ထူးဆန်းသည့် ဖြစ်တည်မှု
Vol. 4 Ch. 53
လင်းဖေးဝူ ပြောလိုက်သည်ကို ကြားလိုက်ရသည့်အခါတွင် မုယွင်ဖေး၏ မျက်နှာသည် တည်ငြိမ်သွား၍ သူသည် ပြောလိုက်ခဲ့သည်။
“ ဂိုဏ်းတူအစ်မ စိုးရိမ်မနေပါနဲ့။ ကျွန်တော် ဂိုဏ်းချုပ်ကို စိတ်မပျက်စေရပါဘူး!”
လီထျန်းရှင်း နှင့် ဘုန်းကြီး ဝူနျာန် တို့သည် မည်သည်မျှ မပြောခဲ့ကြသော်လည်း တည်ငြိမ်စွာနှင့် ခေါင်းညိတ်လိုက်ခဲ့ကြသည်။
ဘုန်းကြီး ဝူနျာန်သည် ခေါင်းညိတ်လိုက်ပြီးနောက်တွင် သူ၏ဘေးရှိ တိတ်ဆိတ်နေသော လီဟေးကို ကြည့်လိုက်ကာ ဝူနျာန်သည် စိတ်ထဲတွင် စိတ်လှုပ်ရှားနေခဲ့သည်။ သူသည် ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်လာပြီးသည့်အခါမှ စ၍ ယခုအချိန်အထိ စကားတစ်လုံးမျှပင် မပြောရသေးပါ။
ထိုမှအပ ဝူနျာန်သည် တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် လီဟေးသည် သာမန်မဟုတ်ပါဟု တွေးတောမိနေခဲ့သည်။
ယေဘုယျအားဖြင့် စကားပြောနည်းသူတို့သည် အင်အားကြီးသူများဖြစ်ကြသည်။ ထိုသူတို့သည်သာ အေးတိအေးဆက်ဖြစ်နေပါက ထိုအင်အားကြီးသူတို့မှ ကမ္ဘာကြီးကို အံ့အားသင့်စွာနိုင်လောက်သည့် အင်အားများ ထွက်ပေါ်လာခဲ့မည်ဖြစ်သည်။ ဘုန်းကြီးဝူနျာန်သည် လီဟေးသည်လည်း ထိုကဲ့သို့သော သူပင်ဖြစ်သည်ဟုထင်မှတ်နေခဲ့သည်။
ဤကဲ့သို့သော ခံစားချက်သည် အလွန်ထူးဆန်းနေလှသည့်အကြောင်းသည် လီဟေးသည် သာမန် မော်တယ်လူသာဖြစ်သော်လည်း ဘုန်းကြီး ဝူနျာန်သည်မူ လီဟေးသည် အလွန်ကြောက်ဖို့ကောင်းသည်ဟု ထင်နေခဲ့သည်။
“အဲ့တာဆိုရင် အမှတ်သွားရှာရအောင်!”
မုယွင်ဖေး၏ စကားကိုကြားလိုက်သည့်အခါတွင် လင်းဖေးဝူသည် မျက်မှောင်ကြုတ်လိုက်ကာ ပြောခဲ့သည်။ ယခုအချိန်တွင် ဂိုဏ်းချုပ်သည် အဝေးရောက်နေ၍ သူမသည် စီနီယာအစ်မကြီးဖြစ်သောကြောင့် ထိုကဏ္ဍနှင့် အညီ ဖြည့်ဆည်းပေးရတော့မည်ဖြစ်သည်။
လင်းဖေးဝူမှ ဦးဆောင်ခဲ့သည့် အုပ်စုသည် နတ်ဆိုးချိတ်ပိတ်ခြင်း နယ်မြေတွင် အမှတ်များ စတင် ရရှိလာခဲ့တော့သည်။
…………
တစ်ဖက်တွင်တော့ ဝမ်ဖုန်းသည် ဟင်းလင်းပြင်အတွင်း လျင်မြန်စွာ ပျံသန်းပြေးလွှားနေသည်။ သူသည် နတ်ဆိုးချိပိပိတ်ခြင်းနယ်မြေ အတွင်းပိုင်းသို့ တိုက်ရိုက်ဝင်မသွားခဲ့ပေ။ ထိုအစား ရှေးဟောင်းနတ်ဘုရားနယ်မြေအတွင်းသို့ ကွေ့ကာဝိုက်ကာဖြင့် ဝင်ရောက်သွားသည်။ (ဆိုလိုတာက နတ်ဆိုးချိပ်ပိတ်ခြင်းနယ်မြေကို ဖြတ်သန်းပြီးမှ ရှေးဟောင်းနတ်ဘုရားနယ်မြေ အတွင်းပိုင်းကို ဝင်မသွားဘဲ၊အဲ့နေရာကိုရှောင်ကွေ့ပြီး ဝင်သွားတယ်ပြောတာပါ)
ဤနေရာ၌ လေကြမ်းများ တိုက်ခက်နေသော်လည်း သူ၏အရှိန်သည် ပို၍လျင်မြန်နေသည်။ နတ်ဆိုးချိပ်ပိတ်ခြင်း နယ်မြေ၌ မကောင်းဆိုးဝါးများစွာရှိနေခဲ့သည်။ ဝမ်ဖုန်း၏ ကျင့်ကြံမှု အဆင့်သည် ဆန်းကြယ်အင်ပါယာအဆင့်၏ အထွတ်အထိပ်တွင် ရှိနေခဲ့သည်ဆိုသော်လည်း နတ်ဆိုးချိပ်ပိတ်ခြင်း နယ်မြေသို့ ဖြတ်သွား၍ ရှေးဟောင်းနတ်ဘုရားနယ်မြေနက်ထဲသို့ ဝင်သွားပြီးနောက်တွင် ထိုကျင့်ကြံမှုကို လိုအပ်နေမည်ဖြစ်သည်။ အချိန်များကို မဖြုန်းတီးလိုက်ချင်ပါ။
ဝမ်ဖုန်းအတွက်ဆိုလျှင် သူသည် နတ်ဆိုးတိုင်ပင်ဆွေးနွေးရေး ညီလာခံ အပြီးတွင် ပြန်လာနိုင်ရဲမည်အား သေချာမသိသေးသော်လည်း ဝမ်ဖုန်းသည် နတ်ဆိုးတိုင်ပင်ဆွေးနွေးရေးညီလာခံမပြီးခင် ရလက် ကြည့်ရန် မြန်နိုင်သလောက် မြန်မြန်လုပ်လိုက်ချင်သည်။
ဝမ်ဖုန်း အစ၌ ရှိနေခဲ့သည့် ချိုင့်သို့ပြန်ရောက်လာရန် သိပ်မကြာခဲ့ပါ။ သူသည် ချိုင့်တစ်ခုလုံးအား ကြည့်လိုက်ကာ နက်နဲလှသည့် ချိုင့်၏ အောက်ခြေသို့ ကြည့်လိုက်၍ ဝမ်ဖုန်းသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ခဲ့သည်။
“ဒင် ဗုဒ္ဓဘာသာဝင် တပည့် ဝူနျာန် ကို အောင်မြင်စွာနဲ့ ခေါ်လိုက်နိုင်တာကြောင့် ဝမ်းမြောက်မိပါတယ်, ဒါအတွက် ဂိုဏ်းပေါင်း 30,000 နှင့်အတူ အထူး ထီအခွင့်အရေး ဆုချီးမြှင့်လိုက်ပါတယ်!”
“ဒင် ၊ အထူး ပါရမီရှင် လီထျန်းရှင်းကို အောင်မြင်စွာနဲ့ ခေါ်လိုက်နိုင်တာကြောင့် ဝမ်းမြောက်မိပါတယ်, ဒါအတွက် ဂိုဏ်းပေါင်း 30,000 နှင့်အတူ အထူး ထီအခွင့်အရေး ဆုချီးမြှင့်လိုက်ပါတယ်!”
စနစ်၏အသံသည် ဝမ်ဖုန်း၏စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သောကြောင့် လေးလေးနက်နက်နှင့် တွေးနေခဲ့သည့် ဝမ်ဖုန်းကို လန့်ဖြတ်သွားစေခဲ့သည်။
သောက်ကျိုးနည်း, ဒီ စနစ်က ဘာလို့များ နှောင့်နှေးနေရတာလဲ?
သူသည် လီထျန်းရှင်းနှင့် ဘုန်းကြီးဝူနျာန်တို့အား လက်ခံခဲ့ပြီးသည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း ဤစနစ်သည် ယခုမှသာ ဆုချီးမြှင့်နေခြင်းဖြစ်ပါလား?
“စနစ်ရေ ဘာတွေဖြစ်နေရတာလဲဗျ? ဒီဂိုဏ်းရဲ့ ဆုချီးမြှင့်ထားတာတွေကို ခိုးချင်နေတာလား?”
ဝမ်ဖုန်းသည် မကျေနပ်စွာနှင့် စိတ်ထဲတွင် မေးလိုက်ခဲ့သည်။
သို့သော် ထိုသို့မေးလိုက်ခဲ့သည်ကို စနစ်သည် နည်းနည်းလေးမျှပင် ပြန်လည်မဖြေကြားခဲ့ပါ။
“အထူး ထီအခွင့်အရေးက ဘာများလဲ?”
ဝမ်ဖုန်းသည် မျက်နှာစူပုတ်သွားကာ မေးလိုက်ပြန်သည်။
“အထူးထီ အခွင့်အရေးက အထူး လေ့ကျင့်မှုတွေနဲ့ အထူးစွမ်းရည်တွေကို ရနိုင်တဲ့ အခွင့်အရေးပါ!”
ဤတစ်ခါတွင်စနစ်သည် ပြန်ဖြေကြားခဲ့ကာ ထိုအဖြေသည် ဝမ်ဖုန်း၏ မျက်နှာထားအား ရုတ်တရက် ပြောင်းလဲသွားစေခဲ့၍ သူ၏မျက်လုံးများတွင် ပျော်ရွှင်သွားဟန်ကို ပြသနေခဲ့သည်။
အထူးစွမ်းရည်တွေတဲ့လား? ဒါက ဘုန်းကြီးဝူနျာန်ဟာ ဗုဒ္ဓကျင့်ကြံသူဖြစ်နေပြီး လီထျန်းရှင်းက အဂ္ဂရိတ်ဆရာဖြစ်နေတာနဲ့များ ဆိုင်နေလားမသိဘူး?
“စနစ်ရေ, အထူးထီအခွင့်အရေးနှစ်ခုကို သုံးမယ်!”
ထိုသို့တွေးတောပြီးသွားသည့်နောက်တွင် ဝမ်ဖုန်းသည် မတုန့်ဆိုင်းကာ ပြောလိုက်ခဲ့သည်။
စနစ်နှင့် ဆက်သွယ်စကားပြောနေချိန်တွင် သူသည် ရှေးဟောင်းနတ်ဘုရားနယ်မြေ နက်ထဲသို့လည်း သွားရောက်နေခဲ့သည်။ နတ်ဆိုးချိပ်ပိတ်ခြင်း နယ်မြေလို ရှေးဟောင်း သားရဲများ မရှိနေသောကြောင့် ဝမ်ဖုန်းသည် သူ၏ အင်အားလုံးစုံကို အသုံးပြုလိုက်ကာ အရှိန်အလွန်မြန်လာ၍ ဝမ်ဖုန်းသည် အလင်းတန်းတစ်ခုနှင့်ပင် ဆင်နေခဲ့သည်။
ဝမ်ဖုန်း၏ ဆန်းကြယ်အင်ပါယာအဆင့်၏ အထွတ်အထိပ်ရှိ ကျင့်ကြံမှုနှင့် ဆိုလျှင်ရှေးဟောင်းနတ်ဘုရားနယ်မြေ၏ အစွန်းပိုင်းမှ ဖိအားသည် ဝမ်ဖုန်းအတွက် အနည်းငယ်မျှပင် မခက်ခဲကာ သူ၏အရှိန်ကို လုံးဝပင် မနှေးကွေးသွားစေခဲ့ပါ။
“ဒင် ၊ ဗုဒ္ဓဘာသာနှင့် တာအို လေ့ကျင့်ရေးဖြစ်သည့် ရှေးဟောင်းဗုဒ္ဓစွမ်းအားကို ရယူနိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါတယ်!”
“ဒင် ၊ တချွမ်ရဲ့ ရတနာဆေးကျမ်းများ ကို ရယူနိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါတယ်!”
ဝမ်ဖုန်း၏ စိတ်ထဲ၌ ထို အေးတိအေးဆက်အသံနှစ်သံထွက်ပေါ်လာခဲ့သည်မှာ သူ့အား အံ့ဩသွားစေခဲ့သည်။ ထင်မြင်ထားခဲ့သလိုပင် ဘုန်းကြီး ဝူနျာန်နှင့် လီထျန်းရှင်း၏ အထူး သဘာဝကြောင့်ပင် ဖြစ်ခဲ့သည်။
ဤအရာနှစ်ခုသည် ဘုန်းကြီး ဝူနျာန်နှင့် လီထျန်းရှင်း၏ အကျိုးများစွာပါနေခဲ့သည်။
ဥပမာအနေနှင့် ဗုဒ္ဓ၏ နတ်ဆိုး ထိန်းချုပ်ရေး နည်းစနစ်သည် ဗုဒ္ဓဘာသာ၌ ပထမတန်းစားပညာရပ်ဟု သိထားကြ၍ အလွန်အမင်း ဆန်းကြယ်လှလေသည်။ ဗုဒ္ဓကျင့်ကြံသူတို့အတွက် ဤအရာသည် တကယ့်ကိုပင် ရှားပါးသည့် ရှေးဟောင်းနည်းစနစ်တစ်ခုဖြစ်သည်။
တချွမ် ၏ ရတနာဆေးကျမ်းများသည် ဆေးဝါးများစွာ၏ ပြုလုပ်နည်းလမ်းတို့ကို ဖော်ပြထားသည့် စာအုပ်တစ်အုပ်ဖြစ်သည်။ ဤ ဆေးဝါး ပြုလုပ်ပုံတို့သည် သခင်အဆင့်ရှိ အဂ္ဂရိတ်ဆရာများမှ အခြားသော အဂ္ဂရိတ်ဆရာများအတွက် ရေးသားထားခြင်းဖြစ်ပါသည်။ စာအုပ်အတွင်းတွင် ကမ္ဘာပေါ်မှ ဆေးဝါးပြုလုပ်နည်းတိုင်း မပါဝင်နေနိုင်သော်လည်း အဆင့်တစ်ခုချင်းစီ၌ အနည်းဆုံး အဂ္ဂရိတ် ပြုလုပ်ပုံ ရာချီရှိသောကြောင့် အဂ္ဂရိတ်ဆရာများမှ အလွန် နှစ်သက်ကြသည်။
လီထျန်းရှင်း၏ အဂ္ဂရိတ်ပညာ၌ ထူးချွန်ပုံနှင့် ဆိုလျှင် သူမသာ ဤ အဂ္ဂရိတ် ရတနာများစုစည်းမှုကြီးကို ရရှိခဲ့မည်ဆိုပါက သခင်အဆင့် အဂ္ဂရိတ်ဆရာတစ်ယောက်ဖြစ်လာရန် သိပ်ကြာမည်မဟုတ်ပါ။
သခင်အဆင့်ရှိ အဂ္ဂရိတ်ဆရာတို့သည် ဆန်းကြယ်အင်ပါယာအဆင့်နှင့် ဆန်းကြယ်အဓိပတိ အဆင့်တို့နှင့် တူညီလေသည်။ ဝမ်ဖုန်းသည် လီထျန်းရှင်သာ သခင်အဆင့် အဂ္ဂရိတ်ဆရာတစ်ယောက်ဖြစ်သွားပြီးနောက်တွင် သူမသည် အင်ပါယာ၏ တော်ဝင်မင်သားကို သတ်လိုက်ခဲ့သည်ဆိုလျှင်ပင် ယောင်ရီ ဧကရာဇ်ကြီးသည် သူမအား ထိခိုက်နိုင်မည်မဟုတ်ပါ. .
“ဟုတ်ပြီ။ နောက်ကျရင်လည်း အထူးပါရမီတွေပါတဲ့သူတွေကို ပိုခေါ်နိုင်မယ်နဲ့တူတယ်!”
ဝမ်ဖုန်းသည် ကျေနပ်စွာနှင့် ခေါင်းညိတ်လိုက်ကာ သူ့ကိုယ်သူ စဉ်းစားနေမိလိုက်သည်။
ဗုံး!
ဝမ်ဖုန်းသည် ပျော်ရွှင်လာသည့် အချိန်တွင်ပင် သူ၏အရှေ့၌ ကြောက်စဖွယ် ဖိအားကြီးတစ်ခုရှိနေသေယကြောင့် ဝမ်ဖုန်း၏ မျက်နှာထားသည် လုံးဝ တည်ငြိမ်အေးဆက်သွားခဲ့သည်။ ဤ ကြောက်စဖွယ် ဖိအားသည် သူ့အား တုန်လှုပ်သွားစေကာ သူသည် မြန်မြန်ဆန်ဆန်နှင့်ပင် ရပ်လိုက်၍ မြေပြင်ပေါ်သို့ ဆင်းလာခဲ့သည့်အခါတွင် အနည်းငယ် သက်သာသွားခဲ့သည်။
ထိုသို့ ကြောက်စရာကောင်းလှသည့် ဖိအားအောက်တွင် ဟင်းလင်းပြင်ထဲ၌ ပျံသန်းနေခြင်းသည် ခဏတာသာဖြစ်ခဲ့သော်လည်း သူ၏ ဆန်းကြယ်သည့် စွမ်းအင်၏ ဆယ်ပုံပုံ တစ်ပုံလောက်ကို ကုန်ဆုံးသွားစေခဲ့သည်။
ထို့ကြောင့်ပင် အင်ပါယာကြီးသုံးခုမှ ကျွမ်းကျင်သူများပင် ရှေးဟောင်းနတ်ဘုရားနယ်မြေနက်ထဲသို့ မဝင်ရဲကြခြင်းဖြစ်ရလေမည်။ ယခုရောက်ရှိနေသည့်နေရာသည် ရှေးဟောင်းနတ်ဘုရားနယ်မြေ ၏ အလယ်ပိုင်းသာဖြစ်သော်လည်း အလွန် ကြောက်စဖွယ် ဖိအားရှိနေခဲ့ပြီဖြစ်သောကြောင့် နယ်မြေနက်ထဲသို့သာ ရောက်လျှင် မည်သို့နေမည်မသိ။
ဝမ်ဖုန်းသည် ဤထက်ပို၍ စိတ်အာရုံမလွင့်နေနိုင်တော့သောကြောင့် သူ၏မျက်နှာသည် ပိုမို တည်ငြိမ်လာကာ ဝမ်ဖုန်းသည် ရှေးဟောင်းနတ်ဘုရားနယ်မြေ နက်ထဲသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာနေခဲ့သည်။ ရှေးဟောင်းနတ်ဘုရားနယ်မြေ ၏ အလယ်ပိုင်းသို့ ရောက်လာခဲ့ပြီးနောက်တွင် ဝမ်ဖုန်း၏ စိတ်ထဲမှ အသံသည် ပို၍ပို၍ မကြာခဏကြားလာခဲ့ရကာ သူ့အား ရှေးဟောင်းနတ်ဘုရားနယ်မြေ နက်ထဲသို့ ဆွဲဆောင်နေခဲ့သည်။
ဤသို့ဖြစ်နေခြင်းသည် ဝမ်ဖုန်းအား အလွန် ကြောင်နေစေခဲ့ပါသည်။ သူသည် ထိုသို့သော အသံအဘယ့်ကြောင့် ရှိနေခဲ့သည်ကို နားမလည်နိုင်ဖြစ်နေခဲ့သည်။ အခြားနည်းနှင့် ဆိုရလျှင် ဝမ်ဖုန်းအခံစားချက်တစ်ခုသည် ရှေးဟောင်းနတ်ဘုရားနယ်မြေ နက်ထဲသို့ ဝင်သွားရန် ဆွဲဆောင်နေခဲ့လေသည်။
ဝမ်ဖုန်းသည် ပိုနက်နက်သို့ ဝင်သွားလေလေ ရှေးဟောင်းခံစားချက်ကို ပို၍ ခံစားလိုက်ရလေလေပင်ဖြစ်သည်။ ရှေးဟောင်းနယ်မြေကြီးသည် လူသူမရှိဖြစိနေသောကြောင့် တကယ်ပင် ယခင်ရှေးဟောင်းခေတ်၌ လူသူကင်းရှင်းနေပုံ ပေါက်နေခဲ့လေသည်!
ဟူးး!
ဤအချိန်တွင် တိုးတိတ်သည့် အသံထွက်ပေါ်လာသည်မှာ ဝမ်ဖုန်းအား တောင့်တင်းသွားစေခဲ့ကာ သူ၏ ခန္ဓာကိုယ်မှ ဆန်းကြယ်သည့် စွမ်းအင်တို့သည် ချက်ချင်း ထွက်ေပါ်လာခဲ့ကာ ထူထပ်လှသည့် ဆန်းကြယ်သည့် စွမ်းအင် သံချပ်ကာတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၍ ခန္ဓာကိုယ်အား ရစ်ပတ်ထားခဲ့သည်!
ဗုံး!
ဝမ်ဖုန်း၏ ဆန်းကြယ်သည့် စွမ်းအင် သံချပ်ကာထွက်ပေါ်လာသည့်အခါတွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား ပြင်းထန်သည့်အရာတခုနှင့် တိုက်မိသွားသကဲ့သို့ အဝေးသို့ပျံထွက်သွားခဲ့သည်။
ဝမ်ဖုန်းသည် သူ၏ခန္ဓာကိုယ်အား ကြိုးစား ထိန်းချုပ်လိုက်ကာ ပတ်ဝန်းကျင်သို့ကြည့်သည့်ချိန်တွင် သူ၏ မျက်နှာထားသည် အလွန့်အလွန် တည်ငြိမ်နေဆဲဖြစ်သည်။
ဝမ်ဖုန်းသည် အမှောင်ထုထဲ၌ မည်သည့်အရာ ဖုံးလွှမ်းနေသည်ကိုမသိသော်လည်း ခုနကပင် တွေ့လိုက်ခဲ့ရသော ထိုအရာ၏အင်အားနှင့်ဆိုလျှင် အမှောင်ထဲမှအရာကြီးသည် ဆန်းကြယ်အင်ပါယာအဆင့် ရှိရမည်ဟု သိလိုက်လေသည်။
ဝမ်ဖုန်းအား သတိပြုစေသည့်အရာသည် သူ၏ ဆန်းကြယ်အင်ပါယာအဆင့်၏ အထွတ်အထိပ်အဆင့်ရှိ ကျင့်ကြံမှုနှင့်ဆိုလျှင်ပင် သူသည် ထိုအရာကြီး၏ဖြစ်တည်မှုကို သိမြင်နားမလည်နိုင်သေးခြင်းပင်ဖြစ်သည်။
ဟမ်!
ဝမ်ဖုန်း နှလုံးခုန်မြန်လာသည့်အခါတွင် အသံ သဲ့သဲ့လေး ထပ်ကြားလိုက်ရပြန်သောကြောင့် ဝမ်ဖုန်း၏ မျက်နှာထားသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ ထိုအသံသည် သူ၏အနောက်ဘက်မှ လာနေသည်ကို ကြားလိုက်နိုင်သော်လည်း သူ ရှောင်တိမ်းလိုက်ရန် ပြု လုပ်လိုက်ချိန်တွင် ထို ကြောက်စရာစွမ်းအင်နှင့် နောက်တစ်ကြိမ် ရိုက်နှက်ခံလိုက်ရပြန်သည်။
သူသည် အပတ်ရေ အနည်းငယ် လိမ့်ကျသွားပြန်သည်။ ဝမ်ဖုန်းသည် ဤသို့ တိုက်ကွက် နှစ်ခါလုံးတွင် ဒဏ်ရာမရရှိသွားခဲ့သော်လည်း ဤကဲ့သို့ အလှုပ်မယှက်နှင့် ရိုက်ခက်နေသည်မှာ ဝမ်ဖုန်းအား အလွန် မကျေနပ်စေခဲ့ပါ။
ဤအကြိမ်သည် ဝမ်ဖုန်း ဤလောကသို့ရောက်လာပြီးနောက် ဆိုးဆိုးရွားရွား ရိုက်နက်ခံရ၍ ပြန်လည်တိုက်ခိုက်ရန် အင်အားမရှိချင်းကာ ပထမဆုံး အကြိမ်ဖြစ်နေသည်။
ဤအရာကြီးသည် အလွန်ထူးဆန်းလှ၍ သူ၏ အရှိန်အဟုန်သည်လည်း အလွန် မြန်ဆန်လွန်းသောကြောင့် သူ၏ သိမြင်နားလည်နိုင်စွမ်းသည် လိုက်မမှီခဲ့ပါ။ ထိုအစွမ်းသည်ပင် စွမ်းအားလုံလုံလောက်လောက်မရှိနေခဲ့ပါက ဝမ်ဖုန်းသည် တိုက်ရိုက်ပင် အသတ်ခံလိုက်ရနိုင်မည် ဖြစ်ပေတော့သည်။
ဝမ်ဖုန်းသည် စိတ်ထဲ၌ တည်ငြိမ်နေခဲ့သည်။ သူသည် ဤ ထူးဆန်းသည့် အရာ၏ ဖြစ်တည်မှုကို ရှာမတွေ့နိုင်သော်လည်း ဝမ်ဖုန်းသည် တစ်ချိန်လုံး ထိုးတိုက်ခံရမည်သည်တော့ မဖြစ်နိုင်ပါ။ ဝမ်ဖုန်း၏ စရိုက်သည်လည်း အရင်ပင် တိုက်ခိုက်လိုက်တတ်သည့် စရိုက်ဖြစ်နေသည်။
“ဟွာကွမ်း ဓား!”
ဝမ်ဖုန်းသည် အသံနိမ်နိမ့်နှင့် ဟိမ်းဟောက်လိုက်ကာ သူ၏လက်ချောင်းများကို ကပ်လိုက်၍ ဓားတစ်ချောင်းပုံဖောက်လိုက်ကာ ဆန်းကြယ်သည့် စွမ်းအင်တို့နှင့်ဖွဲ့စည်းထားသည့် ဓားတစ်ချောင်းအား သူ၏လက်ချောင်းထိပ်တို့မှ တစ်မီတာခန့် လွှတ်ထုတ်လိုက်ကာ ဝမ်ဖုန်း၏ခန္ဓာကိုယ်တစ်ခုလုံးမှ ကျယ်ပြောသည့် ဓားပုံစွမ်းအင်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်
ဝမ်ဖုန်းသည် အမှောင်ထဲမှ ထိုထူးဆန်းသည့်အရာကြီးအား မတိုက်ခိုက်လိုက်ခဲ့သော်လည်း သူ၏လက်များကို အမြဲတစေ လှုပ်ခါနေ၍ သူ၏ခန္ဓာကိုယ်မှာ ဆန်းကြယ်သည့် စွမ်းအင်တို့သည်လည်း ဆက်လက် ထွက်ပေါ်စေနေခဲ့သည်။
အချိန်ခဏတာအတွင်း၌ သိပ်သည်းသော ဓား ချီ သည် ဝမ်ဖုန်းပတ်လည်တွင် ထွက်ပေါ်လာခဲ့၍ ဓား ပိုင်နက်ကြီးကဲ့သို့ပင် ဝမ်ဖုန်း၏ခန္ဓာကိုယ်တစ်ခုလုံးအား စောင့်ကြပ်ထားပေးနေသည်။
ဤဓား ချီတို့၏ ဓားတစ်ချောင်းချင်းစီသည် အလွန်အလွန် ချွန်ထက်၍ ဓားတစ်ချောင်းချင်းစီသည် တော်ဝင်မင်းသားအဆင့်၏ အထွတ်အထိပ်ရှိ အင်အားကြိးပဂ္ဂိုလ်တစ်ဦးအ လွယ်လွယ်ကူကူနှင့်ပင် သတ်လိုက်နိုင်မည်။
“ဖြတ်!”
ဝမ်ဖုန်းသည် အသံနိမ့်နိမ့်နှင့် ဟိမ်းဟောက်လိုက်ကာ သူသည် ပြင်းပြင်းထန်ထန် တုန်လှုပ်သွား၍ ဝမ်ဖုန်းအား ဝန်းရံထားသည့် ဓား ချီတို့သည် ချက်ချင်းပင် ပန်းထွက်သွားခဲ့ကြသည်။ ဝမ်ဖုန်းပတ်လည် တစ်ကီလိုမီတာအတွင်းတွင် ဝမ်ဖုန်း၏ ဤဓား ချီတို့သည် လေထဲ၌ ရှိနေခဲ့သည်။ တိုက်ခိုက်နိုင်သည့် နေရာတို့၌ အရှေ့ နှင့် အနောင်ပတ်လည်၊ ဘယ်နှင့်ညာ၊ ကောင်းကင်ထဲ၌ပင် တကယ့်ကို မဆင်မခြင် တိုက်ကွက်များရှိနေခဲ့သည်။
ဤကဲ့သို့သော အလွန်ကြောက်စရာကောင်းသည့် တိုက်ခိုက်လိုက်မှုသည် ဟင်းလင်းပြင်ကြီးတစ်ခုလုံးအား အပ်ကွဲရာတို့နှင့် အပိုင်းများကွဲသွားစေ၍ ထိုနေရာအား ဝန်းရံထားသည့် မြေပြင်သည်လည်း အပ်ကွဲရာတို့နှင့် ကွဲသွားခဲ့သည်။
သို့သော် ဝမ်ဖုန်းသည် ကျေနပ်မနေခဲ့ပါ။ ထိုအစား သူသည် ပို၍ပင် မကျေမနပ်ဖြစ်နေခဲ့လေသည်။ သူ၏ ဓား ချီသည် တိုက်ကွက်တစ်ခုသာ မဟုတ်ခဲ့ပါ။ တိုက်နေချိန်တွင် သူ၏ ဓားချီ တစ်ချောင်း ချင်းစီတို့သည် ဝမ်ဖုန်း၏ သိမြင်နားလည်ခြင်း အစအနများ ပါဝင်နေခဲ့သည်။ ဤ ဓား ချီတို့ အမှောင်ထဲမှ ထူးဆန်းသည့်အရာာတစ်ခုခုအား တိုးဝင်မိမည်ဆိုပါက သူသည် ထိုအရာအား ချက်ချင်း သိမြင်နားလည်သွားမည်ဖြစ်နေသည်။
သို့သော် ဝမ်ဖုန်းသည် သူလုပ်လိုက်ခဲ့သည့် တိုက်ကွက်နှင့်ပင် ထို ထူးထူးဆန်းဆန်းအရာကြီးအား ထိမိသွားခဲ့သည်ဟုမခံစားလိုက်ရပါ။ ဝမ်ဖုန်းသည်ပင် ဖွင့်ပြောရန် တုန့်ဆိုင်းနေခဲ့သော်လည်း သူသည် အထီးကျန်နေသည်မှာတော့ အမှန်ပင် ဖြစ်သည်။
ဟမ်!
ဓား ချီများ လွှင့်ပျောက်သွားခဲ့သည့်အခါတွင် တိုးတိတ်လှသညိ့ အသံထွက်ပေါ်လာခဲ့ပြန်သည်။ ထိုအသံ ထွက်ပေါ်လာခဲ့ပြန်သည့်အခါတွင် ဝမ်ဖုန်းသည် မထိန့်လန့်သွားခဲ့ကာ သူ၏ခန္ဓာကိုယ်ထဲမှ ဆန်းကြယ်သည့် စွမ်းအင်များကို ချက်ချင်းပင် လှိုင်းလုံးများကဲ့သို့ ထွက်ပေါ်လာစေခဲ့သည်။
ဤအချိန်တွင် ဝမ်ဖုန်း၏ တစ်ကိုယ်လုံးသည် သူ၏ ဆန်းကြယ်သည့် စွမ်းအင်တို့နှင့် ပြည့်နှပ်နေသကဲ့သို့ပင် ဖြစ်နေသည်။ ဤအခြေအနေ၌ တခြားသူတစ်ယောက်သာ ရှိနေခဲ့လျှင် ထိုသူသည် ဝမ်ဖုန်း သူ့ကိုယ်သူ လက်လျှော့လိုက်ခဲ့ပြီဟု ထင်မြင်နေမည်ဖြစ်သည်။ ရှေးဟောင်းနတ်ဘုရားနယ်မြေတွင် ဤနည်းဖြင့် ဆန်းကြယ်သည့် စွမ်းအင်ကို ထုတ်လွှတ်နေခြင်းသည် သေခြင်းတရားကို ဆွဲဆောင်နေသလိုပင် ဖြစ်နေသည်။
ဤ ရှေးဟောင်းနတ်ဘုရားနယ်မြေ တွင် အပြင်လောကကဲ့သို့ ဆန်းကြယ်သည့် စွမ်းအင်များ ရှိမနေခဲ့ကာ ရှိနေသည့် စွမ်းအင်တို့သည် အလွန် ပါးလွှာသောကြောင့် ဤနေရာ၌ ထိုကဲ့သို့သော စွမ်းအင်တို့ကို ပြန်လည် ရရှိရန်သည် ခက်ခဲလှကာ ဆန်းကြယ်အင်ပါယာအဆင့်ရှိ အင်အားကြီးပုဂ္ဂိုလ်တို့အတွက် အထူးခက်ခဲလှသည်။ ထိုအဆင့်ရှိသူတို့သည် စွမ်းအင်ကို မြန်မြန်ဆန်ဆန် ထုတ်ယူနိုင်သော်လည်း စွမ်းအင် ပို၍ပင်လိုအပ်နေသောကြောင့် ဖြစ်သည်။
ဝမ်ဖုန်းကိုယ်တိုင်သည်ပင် သူသည် သူ့ကိုယ်သူ ကာကွယ်ရန်ပင်မဟုတ်ဘဲ အမှောင်ထုထဲရှိ ထို ထူးထူးဆန်းဆန်းအရာကြီး၏ အရှိန်လျှော့သွားစေရန် ထုတ်ဖော်လိုက်သည်ကို သိနေခဲ့လေသည်။