တိုးတက်လာသော တကျန်း....သိုင်းလောကကိုဘယ်လောက်ကြာကြာဖိနှိပ်ထားနိုင်မည်နည်း....
Vol. 5 Ch. 66
“စီနီယာအစ်မ လူဝင်စားတာ မြန်လိုက်တာ…”
ကျန်းချန်ရှန်း တိတ်တဆိတ် သက်ပြင်းချလိုက်မိငည်။ သူမသေဆုံးသည်မှာ တစ်နှစ်သာရှိသေးပြီး လူဝင်စားနေပြီဖြစ်သည်။ တစ်ဖက်တွင်မူ သူ၏မိခင်ကတော့ လူဝင်စားမဖြစ်သေးပေ။ အကွာအဝေးက ဝေးလွန်းတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်သလို၊ စိတ်ဝိညာဉ်တိုင်းဟာ မတူညီတဲ့ အချိန်တွေမှာ လူဝင်စားတာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ကျန်းချန်ရှန်းသည် သိချင်ရုံမျှသာဖြစ်ပြီး အမွှေးတိုင်များကို တွက်ချက်ရန် အသုံးမချခဲ့ပေ။ မန်ချွဲ့ဆောင်၏ လူဝင်စားခြင်းအတွက်လည်း သူမကို အပူတပြင်းသွားရှာမည်မဟုတ်ပေ။ ကံကြမ္မာက ခွင့်ပြုရင် ပြန်ဆုံကြပေလိမ့်မည်။.
ဒီဘဝမှာ ကျန်းချန်ရှန်းက ဘယ်သူ့ကိုမှ နှိမ့်ချမထားခဲ့ပေ။ဒါကြောင့် မျိုးဆက်ပေါင်းများစွာ လိုက်ရှာနေဖို့မလိုလည်းမလိုပေ။ ဆန့်ကျင်ဘက်အနေနဲ့၊ သူ့ပတ်ဝန်းကျင်ကလူတွေကို ပိုကောင်းတဲ့ဘဝရဖို့ သူခွင့်ပြုထားပြီးသားပင်... ပြန်ဆုံတွေ့ပြီး အခြေအနေမကောင်းကြောင်း သူမြင်ရင် ကူညီမှာပင်....
နောင်တစ်ချိန်မှာ တကယ်ဆုံတွေ့ခဲ့မယ်ဆိုရင် သူမကို ပြန်ခေါ်လာပြီး အကြီးဆုံးတပည့်အဖြစ် ဆက်လက်ပျိုးထောင်ပြီး လုံချီ ဘုရားကျောင်းမှာ တစ်သက်လုံး ခိုလှိုခွင့်ပြုသင့်သလား.....
ကျန်းချန်ရှန်း ဒါကိုတွေးမိတော့ ဝမ်းသာနေမိသည်။
“တောင်ပေါ်မှာနေရတာပဲအေးချမ်းတယ်....လောကကြီးမှည တကယ်ကို အဆိုးတွေနဲ့ ပြည့်နှက်နေတယ်”
ဘေးမှာ လဲလျောင်းနေတဲ့ ပိုင်ချီ က မျှော်ကြည့်ပြီး.. " ဆရာတော် ပျင်းနေပြီလား ? တောင်အောက်ဆင်းပြီး လမ်းလျှောက်ချင်တယ်ဆို အဖော်လိုက်ပေးမယ်လေ....."
ခြံဝင်းထဲမှာ သူတို့ နှစ်ယောက်ပဲရှိနေပြီး ပိုင်လုံကတော့ ခြံနောက်ဘက်ရှိ တောင်ကုန်းပေါ်တွင် အိပ်နေသည်မှာ အဖြူရောင်မြို့ရိုးတစ်ခုလို ခမ်းနားထည်ဝါလှသည်။
" နေပါစေတော့....သေမျိုးကမ္ဘာရဲ့ရှုခင်းတွေကိုတပ်မက်မိနေရင် ငါ့ရဲ့တာအိုနှလုံးကိုပျက်စီးစေလိမ့်မယ်...."
သူသည် တကျန်းတွင် နှစ်ခြောက်ဆယ်ကျော်နေထိုင်ခဲ့သဖြင့် သံယောဇဉ်တွယ်နေလျှင်ရှေ့လျှောက်ရမည့်အနာဂတ်အတွက် ခက်ခဲလာနိုင်သည်။
ပိုင်ချီက မျက်လုံးပြူးပြီး....
“လူတစ်ယောက်ရဲ့ အသက်က ဘယ်လောက်ရှည်နိုင်မှာလဲ... လက်ကျန်သက်တမ်းမှာပျော်ပျော်နေစမ်းပါ....”
“မင်း ငါသေတဲ့အထိစောင့်ပြီး မြေဝိညာဉ်သစ်ပင်ကို လက်ဝါးကြီးအုပ်ချင်နေတာမလား....”
ပိုင်ချီ ရှက်သွားပြီး ခေါင်းကို အမြန်ခါယမ်းလိုက်သည်။
“နတ်ဆိုးသားရဲတေက လူသားတွေထက် အသက်ပိုရှည်တယ်.... အနှေးနဲ့အမြန်ဆိုသလို သူတို့လည်း သေကြရမှာလဲ.... ကမ္ဘာပေါ်မှာ အနှစ်တစ်ထောင်သက်တမ်းရှိတဲ့ နတ်ဆိုးတွေက ဒဏ္ဍာရီတွေထဲမှာပဲရှိတယ်.... ဘာပဲဖြစ်ဖြစ် သူတို့ကို တစ်ခါမှ မမြင်ဖူးဘူး” ဟု ပိုင်ချီ က အလေးအနက် ပြောကြားခဲ့သည်။
ကျန်းချန်ရှန်း က "ဒါဟာ ဒဏ္ဍာရီဆိုတော့ မှန်ကောင်းမှန်နိုင်ပါတယ်... ကောင်းကောင်းကျင့်ကြံပါ... မင်းက နောက်ထပ် ဒဏ္ဍာရီ ဖြစ်လာနိုင်တယ်...."
ပိုင်ချီ က ဒါကိုကြားလိုက်တဲ့အခါ မျှော်လင့်ချက်တွေ မြင့်တက်လာသည်။
တကယ်ဖြစ်နိုင်ပါ့မလား......
ချန်းဝူ ခေတ် ဆယ်နှစ်တွင် ကျန်းချန်ရှန်း အသက် 60 ပြည့်သွားခဲ့သည်။ သူနှင့် မျိုးဆက်တူ တပည့်များ အားလုံး ဆံပင်ဖြူ နေကြသော်လည်း သူသည် အသက် 18 နှစ်အရွယ် ရုပ်သွင်ကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။ ဤသတင်းများ ပျံ့နှံ့သွားသဖြင့် သူ၏ အမွှေးတိုင်အရေအတွက် လျင်မြန်စွာ တိုးလာစေသည်။
လီကျွင်းသည် နောက်ဆုံးတွင် သတ်ဖြတ်ခြင်းနတ်ဆိုးဓားသိုင်းကို လုံးလုံးကျွမ်းကျင်ပြီး သိုင်းပညာကို မလေ့ကျင့်တော့ပေ။ အဲဒီအစား သူက လီကုန်းကုန်းကို ကူညီခဲ့သည်။
တစ်နေ့မှာတော့ ဟွာဂျန်ရှင်းက ကောင်လေးတစ်ယောက်ကို တောင်ပေါ်ခေါ်လာခဲ့သည်။
လက်ရှိအိမ်ရှေ့မင်းသား ကျန်းရှုသည် ယခုနှစ်တွင် အသက်ခြောက်နှစ်ရှိပြီဖြစ်သည်။
ကျန်းဇီယု သည် ယခင်က သူ့ကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့သည့်အတိုင်း ကျန်းရှုကို မြင်ဖူးသည်။
"မင်း သူ့ကို ဘာလို့ ဒီကို ခေါ်လာတာလဲ"
ကျန်းချန်ရှန်းက ပြုံးပြီး မေးလိုက်ရင်း သူ့လက်နှစ်ဖက်ကို ဖွင့်လိုက်သည့်အခါ ကျန်းရှု သည် ချက်ချင်းပင် သူ့ရင်ခွင်ထဲသို့ တိုးဝင်လာသည်။
"ဘိုးဘိုးဆရာတော်!"
ကျန်းရှု၏ မျက်ခုံးနှစ်ခုကြားတွင် တာအိုပုံစံ မွေးရာပါ အမှတ်အသားလည်း ရှိသည်။ ဒီကိစ္စက တစ်ကမ္ဘာလုံးကို ပျံ့နှံ့နေပြီး ကျန်း မိသားစုတွင် ကံကြမ္မာအမှတ်အသား ရှိသည်ဟု ဆိုကြသည်။
ကျန်းရှုက သူ့ကို ဘိုးဘိုးဆရာတော်လို့ ခေါ်ရခြင်းမှာ ကျန်းချန်ရှန်း၏ရည်ရွယ်ချက်ဖြစ်သည်။ ကျန်းဇီယုနှင့် သူ၏ဆက်ဆံရေးကိုလည်း ဖုံးကွယ်ရန် စီစဉ်ထားခဲ့သည်။ ကျန်းမင်းဆက်သည် မျိုးဆက်ပေါင်းများစွာ ဆင်းသက်လာခဲ့သဖြင့် အကယ်၍ သူသည် ကျန်းယွမ်၏သားဖြစ်ကြောင်း အခြားသူများ သိခဲ့ပါက နောင်တွင် ဒုက္ခဖြစ်လာနိုင်သည်။
ရန်သူများနှင့် နှိုင်းယှဉ်ပါက ကျန်းချန်ရှန်းသည် အသေးအဖွဲကိစ္စများကို ပိုကြောက်သည်။
ဟွာဂျန်ရှင်းက ပြုံးလိုက်ပြီး...“ကျန်းရှုက အသက် ခြောက်နှစ်ရှိပြီ။ ဒီနေ့ကစပြီး သူ့ကို သိုင်းပညာ သင်ပေးရတော့မယ်... စိတ်မပူပါနဲ့ ရှင့်ကို ဒုက္ခမပေးပါဘူး...အချိန်ရရင်သာ ငါ့ကို ညွှန်ပြပေးပါဦး....."
ကျန်းရှုက "မရဘူး မရဘူး ဘိုးဘိုးဆရာတော်နဲ့ပဲ သင်ချင်တယ်.....”
သူ၏ မျက်နှာလေးသည် ဒေါသကြောင့် နီရဲနေကာ မိန်းကလေးတစ်ယောက်နှင့်ပိုတူနေသည်။
ကျန်းချန်ရှန်းက သူ့အား ရယ်မောကာဖြင့်....
" မင်းငါ့အတွက် အရသာရှိတာတွေယူလာမပေးဘူးလား...ဒါဆိုမသင်ပေးနိုင်ဘူး...."
ကျန်းရှုက ခေါင်းကုတ်ပြီး ရှက်ရွံ့စွာ ပြုံးလိုက်သည်။
“နောက်တစ်ခါ အရသာရှိတဲ့ အစားအသောက်တွေ လာပေးမယ်လေ...."
ထို့နောက် သူသည် ခြံဝင်းထဲတွင် ရယ်မောသံများဖြင့် ပြည့်နှက်သွားသည်။
ပိုင်ချီက မျက်လုံးကို မှိတ်ထားပြီး 'သူက ဒုက္ခကို ကြောက်တယ်လို့ ပြောပေမယ့် တော်တော်ပျော်နေတယ်ဆိုတာ အသိသာကြီးကို....."
နောက်ရက်မှစ၍ ဟွာဂျန်ရှင်းသည် ကျန်းရှု ကို သိုင်းပညာ စတင်သင်ကြားပေးခဲ့သည်။ သူလေ့ကျင့်ခဲ့တာကတော့ စကြဝဠာရဲ့ ကောင်းကင်ဘုံကျမ်းစာပင် ဖြစ်သည်။ထို့ကြောင့် သူ့အတွင်းစိတ်ခွန်အားကို အရင်တည်ဆောက်ရမည်။
" ဒီကလေးရဲ့ သိုင်းပညာစွမ်းရည်က သိပ်မကောင်းဘူး... အောင်မြင်ဖို့ခက်ခဲလိမ့်မယ်....”
ကျန်းချန်ရှန်းသည် သူ့အကြည့်ကို ရုတ်သိမ်းလိုက်ပြီး ကျန်းရှုကို အချိန်အနည်းငယ်ကြာအောင် စစ်ဆေးခဲ့သည်။
ဆောင်းဦးရာသီတွင် လုံချီ ဘုရားကျောင်းတွင် အဝါရောင်သစ်ရွက်များဖြင့် ပြည့်နေသည်မှာ မတူတဲ့ ခံစားချက်တစ်ခုပေးစွမ်းနေသလိုပင်.. အထက်တန်းအရာရှိများ၊ မှူးမတ်များ၊ သာမာန်ပြည်သူများနှင့် သိုင်းပညာရှင်များကလည်း တောင်ပေါ်တွင် ဘုရားဝတ်ပြုဖို့ရောက်လာကြစမြဲပင်ါ
ခြံဝင်းထဲမှာ ကျန်းချန်ရှန်းက ဆေးလုံးတွေ သန့်စင်နေသည်။
လီကျွင်းက ကျန်းချန်ရှန်း အနားမှာ ရပ်လိုက်ပြီး "မကြာသေးမီက မြို့တော်မှာ သိုင်းပညာရှင်တွေ ပိုများလာပြီး တော်တော်များများက ကျွန်တော့်လက်အောက်ငယ်သားတွေမယှဉ်နိုင်အောင် ကျွမ်းကျင်လွန်းတယ်.... သိုင်းစာမေးပွဲက မပြီးသေးဘူးဆိုတော့ တစ်ခုခုဖြစ်လာမှာပဲစိုးရိမ်ရတယ်...”
ကျန်းချန်ရှန်းက " လီကုန်းကုန်း ဘယ်မှာလဲ ....."
"ကျန်းမာရေး သိပ်မကောင်းလို့အိမ်မှာအနားယူနေရတယ်....နည်းနည်းတော့သက်သာလာပါပြီ...."
ကျန်းချန်ရှန်းက ခေါင်းညိတ်လိုက်ပြီး ဆက်မမေးတော့ပေ။ သူ လီကုန်းကုန်း ကို ဆေးပြားများစွာ ပေးခဲ့ပြီးဖြစ်သော်လည်း သူ၏ သက်တမ်း ကုန်ဆုံးသွားခဲ့ပြီ။
"ဆရာတော်သတိထားတော့နော်.... လျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရှင်တွေ လုံချီ တောင်တဝိုက်မှာ မကြာခဏ လှည့်လည်သွားလာနေကြတယ်…” လီဂျွန်းက ထပ်၍ သတိပေးသည်။
ကျန်းချန်ရှန်းက ပြုံးပြီး "စိတ်မပူပါနဲ့ ငါ ဘာလုပ်ရမှန်းသိတယ်...."
“ဧကရာဇ် ယန်ကျောက်က အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူဖြစ်လာတာ ကမ္ဘာက သိထားပြီးသားပါ... ထျန်ချင်းနတ်ဆိုးလို့ခေါ်တဲ့ အသွင်ပြောင်းသားရဲရဲ့သွေးကို သောက်ခဲ့တယ်လို့လဲဆိုကြတယ်.... ဧကရာဇ်ယန်ကျောက်က ကောင်းကင်လောင်ကျွမ်းခြင်းစံအိမ်ကို ထပ်တိုးချဲ့တာမျိုးမလုပ်တော့ပေမယ့် တောင်ပိုင်း သိုင်းလောကကို လွှမ်းမိုးထားပြီး မြောက်ပိုင်းကိုသွားဖို့ရည်ရွယ်ချက်မရှိဘူး..... ”
'ထျန်ချင်းနတ်ဆိုး?'
ကျန်းချန်ရှန်းအနေဖြင့် ဤအမည်ကို ပထမဆုံးအကြိမ် ကြားသိရခြင်းဖြစ်သည်။ထို့ကြောင့် သိချင်စိတ်ပြင်ပြစွာဖြင့် ထျန်ချင်းနတ်ဆိုး၏အသေးစိတ်အချက်အလက်များကိုမေးမြန်းလိုက်သည်။
“ထျန်ချင်းနတ်ဆိုးဆိုတာ ကျားနဲ့ ကျားသစ်ပေါင်းစပ်မှုလို့ ကောလဟာလတွေရှိတယ်....ခေါင်းပေါ်မှာဦးချိုရှိပြီး အမြှီးတွေလည်းအများကြီးရှိတယ်တဲ့.... အသေးစိတ်အချက်အလတ်တွေကိုတော့ တခါမှမမြင်ဖူးသလို သေချာလည်းမသိနိုင်ဘူး...သူတို့က
သာမန်နတ်ဆိုးသားရဲတွေနဲ့မတူဘဲ ထျန်ချင်းနတ်ဆိုးတွေ ပေါ်လာတိုင်း လူသားတွေကိုကယ်တင်ပေးတတ်ကြတယ်... ဒါ့ကြောင့် ထူးဆန်းတဲ့ သားရဲလို့လဲခေါ်ကြတယ်... တချို့ကဆို နတ်ဘုရားလို့တောင် ခေါ်ကြတသေးတယ်....” ဟု လီကျွင်းက ကြားသိထားသော အချို့သောအချက်အလက်များကို ပြောပြခဲ့သည်။
ကျန်းချန်ရှန်းက ပိုင်ချီကို ကြည့်ပြီး "မင်းကြားဖူးလား" ဟု မေးလိုက်သည်။
ပိုင်ချီက ခေါင်းကို မော့ပြီး သမ်းလိုက်ကာ....
“ကြားဖူးတယ်.... ထျန်ချင်းနတ်ဆိုးတွေက တကယ်တော့ နတ်ဆိုးတွေမဟုတ်ဘူး...သူတို့မှာ ပင်ကိုယ်စွမ်းရည်ရှိပြီး အခြားသူတွေကို ကူညီလိုစိတ်ရှိကြတယ်... ထျန်ချင်းနတ်ဆိုး တွေကို ကျွန်တော် တစ်ခါမှ မမြင်ဖူးပေမယ့် မထင်မှတ်ဘဲ ပေါ်လာပြီး ပျောက်ကွယ်သွားတဲ့ တခြားထူးဆန်းတဲ့ သားရဲတွေကိုလည်း တွေ့ဖူးတယ်....တစ်ချက်ကြည့်လိုက်ရုံနဲ့ အဲဒီလူဟာ တောင်တန်းတွေဆီမှာ ပျောက်ကွယ်သွားခဲ့တယ်”
သိုင်းလောကတွင် လျှို့ဝှက်ချက်တွေ အများကြီးရှိနေသေးကြောင်း ကျန်းချန်ရှန်းသဘောပေါက်လိုက်သည်။
ပိုင်ချီ စကားပြောနိုင်တာကို လီကျွင်း မအံ့သြတော့ပေ။ ယင်းအစား ထျန်ချင်းနတ်ဆိုး များ၏ဒဏ္ဍာရီများကို ပိုမိုသိရှိလိုသောကြောင့် မေးခွန်းများဆက်တိုက်မေးမြန်းခဲ့သည်။ ငါးမိနစ်လောက်ကြာတော့ လီကျွင်း ထွက်သွားပြီး ကျန်းချန်ရှန်းက ဆေးလုံးတွေကို ဆက်ပြီး သန့်စင်နေခဲ့တော့သည်။
ပိုင်ချီက.... “တကယ်တော့ တောင်ခြေမှာ ကျွမ်းကျင်သူတွေ ပိုများလာတယ်.... တစ်ယောက်ယောက်က သူတို့ကို တိတ်တဆိတ် ပို့နေတာများလား.... မဟုတ်ရင် လုံချီဘုရားကျောင်းကို အားလုံးဝိုင်းဖို့ မဖြစ်နိုင်ဘူး....ကျုပ် သူတို့ကိုရှင်းလိုက်ရမလား...."
လုံချီဘုရားကျောင်းတွင်နေထိုင်ပြီးနောက် ၎င်းသည် နူးညံ့သိမ်မွေ့သောကိုယ်ရည်ကိုယ်သွေးရှိပုံပေါ်သော်လည်း အမှန်တကယ်တွင် ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးတစ်ကောင်ဖြစ်သည်။
ဆေးကျိုအိုးကိုကြည့်ရင်း ကျန်းချန်ရှန်းက ထူးဆန်းသောအပြုံးမျိုး ပြုံးလိုက်ပြီး.. “မလိုအပ်ဘူး..လူနည်းသေးတယ်..."
မဟာယာန နဂါးမျှော်စင်နှင့် တိုက်ပွဲဖြစ်ခဲ့သည်မှာ ရှစ်နှစ်ကျော်သွားခဲ့ပြီ ။ ကျန်းချန်ရှန်း အတွက်တော့ ရှစ်နှစ်ဟာ တခဏတာမျှသာကြာညောင်းခဲ့သော်လည်း သိုင်းလောကအတွက် ဒါဟာ နောက်ထပ်ခေတ်သစ်တစ်ခုပင်.....
ကျန်းချန်ရှန်း မည်မျှ သန်မာသည်ကို တစ်စုံတစ်ယောက်မှ မမှတ်မိတော့သလိုပင်။
ဒါပေမယ့် အဲဒါကလည်း အဓိပ္ပာယ်ရှိပေသည်။ ကျန်းမင်းဆက်တွင် အင်တာနက်မရှိသောကြောင့် ၎င်း၏အစွမ်းသတ္တိကို သက်သေပြရန် ဗီဒီယိုမရှိပေ။
နေဝင်ရီတရောအချိန် မြို့တော်က တည်းခိုခန်းတစ်ခုတွင်.....
သစ်သားသေတ္တာကို နောက်ကျောတွင် ထမ်းထားရင်း လုချန်းဖန် စားပွဲတစ်ခုတွင် ဝင်ထိုင်လိုက်သည်။ သစ်သားသေတ္တာကို ချွတ်ပြီး စားပွဲပေါ်၌ တင်လိုက်ကာ စားပွဲထိုးကို အော်ခေါ်ပြီး အစားအသောက်များမှာယူခဲ့သည်။
အစားအသောက်နှင့် ဝိုင်ကို မှာယူပြီးနောက် ပထမထပ်ရှိ အခြားသိုင်းပညာရှင်တို့၏ အတင်းအဖျင်းစကားကို တိတ်တဆိတ် နားထောင်ခဲ့သည်။
"ဧကရာဇ်ယန်ကျောက်က တကယ်ပဲ အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ ဖြစ်လာပြီလား?"
"ဘယ်သူသိနိုင်မလဲ? သူကိုယ်တိုင်ပြောပေမယ့် အခုအချိန်မှာ သိုင်းလောကထဲက ဘယ်သူကမှ သူနဲ့ယှဉ်နိုင်မှာမဟုတ်ဘူး....”
"ရှိတာပေါ့ လုံချီ ဘုရားကျောင်းရဲ့သိုင်းနတ်ဘုရားလေ....."
“အင်မော်တယ် ဆရာတော်ချန်ရှန်း ပေါ်မလာတာ ရှစ်နှစ်ရှိနေပြီ.... အခု သူ ဘယ်လောက်သန်မာနေလဲ ဘယ်သူသိနိုင်မှာလဲ....."
“အင်မော်တယ် ဆရာတော်ချန်ရှန်းက သိုင်းလောကရဲ့ အထွတ်အထိပ် သခင်ဘွဲ့ကို ရရှိခဲ့တာ အနှစ် 20 ကျော်နေပြီ.. သူ အခုအသက်ဘယ်လောက်ရှိပြီလဲ"
" ဆရာတော်ချန်ရှန်းက နုပျိုတဲ့ကျင့်စဉ်ကျင့်ကြံထားတယ်လို့ ကောလာဟလသတင်းတွေထွက်ခဲ့ဖူးတယ်.... အခုလောက်ဆို အသက်တစ်ရာကျော်လောက်ရှိနေပြီပေါ့...... တကျန်း ရဲ့ သိုင်းလောကကို ဘယ်နှစ်နှစ်ကြာအောင် အုပ်စိုးနိုင်မှာမို့လို့လဲ..."
ဤစကားများကိုကြားတော့ လုချန်းဖန် စိတ်ရှုပ်သွားခဲ့သည်။
“အဲဒီတုန်းက ငါ့ကို ကယ်တင်ခဲ့တဲ့သူက အင်မော်တယ် ဆရာတော်ချန်ရှန်း ဖြစ်ရမယ်....”
သူသည် ကောင်းကင်ဘုံဂိုဏ်းမှ သိုင်းပညာရှင်ဖြစ်ပြီး ပိုင်ချီ နောက်သို့ လိုက်ခဲ့သည့်အချိန်ကို တိတ်တဆိတ် ပြန်တွေးနေမိသည်။ အဲဒီတုန်းက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့သည့်အပြင်၊ ရွှေအကြေးခွံကျောက်စိမ်းသစ်ရွက်က အလွန်ကြောက်စရာကောင်းသဖြင့် ထိတ်လန့်စွာဖြင့် အခင်းဖြစ်ပွားရာနေရာမှ တိုက်ရိုက် ထွက်ပြေးခဲ့မိသည်။
ပြန်လည်သက်သာလာပြီးနောက်၊ ကောင်းကင်ဘုံဂိုဏ်းက သူနှင့်အတူ တပည့်အနည်းငယ်ကို တကျန်းသို့စေလွှတ်ခဲ့ပြီး သူ့ကို နောက်ထပ်မစ်ရှင်တစ်ခု ပေးခဲ့သည်။
ထိုအချိန်တွင် အေးစက်သော ရယ်မောသံ ထွက်ပေါ်လာသည်။
“ဆရာတော်ချန်ရှန်းက ဘာမှမဟုတ်ဘူး...... တမင်တကာ လျှို့ဝှက်ဆန်းကြယ်အောင်လျှောက်လုပ်နေတာ.... မေးပါရစေဉီး... မဟာယာန နဂါးမျှော်စင်ကို တွေ့ဖူးကြလား... ဆရာတော်ချန်ရှန်းကို ကိုယ်တိုင်မြင်ဖူးကြလား....."
လူတိုင်း လှည့်ကြည့်လိုက်တော့ ပြတင်းပေါက်နားမှာ အပြာရောင် ၀တ်စုံနဲ့ ထိုင်နေတဲ့သူတစ်ယောက်ကိုတွေ့လိုက်ရသည်။
ဓားသမားတစ်ယောက်က ထိုသူကိုလှည့်ကြည့်လိုက်ပြီး..... “ မင်း ငါပြောတာတွေ
မယုံရင် သူရဲကောင်းသချိိုင်းကိုသွားကြည့်လိုက်လေ.... အဲဒီ သိုင်းပညာကျွမ်းကျင်သူတွေကို မင်းမှတ်မိလား အရင်ကြည့်လိုက်ဉီး......."
အပြာရောင်ဝတ်စုံဝတ် အမျိုးသားက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး.... “သိုင်းလောကထဲမှာ ဆယ်နှစ်တာအတွင်း ထိပ်တန်းပုဂ္ဂိုလ်တွေ အစုအဝေးတစ်ခု ပြောင်းလဲသွားတယ်.... လွန်ခဲ့တဲ့ဆယ်စုနှစ်တွေက သိုင်းလောကနဲ့ လက်ရှိသိုင်းလောကကို ဘယ်လိုယှဉ်နိုင်မှာလဲ....ရှေးယခင်က စိတ်ဝိညာဉ်နယ်ပယ် ကျွမ်းကျင်သူကို ထိပ်တန်းကျွမ်းကျင်သူများအဖြစ် သတ်မှတ်ခဲ့ကြတယ်... ကျန်းမင်းဆက်မတည်ထောင်ခင်က ဂရမ်းမာစတာတွေရဲ့အဆင့်က ဘယ်လောက်မို့လို့လဲ....လူတိုင်း၊ ကိုယ့်ကိုကိုယ် လျှော့မတွက်ကြနဲ့.... ကမ္ဘာကြီးက ပြောင်းလဲသွားပြီ....ကျန်းမင်းဆက် တည်ထောင်ခဲ့တာလံ အနှစ်ခြောက်ဆယ်ရှိပြီ.... ”
သာမာန် သေမျိုစလူသားတို့အတွက်၊ အနှစ်ခြောက်ဆယ်သည် တစ်သက်တာဖြစ်သည်။
သူ့စကားများသည် သိုင်းပညာရှင်များစွာအတွက် အဓိပ္ပာယ်ရှိစေပါသည်။
တကျန်းသိုင်းဘိုးဘေး(ကျန်းယွမ်)က သိုင်းပညာလမ်းကြောင်းကို မြှင့်တင်ပြီးကတည်းက သိုင်းလောကသည် တစ်နေ့ထက်တစ်နေ့ ပိုမိုအားကောင်းလာခဲ့သည်။ လက်ရှိဧကရာဇ် နန်းတက်ပြီးနောက် သိုင်းပညာကို ပို၍ပင်အလေးထားသည်။ စစ်မှန်သောသိုင်းစ့အိမ်တည်ရှိမှုနှင့်အတူ တော်ဝင်နန်းတွင်းရှိ ကျွမ်းကျင်သူအရေအတွက်သည် အလွန်ကြောက်စရာကောင်းသည့်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ သိုင်းလောကတွင် အဆုံးစွန်သော နည်းစနစ်များစွာကိုလည်း လက်ဆင့်ကမ်းခဲ့ပြီး အလားတူ သိုင်းလောက၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးခဲ့သည်။
လစဉ်လတိုင်း၊ သြဇာကြီးမားသော ပုဂ္ဂိုလ်များနှင့် ထူးချွန်ထက်မြက်သော လူငယ်များ သိုင်းလောကတွင် မွေးဖွားလာမည်ဖြစ်သည်။
လူလတ်ပိုင်း သိုင်းပညာရှင် တစ်ဦးက ဒေါသတကြီးဖြင့်.... "မင်းကိုယ်မင်း သိပ်ယုံကြည်နေရင် လုံချီဘုရားကျောင်းမှာ ဆရာတော်ချန်ရှန်းကို စိန်ခေါ်ရဲလား"
အပြာရောင်ဝတ်စုံဝတ် အမျိုးသားက ..... “..ဆရာတော်ချန်ရှန်းကို သံသယရှိပေမယ့် လုံချီဘုရားကျောင်းရဲ့ ဟွမ်းချွမ်က တကယ်ကို ထိပ်တန်းကျွမ်းကျင်သူဆိုတာတော့အကြွင်းမဲ့ယုံကြည်တယ်.... "
လွန်ခဲ့သောလအနည်းငယ်က... ဟွမ်းချွမ်သည် လင်းရှောင်နှင့်အတူ အခြားတပည့်သစ်များရှာဖွေရန် တောင်ပေါ်မှဆင်းသွားခဲ့သည်။ ထိုအချိန်တွင် သူသည် ဂိုဏ်းတစ်ခုကို လုပ်ကြံပြီး ကျော်ကြားလာခဲ့သည်။
တည်းခိုခန်းရှိ သိုင်းပညာရှင်များ ဤစကားကိုကြားသောအခါ အပြာရောင်ဝတ်စုံဝတ် အမျိုးသားကို လှောင်ပြောင်ကြသည်။
ထိုလူက အလှောင်ခံရသဖြင့် ဒေါသတကြီးနဲ့ “ငါ စိန်မခေါ်ရဲပေမယ့် စောရနတ်ဘုရားကိုငါသိတယ်...စောရနတ်ဘုရားက ခုနစ်ရက်အတွင်း လုံချီ ဘုရားကျောင်းက စကြာဝဠကောင်းကင်ဘုံကျမ်းစာကို ခိုးယူလိမ့်မယ်.... စောင့်ကြည့်နေပါ.... အလွန်ဆုံးခုနစ်ရက်အတွင်း လုံချီ ဘုရားကျောင်းကို ချိတ်ပိတ်ပြီး တရားရုံးကိုတောင် တိုင်တန်းရတဲ့အထိ ပွက်လောရိုက်ကုန်လိမ့်မယ်... ဆရာတော်ချန်ရှန်းက လက်ရှိဧကရာဇ်နဲ့ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်....”
ဤစကားများသည် အခြားသူများ၏ စိတ်ဝင်စားမှုကို ခံရပြီး မေးခွန်းတစ်ခုပြီးတစ်ခု မေးကြသည်။
ဆိုင်ထဲတွင် ဆိုင်ရှင်အပါအဝင် သိုင်းသမားများနှင့် ပြည့်နေပါသည်။ ထို့ကြောင့် ဆိုင်ရှင်သည် သိုင်းသမားများ၏ ကြွားဝါမှုကို မကြားချင်ယောင်ဆောင်နေလေသည်။ လိမ်လည်မှုဖြစ်ကြောင်း တာဝန်ရှိသူများထံ တိုက်ရိုက်သတင်းပို့ပါက ၎င်း၏လုပ်ငန်းကိုထိခိုက်စေနိုင်သည်။
လုချန်းဖန်က ငြိမ်သက်စွာ နားထောင်ပြီး တကိုယ်တည်း တွေးတောနေသည်က....
'တကျန်းက မဟာယာနနဂါးမျှော်စင်ရဲ့ အမွေအနှစ်တွေကို ရခဲ့ပြီးနောက်ပိုင်း တစ်ကယ့်ကို ကွဲပြားခြားနားသွားခဲ့ပြီ.... လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်လောက်ကဆို တကျန်းရဲ့ သိုင်းလောကက ကန္တာရလိုဖြစ်နေတုန်းပဲ.....အခုချိန်မှာ သိုင်းပညာအငွေ့အသက်တွေ ပေါများနေတော့ တကျန်းရဲ့ ထွန်းကားလာမှုက တကယ့်ကို ရပ်တန့်လို့မရတော့ဘူးပဲ...."
သူ့အကြည့်တွေကို ထောင့်နားက သိုင်းပညာရှင်နှစ်ယောက်က ရုတ်တရက် စွဲဆောင်သွားခဲ့သည်။ ထိုသိုင်းပညာရှင်နှစ်ဦးသည် ထူးဆန်းသော သားရဲပုံစံများရိုက်နှိပ်ထားသော မီးခိုးရောင်အဝတ်အစားများ ဝတ်ဆင်ထားသည်။
လုချန်းဖန်က ထူးဆန်းသော သားရဲတံဆိပ်များကို စိုက်ကြည့်ရင်း မျက်မှောင်ကြုံ့လိုက်မိသည်။ထိုတံဆိပ်ပေါ်တွင် ကျားနှင့်ကျားသစ်ပေါင်းစပ်ထားသောသတ္တဝါသည် အစွယ်များလှစ်ဟပြ၍ မာန်ဖီနေသည်။ သို့သော် ၎င်းတွင် ခေါင်းသုံးလုံးပါရှိပြီး ၎င်း၏ခေါင်းပေါ်တွင် လျှပ်စီးကြောင်းသဏ္ဍာန် ဦးချိုများရှိသည်။ သူ့နောက်ကျောမှာ အတောင်ပံတွေရှိကြသည်။ထိုသူနှစ်ယောက်၏ဝတ်စုံပေါ်က သားရဲပုံစံက တထပ်တည်းတူညီနေသည်။
"နတ်ဘုရားမအစေခံတောင်တန်းက ပုဂ္ဂိုလ်တွေပဲ....တကျန်းကနေချီဝေးတဲ့အရပ်ဆီ မိုင်ထောင်သူတို့ဘာလို့ရောက်နေတာလဲ ...."