မင်းဆက်တစ်ထောင်သည် ကံကောင်းခြင်းအတွက် တိုက်ပွဲဝင်ကြသည်....
Vol. 5 Ch. 65
“ဇီယုရဲ့ သဘောထားကရော..."
သူသည် လက်ရှိတွင် ဟွာဂျန်ရှင်းနှင့် အိမ်ထဲတွင်နေသည်။ ဝိညာဉ်စွမ်းအားဖြင့် စည်းချထားသောကြောင့် အပြင်မှ တပည့်များ ကြားသွားမည်ကို စိုးရိမ်စရာမလိုပေ။
ဟွာဂျန်ရှင်း၏မျက်နှာမှာ စိုးရိမ်မှုဖြင့် ပြည့်နေပြီး "သူက လျစ်လျူရှုပြီး ကျင်းမင်းဆက်ကို ဂရုစိုက်စရာမလိုဘူးလို့ ပြောခဲ့တယ်.... တကျန်းရဲ့လက်ရှိပစ်မှတ်က ရှေးဟောင်းဟန်မင်းဆက်ကို အရင်သိမ်းပိုက်ဖို့ပဲ....."
"မှန်တယ်....ကျင်းမင်းဆက်ကိုဂရုဟိုက်နေစရာမလိုဘူး.....ငါ မြို့တော်မှာရှိနေသ၍ ဇီယုကို ဘယ်သူမှ ထိပါးရဲမှာမဟုတ်ဘူး.....ကြည့်ရတာ ကျင်းမင်းဆက်က သက်သက်ရန်စနေသလိုပဲ....."
ဟွာဂျန်ရှင်းကလည်း ကျိုးကြောင်းဆီလျော်သည်ဟုထင်မိသည်။အကယ်၍ တကျန်းကသာ ကျင်းမင်းဆက်ကို ကမူးရူးထိုးတိုက်ခိုက်လိုက်လျှင် ထောင်ချောက်ထဲကျရောက်သွားနိုင်သည်။
"မကြာသေးမီက မင်းဆက်အမျိုးမျိုးက ကျွမ်းကျင်သူမးတွေ တကျန်းကို စိမ့်ဝင်နေတာကို ဝတ်ဖြူတော်အစောင့်တွေ့ တွေ့ရှိခဲ့ကြတယ်... သူတို့က တစ်ခုခုကို ရှာဖွေနေပုံရတယ်... သိုင်းလောကရဲ့ ရန်ပွဲတွေမှာ မပါဝင်ခဲ့ကြဘူး”
ကျန်းချန်ရှန်း ခဏလောက်စဉ်းစားပြီး.....
"စီရင်စုဆယ်သုံးခုရဲ့ ရှားပါးရတနာတွေကို ရှာဖို့ သူတို့ရောက်လာတာ ဖြစ်နိုင်တယ်.... မင်းဆက်အမျိုးမျိုးကို ခြိမ်းခြောက်ဖို့ မဟာယာနနဂါးမျှော်စင်မရှိရင် ရောင့်တက်လာကြမှာပဲ... တကျန်းမှာ ငါ ရှိပေမယ့် ငါဘယ်လောက်ပဲ သန်မာနေပါစေ စီရင်စုဆယ့်သုံးပါးခုလုံးကိုအပြည့်အဝ စောင့်ကြည့်မနေနိုင်ဘူး... ”
“စီရင်စုဆယ့်သုံးခုရဲ့ ဘဏ္ဍာတွေက တကယ်ကို အထင်ကြီးလောက်စရာကောင်းလို့လား... ဝတ်ဖြူတော်အစောင့်တွေ မနှစ်က ရှားပါးရတနာတစ်ခုရခဲ့တာကို ကြားခဲ့ပေမယ့်
ဇီယုဆီရောက်သွားပြီးကတည်းကဘာ သတင်းမှမကြားရတော့ဘူး.....”
"ဇီယုက ဧကရာဇ်တစ်ပါးလေ သူက ငါတို့ကို အရာအားလုံးကို ဘယ်ပြောပြနေနိုင်မလဲ...."
သူသည် ကျန်းဇီယုနှင့် စည်းတစ်ခုသတ်မှတ်ထားသည်။ သားအဖချင်းဖြစ်သော်လည်း အရာတိုင်းကိုသိချင်နေလို့မဖြစ်ပေ။ ကျန်းဇီယုသည် ယခုအခါ ဧကရာဇ်မင်းတစ်ပါးဖြစ်သည်။ သားအဖအရင်းဖြစ်သော်ငြားလည်း ဧကရာဇ်မင်းမြတ်၏ ကိစ္စရပ်များတွင် လွန်စွာဝင်ရောက်စွက်ဖက်ခြင်းမပြုနိုင်ပေ။
ဟွာဂျန်ရှင်း သက်ပြင်းချလိုက်ပြီး..... "ဟုတ်တော့လည်းဟုတ်ပါတယ်.... သူ့ခန္ဓာကိုယ်ထိခိုက်သွားမှာကိုပဲစိုးရိမ်တာပါ .....”
“အများကြီး မတွေးနဲ့တော့.. စားပွဲပေါ်တင်ထားတဲ့ ဆေးလုံးတွေကို ယူသွားလိုက်ဉီး..."
ဟွာဂျန်ရှင်းက ခေါင်းညိတ်လိုက်ပြီး ဆေးပုလင်းကို ကောက်ယုလိုက်ပြီး ကုတင်ပေါ်ထိုင်လိုက်သည်။
ကျန်းချန်ရှန်းသည် သူ၏ နံသာတိုင်တန်ဖိုးများကို တိတ်တဆိတ် စစ်ဆေးနေသည်။
[လက်ရှိ အမွှေးတိုင်အရေအတွက်.. 62218]
မဆိုးပါဘူး...နည်းနည်းလောက်သုံးလို့ရသေးတယ်....
"ကျင်းမင်းဆက်ရဲ့ တော်ဝင်မိသားစုကို သတ်ခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားကို အလွယ်တကူ နှိမ်နင်းနိုင်မလား"
[အမွှေးတိုင် ၃၀၀၀ လိုအပ်သည်။ ဆက်လုပ်လိုပါသလား။]
ဟမ်?
တကယ်တော့ မဟာယာနနဂါးမျှော်စင်ရဲ့ ခွန်အားကို တွက်ချက်တာထက် အမွှေးတိုင်တစ်ထောင် ပိုများနေသည်။ သူတို့ ဒီလောက် မာနကြီးတာ အံ့သြစရာ မဟုတ်တော့ပေ။
တော်ပြီ ဖြုန်းတီးနေစရာ မလိုတော့ဘူး....
ကမ္ဘာပေါ်တွင် ကောင်းကင်နှင့်မြေကြီး၏ ကြီးကျယ်ခမ်းနားမှုကို မသိနားမလည်သူများ အမှန်ပင်ပေါများလှသည်။
ကျန်းချန်ရှန်းက စိတ်ထဲကနေ သက်ပြင်းချလိုက်ပြီး ကျင့်ကြံဖို့ကိုသာ အာရုံစိုက်လိုက်တော့သည်။
ကျင်းမင်းဆက်၏ မထင်မှတ်ထားသော အဖြစ်အပျက်သည် ဆယ့်သုံးခရိုင်အတွင်း မပျံ့နှံ့ခဲ့ပေ။ တကျန်း ဧကရာဇ် ခြိမ်းခြောက်ခံရသည့်ကိစ္စကိုလည်း သာမန်လူများ မသိကြပေ။ တကျန်းသည် တိုက်စစ်ကိုသာ အာရုံစိုက်နေဆဲဖြစ်သည်။
ကျန်းမင်းဆက် စတင်တည်ထောင်ချိန်မှစ၍ သိုင်းပညာလမ်းကြောင်း တိုးတက်လာခဲ့သည်။ လက်ရှိဧကရာဇ် နန်းတက်ပြီးနောက်ပိုင်း ပိုလို့တောင် တိုးတက်နှုန်းမြန်ဆန်လာသည်။ 56 နှစ်ကြာပြီးနောက်၊ တကျန်း ၏ သိုင်းလောကသည် သဘာဝအတိုင်း သိသိသာသာ တိုးတက်လာခဲ့သည်။ ယခုအခါ သိုင်းပညာရှင် အများအပြား စစ်တပ်ထဲ ရောက်ရှိလာတော့၊ ရှေးဟောင်းဟန်မင်းဆက်အနေဖြင့် တကျန်းကို လုံးဝ မယှဉ်နိုင်တော့ပေ။
ချန်းဝူ ခေတ်၏ 7 နှစ်မြောက်တွင် ဗိုလ်ချုပ်ပင်းအန်းသည် တပ်သား 300,000ကို လက်တစ်ဖက်ဖြင့် သုတ်သင်ခဲ့ပြီး ရှေးဟောင်းဟန်မင်းဆက်၏မြို့တော်ဆီသို့ မရပ်မနား တကိုယ်တော်ခရီးနှင်ခဲ့သည်။ တကျန်း၏တပ်များရောက်လာသောအခါ မြို့တော်တွင် သွေးချောင်းစီးနေခဲ့ပြီဖြစ်သည်။ ပင်းအန်း၏ဂုဏ်သတင်းသည် ကမ္ဘာအနှံ့ပျံ့နှံ့သွားကာ အနီးနားရှိ မင်းဆက်များကို တုန်လှုပ်စေခဲ့သည်။
" ကောင်းတယ်! ကောင်းတယ်! အစ်ကိုကြီးက မျှော်လင့်ထားတဲ့အတ်ိုင်းပဲ.. ဟားဟား..."
ညီလာခံတွင် ကျန်းဇီယုသည် အားပါးတရ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
အရပ်ဘက်နဲ့ စစ်ဘက်အရာရှိတွေလည်း ကျန်းဇီယုနှင့်ထပ်တူ ဝမ်းသာနေကြသည်။ ဤနှုန်းအတိုင်းသာဆို ရှေးဟန်ဟောင်းဟန်မင်းဆက်ကို သိမ်းပိုက်ပြီး ကျန်းမင်းဆက်၏ နယ်မြေချဲ့ထွင်မှု ပိုမိုကျယ်ပြန့်လာတော့မည်ဖြစ်သည်။ ယင်းသည် ရှေးခေတ်ကတည်းက စီရင်စုဆယ်သုံးခုတွင် ယခင် မင်းဆက်များ မအောင်မြင်ခဲ့သော အောင်မြင်မှုတစ်ခု ဖြစ်ပေလိမ့်မည်။
ထိုအချိန်တွင် တစ်ဖက်ခန်းမှ မိန်းမစိုးတစ်ယောက် ရောက်ရှိလာပြီး နဂါးပလ္လင်ရှေ့တွင် ဒူးထောက်လိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို ခပ်တိုးတိုး အစီရင်ခံနေသည်။
ကျန်းဇီယုက ပြုံးလိုက်ပြီး... "ဒီနေ့က တကယ်ကို နှစ်ထပ်ကွမ်း ကောင်းချီးပေးတဲ့နေ့ပဲ... ခန်းမအပြင်မှာရှိတဲ့သူတွေ၊ ခန်းမထဲကိုဝင်ခဲ့ပါ!”
ဒါကိုကြားတော့ လှေကားခြေရင်းက မိန်းမစိုးက "ခန်းမအပြင်မှာ ရှိတဲ့သူတွေက ခန်းမထဲဝင်ကြပါ!"ဟုကြေငြာလိုက်သည်။
ခန်းမအပြင်ဘက်မှာ တော်ဝင်အစောင့်တွေက ဒီစာကြောင်းကို တယောက်ပြီး တယောက် ထပ်ခါထပ်ခါ အဆင့်ဆင့်ကြေငြာခဲ့သည်။
တရားရုံးတစ်ခုလုံးသည် ရှေးဟောင်းဟန်မင်းဆက်၏တိုက်ပွဲအကြောင်း ဆွေးနွေးကြပြီး ပင်အန်း၏မြင့်မြတ်သောဂုဏ်သတင်းကို ချီးမွန်းခန်းဖွင့်နေကြသည်။
ခဏအကြာတွင် လူတစ်ဦး ခန်းမထဲသို့ ဝင်လာပြီး လူတိုင်း၏ အာရုံကို ဖမ်းစားခဲ့သည်။
ထိုလူသည် အဖြူရောင်ဝတ်စုံ ၀တ်ဆင်ထားသည်။ကိုယ်လုံးကိုယ်ပေါက်ပြေပြစ်ပြီး ဂုဏ်သိက္ခာရှိသော ရုပ်ရည်ရှိသူဖြစ်သည်။
ထိုသူသည် လက်တစ်ဖက်ကိုနောက်ပစ်ထားပြီး တစ်လှမ်းချင်းလျှောက်လမ်းလာကာ တည်ငြိမ်ပြီး ယုံကြည်မှုရှိသော ရောင်ဝါကို ဖြန့်ကျက်ထားသည်။
ထိုသူ ခန်းမထဲကို ဝင်လိုက်တာနဲ့ လူတိုင်းရဲ့ အကြည့်တွေက သူ့ဆီမှာသာကပ်ညှိနေခဲ့သည်။
ထိုသူက နဂါးပုလ္လင်ရှေ့တွင် ဦးညွှတ်ကာ...
"မျိုးရိုးအမည်က ဟန်ဖြစ်ပြီး ကျုပ်နာမည်က ထျန်းကျီပါ ....သမုဒ္ဒရာလေးစင်းပဏ္ဍိတရဲ့ မေတ္တာရပ်ခံချက်ကြောင့် စီရင်စုဆယ့်သုံခုကို ပြန်လည်တည်ထောင်မယ့်ကိစ္စကိုကူညီပေးဖို့လာခဲ့တာပါ....."
ဤပညာရှိများသည် ဧကရာဇ်နောက်သို့ လိုက်နိုင်သော အရည်အချင်းရှိကြောင်း အရပ်ဘက်နှင့် စစ်ဘက်အရာရှိများအားလုံး သိကြသည်။ လက်ရှိဧကရာဇ် မင်းသားဘဝတုန်းကတည်းက သမုဒ္ဒရာလေးစင်းပဏ္ဍိတနှင့် ရင်းနှီးခဲ့ကြသည်။ သူသည် ဗျူဟာမြောက်ပြီး နက္ခတ်ဗေဒင်ဆိုင်ရာ ဖြစ်စဉ်ကိုပင် မြင်နိုင်သော ထူးကဲသည့် ပုဂ္ဂိုလ်ဖြစ်သည်။
ကျန်းဇီယုက ဟန်ထျန်းကျီ၏ အရွယ်တင်နုပျိုမှုကြောင့် ကျေနပ်စွာပြုံးလိုက်ပြီး...
"မောင်မင်းက ရှန်းရှန်တုံးထျန်းရဲ့ တပည့်တစ်ယောက်လား....."
ရှန်းရှန်တုံးထျန်း.......
တရားရုံးတစ်ခုလုံးတွင် ဒီလိုနေရာမျိုးရှိကြောင်း ကြားဖူးသူမရှိပေ။
ဟန်ထျန်းကျီက ပြုံးလိုက်ပြီး.....
“မှန်ပါတယ်...ကျုပ်က သမုဒ္ဒရာလေးစင်းပဏ္ဍိတနဲ့ဆရာတစ်ယောက်တည်းဆီမှာပညာသင်ယူခဲ့တာပါ... သူက ကျုပ်ရဲ့ဆရာတူအစ်ကိုပါ....ဆရာတူအစ်ကိုက ဂိုဏ်းဂဏတွေရဲ့ အုပ်စိုးမှုကို ဖြုတ်ချခြင်းအတွက် တကျန်းကို ချီးကျူးခဲ့တယ်...အခုချိန်မှာ တကျန်းက အစောင့်ရှောက်ခံ မင်းဆက်ဖြစ်လာဖို့ အရည်အချင်းရှိနေပြီ....ကျုပ်က သိုင်းပညာကို လေ့လာလိုက်စားပေမယ့် ဘဝရဲ့ အကြီးမားဆုံး ရည်မှန်းချက်ကတော့ အစောင့်ရှောက်ခံမင်းဆက်ကို ထောက်ပံ့ပေးဖို့ပါပဲ....."
“ရှေးခေတ်ကတည်းက မင်းဆက်တိုင်းဟာ ကံတရားအတွက် တိုက်ပွဲဝင်ခဲ့ကြတယ်။ စည်းစိမ်ဥစ္စာကို မထိန်းချုပ်နိုင်ရင် စစ်မှန်တဲ့မင်းဆက်လို့ မယူဆနိုင်ဘူး.... စီရင်စု ၁၃ ခု တည်ရှိတဲ့ တိုက်ကြီးက ကမ္ဘာကြီးရဲ့ သေးငယ်တဲ့နယ်မြေလေးတစ်ခုပါပဲ....ဒီနယ်မြေမှာ မင်းဆက်ပေါင်း ၄၂ ခုရှိပြီး လမ်းကြောင်းဆယ်ခုမင်းဆက်ဂိုဏ်းက အားလုံးကို ထိန်းချုပ်ထားတယ်.... ထောက်ပံ့မှုအားလုံးက လမ်းကြောင်းဆယ်ခုမင်းဆက်ဂိုဏ်းတွေနဲ့ သက်ဆိုင်တာကြောင့် သိုင်းလောက မြင့်တက်လာရန် ခက်ခဲစေတယ်.... မဟာယာနနဂါးမျှော်စင်ကလည်း လမ်းကြောင်းဆယ်ခုမင်းဆက်ဂိုဏ်းတွေထဲက တစ်ခုပဲ....."
“ဥပမာ သိုင်းပညာနယ်ပယ်ကိုပဲ ကြည့်ပါ..... လွန်ခဲ့သောဆယ်စုနှစ်များစွာက တကျန်းရဲ့ သိုင်းလောကမှာ စိတ်ဝိညာဉ်နယ်ပယ်၊ နတ်ဘုရားနယ်ပယ်၊ဂရမ်းမာစတာနယ်ပယ်တို့ကိုသာ ထိပ်တန်းနယ်ပယ်အဖြစ်သတ်မှတ်ထားကြတယ်...ဘာကြောင့်လဲဆိုတော့..သူတို့ကိုထောက်ပံ့ပေးဖို့. ကမ္ဘာပေါ်မှာ ဝိညာဉ်စွမ်းအင်တွေ ရှားပါးလာတာကြောင့်ပါ.... ဒီလိုအခြေအနေမှာ သိုင်းပညာရှင်တွေရဲ့ နားလည်နိုင်စွမ်းက ကောင်းကင်ဘုံကို ရောက်ရှိဖို့ ခက်ခဲသွားတယ်... တကျန်းက ထောက်ပံ့မှုကို ချုပ်ကိုင်လိုက်တဲ့အခါ၊ အနှစ်တစ်ရာကြာရင် အစစ်အမှန်နတ်ဘုရားနယ်ပယ်က သိုင်းလောကရဲ့ အထွတ်အထိပ်နယ်ပယ် သေချာပေါက်ဖြစ်လာလိမ့်မယ်...အဲ့အခါကျရင် တကျန်းက မင်းဆက် (၄၂)ဆက်ရဲ့အထက်မှာ ဂုဏ်ယူစွာရပ်တည်နိုင်ပြီး ကမ္ဘာကြီးကိုတောင် စည်းလုံးစေနိုင်လိမ့်မယ်!”
သူ့စကားများ အရပ်ဘက်နဲ့ စစ်ဘက်အရာရှိတွေကို မျက်စိပွင့်စေခဲ့သည်။
ထိုစဉ် ချန်းလီက စိတ်ဝင်တစားဖြင့် .. "အစောင့်ရှောက်ခံမင်းဆက်ဆိုတာ ဘာလဲ၊ ဘယ်လို ထိန်းချုပ်မလဲ"ဟုမေးခွန်းထုတ်လိုက်သည်။
ဟန်ထျန်းကျီက သူ့ကိုကြည့်ကာ ပြုံးလိုက်သည်။
“စောင့်ရှောက်ခြင်းဆိုတာ ကံကြမ္မာနဲ့ကံတရားစီရင်မှုပါပဲ.....ဒါက ဒီနယ်မြေပေါ်မှာရှိတဲ့လူသားတိုင်းရဲ့ရှင်သန်နေထိုင်မှုအပေါ်မူတည်နေတယ်.... ဒါတွေအားလုံးဟာ ပုံရိပ်ယောင်လို စိတ်ကူးယဉ်ဆန်နေပေမယ့် တကယ်ကို အင်အားအဖြစ် စုစည်းလိုက်ရင် ပံ့ပိုးမှုအဖြစ် ပြောင်းလဲသွားနိုင်တယ်....ပံ့ပိုးမှုပိုများလေ မင်းဆက်ရဲ့ ကြွယ်ဝအေးချမ်းမှု ပိုကောင်းလေပဲ.... အောင်အောင်မြင်မြင်စုစည်းနိုင်ရင် ကြီးမားတဲ့ဘေးဉပဒ်တွေကိုတာဆီးနိုင်တဲ့ တောင်တန်းနဲ့ မြစ်တွေရဲ့ ဝိညာဉ်စွမ်းအင်ကို တိုးပွားလာစေလိမ့်မယ်.....ဧကရာဇ်သာ ကျုပ်ကို ယုံကြည်မယ်ဆို တကျန်းကို အစောင့်ရှောက်ခံမင်းဆက်ဖြစ်လာနိုင်တဲ့အထိ ပံ့ပိုးမှုတွေစုစည်းနိုင်ဖို့ ကူညီပေးပါ့မယ်...."
စကားဆုံးသည်နှင့် ဟန်ထျန်းကျီက ကျန်းဇီယုကို မော့ကြည့်လိုက်သည်။
ကျန်းဇီယုသည် သမုဒ္ဒရာလေးစင်းပဏ္ဍိတထံမှာ ဤအကြောင်းကို ကြားသိခဲ့သည်မှာ ကြာခဲ့ချေပြီ။ သူသည် ဟန်ထျန်းကျီ ရောက်လာမည်ကိုကြိုသိနေပြီး ၎င်း၏အမည်ကို အတည်ပြုခဲ့ပြီးဖြစ်သော်လည်း ယနေ့ကြားသိရသည့်အရာမှာ တာဝန်ရှိသူများ၏ စိတ်ကိုဖွင့်ဟရန်ဖြစ်သည်။
စစ်သူကြီးတစ်ဦးက..... “အပြောကတော့ချောနေတာပဲ....အလုပ်နဲ့ဘယ်လိုသက်သေပြမှာလဲ......"
ဟန်ထျန်းကျီက ထ်ိုသူကို လှည့်ကြည့်လိုက်ပြီး သူ့လက်ကို အပြင်ဘက်ဆီသို့ ဉီးတည်ဝှေ့ယမ်းလိုက်သည်။ ချက်ခြင်းပင် အပြင်ဘက်တွင် ပြင်းထန်သော လေပြင်းတစ်ခု ဖြစ်ပေါ်လာပြီး ခန်းမထဲသို့ပင် ဝင်ရောက်လာကာ လူတိုင်းကို တုန်လှုပ်စေခဲ့သည်။
ဟန်ထျန်းကျီက ပြုံးလိုက်ပြီး... "ဒါက ပံ့ပိုးမှုကိုစုစည်းနိုင်တဲ့ မှော်ဆန်တဲ့ အကျိုးသက်ရောက်မှုပဲ.... လေနှင့်မိုးကို ဆင့်ခေါ်နိုင်ပေမယ့် ဒါက လူတစ်ယောက်ရဲ့ သက်တမ်းကိုလည်း လျော့ကျစေမှာဖြစ်လို့ ရိုးရိုးရှင်းရှင်းပဲ သုံးနိုင်ပါတယ်.....”
"တကျန်းက အစောင့်ရှောက်ခံမင်းဆက်ဖြစ်လာဖို့ သေချာပေါက်လိုအပ်နေပြီ။ ပံ့ပိုးမှုတွေကို ထိန်းချုပ်ပြီး အစောင့်ရှောက်ခံမင်းဆက်အဖြစ်မပြောင်းလဲနိုင်ရင် အရင်မင်းဆက်တွေလိုပဲ ပျက်သုန်းရလိမ့်မယ်...
ရှေ့မတိုးနိုင်ရင် နောက်ဆုတ်ရမယ်၊ နောက်ဆုတ်ရင်လည်း သေလိမ့်ရမယ်.....”
ဒီတစ်ခါတော့ သူ့ကို ဘယ်သူမှ မေးခွန်းမထုတ်ရဲကြတော့ပေ။
ကျန်းဇီယုက အားပါးတရ ရယ်လိုက်ပြီး "ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ...အခုပဲ အမိန််ချမှတ်မယ်.....
ဒီနေ့ကစပြီး ပို့ဆောင်ရေး ဝန်ကြီးဌာနကို တည်ထောင်မှာဖြစ်ပြီး ဟန်ထျန်းကျီကို ပို့ဆောင်ရေးဝန်ကြီးအဖြစ်ခန့်အပ်မယ်.... အခုအချိန်ကစပြီး၊ နိုင်ငံတော်ကို စီမံခန့်ခွဲရာမှာ ကူညီပေးဖို့ တကျန်းမှာ ဌာန ခုနစ်ခုရှိလာတော့မယ်... "
ဟန်ထျန်းကျီက ဒူးထောက်လိုက်ပြီး “ကျွန်တော်မျိုးကို အထင်ကြီးစွာ တွေးတောပေးလို့ ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး.... အမိန့်တော်ကို အသက်စွန့်ပြီးထမ်းရွက်ပါ့မယ်.... ”
ကျန်းချန်ရှန်းသည် ခြံဝင်းထဲကနေ နန်းတော်ကို စူးစူးရှရှ စိုက်ကြည့်နေသည်။
ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်ကို အသက်သွင်းနိုင်သူတစ်ဦး အမှန်တကယ်ရှိခဲ့သည်။ ဒါဟာ ချေးငှားနေခြင်းဖြစ်သော်လည်း သာမာန်သိုင်းသမားတွေ မလုပ်နိုင်သည့်အရာတစ်ခုပင် ......
ဟန်ထျန်းကျီ ပြောခဲ့သမျှတိုင်းကို သူကြားခဲ့ပြီးပြီ.....
အစောင့်ရှောက်ခံမင်းဆက်ဆိုသည်မှာ အံ့သြစရာမဟုတ်ခဲ့ပေ။ရှားပါးရတနာများအပြင် ဤအကြောင်းပြချက်သည် မဟာယာနနဂါးမျှော်စင်က စီရင်စုဆယ့်သုံးရပ်ကို အုပ်ချုပ်ရသည့် အကြောင်းရင်းတစ်ခုလည်းဖြစ်သည်။
ဟန်ထျန်းကျီ၏ ကျင့်ကြံမှုနယ်ပယ်သည် နတ်ဘုရားနယ်ပယ်တွင်ရှိသော်လည်း သာမာန်ကျောင်းတော်သားတစ်ဉီးအဖြစ်ကောင်းစွာဖုံးကွယ်ထားနိုင်သည်။
"ရှန်းရှန်တုံးထျန်က တကယ်ကို အားကောင်းတာပဲ....ကြုံရာကျပန်းတပည့်တစ်ယောက်ကတောင် အတော်အင်အားကောင်းနေပြီ ....တမျိုးတော့ကောင်းသားပဲ.... တကျန်း မြင့်တက်လာဖို့ အချိန်တန်ပြီ”
မည်မျှပင် သန်မာစေကာမူ သူတစ်ဉီးတည်းဖြင့်အရာအားလုံးကို ကာကွယ်နိုင်မည်မဟုတ်ပေ။ယခုဆို ပတ်ဝန်းကျင်တွင် လူစိမ်းများ စိမ့်ဝင်လာပြီး ရှားပါးသော ရတနာများကို ရှာဖွေရန်ကြိုးစားနေကြသည်။ တကျန်း ကို ခြိမ်းခြောက်နိုင်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုတွေလည်း ရှိသေးသည်။
အများအမြင်တွင် ဆရာတော်ချန်ရှန်းသည် အင်မော်တယ်တစ်ပါးသဖွယ် သန်မာသော်ည်း လောကကိုကိုင်လှုပ်နိုင်သည်ထိတော့ သန်မာမည်ဟုထင်ကြမည်မဟုတ်ပေ။
ကျန်းချန်ရှန်းသည် ဘေးကင်းရန် တွက်ချက်ကြည့်ဖို့ ဆုံးဖြတ်ခဲ့သည်။
"....."
[အမွှေးတိုင်အရေအတွက် 500 လိုအပ်သည်။ ဆက်လက်လုပ်ဆောင်လိုပါသလား။]
ကျစ်... တကယ်အလုပ်ဖြစ်သားပဲ...ဒီအတိုင်းသာဆို အနာဂတ်မှာ လိမ်ညာမှုတွေ ဖော်ထုတ်နိုင်တဲ့သူဖြစ်လာနိုင်တယ်....
ဆက်လက်လုပ်ဆောင်မည်....
[တကယ်ထောက်ခံချင်သူဖြစ်သည်....]
စကားလုံးတစ်လုံးတည်းသာရှိသော်လည်း ကျန်းချန်ရှန်း စိတ်ချရန်လုံလောက်ပါသည်။
ဟန်ထျန်းကျီသည် စိတ်ရင်းမှန်ဖြင့် တကျန်းကိုကူညီလိုသည့်အဓိပ္ပါယ်မှာ သမုဒ္ဒရာလေးစင်းပဏ္ဍိတကလည်း ကျန်းလော့ကို စိတ်ရင်းမှန်ဖြင့် ဆက်ဆံမည်ဆိုသည့်သဘောပင်....
ကျန်းချန်ရှန်း ပြုံးလိုက်မိသည်။ နောက်ဆုံးတွင် တကျန်းတွင် အားကိုးနိုင်သော ပညာရှင်တစ်ဉီးတိုးလာခဲ့ပြီ။
သို့သော် သူစိတ်မလျှော့နိုင်သေးပေ။ ဟန်ထျန်းကျီ၏စကားများသည်လည်း သူ့အသိုက်အဝန်းကို ကျယ်ပြန့်စေသည်။ လမ်းကြောင်းဆယ်ခုမင်းဆက်ဂိုဏ်းများသည် မင်းဆက် ၄၂ ခုကို အမှန်တကယ် ထိန်းချုပ်ထားသည်။ ဤသည်မှာ ဤတိုက်ကြီးတစ်ခုသာဖြစ်ပြီး ကမ္ဘာကြီးသည် ပို၍ပင်ကြီးမားကျယ်ပြန့်သည်မဟုတ်လော....
ကျန်းချန်ရှန်း အရင်က သိခဲ့ဖူးတဲ့ စကြဝဠာ နယ်ပယ်လိုပင် တစ်စုံတစ်ယောက်က ထိုနယ်ပယ်သို့ရောက်ဖူးမှသာနယ်ပယ်သတ်မှတ်နိုင်မည်ဖြစ်သည်။
ရှင်သန်မှုစနစ်က ဘယ်လောက်ပဲ အားကောင်းနေပါစေ၊ ကမ္ဘာပေါ်မှာ သိုင်းပညာနယ်ပယ်တစ်ခုကို ဖန်တီးပြီး သက်ရှိသတ္တဝါအားလုံးအပေါ် တွန်းအားပေးဖို့ မဖြစ်နိုင်ပေ။
"အားစိုက်ထုတ်ပြီး တတ်နိုင်သမျှ သတ္တမအဆင့်ကို အမြန်ဆုံးရောက်အောင် ကြိုးစားရမယ်..ဒါဆို စကြဝဠာနယ်ပယ်ကို ကျော်လွန်သွားနိုင်ပြီ......"
ကျန်းချန်ရှန်း စိတ်ပိုင်းဖြတ်ပြီး မျက်လုံးမှိတ်ထားလိုက်တော့သည်။
ယခင်က ရန်သူထက် အမြဲတမ်း အားကောင်းရခြင်း အကြောင်းရင်းမှာ သူ၏ ကြိုးစားအားထုတ်မှုကြောင့် ဖြစ်သည်။သို့သော် အနာဂတ်တွင် ကျင့်ကြံမှုအဆင့်ကိုထုတ်မပြဘဲသိုသိုသိပ်သိပ်နေထိုင်ရပေမည်။
................
ချင်ဝူခေတ် ၈ နှစ်တွင် ရှေးဟောင်းဟန်မင်းဆက်ကျဆုံးသောအခါ တော်ဝင်နန်းတွင်းစာမေးပွဲအောင်မြင်ထားသော စစ်သူကြီးအများအပြားကို နယ်မြေသိမ်းပိုက်ရန် ရှေးဟောင်းဟန်မင်းဆက်သို့ စေလွှတ်ခဲ့သည်။ လူတိုင်း ရွှင်မြူးကြပြီး ပြည်သူများ၏ စိတ်အခြေနေသည်လည်း အထွတ်အထိပ်သို့ ရောက်နေသည်။ လူအများ၏နှလုံးသားထဲတွင် လက်ရှိဧကရာဇ်သည် တကျန်းသိုင်းဘိုးဘေးနှင့် ဧကရာဇ် ကျန်းဝမ်တို့ထက် သာလွန်နေပြီဖြစ်သည်။ သိုင်းလောကသားတွေတောင် သူ့ကို လွန်ကဲစွာ သဘောကျနေကြသည်။
ထိုနှစ်တွင်ပင် စီရင်စု ၁၃ ခုတွင် သယ်ယူပို့ဆောင်ရေးဌာနခွဲများကိုကို စတင်တည်ဆောက်ခဲ့သည်။ ဟန်ထျန်းကျီသည် ပို့ဆောင်ရေးဝန်ကြီးဌာန၏ လူအင်အားကိုလည်း တိုးချဲ့ခဲ့သည်။ သာမန်လူများကလည်း ပို့ဆောင်ရေး ဝန်ကြီးဌာနအကြောင်း အလွန်သိချင်ကြသော်လည်း ကောင်းသတင်းတစ်ခု ကမ္ဘာအနှံ့ ပျံ့နှံ့ရန် အချိန်ယူရပေဉီးမည်။
အဲဒီနှစ်၊ ဇူလိုင်လတွင်.....
မန်ချွဲ့ဆောင် ဆုံးပါးသွားခဲ့သည်။
တပည့်များသည် ဝမ်းနည်းခြင်းခန်းမရှေ့တွင် ဒူးထောက်ကာ ငိုကြွေးနေကြသည်။ ကျန်းချန်ရှန်းသည် တိတ်တဆိတ် အမွှေးတိုင်ထွန်းညှိပေးနေပြီး သက်ပြင်းချလိုက်မိသည်။
မန်ချွဲ့ဆောင်ကို ဆေးလုံးအများအပြားကို ပေးခဲ့သော်လည်း အနိစ္စသဘောကိုမလွန်ဆန်နိုင်ခဲ့ပေ။ ဒီအတွေ့အကြုံက သူ့ကို ဉာဏ်အလင်းပွင့်စေခဲ့သည်။
လူတိုင်းမှာ ကြမ္မာကိုယ်စီရှိကြပြီး သူတို့၏ သက်တမ်းကုန်ဆုံးမှုကိုတားဆီးဖို့မဖြစ်နိုင်ပေ။
"စီနီယာအစ်မ....ကံမကုန်သေးရင် နောက်ဘဝမှာ ပြန်ဆုံကြမယ်....."
ကျန်းချန်ရှန်း ထိုသို့ ရေရွတ်လိုက်ပြီးနောက် ဝမ်းနည်းမှုတွေ တဖြည်းဖြည်း လျော့ပါးလာခဲ့သည်။
မန်ချွဲ့ဆောင် ကွယ်လွန်ခြင်းသည် တပည့်မျိုးဆက်ဟောင်းများကို ၎င်းတို့၏အချိန်ကျရောက်လာပြီဖြစ်ကြောင်း သိရှိစေခဲ့သည်။
သူငယ်ချင်းဟောင်းတစ်ယောက် ဆုံးပါးသွားပေမယ့် ဘဝက ဆက်လက်ရှင်သန်နေဉီးမှာပင်.....
လုံချီဘုရားကျောင်းသည် ကွယ်လွန်သူတသစ်ယောက်ကြောင့် လည်ပတ်မှုကို ရပ်တန့်မည်မဟုတ်ပေ။
ချန်းဝူခေတ် 9 နှစ်တွင် တကျန်းသည် ဆက်လက်တိုက်ခိုက်ခြင်းမပြုတော့ဘဲ ယင်းအစား ရှေးဟောင်းဟန်မင်းဆက် ထိန်းချုပ်ထားသည့် နယ်မြေများကို စီရင်စုဆယ်သုံးခုနှင့်ပေါင်းစည်းခဲ့သည်။
အခုဆို တကျန်းလက်အောက်တွင် စီရင်စု ၂၂ ခု ရှိနေပြီဖြစ်သည်။
တစ်နေ့သ၌ ကျန်းချန်ရှန်း သစ်ပင်အောက်တွင် တရားထိုင်နေရင်း ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး မျက်လုံးဖွင့်လိုက်သည်။
[သင်သည် လူဝင်စားခြင်းစည်းတံဆိပ်ကိုအသုံးပြုခဲ့သဖြင့် လူဝင်စားခြင်းအကန့် စတင်သက်ဝင်ပါပြီ
[ ချန်းဝူခေါတ်၏ 9 နှစ်မြောက်တွင် မန်ချွဲ့ဆောင်သည် အောင်မြင်စွာ လူပြန်ဝင်စားခဲ့ပြီး တကျန်း၏ ပြင်ပစီရင်စုကိုးခုတွင် မွေးဖွားခဲ့သည်.....]
ကျန်းချန်ရှန်း စိတ်လှုပ်ရှားနေသည်။ ယခုပင်၊ သူသည် အဝေးမှ လူဝင်စားခြင်း အမှတ်အသား၏ အတက်အကျကို ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။ သို့သော် ၎င်းသည် အလွန်ဝေးကွာပြီး မည်သည့်နေရာတွင် ရှိနေသည်ကိုမူ အတည်မပြုနိုင်ပေ။ လူဝင်စားခြင်းအကန့်ကို အသက်သွင်းရန်မည်ဟုလည်း မမျှော်လင့်ခဲ့ပေ။
သူ၏ယခင်ဘဝတွင်၊ ဂိမ်းထဲတွင် လူဝင်စားခြင်းအကန့်ကို အမှန်ပင်တည်ဆောက်ထားသည်။အင်မော်တယ် ဖြစ်ချင်ပါက
ဤအတွက် လိုအပ်ချက်များမှာ လောကသုံးပါးကို ထိုးထွင်းသိမြင်၍ ဓာတ်ငါးပါးကို နားလည်ရန်ဖြစ်သည်။