နဂါးမျှော်စင်ကျဆုံးခြင်း.....
Vol. 5 Ch. 61
မဟာယာနနဂါးမျှော်စင်ဘက်က သိုင်းပညာရှင်ပေါင်း ၂၀၀၀ ကျော်ကို သတ်ပြီးကတည်းက လူတိုင်း အထိတ်တလန့်ဖြစ်ခဲ့ရသည်။ ယခင်က မောက်မာနေကြသော ကောင်းကင်လောင်ကျွမ်းခြင်းစံအိမ်သည်ပင် ရူးမိုက်သောလုပ်ရပ်များမလုပ်ဝံ့တော့ပေ။ ဝတ်ဖြူတော်အစောင့်အဖွဲ့က စုံစမ်းနေသော်လည်း တရားခံအစစ်ကို ရှာမတွေ့ခဲ့ချေ။ ယခုအချိန်တွင် မဟာယာနနဂါးမျှော်စင်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ကမ္ဘာအနှံ့တွင် ပျံ့နှံ့နေပါသည်။
နှစ်တစ်ထောင်သက်တမ်းရှိ သန့်ရှင်းသောမြေသည်ဂရမ်းမာစတာအဆင့်တပည့်များ၊အစစ်အမှန်နတ်ဘုရားနယ်ပယ်အဆင့် အကြီးအကဲများ၊တုနှိုင်းမရသောကျင့်စဉ်များဖြင့် မင်းဆက်များ ပြောင်းလဲခြင်းကို ထိန်းချုပ်ထားသည်။
သတင်းမျိုးစုံ တောမီးကဲ့သို့ ပျံ့နှံ့နေပြီး ဘယ်သူက ဖြန့်တယ် ဆိုတာ ဘယ်သူမှ မသိနိုင်ခဲ့ကြပေ။ထိုသတင်းများကြောင့် သိုင်းလောကတစ်ခုလုံး တုန်လှုပ်ခြောက်ခြားနေကြသည်။
သိုင်းပညာ ဂိုဏ်းတစ်ခုက အနှစ်တစ်ထောင်ကျော်တည်မည်သို့ရှိနိုင်မည်နည်း။ သိုင်းပညာဂိုဏ်းတစ်ခုက အင်ပါယာအာဏာကို မည်ကဲ့သို့ထိန်းချုပ်နိုင်မည်နည်း.......
မြို့တော်တွင်.....
ညီလာခံခန်းမတွင် နဂါးဝတ်ရုံဝတ်ဆင်ထားသည့် ကျန်းဇီယုက တရားရုံးအရာရှိတွေကို စူးစူးရဲရဲစိုက်ကြည့်ပြီး...... “အခုထိတရားခံရှာမတွေ့သေးဘူးလား...မောင်မင်းတို့တွေကအမှိုက်တွေလား!!!!.”
သိုင်းလောက၏ ကောလဟာလများက သာမန်လူများကြားထဲသို့ပင် ရောက်ရှိနေပြီဖြစ်သည်။ ၎င်းသည် အင်ပါယာအုပ်ချုပ်မှုအတွက် အလွန်ဆိုးရွားပြီး သာမန်ပြည်သူလူထု၏ အေးချမ်းမှုကိုများစွာထိခိုက်စေသည်။
တရားရုံးတစ်ခုလုံး တိတ်ဆိတ်နေသော်လည်း ရုတ်တရက် စစ်သူကြီးတစ်ယောက်က ....“မဟာယာနနဂါးမျှော်စင် တည်ရှိနေတာ မှန်ပဲလား....."
ထိုမေးခွန်းကြောင့် တခြားအရာရှိတွေက သိလိုစိတ်ဖြင့် ကျန်းဇီယုကိုကြည့်လိုက်ကြသည်။
ယန်ချယ်က.... "တကယ်ဆိုရင်တောင် မဟာယာနနဂါးမျှော်စင်က ဘုရင်မင်းမြတ်အတွက် ဘာမဆိုလုပ်ပေးနိုင်တယ်လို့ မင်းတို့ထင်နေလား"
ဧကရာဇ်တွက် သိုင်းပညာဒဏ္ဍာရီဖြစ်သည့် မသေနိုင်သောမာစတာ ချန်ရှန်း ၏ကျောထောက်နောက်ခံရှိသည်မှာ လျှို့ဝှက်ချက်မဟုတ်တော့ပေ။
ကျန်းဇီယုက အေးဆေးတည်ငြိမ်စွာဖြင့်.... "ဟုတ်တယ်... နှောင်းဧကရာဇ်နဲ့အရင်အိမ်ရှေ့စံတို့ နှစ်ဦးစလုံးကို မဟာယာနနဂါးမျှော်စင်က ပံ့ပိုးပေးခဲ့တယ်.... အရင် အိမ်ရှေ့စံက မဟာယာနနဂါးမျှော်စင်ကို လှည့်စားပြီး ချူမင်းဆက်ကို ပြန်လည်ထူထောင်ချင်တဲ့ မဟာယာနနဂါးမျှော်စင်ရဲ့ အမိန့်ကို နားထောင်ဖို့အတွပ် ကွယ်လွန်သူဧကရာဇ်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ်...."
ထိုမိန့်ကြားချက်ကြောင့် လူတိုင်းလှုပ်လှုပ်ရှားဖြစ်ကုန်ကြသည်။
ချူမင်းဆက်ကိုပြန်လည်တည်ထောင်ချင်ခဲ့တာလား.........
နှောင်းဧကရာဇ်သည် တစ်ချိန်က ဤရယ်စရာကောင်းသော အကြံပြုချက်ကို ပြောပြခဲ့ဖူးသည့်အတွက် ထိုသတင်းကို အနည်းနှင့်အများကြားသိခဲ့ရသည်။
တကျန်း၏အရာရှိများအနေနှင့် ချူမင်းဆက်ကိုပြန်လည်ထူထောင်ရေးကိစ္စအား သဘာဝအတိုင်းသည်းမခံနိုင်ကြပေ။
သူတို့သည် ထိုအကြောင်းကို အလွန်အကျွံ မတွေးဝံ့ဘဲ အန္တရာယ်အငွေ့သက်ကို ခံစားလာရသည်။
ဝန်ကြီးများ၏ အပြောအဆိုများ ပြောင်းလဲလာသည်ကို တွေ့မြင်ရသဖြင့် ကျန်းဇီယုက ....
“မဟာယာနနဂါးမျှော်စင်က စစ်ကြေညာနေပြီ....ငါကိုယ်တော် သူတို့ကိုစောင့်နေမယ်...ဒါပေမယ့် သတင်းဆိုးတွေဖြန့်နေတဲ့ နဂါးမျှော်စင်ကိုလုံးဝခွင့်မလွှတ်ဘူး..... "
ကျန်းဇီယုက ရှာဖွေမှုတိုးမြှင့်ရန် တာဝန်ရှိသူများက အမိန့်ပေးခဲ့သည်။
တစ်ချိန်တည်းမှာပဲ ကျန်းချန်ရှန်းသည်လည်း လီကုန်းကုန်းကနေတဆင့် ဒီအကြောင်းကို သိခဲ့ရသည်။
ကျန်းချန်ရှန်း မျက်ခုံးပင့်ကာ....
" မဟာယာနနဂါးမျှော်စင် ဘာကြောင့် ဒီလိုလုပ်နေမှန်း နားမလည်တော့ဘူး..... သူတို့က ကျန်းမိသားစုကို အရှက်ခွဲချင်နေတာလား....."
လီကုန်းကုန်းက.... “မဟာယာန နဂါးမျှော်စင်က တိုက်ပွဲကို ကြည့်ရှုဖို့ လူတွေကို ဆွဲဆောင်ချင်တယ်လို့ပဲထင်မိတယ်..... သူတို့အနိုင်ရရင် ကျန်းမင်းဆက်ကို တချက်တည်း ချုပ်ကိုင်ပြီး သူတို့ရဲ့ အင်အားကို ကမ္ဘာသိအောင် ပြသနိုင်လိမ့်မယ်.....သူတို့ရှုံးရင် မင်းရဲ့ဂုဏ်သိက္ခာကို တိုးပွားစေပြီး ရန်သူပိုပေါလာလိမ့်မယ်...... ငါသိသလောက်ဆို ဒီကောလဟာလတွေက အနီးနားက မင်းဆက်တွေဆီ ပျံ့နှံ့နေပြီ.......”
ကျန်းချန်ရှန်းအခုမှသာ ဉာဏ်အလင်းရခဲ့သည်။ ဒီလှုပ်ရှားမှုဟာ တကယ့်ကို ရက်စက်ကြမ်းကြုတ်လွန်းလှသည်။
မဟာယာနနဂါးမျှော်စင်ကို ကျန်းချန်ရှန်း အလွယ်တကူ နှိမ်နင်းနိုင်သည်ကို အခြားမင်းဆက်များ သိပါက၊ ၎င်းတို့သည် သူ့ကို သတိထားပြီး မဟာမိတ်ဖွဲ့ပင် ဖွဲ့ကြမည်ဖြစ်သည်။
သို့သော်လည်း ကျန်းချန်ရှန်း ထိတ်လန့်ခြင်းမရှိပေ။ သူ့ဘက်ကသာ မတိုက်ခိုက်သေးသ၍ မဟနမျှော်စင်ဘက်ကလည စတင်တိုက်ခိုက်မည်မဟု်ပေ။
မင်းဆက်ပေါင်းများစွာကို ဘယ်လိုလွယ်လွယ်ကူကူ စည်းလုံးနိုင်မလဲ........
အများစုက မဟာယာနနဂါးမျှော်စင်ကို သံသယဝင်နေကြပြီမဟုတ်လော.....
ရွှေခန္ဓာနယ်ပယ်သည် စကြာဝဠာနယ်ပယ်ကို မဆိုထားနှင့် မင်းဆက်တစ်ခု၏ ဒဏ္ဍာရီနယ်ပယ်တစ်ခုဖြစ်သည်။
ကျန်းချန်ရှန်းက သူ့ကိုယ်သူ ကြံ့ခိုင်လာဖို့ ပိုကြိုးစားဖို့ လိုနေသေးသည်ဟုတွေးနေခဲ့သည်။ထို့ကြောင့် စနစ်ကပေးအပ်ထားသောဆေးကျမ်းကိုအသုံးပြုရမည်ဖြစ်ပြီး ဆေးပင်များစုဆောင်းရပေတော့မည်။
သူသာလျှင် အင်မော်တယ်ဆေးများကို သောက်သုံးနိုင်သောကြောင့် တခြားသူများသိသွားမည်ကိုစိုးရိမ်နေရန်မလိုပေ။ ဥပမာအားဖြင့်၊ သူမှလွဲ၍ အခြားသော အစွမ်းထက်သော ကိုယ်ခန္ဓာရှိသော နတ်ဆိုးများသာ ဝိညာဉ်စွမ်းအားမြှင့်ဆေးများကို စားသုံးနိုင်သည်။
သူသည် ဤကမ္ဘာပေါ်တွင် တစ်ဦးတည်းသောကျင့်ကြံသူဖြစ်သည်။ ထို့ကြောင့် ကျင့်ကြံခြင်းအတွက်အသုံးဝင်သော အရင်းအမြစ်များကလည်း သူ့တစ်ယောက်တည်းအတွက်သာပင်.......
ဒါကလည်း တခြား သိုင်းပညာ ရှင်တွေထက်ပိုသာသည့် သူ့ရဲ့ အားသာချက်ပင်......
“ဟုတ်တယ်၊ သူ့တို့ကို ဆက်ပြီး စောင့်ကြည့်နေပါ လှုပ်ရှားမှုတွေရှိရင် အချိန်မရွေး ငါ့ကိုလာရှာ” ဟု ကျန်းချန်ရှန်းက အမိန့်ပေးလိုက်သည်။
လီကုန်းကုန်းက အမိန့်ကိုနာခံပြီး ဦးညွှတ်ကာ လှည့်ထွက်သွားသည်။
ကျန်းချန်ရှန်က လီကုန်းကုန်း ရှိနေ၍သာ တော်ပေတော့သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ ကျင့်ကြံနေရုံနှင့်မလုံလောက်သေးဘဲ မမြင်နိုင်သောအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ကမ္ဘာအကြောင်းကိုလည်း သိထားရပေမည်ယ
သတင်းအချက်အလက်စုဆောင်းခြင်းကို လီကုန်းကုန်းနှင့်စတင်ရမည်။ဤအလေ့အကျင့်သာမျိုးဆက်တစ်ခုမှ မျိုးဆက်တစ်ခုသို့ ကူးဆက်ခဲ့ပါက ၎င်းသည် နှစ်ပေါင်းရာဂဏန်းအတွင်း ကမ္ဘာအနှံ့ ပျံ့နှံ့သွားမည်ဖြစ်သည်။
မဟာယာနနဂါးမျှော်စင်မှ သတင်းများ ပိုများလာကာ နောက်ဆုံးတွင် ၎င်း၏ရည်မှန်းချက်ကို ထုတ်ဖော်ခဲ့သည်။ မဟာယာနနဂါးမျှော်စင်သည် မြို့တော်ကြီးတစ်ခုဆီသို့ ဆင်းသက်လာပြီး အနှစ်တစ်ထောင်သက်တမ်းရှိသော သန့်ရှင်းသောမြေ၏ တန်ခိုးကို တကျန်း၏ သိုင်းလောကကို မြင်စေမည်ဖြစ်သည်။ လူအချို့၏ လှုံ့ဆော်မှုနှင့်အတူ သိုင်းပညာကျွမ်းကျင်သူများ မြို့တော်သို့ အပြေးအလွှား တိုးရောက်လာကြချေပြီ။
သိုင်းလောက၏ဒဏ္ဍာရီ ဆရာတော်ချန်ရှန်းနှင့် နှစ်တစ်ထောင်သက်တမ်းရှိသော သိုင်းလောက၏သန်ရှင်းမြင့်မြတ်သောနယ်မြေတို့၏ တိုက်ပွဲသည် နတ်ဘုရားများ၏တိုက်ပွဲသဖွယ်ဖြစ်နေပေလိမ့်မည
သိုင်းလောကတွင် အမျိုးမျိုးသော ထွင်လုံးပျက်လုံးများ ပျံ့နှံ့သွားခဲ့ပြီး ထိုသတင်းကြားပြီးနောက် အိမ်နီးချင်း မင်းဆက်များမှ သိုင်းပညာ ရှင်များပင် တကျန်းသို့ရောက်လာကြသည်။
တဖြည်းဖြည်းနဲ့ လုံချီ ဘုရားကျောင်းရဲ့ တပည့်တွေတောင် ဒီကိစ္စကို သိလာခဲ့ကြပြီး မဟာယာနနဂါးမျှော်စင်၏ တန်ခိုးကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြရသည်။သို့သော်လည ကျန်းချန်ရှန်းကို ယုံကြည်ဖို့သာရွေးချယ်ခဲ့ကြသည်။သူတို့၏ကျောင်းထိုင်သည် ကမ္ဘာပေါ်တွင် နံပါတ်တစ်ဖြစ်သည်။
ဤသို့ဖြင့် အချိန်တွေ ကုန်ဆုံးသွားခဲ့ပြန်ပြီ....
ချန်ဝူခေတ်၏ ဒုတိယနှစ်တွင် မြို့တော်ရှိ နယ်ချဲ့အစောင့်များသည် ၎င်းတို့၏ စစ်တပ်အင်အားကို ၂၀၀,၀၀၀ အထိ တိုးချဲ့ခဲ့ပြီး မြို့တံခါးလေးခုကို အစောင့်တပ်သားတွေက စောင့်ကြပ်ထားသည်။
မြို့ထဲမှာ သိုင်းပညာတွေ ပိုများလာပြီး သိုင်းပညာ လေ့ကျင့်သူများကို လမ်းများပေါ်၌ပင်အလွယ်တကူ မြင်တွေ့နိုင်သည်။ မြို့တော်တွင်သာမာန်လူများကို လက်နက်ကိုင်ဆောင်ခြင်း တားမြစ်ထားသဖြင့် သိုင်းပညာ လေ့ကျင့်သူများနှင့် သာမန်လူများကို ခွဲခြားရလွယ်ကူသည်။
ဖေဖော်ဝါရီလလယ်ပိုင်းတွင်......
ကျန်းချန်ရှန်းသည် ခြံဝင်းထဲတွင် ဆေးများကို သန့်စင်နေသည်။ ကျန်းဇီယုကို ဆေကျိုအိုးတစ်လုံး ပြုလုပ်ပေးဖို့တောင်းဆိုခဲ့သဖြင့် မြင့်မားသောအပူချိန်ကိုခံနိုင်ရည်ရှိသော ခမ်းနားထည်ဝါသောအိုးတစ်လုံးကိုရရှိခဲ့သည်။
ပိုင်ချီသည် ကျန်းချန်ရှန်း၏ခြေရင်းတွင် လှဲအိပ်နေပြီး ခွေးတစ်ကောင်လို သရေတမျှားမျှားကျနေ၏။
ဆေးဖက်ဝင်အိုးထဲက ဝိညာဉ်စွမ်းအင်ပြည့်ဝသောရနံ့များက ရူးလောက်အောင်ဆွဲဆောင်နေသော်လာညိး ကျန်းချန်ရှန်း အနားမှာတော့ ကမောက်ကမ ပြုမူဝံ့ခြင်းမရှိခဲ့ပေ။ ကျန်းချန်ရှန်းက ပိုင်ချီကို တစ်ချက်ကြည့်လိုက်ပြီး ....."မင်းစားချင်လား"ဟုမေးလိုက်သောအခါ ပိုင်ချီသည် အစွမ်းကုန် ခေါင်းညိတ်လိုက်ပြီး တောက်ပနေသောမျက်လုံးရွဲကြီးမျာဖြင့်မော့ကြည့်နေသည်။
“ဒီဆေးလုံးတွေက တန်ဖိုးကြီးတယ် ကျွေးလို့မရဘူး..... ”
ကျန်းချန်ရှန်း ခေါင်းခါလိုက်သဖြင့် ပိုင်ချီ အထိတ်တလန့်နဲ့ .....
" တာအိုဆရာတော် ၊ မင်းငါ့ကို ဒီဆေးပြားတွေပေးမယ်ဆို ငါ့ခန္ဓာကိုယ်ကို မိန်းမတစ်ယောက်အဖြစ် ပြောင်းလဲနိုင်တယ်... မင်းလိုချင်တဲ့ ပုံပန်းသဏ္ဍာန်ကိုသာပြောလိုက်....."
ကျန်းချန်ရှန်းက ဒေါသတကြီးနဲ့မျက်မှောင်ကြုံ့ကာ...." ငါ့ကိုဘယ်သူလို့ထင်နေလဲ.... ဒီဆေးတွေအကြောင်း ပေါက်ကြားလို့ မရဘူး..... ဒါပေမဲ့ မင်းသောက်သုံးချင်ရင် မင်း ငါ့အပေါ် အပြည့်အဝသစ္စာစောင့်သိမှရမယ်...."
"ကျုပ် ခင်ဗျားဆိီမှာ ထာဝရအစေခံဖို့ ဆန္ဒရှိပါတယ်........"
သူ့ဘဝမှာ ရှင်သန်ပြီး သန်မာလာဖို့ကလွဲရင် အခြားသောဆန္ဒမရှိခဲ့ပေ။ ကျန်းချန်ရှန်းနားတွင်ရှိနေသ၍ သန်မာဖို့ကသေချာသည်ထက်ပင်ပိုနေပေလိမ့်မည်။တုံလင်းမင်းဆက်၏ သိုင်းပညာသည် ကာလကြာရှည်စွာ ဖိနှိပ်ခံခဲ့ရသောကြောင့် တက်လမ်းရှိနိုင်မည်မဟုတ်ပေ။
"ဒါဆို ငါ မင်းကို လက်ခံမှာပါ"
ဆေးစမ်းသပ်ရန် ပိုင်ချီကို သုံးနိုင်သည်။
ပိုင်လုံကို သေချာကျွေးမွေးစောင့်ရှောက်ထားသောကြောင့် ဆေးစမ်းရင်းသေဆုံးသွားလျှင် ကျော်မကောင်းကြားမကောင်းဖြစ်ကုန်လိမ့်မည်။ပိုင်ချီကတော့ သေဆုံးသွားလည်း ပြသာနာမရှိပေ။
အိုးထဲတွင် ဆေးသုံးလုံးရှိနေပြီး ၎င်းတို့ကို ပုံသွင်းရန်အတွက် သူ၏ဝိညာဉ်စွမ်းအင်ကို အသုံးပြုခဲ့ရသည်။ ထို့နောက် ဝိညာဉ်စွမ်းအင်ဆေးပြားထဲသို့ ၀ိညာဥ်စွမ်းအင်များပို့လွှတ်နေသောအရှိန်ကို တိုးမြင့်လာစေရန်အတွက် ကြီးမားသောမီးဖိုပေါ်တွင် ကျိုချက်ထားရမည်။ ဤလုပ်ငန်းစဉ်ပြီးဆုံးရန် အနည်းဆုံး ရက်အနည်းငယ် ကြာမည်ဖြစ်သည်။
"မင်း ဒီဆေးကို မသောက်ရသေးဘူး
... ကောင်းကင်နှင့်မြေကြီးရဲ့ ဝိညာဉ်စွမ်းအင် ကြွယ်ဝမှုကို အာရုံခံနိုင်နေတာမို့ မင်းဒီဆေးကိုသောက်လိုက်ရင် နတ်ဆိုးတွေတဟုန်ထိုးဝင်လာပြီး မင်းရဲ့ခန္ဓာကိုယ် ပေါက်ကွဲသွားလိမ့်မယ်..." ဟု ကျန်းချန်ရှန်းက ညွှန်ကြားခဲ့သည်။
ပိုင်ချီ ခေါင်းညိတ်လိုက်ပြီး...." ဒီအစေခံ
နားလည်ပါပြီ......."
ကျန်းချန်ရှန်းက ကူကယ်ရာမဲ့စွာဖြင့် "မင်းဘာလို့ ကိုယ့်ကိုကိုယ် အစေခံလို့သုံးနှုန်းရတာလဲ......."
"လူသားမိန်းကလေးတွေ ပြောနေကြတာကြားဖူးလို့ပါ......."
“ငါတို့ကြားမှာ ဒါတွေ မလိုဘူး..ငါ့ကို တာအိုဆရာတော်လို့ပဲခေါ်ပါ....."
"နားလည်ပါပြီ....."
ကျန်းချန်ရှန်းသည် ပိုင်ချီနှင့်စကားပြောနေရင်းကနေဘက် မြောက်မြို့တံခါးဆီသို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။
'သူတို့ ရောက်နေပြီ....!'
ပိုင်ချီသည် ကျန်းချန်ရှန်း၏အကြည့်ကို သတိပြုမိပြီး အပေါ်ကိုကြည့်သော်လည်း ထူးထူးခြားခြား မတွေ့ခဲ့ရပေ။
" တာအိုဆရာတော် ၊ ဘာဖြစ်နေတာလဲ "
ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး “သေလမ်းရှာနေတဲ့သူတွေ ရောက်လာကြပြီ......"
အနက်ရောင် ကန့်လန့်ကာတစ်ခု လွင့်စင်သွားသလိုမျိုး မိုးကုတ်စက်ဝိုင်းကနေ တိမ်မည်းတွေ ရုတ်တရက် လွင့်ပျံလာပြီး ဖိအားများကျဆင်းလာသည်။
ပိုင်ချီ ထိုစကားကိုကြားသောအခါ ချက်ချင်းပင် ထိတ်လန့်သွားပြီး ၎င်း၏ဝံပုလွေအမွေးပင်ထောင်တက်လာသည်။
“မဟာယာန နဂါးမျှော်စင်က မင်းဆက်ဆယ်ဆက်ကြားမှာ အင်အားကြီးတဲ့ တည်ရှိမှုတစ်ခုလို့ ယူဆနိုင်တယ်.... မဟာယာနနဂါးမျှော်စင် ဘယ်လောက်အင်အားကြီးတယ်ဆိူတယ မသိပေမယ့် အင်အားအပြည့်နဲ့ တဂိုဏ်းလုံးရောက်လာပြီးဆိုတော့ ကြောက်မက်ဖွယ်ကောင်းမှာ သေချာတယ်... ဒီလို မြင်ကွင်းမျိုးကို နှစ်တစ်ရာအတွင်း တစ်ခါမှ မမြင်ဖူးဘူး.... အရှင်ဘုရား၊ သတိတော့ထားပါ.....”
ကျန်းချန်ရှန်းက ခေါင်းညိတ်ပြပြီး ဆေးကျိုအိုးကို တစ်ချက်ကြည့်လိုက်သည်။
အမွှေးတိုင်တစ်တိုင်စာခန့်ကြာပြီးနောက် မြို့တော်အထက် ကောင်းကင်ယံတွင် တိမ်ညိုများ ဖုံးလွှမ်းသွားသည်။ မွန်းတည့်အချိန်၌ပင် ညရောက်နေသလို မည်းမှောင်နေ၏။ မြို့သူမြို့သားများ၊ သိုင်းပညာရှင်များနှင့် အစောင့်တပ်သားများသည် ရာသီဥတု၏ မူမမှန်မှုကို သတိပြုမိကြသည်။
ဝုန်းးးးးးး
မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး လူတိုင်းကို ကြောက်ရွံ့ထိတ်လန့်စေခဲ့သည်။
တိမ်မည်းများသည် မိုးကြိုးတိမ်တိုက်များအဖြစ်သို့ ပြောင်းလဲသွားပြီး လျှပ်စီးတဝင်းဝင်းနှင့် မိုးခြိမ်းသံများ တဟုန်ထိုး မြည်ဟီးလာသည်။ ဖော်မပြနိုင်သော ဖိအားတစ်ခုက မြို့တော်ကို လွှမ်းခြုံထားသဖြင့် မှူးမတ်များနှင့် သာမန်လူများ ကောင်းကင်ကို မျှော်ကြည့်ကြသည်။ ဧကရာဇ် ကျန်းဇီယုသည်လည်း အလားတူပင်......
ကျန်းဇီယုက “နောက်ဆုံးတော့ သူတို့ ဒီကို ရောက်နေကြပြီလား” လို့ ရေရွတ်ရင်း သူ့အမူအရာက လေးနက်နေခဲ့သည်။
ထိုစဉ် ဟွာဂျန်ရှင်း သူ့အနားရောက်လာပြီး
“သူက မင်းကို အပြင်မထွက်ခိုင်းဘူး.... နန်းတော်ထဲမှာနေပြီး အရာရာကို သူနဲ့ပဲလွှဲထားလိုက်ပါ.....”
ကျန်းဇီယု ခေါင်းညိတ်လိုက်သည်။ ပတ်ဝန်းကျင်မှာ လူတွေရှိနေတာကို မြင်လိုက်ရတော့ ဟွာဂျန်ရှင်းကို သူ့အမေလို့ မခေါ်နိုင်ခဲ့ပေ။
“သူ ဒီဘေးဆိုးကြီးကနေ ဘေးကင်းကင်း လွတ်မြောက်နိုင်မယ်လို့ ထင်လား” လို့ အသံတိုးတိုးနဲ့ မေးဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။
မဟာယာနနဂါးမျှော်စင်သည် အနှစ်တစ်ထောင် သန့်ရှင်းသောနယ်မြေ၏ ဘုန်းတန်ခိုးကို ကမ္ဘာကိုပြသရန် မြို့တော်ဆီ ဆင်းသက်လာမည်ဟု သိုင်းလောကရှိ ကောလာဟလများကို သူလည်း သိရှိခဲ့သည်။
ဟွာဂျန်ရှင်းက မျက်နှာဖုံးတပ်ထားသောကြောင့် သူမ၏အမူအရာကို မည်သူမျှ ရှင်းရှင်းလင်းလင်းမမြင်နိုင်ပေ။ သို့သော် သူမ၏အကြည့်များကတော့ အလွန်ခိုင်မာနေပါသည်။
"သူက ကမ္ဘာပေါ်မှာ သြဇာအရှိဆုံး ပုဂ္ဂိုလ်ပါ....”
ထိုစဉ်ကောင်းကင်တွင် မိုးကြိုးတိမ်တိုက်များ ရုတ်တရက် လွင့်စင်သွားကာ လူရိပ်များ ကျဆင်းလာသည်။ သူတို့အားလုံးသည် ကိုယ်ခန္ဓာကို လှည့်ပတ်နေသော လေဆင်နှာမောင်းကဲ့သို့ လေပြင်းများဖြင့် ရစ်ပတ်ထားကြသည်။ ထိုမြင်ကွင်းက ကြီးကျယ်ခမ်းနားပြီး ကြောက်စရာကောင်းလွန်းလှသဖြင့် မြို့သူမြို့သားတိုင်း ထိတ်လန့်ကြောက်ရွံနေကြလေသည်။
အစစ်အမှန်နတ်ဘုရားနယ်ပယ်တွေ!!!!!!
ကျန်းချန်ရှန်းနှင့်ဘုန်းတော်ကြီး ကြွယ်ရှင်းတို့ ၏ တိုက်ပွဲကို မျက်မြင်တွေ့ခဲ့ရသူ အများအပြား စိတ်လှုပ်ရှားကုန်ကြသည်။ ဤဖိအားသည် ယခင်က ဘုန်းတော်ကြီး ကြွယ်ရှင်းနှင့် အတူတူပင်ဖြစ်ပြီး လူများကို ကြောက်ရွံ့စေသည်။အစစ်အမှန်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများသာ လေထဲတွင် ပျံသန်းနိုင်သည် ။
“တစ်၊ နှစ်… သုံးဆယ့်နှစ်..”
ကျန်းဇီယု ရေတွက်ပြီးနောက် သူ့အမူအရာက အလွန်ကျည်းတန်သွားခဲ့သည်။
အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူ သုံးဆယ့်နှစ်ဦး..........
ဤနတ်ဘုရားများသည် နဂါးပုံချည်ထိုးထားသည့် ခရမ်းရောင် ၀တ်စုံများကိုတူညီစွာ ၀တ်ဆင်ထားကြသည်။ အကြည့်တစ်ချက်နဲ့ သူတို့ဟာ ဂိုဏ်းတစ်ခုတည်းက ဖြစ်တယ်လို့ ပြောနိုင်ပါသည်။ သူတို့ပတ်ဝန်းကျင်က လေပြင်းတွေထဲတွင်သွေးချီများရောနှောနေပြီး မြို့တော်ကြီးကို နတ်ဘုရားတွေလို ငုံ့ကြည့်နေကြသည်။
“ဒီနေ့ မဟာယာနနဂါးမျှော်စင်က လက်ရှိ သိုင်းလောကဒဏ္ဍာရီကို ဆန့်ကျင်တိုက်ခိုက်မယ်..... သတိထားကြည့်ပါ.......စစ်မှန်တဲ့ သိုင်းပညာကမ္ဘာက မင်းရှေ့မှာ ပထမဆုံးအကြိမ် ပေါ်လာလိမ့်မယ်.....”
ဂုဏ်သိက္ခာရှိသော အသံသည် ကောင်းကင်တွင် ပဲ့တင်ထပ်ကာ မြို့တော်အတွင်း အချိန်အတော်ကြာအောင် ပဲ့တင်ထပ်နေပါသည်။
မြို့တွင်းရှိ ခြံဝင်းတစ်ခုအတွင်း၌ သမုဒ္ဒရာလေးစင်းပဏ္ဍိတက ခေါင်းမော့၍......
“အိုးးးးး ဒီ ရဲဘော်ဟောင်းတွေက သူတို့ရဲ့ အသက်ကိုရင်းပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြတယ်.... ကြည့်ရတာ သူတို့ တကယ်သေဖို့ စိတ်ပိုင်းဖြတ်ထားပုံပဲ...ကျစ်..ကျစ် ဟိုကောင်လေး ချန်ရှန်း အန္တရာယ်ရှိနေပြီ........”
ကျန်းချန်ရှန်း ထိုစကားကိုကြားသောအခါ မဟာယာနနဂါးမျှော်စင်သည် အလွန်ငဲ့ညှာကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ သူတို့က မြို့တော်ကို မတိုက်ခိုက်ဘဲ ပွင့်ပွင့်လင်းလင်း ဆင်းသက်လာပြီး သူ့ကိုသာ ပစ်မှတ်ထားနေကြသည်။
သို့သော် ဒုတိယအတွေးကတော့ သာမန်ဖြစ်သည်။ မဟာယာနနဂါးမျှော်စင်၏ ရည်ရွယ်ချက်မှာ လက်စားချေခြင်းမဟုတ်ဘဲ အခြေအနေကို ထိန်းချုပ်ရန်ဖြစ်သည်။ ကိုယ့်လူမျိုးကို ဘာကြောင့်သတ်ရမည်နည်......
ကျန်းချန်ရှန်း မတ်တပ်ထရပ်ပြီး လေးစားမှုပြဖို့ သူ့ကြွက်သားတွေကို ဆန့်ထုတ်လိုက်သည်။
ပိုင်ချီသည် အစစ်အမှန်နတ်ဘုရားနယ်ပယ် ၃၂ ပါးကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ ဒီလိုမြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးသည့်အတွက် ကျန်းချန်ရှန်းကို သတိပေးချင်ပေမယ့် ဘာပြန်ပြောရမှန်းမသိရှာပေ။
ဝမ်ချန်း၊ ဟွမ်းချွမ်၊ လင်းရှောင်၊ ပင်းအန်း နှင့် အခြားသူများ ခြံဝင်းထဲသို့ တယောက်ပြီးတယောက် ဝင်လာကြသည်။ ကျန်းချန်ရှန်း ခြေဆန့်လက်ဆန့်လုပ်နေတာမြင်တော့ သူတို့ ပိုလို့တောင် တုန်လှုပ်သွားကြသည်။
“ ဆရာ့ကို ဒီလိုမျိုး ပထမဆုံးမြင်ဖူးတာပဲ…"
ဟွမ်းချွမ်က လေးနက်သော အမူအရာဖြင့် ခပ်တိုးတိုးရေရွတ်နေ၏။ တခြားသူတွေက ဘာမှ မပြောဝံ့ဘဲ ကျန်းချန်ရှန်းအတွက် နှလုံးသားထဲမှာပဲ ဆုတောင်းနေနိုင်ကြသည် ။
“မဟာယာနနဂါးမျှော်စင်က မင်းကို စိန်ခေါ်ဖို့ ငါ့လို အစစ်အမှန်နတ်ဘုရားနယ်ပယ်ထက်သာလွန်တဲ့သူ ၃၂ ယောက်ကို စေလွှတ်လိုက်ပြီ....ချန်ရှန်း၊ မင်းဘာလို့ တိုက်ခိုက်ဖို့ မပြင်ဆင်သေးတာလဲ......"
ကြီးကျယ်ခမ်းနားသော အသံသည် ကမ္ဘာကို တုန်လှုပ်စေပြန်သည်။
မရေတွက်နိုင်သော သိုင်းပညာရှင် အများအပြား လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။ အစစ်အမှန်နတ်ဘုရားနယ်ပယ်ရဲ့အထက်မှာနောက်ထပ်နယ်ပယ်တွေရှိနေသေးသလား......
သူတို့အကြည့်တွေအောက်မှာ လျှပ်စီးလက်နေတဲ့ တိမ်တိုက်တွေက လျှပ်စီးကြောင်းတွေအဖြစ် ကွဲထွက်သွားပြီး လျှပ်စီးလက်နေတဲ့ကြားက ပုံသဏ္ဍာန်တစ်ခု ဖြည်းဖြည်းချင်းဆင်းသက်လာသည်။ ထိုသူသည် အနီရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး သူ၏အဝတ်အစားများက မွန်မြတ်ပြီး လွှမ်းမိုးနိုင်စွမ်းရှိနေသလိုပက်.... သူ၏ခေါင်းပေါ်တွင် ဧကရာဇ်သရဖူကို ၀တ်ဆင်ထားကာ သူ၏ခန္ဓာကိုယ်သည် မသေနိုင်သောကမ္ဘာသို့ ဆင်းသက်လာသည်နတ်ဘုရားသကဲ့သို့ အလင်းရောင်မှိန်မှိန်ကို ထုတ်လွှတ်နေသည်။ သူ၏အော်ရာသည် အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူများ၏ ဖိအားကိုပင် ဖုံးလွှမ်းထားသည်။
အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင် ၃၂ ဦးကို ရင်ဆိုင်ရသောအခါ လူတိုင်းက ကြောက်ရွံ့မှုခံစားရပါက၊ သူနှင့်ရင်ဆိုင်ရသည့်အခါ မည်သူမျှ တိုက်ခိုက်နိုင်သော စိတ်ဓာတ်ကို မြှင့်တင်နိုင်မည်မဟုတ်ဘဲ စိတ်ပျက်အားငယ်ခြင်းသာ ကြီးစိုးနေပေလိမ့်မည်။
"သိုင်းပညာရှင်တွေက ဘယ်လောက်သန်မာနိုင်မှာလဲ...''
ကျန်းဇီယု တစ်ကိုယ်လုံး တုန်ရီနေသည်။
ဧကရာဇ်မင်းတစ်ပါးအနေဖြင့် ဤကဲ့သို့သော သိုင်းပညာနယ်ပယ်ကျွမ်းကျင်သူများရောက်လာသဖြင့် သူမည်ကဲ့သို့ သက်တောင့်သက်သာရှိနိုင်မည်နည်း.......