← Chapters

ဘုရားကျောင်းသို့ခိုးဝင်သော စောရနတ်ဘုရား ဆယ်နှစ်အကျဉ်းချခံရခြင်း........

Vol. 5 Ch. 67

ဘုရားကျောင်းသို့ခိုးဝင်သော စောရနတ်ဘုရား ဆယ်နှစ်အကျဉ်းချခံရခြင်း........

Vol. 5 Ch. 67

လရောင် တောက်ပနေပြီး ကြယ်များ ဟိုတပွင့်သည်တပွင့်လင်းလက်နေသည်။

တောင်ပေါ်ကခြံဝင်းထဲတွင်....

“၂၂၊ ၂၃၊ ၂၇၊ ၂၈....."

ကျန်းချန်ရှန်းသည် မြေဝိညာဉ်သစ်ပင်၏ ပင်စည်ပေါ်တွင်ထိုင်ကာ မြို့တော်၏ညရှုခင်းကို ရေတွက်ကာ ကြည့်ရှုနေသည်။

မြို့တော်တွင် ညမထွက်ရအမိန့်ကြောင့် အလွန်နောက်ကျနေပြီဖြစ်သောကြောင့် မီးလင်းနေဆဲပင်....ကျန်းချန်ရှန်းသည် တောင်ခြေရင်းရှိ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ကျွမ်းကျင်သူများ၏ အရေအတွက်ကို ရေတွက်နေသည်။

လုံချီ တောင်အနီးရှိ တည်းခိုခန်းများကိုလည်း ရေတွက်ခဲ့သည်။ မြို့တော်သည် ကြီးမားပြီး မရေမတွက်နိုင်သော တည်းခိုခန်းများ ရှိသည်။ သို့သော်၊ လုံချီ တောင်အနီးရှိလမ်းများတွင် ကျွမ်းကျင်သူများစွာ စုဝေးနေပြီး တစ်ခုခုကို ကြံစည်နေပုံရသည်။

“နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ သုံးယောက်နဲ့ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ကျွမ်းကျင်သူ ၃၆ယောက်ဆိုတော့ နည်းတဲ့အင်အားမဟုတ်ဘူး.... လွန်ခဲ့တဲ့ အနှစ် 30 လောက်ကတောင် ဒီလိုအင်အားမျိုး မမြင်ဖူးဘူး”

ကျန်းချန်ရှန်း တကိုယ်တည်း ရေရွတ်ရင်း သူ့မျက်လုံးထဲမှာ မျှော်လင့်ချက်တွေ ပြည့်နှက်နေ၏။

ရှင်သန်ခြင်းဆုလာဘ်ကို သူရရှိခဲ့သည်မှာ ကြာခဲ့ပြီ။ အချိန်တန်ပြီ!

ဤသည်မှာ သူသည် မဟာယာနနဂါးမျှော်စင်၏အမွေနှစ်များကို ကျန်းဇီထံ ပေးရသည့် အကြောင်းအရင်းဖြစ်သည်။ တစ်ဖက်တွင်၊ ၎င်းသည် အသုံးဝင်သောကြောင့်ဖြစ်ပြီး အခြားတစ်ဖက်တွင်မူ ရှင်သန်ခြင်းဆုလာဘ်များရရှိရန်အသုံးပြုနိုင်သည်။

အချိန်ကြာလာသည်နှင့်အမျှ ကျန်းချန်ရှန်း မည်မျှ တန်ခိုးကြီးသည်ကို မေ့လျော့နေသူများ သို့မဟုတ် သူ့ကို မယုံကြည်သူများနှင့် သွေးတိုးစမ်းသူများရှိလာခဲ့ချေပြီ။

ကျန်းချန်ရှန်းသည် လရောင်အောက်တွင် ကျင့်ကြံခြင်းမပြုမီ အချိန်အတော်ကြာအောင် စောင့်မျှော်နေခဲ့သည်။ ထို့နောက် လရောင်နှင့်သင်္ကန်း၏ တောက်ပမှု ပေါင်းစပ်သွားပြီး သစ်ရွက်များဖြင့် ဖုံးလွှမ်းနေသော အမှောင်ထုထဲသို့ လုံးလုံးလျားလျား ပေါင်းစပ်သွားလေ၏။

တစ်နာရီကြာသောအခါ လုံချီဘုရားကျောင်းရှိ ဖယောင်းတိုင်မီးများ တဖြည်းဖြည်း ငြိမ်းသွားပြီး လုံချီဘုရားကျောင်းတစ်ခုလုံးကို အမှောင်ထုဖုံးလွှမ်းသွားသည်။

ထိုစဉ် လူရိပ်တစ်ခု တောထဲကို ဖြတ်ပြေးသွားသည်။ ထိုသူသည် ကျောက်ဆောင်များ၊ သစ်ပင်စည်များနှင့် မဏ္ဍပ်ခေါင်မိုးများပေါ်မှ ခုန်တက်ကာ ရေကိုထိနေသော ပုစဉ်းတစ်ကောင်လို ခုန်ဆင်းသွားခဲ့သည်မှာ ဘာအသံမှ မထွက်ခဲ့ပေ။

လရောင်အောက်တွင် ထိုသူသည် အနက်ရောင်ကို ၀တ်ဆင်ထားပြီး မျက်လုံးနှင့် နှာခေါင်းကိုသာ ဖော်ထားသည်။ သူ့မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

'ဒီနေ့၊ ငါသာ စကြဝဠာကောင်းကင်ဘုံကျမ်းဂန်ကို ခိုးယူခဲ့မယ်ဆို သိုင်းလောကရဲ့ ဒဏ္ဍာရီဖြစ်လာမှာ သေချာတယ်...."

အနက်ရောင်ဝတ်ထားသူက စိတ်လှုပ်ရှားစွာ တွေးနေမိသည်။ သူသည် တောင်တံခါးကို ခုန်ကျော်ကာ လျင်မြန်စွာ ရွေ့လျားသွားသည်။ လမ်းတစ်လျှောက်တွင် ခြံဝင်းများထဲတွင် ကျင့်ကြံနေသော တပည့်များပင် သူ့ကို သတိမပြုမိကြပေ။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း၊ သူသည် လုံချီ ဘုရားကျောင်းကို လေ့လာရန်အတွက် ဘုရားဖူးအဖြစ်ဟန်ဆောင်ခဲ့သည်။ ဆရာတော်ချန်ရှန်းကို မတွေ့ခဲ့ရသော်လည်း သူသွားခွင့်မရသော နေရာများသည် ဆရာတော်ချန်ရှန်း နေထိုင်ရာနေရာဖြစ်ရမည်မှာ ထင်ရှားပါသည်။

ခြံဝင်း တစ်ခုပြီးတစ်ခုစစ်ဆေးကြည့်ပြီးနောက် သူသည် အလွန်ကံကောင်းခဲ့ပြီး ကျန်းချန်ရှန်း ၏ခြံဝင်းကို တွေ့ရှိခဲ့သည်။

သစ်ပင်အောက်တွင် အိပ်ပျော်နေသော ပိုင်ချီ သည် မျက်လုံးများကိုဖွင့်ကြည့်လိုက်ရာ အနက်ရောင်ဝတ်ရုံလူကို ထိတ်လန့်သွားစေကာ ချက်ချင်း ခြံဝင်းနံရံနောက်တွင် ပုန်းနေလိုက်သည်။ထို့နောက် အသက်ရှူသံကငိ ထိန်းကာ အော်ရာကို ရုတ်သိမ်းရန် စစ်မှန်သောချီကို ဖြန့်ကျက်လိုက်သည်။

ပိုင်ချီက.... “ထူးဆန်းတယ်…"

သစ်ပင်ပေါ်က ကျန်းချန်ရှန်းကို ကြည့်လိုက်တော့ သူအဲဒီမှာရှိနေတာတွေ့တော့မှ စိတ်သက်သာရာရသွားခဲ့သည်။

ဆရာတော်ရှိနေမှတော့ ဘာမှကြောက်စရာမလိုတော့ဘူး.....

ပိုင်ချီက ခေါင်းငုံ့ကာ ဆက်အိပ်ရင်း ကမ္ဘာကြီးကို ကြီးစိုးသော အနှစ်တစ်ထောင် နတ်ဆိုးတစ်ကောင်အဖြစ် အိပ်မက်မက်ခဲ့သည်။ ပိုင်ချီ၏အိပ်မက်ထဲတွင်၊ ဆရာတော်ချန်ရှန်းသည် ကျွန်ယောက်ျားဖြစ်ပြီး ၎င်း၏ပခုံးနှင့် ခြေထောက်များကို နှိပ်နယ်ပေးနေသည်။

အနက်ရောင်ဝတ်ဆင်ထားသူက တစ်နာရီကြာ စိတ်ရှည်စွာ စောင့်ဆိုင်းခဲ့သည်။ ဝံပုလွေဖြူ အိပ်ပျော်သွားသည်ကို မြင်လိုက်ရသဖြင့် တိတ်တဆိတ် သက်ပြင်းချမိသည်။

" ဆရာတော်က လူတွေပြောနေကြသလို နတ်ဆိုးဝံပုလွေတစ်ကောင်ကို မွေးထားတာပဲ... ကောလဟာလတွေက အမှန်ပဲပေါ့... နတ်ဆိုးဝံပုလွေတွေက အနံ့ခံကောင်းကြတယ်....ဒါနဲ့နေပါဉီး နဂါးနဲ့တူတယ်ဆိုတဲ့ မြွေဖြူကြီးဘယ်ရောက်နေတာလဲ....."

အနက်ရောင်ဝတ်ဆင်ထားသူ လျှို့ဝှက်စွာ ထိတ်လန့်သွားသည်။ သူ မော့ကြည့်လိုက်တော့ သူ့မျက်လုံးတွေ ကျဉ်းမြောင်းသွားလေသည်။

တောင်ထိပ်ပေါ်တွင် ပိုင်လုံ ကုပ်တွယ်နေသည် ကို မြင်လိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော မြွေတစ်ကောင်သည် သူ့ကို ကြောက်လန့်စေခဲ့သည်။

ကံဆိုးလိုက်တာ၊ ဒီသားရဲက တကယ်ပဲ နဂါးအဖြစ် ပြောင်းလဲနိုင်ပါ့မလား.....

အနက်ရောင်ဝတ်ဆင်ထားသူက တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ သူ အာရုံစူးစိုက်ပြီး ဝင်းတံတိုင်းတလျှောက် ဝိညာဉ်သစ်ပင်အနီးသို့ ခိုးဝင်ခဲ့တယ်။ သူသည် သစ်ပင်ပင်စည်ပေါ်တက်ကာ ခြံဝင်းအတွင်းရှိ အိမ်အနည်းငယ်ကို ကြည့်လိုက်သည်။အိမ်တစ်လုံးက မီးလင်းနေပြီး အတွင်းတွင် ဟွာဂျန်ရှင်းက ကျန်းရှု အိပ်ပျော်စေရန် အသံခပ်တိုးတိုးဖြင့် ပုံပြင်တစ်ပုဒ် ပြောပြနေသည်။

"ဘာလို့ ကလေးတစ်ယောက်ရှိနေတာလဲ....ဆရာတော်မှာ မိန်းမရှိနေတယ်ပေါ့..ဒါ စည်းကမ်းဖောက်ဖျက်တာ မဟုတ်ဘူးလား...ဒိနတ်ဆိုးဘုန်းကြီးက တကယ်ရွံ့ဖို်ကောင်းတယ်......"

ထိုသူက စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ သူသည် သစ်ပင်ပင်စည်တစ်လျှောက် ရှေ့သို့ တွားသွားကာ ရုတ်တရက် သူ့ခေါင်းပေါ်သို့ လက်တစ်ဖက် ဖိမိသွားသည်။ ထိတ်လန့်လွန်းသဖြင့် သူ့တစ်ကိုယ်လုံး တင်းမာလာပြီး အေးစက်သော ချွေးများ စီးကျလာသည်။ သူ မလှုပ်ရဲတော့ပေ။

သူသည် သိုင်းလောကတွင် နှစ်အတော်ကြာနေခဲ့ပြီး အရာအားလုံးကို မြင်တွေ့ခဲ့ရသည်။ သူသည် သင်္ချိုင်းတွင်းသို့ပင် ဝင်ရောက်ခဲ့ပြီး ခုန်ပေါက်နေသော အလောင်းများကိုပင် တွေ့ခဲ့ဖူးသည်။ အတွေ့အကြုံနဲ့ ပင်ကိုယ်အသိစိတ်အရ သူ့ခေါင်းကို ဖိထားတဲ့ လက်တစ်ချောင်းရှိတယ်ဆိုတာ သေချာနေသည်။

အသက်ရှင်နေသူတစ်ယောက်လား?လူသေလား?

အသက်ရှင်နေသေးရင် ဘာလို့ ဆက်မရွေ့တာလဲ......

သစ်ပင်ပေါ်မှာ ကြိုးဆွဲချ သေဆုံးသွားတဲ့သရဲလား.......

ဤအခိုက်အတန့်တွင် ဘုရားကျောင်းအတွင်းခိုးဝင်လာသူက အရာများစွာကို တွေးတောနေ၏။ သူ ခေါင်းကို ဂရုတစိုက် မော့ကြည့်လိုက်တော့ ထူးထူးခြားခြား ချောမောတဲ့ မျက်နှာတစ်ခုကိုတွေ့လိုက်ရသည်။ တစ်ဖက်လူက သူ့ကို ပြုံးပြနေပြီး ကြောက်စရာကောင်းလောက်အောင် မှိန်ဖျော့နေတဲ့အသားရေကြောင့် လန့်ဖြန့်ပြီး အော်ဟစ်လုနီးပါး။ သို့သော်လည်း ကျန်းချန်ရှန်းက သွေးကြောများကို နှိပ်ပြီး သူ့အသံကို ပိတ်ထားလိုက်သည်။

ခိုးဝင်လာသူ ထိတ်လန့်တကြား မျက်လုံးပြူးသွားသည်။

ကျန်းချန်ရှန်းက သူ့ကို ပွေ့ချီပြီး ပိုင်ချီကို နှိုးကယ မြေပြင်ပေါ် ဆင်းလိုက်သည်။ ပိုင်ချီ က တစ်ယောက်ယောက်ကို သယ်လာတာကို မြင်တော့ မျက်လုံး ပြူးကျယ်လာပြီး "တကယ်ရှိတယ်ဟ..." လို့ အော်လိုက်လေသည်။

စကားမဆုံးခင်မှာ ကျန်းချန်ရှန်းက လက်တစ်ဖက် တိုးတိုးနေဖို့ဟန့်တားနေတာကြောင့်

ချက်ချင်းပဲ ပါးစပ်ပိတ်လိုက်ရသည်။

နောက်တစ်ကြိမ် ရုန်းရင်းဆန်ခတ်ဖြစ်ရင် အာဏာရှင်လေး(ကျန်းရှု)နိုးသွားလိမ့်မည်။

ကျန်းချန်ရှန်းသည် ခိုးဝင်လာသူကို သယ်ဆောင်ပြီး ခြံဝင်းထဲမှ ထွက်လာခဲ့သည်။ ပိုင်ချီကလည်း စပ်စုရန် ကမန်းကတန်း လိုက်လာခဲ့သည်။

သူတို့ ချောက်ကမ်းပါးသို့ ရောက်သောအခါ ကျန်းချန်ရှန်းက ခိုးဝင်လာသူ၏သွေးကြောများကို ပြန်ဖွင့်ပေးလိုက်သည်။

ခိုးဝင်လာသူက ချောက်ကမ်းပါးပေါ်မှ ခုန်ဆင်းပြီး “ဟာဟားဟား၊ နတ်ဆိုးဘုန်းကြီး၊ မင်းဒါကိုမမျှော်လင့်ထားဘူးမလား.....ကျုပ်ရဲ့ ခန္ဓာကိုယ်ပေါ့ပါးတဲ့ကျင့်စဉ်က သိုင်းလောကမှယ ပြိုင်ဘက်ကင်းတယ်... တောင်ထိပ်ကနေ တောင်အောက်ကိုထိခိုက်မှုမရှိဘဲခုန်ချနိုင်တယ်...."

သူ ရယ်မောလို့ မဆုံးခင်မှာ သူ့ခန္ဓာကိုယ် အပေါ်သို့ပြန်တက်လာတာကို သိလိုက်ရတော့ အံ့သြသွားခဲ့သည်။ ကျန်းချန်ရှန်းသည်ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ ထိုသူကို ချောက်ကမ်းပါးအောက်မှပြန်ဆွဲတင်ခဲ့ခြင်းဖြစ်သည်။

ပိုင်ချီသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး သူ့မျက်လုံးများက လှောင်ပြောင်မှုဖြင့် ပြည့်နေသည်။

ခိုးဝင်လာသူသည် အဆင်မပြေတော့ကြောင်း ခံစားရသော်လည်း ထိုထက်ပို၍ ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုတို့ကို ခံစားခဲ့ရသည်။

ကျန်းချန်ရှန်းက ပြုံးပြီး “မင်းနာမည်ကို ပြောပြပါ.... မင်းဘာလို့ လုံချီ ဘုရားကျောင်းထဲကို ခိုးဝင်လာတာလဲ....."

ဤလူသည် လုံချီ ဘုရားကျောင်းကို အကြိမ်များစွာ ရောက်ဖူးသည်။ သူ၏ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အော်ရာများက ဘုရားဝတ်ပြုသူများကြားတွင် အလွန်ထင်ရှားနေသည်။ ကျန်းချန်ရှန်းကသာ ဒါကို ရှင်းရှင်းလင်းလင်း သိနိုင်ပြီး သာမာန်လူများကတော့သိနိုင်မည်မဟုတ်ပေ။

ခိုးဝင်လာသူသာ ဘုရားကျောင်းကတပည့်တွေကိုနာကျင်စေခဲ့လျှင် အခုအချိန်မှာ အလောင်းဖြစ်သွားလိမ့်မည်။

ခိုးဝင်လာသူက အသက်ပြင်းပြင်းရှူလိုက်ပြီး

“သိုင်းလောကသားတွေက ကျွန်တော့်ကို စောရနတ်ဘုရားလို့ ခေါ်ကြတယ်..

သိုင်းပညာလောကရဲ့ သန့်ရှင်းသောမြေရဲ့ အခြေခံအုတ်မြစ်ကို စမ်းသပ်ပြီး စီနီယာရဲ့ အဆုံးစွန်သော နည်းပညာကို ခိုးယူနိုင်မလားလို့စမ်းကြည့်တာပါ..."

အခုချိန်မှာ ဝန်မခံလျှင်သေရလိမ့််မည်။ မည်သို့ပင်ဆိုစေ ညသန်းခေါင်မှာ တစ်စုံတစ်ယောက်ရဲ့ ပိုင်နက်ထဲကို ဝင်ရောက်ခြင်းသည် ကောင်းသောကိစ္စမဟုတ်ပေ။

ဒါပေမယ့် ကျန်းချန်ရှန်းက သူ့ကို မသတ်သေးဘဲမေးခွန်းများသာဆက်မေးခဲ့သည်။

"မင်းမှာ နာမည်မရှိဘူးလား?"

“ကျွန်တော်က ငယ်ငယ်ကတည်းက မိဘမဲ့ပါ... ကျွန်တော့်ဆရာက ရူးသွပ်နေတဲ့ ပညာရှင်ဖြစ်မို့ ကျွန်တော့်ကို ခွေးကောင်လို့ ခေါ်တယ်… အဟမ်း၊ စီနီယာ...ကျွန်တော်မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး....နာမည်ကြီးချင်ရုံသက်သက်ပါ ...ကျွန်တော်တို့လုပ်ငန်းနယ်ပယ်မှာ ခိုးယူတဲ့ပစ္စည်းအဖိုးတန်လေ နာမည်ကျော်ကြားလေပါပဲ...ဒါမှသာ ချမ်းသာတဲ့သူတွေအလုပ်လာအပ်ကြမှာ....."

သူသည် ကျန်းချန်ရှန်း ရှေ့မှာ ဒူးထောက်လိုက်ပြီး တုန်တုန်ယင်ယင်ဖြင့်ဉီးချရှိခိုးလိုက်သည်။

“ဆရာတော် ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ....နောက်ဆိုဘယ်တော့မှ လုံချီ ဘုရားကျောင်းကိုထပ်မဝင်တော့ဘူး ဆိုတဲ့ စကားကို ကျေကျေနပ်နပ်ကြီး သတင်းဖြန့်လိုက်ပါ့မယ်...."

ပိုင်ချီ က ရယ်မောလိုက်ပြီး... "ခွေးကောင်တဲ့လား...မင်းရဲ့ဆရာကနာမည်ပေးတာတော်သားပဲ...."

စောရနတ်ဘုရား အရှက်ကွဲခြင်းကို ခံစားခဲ့ရသော်လည်း တုံ့ပြန်ဝံ့ခြင်းမရှိပေ။

ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး "ရှုထျန်းကျိ အကြောင်း ကြားဖူးလား"

စောရနတ်ဘုရားက ခေါင်းကို မော့ကာ... “သူ့အကြောင်း ကြားဖူးတယ်။ သူက သိုင်းလောကရဲ့ ဂရမ်းမာစတာ ဆယ်ဦးထဲက တစ်ဦးဖြစ်ပြီး စစ်ရေးအရ ရာထူးအမြင့်ဆုံးသော သိုင်းပညာရှင်ဆိုလည်းဟုတ်တယ်..."

“အဲဒီတုန်းက ရှုထျန်းကျိ ပြဿနာ ကြုံလာရတဲ့အခါ သူ အသက်ရှင်ကျန်ရစ်ရတဲ့ အကြောင်းရင်းက လုံချီ ဘုရားကျောင်းမှာ ဆယ်နှစ်ကြာအောင် ကြမ်းတိုက်ဖို့ ဆန္ဒရှိလို့ပဲ....မင်းလဲ ဆယ်နှစ်ကြာအောင် ကြမ်းတိုက်တံမြက်စည်းလှည်းဖို့ရွေးချယ်မှာလား.....”

"ဆယ်နှစ်?"

စောရနတ်ဘုရား အလွန်ထိတ်လန့်သွားပြီး သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။

ကျန်းချန်ရှန်းသည် သူ့ခန္ဓာကိုယ်ထဲသို့ သေခြင်းရှင်ခြင်းတံဆိပ်ကို ထိုးသွင်းလိုက်သည်။ စောရနတ်ဘုရား ချက်ချင်းပင် တုန်လှုပ်သွားပြီး အလွန်ထိတ်လန့်သွားသည်။ ထိုကြောက်စရာကောင်းသော စွမ်းအားသည် သူ့ခန္ဓာကိုယ်ထဲတွင် ပျံ့လွင့်နေသည်ကို ခံစားနိုင်သည်။

“ဒါက သေခြင်းရှင်ခြင်းစည်းတံဆိပ်ပဲ.... မင်း ဘယ်လောက်ပဲ ပြေးနေပါစေ ငါ့ရဲ့ စွမ်းအင်တွေ လည်ပတ်ပြီးတာနဲ့ မင်းသေလိမ့်ရမယ်.... လုံချီတောင်ကို နာခံစွာ စောင့်ရှောက်ပါ။ မင်းက ငယ်သေးတယ်.....ရှုထျန်းကျိ တောင်ပေါ်ကနေ ထွက်သွားတော့ သူ့အသက် 40 ပဲရှိသေးပေမယ့် ကျော်ကြားပြီးချမ်းသာနိုင်သေးတယ်...."

ကျန်းချန်ရှန်းက စောရနတ်ဘုရား၏မျက်နှာကို ခပ်ဆတ်ဆတ် ပုတ်လိုက်ပြီး မထွက်သွားခင် ရယ်မောလိုက်သည်။

စောရနတ်ဘုရား နဖူးကို မြေကြီးနဲ့ ထိထားပြီး သူ့မျက်နှာပေါ်မှာ မျက်ရည်တွေ စီးကျလာသည်။

ပိုင်ချီက...."ညီလေး၊ သည်းခံပါ....ဆယ်နှစ်ဆိုတာ အရမ်းမြန်တယ်... ဟိုတုန်းက ငါလည်း မင်းလိုပဲဝမ်းနည်းခဲ့ဖူးတယ်.... အခု ဆယ်နှစ်ကျော်သွားပြီဆိုတာတောင် တောင်ပေါ်ကနေ ထွက်သွားဖို့စိတ်ကူးမရှိတော့ဘူး....”

ထိုစကားကိုပြောပြီးနောက် လှည့်ကြည့်ကာ ကျန်းချန်ရှန်းနောက်သို့ လိုက်သွားခဲ့သည်။

စောရနတ်ဘုရား တုန်လှုပ်သွားပြီး သူ့ဘဝတစ်ခုလုံး မှောင်မိုက်သွားသည်ဟု ခံစားလိုက်ရသည်။

နံနက်ခင်းတွင် လူငယ်တစ်ဉီး လုံချီ ဘုရားကျောင်းရှေ့တွင် တံမြက်စည်းလှည်းနေသည်။ထိုသူသည် စောရနတ်ဘုရားဖြစ်ပြီး ဝမ်ချန်းက သူ့ကို တာအို၀တ်စုံ ပေးခဲ့သည်။ ယခု သူသည် လုံချီ ဘုရားကျောင်း၏ တပည့်တစ်ဦးနှင့်တူသည်။ သူသည် ချောမောပြီး ငယ်ရွယ်သူဖြစ်ပြီး အသက်နှစ်ဆယ်ကျော်ခန့်ရှိပုံရသည်။

စောရနတ်ဘုရား၏ မျက်နှာရှုံ့မဲ့နေပြီး သူ့နှလုံးသားကလည်း အလွန်နာကျင်နေပါသည်။

တပည့်ငယ်တစ်ဦးရောက်လာပြီး...

. “အကိုကြီးက လူသစ်လား...ဘယ်ခြံဝင်းကလဲဟင်...."

စောရနတ်ဘုရားက ဒေါသတကြီးနဲ့...

" ထွက်သွားစမ်း...."

"ဘာလို့ ကျွန်တော့်ကိုအော်တာလဲ"

"အော်တော့ဘာဖြစ်လဲကွာ...."

“ အနိုင်ကျင့်နေတာလား...ရတယ်..ဉီးလေးဟွမ်နဲ့သွားတိုင်မယ်..."

ဉီးလေးဟွမ်???

နာမည်ကြီး ဟွမ်းချွမ်မျာလား....

စောရနတ်ဘုရားက သူ့ကို အလျင်အမြန်တားပြီး ပြုံးလိုက်က...."တောင်းပန်ပါတယ် ညီငယ်....အစ်ကို့မှာ စိတ်ညစ်စရာလေးတွေရှိနေလို့ပါ.... ငါ ဒီည ကြက်ကင်စားဖို့ မင်းကို တောင်အောက်ခေါ်သွားမယ်လေ...."

တပည့်လေယက မျက်လုံးပြူးပြီး "ကောင်းပြီ!"

စောရနတ်ဘုရားက အံ့သြတကြီးဖြင့်.... “မင်းဒီလိုပဲ သဘောတူလိုက်တာလား... လုံချီ ဘုရားကျောင်းကတပည့်တွေက အသားစားလို့ရလို့လား...."

“ရတယ်လေ.... ကျွန်တော်တို့က ဘုန်းကြီးတွေမှမဟုတ်တာ ကျင့်ကြံသူတွေမို့ ရိုးရာတာအို ဘုရားကျောင်းတွေနဲ့မတူဘူး...ကျွန်တော်တို့တွေ လက်ထပ်ပြီး ကလေးယူနိုင်သေးတယ်... ဒါပေမယ့် ကျွန်တော်တို့ အောင်မြင်နိုင်မှပါ.....

တပည့်လေးရဲ့ရှင်းပြချက်ကြောင့် နောက်ဆုံးတော့ သဘောပေါက်သွားခဲ့သည်။ သူသည် စီနီယာအစ်ကိုမဟုတ်သော်လည်း ဂျူနီယာအစ်ကိုတစ်ယောက်ဖြစ်ကြောင်း သိလာရသည်။

စောရနတ်ဘုရားက စိတ်ဝင်စားပြီး သူနဲ့ စကားစမြည်ပြောဖြစ်ခဲ့ကြသည်။

နေမင်းကြီးသည် အရှေ့အရပ်သို့ တဖြည်းဖြည်း ကြွလာကာ ကိုးကွယ်ဆည်းကပ်သူများ တောင်ပေါ်သို့ တက်လာသည်။

မွန်းတည့်ချိန်နီးသောအခါ သိုင်းပညာရှင်တစ်စု တောင်ပေါ်သို့တက်လ.ပြီး သူတို့အထဲတွင် အပြာရောင်ဝတ်ဆင်ခါးသည့် အမျိုးသားတစ်ဦးက တံမြက်စည်းလှည်းနေသည့် စောရနတ်ဘုရားကိုမြင်ပြီး မျက်လုံး ပြူးကျယ်သွားသည်။

သူက ရှေ့ကို အမြန်လျှောက်လာပြီး

"အကိုကြီး၊ ဘယ်လိုတွေဖြစ်ကုန်တာလဲ....."

စောရနတ်ဘုရားက သူ့ကို စိုက်ကြည့်လျက် “ပါးစပ်ပိတ်ပြီး တောင်ပေါ်က ဆင်းသွားစမ်း...မင်းငါ့ကိုတွေ့ဖူးတယ်လို့ မပြောနဲ့......"

ဝတ်လုံပြာဝတ်အမျိုးသားက အံ့ဩသွားပြီး “အစ်ကို ဘာဖြစ်နေတာလဲ” ဟု တိုးတိုးလေးမေးသည်။

“ငါ ကံဆိုးမှုတစ်ခုနဲ့ကြုံပြီး လုံချီ ဘုရားကျောင်းအတွက် ဆယ်နှစ်ကြာ တံမြက်လှည်းပေးရမယ်...အဲ့တော့ ငါ ဆယ်နှစ် အနားယူတော့မယ်လို့ ကြေငြာပေးပါ.... ဆယ်နှစ်အတွင်း မင်းကို သေချာပေါက်လာရှာမယ်... အဲဒီအချိန်ကျရင် ကြီးကြီးမားမား တစ်ခုခုလုပ်ကြရအောင်.. သွားတော့…”

စောရနတ်ဘုရားက လေးလေးနက်နက် ပြောလိုက်ပြီးနောက် နန်းတော်ကို လှည့်ကြည့်လိုက်သည်။

အပြာရောင်ဝတ်ထားသော အမျိုးသား တုန်လှုပ်သွားပြီး အလွန်အမင်း မတွေးဝံ့ပေ။ သူအရမ်းထိတ်လန့်သွားပြီး တောင်ပေါ်ကနေ လှည့်ပြီး ပြေးထွက်သွားခဲ့သည်။စောရနတ်ဘုရားလို ချုပ်နှောင်ခံရမည်ကို သူကြောက်သည်။

စောရနတ်ဘုရားက သူ့နောက်ကျောကိုကြည့်ပြီး သက်ပြင်းချလိုက်မိသည်။

လုချန်းဖန်သည် တောင်ပေါ်မှ လှေကားထစ်များအတိုင်း တက်လာရင်း မနေ့က တည်းခိုခန်းမှာ ကြွားလုံးထုတ်နေတဲ့သူ ကြောက်လန့်တကြားနဲ့ တောင်ပေါ်ကနေ ထွက်သွားတာကိုမြင်တော့ အံ့သြသွားခဲ့သည်။ သို့သော် သူသည် ထိုအကြောင်းကို သိပ်ပြီး မစဉ်းစားဘဲ တောင်ပေါ်သို့ ဆက်တက်ခဲ့သည်။

စောရနတ်ဘုရားကို ကျော်ဖြတ်ပြီး ဗိမာန်တော်ထဲသို့ မဝင်မီ နံ့သာတိုင်အချို့ ဝယ်ယူခဲ့သေးသည်။

စောရနတ်ဘုရားက လုချန်းဖန်ကို စိုက်ကြည့်နေပြီး.... ‘ဘယ်လောက်လေးနက်တဲ့ အရည်အချင်းလဲ.....ဒုက္ခရောက်ပါစေလို့ဆုတောင်းပေးပါတယ်...ဒါမှငါလည်းနည်းနည်းဖြေသာမှာ....."

စောရနတ်ဘုရား ဝမ်းနည်းပက်လက်နဲ့သက်ပြင်းချလိုက်မိသည်။ လုံချီ ဘုရားကျောင်းကို လာခဲ့မိသည့်အတွက်လည်း အပြင်းအထန်နောင်တရနေမိသည်။

All Chapters