ပျံသန်းနေကြသည့် အမတများ
Vol. 4 Ch. 55
ဝမ်ဖုန်းသည် ခဏတာ စဉ်းစားနေခဲ့လိုက်ကာ လျှိုယင်း အား အတင်းထုတ်လိုက်ရန်မဖြစ်နိုင်သောကြောင့် အခြေအနေတစ်ခုအထိ ဤကဲ့သို့ ပြုလုပ်ရန် တွေးလိုက်သည်။
ဝမ်ဖုန်းသည် တကယ်ပင် စောင့်ကြည့်ရန် ရွေးချယ်လိုက်သည့် အကြောင်းသည် စနစ်ကြောင့်ဖြစ်ပါသည်။ စနစ်၏ ပိုင်ရှင်တစ်ဦးအနေနှင့် ဝမ်ဖုန်းသည် အန္တရာယ်သာ ရှိနေခဲ့ပါက စနစ်သည် ထိုအန္တရာယ်အား လစ်လျူရှုထားမည်မဟုတ်ပါ။
ဝမ်ဖုန်းသည် ခေါင်းခါလိုက်၍ ရှေးဟောင်းနတ်ဘုရားနယ်မြေနက်ထဲသို့ ဆက်လက်ဝင်ရောင်ရန် ပြင်လိုက်ချိန်တွင် သူသည် မျက်မှောင်ကြုတ်လိုက်၍ လှည့်ကြည့်လိုက်ခဲ့သည်။
ဝမ်ဖုန်း၏အနောက်တွင် တစ်ယောက်တစ်ယောက်သည် သူ၏အရပ်ဘက်သို့ လမ်းလျှောက်လာနေခဲ့သည်။ ထိုသူသည် ရိုးရှင်းသော အဝတ်အစားများကိုသာ ဝတ်ဆင်ထား၍ ကျော၌ ဓားရှည်ကြီးတစ်ချောင်းအား သိုင်းလွယ်ထားသည့် လူလတ်ပိုင်းရွယ် လူတစ်ဦးဖြစ်လေသည်!
ဓားသည် အလွန် ကြီးမားလှသည်။ ဝမ်ဖုန်းသည် ဤကဲ့သို့ပင် ကြီးမားသည့် ဓားကြီးအား ပထမဆုံးအကြိမ် တွေ့မြင်လိုက်ရခြင်းဖြစ်သည်။ ဓားသည် ထိုလူထက် ခေါင်းတစ်လုံးစာ ပို၍ရှည်နေခဲ့သည်။
ဝမ်ဖုန်းအား သတိပြုမိသွားစေသည်က ဤလူကြီးသူ ဝမ်ဖုန်း၏ ၁၀မိုင်ဝန်းကျင်သို့ လမ်းလျှောက်ဝင်လာသောအခါတွင် ဝမ်ဖုန်းသည် သူ၏စိတ်အား လျှိုယင်းမှ ဆွဲဆောင်ထားခဲ့သည်ဆိုလျှင်ပင် အခြားသူသည်တော့ ဆွဲဆောင်ခြင်းမခံထားရပါ။
ဤကဲ့သို့ဖြစ်ရခြင်းသည် ဤလူလတ်ပိုင်းအရွယ်လူကြီးသည် အလွန် သန်မာလှ၍ သာမန်မဟုတ်သောကြောင့်ပင်ဖြစ်ရမည်!
“ခင်ဗျား ဓားကြီးက အကြီးကြီးပဲဗျ!”
ဝမ်ဖုန်းသည် လူလတ်ပိုင်းအရွယ်လူကြီးအား ကြည့်လိုက်၍ ပြုံးလိုက်ခဲ့သည်။
“ခင်ဗျား အားရှိသားပဲဗျ!"
လူလတ်ပိုင်းအရွယ်လူကြီးသည် ဝမ်ဖုန်းအားကြည့်လိုက်ကာ ပြောခဲ့သည်။ သူ၏ အသံသည် အသံကွဲအက်နေသံပေါက်၍ အလွန်အကျွံကွဲအပ်သံပေါက်နေသောကြောင့် ဝမ်ဖုန်းသည် ထိုသူသည် အတော်အတန်ကြာကြာ စကားမပြောရခဲ့သည်ဟု တွေးမိသွားခဲ့သည်။
“မင်းကလည်း မဆိုးဘူးပဲကွ!”
ဝမ်ဖုန်းသည် မယုတ်မလွန်ကာ ပြုံးလိုက်သည်။
“ငါ့ဓားနဲ့ မင်းကို တိုက်ချင်တယ်!”
“ဒါပေမဲ့ ကျွန်တော်မအားဘူးလေ….!”
“ငါ့ဓားနဲ့မင်းကို တိုက်ချင်တယ်!”
ဝမ်ဖုန်းသည် တိတ်ဆိတ်သွားခဲ့သည်။ ယဲ့ကူချန် နှင့် အခြားသူတို့မှလွဲ၍ ဓားများအား အလွန်ကြိုက်နှစ်သက်သူအား ပထမဆုံးအကြိမ်တွေ့ဖူးခြင်းပင်ဖြစ်သည်။
ဤသူသည် ယန်ရှီစန်းကဲ့သို့ပင် စင်စစ် ဓားသမားဖြစ်ကာ သူ့၌ ဓားများမှ လွဲ၍ မည်သည်မှ မရှိနေပါ!
“ငါနဲ့တိုက်ချင်တယ်ဆိုပေးရတာဈေးများမယ်နော်!”
ဝမ်ဖုန်းသည် လူလတ်ပိုင်းအရွယ်လူကြီးအား ကြည့်လိုက်ကာ ပြုံးလိုက်ခဲ့သည်။
လူလတ်ပိုင်းအရွယ်လူကြီးသည် စကားမပြာခဲ့ကာ ဝမ်ဖုန်းကိုသာ ထိုကဲ့သို့ စိုက်ကြည့်နေခဲ့သည်။ ထိုသူ၏မျက်လုံးများသည် ကမောက်ကမဖြစ်နေခဲ့ကာ အရောက်အသွေးအစအနပင် ရှိမနေခဲ့ပါ။
“ကျွန်တော် နိုင်သွားရင် ခင်ဗျား ကျွန်တော်နဲ့ လိုက်ခဲ့ရမယ် ဘယ်လိုလဲ!”
စဉ်းစားပြီးလိုက်သည့်နောက်တွင် ဝမ်ဖုန်းသည် ပြောပြလိုက်ခဲ့သည်။ သူသည် ရှူံးသွားခဲ့လျှင် မည်သို့ဖြစ်မည်ကို မပြောခဲ့သော်လည်း လူလတ်ပိုင်းအရွယ်လူကြီးသည် သူဆိုလိုသည်ကို နားလည်သွားခဲ့သည်ဟု ထင်နေခဲ့သည်။
သူတို့နှစ်ဦးကြားတွင် အမုန်းတရားများမရှိနေခဲ့ကာ သူတို့သည် တစ်ဦးနှင့်တစ်ဦးပင် သေချာမသိကြသော်လည်း ဝမ်ဖုန်းသည် သူသာရှူံးသွားခဲ့လျှင် ဆုံးပါးသွားရမည်သာဖြစ်သည်ကို သိနေခဲ့သည်။
ဓားသည် လူသတ်ဓားပင်ဖြစ်၍ ဤသို့ပြောလိုက်သည်မှာ ချဲ့ကားပြောလိုက်ခြင်းမဟုတ်ပါ။
လူလတ်ပိုင်းအရွယ်လူကြီးသည် ခေါင်းညိတ်လိုက်ခဲ့သည်။ ထို့နောက်တွင် သူသည် သူ၏နောက်ကျော၌ သိုင်းလွယ်ထားသည့် ဓားကြီးကို ဖြည်းဖြည်းချင်း ထုတ်ယူလိုက်ကာ သိမ်မွေ့နူးညံ့စွာနှင့် ပွတ်သပ်လိုက်ခဲ့သည်။ ဝမ်ဖုန်း၏ခန္ဓာကိုယ်ပေါ်တွင် မည်သည့် အသက်ရှူပေါက်မျှ မရှိနေခဲ့သော်လည်း ဝမ်ဖုန်းသည် အရပ်ရပ်မှ အေးဆက်နေသောလေတစ်ခုတိုက်ခဲ့သည်ကို ခံစားလိုက်ခဲ့ရသည်. .
ဝမ်ဖုန်းသည် ပခုံးတွန့်လိုက်ကာ ပတ်ဝန်းကျင်အား ကြည့်လိုက်ပြီးနောက်တွင် နက်မှောင်သည့် သစ်ပင်တစ်ပင်သို့ လျှောက်သွားခဲ့၍ မည်းမှောင်သည့် သစ်ကိုင်းတစ်ကိုင်းအား ကိုင်ယူထားလိုက်ခဲ့သည်။
လူလတ်ပိုင်းအရွယ်လူကြီးသည် ဝမ်ဖုန်း၏ ဤကဲ့သို့သော စရိုက်အား မြင်သွားခဲ့သည့်အခါတွင် သူ၏မျက်လုံးများတွင် သံသယရှိနေပုံများ ပေါ်လာခဲ့ကာ ဝမ်ဖုန်းအား ထိုသို့ စိုက်ကြည့်နေခဲ့သည်။
“ဒါ ကျွန်တော့် ဓားပဲဗျ!”
ဝမ်ဖုန်းသည့် ပြုံးကာ ရှင်းပြလိုက်ခဲ့သည်။
အသံတိတ်သွားခဲ့သည့်အခါတွင် ဝမ်ဖုန်းသည် နေရာမှ ရွေ့လျားလိုက်ခဲ့သည်။ သူသည် သစ်ကိုင်းအား ကိုင်ဆောင်ထား၍ သူ၏ခန္ဓာကိုယ်ထဲမှ စွမ်းအားတို့သည် အလွန်အမင်း လှုပ်ရှားပေါ်ပေါက်နေခဲ့သည်။
မည်သူ့ကိုမျှပင် နာကျင်အောင် မလုပ်နိုင်သည့် ဤ သစ်ကိုင်းသည် အလွန်အမင်း ပြင်းထန်လှသည့် အားတို့နှင့် ပြည့်နှက်နေခဲ့သည်။ ဤအချိန်တွင် ဟင်းလင်းပြင်ကြီးသည် အနည်းငယ် တုန်လှုပ်သွားခဲ့လေသည်။
ကျယ်ပြောလှသည့် ဓားသွားပုံစုံသည် ဝမ်ဖုန်း၏ကိုယ်ထည်မှ ထွက်ပေါ်လာခဲ့သည်။ ဤဓားသွားပုံစံသည် တစ်ခါတစ်ယံ၌ ရေခဲပြားကဲ့သို့ အေးဆက်နေကာ တစ်ခါတစ်ယံ၌ တောက်လောင်နေသည့် မီးတောက်ကဲ့သို့ပင် ပူပြင်းနေခဲ့သည်။ ဤဓားသွားပုံစံနှင့် ဝမ်ဖုန်းသည် တည့်တည့်ပင် ထိုးတိုက်လိုက်ခဲ့လေသည်။
ထိုအရာသည် သာမန်ဖြစ်ပုံသာ ပေါက်သော်လည်း ဤအချိန်၌ ပြိုင်ဘက်ကင်းသည့် ဓားသွားစွန်းသည် လူလတ်ပိုင်းအရွယ်လူကြီးဘက်သို့ အရပ်ရပ်မှ ပြေးထွက်လာခဲ့ကြကာ လူလတ်ပိုင်းအရွယ်လူကြီးဝန်းကျင်မှ လင်းဟင်းပြင်ကြီးသည် ရွှံ့ဗွက်အိုင်သကဲ့သို့ပင် ဖြစ်နေသောကြောင့် လှုပ်ရှားရန် မဖြစ်နိုင်ဖြစ်နေခဲ့လေသည်။
ဝမ်ဖုန်းသည် ဓားနှင့် ထိုးထုက်လိုက်သည့်အခါတွင် လူလတ်ပိုင်းအရွယ်လူကြီးသည် ဓားကြီး၏ လက်ကိုင်ကို ထိလိုက်ကာ ရပ်သွားခဲ့သည်။ သူ၏ ညစ်နောက်နေသည့် မျက်လုံးများထဲတွင် အလင်းရောင်တစ်ခုပေါ်လာခဲ့ပြီးနောက် လူလတ်ပိုင်းအရွယ်လူကြီးသည် ထိုဓားအား ထုတ်ကိုင်လိုက်၍ လွှဲလိုက်ခဲ့သည်။
ဤသို့လွှဲလိုက်သောအခါတွင်ကြောက်စရာကောင်းလှသည့် ဓားသွားရောင်သည် ဟင်းလင်းပြင်ကြီးအား အပ်ကွဲသွားစေကာ သက်တန့်ရှည်ကြီးတစ်ခုကဲ့သို့ ထိုအလင်းသည် အလျားလိုက် ရိုက်ခက်သွားခဲ့၍ အလွန်အမင်း ချွန်ထက်နေခြင်းသည် ပတ်ဝန်းကျင်ရှိ မှောင်နက်သည့် သစ်ပင်များအား ဤအချိန်၌ အပိုင်းအစများစွာ အဖြစ်သို့ ကွဲသွားစေခဲ့သည်။
ဗုံး!
ထိုဓားသွားရောင်နှစ်ခုသည် ပြင်းပြင်းထန်ထန် တိုက်မိကြခဲ့ကာ မရေမတွက်နိုင်လောက်အောင်ပင် များပြားလှသည့် ဓား ချီတို့သည် အရပ်ရပ်မှ ထွက်ပေါ်လာခဲ့သည်။ ဝမ်ဖုန်းနှင့် လူလတ်ပိုင်းတို့၏ယှဥ်ပြိုင်မှုကြောင့် မြေပြင်ကြီးတစ်ခုလုံးသည် အပ်ကွဲရာများ ပေါ်လာခဲ့၍ သိပ်သည်းလှသည့် တောအုပ်ကြီးတွင် ချက်ချင်းဆိုသလိုပင် မီတာရာချီ၍ ကျယ်ပြောသည့် နေရာလွတ်များ ဖြစ်သွားခဲ့သည်။
ဝမ်ဖုန်းဖြစ်စေ လူလတ်ပိုင်းအရွယ်လူကြီးဖြစ်စေ ထိုသူနှစ်ဦးလုံးသည် သူတို့၏ဝန်းကျင်ရှိ အင်အားတို့ကို လစ်လျူရှုထား၍ တယောက်ကိုတယောက်သာ အာရုံစိုက်နေခဲ့ကြကာ သူတို့နှစ်ဦးသည် တစ်ချိန်တည်း၌လည်း လှုပ်ရှားလိုက်ခဲ့ကြသည်။
တစ်ယောက်သည် သစ်ကိုင်းအား ကိုင်ဆောင်ထား၍ တစ်ယောက်သည် ဓားကြီးကို ကိုင်ဆောင်ထားခဲ့သည်။ တရားမမျှတဟုထင်ရသည့် ဤ တိုက်ပွဲသည် ပြင်းထန်စွာနှင့် ဖြစ်ပေါ်လာခဲ့ပါသည်။ သစ်ကိုင်းသည်လည်း မကျိုးပဲ့သွားခဲ့ကာ ဓားသည်လည်း မရိုက်ခက်ခဲ့ပါ။ ဤကဲ့သို့ပင် သူတို့နှစ်သည် သွားလိုက် လာလိုက်လုပ်နေခဲ့ကြ၍ ပတ်ဝန်းကျင်ရှိ နေရာလွတ်တို့သည် ဆယ်မီတာစီ တိုးပွားလာကာ မီတာပေါင်းရာချီ ဖြစ်ပေါ်သွားခဲ့သည်။
ဤအချိန်သည် ဝမ်ဖုန်း ဤကမ္ဘာကြီးထဲသို့ ရောက်လာပြီးနောက်တွင် ပထမဆုံးအကြိမ် ပျော်ပျော်ရွှင်ရွှင် ဝမ်းသာသာနှင့် တိုက်ခိုက်ရချိန်ပင် ဖြစ်သည်။
သူသည် ရုတ်တရက် ယဲ့ကူချန် နှင့် ချီမိန် ချွှေရွှယ်, ယန်ရှီစန်းနှင့် ရှဲ့ရှောင်ဖုန်း တို့အား နားလည်သွားခဲ့သည်။ ပြောရမည်ဆိုပါက ဘဝတွင် လူယုံတော် တစ်ယောက်ရှိနေသည်နှင့် လုံလောက်ပြီဖြစ်လေသည်!
ဗုံး!
တိုက်မိပြီးသွားနောက်တွင် ဝမ်ဖုန်းနှင့် လူလတ်ပိုင်းအရွယ်လူကြီးသည် တစ်ဦးကိုတစ်ဦး မျက်နှာမူထားခဲ့ကြကာ ရပ်လိုက်ကြသည်။ သူတို့နှစ်ဦးသည် မောပန်းနေခဲ့ကြ၍ သူတို့၏ တိုက်ခိုက်ချင်စိတ်သည် ပျံဝဲနေခဲ့လေသည်။
ဤအချိန်တွင် ဝမ်ဖုန်းသည် အလွန် အံ့အားသင့်သွားခဲ့သည်။ သူသည် လူလတ်ပိုင်းအရွယ်လူကြီး၏အင်အားကြောင့် အံ့အားသင့်သွားခဲ့သည်မဟုတ်ကာ သူ့ခန္ဓာကိုယ်၏ ထူးဆန်းသည့် အနေအထားကြောင့် အံ့အားသင့်သွားခဲ့ခြင်းဖြစ်ပါသည်။
ဝမ်ဖုန်းသည် ယခုလောလောကပင် လူလတ်ပိုင်းအရွယ်လူကြီးအား တိုက်ခိုက်နေချိန်တွင် သူ၏ ခန္ဓာကိုယ်ထဲမှ ဆန်းကြယ်သည့် စွမ်းအင်တို့သည် ပို၍ ကောင်းကောင်းမွန်မွန် မြန်မြန်ဆန်ဆန်နှင့် စီးဆင်းနေကြသည်ဟု ခံစားလိုက်ခဲ့ရသည်။ ဤ ရှေးဟောင်းနတ်ဘုရားနယ်မြေထဲတွင်ပင် သူသည် မြန်ဆန်စွာပင် ထိုစွမ်းအင်တို့အား ပြန်လည် ဆုတ်ယူလိုက်နိုင်သည်။ ဤကဲ့သို့သော ပါးလွှာလှသည့် ဆန်းကြယ်သော စွမ်းအင်သည် ပြန့်နှံ့နေခဲ့သည်။
အရေးအကြီးဆုံး အရာသည် သူ၏ ဆန်းကြယ်သည့် စွမ်းအင်သည် ကောင်းကင်ကျယ်ကြီးတစ်ခုအတွက် သူ၏ခန္ဓာကိုယ်ထဲတွင် လည်ပတ်နေသောအခါ ထိုစွမ်းအင်တို့ နှလုံးအား ဖြတ်ကျော်သွားခဲ့ချိန်တွင် နှလုံးမှ ပြန်လည် ထုတ်ပေးသော ဆန်းကြယ်သည့် စွမ်းအင်သည် ပို၍ အားကြီးနေကာ ပမာဏများလာသည်မဟုတ်ဘဲ အရည်အသွေး တိုးတတ်လာခြင်းသာဖြစ်သည်။
သေချာစဉ်းစားစရာမလိုကာပင် ဝမ်ဖုန်းသည် ဤသို့ဖြစ်ရခြင်းသည် သူ၏နှလုံးသား၏ ရှိနေသည့် လျှိုယင်း ကြောင့် ဖြစ်သည်ကို သိရှိနေခဲ့သည်။
“ခင်ဗျား ဓားချက်တွေက ကျွန်တော့်ဂိုဏ်းက အကြီးအကဲနဲ့ အရမ်းဆင်တယ်။ သူ့ကိုသာ ခင်ဗျားတွေ့လိုက်ရင်တော့ ခင်ဗျား ပြိုက်ဘက်တယောက်ရသွားမှာပဲ။”
ဝမ်ဖုန်းသည် လူလတ်ပိုင်းအရွယ်လူကြီးအား ကြည့်လိုက်၍ အနည်းငယ် ရယ်လိုက်ခဲ့သည်။
“သူက ဘယ်သူလဲ?”
လူလတ်ပိုင်းအရွယ်လူကြီး၏ ညစ်နောက်နေသည့် မျက်လုံးများသည် တောက်ပသွားခဲ့၍ သူသည် အသံအောအောနှင့် ပြောလိုက်ခဲ့သည်။
“သူက လူရိုးပါပဲ။ သူနဲ့ ယှဉ်လိုက်ရင်တော့ ခင်ဗျား ဓားချက်နည်းနည်းနိမ့်ကျနေတာပေါ့လေ။ သူမှမဟုတ်ဘူး၊ ကျွန်တော့်ဂိုဏ်းထဲက အခြားအကြီးအကဲတွေနဲ့လည်း ခင်ဗျား ဓားက မယှဉ်နိုင်သေးပါဘူး။”
ဝမ်ဖုန်း၏စကားများအား ကြားလိုက်ရသည့်အခါတွင် လူလတ်ပိုင်းအရွယ်လူကြီးသည် ဒေါသမထွက်သွားခဲ့ကာ ထိုအစား၊ သူ၏ မျက်လုံးများသည် တောက်ပလာ၍ ဝမ်ဖုန်းအား တိုက်ရိုက်ကြည့်လိုက်ကာ မေးမြန်းလိုက်ခဲ့သည်။
“ဘာကြောင့်လဲ?”
“သူတို့ ဓားချက်တွေမှာက စိတ်ဝိဉာဉ်တွေ ရှိနေပေမဲ့ ခင်ဗျား ဓားချက်မှာတော့ မရှိသေးဘူးလေဗျာ!”
ဝမ်ဖုန်းသည် လုံးဝ မရှက်မကြောက်နှင့် ပြောလိုက်ခဲ့သော်လည်း သူ၏ စိတ်ထဲတွင် ဟန်ဆောင်ရသည်မှ အလွန် မသက်မသာဖြစ်ရသည်ဟု တွေးနေခဲ့လေသည်!
လူလတ်ပိုင်းအရွယ်လူကြီး၏ ဓားချက်သည် အလွန် အားကြီး၍ သာမန်လည်းမဟုတ်ခဲ့ပါ။ ဝမ်ဖုန်းသာ ယဲ့ကူချန်နှင့် အခြားသူတို့၏ ဓားသိုင်းပုံစံတို့အား မလေ့ကျင့်ထားခဲ့၍ ထိုသူတို့၏ ဓားသိုင်း လေ့ကျင့်ခြင်းတို့ကိုသာ မမှတ်မိနေခဲ့ပါက ဝမ်ဖုန်းသည် လူလတ်ပိုင်းအရွယ်လူကြီးအား ဓားရှည်နှင့် လိုက်၍ဖမ်းနိုင်ခဲ့မည်မဟုတ်ပါ။
“မင်း ဓားမှာလည်း ဘာစိတ်ဝိဉာဉ်မှ မရှိဘူးကွ!”
လူလတ်ပိုင်းအရွယ်လူကြီးသည် ဝမ်ဖုန်းအား တစ်ချက်ကြည့်လိုက်၍ အသံအောအောနှင့် ပြောခဲ့လိုက်သည်။
“ကျွန်တော်က ဓားကျင့်ကြံသူမှမဟုတ်ပဲ ကိုယ့်ကိုကိုယ်ပဲ လေ့ကျင့်တာကိုဗျ!”
ဝမ်ဖုန်းသည် ပြုံးကာ ပြောလိုက်ခဲ့လေသည်။
“ငါ့မှာ ဓားတစ်ချောင်းရှိနေတယ်။ မင်းသာ အဲ့တာကို ယူနိုင်မယ်ဆိုရင် ငါ မင်းနဲ့ လိုက်ခဲ့မယ်ကွာ။”
လူလတ်ပိုင်းအရွယ်လူကြီးသည် ဝမ်ဖုန်းအား လေးလေးနက်နက်နှင့် ကြည့်လိုက်ကာ တည်ငြိမ်စွာ ပြောလိုက်ခဲ့သည်။
“ဟုတ်ပြီလေ!”
ဝမ်ဖုန်း၏အသံ တိတ်သွားချိန်တွင် လူလတ်ပိုင်းအရွယ်လူကြီးသည် မျက်စိများ မှိတ်လိုက်ကာ ဓားကြီးသည် သူ၏ အရှေ့၌ အလျားလိုက် ထောင်ထားခဲ့၍ လူလတ်ပိုင်းအရွယ်လူကြီး၏လက်များသည် နီရဲနေခဲ့ကာ ဓားအား ထိကိုင်လိုက်ချိန်တွင် ထိုဓားကြီးသည် ချက်ချင်း တုန်ခါသွားခဲ့လေသည်။
ဟမ်!
ခေါင်းလောင်းသံကဲ့သို့သော ဓားသံများစွာ ထိုနေရာ၌ ထွက်ပေါ်လာခဲ့သည်။ ဤဓားရှည်သံများ ပေါ်ထွက်လာချိန်တွင် ဝမ်ဖုန်း၏ လူလတ်ပိုင်းအရွယ်လူကြီး၏ နောက်ကျောမှ ဓားပေါင်းများစွာ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရဟန်နှင့် တူသည်။ ထိုဓားများသည် အလွန်သေးငယ်လှကာ အားလုံး စုစည်းလိုက်ကြ၍ ဓားကောင်းတစ်လက်အား ဖြစ်ပေါ်လာစေခဲ့လေသည်။
“အဲ့ ဓားလေးကြီးက ဓားသွားစွန်းမရှိဘူးပဲ!”
ဤအချိန်တွင် လူလတ်ပိုင်းအရွယ်လူကြီးသည် မျက်လုံးများဖွင့်လိုက်ရာ သူ့မျက်လုံးများ ရှေ့၌ တောက်ပလှသည့် အလင်းရောင်ထွက်ပေါ်လာခဲ့သည်။ သူသည် ဟိမ်းဟောက်လိုက်၍ လက်နှစ်ဖက်လုံးနှင့် ဓား၏ ဓားရိုးကို ကိုင်ထားခဲ့၍ မြေကြီးထဲသို့ ထိုးထည့်လိုက်သည့်အခါတွင် သူရှိနေခဲ့သည့် မြေပြင်ကြီးသည် ချက်ချင်း ပေါက်ကွဲသွားခဲ့သည်။
ဤဓားကွက်သည် ဝမ်ဖုန်းအား မထိမိစေခဲ့သော်လည်း မြေပြင်ထဲသို့ ထိုးသွင်းလိုက်ပုံသည် လူလတ်ပိုင်းအရွယ်လူကြီးသည် ဝမ်ဖုန်းအား တိုက်ခိုက်နေသည့်အစား ဝမ်ဖုန်းအတွက် ဖျော်ဖြေပေးနေပုံနှင့်ပင် တူနေခဲ့လေသည်။
ဝမ်ဖုန်း ကြောင်နေသည့်အချိန်၌ပင် သူသည် ကြောက်လန့်သွား၍ ရုတ်တရက် ခေါင်းမော့လိုက်ခဲ့သည့်အခါတွင် သူ၏ခေါင်းအပေါ်မှ ဟင်းလင်းပြင်ကြီးတွင် အလွန့်အလွန် ကြီးမားလှသည့် ဓားကြီးရှိနေခဲ့ကာ သူ၏ယခင်ဘဝမှ ဂိမ်းများကစားခဲ့သည့် သူတော်ကောင်းတရားများကဲ့သို့ပင် သူ့ဘက်သို့ ထိုးဖောက်လာခဲ့သည်။ မရီကာ၏ ဓားကြီးနှင့်လည်း တူနေခဲ့သည်။
ဝမ်ဖုန်းသည် ထိုအချိန်တွင် ဤလူလတ်ပိုင်းအရွယ်လူကြီးသည် ဒီမက်စီယာ နှင့်အတူ တောင်ကြားကိုပင် တုန်လှုပ်စေသည့် ဓားကြီးကိုပင် အမွေဆက်ခံရရှိထားသည်ဟု တွေးလိုက်မိခဲ့သည်။
(ဒီမက်စီယာ - သမိုင်းတွင် ဩဇာတိက္ကမနှင့်ပြည့်စုံသည့် စစ်တပ်ရှိသည့် အင်အားကြီးပြီး စည်းကပ်တင်းကျပ်သည့် နိုင်ငံ)
အလွန့်အလွန်ပင် ကြီးမားလှသည့် ဓားကြီးသည် အလွန်မြန်ဆန်စွာ ထိုးတိုက်မနိုင်ခဲ့သော်လည်း ထိုသူသည် အချက်တစ်ခုချလိုက်သည့်အခါတိုင်းတွင် ဝမ်ဖုန်းသည် သူ၏ခန္ဓာကိုယ်သည် ကြုံ့သွား၍ ကမ္ဘာကြီးတစ်ခုလုံးသည်ပင် သူ့အား ဖိနှိမ့်ထားသလို ခံစားလိုက်ရသည်။ ထိုကဲ့သို့သော ဖိအားသည် ဝမ်ဖုန်းအား အနည်းငယ် နှလုံးခုန်မြန်နေစေခဲ့သည်။
ထိပ်ချွန်ဓားသည် တကယ်ပင် အရှေ့ပိုင်းမရှိသော်လည်း အလွန့်အလွန် လေးလံလှသည်။
ဝမ်ဖုန်းသည် ထိုအကြောင်းစဉ်းစားနေရန်ပင် အချိန်မရှိခဲ့ပါ။ ဝမ်ဖုန်းသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဤဓားကြီးမှ ဖိချလိုက်တော့မည်ဟုသာ တွေးနေခဲ့မိသည်။ ဝမ်ဖုန်း၏ မျက်လုံးများ ကြုံ့သွား၍ သူသည် ယဲ့ကူချန်၏ ကောင်းကင်ထဲတွင် ပျံသန်းနေသည့်အမတ တီထွင်ပုံ နည်းစနစ်များကို မှတ်မိသွားခဲ့လေကာ ဝမ်ဖုန်း၏ အနေအထားတစ်ခုလုံးသည် ပြောင်းလဲသွားခဲ့သည်။ ယခုတွင် ဝမ်းသာနေခြင်းမရှိသလို ဝမ်းနည်းနေခြင်းလည်းမရှိခဲ့ကာ လှိုင်းလုံးဝ မရိုက်ခက်နေသည့် ရေကန်ထဲရှိ ရေငြိမ်နေသကဲ့သို့ပင် တည်ငြိမ်နေခဲ့သည်။ ထိုကဲ့သို့သော ပုံဖြစ်နေသည့် ဝမ်ဖုန်းကို လူလတ်ပိုင်းအရွယ်လူကြီးအား စိုက်ကြည့်နေမိလိုက်စေသည်။ ထိုသူသည် ဝမ်ဖုန်းအား နီးနီးကပ်ကပ်ကြည့်ရှုနေခဲ့ရာ ဝမ်ဖုန်း၏ခန္ဓာကိုယ်မှ ကြောက်စရာကောင်းလှသည့် ဓားစွမ်းအင်ကြီး ပေါ်ပေါက်လာသည်ကို ခံစားလိုက်ရသည်။
“ကောင်းကင်ထဲမှာ ပျံသန်းနေတဲ့ အမတတွေ!”
ဓားကြီးသည် ဝမ်ဖုန်း၏ ဦးခေါင်းပေါ်မှ တစ်မီတာအတွင်း ကျရောက်သွားသည့်အခါတွင် ဝမ်ဖုန်းသည် အနည်းငယ် ဟိမ်းဟောက်လိုက်၍ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ခဏတာ ပျောက်သွားခဲ့၍ ဓားကြီးအပေါ်မှ ကောင်းကင်ပေါ်၌ ချက်ချင်း ပေါ်ပေါက်လာခဲ့လေသည်။လုံးဝ မည်းမှောင်နေသည့် သစ်ကိုင်းကို ဆွဲထုတ်လိုက်လေသည်။
ဤဓားသွားသည် ကောင်းကင်ပေါ်မှ သက်တန့်တန်းရှည်ကြီးကဲ့သို့ပင် အံ့ဩစရာကောင်းလှသည့် အလင်းတန်းကြီးလို ဖြစ်နေခဲ့သည်!
ဤဓားသွားသည် ကောင်းမွန်လှကာ မြန်ဆန်သောကြောင့် အရိုးအဆစ်များကိုပသ် အေးဆက်သွားစေနိုင်ကာ ထို နှိုင်းယှဉ်၍မရသော ဓားသွားသည်လည်း အလွန် ကြောက်စရာကောင်း၍ မထိန်းနိုင်ပါ!
ဓားကြီးသည် ပြုတ်ကျသွားခဲ့၍ ကွဲကြေသွားခဲ့သည်!
ဝမ်ဖုန်းသည် ဟင်းလင်းပြင်မှ ဖြည်းဖြည်းချင်း ကျဆင်းလာ၍ အံ့အားသင့်နေခဲ့သည့် လူလတ်ပိုင်းအရွယ် လူကြီးအား တိတ်တဆိတ် ကြည့်နေခဲ့လိုက်သည်။
ဤအချိန်တွင် လူလတ်ပိုင်းအရွယ်လူကြီး၏ မျက်ဆံတို့သည် ကြုံ့သွားခဲ့ကာ ထိုသို့သော မျက်လုံးများနှင့် ကောင်းကင်ထဲမှ ကြယ်ကလေးများအား ကြောင်ကြည့်နေခဲ့သည်။ သူသည် ဝမ်ဖုန်း၏ ဓားရှည်ကြောင့် အံ့အားသင့်သွားခဲ့လေသည်။
ထိုဓားသည် အပြစ်အနာအဆာလုံးဝ ရှိမနေကာ ချိုးဖျက်ရန်လည်း မဖြစ်နိုင်ခဲ့ပါ။
“ဒီ ဓားကို ကောင်းကင်အပြင်က ဖေးရှန်း လို့ခေါ်တာလား?”
လူလတ်ပိုင်းအရွယ်လူကြီး ဝမ်ဖုန်းအားကြည့်၍ မမေးခင်အထိ သိပ်မကြာလှခဲ့ပါ။
ဝမ်ဖုန်းသည် ခေါင်းညိတ်လိုက်ခဲ့သည်။ ဤအချိန်၌ သူသည် အင်အား အနည်းငယ်ကုန်ခမ်းနေပြီဖြစ်သည်။ ဤဓားသည် အနည်းဆုံး သူ၏ ဆန်းကြယ်သည့် စွမ်းအင်၏ ဆယ်ပုံပုံ ရှစ်ပုံလောက် ကုန်ခဲ့စေသည်။ လျှိုယင်း ကြောင့် ဖြစ်ပေါ်သွားခဲ့သည့် ထူးထူးဆန်းဆန်းအခြေအနေကြောင့်သာ မဟုတ်လျှင် သူသည် မြန်မြန်ဆန်ဆန်နှင့် ရှေးဟောင်းနယ်မြေမှ ဆန်းကြယ်သည့် စွမ်းအင်များ စုပ်ယူလိုက်နိုင်မည်မဟုတ်သောကြောင့် သူသည် ဤအချိန်၌ လဲကျမေ့မြောသွားမည်ကို ကြောက်နေရမည်ဖြစ်ပေသည်။
“ဒါကို မင်းဖန်တီးခဲ့တာလား?”
“မဟုတ်ဘူးဗျ၊ ကျွန်တော့် ဂိုဏ်းက အကြီးအကဲတစ်ယောက်ဖြစ်တဲ့ ယဲ့ကူချန် က ဖန်တီးပေးခဲ့တာလေ! အခုလောလောဆယ်တော့ ကျုပ်ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းမှာ ဓားသိုင်းကျွမ်းကျင်သူ သုံးယောက်ရှိတယ်။ သူတို့ တစ်ယောက်ချင်းစီတိုင်းက ဓားသိုင်းတွေ ဖန်တီးထားခဲ့ကြပြီး အဲ့သိုင်းတွေအားလုံးကလည်း ဒီဓားသိုင်းနဲ့ ယှဉ်နိုင်တယ်ဗျ!”
ဝမ်ဖုန်းသည် ခေါင်းခါလိုက်၍ လူလတ်ပိုင်းအရွယ်လူကြီးအား ကြည့်လိုက်ကာ တည်တည်ငြိမ်ငြိမ်နှင့် ပြောပြလိုက်ခဲ့သည်။
ဝမ်ဖုန်း ပြောပြလိုက်ပြီးနောက် ချက်ချင်းတွင် လူလတ်ပိုင်းအရွယ်လူကြီးသည် ထပ်ကာ တုန်လှုပ်သွားခဲ့သည်။ သူသည် ဝမ်ဖုန်းအား စိုက်ကြည့်လိုက်ကာ ပြောလိုက်ခဲ့သည်။
“ငါ မင်းဂိုဏ်းထဲဝင်လို့ရမလား?”