← Chapters

ခရမ်းရောင် ရိလင်ရွှယ်ဟွား

Vol. 4 Ch. 47

ခရမ်းရောင် ရိလင်ရွှယ်ဟွား

Vol. 4 Ch. 47

အစက ချီမိန်ချွှေရွှယ်၏ တိုက်ကွက်နှင့်မတူသော လှုပ်ရှားမှုပုံများကို တွေ့လိုက်သောအခါတွင် နေရာ၌ရှိနေခဲ့ကြသည့် ဂိုဏ်းကြီးတို့သည် ကဲ့ရဲ့နေခဲ့ကာ ချီမိန်ချွှေရွှယ်သည် မာနကြီးရုံသာဖြစ်၍ ဆန်းကြယ်အင်ပါယာအဆင့်ရှိ အင်အားကြီးပုဂ္ဂိုလ်ဖြစ်သည့် ချောင်ဟိုင်ဂိုဏ်း အကြီးအကဲချန်းအား တိုက်ရန်ကြံနေသောကြောင့် ထိုသူအား ကဲ့ရဲ့ခဲ့ကြသည်။

ကိုယ့်ကိုကိုယ် အရမ်းတော်နေတယ်များ ထင်နေတာလား။

သို့သော်လည်း တောက်ပနေသည့် ထိုဓားရှည်၏ အလင်းရောင် ထွက်ပေါ်လာချိန်တွင် သူတို့၏ ကဲ့ရဲ့နေသည့် မျက်နှာထားတို့သည် ရုတ်တရက် တည်ငြိမ်သွားခဲ့ကြသည်။ ဆန်းကြယ်အင်ပါယာအဆင့်ရှိ အင်အားကြီး ပုဂ္ဂိုလ်များအနေနှင့် သူတို့သည် ထိုဓားရှည်အလင်းတွင် ပါဝင်နေသည့် အလွန်အမင်း ချွန်ထက်နေခြင်းကို သိရှိနေခဲ့သည်။

ထိုကဲ့သို့သော ကမ္ဘာကြီးကိုပင် ခုတ်ပိုင်းလိုက်နိုင်ပုံရှိသည့် အလွန်အမင်း ချွန်ထက်နေခြင်းသည် သူတို့၏ စိတ်ဝိဉာဉ်တို့အား တုန်လှုပ်သွားစေခဲ့သည်။ ချီမိန်ချွှေရွှယ်သည် အားနည်းပုံပေါက်သော်လည်း ဤကဲ့သို့ လှပတင့်တည်လှသည့် ဓားအား ထုတ်ဖော်ပြလိုက်နိုင်သည်။ ဤကဲ့သို့သော် ဓားကျင့်ကြံပုံ အခြေခံသည် ဤဂိုဏ်းကြီး အင်အားကြီး ပုဂ္ဂိုလ်တို့အား အံ့အားသင့်သွားစေခဲ့ကာ အစကတည်းမှ နေရာ၌ သေသေချာချာထိုင်နေခဲ့သည့် စစ်သူကြီး ချန်းလီသည်ပင် မျက်‌ေမှာင်ကြုတ်ကာ အံ့ဩသွားခဲ့သည်။

ဤဓားသည် ဆန်းကြယ်အင်ပါယာအဆင့်၏ အထွတ်အထိပ်၌ ရှိနေခဲ့သူ စစ်သူကြီး ချန်းလီကိုပင် အနည်းငယ် ကြောက်လန့်သွားစေခဲ့သည်။ သူသည် ဤကဲ့သို့ သိသာထင်ရှားခြင်းမရှိသည့် လုပ်ဆောင်ချက်သည် အလွန် ထူးကဲကာ စိုးရိမ်စရာကောင်းလှသည့် အစွန်ဖျားမှ ထွက်ပေါ်လာခဲ့သည်ကို စိတ်ကူးကြည့်၍ပင်မရနိုင်ချေ။

ပွဲကြီးပွဲကောင်းကို ကြည့်ရှုနေခဲ့ရသည့် စစ်သူကြီး ချန်းလီသည် ငြိမ်သက်သွားခဲ့သည်။ သူသည် ချီမိန်ချွှေရွှယ်အား လေးလေးနက်နက်နှင့် ကြည့်လိုက်ခဲ့လေည်။ သူသည် ဟာသတစ်ခုသာဟု ထင်နေခဲ့သော်လည်း ရှန်ရှန့်ကျုံဟု ခေါ်သောဂိုဏ်း၌ ဓားသခင်တစ်ဦးရှိနေလိမ့်မည် မတွေးမိခဲ့ပါ!

ဗုံး!

လူထု၏ စောင့်ကြည့်နေမှုအောက်တွင် ထူးကဲ့သည့် ဓားအလင်း နှင့် ကောင်းကင်ကြီးအား ဖုံးကာထားသည့် လက်ဖဝါးပုံရိပ်ဟာ ထိပ်တိုက်တွေ့ဆုံသွား၏။ ချက်ချင်းဆိုသလိုပင် အင်အားပြင်းလှသည့် အင်အားလှိုင်းတစ်ခုထွက်ပေါ်လာ၍ မြင့်မားသည့် စင်မြင့်တစ်ခုလုံးသည် ရုတ်တရက် အံ့အားသင့်သွားခဲ့လေသည်။

နေရာ၌ ရှိနေခဲ့ကြသည့် ဆန်းကြယ်အင်ပါယာအဆင့်ရှိ အင်အားကြီးပုဂ္ဂိုလ်များစွာနှင့် သူတို့ကိုယ်သူတို့ ကာကွယ်ရန်နှင့် မြင့်မားသော စင်မြင့်ကိုပါ ကာကွယ်ရန် အတွက် ပြုလုပ်ခဲ့သော အင်အားရွေ့လျားမှုများကြောင့်သာ မဟုတ်လျှင် ဤမြင့်မားသည့် စင်မြင့်သည် ဤအင်အားကြီးလှသည့် စွမ်းအားအတက်အကျရှိခြင်းကြောင့် တိုက်ရိုက် ကြေမွပျက်စီးသွားခဲ့နိုင်သည် ဖြစ်လေသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”

ဤအချိန်တွင် အံ့အားသင့်စွာပြောလိုက်သံသည် လူတိုင်း၏ အာရုံစိုက်ခြင်းခံလိုက်ရသည်။ ထိုသို့ ပြောလိုက်သည့်သူသည် ချောင်ဟိုင်ဂိုဏ်းမှ အကြီးအကဲချန်ပင်ဖြစ်လေသည်။ ဤအချိန်တွင် သူသည် ကောင်းကင်ကြီးအား မယုံနိုင်စွာ ကြည့်နေခဲ့သည်။

အကြီးအကဲချန်၏ ပုံမှန်မဟုတ်သည့် ပုံစံသည် နေရာ၌ရှိနေခဲ့ကြသည့် ဂိုဏ်းချုပ်များစွာကို ကြောင်သွားစေခဲ့သော်လည်း သူတို့သည် အကြီးအကဲချန်ကြည့်နေသည်ကို မော့ကြည့်လိုက်ခဲ့ကြသေးသည်။ သူတို့သည် လေထဲ၌ ဖြစ်ပေါ်နေသည့် မြင်ကွင်းအား မြင်လိုက်ကြရသောအခါတွင် အားလုံး အံ့အားသင့်သွားခဲ့ကြကာ မျက်နှာထားများသည်လည်း အံ့ဩနေပုံပေါ်နေခဲ့ကြသည်!

ထူးကဲ့သည့် ဓားအလင်းတန်းသည် ချောင်ဟိုင်ဂိုဏ်း အကြီးအကဲချန်း၏ လက်ဖဝါးနှင့် တိုက်သွားခဲ့ပြီးနောက်တွင် ထိုအရာသည် အကြီးအကဲချန်၏ လက်ဖဝါးအား အမြှုပ်လေးများကဲ့သို့ပင် လွယ်လွယ်ကူကူပင် ဖျက်ဆီးလိုက်နိုင်သောကြောင့် ဆန်းကြယ်အင်ပါယာအဆင့်ရှိ အင်အားကြီးပုဂ္ဂိုလ်တို့အား ကြောက်ရွံ့သွားစေခဲ့လေသည်ကို တွေ့လိုက်ခဲ့ရသည်။

ထို့နောက်၌ ထိုထူးကဲသည့် ဓားအလင်းသည် အကြီးအကဲချန်ဘက်သို့ တားဆီး၍မရနိုင်သည့် စွမ်းအားနှင့် ရောက်ရှိလာခဲ့သည်။ ထိုအရာမရောက်လာခင်ပင် အလွန် ချွန်ထက်သည့် အစွန်းသည် အကြီးအကဲချန်အား ကြက်သီးထသွားစေခဲ့သည်။

ဤကဲ့သို့‌သော စူးသွားသလို နာကျင်မှုသည်ပင် အကြီးအကဲချန်အား သူ၏ကြောက်လန့်နေပုံမှ နိုးကြား‌လာစေကာ အလန့်တကြားနှင့် သူ၏ခန္ဓာကိုယ်ထဲရှိ စွမ်းအားတို့အား သုံးစေလိုက်ခြင်းဖြစ်လေသည်။ တင့်တည်လေးနက်သည့် စွမ်းအင်တို့နှင့် ဖွဲ့စည်းထားသည့် ကာကွယ်ရေး အကာအထပ်များသည် အကြီးအကဲချန်ရှေ့၌ ပေါ်လာခဲ့ကာ သူသည် လုံးဝ ဖုံးကာကွယ်ပေးထားခဲ့သည်။

ချီမိန်ချွှေရွှယ်၏ ဓားရှည်သည် အကြီးအကဲချန်၏ ဒေါသလုံးစုံကို ဖိနှိမ့်ထားနိုင်သည်။ ဤအချိန်၌ အကြီးအကဲချန်၏ စိတ်ထဲ၌ ‌အကြောက်တရားသာ ကျန်ရှိနေခဲ့လေသည်။

သူသည် သူ၏လက်များမှ လက်ဖဝါးများထဲရှိ အင်အားများကို မထိန်းချုပ်ထားခဲ့ပါ။ သူ၏အင်အားများလုံးစုံကို အသုံးပြု၍ ချီမိန်ချွှေရွှယ်အားတိုက်ခိုက်ခဲ့၏။

သို့သော် သူ၏ အစွမ်းကုန်သုံး လက်ဖဝါးနှင့်ဆိုလျှင်ပင် ချီမိန်ချွှေရွှယ်၏ ဓားရှည်အား တစ်စက္ကန့်မျှပင် မကာလိုက်နိုင်ကာ ချက်ချင်း အဖြတ်ခံလိုက်ရလေသည်။

ချီမိန်ချွှေရွှယ်သာ ဓားသွားကွက်လှများကို အသုံးပြုခဲ့လျှင် သူသည် အနည်းငယ် ခံသာမည်ဖြစ်သည်။ အနည်းဆုံးတော့ ချီမိန်ချွှေရွှယ်သည် သူ၏အင်အားကုန် သုံးခဲ့ပုံပေါက်လေသည်။အားနည်းနေပုံပင်ရှိနေခဲ့သော်လည်း ဤကဲ့သို့ ကြောက်စဖွယ်ဓားရှည်ကြီး ပေါ်ပေါက်လာခဲ့လေသည်။ ဤအကြောင်းအား တွေးတောရန်ပင် ကြောက်စဖွယ်ကောင်းလှသည်။

ဓားရှည်၏တဝက်လောက်နှင့်ပင် ကောင်းမွန်လှသော ဓားသွားတစ်ချက် ပေါ်လာလိုက်နိုင်လေသည်။ ဓားရှည်ကိုသာ အလုံးစုံ ထုတ်သုံးခဲ့လျှင် မည်ကဲ့သို့သော ကြောက်စဖွယ်မြင်ကွင်း ‌ဖြစ်နေပါ့မည်နည်း?

ဗုံး!

အကြီးအကဲချန်း၏ အတွေးများ ပြောင်းနေချိန်တွင် ချီမိန်ချွှေရွှယ်၏ဓားရှည်သည် အကြီးအကဲချန်းအရှေ့ရှိ ကာကွယ်ရေးအကာတို့ကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ခဲ့ကာ အချိန်တိုလေးအတွင်း၌ ချွတ်ထက်လှသည့် ဓားအလင်းသည် ကာကွယ်ရေးအကာအလွှာများစွာအား ဖြတ်သွားခဲ့လေ၍ စွမ်းအင်ကြီးတစ်ခုထွက်ပေါ်လာလေသည်။ ထိုအင်အားသည် အကြီးအကဲချန်အား လွင့်ထွက်သွားစေခဲ့ပြီး မြင့်မားသည့် စင်မြင့်ပေါ်၌ ကျသွားစေခဲ့လေသည်!

မြင့်မားသည့် စင်မြင့်တစ်ခုလုံး တုန်ခါသွားခဲ့ကာ အကြီးအကဲချန်းမှ ဖြတ်ထုလိုက်ခဲ့သည့် နေရာသည် ကွဲကြေပျက်စီးသွားခဲ့ကာ ကျောက်စလစ်ခဲတို့သည် ပြန့်ကျဲသွားခဲ့သည်။

နေရာ၌ရှိနေခဲ့ကြသည့် ဂိုဏ်း အင်အားကြီးပုဂ္ဂိုလ်တို့သည် လွင့်ထွက်လာသည့် ကျောက်စလစ်ခဲတို့အား ဂရုမစိုက်နေကာ မီးခိုးငွေ့တို့ ဖုန်တို့နှင့် ဖုံးလွှမ်းနေသည့် နေရာကိုသာ စိုက်ကြည့်နေကြလေသည်။သူတို့သည် ရလဒ်များစွာကို တွေးတောနေမိခဲ့ကြသော်လည်း သူတို့သညိ ချီမိန်ချွှေရွှယ်သည်ပင် ချောင်ဟိုင်ဂိုဏ်း၏ အကြီးအကဲ ချန်းအား ဓားတစ်ချက်‌နှင့် သတ်ဖြတ်လိုက်နိုင်မည်ဟု လုံးဝမထင်မှတ်ထားထဲ့ပါ။ ထိုရလဒ်အား အကြီးအကဲတို့မှ ပယ်ထားခဲ့လိုက်သည်။

“မင်းလုပ်ရဲတယ်ပေါ့…..!”

အင်အားကြီးပုဂ္ဂိုလ်တို့သည် အကြီးအကဲချန်၏အခြေအနေအား ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့်အခါတွင် သူတို့အားလုံး အံ့အားသင့်သွားခဲ့ကြလေသည်။ဤအချိန်တွင် အကြီးအကဲချန်သည် ဒူးတဝတ်ထောက်ထားသည့်ပုံနှင့် မြေပြင်ပေါ်၌ ဒူးထောက်ထားနေခဲ့သည်။

သူ၏ဒူးခေါင်းတို့သည် သွေးကဲ့‌သို့ နီရဲနေ၍ သူ‌ဒူးထောက်နေခဲ့သည့် မြေပြင်သည်လည်း ချိုင့်ကြီးတစ်ခုအဖြစ် ပေါက်ကွဲသွားခဲ့လေသည်။ အကြီးအကဲချန်သည် ချီမိန်ချွှေရွှယ်အား မယုံကြည်နိုင်စွာနှင့် ကြည့်နေခဲ့ကာ သူသည် ပြတ်တောင်းစွာ ပြောလိုက်ခဲ့သည်!

အကြီးအကဲချန်၏ လည်ပင်းပေါ်တွင် သွေးနီရောင် မျည်းပါးတစ်ကြောင်း ရုတ်တရက် ဖြတ်ကွဲသွားခဲ့ကာ ရေစီးချောင်းတစ်ခုကဲ့သို့ သွေးများ လျှံထွက်လာခဲ့သည်။ထို့နောက်တွင် အကြီးအကဲချန်သည် လဲကျသွားကာ သိစိတ်လုံးဝ မရှိတော့ဘဲ မေ့မြောသွားခဲ့လေသည်။

ဟပ်!

ဤမြင်ကွင်းဖြစ်ပျက်သွားချိန်တွင် မြင့်မားသည့် စင်မြင့်ပေါ်၌ အသက်ရှူရန် လေရှူသွင်းနေသံတို့ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ စစ်သူကြီးချန်းလီ၏ မျက်နှာထားသည်ပင် အလွန်အမင်း ပြောင်းလဲသွားခဲ့သည်! တုံးအလိုက်တာ!

ဓားတစ်ချက်တည်းနှင့် သူသည် ဆန်းကြယ်အင်ပါယာအလယ်အဆင့်ရှိ ချောင်ဟိုင်ဂိုဏ်း အကြီးအကဲချန်အား သတ်လိုက်နိုင်ခဲ့သည်။ ဤရလဒ်သည် စစ်သူကြီး ချန်းလီ လုံးဝမမျှော်လင့်ထားသည့် အရာပင်ဖြစ်သည်။ အထူးသဖြင့် ဤကဲ့သို့သော စွမ်းအားကို ထုတ်သုံးနိုင်သည့် ချီမိန်ချွှေရွှယ် သူ၏ဓားရှည်အား ထူးထူးခြားခြားအသုံးပြုပုံသည် စစ်သူကြီးချန်းလီ၏ စိတ်ထဲတွင် ပို၍ပင် ကမောက်ကမဖြစ်ပေါ်နေစေခဲ့သည်။

ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်အဆင့်သို့ ရောက်နေသူအနေနှင့် သူသည် နက်နဲသည့် ဧကရာဇ်အလယ်အဆင့်ရှိ အကြီးအကဲ ချန်အား သတ်ဖြတ်လိုက်နိုင်မည်ဖြစ်သော်လည်း ချီမိန်ချွှေရွှယ်ကဲ့သို့ ကြက်တစ်ကောင်ကို သတ်သကဲ့သို့ပင် လွယ်လွယ်ကူကူ သတ်လိုက်နိုင်မည်မဟုတ်ပါ။

အံ့အားသင့်ပြီးသွားနောက် စစ်သူကြီး ချန်းလီသည် ‌မျက်မှောင်ကြုတ်လိုက်ခဲ့ကာ ထိုင်ခုံပေါ်၌ တည်တည်ငြိမ်ငြိမ်နှင့်ပင် ထိုင်နေခဲ့သည့် ချီမိန်ချွှေရွှယ်အား သူ၏မျက်လုံးများထဲ၌ ကြောက်ရွံ့နေပုံပေါ်၍ လေးလေးနက်နက်နှင့် ကြည့်လိုက်ခဲ့လေသည်။

သူသည် ဤရှန်ရှန့်ကျုံဂိုဏ်း အကြောင်း လုံးဝမကြားဖူးခဲ့သော်လည်း သူသည် ထိုရှန်ရှန့်ကျုံဂိုဏ်းထဲ၌ ချီမိန်ချွှေရွှယ်ကဲ့သို့သော ကြောက်စဖွယ်လူတစ်ယောက် ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါ။ ချီမိန်ချွှေရွှယ်ကဲ့သို့ ချန်းလီသည်ပင် ဤသို့လုပ်ရဲကိုင်ရဲမည် မဟုတ်သော်လည်း ချီမိန်ချွှေရွှယ်လုပ်ဆောင်ခဲ့လေသည်။

“ ဒီရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဇစ်မြစ်က ဘာလဲဆိုတာ သွားစုံစမ်းလိုက်!”

ထို့နောက်တွင် ချန်းလီသည် သူ့ဘေးရှိ အနီရောင်ဝတ်ရုံနှင့် စစ်သည်အား တီးတိုးပြောလိုက်ခဲ့လေသည်။

စစ်သူကြီး ချန်းလီပြောလိုက်သည့်စကားသည် ကြောက်ရွံ့နေခဲ့သည့် အနီရောင်ဝတ်ရုံနှင့်စစ်သည်အား နိုးကြားသွားစေခဲ့ကာ ထိုအနီရောင်ဝတ်ရုံနှင့်စစ်သည် သည် မြန်မြန်ဆန်ဆန် ခေါင်းညိတ်လိုက်၍ လောလောနှင့်ပင် ထွက်သွားခဲ့လေသည်။

“ရှန်ရှန့်ကျုံဂိုဏ်းက ဘယ်လိုမျိုး ဂိုဏ်းပါလိမ့်?”

စစ်သူကြီး ချန်းလီသည် ရှန်ရှန့်ကျုံဂိုဏ်း၏ ဇစ်မြစ်အကြောင်း အံ့အားသင့်နေချိန်တွင် အကြီးအကဲ ချင်ရှန်း၏ အရေတွန့်နေသည့် မျက်နှာသည်လည်း အံ့အားသင့်နေပုံပေါ်ကာ သူသည် သိမ်မွေ့စွာနှင့် တီးတိုးပြောလိုက်ခဲ့လေသည်။

သူသည် ဤကဲ့သို့သော ရလဒ်ကို စိတ်ကူးထဲ၌ပင် ‌မတွေးခဲ့ဖူးကာ ယခင် အကြီးအကဲချန်ထံသို့ ချီမိန်ချွှေရွှယ်ပြောလိုက်ခဲ့သည်ကို စဉ်းစားမိချိန်တွင် သူသည် ဆုတ်ရင်လည်းစူး စားရင်လည်းရူးအခြေအနေဖြစ်နေခဲ့လေကာ အကြီးအကဲ ချင်ရှန်းသည် ပို၍ပင် အံ့အားသင့်သွားခဲ့လေသည်။

သူသည် ချောင်ဟိုင်ဂိုဏ်း အကြီးအကဲချန်အပေါ်သို့ မည်သည်မျှ မလုပ်ရသေးခင်တွင်ပင် ချီမိန်ချွှေရွှယ်သည် ချောင်ဟိုင်ဂိုဏ်း အကြီးအကဲချန်အား သတ်ဖြတ်ရန် ယုံကြည်ချက်ရှိနေခဲ့ပါပြီလား?

အကြီးအကဲ ချင်ရှန်းဘေးရှိ အကြီးအကဲ ကျူးချင်သည်လည်း သူမ၏ပါးစပ်အနည်းငယ်ဟနေခဲ့ကာ သူမ၏ချောမွေ့လှသည့် မျက်နှာသည်လည်း ကြောက်ရွံနေပုံပေါက်နေသည်။ ချီမိန်ချွှေရွှယ်၏ အင်အားသည် ချီမိန်ချွှေရွှယ်အား ဓားရှည်တစ်ချောင်းကဲ့သို့ပင် မည်သူမျှ မတားဆီးနိုငိသကဲ့သို့ သူမ၏ လောကကြီးပေါ် ထားရှိသည့် ထင်မြင်ပုံအား ခဏခဏ သစ်လွင်သွားစေနေခဲ့သည်။

ထိုဓားသည် စစ်ဖန်းစံအိမ်မှ အကြီးအကဲကွေ့ရှုန်း၏ လက်မောင်းအ ဖြတ်လိုက်သည် ဓားဖြစ်သလို ချောင်ဟိုင်ဂိုဏ်း အကြီးအကဲချန်အား သတ်ဖြတ်ရန် ဓားလည်းဖြစ်နေပေသည်။ ချီမိန်ချွှေရွှယ်မှ ဓားတစ်ချောင်းနှင့် မဖြေရှင်းလိုက်နိုင်သည့်အရာ မရှိသလိုပုံပင် ပေါ်နေခဲ့သည်။

အခြားတဖက်တွင် ထျန်းရှင်းဂိုဏ်းမှ တာအိုဝတ်ရုံအား ဝတ်ဆင်ထားသည့် လှပသော မိန်းကလေးတစ်ဦးသည် ချီမိန်ချွှေရွှယ်သည် သူမအား သတိပြုမိမည်ကို ကြောက်ရွံ့နေကာ အံ့အားသင့်နေကြသည့် ဂိုဏ်းအင်အားကြီးပုဂ္ဂိုလ်တို့အနက် ‌ပုန်းအောင်းနေခဲ့၍ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်လှုပ်နေခဲ့လေသည်။ သူမသည် ချီမိန်ချွှေရွှယ်၏ အင်အားသည် ဤမျှ ကြောက်စဖွယ်ကောင်းနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပါ။ ထိုဓားသည် သူမအား သတ္တိမရှိတော့စေကာ လုံးဝ ကြောက်ရွံ့သွားစေခဲ့သည်။

ဂိုဏ်းအင်အားကြီးပုဂ္ဂိုလ် အများအပြားသည် အံ့အားသင့်ရာမှ ပြန်လည်ပုံမှန်ဖြစ်သွားရန် အချိန်ကြာကြာယူလိုက်ရသည်။ ချီမိန်ချွှေရွှယ် ၏ မျက်လုံးမှိတ်ထား ထိုင်နေသည်ကိုကြည့်ကာ သူတို့၏စိတ်တို့ကို တည်ငြိမ်စေလိုက်သည်။ စစ်သူကြီး ချန်းလီအပါအဝင် သူတို့သည် သူတို့၏ထိုင်ခုံများဘက်သို့ တိတ်တဆိတ် ပြန်လျှောက်သွားခဲ့ကြကာ စကားမပြော၍ ထိုင်လိုက်ခဲ့ကြသည်။ တိတ်ဆိတ်မှုသာရှိနေခဲ့၍ စင်မြင့်တစ်ခုလုံးသည် လုံးဝတိတ်ဆိတ်နေခဲ့လေသည်။

ထိုအချိန်၌ စစ်သူပြီး ချန်းလီနှင့် နေရာ၌ရှိနေခဲ့ကြသည့် ဂိုဏ်းကြီးအများစုစိတ်ထဲတွင် ရှန်ရှန့်ကျုံဂိုဏ်း၏နာမည်ကို လေးလေးနက်နက် မှတ်မိသွားခဲ့ကြလေသည်။ သူတို့သည် အချိန်ကြာခဲ့လျှင်ပင် ချီမိန်ချွှေရွှယ်၏ ဤဓားအား မမေ့ပျောက်နိုင်မည်ကို ကြောက်ရွံ့နေခဲ့ကြလေသည်!

ဤဓားသည် ကမ္ဘာကြီးအား အံ့အားသင့်သွားလောက်အောင်ပင် လုပ်လိုက်နိုင်သည့် ဓား‌ဖြစ်ပေသည်!

……

ချိပ်ပိတ်မှု နယ်မြေတွင် ရောက်ရှိနေခဲ့သည် ဝမ်ဖုန်းသည် ချီမိန် ချွှေရွှယ်သည် အဘယ့်ကြောင့် ကျယ်‌လောင်လှသည့် အသံအား လုပ်လိုက်ခဲ့သည်ကို မသိလိုက်ခဲ့ပါ။ သူ သိခဲ့သည်ဆိုလျှင်ပင် သူသည် ပျော်ရွှင်နေ၍ ချီမိန်ချွှေရွှယ်အား ကောင်းကောင်းလုပ်လိုက်နိုင်ကာ သူ၏ ရှန်ရှန့်ကျုံဂိုဏ်း၏ အောင်မြင်မှုကို ပြသပေးနိုင်သောကြောင့် ချီးကျူးနေမည်ပင်ဖြစ်လေသည်။

ဤအချိန်၌ ဝမ်ဖုန်းသည် မုယွင်ဖေးနှင့် အခြားသူတို့ကို မှောင်ရိပ်ကျသည့် အပင်အောက်တွင် ပုန်းကာ မ‌နီးမဝေး၌ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်နေကြသည့် လူအုပ်နှစ်စုအား စောင့်ကြည့်ရန် ခေါ်သွားနေခဲ့သည်။

အဖွဲ့နှစ်ခုတွင် တစ်ဖွဲ့သည် ဘုန်းကြီးဝတ်ရုံများ ဝတ်ဆင်ထားသည့် ဘုန်းတော်ကြီးများဖြစ်ကာ အခြားအဖွဲ့သည် တောင်ပံတို့နှင့် အလှဆင်ချည်ထိုးထားသည့် ဝတ်ရုံတို့အား ဝတ်ဆင်ထားသော ကျင့်ကြံသူများပင်ဖြစ်သည်။

“ဂိုဏ်းချုပ်, ဒီ လူစုနှစ်စုထဲက တစ်စုက ထိပ်တန်းဂိုဏ်းဖြစ်တဲ့ ဖေးယုဂိုဏ်းက တပည့်တွေဖြစ်ကြပြီး ခေါင်းဆောင်ကတော့ ဖေးယုဂိုဏ်းရဲ့ မာနအကြီးဆုံး ယဲ့ဖုန်းပါ။ တခြားတစ်စုကတော့ ဂိုဏ်းကြီး ဝူရှန်းဂိုဏ်းက တပည့်တွေဖြစ်ပြီး ခေါင်းဆောင်ကတော့ ဝူရှန်းဂိုဏ်းရဲ့ ထိပ်တန်း ပါရမီရှင်ပါပဲ!”

လီထျန်းရှင်းသည် ထိုလူအုပ်နှစ်စုအား ကြည့်နေကာ ဝမ်ဖုန်း၏ဘေးနား၌ အသံတိုးတိုးနှင့် ရှင်းပြနေလေသည်။

ထိုသူအသက်ရှူထုတ်နေခဲ့သည့် လေပူသည် သူ၏ နားရွက်တို့အား ယားယံစေကာ ရနံ့သင်းပြသည့် အနံ့သည် သူ၏စိတ်ထဲ၌ တုန်လှုပ်စေခဲ့သည်။

သောက်ကျိုးနည်း ၊ သူ၏ စိတ်နေသဘောထား ကြီးလွန်း၍သာမဟုတ်လျှင် ဤအချိန်၌ မိစ္ဆာတစ်ကောင်ကဲ့သို့ပင် ဒေါသထွက်နေခဲ့နိုင်ခြေရှိနေသည်။ လီထျန်းရှင်းသည် သူ၏ ‌ရုပ်ရည်ချောမော၍ သာမန်ထက်ထူးကဲသာလွန်သည့် သူ့အား မနာလိုဖြစ်နေခဲ့သည်လား?

“ ဝူရှန်းဂိုဏ်း က ဗုဒ္ဓ ကျင့်ကြံသူလား?”

ဝမ်ဖုန်းသည် သူ၏စိတ်ထဲ၌ စိတ်အနှောင့်အယှက်ဖြစ်စေသည့် အတွေးများကို ဖယ်ရှားလိုက်ကာ လူအုပ်စုနှစ်စုကို ကြည့်လိုက်၍ မေးလိုက်ခဲ့သည်။

ဤ‌ကမ္ဘာထဲ၌ ဆန်းကြယ်စွမ်းအင် ကျင့်ကြံခြင်း သည် အဓိကလူသုံးများသည့်နည်းလမ်းဖြစ်သော်လည်း ရှေးခေတ်တို့မှ လက်ဆင့်ကမ်းခဲ့သည့် အခြားကျင့်ကြံမှု နည်းလမ်းတို့လည်း ရှိနေခဲ့ကာ ဗုဒ္ဓဘာသာသည် ထိုနည်းလမ်းတို့မှ တစ်ခုဖြစ်လေသည်။

“ဟုတ်ပါတယ် ဂိုဏ်းချုပ်! ဝူရှန်း ဂိုဏ်းက အင်ပါယာသုံးခုထဲက တစ်ခုတည်းသော ဗုဒ္ဓဘာသာဝင်နဲ့ တာအိုဂိုဏ်းပဲဖြစ်ပါတယ်။ ဒီဂိုဏ်းရဲ့ အင်အားက ထိပ်တန်းဂိုဏ်းတွေထိတော့ မရှိနိုင်ပေမဲ့လည်း အထင်သေးထားလို့တော့မရပါဘူး၊ အထူးသဖြင့် ဗုဒ္ဓဘာသာရဲ့ ထူးဆန်းတဲ့ တိုက်ကွက်နည်းစနစ်တွေကိုပေါ့။ အရမ်းထင်ကြီးဖို့ကောင်းပါတယ်!”

လီ ထျန်းရှင်းသည် ခေါင်းညိတ်၍ ပြောခဲ့လိုက်ကာ သူ၏အသံထဲ၌ ဝူရှန်းဂိုဏ်း အား ကြောက်ရွံ့သံအနည်းငယ် ပါဝင်နေခဲ့သည်။

ထိုသို့ကြားလိုက်သည့်အခါတွင် ဝမ်ဖုန်းသည် နားလည်ကြောင်းပြရန် ခေါင်းညိတ်လိုက်ခဲ့ကာ စကားဆက်မပြောခဲ့တော့ပါ။ သူသည် လူအုပ်နှစ်စုအားကြည့်လိုက်၍ ထိုလူအုပ်နှစ်စုတို့သည် သူ့အား မျက်နှာသာပေး၍ သူတို့ကြား‌ ဖြတ်ယူသူဖြစ်နိုင်မည်အား သိချင်နေခဲ့လေသည်။

(A mantis stalking a cicada is unaware of an oriole behind. တရုတ် စကားပုံ ဆိုလိုသည်မှာ ကိုယ့်အကျိုး ရှာနေချိန်တွင် ဘေးအန္တရာယ်တို့ကိုလည်း သတိထားနေသင့်သည်။)

လူအုပ်နှစ်စုကြားတွင် အလွန် အိမ်မက်ဆန်လှသည့် ပွင့်ခါနီး ခရမ်းရောင်ပန်းပွင့်ရှိနေကာ ဤခရမ်းရောင် ပန်းပွင့်သည်ပင် ဤအုပ်စုနှစ်စုကြား၌ အငြင်းပွားမှု ဖြစ်ပေါ်သွားစေခဲ့သည်ဖြစ်သည်။

ရိလင်ရွှယ်ဟွား ဟု ခေါ်သော ဤခရမ်းရောင်ပန်းသည် ကောင်းကင်ဘုံနှင့် လူ့လောကတို့၏ ရတနာပင်ဖြစ်ကာ တော်ဝင် မင်းသားအဆင့်၏ အထွတ်အထိပ်၌ ရှိနေခဲ့သည်။ ဤအရာအား ကျင့်ကြံသူများ သောက်သုံးပြီးချိန်တွင် သူတို့သည် ဉာဏ်အလင်းပွင့်သွား၍ ကျင့်ကြံမှုအား တိုးတတ်လာနိုင်ခြေ ၂၀%ရှိနေသည်။ ထိုအရာကို အခြားသော ကောင်းကင်ဘုံနှင့် လူ့လောက၏ ရတနာတို့နှင့် ရောစက်လိုက်ခဲ့ကာ လေးနက်သည့် ခရမ်းရောင် စိတ်ဝိဉာဉ်ဆေးလုံးအား ပြုလုပ်လိုက်ခဲ့ပါက တော်ဝင်မင်းသားအဆင့်အထွတ်အထိပ်တွင် ရှိနေသူတို့အတွက် ဆန်းကြယ်အကြီးအကဲ အဆင့်သို့ ဖောက်ရောက်သွားနိုင်ခြေ ၅၀%အထိ မြှင့်တင်နိုင်လေသည်။

All Chapters