သင်သာ ဗုဒ္ဓဖြစ်လာလျှင် ဝူရှန်းဂိုဏ်းက ဂုဏ်ယူနေလိမ့်မည်
Vol. 4 Ch. 51
ဝူနျာန်၏ ဟိမ်းဟောက်လိုက်သံကို ကြားလိုက်ရပြီးနောက် ယဲ့ဖုန်း သည် ကျယ်လောင်စွာ ရယ်လိုက်ခဲ့သော်လည်း ရုတ်တရက် ထွက်ပေါ်လာခဲ့သည့်အသံသည် သူ့အပြုံးအား ခဏတာ ရပ်တံ့သွားစေခဲ့ကာ သူသည် မြန်မြန်ဆန်ဆန်ပင် လှည့်ကြည့်လိုက်ခဲ့သည်။
ဝူနျာန်သည်လည်း ခဏတာ ကြောင်တောင်တောင် ဖြစ်သွားခဲ့ကာ သူသည် အသံကိုကြားလိုက်ခဲ့၍ ကြည့်လိုက်ခဲ့သည်!
ထိုသူနှစ်ဦး၏ အကြည့်များအောက်တွင် ဝမ်ဖုန်းသည် မုယွင်ဖေးနှင့် အခြားသူများကို ပုန်းကွယ်နေသည့် နေရာမှ ထွက်ခိုင်းလိုက်ခဲ့ကာ ဘုန်းကြီး ဝူနျာန်အပါအဝင် ထိုသူနှစ်ဦးရှေ့သို့ လျှောက်သွားခဲ့ကြသည်။
ဝမ်ဖုန်းနှင့် အခြားသူတို့များအား မြင်သွားခဲ့သည့်အခါတွင် ယဲ့ဖုန်း၏ အကျည်းတန်သည့် မျက်နှာပေါ်တွင် အံ့ဩနေပုံပေါ်ပေါက်လာခဲ့သည်။ဝမ်ဖုန်းနှင့်အခြားသူတို့၏ လုပ်ပုံကိုင်ပုံတို့အား ကြည့်ရုံနှင့် သူတို့သည် အချိန်အတော်ကြာကြာပုန်းနေခဲ့သည်မှာ သိသာနေခဲ့သည်။ သို့သော်လည်း ယဲ့ဖုန်းသည် ဝမ်ဖုန်းနှင့် အခြားသူတို့၏ အသက်ရှူသံတို့ကို လုံးဝပင် သတိမထားမိခဲ့ပါသည်လား?
နတ်ဆိုးပုံပြောင်းသွားပြီးနောက်၌ပင် တော်ဝင်မင်းသားအဆင့်၏ အထွတ်အထိပ်အဆင့်ရှိသူဖြစ်သော သူသည်ပင် သတိမပြုမိလိုက်ခဲ့သည်လား? သို့သော် သူသည် စိတ်ခြောက်ခြားခဲ့သော်လည်း ယဲ့ဖုန်းသည် ဝမ်ဖုန်းနှင့် အခြားသူတို့၏ အသက်ရှူသံတို့ကို ဖုံးကွယ်လိုက်နိုင်သည်မှာ ရတနာတစ်ခုသုံးထားသောကြောင့်ပင် ဖြစ်ရမည်ဟု တွေးနေခဲ့သည်။ အင်ပါယာသုံးခုလုံးတွင်ပင် တော်ဝင်မင်းသားအဆင့်၏ အထွတ်အထိပ်ရောက်ထားသည့် ထိပ်တန်းပါရမီရှင်တို့ တစ်ယောက်မျှပင် မရှိခဲ့ပါ။
ဝမ်ဖုန်းနှင့် အခြားသူတို့သည် ဤနတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံ၌ ပါဝင်ဆင်နွဲရန် လာခဲ့သောကြောင့် ယဲ့ဖုန်းသည် ထိုသူတို့သည် ဂိုဏ်းတစ်ခု၏ အတော်ဆုံးတို့ပင်ဖြစ်ရမည်ဟု တွေးနေသော်လည်း ထိုသူတို့သည် လုံးဝ တော်ဝင်မင်းသားအဆင့်၏ အထွတ်အထိပ်ရှိ ကျင့်ကြံမှု ရှိနေမည်မှာ မဖြစ်နိုင်ပါ။
ထို့ကြောင့် ယဲ့ဖုန်းသည် ဝမ်ဖုန်းနှင့် အခြားသူများအပေါ်တွင် ကြောက်ရွံ့နေခြင်း လုံးဝမရှိနေခဲ့ကာ ကြောက်နေမည့်အစား ကောက်ကျစ်သည့် အပြုံးနှင့် ပြောခဲ့သည်။
“ဒီလို နှံကောင်လေးတွေ ပုန်းနေဦးမယ်လို့ မထင်ထားခဲ့ဘူး။ ဒါပေမဲ့ မင်းတို့ ဒီလိုပုန်းနေဖို့တော့ အရမ်း သတ္တိရှိဖို့လိုခဲ့မှာပဲနော်။ ပြေးလို့ရသေးတယ်မဟုတ်လား?”
“ဟင်? ထျန်းရှင်းဂိုဏ်းက လီထျန်းရှင်းပါလား? မင်း ယုဖေးနဲ့ အတူ မနေခဲ့ဘူးလား? အဲ့အစား ဒီလို ပုရွက်ဆိတ်လေးတွေနဲ့ ပေါင်းလိုက်တယ်ပေါ့လေ? ဘာလို့လဲ၊ ငါကိုပါ ရန်သူ ဖြစ်ချင်နေလို့လား?”
အသံတိတ်သွားသည့်နောက်တွင် ယဲ့ဖုန်းသည် ဝမ်ဖုန်းဘေး၌ ရပ်နေသည့် အရိပ်ကွယ်နေသည့်သူအား တွေ့သွားခဲ့ကာပြောလိုက်ခဲ့လေသည်။
ယဲ့ဖုန်းသည် သူ၏နှုတ်ခမ်းအား လျက်လိုက်ကာ မျက်နှာပေါ်တွင် ထူးဆန်းသည့် အပြုံးတစ်ခုပေါ်လာခဲ့လေသည်။ အင်ပါယာတစ်ခုလုံးမှ လူငယ်မျိုးဆက်များအတွင်း၌ လီထျန်းရှင်း၏ အမည်အား မသိသူမရှိသော်လည်း လူငယ်မျိုးဆက်မှ မည်သူမျှသည် လီထျန်းရှင်းအား လေးစားမှုမရှိခဲ့ပါ။ ယဲ့ဖုန်းသည်လည်း ထိုကဲ့သို့ပင် ထင်မြင်ထားသော်လည်း အင်ပါယာ၏ မင်းသားကြောင့် မိုက်မိုက်ကန်းကန်း မပြုလုပ်ခဲ့ရဲပါ။
သို့သော် ယခုအချိန်တွင် သူ၏ မှော်စွမ်းအင်တို့ကို ထုတ်ဖော်ပြခဲ့ပြီးဖြစ်သောကြောင့် သူသည် မိုက်မဲနေကာ မရိုးဖြောင့်တော့ပါ။ သူသည် ယနေ့တွင် ဘုန်းကြီး ဝူနျာန်ကိုသာ အနိုင်ရလိုက်နိုင်သည်မဟုတ်ဘဲ ပြိုင်ဘက်ကင်းသည့် အလှလေးကိုပါ ရရှိလိုက်နိုင်အောင်ပင် ကံကောင်းနေခဲ့မည်ဟု မထင်ထားခဲ့ပါ။
ယဲ့ဖုန်းပြောလိုက်သည့် စကားများကို ကြားလိုက်ရသည့်အခါတွင် လီထျန်းရှင်းသည် ထိုစကားတို့အား လျစ်လျှူရှုလိုက်၍ ဝမ်ဖုန်းဘေး၌သာ တိတ်တဆိတ်ရပ်နေခဲ့သည်။ ဤမြင်ကွင်းသည် ယဲ့ဖုန်း၏ မျက်နှာထားကို ပြောင်းသွားစေခဲ့ကာ သူ၏ ကြက်သွေးနီရောင် မျက်လုံးတို့သည် ဝမ်ဖုန်းအား စိုက်ကြည့်နေ၍ ဒီလူက ဘယ်သူပါလိမ့်? လီထျန်းရှင်းကိုများ ဘာလို့ ဒီလို ဆက်ဆံနေရတာပါလဲ? ဟုတွေးမိနေခဲ့သည်။
“မင်းကဘယ်သူလဲ ကောင်လေး?”
တွေးတောလိုက်မိသည့်အခါတွင် ယဲ့ဖုန်းသည် မတွန့်ဆုတ်သွားခဲ့ကာ တိုက်ရိုက်မေးခဲ့လိုက်၍ သူ၏မျက်နှာပေါ်၌ မာနကြီးပုံသာ ပေါ်နေခဲ့ကာ ဝမ်ဖုန်းနှင့် အခြားသူတို့အတွက် ဖြည့်မတွေးပေးခဲ့သည်မှာ သေချာသည်!
သူသည် နတ်ဆိုးအသွင်သို့ ပြောင်းသွားပြီးပြီပင်ဖြစ်သောကြောင့် သူ၏အင်အားသည် တော်ဝင်မင်းသားအဆင့်၏ အထွတ်အထိပ်နှင့်ပင် နှိုင်းယှဉ်ရနိုင်သည်။ ဤနေရာ၌ အိမ်ရှေ့စံမင်းသား ယုဖေး ရှိနေခဲ့သည်ဆိုလျှင်ပင် သူသည် လုံးဝ ကြောက်လန့်သွားမည်မဟုတ်သောကြောင့် ဝမ်ဖုန်းကဲ့သို့သော လူမသိသူမသိ ပုဂ္ဂိုလ်အား စိတ်ထဲထည့်၍ စဉ်းစားနေစရာပင် မလိုခဲ့ပါ။
“ငါရဲ့ကမ်းလှမ်းချက်ကို ဘယ်လိုမြင်မိလဲ?”
ဝမ်ဖုန်းသည် ယဲ့ဖုန်းအား လျစ်လျှူရှုထားလိုက်သော်လည်း ဝူနျာန်ကို ကြည့်လိုက်၍ မျက်မှောင်ကြုတ်ကာ ပြောသည်။
ဝူနျာန်သည် ဝမ်ဖုန်း၏ မေးခွန်းကို ကြားလိုက်ရသည့်အခါတွင် အံ့အားသင့်သွားခဲ့လေသည်။ သူသည် ဝမ်ဖုန်းက စနောက်နေခဲ့ခြင်းသာဖြစ်သည်ဟု ထင်နေခဲ့သော်လည်း ဤအချိန်တွင် ဝမ်ဖုန်းသည် အတည်ပြောနေပုံပေါ်လေသည်။
“ ကျွန်တော့်ကို ဝူရှန်းဂိုဏ်းကနေထွက်ပြီး ခင်ဗျားနောက် လိုက်ခိုင်းနေတာလား?”
ဝူနျာန်သည် မျက်မှောင်ကြုတ်လိုက်၍ ဝမ်ဖုန်းအား စိုက်ကြည့်နေခဲ့ကာ အသံအောအောနှင့် ပြောလိုက်သည်။
ယဲ့ဖုန်းသည်မူ ဝမ်ဖုန်း သူ့အား လျစ်လျှူရှုလိုက်ကာ ဝူနျာန်အား သူ့ဘာသာ စကားစပြောနေခဲ့သည်ကို တွေ့လိုက်ရသည်။သူသည် ဒေါသမထွက်သွားခဲ့သော်လည်း ထူးထူးဆန်းဆန်းနှင့် ပြုံးနေခဲ့သည်။ သူ၏အမြင်တွင် ဝမ်ဖုန်းနှင့် အခြားသူတို့သည် သေဆုံးပြီးသားလူများ ဖြစ်နေကြပြီဖြစ်၍ ထိုလူသေတို့သည် အတိတ်အကြောင်း ပြန်လည်တွေးတောနေကြခြင်းပင်ဖြစ်သည်။ သူ့စိတ်ထဲတွင် သူသည် အလွန်ညှာတာတတ်သည်၊ သူတို့စကားပြောကြပါစေလေဟု တွေးနေမိလေသည်။
ယဲ့ဖုန်းသည် ဝမ်ဖုန်းနှင့် အခြားသူတို့သည် သူ့အတွက် အန္တရာယ်ရှိသူများဟုပင် မသတ်မှတ်ထားခဲ့ပါ။ သူတို့သည် ယဲ့ဖုန်းအတွက် ကိစ္စအသေးအမွှားလေးများသာ ဖြစ်ကြ၍ သူသည် နတ်ဆိုးတစ်ကောင်အဖြစ်ပင် အသွင်ပြောင်းပြီးပြီဖြစ်သောကြောင့် ရန်ဘက်သည် ဆန်းကြယ်အကြီးအကဲအဆင့်ရှိ အင်အားကြီးပုဂ္ဂိုလ်များ ဖြစ်နေခဲ့လျှင်ပင် သူသည် တစ်ဦးစ၊ နှစ်ဦးစလောက်တော့ တိုက်ခိုက်ရဲမည်ဖြစ်သောကြောင့် ဝမ်ဖုန်းနှင့် ဤပုရွက်ဆိတ်သာသာလေးများသည် အသွေးအမွှားလေးများသာ ဖြစ်နေသည်မဟုတ်ပါသလား?
ဝမ်ဖုန်းသည် ယဲ့ဖုန်းမှ သူတို့အား လူသေကောင်များအဖြစ် သတ်မှတ်လိုက်ခဲ့ပြီကို မသိလိုက်ခဲ့ပါ။ သူသည် ဝူနျာန်အား တည်တည်ငြိမ်ငြိမ်နှင့် ကြည့်လိုက်၍ အနည်းငယ်ခေါင်းညိတ်လိုက်ခဲ့သည်။
“ဘာလို့လဲ?”
ဝူနျာန်သည် အော်ပြောလိုက်ခဲ့သည်။ တစ်စုံတစ်ဦးသည် သူ့အား သာမန်အခြေအနေ၌ ဝူရှန်းဂိုဏ်းမှ ထွက်ရန်ပြောခဲ့ပါက သူသည် တကယ်ပင် ထိုသူအား ပါးထရိုက်မိမည်ဖြစ်သော်လည်း ယခုအချိန်တွင် ယဲ့ဖုန်းဆိုသည့် အန္တရာယ်တစ်ခုလည်း ရှိနေသောကြောင့် သူသည် အလွန်ဒေါသမထွက်နေခဲ့ပါ။
ဝူနျာန်သည်ပင် ဝမ်ဖုန်းနှင့် အခြားသူတို့သည် ရယ်ဖွယ်ကောင်းသည်ဟု ထင်နေမိသည်။ ဤကဲ့သို့ ကြောက်စဖွယ် ရန်သူဖြစ်သည့် ယဲ့ဖုန်းအား ထိပ်တိုက်ရင်ဆိုင်ရမည့် အခြေအနေတွင် သူတို့သည် ထွက်မပြေးသွားခဲ့ရုံသာမက သူ့အား ပုံမှန်ကဲ့သို့ပင် သူ့အား ဂိုဏ်းထဲဝင်ရန်ဖိတ်ခေါ်နေခဲ့သေးသည်လား?
“မင်းက ကိုယ်တိုင် ကလဲ့စားချေချင်တယ်ဆိုရင်တော့ ငါတို့ ဂိုဏ်းကိုသာ ယုံလိုက်ပါ! ဗုဒ္ဓတစ်ပါးဖြစ်လာဖို့ကိုလည်း ငါတို့ဂိုဏ်းအပေါ်ကိုယုံလိုက်။ အင်အားမရှိတာကို နောက်တစ်ခါ တစ်ဘဝလုံး မတွေ့ကြုံရစေဖို့ ငါတို့ ဂိုဏ်းကိုသာ ယုံလိုက်!”
ဝမ်ဖုန်း၏ မျက်နှာသည် တည်ငြိမ်နေခဲ့ကာ ကျယ်ပြောလှသည့် ကြယ်ပင်လယ်လောက်ပင် နက်နဲသည့် သူ၏မျက်လုံးများသည် ဝူနျာန်အား စိုက်ကြည့်နေခဲ့၍ ပြောပြလိုက်ခဲ့သည်။
သူ၏စကားလုံးများသည် ပေါ့ပေါ့ပါးပါးသာ ပြောလိုက်ခဲ့ခြင်းဖြစ်သော်လည်း ဘုန်းကြီး ဝူနျာန်၏ နားစည်ထဲ၌ မိုးကြိုးပစ်သကဲ့သို့ပင် မြည်နေခဲ့လေသည်။
“ လခွမ်း! ဟားးဟားး! ငါကြားဖူးသမျှထဲမှာတော့ အကောင်းဆုံး ဟာသပဲ။ ငါ့ကိုဒီလို ဟာသပြောပေးလို့ မင်းကို မသေခင် အချိန်နည်းနည်းပိုပေးမယ်!”
ထို့နောက်တွင် ဝူနျာန်မည်သည်မျှပင် မပြောရသေးခင်တွင် သူ၏ဘေး၌ရှိနေသည့် ယဲ့ဖုန်းသည် အရင်ဆုံး ရယ်လိုက်၍ စနောက်ပုံနှင့် ပြောလာသည်။
“ဗုဒ္ဓတစ်ပါးဖြစ်လာဖို့ အခွင့်အရေးတဲ့လား? ဗုဒ္ဓဆိုတာ ဘာလဲရော သိလို့လား?”
ဝူနျာန်သည် ခေါင်းခါလိုက်၍ ပြောလိုက်ခဲ့သည်။ သူသည် မကဲ့ရဲ့လိုက်ခဲ့သော်လည်း သူ၏လေသံထဲတွင် ပါနေသည့် သံသယသံသည် ရဲရဲတင်းတင်းနှင့်ပင် ထွက်ပေါ်လာခဲ့သည်။
အင်ပါယာကြီးသုံးခု၏ နယ်မြေအတွင်းတွင် သူ၏ ဝူရှန်းဂိုဏ်းသည် တစ်ခုတည်းသော ဗုဒ္ဓဂိုဏ်းသာဖြစ်၍ သူ၏ ဝူရှန်းဂိုဏ်းသည်သာ ဗုဒ္ဓနှင့် တာအိုအမွေအနှစ်များ ပါဝင်နေသည့် ဂိုဏ်းဖြစ်သည်။ ယခုအချိန်တွင် တစ်စုံတစ်ဦးသည် ပြေးထွက်လာကာ သူ့အား ဗုဒ္ဓတစ်ပါးဖြစ်လာရန် အခွင့်အရေးပေးနိုင်မည်ဟုပင် ပြောလိုက်လေသည်! မည်သူမျှပင် ဤသူအား ယုံကြည်မည်မဟုတ်ကာ လူသူတို့သည် ထိုသူသည် ရူးနေခဲ့သည်ဟုပင် ထင်နေဦးမည်ဖြစ်သည်!
ဗုဒ္ဓတစ်ပါးဖြစ်ရန်ဆိုသည်မှာ ကျင့်ကြံသူတစ်ဦး အင်မော်တယ်ဖြစ်သွားခြင်းကဲ့သို့ပင်ဖြစ်သည်။ အိမ်မက်ကဲ့သို့သာဖြစ်နိုင်၍ ဤအရာသည် အိမ်မက်တစ်ခုသာ ဖြစ်နေရခြင်းသည် လက်လှမ်း၍မမှီနိုင်ကာ ထိုအရာအား ရရှိရန် တစ်ဘဝလုံးပင် ကျင့်ကြံနေရမည် ဖြစ်သောကြောင့်ပင်ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ဝမ်ဖုန်းသည် ဝူနျာန်အား ဗုဒ္ဓတစ်ပါးဖြစ်ရန် အခွင့်အရေးပေးနိုင်မည်ဟု တိုက်ရိုက်ပင် ပြောခဲ့လိုက်သောကြောင့် ဘုန်းကြီး ဝူနျာန်အား စိတ်ထဲတွင် မယုံမကြည်ဖြစ်နေစေခဲ့ကာ သူသည် ဤကဲ့သို့သော လူမျိုးနှင့် စကား အတော်အကြာ ပြောခဲ့သောကြောင့် သူသည်လည်း ရူးနေခဲ့သည်ဟု တွေးနေမိသည်!
“မိမိအတွက်သာလျှင် ဗုဒ္ဓ၊ မိမိသာလျှင် ဗုဒ္ဓ!”
ဤသို့ကြားလိုက်ရသည့်အခါတွင် ဘုန်းကြီး ဝူနျာန်သည် အံ့အားသင့်သွားခဲ့ကာ ဝမ်ဖုန်းအား သူ၏မျက်လုံးများထဲ၌ အံ့ဩနေပုံနှင့် ရုတ်တရက် ကြည့်လိုက်ခဲ့သည်။ သူသည် ဝမ်ဖုန်းသည် ဗုဒ္ဓဘာသာတရား၏ ထူးကဲ့သည့် အဓိပ္ပာယ်ကို သိရှိနေခဲ့မည်ဟု မထင်ထားခဲ့ပါ!
ဤကမ္ဘာကြီးထဲမှ လူတိုင်းသည် သူတို့ ဗုဒ္ဓဘာသာအား ကျင့်ကြံပုံနှင့် သူတို့ကျင့်ကြံနေသည်မှာ ဗုဒ္ဓပင်ဖြစ်သည်ဟု ထင်နေကြသည်။ သို့သော် စင်စစ်သည် ဗုဒ္ဓဘာသာအား ကျင့်ကြံနေသူတို့သည်ပင် သူတို့ကျင့်ကြံသည်မှာ ဗုဒ္ဓဖြစ်သည်ကို သိရှိထားကြလေကာ ဗုဒ္ဓဘာသာသည် 'မိမိ'လည်း ဖြစ်နေလေသည်။ မိမိသည်ပင် မူလ စိတ်ဝိဉာဉ်ဖြစ်၍ သက်ရှိတိုင်း၏ ရုပ်ပုံသဏ္ဍာန်ဖြစ်သည်!
သို့သော သာမန် ဗုဒ္ဓဘာသာအမွေဆက်ခံသူတို့သည် ဤထူးကဲ့သည့် အဓိပ္ပာယ်ကို သိမထားကြကာ သူ၏ခန္ဓာကိုယ်ထဲ၌ ဗုဒ္ဓဓာတ် နည်းနည်းမျှပင်မရှိသည့် ဝမ်ဖုန်းသည် မည်ကဲ့သို့ပင် ဗုဒ္ဓဘာသာ၏ ထူးကဲသည့် အဓိပ္ပာယ်ကို သိနေနိုင်ပါသနည်း?
သို့သော် ဝူနျာန်သည် ဝမ်ဖုန်းသည် ဗုဒ္ဓဘာသာ၏ ထူးကဲသည့်အဓိပ္ပာယ်ကို သိရှိနေသောကြောင့် အံ့အားသင့်သွားခဲ့သော်လည်း သူ့အား ဤအရာကြောင့်ပင် ယုံကြည်လိုက်စေမည်တော့ လုံးဝ မဟုတ်ပါ။
ဝမ်ဖုန်းသည်လည်း ဤသို့သိနေခဲ့သည်။ ထို့ကြောင့် သူ ဆက်ကာ ပြောလိုက်၏။
“ ဗောဓိ၌ သစ်ပင်မရှိကာ တောက်ပလှသည့် မှန်သည်လည်း ဇာတ်ခုံမဟုတ်”
ဝမ်ဖုန်း၏ စကားသံများ ထွက်ပေါ်လာသည့်အခါတွင် ဘုန်းကြီး ဝူနျာန်သည် အံ့အားသင့်သွားခဲ့လေသည်။ ဝမ်ဖုန်း၏ စကားများသည် သူ၏စိတ်ထဲတွင် ဗုဒ္ဓတစ်ပါးသည် သူ့အား ဗုဒ္ဓဘာသာနှင့် တာအိုတရားတို့၏ တရားတောိတို့ကို ပြောဆိုပြနေသကဲ့သို့ပင် အထပ်ထပ် အခါခါ တုန်ခါနေခဲ့လေသည်။ တစ်နည်းအားနှင့်ဆိုရလျှင် ထိုစကားများသည် သူ၏စိတ်တစ်ခုလုံးအား ထိုစကားလုံးများထဲသို့ စိမ့်ဝင်သွားစေကာ သူ့ကိုယ်သူ လွှတ်ချလိုက်ရန် မဖြစ်နိုင်ဖြစ်နေခဲ့သည်!
ဝမ်ဖုန်း၏ဘေးတွင် ရပ်နေခဲ့ကြသည့် မုယွင်ဖေးနှင့်အခြားသူတို့သည် ဝမ်ဖုန်းပြောလိုက်သည့် စကားတို့၏ အဓိပ္ပာယ်များကို နားမလည်ခဲ့ပါ။ ဝမ်ဖုန်းပြောလိုက်သည်တို့ကို ကြားလိုက်ရသည့်အခါတွင် သူတို့၏ စိတ်များထဲတွင် လုံးဝ တိတ်ဆိတ်သွားခဲ့သည်။ ဝမ်ဖုန်း၏စကားများထဲ၌ သူတို့အားလုံးကို စိုးရိမ်စရာတစ်ခုပင်မရှိ၍ ဗလာဖြစ်သွားစေခဲ့သည့် မှော်ပညာတစ်စုံတစ်ခု ပါဝင်နေခဲ့သလိုပင်ဖြစ်လေသည်။
“မင်း…”
ဘုန်းကြီး ဝူနျာန်သည် အချိန်ကြာကြာငြိမ်နေပြီးနောက်မှသာလျှင် ပြန်လည် သတိရလာခဲ့လေသည်။ သူသည် ဝမ်ဖုန်းအား အံ့ဩစွာနှင့် ကြည့်လိုက်ခဲ့၍ စကားပြောချင်နေခဲ့သော်လည်း စကားပြောရန် ပါးစပ်ဟလိုက်သည့်အခါတွင် မည်သည်မျှ မပြောနိုင်ခဲ့ပါ။
သူ၏စိတ်ထဲတွင် ဝူနျာန်သည် လှုပ်ရှားလိုက်ရန် အနည်းငယ် စိတ်လောနေခဲ့သည်။ဤကဲ့သို့သော ဇန်စကားများကို ပြောနိုင်သောသူသည် ဗုဒ္ဓဘာသာနှင့် တာအိုတရားတွင်အလွန့်အလွန် ယုံကြည်သက်ဝင်နေရလေမည်ဖြစ်၍ ဝူရှန်းဂိုဏ်း၏ ဂိုဏ်းချုပ်သည်ပင် ထိုသူတို့နှင့် မယှဉ်နိုင်ပါ။
ဗုဒ္ဓဘာသာနှင့် တာအိုတရား၏ စင်စစ်သခင်များသည်ပင် ဤကဲ့သို့သော ဉာဏ်မမှီနိုင်သည့် ဇန် စကားတို့ကို နားလည်နိုင်မည်ဖြစ်လေသည်!
“ငါတို့ ဂိုဏ်းထဲဝင်ခိုင်းရတာက မင်းရဲ့ လက်ရှိဂိုဏ်းကို သစ္စာဖောက်ခိုင်းတာမဟုတ်ဘဲ ဂိုဏ်းကိုပြောင်းလိုက်ပြီး ကျင့်ကြံမှု ပိုကောင်းတဲ့နေရာမှာ လေ့ကျင်စေချင်ရုံပါပဲ။ ကြည်လင်တဲ့စိတ်ရှိပြီး မင်းဟာ သဘာဝတရားကို တွေ့နိုင်မှသာ ကိုယ့်ရဲ့ စင်စစ်ပုံသဏ္ဍာန်ကို တွေ့နိုင်မှာပေါ့။ မင်း ဗုဒ္ဓတစ်ပါးဖြစ်သွားပြီးရင်တော့ ဝူရှန်းဂိုဏ်းက မင်းအတွက် အရမ်း ဂုဏ်ယူနေမိမှာပါ!”
ဝမ်ဖုန်းသည် ဘုန်းကြီး ဝူနျာန်အား လှည့်ကြည့်လိုက်၍ သိမ်သိမ်မွေ့မွေ့နှင့် ပြောလိုက်ခဲ့သည်။
ဤသို့ပြောလိုက်သည်မှာ ဘုန်းကြီး ဝူနျာန်ကိုလည်း အံ့အားသင့်သွားစေခဲ့ကာ ခန္ဓာကိုယ်တစ်ခုလုံးသည် လုံးဝ တောင့်တင်းသွားခဲ့ကာ ဝမ်ဖုန်းအား တည်တည်ငြိမ်ငြိမ်ကြည့်လိုက်ခဲ့၍ တည်ငြိမ်စွာနှင့်ပင် ပြောလိုက်ခဲ့သည်။
“ကောင်းပြီလေ။ ခင်ဗျားရဲ့ဂိုဏ်းထဲ ကိုယ်တော် ဝင်ပါမယ်။"
“ကောင်းပါပြီ။ အခုကစပြီး မင်းက ငါရဲ့ ရှန်ရှန့်ကျုံဂိုဏ်းတပည့်တစ်ယောက်ဖြစ်သွားပြီ!”
ဘုန်းကြီး ဝူနျာန်ပြောလိုက်သည်တို့ကို ကြားလိုက်ရသည့်အခါတွင် ဝမ်ဖုန်းသည် ကျေနပ်နေပုံနှင့် ခေါင်းညိတ်လိုက်လေသည်။ အမယ်လေး၊ သူသည် ဤဘုန်းကြီးအား နောက်ဆုံးတော့ လှည့်စားလိုက်နိုင်ခဲ့လေပြီ။ ထိုအရာသည် သူ့အတွက် မလွယ်ကူခဲ့ပါ။
“ကျစ် ၊ ကျစ် , ဝူနျာန်ရယ် ငါက မင်းကို အရမ်း လေးစားထားတာကွာ။ငါ့ကိုလည်း နည်းနည်းအခက်တွေ့သွားစေသေးတာကို။ ဒါပေမဲ့ မင်း ဒီလောက် တုံးအနေလိမ့်မယ်တော့ မထင်မိခဲ့ဘူး။”
ဝမ်ဖုန်း ပြောပြီးသွားပြီးနောက်တွင် ဝူနျာန်ဘေး၌ ရှိနေခဲ့သည့် ယဲ့ဖုန်းသည် ကဲ့ရဲ့စွာနှင့် ပြုံးလိုက်ခဲ့သည် ။
“ပြီးတော့ မင်းကိုရော ဘယ်သူက ထွက်သွားလို့ ရပြီပြောလိုက်လို့လဲကွ?”
ယဲ့ဖုန်းသည် စနောက်လိုက်ပြန်သည်။ သူ၏ မျက်လုံးများကို မှေးလိုက်၍ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အေးဆက်သည့် လူသတ်ချင်ပုံ အရှိန်အဝါ ပေါ်ပေါက်လာခဲ့သည်။
“ငါရဲ့ ရှန်ရှန့်ကျုံဂိုဏ်းထဲကို ဝင်လာခဲ့ပြီးပြီဆိုတော့ ဂိုဏ်းက မင်းလက်နဲ့ ကိုယ်တိုင် ကလဲ့စားခြေနိုင်ဖို့ လုပ်ပေးရမှာပေါ့!”
ဝမ်ဖုန်းသည် ယဲ့ဖုန်းအား လျစ်လျှူရှုထားလိုက်ကာ ဘုန်းကြီး ဝူနျာန်ကို ကြည့်လိုက်၍ သိမ်သိမ်မွေ့မွေ့နှင့် ပြောလိုက်ခဲ့လေသည်။
“ဂိုဏ်း…!”
ဘုန်းကြီး ဝူနျာန်သည် ဝမ်ဖုန်းပြောလိုက်သည့် စကားများကို ကြားလိုက်ရသည့်အခါတွင် ခဏတာ အံ့ဩသွားခဲ့လေသည်။ ထို့နောက်တွင် သူသည် လျင်လျင်မြန်မြန်ပြောလိုက်ချင်ခဲ့သော်လည်း သူ စကားပြောနေချိန်တွင်ပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အေးခဲသွားခဲ့လေသည်။
ဝမ်ဖုန်းသည် သူ၏လက်အား ဆန့်ထုတ်လိုက်၍ ယဲ့ဖုန်းကို ကိုင်တွယ်လိုက်သည်ကို တွေ့လိုက်ခဲ့ရသည်။ ထိုသို့လုပ်လိုက်ခြင်းသည် ဝမ်ဖုန်းသည် လေထုကြီးကို ကိုင်ရန် လုပ်ခဲ့သလိုပင် ဖြစ်နေသောကြောင့် ယဲ့ဖုန်းအား ပို၍ပင် အံ့ဩပုံပေါက်သွားစေခဲ့သော်လည်း ခဏအကြာတွင် သူသည် မရယ်နိုင်တော့ပါ။ အရပ်ရပ်မှ သူ့အား မလှုပ်နိုင်ရန် ထိန်းထားသည့် ကြောက်စဖွယ် ဖိအားရှိနေခဲ့လေသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား လက်ကြီးတစ်စုံမှ ကိုင်တွယ်လိုက်သကဲ့သို့ပင်ဖြစ်သည်။ ထို့နောက် သူသည် ဝမ်ဖုန်းသည် သူ့လက်တို့အား ပြန်လည်ရုတ်သိမ်းလိုက်သည်ကို တွေ့ခဲ့လေသည်။သို့သော် သူသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ပွတ်လိုက်ကာ ဝမ်ဖုန်းနှင့် အခြားသူတို့ရှေ့၌ တိုက်ရိုက် ထွက်ပေါ်လာခဲ့သည်။ အသံတစ်သံထွက်ပေါ်လာ၍ သူသည် ဘုန်းကြီး ဝူနျာန်အရှေ့၌ ဒူးထောက်လိုက်ခဲ့သည်!
ဘုန်းကြီး ဝူနျာန်သည် ကြောင်အသွားခဲ့ကာ ယဲ့ဖုန်းကိုယ်တိုင်သည်လည်း အံ့ဩသွားခဲ့သည်။ သူသည် ဤတချိန်လုံးတွင် မည်ကဲ့သို့မျှ မတုန့်ပြန်ခဲ့ကာ ဘုန်းကြီး ဝူနျာန်အရှေ့၌ တိုက်ရိုက် ဒူးထောက်သွားခဲ့သည်။
ဤအချိန်၌ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အင်အားတို့သည် လုံးဝကုန်ဆုံးသွားခဲ့သည်ကို ခံစားလိုက်ခဲ့ရသည်။ သူသည် မည်ကဲ့သို့ပင် လှုပ်ရှားစေ သက်ရောက်မှု လုံးဝမရှိခဲ့ပါ။ သူ့အား ဖိထားခဲ့သည့် လက်ကြီးတစ်စုံအား မဖွင့်လိုက်နိုင်သေးကာ သူ့တွင် ရုန်းကန်နေရန်လည်း အင်အားအလုံအလောက်မရှိခဲ့ပါ!
“ဒါက….ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ?”
ဤသို့နှိုင်းယှဉ်ပြီးသွားသည့်နောက်တွင် ယဲ့ဖုန်းသည် လန့်ဖြတ်သွား၍ ဟိမ်းဟောက်လိုက်ကာ သူသည် နတ်ဆိုးအသွင် ပြောင်းသွားခဲ့သော်လည်း ယဲ့ဖုန်းသည် တော်ဝင်မင်းသားအဆင့်၏ အထွတ်အထိပ်၌ ရှိသူ အင်အားကြီးပုဂ္ဂိုလ်တစ်ဦးပင်ဖြစ်သောကြောင့် ဤကဲ့သို့သော ထူးဆန်းလှသည့် အခြေအနေသည် မည်ကဲ့သို့ပင် ဖြစ်ပေါ်လာနိုင်ခဲ့ပါသနည်း?သူ၏ ခန္ဓာကိုယ်ထဲမှ အင်အားတို့သည် အနည်းငယ်မျှပင် မတုံ့ပြန်ခဲ့သည်သာမက သူ၏ မှော်စွမ်းအား ကိုလည်း အသုံးပြု၍မရတော့ပါ။
ထိုလက်ကြီးများသည် သူ၏ခန္ဓာကိုယ်အား ချုပ်ထားလိုက်ရုံသာမက သူ၏ ကျင့်ကြံမှု အရင်းအမြစ်၏ အင်အားကိုလည်း !ချုပ်ထားလိုက်ခဲ့လေသည်