နေမင်းဗုဒ္ဓကြွချီလာခြင်း....နှစ်တစ်ထောင်သက်တမ်းရှိသောလူသား.......
Vol. 5 Ch. 62
အထူးသဖြင့် သိုင်းလောကရှိ သိုင်းပညာရှင်အားလုံး ထိတ်လန့်သွားကြသည်။ အစစ်အမှန်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများ၏ ထိတ်လန့်တုန်လှုပ်ဖွယ်ရာခွန်အာယကို တွေ့ကြုံခံစားခဲ့ရပြီး အစစ်အမှန်နတ်ဘုရားနယ်ပယ်သည် သိုင်းပညာ၏အထွတ်အထိပ်ကန့်သတ်ချက်ဖြစ်သည်ဟု ယူဆခဲ့ကြသည်။အခုကြပြန်တော့လည်း အစစ်အမှန်နတ်ဘုရားနယ်ပယ်ထက် သာလွန်သော နယ်ပယ်တစ်ခု ရှိသည်ဟု ရှောင်တုထျန်းက ပြောနေပြန်ပြီ......
ရှောင်တုထျန်းက အဲ့နယ်ပယ်ကိုတောင်ရောက်နေခဲ့ပြီလား....
မြို့အပြင်ဘက်က တောအုပ်ထဲတွင် သိုင်းပညာရှင်တစ်ယောက် ရပ်နေသည်။ မူလကပြုံးပြုံးရွှင်ရွှင်ဖြင့် ကြည့်ရှုခဲ့သော်လည်း ရှောင်တုထျန်းပေါ်လာသည်ကို မြင်သောအခါတွင် သူ၏အမူအရာ အေးခဲသွားသည်။
“ဒဏ္ဍာရီလာ ရွှေခန္ဓာနယ်ပယ်… သူ ဘယ်လိုလုပ် ဒီနယ်ပယ်ကို ရောက်သွားတာလဲ .... ဒီတစ်နှစ်တာလုံး သူ့ကိုမတွေ့ဖြစ်တာ အံ့သြစရာဘဲ..."
ထိုသိုင်းပညာရှင်၏ ချောမောသော မျက်နှာသည် မည်းမှောင်နေပြီး သူ့မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။
ရွှေခန္ဓာနယ်ပယ်.......
အနီးနားရှိ မင်းဆက်များ အိပ်မက်မက်ခဲ့သော နယ်ပယ်မှာ ဤဒဏ္ဍာရီနယ်ပယ်ပင်ဖြစ်သည်။
သူသာမကပဲ အခြားဂိုဏ်းများသည်လည်း တိုက်ပွဲကိုကြည့်ရှုရန် သိုင်းပညာများကို စေလွှတ်ခဲ့သည်။ သူတို့သည် အရပ်ရပ်၌ ပုန်းရှောင်ပြီး တိုက်ပွဲကို အဝေးက စောင့်ကြည့်နေသောကြောင့် ခြွင်းချက်မရှိ၊ သူတို့အားလုံး ရှောင်တုထျန်းကို ထိတ်လန့်နေကြသည်။
32ယောက်သော အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူများသည် အလွန်ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်သော်လည်း၊ ၎င်းတို့သည် မိမိတို့၏အသက်တာကို စတေးပြီး တိုက်ပွဲဆင်နွှဲဖို့ရောက်လာကြသူများပင်......
ဒါပေမယ့် ရှောင်တုထျန်းကတော့ ထိုသူများနှင့် မတူပေ။ သူသည် အသက်လောင်ကျွမ်းခြင်းဆေးလုံးကို စားသုံးထားသည့် လက္ခဏာများ မရှိဘဲ ပိုမိုမြင့်မားသော နယ်ပယ်သို့ပင် ရောက်ရှိခဲ့သည်။
အသက်ရှင်နေသော ရွှေခန္ဓာနယ်ပယ်ဆိုင်ရာကျွမ်းကျင်သူသည် အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူ ၃၂ ဦးထက်ပင် ပို၍ကြောက်စရာကောင်းသည်။
“ဒါ…ဒါဆို အင်မော်တယ် ဆရာတော်ချန်ရှန်း အနိုင်ရပါ့မလား......”
“အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတွေ အများကြီးရှိတဲ့အပြင် သူတို့ထက်သာလွန်တဲ့သူတစ်ယောက်ပါ ပါလာသေးတယ်......"
"သွားပြီ....တကျန်း အဆုံးသတ်ပြီ.....
အင်မော်တယ် ဆရာတော်ချန်ရှန်း ဘယ်လောက်ပဲ အားကောင်းနေပါစေ ဒီလောက်များတဲ့ ကျွမ်းကျင်သူတွေကို အနိုင်ယူဖို့ မလွယ်ဘူး......"
“မဟာယာနနဂါးမျှော်စင်က စီရင်စုဆယ့်သုံးခုက မင်းဆက်တွေရဲ့ ပြောင်းလဲမှုကို ထိန်းချုပ်နိုင်ခဲ့တာ အံ့သြစရာမဟုတ်တော့ဘူး..... ဒီလို ခွန်အားနဲ့ သူတို့ကို ဘယ်လို အနိုင်ယူနိုင်မလဲ......”
"အင်မော်တယ်ဆရာတော်ချန်ရှန်းတောင် ရှုံးမယ်ဆိူ ငါတို့ဘာများတတ်နိုင်မှာလဲ......"
မြို့တော်မှာလည်း အလားတူ ဆွေးနွေးမှုများ ထိတ်လန့်တကြား ပျံ့နှံ့သွားပြီး လူတိုင်း တုန်လှုပ်သွားကြသည်။ ဒီအချိန်မှာ အဆင့်မြင့် အရာရှိတွေတောင် အာဏာမရှိသလို ခံစားနေရရှာသည်။
ဤကမ္ဘာသည် သိုင်းပညာရှင်တို့၏ ကမ္ဘာဖြစ်လာခဲ့ချေပြီ......
ရှောင်တုထျန်း၏ ရာထူးမှာ အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ ၃၂ ဦးထက် မြင့်မားသည်။ အစစ်အမှန်နတ်ဘုရားနယ်ပယ် ပညာရှင် ၃၂ ဦးသာ ဤတိုက်ပွဲတွင်အသက်ရှင်နိုင်လျှင သူသည် ကမ္ဘာပေါ်တွင် အတောက်ပဆုံးသော နတ်ဘုရားများ၏ခေါင်းဆောင် ဖြစ်လာမည်ဖြစ်သည်။
သူနှင့် အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်ပညာရှင် ၃၂ ဦးတို့သည် ကျန်းချန်ရှန်း ပေါ်လာရန် စောင့်မျှော်လျက် လုံချီ ဘုရားကျောင်းရှိရာဘက်သို့ မျှော်ကြည့်နေကြသည်။
မြို့ပြင်တွင် တိုက်ပွဲကို စောင့်ကြည့်နေသည့် သိုင်းပညာ ရှင်များကြားတွင် ရောနှောနေသော ကပ်ဘေးဗုဒ္ဓ သည်လည်း တိတ်တဆိတ် ဆုတောင်းနေခဲ့သည်။
မဟာယာနနဂါးမျှော်စင်၏ ဤကဲ့သို့သော ကျွမ်းကျင်သူများကသာ အင်မော်တယ် ဆရာတော်ချန်ရှန်းကို ဖြုတ်ချနိုင်ပေလိမ့်မည်။
“မင်းက အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို တကယ်ပဲကျော်ဖြတ်ခဲ့တာလား....."
လုံချီ ဘုရားကျောင်းမှ ရယ်သံတစ်ခု ထွက်ပေါ်လာပြီး ကမ္ဘာအနှံ့ ပဲ့တင်ထပ်သွားသည်။
ဒီအသံကိုကြားတော့ မြို့တော်အတွင်းရှိ တိုင်းသူပြည်သားများနှင့် သိုင်းပညာ ရှင်တွေဟာ နားမလည်နိုင်လောက်အောင် ထူးဆန်းသောခံစားချက်ကိုခံစားနေကြရသည်။
ရှောင်တုထျန်း ထိုစကားကိုကြားသောအခါ လုံချီ ဘုရားကျောင်းဆီသို့ စူးစူးစိုက်စိုက်စိုက်ကြည့်ရင်း သူ့အမူအရာ အနည်းငယ်ပြောင်းလဲသွားသည်။
“မင်းတို့ မဟာယနနဂါးမျှော်စင်ကလူတွေ သေချင်နေမှတော့ ဆန္ဒဖြည့်ပေးရမှာပေါ့.....တလက်စတာ်းကြေငြာလိုက်ဉီးမယ်...အခုချိန်ကစပြီး တကျန်းကို ထိန်းချုပ်ချယ်လှယ်နေမယ့် ဂိုဏ်းဂဏတွေရှိနေမှာမဟုတ်တော့ဘူး.. တကျန်းရဲ့အချုပ်အခြာအာဏာကိုထိပါးဝံ့တဲ့သူတိုင်း မဟာယနနဂါးမျှော်စင်လို အဆုံးသတ်သွားစေရမယ်........"
ကျန်းချန်ရှန်းရဲ့အသံ ထပ်မံထွက်ပေါ်လာပြန်သည်။ ဤတစ်ကြိမ်တွင် ထိုစကားသံထဲတွင် အဆုံးမဲ့သတ်ဖြတ်လိုစိတ်များသာကြီးစိုးနေသည်။
စကားဆုံးသည်နှင့် လုံချီဘုရားကျောင်းထိပ်မှ ပြင်းထန်သော အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး ကမ္ဘာကြီးကို တောက်ပစေခဲ့သည်။
"အဲ့...အဲ့ဒါ ဘာလဲ....."
ဓားသမားတစ်ယောက်က တုန်လှုပ်သောအသံဖြင့် မေးနေစဉ် သူ့ခြေထောက်တွေက အထိန်းအကွပ်မရှိ တုန်ရီနေသည်။ သူတင်မကဘဲ လမ်းပေါ်ရှိ အခြားသော သာမန်လူများနှင့် သိုင်းပညာရှင်များလည်း အတူတူပင်။ တစ်ချို့က မြေပြင်ပေါ်သို့ လဲကျသွားပြီး လုံချီ ဘုရားကျောင်းဆီသို့ ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေကြသည်။
တောင်ထိပ်ပေါ်ရှိ လုံချီ ဘုရားကျောင်းမှ နေမင်းတစ်ဆူထွက်ပေါ်လာသောကြောင့်ပင်.....
အလင်းတန်းများစွာကို ထုတ်လွှတ်သော နေမင်းကြီးသည် မိုးကြိုးတိမ်များအောက်မှ မှိန်ဖျော့သော မြို့တော်ပေါ်သို့ နေ့အလင်းရောင်ကို ပြန်လည်ရရှိစေပြီး အရာအားလုံး အရောင်ပျက်ပျယ်သွားစေသည်။ ကောင်းကင်၌ မိုးကြိုးတိမ်များသည် မြင်နိုင်သော အရှိန်ဖြင့် ပျောက်ကွယ်သွားကာ သက်ရှိသတ္တဝါအားလုံးသည် ဤတောက်ပသော နေမင်းရှေ့မှောက်တွင် သေးငယ်သွားသလို ခံစားလိုက်ရသည်။
နန်းတော်အတွင်းတွင်.....
ကျန်းဇီယု မသိစိတ်ကြောင့် ပါးစပ်အဟောင်းသာဖြစ်နေရှာပြီး သူ့ပတ်ဝန်းကျင်ရှိ မိန်းမစိုးများနှင့် နန်းတော်အစေအပါးများ အားလုံး အံ့အားသင့်သွားကြသည်။
မျက်နှာဖုံးဝတ်ဆင်ထားသည့်ဟွာဂျန်ရှင်းလည်း အံ့အားသင့်သွားပြီး “ဒါ...ဒါဘယ်လိုကျင့်စဉ်မျိုးလဲ....."
ရှောင်တုထျန်းနှင့်အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ ၃၂ ယောက်တို့သည် ကျန်းချန်ရှန်း၏ အော်ရာကို ခံစားသိရှိနိုင်သောကြောင့် ပို၍ပင် ထိတ်လန့်သွားကြသည်။ ဤမျှ ပြင်းထန်သော ခွန်အားကို ယခင်က တစ်ခါမျှ မခံစားခဲ့ဖူးကြပေ။
ယခုအချိန်တွင် သူ့ကိုယ်သူ ရွှေခန္ဓာနယ်ပယ် ရောက်ရှိနေပြီဟု ထင်မြင်နေသော ရှောင်တုထျန်းတောင် စိတ်ပျက်အားလျော့သွားလေသည်။
ဒီလူက ဘယ်သူလဲ....ဘာလို့ သူ့ဆီမှာတုနှိုင်းမဲ့တဲ့ခွန်အားတွေရှိနေတာလဲ......
ဆယ်နှစ်ကြာ တံခါးပိတ်ကျင့်ကြံနေခဲ့သောကြောင့် လောကကြီးနှင့်အဆက်သွယ်ပြတ်နေသောအချိန်တွင် ဤသို့သော ပညာရှင်များအဘယ်ကနေ ထွက်ပေါ်လာသနည်း......
လုံချီ ဘုရားကျောင်းရှိ တပည့်များနှင့် ဘုရားဝတ်ပြုသူများအားလုံး မြေပြင်ပေါ်တွင် ဒူးထောက်ကာ ကောင်းကင်ပေါ်တွင် တောက်ပသော နေရောင်အဖြစ် ပြောင်းလဲသွားသော ရုပ်တုကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။
“အင်မော်တယ်...အင်မော်တယ်…..."
ကိုးကွယ်ဆည်းကပ်သူတစ်ဦးသည် ဤစကားတစ်ခွန်းကိုသာ ထပ်ခါတလဲလဲ ရေရွတ်နေခဲ့သည်။
ခြံဝင်းထဲတွင်.....
ဝမ်ချန်း၊ဟွမ်းချွမ်၊လင်းရှောင်နှင့်ပိုင်ချီတို့ အလွန်တုန်လှုပ်သွားကြသည်။ ကြီးမားလှသော စွမ်းအားကြောင့် စိတ်လွတ်နေသူများလို မှင်သက်အံသြနေကြရှာသည်။
ရူးနှမ်းနှမ်းဖြစ်နေသော ပင်းအန်းပင်လျှင် စိတ်လှုပ်ရှားစွာဖြင့် ဝူးဝူးဝါးဝါးအော်ဟစ်နေပြီး ကျန်းချန်ရှန်းကို လက်ဝှေ့ယမ်းပြနေသည်။
ဤသည်မှာ အဆုံးစွန်သော အင်မော်တယ်ကျင့်စဉ်ဖြစ်သော တောက်ပသော နေမင်းဗုဒ္ဓကျင့်စဉ်ဖြစ်သည်။
ကျန်းချန်ရှန်းသည် သိုင်းလောက၏ တစ်ဝက်ခန့်ကို အနိုင်ယူပြီးသောအခါ ဤ အဆုံးစွန်သော အင်မော်တယ်ကျင့်စဉ်ကိုရရှိခဲ့သော်လညည်း သုံးဖို့ အခွင့်အရေး တစ်ခါမှ မကြုံဖူးတဲ့အတွက် အခုမှသာထုတ်သုံးနေရခြင်းပင်.....
မဟာယာနနဂါးမျှော်စင်က သူ့ကိုသတ်ချင်တာကြောင့် အမဲဖျက်ဖို့ကျားချောင်း ချောင်း
နေသည့် မင်းဆက်များကို စိတ်ပျက်လက်ပျက်ဖြစ်အောင် အခုလိုထုတ်သုံးနေရခြင်းဖြစ်သည်။
သူ လုံလုံလောက်လောက် သန်မာနေသရွေ့လူယုတ်မာတွေရဲ့ ရည်မှန်းချက်တွေအားလုံးကို ဖြိုခွဲပစ်နိုင်ပါလိမ့်မည်။
ကျန်းချန်ရှန်းသည် နေမင်းထဲတွင်ရှိနေပြီး ဤနေမင်းကို သူ၏ဝိညာဉ်စွမ်းအင်ဖြင့် ဖန်ဆင်းထားပြီး အချင်းပေတစ်ထောင်နီးပါးရှိသည်။ထို့ကြောင့် ဝေးကွာသောနေရာများအထိ နေရောင်ဖြန့်ကျက်ပေးနိုင်သည်။
လုံချီ ဘုရားကျောင်းရဲ့အထက်မှာ ရှိနေသည့်အတွက် ကျန်းချန်ရှန်းဟာ မြို့တော်တစ်ခုလုံး၊ တောင်တန်းတွေနဲ့ သစ်တောတွေကို မြင်နိုင်ခဲ့သည်။ ဤအခိုက်အတန့်တွင် သူသည် ကြီးမြတ်ခြင်းနှင့် တန်ခိုးကြီးခြင်း၏ အဓိပ္ပါယ်ကို တွေ့ကြုံခဲ့ရသည်။
ဤသည်မှာ သူ၏ အင်မော်တယ်ခရီးလမ်းအစပြုရုံသာရှိသေးသည်။အကယ်၍ အနာဂတ်တွင် စစ်မှန်သော အင်မော်တယ် ဖြစ်လာပါကမည်မျှ ဘုန်းတန်ခိုးကြီးမည်ကိုတွေးကြည့်လို့ပင်မရတော့ပေ။
ကျန်းချန်ရှန်းသည် ရှောင်တုထျန်းနှင့် အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ ၃၂ ယောက်ကို ကြည့်လိုက်သည့်အခါ သူတို့မျက်လုံးတွေထဲမှာ စိတ်ပျက်အားငယ်မှုတွေ ပြည့်နှက်နေပေမယ့် သေဖို့ ဆုံးဖြတ်ထားပြီးသားဖြစ်နေသည်ကိုသိနိုင်ခဲ့သည်။
ရှောင်တုထျန်းနှင့် အခြားသူများသည် တောက်ပသော နေရောင်အောက်က ကျန်းချန်ရှန်း၏ ပုံသဏ္ဍာန်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ ကျန်းချန်ရှန်းကို မှုန်ဝါးဝါးမြင်နေရသည့်တိုင် အလွန်ကြောက်စရာကောင်းသည်ကိုတော့ ခံစားနေရသည်။
“မဟာယာန နဂါးမျှော်စင်က အနှစ်တစ်ထောင်ကြာအောင် တည်တံ့နေခဲ့တယ်..... ငါတို့သေဆုံးခဲ့ရင်တောင် နဂါးအစစ်က ထာဝရအသက်ရှင်နေဉီးမယ်.....!”
ရှောင်တုထျန်းသည် ရုတ်တရက် မိုးခြိမ်းသံလိုကျယ်လောင်သောအသံဖြင့် အော်ဟစ်လိုက်သည်။
အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူ ၃၂ ဦးတို့သည်လည်း ရှောင်တုထျန်းအော်ခဲ့သည့်ကြွေးကြော်သံအတိုင်း တညီတညွတ်တည်း ထပ်ခါတလဲလဲ အော်ဟစ်နေကြသည်။
“မဟာယာန နဂါးမျှော်စင်က အနှစ်တစ်ထောင်ကြာအောင် တည်တံ့ခဲ့တယ်.... ငါတို့သေဆုံးခဲ့ရင်တောင် နဂါးအစစ်က ထာဝရအသက်ရှင်နေဉီးမယ်..... !”
မဟာယာန နဂါးမျှော်စင်၏ အရှိန်အဝါကြောင့် တမြို့လုံး တုန်လှုပ်သွားကြသည်။ ထိုကဲ့သို့ အင်အားကြီးသော ပြိုင်ဘက်ကို ရင်ဆိုင်ရသောအခါ မဟာယာနနဂါးမျှော်စင်သည် အားနည်းချက်ကို မပြဘဲ အသေခံတိုက်ခိုက်ဖို့သာရွေးချယ်ခဲ့ကြသည်။
ဤသည်မှာ အနှစ်တစ်ထောင်သက်တမ်းရှိ သန့်ရှင်းသောနယ်မြေ၏ အခြေခံအုတ်မြစ်ဖြစ်သည်။
"သတ်ပစ်!"
ရှောင်တုထျန်းသည် လက်ဖဝါးချက်တစ်ခုထုတ်ဖော်လိုက်ရာ အစစ်အမှန်ချီများကနေနဂါးပုံသဏ္ဍာန် အစစ်အမှန်ချီ အဖြစ်သို့ ပြောင်းလဲသွားသည်။ အစစ်အမှန်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူ ၃၂ ဦးကလည်း အလားတူလုပ်ဆောင်ခဲ့ကြသည်။
သုံးဆယ်သုံးကောင်သော နဂါးအစစ်များသည် မြို့တော်အနှံ့ ဖြတ်ကျော်ပျံသန်းနေပြီး ထိန်ထိန်လင်းနေသော နေမင်းဗုဒ္ဓ၏ အလင်းရောင်သည်ပင် ၎င်းတို့ကို မဖုံးလွှမ်းနိုင်ခဲ့ပေ။
ဒီမြင်ကွင်းကြောင့် လူတိုင်း အံ့အားသင့်ကုန်ကြပြီး တစ်သက်လုံး မေ့ဖျောက်ဖို့လွယ်ကူမည်မဟုတ်တော့ပေ။
သို့သော် ပို၍ပင် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခု ပေါ်လာခဲ့ချေသည်။
ကြီးကျယ်ခမ်းနားသော ဗုဒ္ဓတစ်ဆူ နေမင်းအတွင်းမှထွက်ပေါ်လာသည်။ ဧရာမ ဗုဒ္ဓရုပ်ပွားတော်မျ ရွှေရောင်အလင်းတန်းများဖြာထွက်နေသဖြင့် မျက်နှာတော်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ ဧရာမဗုဒ္ဓရုပ်ပွားတော်ကြီးက လက်ဖဝါးကိုမြှောက်ကာ ရှေ့သို့တွန်းလိုက်ပြီး အလွန်လွှမ်းမိုးကြီးစိုးနေသော နဂါးအစစ် ၃၃ ကောင်ကို အနိုင်ယူခဲ့သည်။ လက်ဖဝါးအရိပ်တစ်ခု လွင့်ထွက်သွားပြီး ၎င်း၏အရှိန် ရုတ်တရက် တိုးမြင့်
လာသည်။ ၎င်းသည် ချက်ချင်းပင် ကောင်းကင်သို့ပျံတက်သွားပြီး ရှောင်တုထျန်းနှင့် အခြားသူများနှင့် တိုက်မိသွားခဲ့သည်။
ထို့နောက် တုန်လှုပ်ချောက်ချားဖွယ်မြင်ကွင်းတစ်ခုဖြစ်ပေါ်လာခဲ့သည်။
အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများထံမှ သွေးမိုးများရွာကျလာပြီး တစ်ယောက်ချင်းစီ ရုပ်ကျိုးပြတ် ပြုတ်ကျလာလေသည်။
ဝုန်းးးးဝုန်းးးးဝုန်းးးး
အစစ်အမှန်နတ်ဘုရားနယ်ပယ်များ တစ်ယောက်ပြီးတစ်ယောက် ဖြိုခွင်းလိုက်ရသဖြင့် ဥက္ကာခဲများကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျကာ မြို့တွင်းနေရာအနှံ့တွင် ဖုန်မှုန့်များထောင်းထောင်းထနေသည်။
ကြီးမားသော ဗုဒ္ဓရုပ်ပွားတော်သည် သူ၏လက်ဖဝါးကို ဆုတ်လိုက်ပြီး သွေးများဖြင့် ဖုံးလွှမ်းနေသော ရှောင်တုထျန်းကိုဖမ်းဆုပ်ထားသည်။ ကြီးမားသော ဗုဒ္ဓရုပ်ပွားတော် ပျောက်ကွယ်သွားချိန်တွင် ရှောင်တုထျန်းလည်း ပျောက်ကွယ်သွားခဲ့သည်။တခဏအကြာတွင် အဖြူရောင် နေမင်းကြီး ရုတ်တရက် ကျုံ့သွားပြီး လေထုထဲတွင် ပျောက်ကွယ်သွားသည်။ ကမ္ဘာကြီးက ပုံမှန်ပြန်ဖြစ်သွားပြီး ကျန်းချန်ရှန်း နဲ့ ရှောင်တုထျန်း ကို ဘယ်နေရာမှာမှ မတွေ့ရတော့ပေ။
"မဟာယာနနဂါးမျှော်စင်ရဲ့ အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူအားလုံးကို သူရဲကောင်းသင်္ချိုင်းမှာ မြှုပ်နှံပေးလိုက်ပါ....."
ကျန်းချန်ရှန်းရဲ့အသံက ကောင်းကင်မှာ ပဲ့တင်ထပ်နေပြီး တိုက်ပွဲပြီးသွားပြီဆိုတာ လူတိုင်းကို ပြောပြပေးနေသည့်နှယ်......
တစ်မြို့လုံး တိတ်ဆိတ်နေပြီး လုံချီ ဘုရားကျောင်း၏ တပည့်များလည်း အံ့ဩသွားကြသည်။
ဤတိုက်ပွဲသည် အတိတ်ကတိုက်ပွဲများထက်ပင် အချိန်တိုတောင်းနေသည်။
“ဒါက သိုင်းပညာ မဟုတ်ဘူး… အင်မော်တယ်နည်းစနစ်ပဲ......”
မြို့ထဲက အဘွားအိုတစ်ယောက်က တုန်တုန်ယင်ယင်အသံနဲ့ အော်ဟစ်ပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
တစ်မြို့လုံး ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ပြီး အာမေဋိတ်သံတွေ၊ အော်ဟစ်သံတွေ ကောင်းကင်ထိပင်လျှံတက်လာခဲ့သည်။
နန်းတော်အတွင်းတွင်......
ကျန်းဇီယု ခက်ခက်ခဲခဲ တံတွေး မျိုချလိုက်ပြီး မသိစိတ်ကြောင့် သူ့မျက်ခုံးနှစ်ခုကြားရှိ မွေးရာပါ အမှတ်အသားကို ထိလိုက်သည်။
သူ့အဖေ ဘာကြောင့် ဒီလောက် တန်ခိုးကြီးနေမှန်း နားမလည်နိုင်တော့ပေ။ ထိုကဲ့သို့ အမှတ်အသားပြုခံထားရသည့်အတွက် သူသည်လည်း အင်မော်တယ်တစ်ယောက်ဖြစ်နိုင်ပါသလား........
ကျန်းချန်ရှန်း၏ တာအိုအမှတ်အသားများ ပေါ်လာနိုင်သည်ကို သတိရမိသည်။ ဆိုလိုသည်မှာ ဤအမှတ်အသားသည် မွေးရာပါအမှတ်အသားကဲ့သို့ မရိုးရှင်းနိုင်ပေ။
မြို့ပြင်တွင်........
သိုင်းပညာရှင်အားလုံးက ဒူးထောက်ပြီး အားပေးနေကြစဉ်တွင် ကပ်ဘေးဗုဒ္ဓ မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ့တစ်ကိုယ်လုံး တုန်တုန်ယင်ယင်နှင့် မျက်နှာတစ်ခုလုံး ကြောက်ရွံ့မှုကြောင့် ပြာနှမ်းနေလေ၏။
ဒီအချိန်မှာ ကလဲ့စားချေချင်စိတ် မရှိတော့ဘဲ ကြောက်ရွံ့ခြင်းများသာ ကျန်ရှိနေတော့သည်။
သူတို့ ရှုံးမယ်လို့ ထင်ခဲ့ပေမယ့် သူတို့ရဲ့ ရှုံးနိမ့်မှုက ဒီလောက်ရယ်စရာကောင်းမယ်လို့တော့ မမျှော်လင့်ထားခဲ့မိပေ။
မဟာယာနနဂါးမျှော်စင်မှ စေလွှတ်လိုက်သော အပြင်းထန်ဆုံးသော အင်အားစုများအားလုံး တစ်ချက်တည်း ထိုးနှက်ခြင်းကို လက်မခံနိုင်သော်လည်း လက်ခံရတော့မည်သာ.......
ကပ်ဘေးဗုဒ္ဓ ကမန်းကတန်း ထကာ ပြေးလွှားနေစဉ်တွင် ဓားသမားတစ်ဦးသည် သူ၏ဓားကို ထုတ်လွှတ်ပြီး ကြိုတင်ပြင်ဆင်မှုမရှိဘဲ နောက်ကွယ်မှ တိုက်ခိုက်ခဲ့သည်။ သူ့လည်ချောင်းကို ထိုးဖောက်ပြီး သွေးတွေ မြေပြင်ပေါ်မှာ ပြန့်ကျဲနေသည်။
ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် ကျွမ်းကျင်ပညာရှင်က သူ့လည်ချောင်းကို ထိုးဖောက်လိုက်သဖြင့် ကပ်ဘေးဗုဒ္ဓသေဆုံးခဲ့ချေပြီ.......
ဤမြင်ကွင်းသည် ပတ်ဝန်းကျင်ရှိ သိုင်းပညာရှင်များစွာကို ထိတ်လန့်စေခဲ့သည်။
ကျန်းချန်ရှန်း၏ ခြံဝင်းထဲတွင် တပည့်များ ရွှင်မြူးနေကြသော်လည်း ကျန်းချန်ရှန်း အခန်းထဲပြန်ရောက်နေပြီမှန်း ဘယ်သူမှမသိခဲ့ကြပေ။
ကျန်းချန်ရှန်းက မြေပြင်ပေါ်ရှိ ရှောင်တုထျန်း ကို ငုံ့ကြည့်လိုက်သည်။
ရှောင်တုထျန်းသည် သွေးများဖြင့် ဖုံးလွှမ်းသွားသော်လည်း ပြန်လည်နုပျိုခြင်းကျင့်စဉ်ကြောင့် အသက်ရှင်နေသေးသည်။
အပြင်မှာ အော်ဟစ်အားပေးသံတွေကြားတော့ ရှောင်တုထျန်း ရှက်ရွံ့နေပြီး အိမ်ခေါင်မိုးကိုသာ စူးစူးရဲရဲ ကြည့်နေသည်။
ကျန်းချန်ရှန်းက...... "တကျန်းကို ပြဿနာရှာဖို့သက်သက်နဲ့ ခင်ဗျားတို့ရဲ့အသက်ကို ဘာလို့စွန့်လွှတ်ရတာလဲ......."
ရှောင်တုထျန်းက မချိပြုံး ပြုံးလိုက်ပြီး....
"တကျန်းကို ပြဿနာရှာနေတာတဲ့လား..... ငါမျှော်စင်သခင်ဖြစ်လာတုန်းက မင်းတို့ တကျန်းရဲ့သိုင်းဘိုးဘေးတွေတောင် မမွေးသေးဘူး....... ဘယ်သူက ဘယ်သူ့ကိုပြသာနာရှာနေတာလဲ.."
ကျန်းချန်ရှန်းက.... "ခင်ဗျားက တိုင်းပြည်အာဏာကို ထိန်းချုပ်ပြီး သိုင်းပညာကို ဖိနှိပ်ပြီး ကမ္ဘာပေါ်က သိုင်းပညာရှင်အားလုံးရဲ့ အနာဂတ်ကို ဖြတ်တောက်ပစ်လိုက်တယ်.... အပြစ်မဲ့သူတွေကိုလည်း အလွယ်တကူ သတ်ပစ်ခဲ့တယ်.... ဒါ ခင်ဗျားရဲ့ လက်စားချေမှုမဟုတ်လို့ ဘာလဲ.....”
ဒါကိုကြားတော့ ရှောင်တုထျန်းရဲ့ အပြုံးက ပိုလို့တောင် မှုန်ဝါးလာသည်။
“မှန်တယ်… လက်စားချေတာပဲ.…ငါတို့တွေ တကယ်ပဲ လက်စားချေခဲ့တာ.... မဟာယာန နဂါးမျှော်စင်ဂဲ့ မြင့်မြတ်တဲ့အဆင့်အတန်းနဲ့ လဲလှယ်ခဲ့ရပေမယ့် ကောင်းကင်ကိုတောင် ဆန့်ကျင်နိုင်ခဲ့ပြီပဲ..... ဒီတိုက်ပွဲမှာ တခုတော့နားလည်ခဲ့ရတယ်... အခြားမင်းဆက်တွေကလည်း သူတို့ရဲ့ သိုင်းပညာတွေကို စတင်ထုတ်ပြနေပြီဆိုတော့ ပါရမီရှင်တွေ အများအပြား ပေါ်ထွက်လာတော့မှာသေချာတယ်..... မဟာယာနနဂါးမျှော်စင်ကသာ ပညာရှင်တွေအများကြီးတဲ့ တစ်ခုတည်းသော ရှေးဟောင်းဂိုဏ်းတစ်ခုပဲ…”
ဒါကိုကြားတော့ ကျန်းချန်ရှန်း တိတ်ဆိတ်သွားခဲ့သည်။
ရှောင်တုထျန်း နောင်တရသော်လည်း အချိန်နှောင်းသွားခဲ့ချေပြီ။
ထိုအချိန်တွင် ရှောင်တုထျန်းသည် ကျန်းချန်ရှန်းကို ပြင်းထန်သောအမူအရာဖြင့် ရုတ်တရက်ကြည့်ကာ သားရဲတစ်ကောင်လို အော်ဟစ်လိုက်သည်။
“အင်မော်တယ်ဆရာတော်ချန်ရှန်း.....မင်းက ဆယ့်သုံးခရိုင်မှာ ပျော်မွေ့နေမယ့်သူမဟုတ်ဘုး..... ဆယ့်သုံးခရိုင်ထဲမှာ ဘာတွေ ဝှက်ထားလဲ မင်း မသိသေးဘူး.... ဒီနေ့ မင်း သန်မာနေပေမယ့် မင်း ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မှာလဲ။ မင်းသေသွားတဲ့အခါ မဟာယာနနဂါးမျှော်စင်နဲ့ မင်းရဲ့အကာအကွယ်မပါဘဲ တကျန်းကို အနီးနားက မင်းဆက်တွေက သေချာဝါးမျိုလိမ့်မယ်..... မင်းရဲ့အင်အားကြောင့် မင်းဆက်အမျိုးမျိုးက ကျန်းမင်းဆက်ကို အကြီးမားဆုံးခြိမ်းခြောက်မှုအဖြစ် သေချာပေါက် သတိထားဆက်ဆံလိမ့်မှာပဲ.... ဧကရာဇ်အတွက်လည်း ဒီလိုပဲဖြစ်လိမ့်မယ်....."
“ကျန်းမင်းဆက်က အနှစ်တစ်ထောင် တည်တံ့ဖို့ မဖြစ်နိုင်ဘူး။တကျန်း မင်းဆက်က မင်းကြောင့် ရှင်သန်ခဲ့ရင်တောင် မင်းကြောင့်ပဲ ပျက်သုန်းရမှာ သေချာနေပြီ...... ကျန်းမင်းဆက်များ ဖျက်ဆီးခံရရုံသာမကဘဲ စီရင်စု ဆယ့်သုံးခုက ပြည်သူတွေပါ ဆင်းရဲဒုက္ခ ခံစားရလိမ့်မယ်... တခြားမင်းဆက်တွေက မင်းလိုလူများ ပေါ်ထွက်လာခွင့်မပေးဘူး..."
ရှောင်တုထျန်း၏ တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး သွေးများ တလဟောအန်ကာ လုံးဝငြိမ်သွားလေတော့သည်။
ကျန်းချန်ရှန်းက သူ့ကို အေးစက်စွာ ငုံ့ကြည့်ကာ. .... 'ကျုပ် အနှစ်တစ်ထောင် အသက်ရှင်နိုင်ရင် ဘာဖြစ်မလဲ' လို့သာ တွေးနေခဲ့တော့သည်။