← Chapters

ဇီဝေ့ အကျဉ်းချခြင်း ကောင်းကင်နတ်ဘုရားတာအိုလက်ဖဝါး.....သိုင်းတာအိုသက်တမ်း......

Vol. 5 Ch. 63

ဇီဝေ့ အကျဉ်းချခြင်း ကောင်းကင်နတ်ဘုရားတာအိုလက်ဖဝါး.....သိုင်းတာအိုသက်တမ်း......

Vol. 5 Ch. 63

ကျန်းချန်ရှန်း ခဏလောက်စဉ်းစားပြီး ရှောင်တုထျန်း တစ်ဖန်ပြန်နိုးထလာစေရန် သူ၏ဝိညာဉ်စွမ်းအင်ကိုအသုံးပြုခဲ့သည်။

ပြန်လည်နုပျိုခြင်းကျင့်စဉ်ကြောင့် ရှောင်တုထျန်းကို မသေအောင်အချိန်ဆွဲထားနိူင်ခဲ့ခြင်းဖြစ်သည်။

ယခုတစ်ကြိမ်တွင်၊ ကျန်းချန်ရှန်းသည် ရှောင်တုထျန်းကို ညှို့ယူရန် ပုံရိပ်ယောင်နတ်မျက်စိကို အသုံးပြုခဲ့သည်။

ရှောင်တုထျန်းသည် မဟာယာနနဂါးမျှော်စင် ဂိုဏ်း၏ လိပ်စာကို ပြောပြခဲ့သည်။ အမှန်အတိုင်း ဖြေကြားခဲ့ပြီး မသေစေမီ အသေးစိတ်အချက်အလက်များကိုပါ မှတ်တမ်းတင်နိုင်ခဲ့သည်။

ထို့နောက် သူက ဝမ်ချန်းကို ခေါ်ပြီး ရှောင်တုထျန်း၏အလောင်းကို ဆွဲထုတ်ခိုင်းလိုက်သည်။

ဝမ်ချန်းသည် ဂရုတစိုက်လှုပ်ရှားကာ ကျန်းချန်ရှန်းကို ရိုသေစွာ စိုက်ကြည့်သည်။ ကျန်းချန်ရှန်း၏ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ တိုက်ပွဲများကို အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ရသော်လည်း ယနေ့တိုက်ပွဲသည် သူ့အပေါ် နားလည်မှုအသစ်တမျိုးဖြစ်ပေါ်စေခဲ့သည်။

သိပ်ကို အားကောင်းလွန်းတယ်.......

ကျန်းချန်ရှန်းသည် သူ့ရှေ့တွင် စကားတစ်ကြောင်း ထွက်ပေါ်လာပြီးနောက် အချိန်အတော်ကြာအောင် စောင့်ခဲ့သည်။

[ ချန်းဝူခေတ် ဒုတိယနှစ်တွင် မဟာယာနနဂါးမျှော်စင်မှ ရှောင်တုထျန်းသည် အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ ၃၂ ဦးနှင့် သင့်ကို တိုက်ခိုက်ခဲ့သည်။ သင်သည် သူတို့ရဲ့ဝိုင်းရံမှုမှ အောင်မြင်စွာ လွတ်မြောက်ခဲ့သည့်အတွက် ရှင်သန်ခြင်းဆုလာဘ်အဖြစ် ဇီဝေ့ အကျဉ်းချခြင်း ကောင်းကင်တာအိုလက်ဖဝါးကျင့်စဉ်ကိုရရှိခဲ့သည်]

ကျန်းချန်ရှန်း ပြုံးလိုက်သည်။ တောက်ပသော နေမင်းဗုဒ္ဓကျင့်စဉ်သည်လည်း အဆုံးစွန်သောအင်မော်တယ်ကျင့်စဉ်ဖြစ်သည်။အခုချိန်တွင် ခွန်အားကြီးမားလာပြီဖြစ်သောကြောင့် ပို၍အားကောင်းသော အင်မော်တယ်ကျင့်စဉ်များကို လိုအပ်နေပြီဖြစ်သည်။

သူသည် ဆုလာဘ်ကိုအမွေဆက်ခံပြီး ခဏကြာတော့ သူ့အမူအရာ ပြောင်းသွားခဲ့သည်။

ကောင်းကင်ကို အကျဉ်းချသည်ဟု ဆိုထားသော်လည်း၊ ကြီးကျယ်သောအောင်မြင်မှုထိရောက်အောင်ကျင့်ကြံနိုင်ပါက ၎င်းသည် ကောင်းကင်ကို အမှန်တကယ် အကျဉ်းချထားနိုင်သည်အထိ အစွမ်းထက်လှသည်။

ထိုကျင့်စဉ်ကို ကြီးကျယ်တဲ့အောင်မြင်မှုအဆင့်ထိရောက်အောင်လေ့ကျင့်နိုင်ဖို့ စွမ်းအားကျင့်ကြံခြင်းအပိုင်းတွင်လည်း ကြီးကျယ်တဲ့ အောင်မြင်မှုအဆင့်ထိရောက်ရောက်နေဖို့လိုအပ်သည်။

ကျန်းချန်ရှန်းတစ်ယောက် ဆုလာဘ်အသစ်ကို တိတ်တဆိတ်လေ့လာနေချိန်တွင် လုံချီတောင်သည်။ သိုင်းပညာရှင်၊ အဆင့်မြင့်အရာရှိများနှင့် မှူးမတ်အများအပြား၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။

လုံချီဘုရားကျောင်းမှ တပည့်များကတော့ မဟာယာနနဂါးမျှော်စင်မှ လူများကို သင်္ဂြိုဟ်ဖို့အလုပ်များနေကြသည်။

သူရဲကောင်းသချိုင်းတွင် သိုင်းပညာလောကကို တုန်လှုပ်စေသည့် ကျွမ်းကျင်သူများနှင့် ပြည့်နှက်နေပြီဖြစ်သည်။ တိုင်ရှန်းတောင်မှ ဂျိချွဲ့၊အထီးကျန်ဓားသမားယန်လောင်၊တာအိုဆရာတော်ထျန်းဂန်၊ နတ်ဘုရားဘုန်းတော်ကြီးကြွယ်ရှင်းနှင့် အခြားသောသိုင်းပညာအကျော်အမော်များ၏အုတ်ဂူများသည် သိုင်းပညာရှင်တို့၏ သွေးများကိုဆူပွက်သွားစေသည်။

“ဆရာတော်ချန်ရှန်းက တကျန်းရဲ့ သိုင်းလောကမှာ နံပါတ်တစ်ပဲ.... အဲဒါနဲ့ ပတ်သက်ပြီး အငြင်းပွားစရာ မရှိဘူး ......”

"ဟုတ်တယ်...အမှန်ပဲ....."

“ဒါပေမယ့် မဟာယာနနဂါးမျှော်စင်က ကျုပ်တို့ကို သိုင်းပညာနဲ့ပတ်သတ်တဲ့ နားလည်မှုအသစ်တွေပေးခဲ့တယ်......"

"ဟုတ်တယ်၊ ငါတို့ အတိတ်မှာ ရေအိုင်ထဲကဖားသူငယ်လို အတွေးတိမ်ခဲ့ကြတာပဲ......"

"တကျန်း ရဲ့ သိုင်းပညာလောကက တကယ်ကို အရှိန်မြင့်လာဖို့ပဲရှိတော့တယ်......"

ထိုသို့သော ဆွေးနွေးမှုများက လုံချီတောင်ပေါ်တွင်သာမက မြို့တော်အနှံ့တွင်ပါ ပျံ့လွှင့်နေခဲ့သည်။

အခြားဂိုဏ်းများမှ သိုင်းပညာရှင်တို့သည် ကျန်းချန်ရှန်း သူတို့ကို ရှာဖွေတွေ့ရှိမည်ကို စိုးရိမ်သဖြင့် အမြန်ထွက်ခွာသွားကြသည်။

ညဘက်တွင် ကျန်းချန်ရှန်းက နန်းတော်ထဲသို့ ခိုးဝင်ကာ စာငှက်အသွင်ပြောင်း၍ တော်ဝင်စာကြည့်ဆောင်ထဲသို့ရောက်သွားခဲ့သည်။ ထို့နောက် သူသည် သူ၏ပုံစံအမှန်ကို ထုတ်ဖော်ပြသလိုက်သည်။

ဤအချင်းအရာကြောင့် သဝဏ်လွှာများကိုစစ်ဆေးဖတ်ရှုနေသော ကျန်းဇီယု အလွန်ထိတ်လန့်သွားသည်။

“ဘယ်... ဘယ်လိုပေါ်လာတာလဲ”

ကျန်းဇီယုက မျက်လုံးပြူးပြီး တုန်ယင်နေသောအသံဖြင့် မေးလိုက်သည်။ သူအခုလေးတင် စာငှက်တစ်ကောင် ပျံသန်းဘာတာကို လှမ်းကြည့်လိုက်သေးတယ်မဟုတ်လား.....သူ့အဖေက စာငှက်တစ်ကောင် ဖြစ်နေတာလား.....

ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး.....

“မင်း ထင်ယောင်ထင်မှားဖြစ်နေတာပါ....."

ကျန်းဇီယု ထိုစကားလုံးမယုံပေ။ ကျန်းချန်ရှန်းသည် သူ၏ရုပ်သွင်ကို အမှန်တကယ်ပြောင်းလဲနိုင်သည်ဟုသာခံစားနေရသည်။

ယနေ့တိုက်ပွဲကြောင့် သိုင်းပညာ လေ့ကျင့်သူများနှင့် သာမန်လူများ တုန်လှုပ်ခြောက်ခြားသွားရုံသာမက သူလည်း အလားတူပင်။ သူ့စိတ်ထဲတွင် ကျန်းချန်ရှန်းသည် သာမန်လူမဟုတ်သည်မှာ သေချာသည်။

ကျန်းချန်ရှန်းက စားပွဲနားကိုရောက်လာပြီး....

“သိုင်းပညာကို အမှန်တကယ်မြှင့်တင်ချင်တယ်ဆိုရင် အဆုံးစွန်သောကျင့်စဉ်တွေ၊နည်းစနစ်တွေလိုအပ်နေသေးတယ်.... ချောင်ဂိုဏ်းနဲ့ တိဗက်သိုင်းပညာတွေရှိတဲ့ တည်နေရာကို ရှောင်တုထျန်းဆီကနေ သိထားပြီးပြီ..... အဲဒါကို မှတ်သားပြီး သွားရှာဖို့ လူတချို့စေလွှတ်လိုက်ပါ..."

ဒါကိုကြားတော့ ကျန်းဇီယုက သဝဏ်လွှာတွေကို အမြန်ချပြီး စာရွက်နဲ့စုတ်တံကိုယူကာ လေးလေးနက်နက် မှတ်သားခဲ့သည်။

ကျန်းဇီယုသည် စာရွက်ပေါ်ရှိ လိပ်စာကို ကြည့်ကာ ခံစားချက်များဖြင့် ပြည့်နှက်နေသည်။

မဟာယာနနဂါးမျှော်စင် ပြိုကျပျက်စီးသွားသော်လည်း ၎င်း၏အစွမ်းသတ္တိကို မျက်မြင်တွေ့ကြုံတွေ့ခဲ့ရသည်။ အကယ်၍ သူသာ ဤကဲ့သို့ သိုင်းပညာအဖွဲ့ကို ချုပ်ကိုင်နိုင်လျှငိ အနီးနားရှိ မင်းဆက်များကို ပေါင်းစည်းနိုင်မည်ကို စိုးရိမ်စရာ မလိုတော့ပေ။

ကျန်းချန်ရှန်း က စာရွက်တစ်ရွက်ကို ထုတ်လိုက်ပြီး "ဒီစာရွက်ပေါ်မှာရေးထားတဲ့ ဆေးဖက်ဝင်အပင်တွေ စုဆောင်းပေးပါဦး.... များမေ၊ ပိုကောင်းလေပဲ.......”

ကျန်းဇီယုက ထိုစာရွက်ကိုယူလိုက်ပြီး ....

"ဒါတွေက ဘာအတွက်လဲ?"

"အင်မော်တယ်တစ်ယောက်က အိမ်မက်ထဲကနေတဆင့် ဆေးကျမ်းတစ်အုပ်ပေးခဲ့တယ်.... အဲဒါကို အောင်မြင်အောင် လေ့လာနိုင်မလား စမ်းကြည့်မလို့ပါ....."

ကျန်းဇီယုသည် ထပ်မေးချင်သော်လည်း နှုတ်၍သာ ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက်တွင်၊ ကျန်းချန်ရှန်းက သူ့ရှေ့တွင် စာငှက်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ပြတင်းပေါက်မှတဆင့်ပျံသန်းသွားကာ သူ့ကို အံသြသွားစေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း....တစ်နှစ်ခွဲခန့်အချိန်ကုန်ဆုံးသွားခဲ့ပြန်သည်။

ကျန်းချန်ရှန်း နှင့် မဟာယာနနဂါးမျှော်စင်တို့ကြားက တိုက်ပွဲအကြောင်း နောက်ဆုံးတွင် ငြိမ်သက်သွားသော်လည်း မြေအောက်လောကက ပို၍အသက်ဝင်လာသည်။

"တာအိုဆရာတော်.... မင်းရဲ့ဂုဏ်သတင်းက တခြားမင်းဆက်တွေအထိတောင်ပျံ့နှံ့သွားပြီ..... ထိပ်တန်းသိုင်းဆရာကြီးဆယ်ဦး၊ ထိပ်တန်းဂိုဏ်းဆရာဆယ်ဦး၊ ထိပ်တန်းဓားသမား ဆယ်ဦးဆိုပြီး သိုင်းလောကမှာ အဆင့်သတ်မှတ်ချက် အမျိုးမျိုးပေါ်ထွက်လာတယ်....ဒါပေမယ့် မင်းကိုတော့ ပြိုင်ဘက်ကင်းသိုင်းနတ်ဘုရားလို့ခေါ်ကြတယ်....."

လီကုန်းကုန်းက ကျန်းချန်ရှန်း အနားတွင်ထိုင်ကာ စိတ်လှုပ်ရှားစွာဖြင့် ဖောက်သည်ချနေ၏။ ကျန်းချန်ရှန်း ပိုနာမည်ကြီးလေလေ၊ သူ့အတွပ် မျက်နှာပိုရလေပင်မဟုတ်ပေလော......

"ဒါက ခေါင်းစဉ်သက်သက်ပါပဲ...."

သူဒီလိုပြောပေမယ့် အပြုံးတစ်ပွင့်ကိုဆင်မြန်းထားဆဲပင်..... တစ်နှစ်ခွဲအတွင်း သူ၏ အမွှေးနံ့သာတန်ဖိုးသည်လည်း ငါးဆတိုးလာပြီး တိုးလာခဲ့သည်။

ဤတိုက်ပွဲမှ များစွာအကျိုးအမြတ်ရခဲ့သည်။

လီကုန်းကုန်းက..... “မဟာယာန နဂါးမျှော်စင်က လုံးဝကြီးပျက်စီးသွားတာမဟုတ်သေးဘူး.....တက်ကြွတဲ့ ပညာရှင် အများအပြားကျန်နေသေးတာမို့ မဟာယာနနဂါးမျှော်စင်ကို အမြစ်ဖြတ်ချေမှုန်းဖို့ခက်ခဲလိမ့်မယ်...အင်းလေ.... အနှစ်တစ်ထောင်သတ်တမ်းရှိတဲ့ သန့်ရှင်းတဲ့နယ်မြေဆိုတော့ သူတို့မှာ ဆက်ခံသူ ဘယ်လောက်ရှိမှနိး ဘယ်သူမှ မသိနိုင်ဘူး.....”

ကျန်းချန်ရှန်းလည်း ဤအချက်ကိုနားလည်ထားသည်။ နောက်ဆုံးတွင် မဟာယာနနဂါးမျှော်စင်သည် ပညာရှင်ဟောင်းတစ်စုကိုသာ စေလွှတ်ခဲ့သည်။ လွန်ခဲ့သော တစ်နှစ်ခွဲခန့်ကတည်းက မဟာယာနနဂါးမျှော်စင်တွင် အသစ်ရောက်လာသော တပည့်ငယ်များ မရှိခဲ့ပေ။

မဟာယာနနဂါးမျှော်စင်သည် သေခြင်းတရားကိုရင်ဆိုင်နေပုံရသော်လည်း အမှန်တကယ်တွင် အရန်အစီအစဉ်တစ်ခုရှိနေခဲ့သည်။

ထွက်မသွားခင် လီကုန်းကုန်းက နောက်ထပ် အချက်အလက်တချို့ကို ပြောပြခဲ့သေးသည်။

လီကုန်းကုန်း ထွက်သွားပြီးနောက်

ကျန်းချန်ရှန်း မတ်တပ်ထရပ်ပြီး ဆေးကျိုအိုးရှေ့မှာ ထိုင်လိုက်ပြီး....

“ဆေးလုံးက အဆင်သင့်ဖြစ်ခါနီးနေပြီ....ပိုင်ချီ .....ဆေးစမ်းသပ်ဖို့ပြင်ထားတော့....."

ဒါကိုကြားတော့ ပိုင်ချီ တုန်လှုပ်သွားပြီး မြေပြင်ပေါ်ကနေ ကုန်းရုန်းထကာ အားတင်းပြုံးပြပြီး ....“ဒီကျွန်ကို ခဏလောက် အချိန်ပေးလို့ရမလား....ဆရာတော်ရဲ့ဆေ၏တွေက ဒီကျွန်ကို နာကျင်စေတယ်…”

အစတုန်းကတော့ အရမ်းစိတ်လှုပ်ရှားနေခဲ့သော်လည်း ဆေးလုံးတစ်လုံးကို စားသုံးသောအခါတွင် ကြီးစိုးနေသည့် ဆေးဘက်ဆိုင်ရာ စွမ်းအားသည် ၎င်း၏ခန္ဓာကိုယ်ကို ပေါက်ကွဲပြီး သေဆုံးလုနီးပါး ဖြစ်စေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့်

ကျန်းချန်ရှန်း အချိန်မှီကယ်တင်ခဲ့၍သာအသက်ရှင်နိုင်ခဲ့သည်။ ထိုအချိန်မှစ၍ စိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်မှုများစွဲထင်နေခဲ့တော့သည်။

" ဒီတစ်ခါ ဆေးလုံးက အရင်တခေါက်ကလို မပြင်းထန်ဘူး....စမ်းကြည့်ပါ......."

ပိုင်ချီ ရင်ထဲမှာ နာကျင်ခံစားနေရပေမယ့် ဆက်ပြီး ငြင်းဆန်ဖို့ မဝံ့ရဲတော့တာကြောင့် သဘောတူရုံသာ တတ်နိုင်ရှာတော့သည်။

ကျန်းချန်ရှန်းသည် အိုးအဖုံးကိုဖွင့်ပြီး ဆေးသုံးလုံးကို အဝေးကနေ စုပ်ယူလိုက်သည်။ ထို့နောက် သူသည် ပိုင်ချီအား ဆေးတစ်လုံး ပေးလိုက်သည်။ ပိုင်ချီ က အသက်ပြင်းပြင်းရှူပြီး ဆေးလုံးကို မျိုချလိုက်လေသည်။

တစ်ကိုယ်လုံး တင်းမာနေပြီး တစ်ခုခု ထပ်ဖြစ်မှာကိုလည်း ကြောက်နေမိသည်။

သို့သော် ယခုတစ်ကြိမ်တွင် လည်ချောင်းထဲတွင် ဆေးလုံး အရည်ပျော်သွားသည်ကို ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံး အေးမြပြီး အလွန်သက်တောင့်သက်သာရှိနေသဖြင့် မျက်လုံးများ ပြူးကျယ်သွားကာ အာရုံငါးပါးလည်း ပိုမိုရှင်းလင်းလာသည်ကို ခံစားလိုက်ရသည်။

ထို့နောက် ကျန်းချန်ရှန်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီး “ဆရာတော်...ဒါ ဘာဆေးလဲ” ဟု မေးသည်။

ကျန်းချန်ရှန်းက တခစ်ခစ်ရယ်လိုက်ပြီး “အဲ့ဒါကို ဝိညာဉ်ထောက်ပံ့ဆေးလို့ခေါ်တယ်....”

"ဝိဉာဉ်ထောက်ပံ့ဆေး.???"

ပိုင်ချီသည် ဆေး၏အမည်ကို နားလည်ရန် ထပ်ခါတလဲလဲ ရွတ်ဆိုနေခဲ့သည်။

ကျန်းချန်ရှန်းသည် တစ်နှစ်ခွဲအတွင်း ဆေးအမျိုးအစားလေးမျိုးကို သန့်စင်နိုင်ခဲ့သည်။ ဝိညာဉ်ထောက်ပံ့ဆေးအပြင် သူ၏ သွေးကြောနှင့်ကိုယ်ခန္ဓာကို အားကောင်းစေမည့် ရိုးတွင်းချဉ်ဆီသန့်စင်ဆေးကိုလည်း သန့်စင်ခဲ့သည်။ ကျန်းဇီယု အပါအဝင် သူဂရုစိုက်သောလူများကို စားသုံးခွင့်ပေးထားပြီးဖြစ်သည်။

ရိုးတွင်းချဉ်ဆီသန့်စင်ဆေးကိုသောက်သုံးပြီးနောက် သိုင်းပညာ၏ထက်သန်သောစွမ်းရည်ကို ပြသနိုင်ခဲ့ကြသည်။ ဟွာဂျန်ရှင်း သည်လည်း မကြာသေးမီက ပင်ထိုဆေးကိုသောက်သုံးခဲ့သည်။သို့သော်လည်း အဆင်မတက်နိုင်ရှာခဲ့ပေ။

ဟွာဂျန်ရှင်းသည် စကြဝဠာ၏ ကောင်းကင်ဘုံကျမ်းဂန်ကျင့်စဉ်ကိုလေ့ကျင်ခဲ့သော်လည်း အင်မော်တယ်မဟုတ်သည့်အတွက် မြင့်မားသောအဆင့်ထိ ရောက်ရှိနိုင်မည်မဟုတ်ပေ။

အရည်အချင်းအရှိဆုံးသူ ဟွမ်းချွမ်ပင် အဆင့်တက်ဖို့ကြိုးစားတိုင်း ပြာဖြစ်သွားသလိုမျိုး အမြဲတမ်း ဖိနှိပ်ချုပ်ချယ်ခံရတယ်လို့ တစ်ချိန်က ပြောခဲ့ဖူးသည်။

ဤသည်မှာ ဤကမ္ဘာပေါ်ရှိ သိုင်းပညာ၏ စည်းမျဉ်းကြောင့်သာဖြစ်ရမည်ဟု မှန်းဆခဲ့သည်။

တမျိုးတော့လည်း ကောင်းပေသည်။ဤကမ္ဘပေါ်တွင် သူတစ်ဉီးတည်းသာ ကျင့်ကြံနိုင်သောကြောင့် သူ့အားသာချက်ကို သေချာပေါက် သိနိုင်မည်ဖြစ်သည်။

သူတို့ပတ်ဝန်းကျင်မှာ အသက်ကြီးလို့ သေသွားတဲ့ လူတွေအတွက်ကတော့ သူဘာမှ တတ်နိုင်မည် မဟုတ်ပေ။

အနည်းဆုံးတော့ ကျန်းချန်ရှန်းက သူတို့ကို ဒီဘဝမှာ ပျော်ရွှင်စွာနေထိုင်နိုင်အောင် ကူညီပေးခဲ့သည်။ သူသည် ဤဘဝတွင် သူတို့ကို ကောင်းမွန်စွာ ဆက်ဆံခဲ့ပြီး ၎င်းတို့တွင် လူဝင်စားခြင်း၏ အမှတ်အသားကိုပင် တံဆိပ်ရိုက်ခဲ့သည်။ အကယ်၍ကံမကုန်သေးလျှင် နှစ်တွေကြာသည့်တိုင် ပြန်ဆုံကြလိမ့်မည်။

ကျန်းချန်ရှန်းသည် တစ်စုံတစ်ယောက်၏ လူဝင်စားခြင်းကို တွက်ချက်ရန် သူ၏ အမွှေးတိုင်တန်ဖိုးကို အသုံးပြုနိုင်ကြောင်းသိရှိခဲ့သည်။ ဤနည်းဖြင့် ထောင်သောင်းများစွာသောလူများကြားတွင်ပင် ၎င်းတို့ကို ရှာတွေ့နိုင်မည်ဖြစ်သည်။

ကျန်းချန်ရှန်း အခန်းကို ဝင်သွားပြီး ဝိညာဉ်ထောက်ပံ့ဆေးကို စတင်သောက်သုံးခဲ့သည်။ ဝိညာဉ်ထောက်ပံ့ဆေး၏ စစ်မှန်သောလုပ်ဆောင်ချက်မှာ ကျင့်ကြံသူများ၏ နတ်ဘုရားအာရုံကို အားကောင်းစေရန်ဖြစ်သည်။ ပိုင်ချီကတော့ ကျင့်ကြံသူမဟုတ်သည့်အတွက် အာရုံငါးပါးကိုသာ အားကောင်းအောင် လုပ်နိုင်ခဲ့သည်။

ဤသို့ နေ့ရက်တိုင်းကို အေးချမ်းစွာဖြတ်သန်းခဲ့ကြသည်။

ကျန်းချန်ရှန်းသည် နေ့တိုင်း စွမ်းအင်ကျင့်ကြံခဲ့ပြီး ရံဖန်ရံခါ ဆေးများကို သန့်စင်ရန် အချိန်ယူခဲ့သည်။ တပည့်တွေ ကြီးပြင်းနေပြီမို့ ဘုရားကျောင်းနဲ့ပတ်သတ်သမျှကျု စိတ်ပူစရာ မလိုတော့ပေ။ ရံဖန်ရံခါ သူတို့ကို ညွှန်ပြရန်သာ လိုအပ်သည်။

ချန်းဝူခေတ်၏ ၃ နှစ်မြောက်...နွေဦးရာသီကုန်ဆုံးချိန်တွင် ဝတ်ဖြူတော်အစောင့်တပ်သားအများအပြားသည် ရထားများကို မြို့တော်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြသဖြင့် သာမန်လူများကြားတွင် ဆွေးနွေးစရာကိစ္စရပ်တခုဖြစ်လာခဲ့သည်။

နောက်လတွင်.....

ဧကရာဇ်သည် မြို့တော်တွင် စစ်မှန်သော သိုင်းစံအိမ်ကို တည်ထောင်ကာ ကမ္ဘာသိအောင် အမိန့်ထုတ်ပြန်ခဲ့သည်။ သိုင်းပညာပညာသင်ဆုရရှိသူတိုင်းသည် ၎င်းတို့၏ရလဒ်များအလိုက် အဆုံးစွန်သောနည်းပညာများကို ရွေးချယ်ရန် စစ်မှန်သောသိုင်း စံအိမ်သို့ ဝင်ရောက်နိုင်သည်။ထို့အပြင် မဟာယာန နဂါးမျှော်စင်၏ သိုင်းပညာ ရတနာဗိမာန်သည် စစ်မှန်သော သိုင်းစံအိမ်၏ မူလအစဖြစ်သည်ကိုလည်း ကြေငြာခဲ့သည်။

တစ်ခဏတာအတွင်း ကမ္ဘာပေါ်ရှိ သိုင်းပညာရှင်အားလုံးသည် နေရာတိုင်း၌ သိုင်းပညာစာမေးပွဲအတွက် စာရင်းသွင်းပြီး အရူးအမူးဖြစ်ခဲ့ကြသည်။

တစ်နှစ်အတွင်း သိုင်းပညာရှင် ၂၀၀,၀၀၀ ကျော်ကို တရားရုံးတွင် မှတ်တမ်းတင်နိုင်ခဲ့သည်။

သိုင်းစံအိမ် သတင်းသည် ဆယ့်သုံးခရိုင်အနှံ့ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန်ပျံနှံ့နေခဲ့ချေပြီ။

တကျန်း၏ သိုင်းလောကသည် မြင်သာထငိသာလောက်အောင် အရှိန်အဟုန်ဖြင့် အားကောင်းလာကာ ပတ်ဝန်းကျင်ရှိ မင်းဆက်များကို စိတ်မသက်မသာဖြစ်စေသည်။

ချန်းဝူ ခေတ် ၄ နှစ်မြောက်တွင်.....

ဧကရီသည် နောက်ဆုံးတွင် နဂါးသားတော်ကို ဖွားမြင်ခဲ့ပြီး ၎င်းတို့သည် အမွှာညီအကိုများဖြစ်သည်။ ကမ္ဘာတစ်ဝှမ်း ပျံ့နှံ့သွားသော ကြည်နူးစရာ ကိစ္စတစ်ခုဆိုလည်း မမှားနိုင်ပေ။ ဧကရာဇ်ကျန်းဇီယု လက်ထက်တွင် ကျန်းမင်းဆက်က ပိုတည်ငြိမ်လာခဲ့ပြီဟုဆိုနိုင်သည်။

ကျန်းချန်ရှန်းအနေဖြင့် သူ၏မြေးအရင်းနှစ်ယောက်အတွက် မျှော်လင့်ချက်တစ်စုံတစ်ရာမရှိသော်လည်း ဟွာဂျန်ရှင်းကတော့ နန်းတော်သို့ မကြာခဏသွားရောက်လေ့ရှိသည်။

တနေ့သ၌..... သမုဒ္ဒရာလေးစင်းပဏ္ဍတိက သူ့ရင်ခွင်ထဲတွင် ကလေးငယ်တစ်ဦးကိုပိုက်၍ ကျန်းချန်ရှန်းထံအလည်အပတ်ရောက်လာသည်။

ကျန်းချန်ရှန်းသည် ကလေး၏အော်ရာက သူ့အော်ရာနှင့် အနည်းငယ်ဆင်တူကြောင်း သတိပြုမိသောကြောင့် ကလေးငယ်

ဘာဖြစ်နေကြောင်းကို သိလိုက်ရသည်။

ဝမ်ချန်း သူ့တပည့်များနှင့်အတူ ထွက်ခွာသွားပြီးနောက် ကျန်းချန်ရှန်း၊ သမုဒ္ဒရာလေးစင်းပဏ္ဍိတနှငိ့ ပိုင်ချီတို့သာ ခြံဝင်းထဲတွင် ကျန်ခဲ့သည်။

“ဒါက လက်ရှိ ဒုတိယမင်းသား ကျန်းလော့ ပါ.....ဘုရင်မင်းမြတ်ရဲ့ခွင့်ပြုချက်နဲ့ သူ့ကို တကျန်းကနေ ခေါ်ထုတ်ပြီး သိုင်းပညာလေ့ကျင့်ဖို့ ရှန်းရှန်တုံးထျန်းကိုခေါ်သွားတော့မယ်....."

သမုဒ္ဒရာလေးစင်းပဏ္ဍိတက ပွေ့ပိုက်ထားတဲ့ ကလေးငယ်ကို စားပွဲပေါ်တင်ပြီး မုတ်ဆိတ်မွေးတွေကို ပွတ်သပ်နေ၏။

ကျန်းချန်ရှန်းကတော့ ကျန်းလော့ကို ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ကြည့်ရှုနေသည်။

ကျန်းချန်ရှန်းသည် ကျန်းလော့၏ မျက်ခုံးနှစ်ခုကြားတွင် မွေးရာပါ တာအိုအမှတ်အသား ရှိနေသည်ကို သတိပြုမိသည်။

“ဒါဆို သူ့ကို ပြုစုစောင့်ရှောက်ဖို့ ခင်ဗျားကိုပဲအပူကပ်ရတော့မယ်..."

သမုဒ္ဒရာလေးစင်းပဏ္ဍိတက ပြုံးလိုက်ပြီး....

"စိတ်မပူပါနဲ့၊ ဘုရင်မင်းမြတ် တန်ခိုးတက်လာတာကို ငါမြင်ပြီး ငါတို့ရဲ့ဆက်ဆံရေးက ကျန်းယွမ်ထက်တောင် ပိုနီးစပ်တယ်.....ကျန်းလော့က ကျုပ်လက်ထဲမှာပဲကြီးပြင်းလာမှာမို့ ကျုပ်ရဲ့သားအရင်းတစ်ယောက်လိုစောင့်ရှောက်ပေးမှာပါ....."

သို့သော် ဤနှုတ်ဆက်ပွဲအပြီးတွင် ကျန်းလော့နှင့် တွေ့ဆုံနိုင်မည်မဟုတ်တော့ပေ။

ကျန်းချန်ရှန်း တစ်စုံတစ်ခုကို တွေးတောရင်း ကျန်းလော့ကို စိုက်ကြည့်ရင်း တိတ်ဆိတ်နေသည်။

သမုဒ္ဒရာလေးစင်းပဏ္ဍိတက သတ္တိကိုစုစည်းပြီး..... "ဆရာတော်ချန်ရှန်း၊ ရှင်ရှန်းတုံးထျန်းကို အတူလိုက်ခဲ့ပါလား.... မင်းရဲ့အင်အားက မင်းဆက်ဆယ်ဆက်မှာရှိတဲ့ ဂိုဏ်းဂဏတွေကို ကျော်လွန်နေပြီ။...... မင်းဒီမှာနေရင်သန်မာပေမယ့် မင်းရဲ့သိုင်းပညာနယ်ပယ်တိုးတက်လာမှာမဟုတ်ဘူး...."

ကျန်းချန်ရှန်း ခေါင်းယမ်းကာ ပြုံးလိုက်သည်။

"အခုလိုအကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်....ဒါပေမယ့် မသွားချင်သေးဘူး....."

ဟာသပဲ။ ငါ အခုမှ ရွာကို ရှင်းလိုက်တာလေ.... ဘာလို့ ပိုအဆင့်မြင့်တဲ့နေရာဆီခေါ်နေတာလဲ....နည်းနည်းပါးပါးအားမွေးပါရစေဉီး..

ကျန်းချန်ရှန်းအနေဖြင့် ရှန်းရှန်တုံးထျန်းသို့သွားရန် စိတ်မ၀င်စားပေ။

သူသည် မိမိနယ်မြေကို စောင့်ရှောက်ရန်နှင့် စဉ်ဆက်မပြတ် အားကောင်းလာစေရန် ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ရန် လိုအပ်သည်။

သမုဒ္ဒရာလေးစင်းပဏ္ဍိတက ဇွဲမလျှော့သေးဘဲ..... "သိုင်းပညာနယ်ပယ် ပိုမြင့်လေ၊ မင်းရဲ့ သက်တမ်းက ပိုရှည်လေဆိုပေမယ့်

မင်းဒီမှာနေမယ်ဆိုရင် ဒီမင်းဆက်ကို ဘယ်လောက်ကြာကြာ စောင့်ရှောက်နိုင်မှာလဲ.... အနှစ်တစ်ရာလား? အနှစ်နှစ်ရာလား?"

ကျန်းချန်ရှန်းက.... "သိုင်းပညာရှင်တွေ ထာဝရအသက်ရှင်နိုင်မလား?"

သမုဒ္ဒရာ လေးစင်းရှိ ပညာရှိကြီးက မျက်လုံးပြူးပြီး “ဟာသတွေမပြောစမ်းနဲ့.....ဒီကမ္ဘာမှာ မသေနိုင်သူမရှိဘူး.... သိုင်းပညာက လူတစ်ယောက်ရဲ့ သက်တမ်းကို တိုးစေတယ်ဆိုပေမယ့် ရှေးခေတ်ကတည်းက အသက်အကြာဆုံးနေထိုင်ခဲ့တဲ့သူဆိုလို့ သိုင်းဘိုးဘေးတစ်ယောက်ပဲရှိခဲ့ဖူးတယ်... သူက နှစ်ပေါင်း 800 နေထိုင်ခဲ့ပေမယ့် လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းကဆိုတော့ တကယ်ဟုတ်မဟုတ်မသေချာဘူး.... ကျုပ် တွေ့ဖူးသမျှသက်တမ်းအရှည်ဆုံး သိုင်းပညာရှင်တွေက နှစ်ပေါင်း ၃၀၀ ကျော်သာ အသက်ရှင်နိုင်ခဲ့တယ်..... သူတို့ကို မသေမျိုး (အင်မော်တယ်)တွေလို့သတ်မှတ်နိုင်ပေမယ့် အချိန်တန်တော့လည်း အနိစ္စသဘောကို မလွန်ဆန်နိုင်ခဲ့ကြဘူး....."

ကျန်းချန်ရှန်း ထိုစကားကိုကြားသောအခါ သက်ပြင်းတစ်ချက်ချလိုက်လေသည်။

All Chapters