဖေးသည် လန်းဆန်းသွားသည်ဟု ခံစားလိုက်ရကာ သူ၏ ကျင့်ကြံမှုတို့သည်ပင် အနည်းငယ် ပို၍ အစွမ်းထက်လာခဲ့လေသည်။ သူသည် ဝမ်‌ဖုန်း အား မြန်မြန်ဆန်ဆန်နှင့် ကျေးဇူးတင်ကြောင့် ပြောလိုက်ခဲ့လေသည်။

“သွားကြစို့ ၊ ဆက်သွားကြမယ်!”

ဝမ်ဖုန်းသည် သူ၏လက်အား ဝေ့ယမ်းကာ ပြောခဲ့သည်။

ထို့နောက်တွင် ဝမ်ဖုန်းနှင့် သူတို့အဖွဲ့သည် နတ်ဆိုးချိပ်ပိတ်ခြင်း‌နယ်မြေထဲသို့ ဆက်လက် ချီတတ်နေခဲ့ကြလေသည်။

…………

ထိုအချိန်မှာပင် အပြင်လောက၏ မြို့လမ်းဆုံတစ်ခု၌ဖြစ်သည်။

စစ်သူကြီး ချန်းလီနှင့် များပြားလှသည့် ဂိုဏ်းကြီးများသည် လမ်းဆုံရှိ စင်မြင့်ပေါ်၌ ထိုင်နေကြဆဲဖြစ်ကာ သူတို့၏ ပါရမီရှင်အများအပြားတို့ ချိပ်ပိတ်ထားသည့် နယ်မြေသို့သွားခဲ့သောကြောင့် ထွက်မသွားကြခြင်းဖြစ်သည်။ ချီမိန်ချွှေရွှယ်နှင့် အခြားသူတို့သည်လည်း စာရင်းထဲ၌ ပါရှိနေသော်လည်း ဂိုဏ်းကြီးများနှင့်ယှဉ်လိုက်လျှင် ချီမိန်သည် ထွက်မသွားခဲ့ပါ။ Fubuki နှင့် အခြားသူတို့သည် ပတ်ဝန်းကျင်အား ဂရုမစိုက်ဘဲ မျက်စိမှိတ်ထားကာ စိတ်အပန်း‌ေဖြနေခဲ့ကြသည်။

ရောက်ရှိနေခဲ့ကြသော အင်အားကြီး ဂိုဏ်းများစွာသည်လည်း ချီမိန်ချွှေရွှယ်နှင့် အခြားသူတို့အား လျစ်လျှူရှုနေကြလေသည်။ သူတို့သည် စင်မြင့်ပေါ်၌ ပေါ်ပေါ်လာသည့် စာရင်းအား ကြည့်နေကြကာ တီးတိုးပြောဆိုနေကြ၏။

စင်မြင့်ရှေ့ရှိ ဟင်းလင်းပြင်ပေါ်တွင် ရွှေရောင်မီးရောင်တို့နှင့် တောက်ပနေသည့် စာရင်းကြီးတစ်ခုရှိကာ ထိုစာရင်းပေါ်၌ တောက်ပနေကြသည့် နာမည်များရှိနေခဲ့လေသည်။

စာရင်း၏ အပေါ်ဆုံး၌သာ ရှိနေကျဖြစ်သည့် ပထမနေရာအားကြည့်ကာ အရေးပါသည့် အင်အားကြီးပုဂ္ဂိုလ်တို့၏ မျက်နှာများပေါ်တွင် ခံစားချက်အနည်းငယ် ပေါ်ပေါက်လာခဲ့လေသည်!

“မင်းသား ယု‌ဖေးက အင်ပါယာကြီးရဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့ ခေါင်းဆောင်ဖြစ်ဖို့ ထိုက်တန်ပါတယ်။ အချိန်တိုတိုလေးအတွင်းမှာပဲ သူ အမှတ် ၃၀,၀၀၀ ‌တောင် စုနိုင်ခဲ့ပြီလေ။ ဒီလိုမျိုး ရလဒ်ဆိုတာက အရင်မျိုးဆက် နတ်ဆိုး ချိပ်ပိတ်ခြင်း ညီလာခံမှာတောင်မှ အဆင့်ရနိုင်တယ်မဟုတ်လား? !” စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦးသည် ရိုးသားစွာ ပြောခဲ့သည်။

ဤ အင်အားကြီးဂိုဏ်းတို့သည် သူတို့ ကိုယ်ပိုင်ဂိုဏ်း၏ ပါရမီအရှိဆုံးသူများအပေါ် ယုံကြည်ချက်အပြည့်နှင့်ပင်ဖြစ်ကြသော်လည်း တော်ဝင်မင်းသား ယုဖေး၏အ‌ရှေ့၌ ဤ ဂိုဏ်းကြီးတို့၏ ပါရမီအရှိဆုံးသူများသည်ပင် မတောက်ပနိုင်တော့ပေ။

“ဟုတ်တယ်၊ အဓိကအင်ပါယာကြီးသုံးခုရဲ့ နောက်မျိုးဆက်သစ်တွေကြားမှာတော့ အိမ်ရှေ့စံမင်းသား ယုဖေးက သေချာပေါက် အကောင်းဆုံးပဲ!”

အခြား ဂိုဏ်းချုပ်တစ်ဦးသည်လည်း ပြောခဲ့လေသည်။

“မင်းသား ယုဖေးက နတ်ဆိုး ချိပ်ပိတ်ခြင်း ညီလာခံရဲ့ ထိပ်ဆုံးမှာပဲလေ! ဒီအဖိုးကြီး မမျှော်လင့်ထားမိတာကတော့ ချောင်ဟိုင်ဂိုဏ်းရဲ့ သခင်လေး ဟူလန်ကျစ်က အမှတ် ၂၀,၀၀၀နဲ့တောင်မှ ဒုတိယပဲရခဲ့တယ်ဆိုတာကိုပေါ့!”

ဖေးယုဂိုဏ်း အကြီးအကဲသည် အဝေးမနီး၌ ထိုင်နေခဲ့သူအား ကြည့်၍ တည်တည်ငြိမ်ငြိမ်နှင့် ထိုသို့ ပြောလိုက်လေသည်။

“အကြီးအကဲ ‌လင်း, ခင်ဗျား ဖေးယုဂိုဏ်းရဲ့ ဂိုဏ်းချုပ်ငယ် ယွီထိုက်ကလည်း အားမနည်းပါဘူးဗျ၊ သူလည်း ကျွန်တော့် ချောင်ဟိုင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ငယ်လေးနဲ့တောင် နီးနေလှပြီလေ!”

ဖေးယု ဂိုဏ်းအကြီးအကဲမှ စိုက်ကြည့်လိုက်ခဲ့သည့် ပုဂ္ဂိုလ်သည် ပြုံး၍ ပြောခဲ့လေသည်။

“ ချောင်ဟိုင်ဂိုဏ်း‌နဲ့တော့ နှိုင်းယှဉ်လို့မရဘူးလေဗျာ။ ခင်ဗျား ချောင်ဟိုင်ဂိုဏ်းက ထိပ်တန်းတပည့်တွေများ အများကြီးပဲ၊ အကုန်လုံးကလည်း ထိပ်ဆုံး ၂၀ထဲမှာပဲလေ၊ ကျွန်တော့် ဖေးယုဂိုဏ်းမှာက သုံးယောက်ပဲရှိတာဗျ!”

ဖေးယုဂိုဏ်းအကြီးအကဲသည် ပြုံးကာ ခေါင်းခါလိုက်၍ ထိုသို့ နူးညံ့စွာပြောခဲ့လေသည်။

“နတ်ဆိုးချိပ်ပိတ်ခြင်း ညီလာခံက စရုံပဲရှိသေးတာလေဗျာ။ ဒီအချိန်လောက်က ရလဒ်တွေက ဘာမှမဟုတ်သေးပါဘူးလေ။ အကြီးအကဲ လင်းက အဲ့ကောင်တွေကို ထပ်ပြီး ချီးကျူးမနေသင့်သေးဘူးဗျ!”

ချောင်ဟိုင်ဂိုဏ်း၏ အကြီးအကဲ့သည်လည်း ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်ခဲ့သည်။

ယခုအချိန်၌ နတ်ဆိုး ချိပ်ပိတ်ခြင်းညီလာခံတွင် ဂိုဏ်းကြီးများစွာကြား၌ သူ၏ ချောင်ဟိုင်ဂိုဏ်း တပည့်တို့သည် နေရာအယူထားဆုံးဖြစ်သောကြောင့် ချောင်ဟိုင်ဂိုဏ်းအကြီးအကဲတို့သည် အလွန်ပျော်ရွှင်နေခဲ့ကြလေသည်။

“ဟင် ၊ အကြီးအကဲ ချန်း ၊ ခင်ဗျားတို့ ချောင်ဟိုင်ဂိုဏ်းက ဖုန်းမော့က ဘာလို့ ရုတ်တရက်ကြီး ပျောက်သွားတာလဲ?”

ထိုအချိန်တွင် မျက်လုံးလျင်သည့် အင်အားကြီး ပုဂ္ဂုလ်တစ်ဦးသည် ရုတ်တရက် ပြောခဲ့သည်။

ထိုသူအသံတိတ်သွားချိန်တွင် ‌ချောင်ဟိုင်ဂိုဏ်း ၏ အကြီးအကဲချန်းသည် ဂိုဏ်းကြီး အင်အားကြီးပုဂ္ဂိုလ်အား မကျေနပ်စွာနှင့် လှည့်ကြည့်လိုက်လေသည်။

တကယ် ဘာမှမရှိနေဘူးဆိုရင် သူဒီလိုပြောလိုက်ပါ့မလား? ဖုန်းမော့က အ‌မှတ်များ တတ်သွားပြီး အဆင့်တိုးသွားလို့ပဲဖြစ်ရမယ်။ အလုပ်ရှုပ်လိုက်တာ။

သူသည် စိတ်ထဲ၌ အထင်သေးနေခဲ့‌သော်လည်း ချောင်ဟိုင်ဂိုဏ်း၏ အကြီးအကဲ ချန်းသည်လည်း နတ်ဆိုးချိပ်ပိတ်ခြင်းစာရင်းအား ကြည့်လိုက်ကာ၊ ထို့နောက်တွင် သူ၏မျက်နှာထားမှာ ‌လန့်ဖြတ်သွားပုံပေါ်၍ သူ၏မျက်လုံးများအား မှေးလိုက်ကာ နတ်ဆိုးချိပ်ပိတ်ခြင်းစာရင်းကြီးတစ်ခုလုံးအား အကြိမ်ကြိမ် ရှာနေခဲ့သော်လည်း ဖုန်းမော့၏ နာမည်ကို မတွေ့လိုက်ရခဲ့ပေ။

“ဘာဖြစ်သွားတာလဲ?”

အကြီးအကဲချန်းသည် အံ့အားသင့်နေဟန်ဖြင့် ပြောလိုက်သည်။ သူသည် ဖုန်းမော့ မတော်တဆဖြစ်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါ။ သူသည် နတ်ဆိုးချိပ်ပိတ်ခြင်းစာရင်း တစ်ခုခုမှားနေသည်ဟုပင် ထင်ခဲ့လေသည်။

သူ၏ချောင်ဟိုင်ဂိုဏ်း၏ ထိပ်တန်းပါရမီရှင်တစ်ယောက်အနေနှင့် ဖုန်းမော့၏ အင်အားသည် တော်ဝင်မင်းသားအဆင့်၏ အစောပိုင်းအခြေအနေသို့ ရောက်ရှိသွားခဲ့ပြီးပင်ဖြစ် သူသည် ယောင်ရီအင်ပါယာ၏ မျိုးဆက်သစ်လူငယ်များကြား၌ အတော်ဆုံးသူများထဲမှ တစ်ယောက်လည်း ဖြစ်ပေသည်။

ဤတစ်ကြိမ်တွင် နတ်ဆိုးချိပ်ပိတ်ခြင်း ညီလာခံ၌ ပါဝင်ခဲ့ကြသည့် ဉာဏ်ကြီးရှင်များကြား၌ ဖုန်းမော့အား တိုက်နိုင်သူ အများအပြားမရှိကာ ဖုန်းမော့အား တိုက်ခိုက်နိုင်သူတို့သည်လည်း သူ၏ ချောင်ဟိုင်ဂိုဏ်း၏ အင်အားကို သိရှိနေကာ ဖုန်းမော့ကို လွယ်လွယ်ကူကူနှင့် တိုက်ရဲမည်မဟုတ်ပါ။ တော်ဝင်မင်းသား ယုဖေးဖြစ်နေသည်ဆိုလျှင်ပင် ထိုသူသည်လည်း သူ၏ ချောင်ဟိုင်ဂိုဏ်းနှင့် အမှတ် ထောင်ဂဏန်းလောက်အတွက်နှင့် ရန်ဘက်များဖြစ်သွားခဲ့မည်မဟုတ်ပါ။

“စစ်သူကြီး ချန်းလီ ၊ ကျွန်တော့်ဂိုဏ်းရဲ့ လူငယ်မျိူးဆက် ဖုန်းမော့ နာမည်က နတ်ဆိုးချိပ်ပိတ်ခြင်းစာရင်းက ရုတ်တရတ်ကြီး ပျောက်သွားတယ်။ နတ်ဆိုးချိပ်ပိတ်ခြင်း စာရင်းတစ်ခုခုများ မှားနေတာလားမသိဘူး?”

နားမလည်နိုင်ဖြစ်နေသည့် အကြီးအကဲ ချန်သည် စစ်သူကြီးချန်းလီအား တိုက်ရိုက်ပင်ကြည့်လိုက်၍ ရိုရိုသေသေနှင့် မေးမြန်းခဲ့သည်။

အကြီးအကဲ ချန်း၏အသံ တိတ်သွားသည့်အခါတွင် နေရာ၌ရှိနေကြသည့် ဂိုဏ်းကြီးများစွာသည် စစ်သူကြီး ချန်းလီအား ကြည့်လိုက်ခဲ့ကြလေသည်။ သူတို့သည်လည်း ဤအရာသည် ဖုန်းမော့၏အပြစ်မဟုတ်သည်ဟုသာ ‌ထင်မြင်နေခဲ့ကြသော်လည်း အကြီးအကဲချန်းအတိုင်းပင် နတ်ဆိုးချိပ်ပိတ်ခြင်းစာရင်းသဘိ တစ်ခုခုမှားယွင်းနေသည်ဟု ထင်မြင်နေခဲ့ကြလေသည်!

ယောင်ရီအင်ပါယာကြီးတစ်ခုလုံးမှ ဂိုဏ်းကြီးများစွာကြား၌ ချောင်ဟိုင်ဂိုဏ်း၏ အင်အားသည် ထိပ်ဆုံး၌ သေချာပေါက် ရှိနေသည်ပင် ဖြစ်လေသည်။နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံ၏ စည်းမျည်းစည်းကမ်းတို့သည် အလွန့်အလွန် တင်းကြပ်သော်လည်း မည်သူမျှ မလှုံ့ဆော်ရဲ့သည့် သူအချို့ရှိနေသေးလေသည်။

ဥပမာအနေနှင့်ဆိုလျှင် အင်ပါယာ၏ အိမ်ရှေ့စံမင်းသားဖြစ်သူ ယုဖေးနှင့် ချောင်ဟိုင်ဂိုဏ်းကဲ့သော ထိပ်တန်းဂိုဏ်းတို့၏ တပည့်များပင်ဖြစ်လေသည်။ ဤလူများအား တိုက်ခိုက်ရဲသူ ပါရမီရှင်တို့ လုံးဝနီးပါးမရှိပုံပင်ဖြစ်လေသည်။

သူတို့အားလုံးသည် ဂိုဏ်းကြီး၏ လူငယ်မျိုးဆက်၏ တပည့်များပင်ဖြစ်သော်လည်း ထိပ်တန်းဂိုဏ်း၏ တပည့်များနှင့် ဂိုဏ်းကြီး၏ လူငယ်မျိုးဆက်၏ တပည့်များသည် အင်အားချင်းကွာကြရုံတင်မက ကိုယ်ပိုင်လက္ခဏာတို့လည်း ကွာခြားကြသည်။

“နတ်ဆိုး ချိပ်ပိတ်ခြင်းအဆင့်တွေက ဧကရာဇ်ကိုယ်တိုင် တီထွင်ထားခဲ့တာ။ ပြဿနာလုံးဝရှိနေနိုင်မှာ မဟုတ်ပါဘူး ! တစ်ခုတည်းသော ဖြစ်နိုင်ခြေကတော့ ဖုန်းမော့က အသတ်ခံလိုက်ရတာကြောင့် နတ်ဆိုးချိပ်ပိတ်ခြင်း အဆင့်တွေက ပျောက်သွားတာပဲဖြစ်နိုင်တယ်!”

အကြီးအကဲချန်း ပြောလိုက်သည်ကိုကြားလိုက်ရသည့်အခါတွင် စစ်သူကြီး ချန်းလီသည် အကြီးအကဲ ချန်းအား တစ်ချက်ကြည့်လိုက်၍ အေးတိအေးဆက်နှင့် ပြောလိုက်ခဲ့လေသည်။

အကြီးအကဲ ချန်းသည် ဆန်းကြယ်အကြီးအကဲ အလယ်အလတ်အဆင့်ရှိ အင်အားကြီးပုဂ္ဂိုလ်နှင့် ထိပ်တန်းဂိုဏ်း ချောင်ဟိုင်ဂိုဏ်း၏ အကြီးအကဲသာ မဟုတ်ခဲ့လျှင် ထိုသူသည် သူ့အရှေ့၌ ဧကရာဇ်ကိုယ်တိုင် တီထွင်ခဲ့သည့် ရတနာများအား အပြစ်ပြောရဲမည်ဆိုပါက သူ့အား ပါးရိုက်ပြီးပြီပင် ဖြစ်နေပါလိမ့်မည် . .

“ဘယ်သူလဲ? ငါ့ ချောင်ဟိုင်ဂိုဏ်းကို ဒေါသထွက်အောင် လုပ်ရဲတဲ့သူက!”

စစ်သူကြီး ချန်းလီ၏ စကားကို ကြားသည့်အခါတွင် အကြီးအကဲချန်း ၏ခန္ဓာကိုယ်မှ ကြောက်စရာအရှိန်အဝါထွက်လာကာ သူ၏မျက်လုံးတို့သည်လည်း အမြဲတစေ အင်အားကြီးဂိုဏ်းများစွာကို ကြည့်ရှုနေပုံသည် စိတ်တိုနေသည့် ခြင်္သေ့တစ်ကောင်နှင့်ပင်တူနေသည်။

အကြီးအကဲ ချန်းသည် စစ်သူကြီးချန်းလီ ပြောလိုက်သည်စကားတို့ကို သံသယမဝင်ခဲ့ပေ။ သူသည် စစ်သူကြီး ချန်းလီက ဤကိစ္စ၌ သူ့အား လှည့်စားလိုက်မည်မဟုတ်ကြောင်းကို လုံးဝယုံကြည်နေခဲ့လေသည်။ ထို့ကြောင့် ဖုန်းမော့သည် အသတ်ခံလိုက်ရနိုင်ပြီဖြစ်ကာ ထိုအချက်မှာ အကြီးအကဲ ချန်းအား အလွန် ဒေါသထွက်စေလေသည်. .

အကြီးအကဲချန်းက အလွန် စိတ်တိုနေသည်ကို တွေ့သည့်အခါ‌၌ အင်အားကြီးဂိုဏ်းများစွာသည် တစ်ယောက်ချင်း တစ်ယောက်ချင်း တိတ်ဆိတ်သွားခဲ့ကြသည်။ ဤအချိန်၌ မည်သူမျှ အကြီးအကဲ ချန်းကို သွား၍ စိတ်တိုအောင်မလုပ်မိချင်ကြပေ။ တချိန်တည်းတွင် ဤ အင်အားကြီးဂိုဏ်းကြီးသးတို့သည်လည်း ကြောင်တောင်တောင်ဖြစ်နေခဲ့ကြသည်။

နတ်ဆိုးအားကို ချိပ်ပိတ်ရအောင်အထိ ဘယ်သူက ရဲရင့်တာလဲ?

ရှေးဟောင်းနယ်မြေထဲမှာ ချောင်ဟိုင်ဂိုဏ်းကို သတ်လိုက်နိုင်တဲ့သူက အတော်ဆုံး ပါရမီရှင်ဖြစ်နိုင်မလား?

တော်ဝင်မင်းသား ယုဖေးသည်ပင် ဤကဲ့သို့သော ရူးမိုက်သည့်အရာကို လုပ်ဝံ့မည်မဟုတ်ပေ။

ဤအချိန်တွင် လုံးဝအံ့ဩသွားခဲ့သူနှစ်ဦးသည် ချီမိန်ချွှေရွှယ်နှင့် အခြားသူများဘေး၌ ထိုင်နေခဲ့ကြသည့် အကြီးအကဲ ချင်ရှန်း နှင့် အကြီးအကဲ ကျူးချင်တို့သာ ဖြစ်လေသည်။ အကြီးအကဲ ချင်ရှန်းနှင့် အကြီးအကဲ ကျူးချင်တို့သည် ဤနေရာ၌ ရှိနေကြသော အခြား ဂိုဏ်းကြီးတို့နှင့် ယှဉ်လျှင် ရှန်ရှန့်ကျုံဂိုဏ်းကို ပို၍ အာရုံစိုက်လေသည်။

အဘယ့်ကြောင့်ဆိုသော် ရှန်ရှန့်ကျုံဂိုဏ်းသည်ပင် သူတို့၏ချင်းယွမ်စံအိမ်မှ အသေးစိတ်မသိရသေးသည်ဖြစ်ကာ အခြား ဂိုဏ်းကြီးများကို သူတို့၏ ချင်းယွမ်စံအိမ်သည် အနည်းနှင့်အများ အသေးစိတ်သိပြီးနေပြီဖြစ်ပေသည်။

ထို့ကြောင့်ပင် သူတို့သည် ရှန်ရှန့်ကျုံဂိုဏ်းအား အာရုံစိုက်နေကြကာ ရှန်ရှန့်ကျုံဂိုဏ်း၏ တပည့်များ မည်သို့ဖြစ်နေကြသည်ကို သိချင်နေမိကြလေသည်။ ချောင်ဟိုင်ဂိုဏ်းမှ လူငယ်မျိုးဆက် ဖုန်းမော့ ယခုပင် ပျောက်ဆုံးသွားပြီးနောက်တွင် အကြီးအကဲ ချင်ရှန်းနှင့် အကြီးအကဲ ကျူးချင်တို့သည် သူတို့ ကောင်းကောင်းသိနေခဲ့ကြသည့် အမည်အား တွေ့လိုက်ကြရလေသည်။ ဒုံးပျံပေါ်၌ တတ်ထိုင်နေသကဲ့သို့ပင် ထိုအမည်သည် အဆင့်လုံးဝ မရဖူးသော်လည်း ချက်ချင်းပင် ထိပ်ဆုံး ၂၀ထဲသို့ ‌မြင့်တတ်သွားခဲ့သည်။

ထိုနာမည်သည် ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ၏ အမည်ပင်ဖြစ်ကာ ဝမ်ဖုန်းဖြစ်လေသည်!

All Chapters