← Chapters

စီရင်စု ၁၃ခု၏ဒဏ္ဍာရီ....သတ်ဖြတ်ခြင်းနတ်ဘုရား၏အမွေခံ.......

Vol. 5 Ch. 64

စီရင်စု ၁၃ခု၏ဒဏ္ဍာရီ....သတ်ဖြတ်ခြင်းနတ်ဘုရား၏အမွေခံ.......

Vol. 5 Ch. 64

သမုဒ္ဒရာလေးစင်းပဏ္ဍိတ ကျန်းလော့နှင့်အတူ ထွက်ခွာသွားချေပြီ။ ကျန်းချန်ရှန်း သည်လည်း ကျန်းလော့၏အနာဂတ်ကို စတင်မျှော်လင့်နေခဲ့လေပြီ။ရှန်းရှန်တုံးထျန်းတွင် သိုင်းပညာ လေ့ကျင့်နေသော ကျန်းလော့သည် အနာဂတ်တွင် မည်သို့သော အောင်မြင်မှုများ ရရှိမည်ကို မြင်ချင်နေခဲ့ပြီ.....

ဒုတိယမင်းသားလေး တိတ်တိတ်ဆိတ်ဆိတ် ထွက်သွားပြီး ဧကရာဇ်က ဒီကိစ္စကို ဘယ်သူမှမသိအောင် သိုဝှက်ထားခဲ့သည်။

ရက်အနည်းငယ်ကြာပြီးနောက် ဟွာဂျန်ရှင်း ဤကိစ္စကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုအကြောင်းကို ဧကရာဇ်အား မေးမြန်းပြီးနောက် ကျန်းချန်ရှန်းကို တိုင်ကြားရန် ပြန်လာခဲ့လေသည်။

"ရှန်းရှန်တုံးထျန်းဆိုတာဘာလဲ...ရှင်နဲ့အတူသိုင်းပညာ လေ့ကျင့်တာက ပိုကောင်းတယ် မဟုတ်လား" ဟွာဂျန်ရှင်းက စိုးရိမ်သောကဖြင့် ညည်းညူလိုက်သည်။ မြေးအရင်းနှစ်ယောက်ကို တစ်ယောက် တစ်နေရာဆီခွဲထားမည့်အဖြစ်ကို သူမ မည်သို့လက်ခံနိုင်မည်နည်း။

ကျန်းချန်ရှန်းက ခပ်အေးအေးပြုံးလိုက်ပြီ... .

“အဆင်ပြေပါတယ်....ကျန်းမိသားစုမှာ ပိုမိုကျယ်ပြန့်တဲ့ ကမ္ဘာကြီးကို သိမြင်နိုင်တဲ့သူ တစ်ယောက်လောက်တော့ရှိသင့်တယ်လေ...... ဒါ့အပြင် ငါက ဇီယုရဲ့ မြေးမြစ်တွေအထိ စောင့်ရှောက်ပေးနိူင်မှာမဟုတ်ဘူး....ဒါ့ကြောင့်မို့ ကိုယ့်လမ်းကိုယ်ဖောက်ဖို့အခုကတည်းကသင်ယူထားရမယ်....."

ဟွာဂျန်ရှင်းက သက်ပြင်းချလိုက်ပြီး...." မှန်ပါတယ်....တော်ဝင်မိသားစုမှာ အမြွှာနှစ်ယောက်ရှိနေတော့ တိုင်းသူပြည်သားတွေက ဒါကို နိမိတ်မကောငိးဘူးလို့ပြောနေကြတယ်.... ကျန်းလော့ကို လွှတ်လိုက်ရင် တိုင်းပြည် ပိုပြီး တည်ငြိမ်လာလိမ့်မယ်......”

သူမ ရုတ်တရက် တစ်ခုခု တွေးမိသဖြင့်....

"ကျန်းလော့က ရာဇပလ္လင်ကို သိမ်းပိုက်ဖို့ပြန်လာမှာလား...."

ကျန်းချန်ရှန်းက ရယ်လိုက်ပြီး "အများကြီး မတွေးပါနဲ့...."

ကျန်းမင်းဆက်၏ အိမ်ရှေ့မင်းသားဖြစ်ရခြင်းသည် အဆုံးသတ်မကောင်းနိုင်သော ကျိန်စာတစ်ခုဖြစ်သည်။

ဟွာဂျန်ရှင်းက ပိုလို့တောင် စိုးရိမ်သွားပြီးကောင်းကင်ကိုမော့ကြည့်ကာ သက်ပြင်းတွင်တွင်ချနေရှာသည်။

သူမကိုဒီလိုမြင်တော့ ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး.... "စိတ်မပူပါနဲ့ ငါတစ်ယောက်လုံးရှိပါသေးတယ်....."

"ကျန်းလော့က အနှစ် 50 ၊နှစ် 60 အတွင်းပြန်လာရင် ဘာဖြစ်မလဲ....."

"ငါဒီမှာရှိနေဉီးမှာပါ...."

"ကောင်းပြီ...ဘုန်းတော်ကြီးကြွယ်ရှင်းတောင် အသက်တစ်ရာထိ အသက်ရှင်ခဲ့တာပဲ....."

ဟွာဂျန်ရှင်းသည် စိုးရိမ်ပူပန်မှုများကို ဖယ်ရှားကာ အပြုံးဖြင့် အခြားမေးခွန်းတစ်ခုမေးလိုက်သည်။

"လင်းရှောင်က ရက်အနည်းငယ်အတွင်း လေ့ကျင့်ရေးလုပ်ဖို့ တောင်ပေါ်ကနေ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်တော့မယ်တဲ့...ရှင် စိတ်မပူဘူးလား?"

လင်းရှောင်သည် ကျန်းချန်ရှန်း ၏ အငယ်ဆုံးတပည့်ဖြစ်သည်။ သူသည် မန်ချွဲ့ဆောင် ရွေးချယ်ထားသော အရည်အချင်းအရှိဆုံးတပည့်ဖြစ်ပြီး နောက်အသစ်တက်မည့် အကြီးဆုံးတပည့်အတွက် ရွေးချယ်ခံရသူလည်းဖြစ်သည်။ သို့သော်လည်း သူ့တွင် ရှက်တတ်သည့် အကျင့်စရိုက်ရှိပြီး ကျန်းချန်ရှန်းကို ရင်ဆိုင်ရလျှင်ပင် အမြဲရှက်ရွံ့နေတတ်သူပင်.....

ကျန်းချန်ရှန်းက.... “သူ အသက် ၁၉ နှစ်ရှိပြီ.....ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ရောက်ဖို့ အလှမ်းဝေးနေသေးပေမယ့် လေ့ကျင့်ဖို့ တောင်ပေါ်ကဆင်းတာ ကောင်းပါတယ်..... သိုင်းလောကက အရင်ကလို ဖရိုဖရဲမဟုတ်တော့ဘူးလေ.....”

သိုင်းလောကတွင် ပဋိပက္ခများ ရှိနေဆဲဖြစ်သော်လည်း သိုင်းပညာရှင် အများအပြားသည် သိုင်းစံအိမ်သို့ဝင်ခွင့်ရရန် စာမေးပွဲဖြေဆိုခဲ့ကြသောကြောင့် ယခင်ကထက် အာဃာတများ နည်းပါးလာခဲ့သည်။

ဟွာဂျန်ရှင်းက ပြုံးလိုက်ပြီူ.... "သူ ဘယ်လို အသွင်ပြောင်းမလဲဆိုတာကို စောင့်ကြည့်ရမယ်....."

လုံချီဘုရားကျောင်းတွင် တပည့် ၅၀၀ ကျော်ရှိနေပြီဖြစ်သည်။ ကျန်းချန်ရှန်း ၊ ပင်းအန်းနှင့် ဟွမ်းချွမ်တို့ မရှိလျှင်ပင် ၎င်းအား သိုင်းလောကတွင် ကြီးမားသော ဂိုဏ်းတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ ကျန်းချန်ရှန်းရှိနေသည့်အတွက် လုံချီဘုရားကျောင်းကို သိုင်းလောက၏မြင့်မြတ်သောနယ်မြေအဖြစ်သတ်မှတ်နိုင်သည်။

တွေးနေရင်းဖြင့် ရုတ်တရက် အကြံတခုရသွားခဲ့သည်။

သူ့ရာထူးကို စွန့်လွှတ်ပြီး သူ့နေရာကို ဆက်ခံဖို့ ကျောင်းထိုင်အသစ် ရွေးသင့်သလား.....

မည်သို့ပင်ဆိုစေကာမူ သူသည် မဟာအဓိပတိဆရာဖြစ်နိုင်ပြီး နောက်ကွယ်တွင် ပုန်းအောင်းနေနိုင်သည်။

လုံချီဘုရားကျောင်းအနေဖြင့် သူ့ကို အလွန်အမင်း အားကိုးနေခြင်းမျိုး မဖြစ်သင့်တော့ပေ။ ထို့အပြင်၊ သူသည် ကျောင်းထိုင်အဖြစ် ဆက်ရှိနေပါက၊ သူ၏ အသက်ရှည်ခြင်းကို အလွယ်တကူ သိရှိသွားကြမည်ဖြစ်သည်။

ထို့အပြင် အခြားသော အကျိုးကျေးဇူးများလည်း ရှိခဲ့ပါသည်။ လုံချီဘုရားကျောင်းမှာ သူသာ မရှိဘူးဆိုရင်၊ ဘုရားကျောင်းကို စိန်ခေါ်တဲ့ သိုင်းပညာ ကျွမ်းကျင်သူတွေ ရှိပါလိမ့်မည်။ထိုအချိန်တွင်၊ သူသည် ၎င်းတို့အား ရှင်သန်မှုဆုလာဘ်များရရှိရန် လျှို့ဝှက်သတ်ဖြတ်နိုင်ပေလိမ့်မည်။

မန်ချွဲ့ဆောင်နှင့် အခြားသော တပည့်ဟောင်းများ အသက်ကြီး၍ ကွယ်လွန်သောအခါတွင် ရာထူးကို စွန့်လွှတ်ရန် အစီအစဉ်ကို စတင်နိုင်ပြီဖြစ်သည်။ လောလောဆယ်တော့ စောင့်ကြည့်နေရပေဉီးမည်။ ကျန်းချန်ရှန်း ထိုသို့ တိတ်တဆိတ် တွေးပြီး ရုတ်တရက် စိတ်ခံစားမှု အနည်းငယ် မြင့်တက်လာသည်။

အချိန်တွေ လျင်မြန်စွာ ကုန်ဆုံးခဲ့ပြီးနောက် ကျောင်းထိုင်ဆရာတော်ချင်ရှုအကြောင်း ခဏခဏတွေးနေမိသည်။

ဆရာတော် ဘယ်များရောက်နေသလဲ...သက်ရှိထင်ရှားရှိသေးရဲ့လား......

ချန်းဝူခေါတ်၏ 5 နှစ်မြောက်တွင် ကုန်သည်အများအပြားသည် သာမန်လူများကို အနိုင်ကျင့်ခြင်း၊ အခွန်ရှောင်ခြင်း၊ လူသတ်ရန် ငှားရမ်းခြင်းနှင့် အခြားသော ရာဇ၀တ်မှုများစွာအတွက် ၎င်းတို့၏ပိုင်ဆိုင်မှုများကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့သည်။ ဤအကြောင်းကို သာမာန်လူများက ကျေနပ်ကြပြီး လက်ရှိဧကရာဇ်သည် သာမန်လူများကို စာနာတတ်သော သန့်ရှင်းသော ဘုရင်တစ်ပါးဟု ခံစားမိကြသည်။

ချန်းဝူခေတ် 6 နှစ်မြောက်တွင် ချင်ဝမ်၏တတိယသားတော်သည် နယ်စပ်တွင်ပျောက်ဆုံးသွားခဲ့သည်ဖယ တစ်လခွဲကြာ ရှာဖွေသော်လည်း မတွေ့ခဲ့ပေါ ချင်ဝမ်သည် ဤအရာကို ဧကရာဇ်မင်းထံ အစီရင်ခံပြီး ရှေးဟောင်းဟန်မင်းဆက်၏ လုပ်ဆောင်မှုဖြစ်နိုင်သည်ဟု ခန့်မှန်းခဲ့သည်။ ယင်းနှင့်ပတ်သက်၍ ဧကရာဇ် ဒေါသအမျက်ထွက်ကာ အခြေအနေကို မေးမြန်းစုံစမ်းကာ စစ်တပ်ကို ပြန်လည်ဖွဲ့စည်းရန် အမိန့်ပေးခဲ့သည်။

နောက်တစ်လအကြာတွင် ဧကရာဇ်သည် ရှေးဟောင်းဟန်မင်းဆက်က ကိုယ်ကျင့်တရားများကို လိုက်နာခြင်းမရှိကြောင်းနှင့် ချင်ဝမ်၏သားတော်ကို သတ်ဖြတ်ခဲ့ကြောင်း ကမ္ဘာသိအောင်ကြေညာခဲ့သည်။

ချင်ဝမ်၏သားတော်အတွက် လက်စားချေပြီး ကျန်းမင်းဆက် ၏ သူရဲကောင်းဆန်မှုကို မြှင့်တင်နိုင်ဖို့ ရှေးဟောင်းဟန်မင်းဆက်ကို စစ်ကြေငြာတော့မည်ဖြစ်သည်။

ယခုတစ်ကြိမ်တွင် စီရင်စု ၁၃ ခုမှ မည်သူမျှ ကန့်ကွက်ခြင်း မရှိပေ။ ဧကရာဇ်မင်း နန်းတက်ပြီးကတည်းက ထောင်ပေါင်းများစွာသော သိုင်းပညာရှင်များကို စုဆောင်းပြီး တပ်သားများအဖြစ်ခန့်အပ်ထားခဲ့သည်။ ကျန်းမင်းဆက် ၏ စစ်ရေးအင်အားသည် အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိခြင်းသာမကဘဲ ကျော်လွန်သွားခဲ့ပြီဟုပင်ဆိုနိုင်သည်။

ရှေးဟောင်းဟန်မင်းဆက်သည် သူတို့၏နယ်နိမိတ်များတွင် ထိပါးလာသောကြောင့် ထိရောက်စွာလက်တုံ့ပြန်ရပေမည်။

ဧကရာဇ်အမိန့်၏ နောက်ဆုံးစာကြောင်းသည် ကမ္ဘာပေါ်ရှိ ပြည်သူများကို စိတ်လှုပ်ရှားစေခဲ့သည်။ သိုင်းပညာ လေ့ကျင့်သူများပင်လျှင် ဧကရာဇ်မင်းမြတ်၏ သူရဲကောင်းဆန်မှုကို သဘောကျနေကြသည်။

"ကျန်းမင်းဆက်ကို စော်ကားတဲ့သူတွေ ဘယ်လောက်ပဲဝေးကွာနေတဲ့အရပ်မှာရှိပါစေ အသတ်ခံရလိမ့်မယ်!"

ကျန်းဇီယုသည် ထိုစကားကို ကျန်းချန်ရှန်း ထံမှကြားသိခဲ့ရခြင်းဖြစ်သည်။ ဟန်မင်းဆက်၏ ဇာတ်လမ်းကို ကြားသောအခါတွင် ဤစာကြောင်းက သူ့ကို အနက်ရှိုင်းဆုံး စွဲဆောင်သွားခဲ့သည်။ ယခု၊ ၎င်းကို ကျန်းမင်းဆက်တွင် အသုံးပြုခဲ့သည်။

ကျန်းချန်ရှန်းသည်ချောက်ကမ်းပါးပေါ်ကနေ မြောက်ဘက်မြို့တံခါးအပြင်ဘက်တွင် စုဝေးနေသည့် စစ်တပ်ကို တည်ငြိမ်သောအမူအရာဖြင့် ကြည့်နေလေသည်။

ပိုင်ချီက သူ့ဘေးမှာ ငုတ်တုတ်ထိုင်ကာ အံ့သြစွာဖြင့် လျှာကိုက်လိုက်ပြီး....

“လူသားမျိုးနွယ်တွေက တကယ့်ကို ပြိုင်ဆိုင်မှု ပြင်းထန်ကြတာပဲ.... နှစ်အနည်းငယ်လောက်ပဲရှိသေးတယ် စစ်ဖြစ်ပြန်ပြီ.....ဒါပေမယ့် လက်ရှိ ကျန်းမင်းဆက်ရဲ့ စစ်တပ်က တကယ်ကို အားကောင်းတယ်လို့ ပြောရမယ်.... ခေါင်းဆောင်တွေက ဂရမ်းမာစတာတွေ ဖြစ်ပြီး ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် ကျွမ်းကျင်သူ ဆယ်ယောက်နီးပါးရှိတယ်ဆိုတော့ ကျန်းမင်းဆက်က နှစ်ဆလောက် ခွန်အားရသွားပုံရတယ်......”

ထိပ်တန်းခေါင်းဆောင်မှာ ရှုထျန်းကျိ ဖြစ်သည်။ ပင်းအန်းသည်လည်း ဤခရီးစဉ်ကို လိုက်ပါသွားမည်ဖြစ်သည်။

ကျန်းချန်ရှန်းက.... “ဟုတ်တယ်.... ကမ္ဘာကြီးက တကယ်ကို ပြိုင်ဆိုင်မှုရှိပြီး ဧကရာဇ်က ပိုလို့တောင် ရည်မှန်းချက်ကြီးသေးတယ်.....”

ကျန်းမိသားစုရဲ့ ဧကရာဇ်တွေ အားလုံးအတူတူပင်.... ကျန်းယွမ်သည် ရှေးဟောင်းဟန်မင်းဆက်ကို ပေါင်းစည်းလိုပြီး ကျန်းဇီယုကပို၍ပင် ရည်မှန်းချက်ကြီးသေးသည်။ ထို့အပြင်၊ ကျန်းဇီယု၏ ရည်မှန်းချက်က သိသိသာသာ ကြီးမားလာပြီး အရှေ့ဘက်နှင့် အနောက်ဘက်တွင် တပ်များအများအပြား တပ်စွဲထားပြီး အိမ်နီးချင်း မင်းဆက်များကို အချိန်မရွေး တိုက်ခိုက်နိုင်သည်။ ကျန်းချန်ရှန်းအနေဖြင့်လည်း ကျန်းဇီယုကို ဖျောင်းဖျရန် ရည်ရွယ်ချက်မရှိပေ။ ထိုသို့သောတိုက်ပွဲသည် အခြားဂိုဏ်းများ၏ မကျေနပ်မှုကို နှိုးဆွနိုင်သော်လည်း ကျန်းချန်ရှန်းအတွက် ရှင်သန်ခြင်းဆုလာဘ်များအဖြစ် သတ်မှတ်ပေးမည်ဖြစ်သည်။

ရည်မှန်းချက်ကြီးသော ဧကရာဇ်များအားလုံးသည် ၎င်းတို့၏ဘိုးဘေးများထက်သာလွန်သော ကြီးစိုးမှုကို ရရှိလိုကြသည်။ ကျန်းဇီယုလည်း အတူတူပင်။ သူသည် ငယ်စဉ်ကတည်းက မင်းဆက်အမျိုးမျိုးကို ဝါးမျိုရန် သူ၏ရည်မှန်းချက်ကို ထုတ်ဖော်ပြသထားသောကြောင့် ကျန်းချန်ရှန်း သူ့အား မတားဆီးနိုင်ခဲ့ပေ။

ကျန်းမင်းဆက်သည် ၎င်း၏ခြေကုပ်ကိုထိန်းထားလိုပါက စဉ်ဆက်မပြတ် ပိုမိုအားကောင်းလာရမည်ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်ရေးသည် ပိုမိုအားကောင်းလာစေရန် နည်းလမ်းများထဲမှ တစ်ခုသာဖြစ်သည်။ အောင်နိုင်မှုသည်သာ အဓိကနည်းလမ်းဖြစ်သည်။ နောက်ဆုံးတွင် မင်းဆက်တစ်ခု၏ အရင်းအမြစ်နှင့် ကုန်ထုတ်စွမ်းအားမှာ အကန့်အသတ်ရှိသည်။ အလုံအလောက် အားကောင်းပါက၊ အခြားသူများကို အနိုင်ယူနိုင်ပြီးနိုင်ငံသားများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ကာ ဖြစ်နိုင်ခြေရှိသော ခြိမ်းခြောက်မှုများကို လျှော့ချနိုင်သည်။

ကျန်းချန်ရှန်းသည် အခြားမင်းဆက်များကို စာနာမည်မဟုတ်ပေ။ ရှေးဟောင်းဟန်မင်းဆက်နှင့် ကျင်းမင်းဆက်တို့သာ တကျန်းထက် အားကောင်းပါက၊ ၎င်းတို့သည်လည်း တကျန်းကို သိမ်းပိုက်နိုင်မည်ဖြစ်သည်။ ဤသည်မှာ ကောင်းကင်ဘုံ၏ ရှောင်လွှဲ၍မရသော ဥပဒေဖြစ်သည်။

ခဏလောက်ကြည့်ပြီးနောက် ကျန်းချန်ရှန်း သည် လှည့်၍ ကျင့်ကြံရန် ခြံထဲသို့ ပြန်သွားခဲ့သည်။

ဆေးလုံးများ၏အကူအညီဖြင့် သူ၏ကျင့်ကြံမှုအဆင့် တဖြည်းဖြည်း တိုးလာခဲ့သည်။ တာအိုသဘာဝကျင့်စဉ်၏ အဆင့်ခုနစ်နှင့်ဝေးနေသေးသော်လည်း အနည်းဆုံးတော့ အများကြီးကွာဝေးနေခြင်းမဟုတ်တော့ပေ။

သူ့ရဲ့နောက်ဆုံးအောင်မြင်မှုဟာ ဆယ့်ခုနစ်နှစ်ကြာခဲ့ပါပြီ။ ကျန်းချန်ရှန်း အနေဖြင့် အတ်ဒုက္ခ ဖြတ်ကျော်ခြင်း၏အရသာကို မေ့ပျောက်လုနီးပါးဖြစ်နေပြီဖြစ်သည်။

နွေဦးနဲ့ နွေရာသီ ကုန်ဆုံးပြီး ဆောင်းဦးရာသီကို ရောက်လာပြန်ချေပြီ.....

ကျန်းချန်ရှန်း မြေဝိညာဉ်သစ်ပင်အောက်တွင် ကျင့်ကြံနေချိန်တွင် လီကုန်းကုန်း လျင်မြန်စွာ ပြေးဝင်လာပြီး သူ့ရှေ့သို့ ရောက်လာသည်။ သူက တိုးညှင်းသောလေသံဖြင့်.... “တာအိုဆရာကြီး.... ဧကရာဇ် ယန်ကျောက်က အစစ်အမှန်တဲ့နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာတယ်လို့ သံသယရှိတယ်။း.... ဒါ့ကြောင့်ထင်တယ် ကောင်းကင်လောင်ကျွမ်းခြင်းစံအိမ်ရဲ့ စွမ်းအားလည်း အလွန်များပြားလာတယ်.... သူတို့က သြဂုတ်လမတိုင်ခင် သိုင်းပညာအထွတ်အထိပ်ကို ဖြိုဖျက်ပြီး တောင်ဘက်မှာရှိတဲ့ သိုင်းလောကကို ပေါင်းစည်းခဲ့တယ်.....”

"ဧကရာဇ်ယန်ကျောက်မှာ ဂရမ်းမာစတာ တစ်ယောက်ရဲ့ ခွန်အားတွေရှိနေတာတော့ အမှန်ပဲ၊ ဒါပေမယ့် နှစ်အနည်းငယ်အတွင် သူတကယ်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တယ်ဆိုတော့ မဟာယာန နဂါးမျှော်စင်ရဲ့ လက်ကျန်အဖွဲ့ဝင်တွေရဲ့ လက်ရာဖြစ်နိူင်တယ်လို့ သံသယဖြစ်မိတယ်.... သူတို့အကူအညီနဲ့ တစ်ကျော့ပြန်လာဖို့ ပြင်ဆင်နေတာများလား...."

ကျန်းချန်ရှန်း ဤစကားကိုကြားသော်လည်း သူလုံးဝဂရုမစိုက်ဘဲ ပေါ့ပေါ့ဆဆဖြင့်.....

"သူသာ အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူဖြစ်ရင်တောင် မြို့တော်ကိုလာဝံ့မှာလား......"

သိုင်းလောကတွင် မည်သည့်နေရာမှမဆို ပေါ်ထွက်လာသော ဉာဏ်ရည်ထက်မြက်သော ကျွမ်းကျင်သူများနှင့် ငယ်ရွယ်သော ပါရမီရှင်များ အမြဲရှိနေသည်။ သို့သော် ၎င်းတို့၏ တိုက်ပွဲရလဒ်များ မည်မျှပင် အားကောင်းပါစေ၊ ၎င်းတို့သည် ကမ္ဘာပေါ်ရှိ သိုင်းပညာရှင်အားလုံး၏ နှလုံးသားထဲတွင် ကမ္ဘာပေါ်တွင် နံပါတ်တစ်ဖြစ်ရန် မဖြစ်နိုင်ပေ။ သိုင်းနတ်ဘုရားကို တိုက်ခိုက်ရန် မြို့တော်သို့ သွားရန် ရဲရဲဝံ့ဝံ့ သက်သေမပြနိုင်သရွေ့ သူရဲကောင်းအဖြစ်သတ်မှတ်ခံရမည်မဟုတ်ပေ။

မဟာယာနနဂါးမျှော်စင် လုပ်ကြံခံရပြီးကတည်းက လုံချီဘုရားကျောင်းကို ကျွမ်းကျင်သူများ လာရောက်စိန်ခေါ်ခြင်း မရှိခဲ့ပေ။ ရောက်ရှိလာသော သိုင်းပညာရှင်များကလည်း အလွန်လိမ္မာရေးခြားရှိပြီး နာခံမှုဖြင့် အမွှေးတိုင်ထွန်းညှိပူဇော်ရန်သာရောက်လာကြခြင်းဖြစ်သည်။

လီကုန်းကုန်းက အားပါးတရ ရယ်မောလိုက်ပြီး “ဟုတ်တယ် သူ မလာရဲဘူး...ငါအခုလို ပြောပြနေတာကလည်း မင်းကိုသတိပေးဖို့ မဟုတ်ဘူး.... တကယ်တော့၊ အရင်က ကျန်းမင်းဆက်ရဲ့ သိုင်လောကထဲမှာ အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတွေ မရှိခဲ့ဘူး”

ကျန်းချန်ရှန်းက နားလည်သဘောပေါက်ဟန်ဖြင့်..... "ဧကရာဇ် ယန်ကျောက် အဆင့်တက်ခဲ့တဲ့ကိစ္စကိုသေချာ စုံစမ်းပါ...အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ဖြတ်ကျော်ဖို့ အဖိုးတန်ရတနာတွေသုံးခဲ့တယ်လို့ သံသယဝင်နေမိတယ်....."

မဟာယာန နဂါးမျှော်စင်သည် သိုင်းပညာ အရင်းအမြစ်များကို လက်ဝါးကြီးအုပ်လို၍ သိုင်းလောကကို ဖြိုခွင်းခဲ့ကြောင်း ယခင်က ကြားဖူးသည်။ သူ ဒီအကြောင်းကို ရှောင်တုထျန်း ကိုမေးခဲ့ပြီး ရှောင်တုထျန်းကလည်း တာအိုဉာဏ်အလင်းကျောက်၊ အနှစ်တစ်ထောင်သက်တမ်းရှိသောဂျင်ဆင်းအမြူတေ၊ ချီလင်သွေးကြေးခွံ၊ အနှစ်တစ်ထောင် အေးခဲပိုးကောင် စသည်တို့အကြောင်းပြောပြခဲ့သည်။ ဒီအကြောင်းကို ကျန်းဇီယုကိုလည်း ပြောပြခဲ့ဖူးပေမယ့်လည်း ရတနာများစွာ မစုဆောင်းခဲ့နိုင်သေးပေ။

ရှောင်တုထျန်း၏ အဆိုအရ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက စီရင်စု ဆယ့်သုံးခု၏ သိုင်းလောကသည် အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။ အစွမ်းထက်သော သိုင်းပညာသည် တောင်များကို ရွေ့လျားနိုင်ပြီး ပင်လယ်များကို လွှမ်းမိုးနိုင်ကာ ကမ္ဘာပေါ်တွင် သက်ရှိထင်ရှားရှိနေသေးသော ရှားပါးတိရစ္ဆာန်များပင် ရှိသေးသည်။ ထိုအချိန်တွင် မျိုးနွယ်စုများ၊ ဂိုဏ်းဂဏများမရှိကြသေးပေ။ နောက်ပိုင်းတွင်၊ အကြောင်းတစ်ခုခုကြောင့် စီရင်စု ၁၃ ခု၏ သိုင်းလောကသည် ဆုတ်ယုတ်လာပြီး ထိုရှားပါးသော ရတနာများနှင့် သိုင်းပညာအမွေများကို အမှောင်ထဲတွင် ဝှက်ထားခဲ့သည်။ မဟာယာနနဂါးမျှော်စင်သည် ဤသည်ကိုအခွင့်ကောင်းယူ၍ စီရင်စုဆယ့်သုံးခရိုင်ကို သိမ်းပိုက်ကာ အရင်းအမြစ်များကို လက်ဝါးကြီးအုပ်ထားလေသည်။ ၎င်းသည် အနီးနားရှိ မင်းဆက်များကိုပင် ထိန်းချုပ်နိုင်ခဲ့ပြီး နောက်ဆုံးတွင် ၎င်းတို့အား အနှစ်တစ်ထောင် သန့်ရှင်းသောနယ်မြေဖြစ်လာစေခဲ့သည်။

သိုင်းပညာရှင်များသည် ၎င်းတို့၏သွေးချီကိုတိုးပွားစေပြီး နယ်ပယ်များကိုဖြတ်ကျော်ရန် ရှားပါးရတနာများကို အသုံးပြုနိုင်သည်။ သို့သော် သိုင်းသမားတို့၏ ကိုယ်ခန္ဓာတည်ဆောက်ပုံက တယောက်နှင့်တစ်ယောက် ကွဲပြားသည်။ သူသည် ၎င်းကို စားသုံးရန်အတွက် ကိုက်ညီမှုအတိုင်းအတာတစ်ခု လိုအပ်သည်။ ရတနာတစ်ခုခုကို အတင်းအကြပ် စားသုံးမိရင် ပေါက်ကွဲပြီး သေသွားနိုင်သည်။ မဟာယာနနဂါးမျှော်စင်တောင်မှ သိုင်းပညာရှင်တစ်ယောက်ဆီတိုင်းနှင့် လိုက်ဖက်တဲ့ ရတနာရှိဖို့ မသေချာပေ။ အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို လေ့ကျင့်သင်ကြားရန်အတွက် ၎င်းတို့သည် ပါရမီရှင် ဒါဇင်ပေါင်းများစွာ သို့မဟုတ် ထို့ထက်မကသောအရေအတွက်များကို မကြာခဏ ယဇ်ပူဇော်လေ့ရှိကြသည်။ သို့သော် အစစ်အမှန်နတ်ဘုရားနယ်ပယ်ပညာရှင်တစ်ဦး အနှစ်တစ်ရာအတွင်း မွေးဖွားလာသရွေ့ မဟာယာနနဂါးမျှော်စင်ကို အနီးပတ်ဝန်းကျင် မင်းဆက်များတွင် တည်ထောင်ရန် လုံလောက်ပါသည်။

လီကုန်းကုန်းက..... "ကောင်းပြီ၊ ငါတောင်ပေါ်ကနေ ထွက်သွားပြီးရင် စုံစမ်းစစ်ဆေးဖို့ စီစဉ်လိုက်မယ်"

ထို့နောက် သူက အိုးတို့အန်းတန်းဖြစ်နေဟန်ဖြင့်.... “ဆရာတော်ချန်ရှန်း.... ငါ တစ်ခုလောက် တောင်းဆိုလို့ရမလား... "

ကျန်းချန်ရှန်း က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "ပြောပါ...."

“ငါက အသက်ကြီးနေပြီဆိုတော့ အသက်ရှင်ဖို့ နှစ်တွေအများကြီး မကျန်တော့ဘူး... ကျုပ်မှာ မျိုးဆက်မကျန်ပေမယ့် မြို့တော်မှာနေတဲ့ ညီလေးတစ်ယောက်ရှိနေသေးတယ်... သူ့မြေးလေးက ထက်မြက်ပြီး သိုင်းပညာ ပညာသင်ဆုတောင် ရရှိခဲ့တယ်.... ဒီမြေးလေးကို ဆရာတော်နဲ့တွေ့ပေးပါရစေ...ဆရာတော်သာ သူ့ကို ညွှန်ပြနိုင်ရင် နောက်ပိုကျရင် အများကြီး အသုံးဝင်လာပါလိမ့်မယ်....."

လီကုန်းကုန်း က ကျန်းချန်ရှန်း ငြင်းလိုက်မည်ကို ကြောက်သဖြင့် သေသေချာချာ ရှင်းပြပေးရှာသည်။

ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး "မနက်ဖြန် သူ့ကိုခေါ်ခဲ့လိုက်ပါ..."

ဒါက လူ့သဘာဝမို့ လီကုန်းကုန်း လုပ်နေတာကို သူနားလည်ပေးနိုင်ပါသည်။ လီကုန်းကုန်း သည် ဤနှစ်များတစ်လျှောက်လုံး သူ့အတွက် အကောင်းဆုံးလုပ်ဆောင်ပေးခဲ့သည်မဟုတ်လော.....

လီကုန်းကုန်း ချက်ချင်းပင် ကျေးဇူးတင်စကားဆိုကာ စိတ်လှုပ်ရှားစွာ တောင်ပေါ်မှ ထွက်ခွာသွားခဲ့သည်။

နောက်တစ်နေ့မွန်းတည့်ချိန်တွင် လီကုန်းကုန်းသည် ၎င်း၏မြေးဖြစ်သူအား ဂါရဝပြုရန် ခေါ်ဆောင်လာခဲ့သည်။ ဤလူငယ်၏အမည်မှာ လီကျွင်း ဖြစ်ပြီး၊ သူသည် အသက်ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်ရှိဟန်ရှိသည်။ အရပ်မြင့်မြင့်နှင့် ချောမောသော မျက်နှာထားရှိပြီး ဓားသမားတစ်ယောက်လို ဝတ်ဆင်ထားသည်။ ရိုသေလေးစားထိုက်သော လီကုန်းကုန်း နှင့် နှိုင်းယှဥ်ကြည့်လျှင် ၎င်းတို့သည် သွေးသားတော်စပ်နေသည်ဟု တွေးကြည့်ရန် ခက်ခဲသည်။

လီကျွင်းသည် ကျန်းချန်ရှန်းကိုရင်ဆိုင်ရသောအခါတွင် အလွန်စိတ်လှုပ်ရှားနေသော်လည်း အပြုမူကို ကောင်းစွာထိန်းထားနိုင်ခဲ့သည်။

ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး.... "လီကုန်းကုန်း..သူ့ကိုထားခဲ့လိုက်ပါ....."

လီကုန်းကုန်း က ခေါင်းညိတ်ပြပြီး လီကျွင်း ကို ကြည့်ကာ...“ပြောစကားနားထောင်ရမယ်နော်.... မင်းငါ့ကိုလုပ်ခဲ့သလို ဆရာတော်ကို ပြန်မပြောနဲ့.... ဆရာတော်ကို ဒေါသထွက်အောင်လုပ်ရင် ငါအရင်ဆုံး မင်းကိုရိုက်သတ်မယ်...."

လီကျွင်း ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်ရရှာသည်။

လီကုန်းကုန်း ထွက်သွားပြီးနောက် ကျန်းချန်ရှန်းက လီကျွင်းကို သေချာအကဲခတ်လိုက်သည်။

ဤကလေးသည် ငယ်ရွယ်စဉ်ကပင် ဝိညာဉ်နယ်ပယ်နှင့် နီးစပ်ခဲ့သည်။ သူ့ရဲ့ အရည်အချင်းက တကယ်တော့ မဆိုးလှပေ။

"ဘယ်လိုသိုင်းပညာမျိုးကို သင်ယူချင်လဲ"

လီကျွင်းက သူ့ခါးမှာညယ ချိတ်ဆွဲထားသည့် ဓားသယကိုထိလိုက်ပြီး "ဓားပညာကို သင်ယူချင်ပါတယ်" ဟု လေးလေးနက်နက် ပြန်ဖြေခဲ့သည်။

ထိုသို့ဖြေပြီးမှ နည်းနည်းတော့ စိတ်ပူသွားခဲ့သည်။ ဆရာတော်ချန်ရှန်း ဓားကိုသုံးနိုင်မလားဟု သူ တစ်ခါမှ မကြားဖူးပေ။

"ကောင်းပြီ၊ ငါ့မှာ ဘယ်သူမှ မလေ့လာရသေးတဲ့ ဓားသိုင်းတစ်ခုရှိတယ်...ဒီဓားသိုငိးကို ပုံမှန်မဟုတ်တဲ့ ပြင်းထန်လျင်မြန်တဲ့ သိုင်းပညာတစ်ခုအဖြစ် ယူဆနိုင်တယ်.... အရေးကြီးတဲ့အခြေနေနဲ့ကြုံရင် အဆင့်ကျော်တိုက်ခိုက်နိုင်ပေမယ့် လူ့သက်တမ်းကိုထိခိုက်စေနိုင်တယ်.... "

လီကျွင်း၏ မျက်လုံးများ တောက်ပလာပြီး "သေရေးရှင်ရေးအခြေနေနဲ့ကြုံမှသာ လူတစ်ယောက်ရဲ့ သက်တမ်းကို ထိခိုက်စေမှာလား......"

“ဟုတ်တယ်.....စွမ်းအင်အများကြီးမသုံးရင် မင်းရဲ့သက်တမ်း တိုသွားမှာမဟုတ်ဘူး.....”

"ဒါဆို ကျွန်တော် သင်ယူချင်ပါတယ်......"

လျင်မြန်သော သိုင်းပညာတစ်ခုဖြစ်ကြောင်း ကြားသိရသောအခါ လီကျွင်း သွေးဆောင်ခံလိုက်ရသည်။

ကျန်းချန်ရှန်းသည် သတ်ဖြတ်ခြင်းနတ်ဘုရားဓားသိုင်းကို လီကျွင်းအား စတင်ဝေငှခဲ့သည်။

သတ်ဖြတ်ခြင်းနတ်ဘုရားဓားသိုင်းကို အမွေဆက်ခံရခြင်း အကြောင်းရင်းမှာ လီကျွင်း၏ အရည်အချင်း မဆိုးသော်လည်း ထိပ်တန်း မဟုတ်သောကြောင့် ဖြစ်သည်။ နောက်ပြီး ဤအသက်အရွယ်တွင်၊ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်သို့ရောက်ရှိရန် အခြားသောကျင့်စဉ်များကို လေ့ကျင့်ဖို့မဖြစ်နိုင်တော့ပေ။

ကျန်းချန်ရှန်းသည် ကျားရဲတွင်းသို့ ဝင်ရန် လုံလောက်သော ခွန်အားရှိရန်အတွက် လီကျွင်းကို လိုအပ်သည်။

ဤသို့ဖြင့်ကျန်းချန်ရှန်း ၏ခြံဝင်းတွင် သိုင်းပညာလေ့ကျင့်သူတစ်ဉီးတိုးလာချေပြီ။

ဟွမ်းချွမ်သည် လီကျွင်းကိုမြင်ပြီးနောက် ဓားစာခံအဖြစ် ပညာပြလေတော့သည်။ လီကျွင်း လုံးဝ သည်းမခံနိုင်တော့သော်လည်း ကျန်းချန်ရှန်းကို ပို၍ပင် လေးစားလာခဲ့သည်။ ကျပန်းတပည့်တစ်ယောက်က သူ့ကို အလွယ်တကူ အနိုင်ယူနိုင်တယ်.....တကယ်ကို အံ့သြစရာပဲ... ....

ခဏအကြာတွင် ဟွမ်းချွမ် နှင့် လီကျွင်း တို့သည် တူညီသောစိတ်ထားရှိသည့် သူငယ်ချင်းကောင်းများဖြစ်လာကြသည်။

တစ်နှစ်ခွဲကြာပြီးနောက် လီကျွင်း သည် နောက်ဆုံးတွင် သတ်ဖြတ်ခြင်းနတ်ဘုရားဓားသိုင်းကိုကျွမ်းကျင်နေပြီဖြစ်သည်။

ထိုအချိန်တွင် ဟွာဂျန်ရှင်းက သတင်းတစ်ခု ယူဆောင်လာသည်။

“ကျင်းမင်းဆက် ပြောင်းလဲသွားပြီ.....လွန်ခဲ့တဲ့ တစ်လလောက်က ကျင်းမင်းဆက်ရဲ့ ဧကရာဇ် အသတ်ခံခဲ့ရတယ်.... တော်ဝင်မိသားစုတစ်ခုလုံး အသတ်ခံခဲ့ရပြီး အလောင်းတွေကို တော်ဝင်မြို့တံခါးဝမှာ ချိတ်ဆွဲထားတယ်....ဒါကို သိုင်းပညာကျွမ်းကျင်သူတစ်ဦးက လုပ်သွားတယ်လို့ သံသယရှိနေကြတယ်.... ရှေ့တန်းစောင့်တပ်က သူတို့နယ်စပ်ကို နောက်တစ်ကြိမ်ပြန်ကူးဝံ့ရင် ကျင်းမင်းဆက်ဧကရာဇ်နောက်ကို လိုက်သွားရလိမ့်မယ်ဆိုတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့စာတစ်စောင်ကိုလည်း လက်ခံရရှိခဲ့တယ်......”

ကျန်းချန်ရှန်း ဒီစကားကိုကြားတော့ တိတ်တဆိတ်အတွေးနက်နေခဲ့သည်။

နှစ်အနည်းငယ်ကြာအောင် ငြိမ်သက်နေပြီးမှ တစ်ယောက်ယောက်က ဂျိုကြွလာပြန်ပြီလား........

All Chapters