ချောင်ဂိုဏ်းများ၏ ဝိုင်းရံထားမှု...မွန်းစတားပင်းအန်း.....
Vol. 5 Ch. 69
တိမ်ပင်လယ်ထက်မှာ အရိပ်တစ်ခုက လေအဟုန်နှင့်အတူ လွင့်ပျံနေသည်။
ထိုအရိပ်ပိုင်ရှင်က ကျန်းချန်ရှန်းပင်....
ကျန်းချန်ရှန်းသည် တိမ်တိုက်တစ်ခုပေါ်တွင် ရပ်နေပြီး မြေပြင်အထက် ပေ ၁၀၀၀၀ နီးပါးတွင်ပျံသန်းနေခြင်းဖြစ်သည်။
သူ၏ ဝတ်ရုံနှင့် အနက်ရောင်ဆံပင်များက လေပြင်းထဲတွင် လွင့်ပျံနေပြီး သူ့မျက်နှာတွင် အပြုံးများ ပြည့်နှက်နေကာ အလွန်ပျော်ရွှင်နေပါသည်။
ဒါက ဓားပျံစီးနင်းခြင်းထက်ပင် ပိုအဆင်ပြေပြီး ပိုမြန်သည်။
“တိမ်တိုက်စီးနင်းခြင်းပညာရပ်တစ်ခုတည်းနဲ့တင် အရမ်းမြန်နေပြီဆိုတော့ မိုင်ထောင်ပေါင်းများစွာကို ကျွမ်းတစ်ချက်ထိုးရုံနဲ့ရောက်နိုင်မယ်ဆိုဘယ်များနေမလဲ...."
ကျန်းချန်ရှန်း စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။အောက်ကိုငုံ့ကြည့်လိုက်ပြီး သူ့အကြည့်တွေက တိမ်ပင်လယ်ကိုဖြတ်သန်းသွားကာ တောင်တန်းများ၊ စိမ်းလန်းသော တောင်ကုန်းများနှင့် ကြည်လင်သောရေပြင်ကိုပင် မြင်နိုင်သည်။ တိမ်တိုက်များသည် တောင်ထိပ်များကို ဝိုင်းရံထားသဖြင့် ၎င်းကို ကမ္ဘာပေါ်ရှိ နိဗ္ဗာန်ဘုံတစ်ခုအဖြစ်ပင် မြင်ယောင်နေပါသည်။
အရင်တုန်းကတော့ မြို့တော်ကို လှည့်ပတ်ပျံသန်းဖူးသော်လည်း တကျနတစ်တိုင်းပြည်လုံးကို မမြင်ဖူးပေ။
တောင်တွေကြားက မြို့တစ်မြို့ကို မြင်နေရပြီး လမ်းကြောင်းအရပ်ရပ်သို့ ဦးတည်နေသော ရထားလုံးများနှင့် လူများကို ယောင်ဝါးဝါးမြင်နိုင်သည်။
တကျန်းသည် ယခုအချိန်တွင် အမှန်တကယ် ချမ်းသာနေပြီဖြစ်သည်။
ကျန်းချန်ရှန်းသည် သိုင်းပညာလေ့ကျင့်နေရင်း တောင်ကုန်းပေါ်တွင် သိုးထိန်းကျောင်းနေသည့် ကလေးတစ်ဦးကိုလည်း တွေ့လိုက်ရသည်။ တခုခုကို တွေးမိလိုက်တဲ့အခါ သူ့အိတ်ကပ်ထဲက အလွန်ပါးလွှာတဲ့ လျှို့ဝှက်လက်စွဲစာအုပ်ကို ထုတ်လိုက်သည်။ထိုစာအုအပ်ကို အပျင်းပြေ လက်ရေးလှစာလုံးလေ့ကျင့်ဖို့ ရေးသားခဲ့ခြင်းဖြစ်သည်။ ထို့နောက် သူသည် ဝိညာဉ်စွမ်းအားကို အသုံးပြုကာ လျှို့ဝှက်လက်စွဲစာအုပ်ကို သိုးကျောင်းသားလေးထံ ပေးပို့ခဲ့သည်။
အဲဒီထဲမှာ သိုင်းကျမ်းတစ်ခုရဲ့ မှတ်တမ်းပါရှိသဖြင့် ကောင်းကင်ဘုံမှ လက်ဆောင်တစ်ခုအဖြစ် ယူဆနိုင်သည်။
ကျန်းချန်ရှန်းက ခေါင်းမော့ကာ အားပါးတရ ရယ်မောပြီးလှည့်ထွက်လာခဲ့လိုက်သည်။ တောင်ကုန်းပေါ်က သိုးကျောင်းသားလေးကတော် သူ့ရယ်သံကို မကြားလိုက်ရပေ။ လျှို့ဝှက်လက်စွဲစာအုပ် သူ၏အမြင်အာရုံထဲသို့ ဝင်ရောက်လာသောအခါ သိုးကျောင်းသားလေး မှင်သက်နေရှာသည်။
"ဒီကလေး... သိုင်းလောကရဲ့ ဒဏ္ဍာရီဖြစ်လာနိုင်မလား....."
ကျန်းချန်ရှန်း တိတ်တဆိတ် မျှော်လင့်နေရင်း တိမ်တိုက်စီးနင်းခြင်းပညာရပ်ကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် လိုက်လျောညီထွေဖြစ်အောင် နည်းလမ်းအမျိုးမျိုးဖြင့် လှည့်ပတ်ပျံသန်းနေခဲ့သည်။
ချန်းဝူခေတ်၏ 11 နှစ်......
"မေလမှာ ရှုထျန်းကျိက ကျန်းနန်ကို သွားပြီး ဧကရာဇ်ယန်ကျောက်ကို တိုက်ခိုက်ဖို့ ကောင်းကင်လောင်ကျွမ်းခြင်းစံအိမ်ကို တစ်ယောက်တည်းသွားခဲ့တယ်.... ဧကရာဇ် ယန်ကျောက်ကို အနိုင်မယူနိုင်ခဲ့ပေမယ့် ရှုထျန်းကျိ အောင်မြင်စွာ လွတ်မြောက်ခဲ့တယ်...ဒီတိုက်ပွဲမှာ ကောင်းကင်လောင်ကျွမ်းခြင်းစံအိမ်ရဲ့ စိတ်ဓာတ်သည် အလွန်လျော့ကျသွားပြီး ဧကရာဇ်ယန်ကျောက်က ကမ္ဘာပေါ်မှာ ဒုတိယအင်အားအကြီးဆုံး သိုင်းပညာရှင် မဟုတ်ကြောင်း သိုင်းလောကတစ်ခုလုံးသိကုန်ကြပြီ....."
လီကျွင်းက စိတ်လှုပ်ရှားစွာဖြင့် သတင်းအချက်အလက်များပြောပြပေးနေသည်။ ရှုထျန်းကျိသည် ကျန်းချန်ရှန်းထံမှ လမ်းညွှန်မှုကို လက်ခံရရှိခဲ့ကြောင်း လီကျွင်းသိထားသည်။ တစ်နည်းအားဖြင့် သူနှင့် ရှုထျန်းကျိကို ဂိုဏ်တူညီအစ်ကိုအဖြစ် ယူဆနိုင်သည်။
ကျန်းချန်ရှန်းက ပြုံးပြီး..... "ဒါဆိုရင် ဧကရာဇ်ယန်ကျောက်က အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူ မဟုတ်ဘူးလား"
အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်လက်ကနေ ရှုထျန်းကျိ မည်သို့လွတ်မြောက်နိုင်မည်နည်း။
လီကျွင်းက ခေါင်းခါပြီး “ဒါတော့ ကျွန်တော်လည်းသေချာ မသိဘူး.... ဘာပဲဖြစ်ဖြစ် ရှုထျန်းကျိက အရမ်းသန်မာတယ်...သူက နောက်ထပ် အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာနိူင်တယ်..."
ဝမ်ချန်းက သူတို့အနားရောက်လာပြီး.... “ရှုထျန်းကျိက အစစ်အမှန်သိုင်းစံအိမ်ရဲ့ အကောင်းဆုံး သိုင်းပညာတွေကို သင်ယူခဲ့တာကြောင့်ပါ.... သူ့နယ်ပယ်က ဧကရာဇ်ယန် လောက် မမြင့်မားပေမယ့် လွတ်မြောက်နိုင်ခဲ့တယ်...."
သိုင်းပညာကို အားကိုးခြင်းသည် နယ်ပယ်အသီးသီးမှ ရန်သူများကို သတ်ရန် ခက်ခဲသော်လည်း၊ သေဘေးမှ လွတ်ကင်းအောင် လုပ်ဆောင်နိုင်သော နက်နဲသော သိုင်းပညာအချို့လည်း ရှိသေးသည်။ ဥပမာအားဖြင့်၊ စောရနတ်ဘုရားတွင်ထူးထူးခြားခြား ပေါ့ပါးမှုစွမ်းရည်များရှိသည်။ စောရနတ်ဘုရားသည်ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်အဆင့်သာရှိသေးသော်လည်း နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သညီမျှသော ပိုင်ချီ ၏အာရုံစက်ကွင်းကို ရှောင်ရှားနိုင်ခဲ့သည်။
ထို့အတွက်ကြောင့် ကျန်းချန်ရှန်းသည် စောရနတ်ဘုရားကို အသက်ချမ်းသာပေးခဲ့ပြီး အနာဂတ်တွင် အသုံးဝင်နိုင်မည်ဟု တွေးဆခဲ့သည်။
ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး ..."မင်းကြီးက ကောင်းကင်လောင်ကျွမ်းခြင်းစံအိမ်ကို ဖြိုခွင်းဖို့ ပြင်ဆင်နေပုံပဲ....."
လီကျွင်းက လှောင်ပြောင်သောလေသံဖြင့်....
“သူတို့ကို ဖိနှိပ်သင့်တယ်....ကောင်းကင်လောင်ကျွမ်းခြင်းစံအိမ်က တောင်ပိုင်းသိုင်းလောကကို နှစ်ပေါင်းများစွာ လွှမ်းမိုးခဲ့ပြီး မရေမတွက်နိုင်တဲ့ ကြွယ်ဝမှုနဲ့ သိုင်းပညာအရင်းအမြစ်တွေကို စုဆောင်းခဲ့ကြတယ်... မကြာသေးမီက ဝတ်ဖြူတော်အစောင့်တပ်ဖွဲ့အတော်များများ မြို့တော်ကနေ ထွက်သွားကြပြီ... ဧကရာဇ် ယန်ကျောက်က သိပ်မကြာခင် လမ်းပေါ်က ကြွက်တစ်ကောင်လို သုတ်သင်ခံရလိမ့်မယ်.... ”
ကောင်းကင်လောင်ကျွမ်းခြင်းစံအိမ် မည်မျှပင် ခိုင်ခံ့စေကာမူ ၎င်းသည် တကျန်း ဧကရာဇ်မိသားစုထက် ခိုင်ခံ့နိုင်မည်မဟုတ်ပေ။ စစ်မှန်သော သိုင်းစံအိမ်နှင့် သိုင်းပညာစာမေးပွဲများဖြင့် နှစ်အတော်ကြာ သိုင်းပညာရှင်များ စုဆောင်းပြီးနောက်၊ တော်ဝင်တရားရုံးလက်အောက်ရှိ သိုင်းပညာရှင်တို့၏ အင်အားသည် အလွန်ကြောက်စရာကောင်းသည့် အဆင့်သို့ ရောက်ရှိခဲ့ပြီး သိုင်းလောကကို တုန်လှုပ်စေရန် လုံလောက်ခဲ့သည်။
လီကျွင်းက တောင်ပေါ်ကနေ မထွက်သွားခင် နောက်ထပ် အချက်အလက်တချို့ကို ပြောခဲ့သေးသည်။
ဝမ်ချန်းက တံမြက်စည်းရိုးကိုကိုင်ကာ သက်ပြင်းချလိုက်ပြီး....
" လီကုန်းကုန်းကို မတွေ့ရတာကြာတော့ သတိရနေမိတယ်...."
ဝမ်ချန်း၏ ဆံပင်များ တဖြည်းဖြည်း ဖြူစပြုလာပြီး သူသည်လည်း ငယ်ရွယ်နုပျိုသူမဟုတ်တော့ပေ။
ကျန်းချန်ရှန်းက.... “လူတိုင်းမှာကံကြမ္မာကိုယ်စီရှိကြပါတယ်.... သူ အသက်ရှည်ရှည်နေခဲ့ပြီးပြီပဲ......."
လီကုန်းကုန်းသည် ကျန်းယွမ်ထက်အသက်ကြီးသောကြောင့် ယခုအခါတွင် အသက် 90 ကျော်နေပြီဖြစ်သည်။
ဝမ်ချန်းက ပြုံးလိုက်ပြီး...." တာအိုဆရာတော်...မင်းကတော့ တကယ်မအိုသေးဘူးထင်တယ် .... ဟွာဂျန်ရှင်းကိုပဲကြည့်လိုက်.... ငယ်ရွယ်နုပျိုနေသေးပေမယ့် ဇရာရဲ့အရိပ်အယောင်တွေထင်ဟပ်နေပြီ.... မင်းအကတော့ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ယောက်လိုပဲ.....”
ကျန်းချန်ရှန်းက ခေါင်းခါလိုက်ပြီး....
“ငါက တောင်ပေါ်က တခါမှမဆင်းခဲ့ဖူးဘူး.....ဟွာဂျန်ရှင်းက ဘဝရဲ့ သေခြင်းတရားတွေ၊ နာကျည်းမှုတွေ အများကြီး ကြုံတွေ့ခဲ့ရတာကြောင့်ပါ...”
ဝမ်ချန်းက ထိုရှင်းပြချက်ကို ဖြစ်နိုင်သည်ဟု ခံစားမိသော်လည်း ကျန်းချန်ရှန်းကို သူတကယ်ပင် လေးစားရိုသေဆဲပင်.... တောင်ပေါ် မှာ တစ်ချိန်လုံးနေနိုင်တယ်ဆိုတော့ တကယ့်ကို ကျင့်ကြံသူစစ်စစ်တစ်ယောက်ပဲ .....
ထိုစဉ် ဟွမ်းချွမ် ရုတ်တရက် ရောက်လာပြီး
“ဆရာကြီး...ဟိုကောင်စုတ်လေးလင်းရှောင် တောင်ပေါ်က ဆင်းသွားပြန်တယ်..... ကလဲ့စားချေဖို့ပဲနေလိမ့်မယ်....."
လင်းရှောင်၏ အရင်ခရီးစဉ် မချောမွေ့ခဲ့ပေ။ တပည့်အသစ်တစ်စုကို ပြန်ခေါ်လာခဲ့ပေမယ့် သူ့တပည့်နှစ်ယောက်ကိုလည်း ဆုံးရှုံးခဲ့ရသည်။ ခရီးသွားနေစဉ် အမျိုးသမီးတစ်ဦးကို ကယ်တင်ခဲ့သော်လည်း ထိုအမျိုးသမီး၏ ရန်သူများက မရပ်တန့်ခဲ့ပေ။ ထို့ကြောင့် လင်းရှောင်သည် ဂိုဏ်းတစ်ခုလုံး၏ ဝိုင်းရံခံထားရပြီး ထိုအမျိုးသမီး အသတ်ခံရသည်ကို ကိုယ်တိုင်တွေ့မြင်ခဲ့ရသည်။ ထို့နောက် တပည့်များနှင့်အတူ ပြေးခဲ့ရသည်။ ဟွမ်းချွမ် သူတို့ကို ကယ်တင်ရန် အချိန်မီရောက်လာသောကြောင့်သာ ကယ်တင်ခြင်းခံခဲ့ရသည်။ ဤတိုက်ပွဲသည် ဟွမ်းချွမ်၏နာမည်ကို သိုင်းလောကတွင်ပိုမိုကျော်ကြားစေခဲ့သည်။
သို့သော် ထိုအချိန်မှစ၍ လင်းရှောင် ပြောင်းလဲသွားခဲ့သည်။ ယခင်က ရှက်တတ်သော်လည်း ယခုတော့ ခပ်မိုက်မိုက်ပင်။ သူ၏ အရည်အချင်းနှင့် စကြဝဠာ၏ ကောင်းကင်ဘုံကျမ်းစာနှင့်အတူ၊ သူသည် ယခုနှစ်တွင် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး သူ၏ ခွန်အားသည် အလွန်တိုးမြင့်လာခဲ့သည်။
ကျန်းချန်ရှန်းက.... "ထားလိုက်ပါ...သိုင်းလောကမှာ ကလဲ့စားချေတယ်ဆိုတာ ပုံမှန်ပဲလေ....."
သူသည် ထိုသို့သော အရာများကို ကြုံတွေ့ခဲ့ဖူးပြီးသားပင်....
အရင်တုန်းက သူ့ရဲ့အကြီးဆုံးအစ်ကိုက အမျိုးသမီးတစ်ယောက်အတွက်နဲ့ နတ်ဆိုးတစ်ကောင်တောင် ဖြစ်ခဲ့ဖူးသည်မဟုတ်လော.....
ဟွမ်းချွမ်က သက်ပြင်းချလိုက်ပြီး....
"သူက အဲ့အမျိုးသမီးကိုကြိုက်နေတာမဟုတ်ဘဲ မခံချင်စိတ်ကြောင့် လက်စားချေချင်နေတာ.... သိုင်းလောကမှာ စည်းမျဉ်းတွေရှိတယ်... ဒီကိစ္စက ကြီးကျယ်တဲ့ကိစ္စမဟုတ်တော့ အစိုးရက ဂရုမစိုက်ဘူး။ ဒါကြောင့် သူ့ကိုယ်သူ အားကိုးချင်တာ.....”
ပိုင်ချီက "ဒါဆို မင်းကတော့ အချစ်ရူးမဟုတ်ဘူးပေါ့ ..."
ဟွမ်းချွမ်က ဂုဏ်ယူစွာနဲ့..... “ကျုပ်အဘိုးက နတ်ဆိုးသခင်ပါ.... ငယ်ငယ်ကတည်းက သေခြင်းတရားကို မြင်တွေ့ဖူးနေတာမို့ ဒီကောင်စုတ်လေးလင်းရှောင်ကကျုပ်နဲ့ ဘယ်လို ယှဉ်နိုင်မှာလဲ"
"အိုးးး ဒါဆို တစ်ချိန်က ကောင်းကင်လောင်ကျွမ်းခြင်းစံအိမ်ကြောင့် အမြီးကုပ်ပြီး ဘုရားကျောင်းကို ပြန်ပြေးလာတယ်လို့ကြားထားတာရရော...."
"ဒါကို ဘယ်သူ့ဆီကကြားတာလဲ"
လူနှင့်ဝံပုလွေတို့သားတို့၏ ရန်ပွဲစတင်လေပြီ....
ပိုင်ချီသည် စိတ်အပန်းဖြေဖို့အတွက် အခုလို ကပ်သီးကပ်ဖဲ့စကားမျိုးပြောတတ်သည်။
ခဏကြာတော့ ချင်ကူလည်း ရောက်လာခဲ့သည်။
ချင်ကူသည် သက်လတ်ပိုင်းအရွယ်ရောက်နေပြီဖြစ်ပြီး ယခုအခါ ဘုရားကျောင်းတွင် အရေးပါအရာရောက်သူဖြစ်နေချေပြီ။ သူသည် အကြီးဆုံးတပည့် ဝမ်လီထက်ပင် ပို၍ပင် နာမည်ကျော်ဇော်ပြီး တပည့်ငယ်များစွာက သူ့ကိုကြောက်ကြသည်။
“အကိုကြီး...လူတစ်ယောက် ရောက်လာပြီး သူ့ကိုယ်သူ ဆရာတော်ရဲ့ တပည့်လို့ ပြောနေတာ်....” ဟု ချင်ကူက ရှုပ်ထွေးသောအမူအရာဖြင့် ပြောခဲ့သည်။
ဆရာတော်ချင်ရှု ထွက်ခွာသွားခြင်းသည် တပည့်ဟောင်းများ၏ နှလုံးသားထဲတွင် ဆူးတစ်ချောင်းလိုဖြစ်နေဆဲပင်။ သူဘာကြောင့် ထွက်သွားမှန်း ဘယ်သူမှမသိခဲ့ကြပေ။
ထိုစကားကြောင့် ကျန်းချန်ရှန်း၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားခဲ့ပြီး
"ဆရာတော်ကြီးရဲ့ထောက်ခံစာပါရင် နေခွင့်ပေးလိုက်ပါ....."
ချင်ကူက.... "သူက အစ်ကိုကြီးနဲ့ပဲတွေ့ချင်တယ်ပြောတယ်....တွေ့ခွင့်မရရင် လုံချီ ဘုရားကျောင်းထဲကို ဝင်မှာ မဟုတ်ဘူး.....”
ကျန်းချန်ရှန်းသည် မူလက ထိုသူကို တွေ့ဖို့မရည်ရွယ်ထား သော်လည်း ဤလူ၏ သဘောထားမှာ အနည်းငယ် ထူးဆန်းနေသည်။ထို့ကြောင့် ဆရာတော်ချင်ရှုနှင့် ပတ်သက်သည့် အကြောင်းကို တွေးကာ.....
“လာတွေ့ခိုင်းလိုက်” ဟုသာ ပြောနိုင်သည်။
အမိန့်ရသည်နှင့် ချင်ကူးက ချက်ချင်း ပြန်ထွက်သွားလေသည်။
ဟွမ်းချွမ်နှင့် ဝမ်ချန်းတို့သည် လိမ္မာပါးနပ်စွာဖြင့် အလိုက်တသိထွက်သွားကြပြီး ပိုင်ချီနှင့် ကျန်းချန်ရှန်းကိုသာ ခြံဝင်းထဲတွင် ထားခဲ့သည်။ ဟွာဂျန်ရှင်းကတော့ ကျန်းရှု နဲ့ အတူ နန်းတော်ဆီ ရောက်နေသောကြောင့် ခြံဝင်းထဲတွင်မရှိပေ။ သူမသည် သိုင်းပညာကို မလေ့ကျင့်တော့ဘဲ ကျန်းရှုကို စောင့်ရှောက်ရန်သာ အာရုံစိုက်ခဲ့သည်။ ဤမြေး
အဖွား၏ ချစ်ခြင်းမေတ္တာက ခိုင်မာလွန်းသဖြင့် ကျန်းချန်ရှန်း မကြာခဏ သက်ပြင်းချမိသည်။
တခဏအကြာတွင် ချင်ကူသည် တာအိုဘုန်းကြီးတစ်ပါးကို ခြံဝင်းအတွင်းသို့ ခေါ်ဆောင်လာသည်။
ထိုလူက အနက်ရောင် တာအို၀တ်စုံကို ၀တ်ထားပြီး အသက်သုံးဆယ်လောက်ရှိပုံရသည်။ သူ့ပါးစပ်ထောင့်မှာ ခပ်တိမ်တိမ်ဓားဒဏ်ရာဟောင်းရှိနေသည့်အတွက် ရုပ်ကြမ်းသည်ဟုထင်ရသည်။
သူ့အကြည့်တွေ ကျန်းချန်ရှန်းပေါ်ကို ရောက်သွားတော့ အတော်လေးတုန်လှုပ်သွားပုံရသည်။ ကျန်းချန်ရှန်း၏ ငယ်ရွယ်မှုကြောင့် တုန်လှုပ်သွားသည်မှာ ထင်ရှားသည်။
ကျန်းချန်ရှန်းက ချင်ကူကို တစ်ချက်ကြည့်လိုက်တော့ ချင်ကူကလည်း အလိုက်တသိထွက်သွားခဲ့သည်။
အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသည့် တာအို ဘုန်းတော်ကြီးက အသက်ပြင်းပြင်းရှူကာ လက်နှစ်ဖက်စုပြီး....
“မင်္ဂလာပါ စီနီယာအစ်ကို ချန်ရှန်း....ကျူပ်နာမည်က နင်းကု ပါ....."
ကျန်းချန်ရှန်းက နင်းကုကို ထိုင်ခိုင်းလိုက်ပြီး ရေနွေးတစ်ခွက်ငှဲ့ပေးလိုက်သည်။
"ဆရာတော် ဘယ်မှာလဲ"
ထိုမေးခွန်းကြောင့် နင်းကူ၏အမူအရာမှာ ရှုပ်ထွေးနေကာ.... “ဆရာတော်က အစောကြီးကတည်းက တကျန်းမှာမရှိတော့ဘူး....အစတုန်းက ကျုပ်ကို လုံချီဘုရားကျောင်းဆီ ပို့ချင်ပေမယ့် တစ်ချိန်က ချောင် ဂိုဏ်းကသိုင်းပညာရှင်တွေနဲ့ တည်းခိုခန်းတစ်ခုမှာကြုံခဲ့ရတယ်.... အဲဒီတုန်းက ချောင်ဂိုဏ်းဆိုတာ နားမလည်သေးဘူး။ ချောင်ဂိုဏ်းက မင်းဆက်တွေထက် တန်ခိုးကြီးမားတဲ့ ဂိုဏ်းတစ်ခုအတွက်ပေးထားတဲ့ နာမည်တစ်ခုဖြစ်မှန်း နောက်ပိုင်း ဆရာတော်ပြောပြမှသာသိခဲ့ရတယ်....ချောင်ဂိုဏ်းတွေက တကျန်းကို တိုက်ခိုက်ဖို့ ပူးပေါင်း ပြင်ဆင်နေတာကို ဆရာတော်ကြားလိုက်ရတယ်...အဲ့ဒီ့နေ့မှာပဲ ချောင်းဂိုဏ်းရဲ့သိုင်းပညာရှင်တွေက တည်းခိုခန်းကလူတိုင်းကို သတ်ဖြတ်ပြီး ကျုပ်နဲ့ဆရာတော်ကို လိုက်ဖမ်းကြတယ်...... ကံကောင်းစွာနဲ့ ကျုပ်တို့တွေ ပင်လယ်ထဲ ခုန်ဆင်းခဲ့လို့ အသက်ဘေးက ကင်းလွတ်ခဲ့ပေမယ့် ဒဏ်ရာတွေကုသဖို့ ကျွန်းတစ်ကျွန်းပေါ်မှာ ပုန်းအောင်းနေခဲ့တယ်... နှစ်နှစ်အကြာမှာ ဆရာတော်ကကျူပ်ကို တကျန်းဆီပြန်လွှတ်ခဲ့ပြီး သူကတော့ ကျန်းမင်းဆက် ရှင်သန်နိူင်ဖို့အခွင့်ရေးရှာရအောင် ခရီးထွက်နေပြီ.. "
ကျန်းချန်ရှန်းက အေးဆေးတည်ငြိမ်စွာနဲ့ "ချောင်ဂိုဏ်းဝင်ဘယ်နှစ်ယောက်ရှိပြီလဲ" လို့မေးတဲ့အခါ....
“နှစ်ယောက်....”
"နှစ်ယောက်ပဲလား?"
“ဟုတ်တယ်၊ သူတို့က ကျန်းမင်းဆက်ကို တိုက်ခိုက်ဖို့ အနီးနားက မင်းဆက်တွေကို စည်းရုံးဖို့ ပြင်ဆင်နေတယ်....စီနီယာအစ်ကို အရမ်းသန်မာတယ်ဆိုတာ သူတို့သိပေမယ့် စီနီယာအစ်ကိုက တစ်ယောက်တည်းပဲလေ.... ကျန်းမင်းဆက် ပျက်ဆီးသွားတဲ့အခါ ခင်ဗျားကို သက်သက်ဖြေရှင်းဖို့ နည်းလမ်းရှာနေကြတာ......"
နင်းကု၏ စကားများက ကျန်းချန်ရှန်းကို မျက်ခုံးပင့်သွားစေသည်။
တကယ်ဆို သူဘယ်လောက်ပဲ သန်မာနေပါစေ သူတစ်ယောက်တည်းသာပင်.... ဒီလို ကြီးကျယ်ခမ်းနားတဲ့ နိုင်ငံကြီးကို ကာကွယ်ဖို့ သူ့အတွက် အရမ်းခက်ခဲပါသည်။
ချောင်ဂိုဏ်းနှစ်ခု၏ အသိုက်ကို တစ်ယောက်တည်းသွားလျှင်ပင် ရန်သူများက တကျန်း မပျက်စီးမချင်း ပုန်းအောင်းနေနိုင်သည်။
ကျန်းချန်ရှန်းသည် ရုတ်တရက် ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။
ရန်သူတွေ အများကြီးရှိမှာကို မကြောက်ပေမယ့် အရှက်မဲ့တဲ့ ရန်သူတွေ အများကြီးရှိမှာကို ကြောက်နေမိသည်။
နင်းကုက ဝတ်ရုံထဲက စာတစ်စောင်ကို ထုတ်ကာ လက်ဖက်ရည်ခွက်ကို တစ်ကျိုက်တည်း သောက်ပြီး မတ်တပ်ထရပ်လိုက်သည်။
ကျန်းချန်ရှန်းက.... "မင်းဘယ်သွားမလို့လဲ"
နင်းကုက ....“ဆရာတော်ကိုရှာရမယ်...ကျူပ် ဒီကိုလာတာ ဆရာတော်ပေးလိုက်တဲ့စာကိုပေးဖို့သက်သက်ပဲ.... "
“ကမ္ဘာကြီးက ကြီးမားကျယ်ပြန့်လွန်းတယ်... မင်း သူ့ကို ဘယ်လိုရှာမလဲ.....ဒီမှာပဲနေလိုက်ပါ.... "
“ကျုပ်အသက်ကို ဆရာတော် ကယ်တင်ခဲ့တာ... ကျုပ်က လုံချီဘုရားကျောင်းရဲ့တပည့်မဟုတ်ဘူး...ကျုပ်ရဲ့ဆရာရှိနေတဲ့ ဘယ်နေရာပဲဖြစ်ဖြစ် ဒါ ကျူပ်ရဲ့အိမ်ပဲ......"
နင်းကုသည် နောက်သို့ လှည့်မကြည့်ဘဲ ခြံဝင်းထဲမှ ထွက်သွားခဲ့သည်။
ကျန်းချန်ရှန်း ထိုစကားကိုကြားသောအခါ သူ့ကို မတားခဲ့ပေ။
လူတိုင်းမှာ ကိုယ်ပိုင်ဆန္ဒတွေရှိကြသည်။ ဆရာတော်ချင်ရှုသည် ထိုသို့သော တပည့်တစ်ဦးကို ပြုစုပျိုးထောင်ပေးနိုင်ခဲ့သည့်အတွက် ကျေးဇူးတင်သင့်ပါသည်။
သို့သော် ကျန်းချန်ရှန်းသည် ဆရာတော်ချင်ရှုထံမှ ဘာမှ မသင်ယူနိုင်ပေ။ ယခု သူသည် မြို့တော်နှင့် လုံချီ ဘုရားကျောင်းအတွက် လိုအပ်သောကြောင့် သူ မထွက်ခွာနိုင်တော့ပေ။
ကျန်းချန်ရှန်းက စာကိုဖွင့်လိုက်သည်။ အကြောင်းအရာများသည် နင်းကု ပြောခဲ့သည့်အတိုင်းပင်။ဆရာတော်က သာကြောင်းမကြောင်းတောင် မမေးထားဘဲ ဒါဟာ သာမန် ထောက်လှမ်းရေး စာတစ်စောင်လိုပင်.... သို့သော် နောက်ဆုံးစာကြောင်းက သူ့ကို ထိရှစေခဲ့သည်။
"မင်းမှာ အးလုံးကိုကာကွယ်ဖို့ အင်အားမရှိရင် ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ....."
ကျန်းချန်ရှန်း စာကိုတိတ်တဆိတ် ဖယ်လိုက်ပြီး အမွှေးတိုင်အရေအတွက်ကို စစ်ဆေးကြည့်ခဲ့သည်။
[လက်ရှိ အမွှေးတိုင်အရေအတွက်... ၇၄,၀၀၃]
"တကျန်းကို ဝိုင်းထားဖို့ ပြင်ဆင်နေတဲ့ ချောင်ဂိုဏ်းဝင်အားလုံးကို ငါ အလွယ်တကူ နှိမ်နင်းနိုင်မလား"
[အမွှေးတိုင် ၄၀၀၀ လိုအပ်ပါမည်... ဆက်လုပ်ဆောင်လိုပါသလား။]
အမွှေးတိုင်အရေအတွက် 4,000 သည် ပေါ့သေးသေးပမာဏမဟုတ်ပေ။
ပြဿနာက ရန်သူများက တကျန်းကို ဦးစွာပစ်မှတ်ထားခြင်းဖြစ်သည်။
ကျန်းချန်ရှန်းက ဆက်မလုပ်ဖို့သာရွေးချယ်ခဲ့ပြီး ကျန်းဇီယုကို စောစောပြင်ဆင်ခိုင်းဖို့နန်းတော်ထဲသို့ လျှို့ဝှက်အသံပို့ဆောင်ခဲ့သည်။
ချန်းဝူခေါတ်၏ 12 နှစ်တွင်၊ ဧကရာဇ်သည် ကျင်းမင်းဆက်၏နယ်စပ်တွင်တပ်စွဲရန်တပ်သား 800,000 ကိုအမိန့်ပေးခဲ့သည်။ သူသည် ကျင်းမင်းဆက်ကို မျိုချရန် ပထမဆုံးပြင်ဆင်ခဲ့သည်။
နောက်လတွင် သိုင်းလောကကို တုန်လှုပ်စေမည့် သတင်းကြီးတစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်လောင်ကျွမ်းခြင်းစံအိမ်မှ ဧကရာဇ်ယန်ကျောက်သည် လက်နက်ချခဲ့ပြီး စတုတ္ထပးအဆင့် ဗိုလ်ချုပ်ဖြစ်လာခဲ့သည်။ ကောင်းကင်လောင်ကျွမ်းခြင်းစံအိမ်မှ တပည့်များအားလုံးလည်း တပ်ထဲဝင်ပြီကျန်းတွင်ခိုလှုံခဲ့ကြသည်။
ကျန်းချန်ရှန်း ဒီသတင်းကိုကြားတော့ တော်တော်အံ့သြသွားခဲ့သည်။ ဧကရာဇ်သည် ဝတ်ဖြူတော်အစောင့်များမှတဆင့် ဧကရာဇ်ယန်ကျောက်ထံ လွှဲပြောင်းပေးရန် လျှို့ဝှက်စာတစ်စောင် ရေးထားကြောင်း လီဂျွန်ထံမှ ကြားသိရသည်။ သို့သော်လည်း အသေးစိတ်ကိုရှင်းရှင်းလင်းလင်း မသိခဲ့ကြပေ။ ဟွာဂျန်ရှင်းကလည်း ဝတ်ဖြူတော်အစောင့်တပ်ဖွဲ့မှ အနားယူထားသည့်အတွက် သိဖို့နည်းလမ်းမရှိတော့ပေ။
ထိုနေ့ညတွင်....
ကျန်းချန်ရှန်းနှင့် ပိုင်ချီတ်ို့ တစ်ချိန်တည်းတွင် မျက်လုံးဖွင့်လိုက်သည်။ အိပ်နေတဲ့ ပိင်လုံတောင်မှ ခေါင်းကို မြှောက်ပြီး နန်းတော်ဘက်ကို လှမ်းကြည့်နေသည်။
ဒီအော်ရာက.....အစစ်အမှန်နတ်ဘုရားနယ်ပယ် အော်ရာပဲ.....
ထိုအော်ရာသည် အသက်သွေးကိုစတေးပြီးအဆင့်တက်ခဲ့သည့် နတ်ဘုရားဘုန်းတော်ကြီး ကြွယ်ရှင်း၏ အရှိန်အဝါထက်ပင် ပြင်းထန်နေသည်။
ကျန်းချန်ရှန်း သေချာ အာရုံခံကြည့်တော့ ထ်ုအော်ရာက အတော် တည်ငြိမ်နေသည်။
နောက်ဆုံးတော့ သူအောင်မြင်သွားပြီပဲ......
ကျန်းဇီယု၏ အပြည့်အဝထောက်ခံမှုဖြင့် ပင်းအန်းသည် အသက် 33 နှစ်တွင် အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူဖြစ်လာခဲ့သည်။ သူသည် ကမ္ဘာကိုတုန်လှုပ်စေမည့် ပါရမီရှင်တစ်ဦးဖြစ်သည်။
ကျန်းချန်ရှန်း သက်ပြင်းချလိုက်မိသည်။ ကျန်းယွီသည် ခေါင်းမာသော်လည်း၊ အမှန်တကယ် သားကောင်းတစ်ဦးကို မွေးဖွားခဲ့သည်။ ပင်းအန်း၏ သိုင်းပညာစွမ်းရည်သည် သူမြင်ဖူးသမျှတွင် အပြင်းထန်ဆုံးဖြစ်သည်။ သူသည် ငယ်စဉ်ကတည်းက ထူးခြားသော ခွန်အားရှိပြီး သဘာဝအတိုင်းမွေးဖွားလာသည့် သ်ိုင်းပညာရှင်ဖြစ်သည်။ သိုင်းလောကရဲ့ နံပါတ်တစ် ပါရမီရှင်ဟောင်း ရှုထျန်းကျိ ကတောင် သူ့ကို ကြောက်နေခဲ့ရသည်။
ကံမကောင်းသည်က တရားမဝင်သားကို ထောက်ပံ့ဖို့အတွက် ကျန်းယွီက ပင်းအန်းနဲ့ သူ့အမေကို အဆိပ်ခတ်ခဲ့ပြီး ပင်းအန်းကို သူ့တစ်သက်လုံး နစ်နာစေခဲ့သည်။ ဒါက ကောင်းကင်ရဲ့အလိုတော်ဖြစ်နိုင်ပေသည်။ ကောင်းကင်ဘုံ၏ဆန္ဒသည် ပင်းအန်းကို ကျန်းမာစွာ မွေးဖွားခွင့်မပြုပေ။
ပင်းအန်း၏အရည်အချင်းသည် ကြောက်စရာကောင်းသော်လည်း၊ အဓိကအားဖြင့် ကျန်းဇီယုသည် အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူဖြစ်လာစေရန် ငွေပုံအော၍ထောက်ပံပေးခဲ့သည်။ နှစ်များတစ်လျှောက် မင်းဆက်တစ်ခုလုံး၏ ခွန်အားဖြင့် သူစုဆောင်းရရှိခဲ့သော ရှားပါးရတနာအားလုံးကို ပင်းအန်းတစ်ယောက်တည်းအတွက်သုံးစွဲခဲ့သည်။ ဒီအခြေအနေရောက်အောင် ပင်းအန်းတစ်ယောက်တည်းကို ဆေးဖက်ဝင်ရေကန်ထဲမှာ နှစ်နှစ်လောက် စိမ်ထားခိုင်းခဲ့သည်။
ကံကောင်းစွာနဲ့ ပင်းအန်းအောင်မြင်ခဲ့ချေပြီ .....