ဗုဒ္ဓနှင့် နတ်ဆိုးတို့ဟာ တစ်ဖက်တည်း၌ မရပ်ကြပါ
Vol. 4 Ch. 49
လေဟာပြင်ထဲတွင် ကြောက်စဖွယ် စွမ်းအားအတက်အကျဖြစ်ခြင်း ထွက်ပေါ်လာကြကာ နဂါး အရိပ်ပုံနှစ်ခုသည် ကြီးမြတ်သော နဂါးကြီးနှစ်ကောင်ကဲ့သို့ ရစ်ပတ်နေကြ၍ တစ်ဦးကိုတစ်ဦး ညှစ်သတ်လိုက်နိုင်ရန် အပြင်းအထန်ကြိုးစားနေကြလေသည်။
ဝူနျာန် နှင့် ယဲ့ဖုန်းတို့ နှစ်ဦးလုံးသည် ဤအချိန်တွင် တည်ငြိမ်နေကြပုံသာဖြစ်၍ ကြီးမြတ်တင့်တည်လှသော စွမ်းအားသည် သူတို့နှစ်ဦး၏ခန္ဓာကိုယ်တို့မှ ဆက်လက် ထွက်ပေါ်နေကြကာ နဂါးအရိပ်ပုံနှစ်ခုထဲသို့ဖြည့်သွင်းနေခဲ့ကြလေသည်။
“ဂိုဏ်းချုပ် , ဒီနှစ်ယောက်ထဲက ဘယ်သူများနိုင်မယ်လို့ ထင်မိလဲ?”
ဝမ်ဖုန်း၏အနောက်ဘက်၌ရှိနေခဲ့သည့် မုယွင်ဖေးသည် ကောင်းကင်ထဲရှိ ယစ်ပတ်နေကြသည့် နဂါးအရိပ်ပုံနှစ်ခုအား တည်တည်ငြိမ်ငြိမ်နှင့်ပင် ကြည့်နေခဲ့ကာ မေးမြန်းလိုက်ခဲ့သည်။
ဤသူနှစ်ယောက်သည် ထိပ်တန်းဂိုဏ်းတို့၏ လူငယ်မျိုးဆက် တပည့်များဖြစ်ရသည်မှာ ထိုက်ထိုက်တန်တန်ဖြစ်သွားခြင်းပင်ဖြစ်ကာ သူတို့မှ ထွက်ပေါ်လာခဲ့သည့် အင်အားကို အထင်သေးထားလို့မရနိုင်ပါ။
“ယဲ့ဖုန်း!” ဝမ်ဖုန်းသည် မျက်စိမှေးလိုက်၍ ညှင်ညှင်သာသာ တီးတိုးပြောလိုက်ခဲ့သည်။
“အာ? ဘာလို့လဲ?” ထိုသို့ ကြားလိုက်ရသည့်အခါ မုယွင်ဖေးသည် အံ့ဩပုံပေါ်နေ၍ မေးလိုက်လေသည်။
ဤအချိန်၌ လင်းဖေးဝူနှင့် လီထျန်းရှင်းတို့သည်လည်း ဝမ်ဖုန်းအားကြည့်လိုက်ကြကာ သူတို့၏မျက်လုံးများထဲ၌ စူးစမ်းရှာဖွေသိချင်စိတ်များပေါ်နေခဲ့သည်။
မုယွင်ဖေး၏ ရှုထောင့်မှဆိုလျှင် ယဲ့ဖုန်းနှင့် ဝူနျာန်တို့သည် ဤအချိန်၌ ခြားနားနေပုံမရှိခဲ့သော်လည်း ဝူနျာန်မှ ထွက်ပေါ်လာစေခဲ့သည့် နဂါးအရိပ်ပုံသည် ပို၍ အင်အားကြီးနေသည်ကို ခံစားလိုက်ခဲ့ရသည်။
ဝမ်ဖုန်းသည် ပြုံးလိုက်ခဲ့သော်လည်း ပြန်မဖြေခဲ့ကာ ယဲ့ဖုန်းအား ရှင်းပြ၍မရနိုင်သည့် လေးနက်သောပုံနှင့် ကြည့်နေခဲ့သည်။
ထိုသို့ မြင်လိုက်ရသောအခါ မုယွင်ဖေးနှင့် အခြားသူတို့သည် ကြောင်သွားခဲ့ကြသော်လည်း သူတို့ ဆက်လက်မမေးမြန်းနေတော့ကာ လယ်ကွင်းထဲမှ နဂါးအရိပ်ပုံနှစ်ခုကိုသာ သေသေချာချာကြည့်ရှုနေခဲ့လိုက်ကြသည်!
ဟမ်!
“ဈာန်ရထားတဲ့ ဗုဒ္ဓတွေက ရုပ်သွင်ပြင်မရှိဘူးကို!”
ဤအချိန်၌ ဝူနျာန်၏ မျက်လုံးများ အနည်းငယ် ကြုံ့သွား၍ သူသည် အသံနိမ့်နိမ့်နှင့် ဟိမ်းဟောက်လိုက်ခဲ့ကာ သူ၏ခန္ဓာကိုယ်မှာ ဆန်းကြယ်သည့် ဗုဒ္ဓ ပုံသဏ္ဍာန် အမျှင်တို့ ထွက်ပေါ်လာခဲ့လေသည်။ ဤဗုဒ္ဓပုံသဏ္ဍာန်များ ပေါ်ပေါက်လာသည့်အခါတွင် လေဟာပြင်ထဲရှိ ရွှေရောင်နဂါးအရိပ်ပုံသည် ကောင်းချီးပေးခြင်းတစ်စုံတစ်ခုအား ရရှိသွားဟန်နှင့်တူသည်။ နဂါးအရိပ်ပုံကြီးတစ်ခုလုံး၏ အပေါ်၌ ပူပြင်းလှသည့် မီးလျှံတစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
ဤမီးလျှံထွက်ပေါ်လာချိန်တွင် ရွှေရောင်နဂါးကြီးမှ ပေါက်ကွဲဖြစ်ပေါ်လာသည့် စွမ်းအားသည် ရုတ်တရက် ပို၍ပင် ကြောက်စရာကောင်းလာခဲ့သည်။ ဤမီးလျှံတို့သည် ရွှေရောင်နဂါးအရိပ်ပုံနှင့် အဖြူရောင်နဂါးအရိပ်ပုံတို့ ယစ်ပတ်နေသည့်နေရာတို့၌ အဖြူရောင်နဂါးအရိပ်ပုံအား တိုက်ခိုက်လိုက်ခဲ့သည်!
ဝေါင်းးး!
အချိန်တိုလေးအတွင်း၌ပင် အဖြူရောင်နဂါးအရိပ်ပုံသည် ထင်ယောင်ထင်မှား ပူပြင်းသည့်မီးလျှံတို့နှင့် ဖုံးလွှမ်းသွားခဲ့သည်။အဖြူရောင်နဂါးအရိပ်ပုံသည် အခက်အခဲတစ်ခုကြုံနေရပုံပေါက်၍ လွတ်မြောက်ရန်ကြိုးစားနေကာ ကျယ်ကျယ်လောင်လောင် ဟိမ်းဟောက်ခဲ့သော်လည်း ရွှေရောင်နဂါးအရိပ်ပုံက ရစ်ပတ်ထိန်းချုပ်ထားခဲ့လေသည်။
ဗုံး!
တစ်ချိန်၌ အဖြူရောင်နဂါးအရိပ်ပုံသည် ရွှေရောင်နဂါးအရိပ်ပုံ ဖိညှစ်ခြင်းခံလိုက်ရကာ အဖြူရောင်အလင်းရောင်လေးများ အဖြစ်သို့ ပြောင်းသွား၍ ကမ္ဘာများကြား၌ ပပျောက်သွားခဲ့သည်။
ဟူး!
အဖြူရောင်နဂါးအရိပ်ပုံကို ဖိညှစ်လိုက်သည့်အခါတွင် ယဲ့ဖုန်း၏မျက်နှာသည် အနီရောင်သန်းသွားခဲ့ကာ သွေးများအန်ထွက်လိုက်ပြီးနောက်တွင် ဖြူဖက်ဖြူရော်ဖြစ်သွားခဲ့၍ ဤအချိန်၌ သူ၏ခန္ဓာတစ်ခုလုံးသည် တုန်လှုပ်နေခဲ့လေသည်။
“ဘယ်လို….ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ? အစ်ကို ယဲ့ တကယ်ပဲ ရှူံးသွားခဲ့တာလား?”
“ဟေး ဂိုဏ်းတူအစ်ကို ယဲ့က ဘယ်လိုလုပ်ကြီး ရှူံးသွားနိုင်မှာလဲဟ?”
“ဒီ သောက်ကျိုးနည်း ဘုန်းကြီးရဲ့ စွမ်းအားက ဒီလောက်တောင် စွမ်းတယ်ပေါ့လေ? ဂိုဏ်းတူအစ်ကို ယဲ့ ကတောင်မှ သူ့ပြိုင်ဘက်မဟုတ်ဘူးတဲ့လား?"
ယဲ့ဖုန်းဒဏ်ရာရသွားခဲ့သည်ကို တွေ့လိုက်ရသည့်အခါတွင် အဝေးမှ ဖေးယုဂိုဏ်းတပည့် လေးဦးသည် မယုံမကြည်နိုင်ပုံတို့နှင့် ပြောနေခဲ့ကြသည်။
ယဲ့ဖုန်းနောက်သို့လိုက်သည့် ထိုသူများအတွက် ယဲ့ဖုန်းသည် နတ်ဘုရားတစ်ပါးလိုပင်ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် ယဲ့ဖုန်းသည် ကျရှူံးသွားခဲ့ကာ ဤအချိန်၌ သူတို့စိတ်ထဲ၌ ကောင်းကင်ကြီး ပြိုကျသွားခဲ့သလိုပင် ကမောက်ကမဖြစ်နေခဲ့ကြသည်။ သူတို့အားလုံးကို ဤသို့ လမ်းပျောက်ခွင့်ပြုလိုက်ကြပါ!
“ဂိုဏ်းတူအစ်ကို ဝူနျာန်က တကယ်ပဲ ငါ့တို့ ဝူရှန်း ဂိုဏ်းရဲ့ ထိပ်တန်းပါရမီရှင်ပဲကွ!”
“ဟုတ်တယ်, ဒီတိုက်ပွဲက ဝူရှန်းဂိုဏ်းရဲ့ အင်အားကို တကယ်ပြလိုက်နိုင်တာပဲ!”
“ဒီတိုက်ပွဲပြီးရင်တော့ ဂိုဏ်းတူအစ်ကို ဝူနျာန်က ယောင်ရီအင်ပါယာအနှံ့မှာ နာမည်ကြီးနေတော့မှာ သေချာတယ်!”
ဖေးယုဂိုဏ်း တပည့်တို့၏ အမှန်တိုင်းသိမြင်လာခြင်းနှင့် ယှဉ်လျှင် ဝူရှန်းဂိုဏ်း တပည့်တို့သည် စိတ်လှုပ်ရှားနေပုံပေါက်ကာ ပြုံးပြုံးရွှင်ရွှင်နှင့် ပြောနေခဲ့ကြသည်။
“သခင်လေး ယဲ့ဖုန်းရှူံးသွားတဲ့ပုံပဲ။ ဒီ ဆန်းကြယ်တဲ့ ခရမ်းရောင် စိတ်ဝိဉာဉ် ပန်းပွင့်ကိုတော့ ဝူနျာန်ပဲ ယူသွားလိုက်ပြီနော်!” လေဟာပြင် ထဲတွင် ဘုန်းကြီး ဝူနျာန်သည် ယဲ့ဖုန်းအား လှည့်ကြည့်လိုက်၍ လက်အုပ်ချီလိုက်ကာ ဦးညွတ်လိုက်၍ သိမ်သိမ်မွေ့မွေ့ပြောလိုက်ခဲ့လေသည်။
သူ့တွင် ယဲ့ဖုန်းအား အနိုင်ရလိုက်သောကြောင့် ပျော်ရွှင်နေခြင်းမရှိကာ၊ ထိုအစား ယခင်အတိုင်းပင် ဝမ်းနည်းမှုနှင့် ဝမ်းသာမှုမရှိနေကာ သူ၏မျက်နှာတွင် လှိုင်းများသာ ပေါ်နေခဲ့သည်။
ဝူနျာန်၏စကားကို ကြားလိုက်ရသည့်အခါတွင် ယဲ့ဖုန်းသည် သူ၏ပါးစပ်ထောင့်စွမ်းအား သုတ်လိုက်၍ မျက်လုံးများကြုံ့လိုက်ကာ ဝူနျာန်ကို စိုက်ကြည့်နေစဉ် သူ၏မျက်လုံးများတွင် မရှင်းပြနိုင်သည့် ကောင်းမွန်ခြင်းတို့ ပေါ်လွင်နေခဲ့သော်လည်း သူသည် စကားမပြောခဲ့ပါ။
ဝူနျာန်နှင့် ယဲ့ဖုန်းတို့ဆက်သွယ်နေကြချိန်တွင် အဝေး၌ ပုန်းအောင်းနေခဲ့ကြသည့် မုယွင်ဖေးနှင့် အခြားသူတို့သည် ဝမ်ဖုန်း၏နောက်ကျောကို ကြည့်နေခဲ့ကြကာသူတို့၏ မျက်နှာထားများ ပြောင်းလဲသွားခဲ့ကြသည်။
ဂိုဏ်းချုပ်က ခန့်မှန်းလိုက်ခဲ့ပြီးပြီပဲ, ဂိုဏ်းချုပ်ကို အပေါ်ယံကိုပဲ ကြည့်မနေဖို့ ငါများ သတိပေးလိုက်သင့်လားမသိဘူး?
မုယွင်ဖေးနှင့် အခြားသူတို့သည် စိတ်ထဲ၌ တွေးနေခဲ့ကြသော်လည်း ထိုအတွေးကို တွေးလိုက်မိချိန်၌ပင် ခေါင်းခါလိုက်၍ ထိုအတွေးကို ဖယ်ရှားပစ်လိုက်သည်။ ထားလိုက်ပါတော့လေ၊ အဲ့တာပြောလို့တော့ မသေချင်ပါဘူး။
ဝမ်ဖုန်းသည် မုယွင်ဖေးနှင့် အခြားသူတို့ တွေးနေခဲ့သည်ကို မသိလိုက်ခဲ့ပါ။ သူသည် ယဲ့ဖုန်းအား စိုက်ကြည့်နေခဲ့၍ သူ၏မျက်လုံးများသည် အတားအဆီးများစွာကို ဖြတ်ကျော်ကာ ယဲ့ဖုန်း၏ခန္ဓာကိုယ်ရှိ ပုံမှန်မဟုတ်မှုတို့ကို တွေ့မြင်နေပုံရှိလေသည်။
လီဟေးသည်လည်း အာရုံခံလိုက်ခဲ့ပုံနှင့် သူ၏မျက်လုံးများကို ကြုံ့လိုက်ကာ သူ၏မျက်လုံးများထဲ၌ စိတ်ဝိဉာဉ်ကိုပင် မွှေနှောက်လိုက်နိုင်သည့် အလင်းရောင်နှင့် ယဲ့ဖုန်းဘက်သို့လှည့်လိုက်ခဲ့သည်။
လေဟာပြင်တွင် ဘုန်းကြီးဝူနျာန်နှင့် ယဲ့ဖုန်းတို့သည် တစ်ဦးနှင်တစ်ဦး ခဏကြာ ကြည့်နေခဲ့ကြကာ လက်အုပ်ချီလိုက်၍ ဦးညွတ်လိုက်ကာ ကျယ်ကျယ်လောင်လောင်ပြော၏။
“ဒီလိုမျိုး ချစ်ခြင်းမေတ္တာကိုဖြတ်တောက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် သခင်လေးယဲ့, ကိုယ်တော် အရမ်းဝမ်းသာမိပါတယ်!”
ဘုန်းကြီး ဝူနျာန်၏စကားကို ကြားလိုက်ရသောအခါတွင် ယဲ့ဖုန်းသည် အံ့ကြိတ်လိုက်ကာ သူသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ခဲ့ပြီဖြစ်ပုံနှင့်ပင် သူတစ်ကိုယ်လုံး၏ အရှိန်အဝါသည် ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ကာ တည်တည်ငြိမ်ငြိမ်နှင့်ပင် ပြောလိုက်ခဲ့သည် : “ကျွန်တော်က ဘာလို့ ခင်ဗျားကို ဒီခရမ်းရောင် စိတ်ဝိဉာဉ်ပန်းကို ပေးလိုက်ရမှာလဲ? တိုက်ပွဲက မပြီးသေးပါဘူး!”
“အော်? ဒကာတော် ယဲ့မှာ နည်းလမ်းလေးတွေများရှိနေလို့လား?”
ဤသို့ကြားလိုက်ရသောအခါတွင် ဝူနျာန်၏ မျက်နှာထားသည် ကျစ်လစ်သွားခဲ့၍ သူသည် ယဲ့ဖုန်းအား ရုတ်တရက် ကြည့်လိုက်ကာ ပြောလိုက်ခဲ့သည်။
ဤအချိန်၌ ဘုန်းကြီးဝူနျာန်သည်လည်း နိုးနိုးကြားကြားရှိနေခဲ့ကာ သူ၏ခန္ဓာကိုယ်ထဲမှ စွမ်းအားသည် မြန်မြန်ဆန်ဆန်ပင် ထွက်ပေါ်နေခဲ့သည်။ ယခုတွင် ယဲ့ဖုန်းထက် အနည်းငယ် သာလွန်နေခဲ့သော်လည်း သူသည် ယဲ့ဖုန်းအား အထင်မသေးရဲခဲ့ပါ။
“ဒါက ငါအကြာကြီး ဖုံးကွယ်ထားခဲ့တဲ့ အဖိုးတန်အရာတစ်ခုပဲ။ ဝူနျာန်အပေါ်မှာ ဒီလိုမလုပ်လိုက်ချင်ပေမဲ့လည်း ဝူနျာန်ရဲ့ အင်အားက ကျွန်တော်ထင်ထားတာထက် အရမ်းသာနေလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူးလေ။ အဲ့တော့လည်း ဒါကိုသုံးရတော့မှာပေါ့ဗျာ!”
“ဒီ ဆန်းကြယ်တဲ့ ခရမ်းရောင်စိတ်ဝိဉာဉ်ပန်းပွင့်က ကျွန်တော့်အတွက် အရမ်းအရေးကြီးတော့လည်း အဲ့တာအတွက် တိုက်ရမှာပေါ့ဗျာ!”
ယဲ့ဖုန်း၏ ခန္ဓာတစ်ခုလုံးသည် အလွန့်အလွန် သန့်ရှင်းနေခဲ့ကာ သူသည် ဘုန်းကြီး ဝူနျာန်အား တည်တည်ငြိမ်ငြိမ်နှင့် စိုက်ကြည့်နေခဲ့ကာ မြန်မြန်ဆန်ဆန်ပြောလိုက်ခဲ့လေသည်။
ယဲ့ဖုန်း၏စကားများကြားလိုက်ရပြီးနောက်တွင် ဘုန်းကြီးဝူနျာန်၏မျက်နှာထားသည် ပြောင်းလဲသွားခဲ့ကာ သူ၏ခန္ဓာတစ်ခုလုံးသည် တင်းမာလာခဲ့သည်။
ဗုံး!
ထို့နောက်တွင် ဘုန်းကြီး ဝူနျာန်သည် ဤ စိုးရိမ်ပူပန်မှု၏ အရင်းအမြစ်ကိုခံစားလိုက်ရကာ သူ၏မျက်ဆံတို့သည် ယဲ့ဖုန်းကို ကြည့်လိုက်သောအခါတွင် ရုတ်တရက်ကြုံ့သွားခဲ့၍ သူ၏မျက်နှာပေါ်တွင် အံ့အားသင့်သွားပုံပေါ်လာခဲ့လေသည်။
ဤအချိန်တွင် ယဲ့ဖုန်း၏ခန္ဓာကိုယ်တစ်ခုလုံးမှ အလွန်ကြောက်စရာကောင်းလှသည့် အရှိန်အဝါထွက်ပေါ်လာ၍ ဤအရှိန်အဝါသည် အလွန် မည်းမှောင်၍ အေးဆက်နေကာ အနည်းငယ် ထိလိုက်မိလျှင်ပင် ရေခဲဂူထဲသို့ ပြုတ်ကျသွားသလို ခံစားရလေသည်။
ဤအချိန်တွင် ယဲ့ဖုန်း၏ ခန္ဓာတစ်ခုလုံးသည် ယခင်လို ရုပ်ချောမောနေသည်မဟုတ်တော့ပါ။ သူ၏အရေပြားသည်ဖားလောင်းအရွယ်ရှိ မှော်မျည်းကြောင်းများနှင့် ဖုံးလွှမ်းနေခဲ့ကာ ထိုမျည်းကြောင်းတို့သည် ထူထပ်လှ၍ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းချုံထားသောကြောင့် ယဲ့ဖုန်းအား အလွန်အမင်း ရက်စက်ကြမ်းကြုတ်ပုံ ပေါက်စေသည်။
“ဒါက…..နတ်ဆိုးပဲမလား?!”
“ယဲ့ဖုန်း, မင်းလို ဖေးယုဂိုဏ်းရဲ့ ထိပ်တန်းပါရမီရှင်က လျှို့ဝှက်ပြီး နတ်ဆိုးကျင့်စဥ် ကျင့်ကြံနေတယ်ပေါ့!”
ဘုန်းကြီး ဝူနျာန်သည် အံ့ဩတကြီးနှင့် အော်ပြောလိုက်ကာ သူ၏ ချောမောလှသည့် မျက်နှာတွင် ကြောက်လန့်နေပုံပေါ်ခဲ့သည်။ သူသည် ယဲ့ဖုန်း ဤလောက်ထိပင် ရူးမိုက်၍ လျှို့လျှို့ဝှက်ဝှက်နှင့် နတ်ဆိုးကျင့်စဥ်ကို ကျင့်နေမည်ဟု လုံးဝမထင်မှတ်ထားခဲ့ပါ။
ဘုန်းကြီး ဝူနျာန်ပင်မက ဖေးယုဂိုဏ်း၏ တပည့်များ၏မျက်နှာထားတို့သည်လည်း ဤအချိန်၌ အလွန်ပြောင်းလဲသွားခဲ့လေသည်။သူတို့သည် ယဲ့ဖုန်းအား မယုံမကြည်နိုင်နှင့် ကြည့်နေခဲ့ကြသည်။ သူတို့သည် သူတို့ ကိုးကွယ်နေခဲ့သူသည် လျှို့ဝှက်စွာနှင့် နတ်ဆိုးကျင့်စဥ်အား လေ့ကျင့်နေခဲ့သည်ကို လုံးဝ မတွေးထားမိခဲ့ပါ။
နတ်ဆိုးတို့သည် ကြမ်းတမ်းမှုနှင့် စစ်ပွဲတို့ကိုကြိုက်နှစ်သက်ကြသည်၊ သူတို့ သွားသည့်နေရာတိုင်းတွင် မည်သည့်အရာမှ မပေါက်ရောက်ပါ! နတ်ဆိုးတို့သည့် ကျင့်ကြံမှု လောကကြီးတစ်ခုလုံး၏ ရန်သူများပင်ဖြစ်ကြသည်။ နတ်ဆိုးနှင့် ထိပ်ဆိုင်ကြုံတွေ့ရချိန်တွင် ကျင့်ကြံသူသည် အင်အားအလုံအလောက်ရှိနေပါက ထိုနတ်ဆိုးအား သတ်ဖြတ်ရမည်ပင်ဖြစ်သည်။
ဒဏ္ဍာရီများအရ နတ်ဆိုးသည် ကောင်းကင်အပြင်ဘက်မှ နတ်ဆိုးတစ်ကောင်ပင်ဖြစ်သည်။ ရှေးခေတ်အချိန်များတွင် ထိုနတ်ဆိုးသည် ရှန်းလန်တိုက်ကြီးတစ်ခုလုံးအား ကျူးကျော်ခဲ့ကာ ရှန်းလန်တိုက်ကြီးကို သိမ်းပိုက်လိုက်၍ ရှန်းလန်တိုက်ကြီးမှ ကျင့်ကြံသူများကို သူ့၏ ကျွန်များအဖြစ်သို့ ပြောင်းနေချင်ခဲ့သည်။
ရှန်းလန်တိုက်ကြီး၏ ကျင့်ကြံသူတို့သည် ထိုအရာကို စိတ်မပါခဲ့ကြပါ။ ရှန်းလန်တိုက်ကြီးကို ကာကွယ်ရန်ဖြစ်စေ သူတို့ကိုယ်သူတို့ကာကွယ်ရန်ဖြစ်စေ၊ သူတို့သည် တွန့်ဆုတ်မှုမရှိဘဲ ပူးပေါင်းစုစည်းလာခဲ့ကာ ကျူးကျော်သူ နတ်ဆိုးများအပေါ်သို့ ကမ္ဘာကြီးပင် ပျက်စီးသွားနိုင်သည့်အဆင့်ရှိ တိုက်ပွဲအား စတင်ခဲ့လေသည်!
ထိုတိုက်ပွဲ၌ နောက်ဆုံးတွင် ရှန်းလန်တိုက်ကြီးသည် အနိုင်ရသွားခဲ့သော်လည်း ဝမ်းနည်းစရာနှင့် နိုင်သွားခဲ့ခြင်းဖြစ်ကာ ထိုတိုက်ပွဲသည် အဂ္ဂရိတ်ဆရာကဲ့သို့သော အမွေအနှစ်များ တဖြည်းဖြည်း ပျောက်ဆုံးသွားပြီးနောက်မှာသာ အနိုင်ရခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ဤတိုက်ကြီးပေါ်တွင် ထိုတိုက်ပွဲ၏ အစအနများသည် ဖုံးကွယ်ကျန်ရစ်နေခဲ့ဆဲဖြစ်သည်။ သို့သော် ဤနတ်ဆိုးတို့သည် တိုက်ကြီးကို အန္တာရယ်အပြုနိုင်ကာ အသက်ရှင်၍သာ နေနိုင်ရုံဖြစ်သည်။ ထို့ကြောင့် တိုက်ကြီးပေါ်ရှိ အင်အားကြီးသော အုပ်စုတို့သည် လူများမလွှတ်ခဲ့ခြင်းဖြစ်သည်။ ဝိုင်းရံထား၍ ဖိနှိပ်ချုပ်ချယ်ထားခြင်းသာဖြစ်သော်လည်း တိုက်ကြီးတစ်ခုလုံး၏ ကျင့်ကြံသူများအတွက် အတွေ့အကြုံတစ်ခုကဲ့သို့ပင် ခေါင်းစဉ်တပ်ထားခြင်းဖြစ်သည်။
ပြည်မကြီး၌ရှိသော နတ်ဆိုးများဟုခေါ်သည့်အရာတို့သည် တကယ်တော့ နတ်ဆိုးများမဟုတ်ကြကာ နတ်ဆိုးများမှ ကျန်ရစ်ခဲ့သည့် အမွေဆက်ခံမှု စွမ်းအင်တို့ကို ကျင့်ကြံခဲ့၍ နတ်ဆိုးများအဖြစ်သို့ ပြောင်းသွားခဲ့ကြသည့် ပြည်မကြီးမှ ကျင့်ကြံသူများပင်ဖြစ်သည်။
ဥပမာအနေနှင့် လွန်ခဲ့သည့် နှစ်ပေါင်း တစ်ထောင်တွင် ယောင်ရီအင်ပါယာအား ဖြတ်ဆီးခဲ့သည့် မဟာနတ်ဆိုးရွှမ်ရှသည် တကယ်ပင် နတ်ဆိုး၏ အမွေဆက်ခံမှုနည်းလမ်းကို ရရှိလိုက်ခဲ့သည်။ သို့သော်လည်း မဟာနတ်ဆိုးရွှမ်ရှအဆင့်သို့ ရောက်သွားပြီးနောက်တွင် သူသည် နတ်ဆိုး၏ အမွေဆက်ခံမှုကို ဆန္ဒအရ ထိန်းချုပ်နိုင်ခဲ့သည်။ ထိုသို့ထိန်းချုပ်နိုင်ခြင်းသည် အမွေဆက်ခံမှုအရာတို့တွင် ပါဝင်သည့် ပြင်းထန်သော အရှိန်အဝါအား ထိခိုက်သွားခဲ့မည်မဟုတ်ပါ။
သို့သော်လည်း ယဲ့ဖုန်းသည် ထိုအရာကို ဤအချိန်၌ မလုပ်နိုင်ခဲ့သေးပါ။
ယဲ့ဖုန်း၏ခန္ဓာကိုယ်အား နတ်ဆိုးမျည်းကြောင်းများ ဖုံးလွှမ်းသွားချိန်တွင် သူ၏မူလ တည်ငြိမ်မှုသည် ပျောက်ပျက်သွားခဲ့၍ သူ၏မျက်နှာသည် အလွန့်အလွန် ရက်စက်ကြမ်းကြုတ်ပုံပေါက်နေခဲ့ကာ သူ၏မျက်လုံးများသည် ကြက်သွေးရောင်သန်းနေ၍ သူ၏ခန္ဓာကိုယ်အနှံ့တွင် လူသတ်သမားတစ်ယောက်ကဲ့သို့သော၊ ရူးမိုက်နေသည့် သားရဲတစ်ကောင်ကဲ့သို့သော ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါရှိနေခဲ့သည်။
ဘုန်းကြီး ဝူနျာန်အား မနာလိုဝန်တိုစေဆုံးအရာသည် ယဲ့ဖုန်း၏ခန္ဓာကိုယ်မှထွက်ပေါ်လာသည့် ရက်စက်ကြမ်းကြုတ်ပုံပေါက်သည့် အရှိန်အဝါမဟုတ်ကာ ယခုအချိန်၌ပင် ယဲ့ဖုန်းကိုယ်တည်မှ ထွက်ပေါ်လာခဲ့သည့် ကျင့်ကြံမှုအရှိန်အဝါပင်ဖြစ်၍ ထိုအရာသည် တော်ဝင်မင်းသားအဆင့်၏အထွတ်အထိပ်သို့ ရောက်သွားနိုင်ခြင်းဖြစ်လေသည်!
ဤကဲ့သို့သော ကျင့်ကြံမှုသည် ဘုန်းကြီး ဝူနျာန်အား စိတ်ပျက်သွားစေလေသည်။ တော်ဝင်မင်းသားအဆင့်၏ အလယ်အဆင့်ရှိ ယဲ့ဖုန်းသည် သူ့အား အချိန်များစွာကုန်စေခဲ့သလိုပင် ယဲ့ဖုန်းထက် အနည်းငယ် သာလွန်နေနိုင်ရန်အတွက် သူ၏အင်အားအကုန်ကိုပင် အသုံးပြုခဲ့ရသေးသည်။ တော်ဝင်မင်းသားအဆင့်၏ အထွတ်အထိပ်၌ဆိုလျှင် သူ မည်မျှ ကြိုးစားလျှင်ပင် သူသည် တောင့်မခံနေနိုင်ခဲ့ပါ။
သို့သော် သူထိုအရာကို တားဆီးနိုင်မှ ဖြစ်လိမ့်မည်!အခြားသူများ ထွက်ပြေးသွားနိုင်လောက်သော်လည်း သူသည် ထိုသို့ မတွေးနေခဲ့ပါ။ သူသည် ဗုဒ္ဓတစ်ပါးပင်ဖြစ်နေသောကြောင့် လုံးဝ ထွက်မပြေးနိုင်ပါ!
ရှေးခေတ်အချိန်တို့မှစ၍ ဗုဒ္ဓနှင့် နတ်ဆိုးတို့သည် ခွဲခြား၍မရနိုင်ခဲ့ပါ။ ဗုဒ္ဓရှိနေသည့်နေရာ၌ နတ်ဆိုးရှိနေမည်ဆိုသော်လည်း နတ်ဆိုးရှိနေသည့်နေရာ၌ ဗုဒ္ဓရှိနေမည်တော့မဟုတ်ချေ!
သူသည် ဆုံးပါးသွားတော့မည်ကို သိနေခဲ့လျှင်ပင် ဗုဒ္ဓ၏အစွမ်းသတ္တိကို ပြသနိုင်ရန်အတွက် နတ်ဆိုးနှင့် တိုက်ခိုက်ရမည်ဖြစ်သည်!
ဘုန်းကြီး ဝူနျာန်သည် စိတ်ထဲ၌ သူ၏ယုံကြည်ချက်တို့ကို ပို၍ခိုင်မာအောင်လုပ်ခဲ့ချိန်တွင် အဝေး၌ ပုန်းနေခဲ့ကြသည့် မုယွင်ဖေး၊ လင်းဖေးဝူနှင့် အခြားသောသူတို့သည်လည်း အံ့အားသင့်သွားခဲ့ကြသည်။
မုယွင်းဖေးဖြစ်စေ လင်းဖေးဝူနှင့် အခြားသူများဖြစ်စေ သူတို့၏ ပုံသဏ္ဍာန်တို့သည် ရှန်ရှန့်ကျုံဂိုဏ်းအား မဝင်ခင်တွင် ရိုးရှင်းလှသည်မဟုတ်ချေ။ သူတို့သည် နတ်ဆိုးတို့၏ ဇစ်မြစ်ကို သဘာဝကျစွာနှင့် သိရှိနေခဲ့ကြသည်။ အခြားနည်းနှင့်ပြောရလျှင် သမားတော်များဖြစ်နေပါက နတ်ဆိုးတို့၏ ကြောက်စဖွယ်ကောင်းပုံကို မသိသူမသိကြပါ. .
သူတို့သည် ဖေးယုဂိုဏ်း၏ ထိပ်တန်းပါရမီရှင်ဖြစ်သူ ယဲ့ဖုန်းသည် လျှို့ဝှက်စွာနှင့် နတ်ဆိုးတို့ကို သန့်စင်နေခဲ့မည်မထင်ထားခဲ့ကြပါ။ ဤအကြောင်းအရာသာ ပြန့်နှံ့သွားခဲ့လျှင် ယောင်ရီအင်ပါယာကြီးတစ်ခုလုံးအား အံ့အားသင့်သွားစေမည်ဖြစ်ပေသည်။ ချိပ်ပိတ်ခြင်းပြီးဆုံးသွားခြင်းသည် ဤအချက်ကြောင့် ပို၍ပင် စိတ်သောကရောက်စရာကောင်းလှဦးမည်။
ကျင့်ကြံသူတို့သည် အမြဲတစေ နတ်ဆိုးများအပေါ် သည်းခံမှုလုံးဝမရှိကြပါ။သူတို့သည် သင့်အနေနှင့် ဤအရာမှလွဲ၍ ရွေးချယ်စရာမရှိတော့ကာ သေရေးရှင်ရေးဖြစ်နေသည်ကိုလည်း သိမည်မဟုတ်ပါ။ ယဲ့ဖုန်းသည် မည်ကဲ့သို့ပင် နတ်ဆိုးကျင့်စဥ် ကျင့်ရန်သတ္တိမွေးလိုက်နိုင်ခဲ့ပါသနည်း?