ကျန်းချန်ရှန်း၏ လိုက်လျောညီထွေမှု....လူတစ်ဦးရှိသောတပ်မတော်.....
Vol. 5 Ch. 70
ထိုညတွင် မြို့တော်တွင် နေထိုင်သော သိုင်းပညာ ကျွမ်းကျင်သူများ အထိတ်တလန့် ဖြစ်ခဲ့ရသည်။ တယောက်ပြီး တယောက် ထွက်လာကြပြီး နန်းတော်ဘက်သို့ ထိတ်လန့်တကြား ကြည့်နေကြသည်။ အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူတစ်ဦး၏ ဖိအားများ ထွက်ပေါ်လာခြင်းကြောင့် လူတိုင်းကို တုန်လှုပ်စေခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်သူတစ်ယောက် နန်းတော်ကို တိုက်ခိုက်သည်ဟု မူလက ထင်ခဲ့ကြသော်လည်း နန်းတော်အတွင်း လှုပ်ရှားမှုမရှိသဖြင့် နန်းတော်တံတိုင်းအပြင်ဘက်တွင် ကင်းလှည့်နေသော နယ်ချဲ့အစောင့်များကလည်း အေးအေးလူလူပင်...ထို့ကြောင့် လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်သူသည် အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့သော ဧကရာဇ်မ၏လက်အောက်ငယ်သား ဖြစ်နိုင်ကြောင်း သူတို့သဘောပေါက်ခဲ့ကြသည်။
"ဘယ်လောက် အစွမ်းထက်တဲ့ အော်ရာလဲ!"
“နန်းတော်မှာ ဒီလို ပညာရှင်ရှိတယ်ဆိုတော့ မဟုတ်မှလွဲရော ဧကရာဇ်လား"
“ဖြစ်နိုင်တယ်...ဧကရာဇ်သည်က သိုင်းလောကဒဏ္ဍာရီရဲ့ တပည့်ပဲလေ....ဧကရာဇ်က လုံချီဘုရားကျောင်းမှာ စကြာဝဠာရဲ့ကောင်းကင်ဘုံကျမ်းစာကိုသင်ယူခဲ့တာမို့ သူ့ခွန်အားက မှန်းဆလိို့တောင်မရဘူး..."
“ တကျန်းက တစ်နှစ်ထက် တစ်နှစ် ပိုအားကောင်းလာတယ်....ဧကရာဇ်ကိုယ်တိုင်က အင်မတန်သန်မာတာမို့ သိုင်းလောကကြီးကတော့ ရှင်သန်ဖို့ ခက်ခဲနေပြီ.... "
"ဒါက ကောင်းတဲ့ကိစ္စမဟုတ်ဘူးလား?"
နောက်တစ်နေ့နံနက်တွင် ကျန်းဇီယုသည် ပင်းအန်းနှင့်အတူ ကျန်းချန်ရှန်းဆီသို့ ရောက်လာခဲ့ကြသည်။
ဟွမ်းချွမ်လည်း ပင်းအန်းကို ရောက်ရှိလာသည်။
ပင်းအန်းသည် နွားတစ်ကောင်ကဲ့သို့ သန်မာနေဆဲပင်... သူသည် အရပ်နှစ်မီတာနီးပါးရှိပြီး ကြီးမားတုတ်ခိုင်သော ခြေလက်များရှိသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် အေးစက်သော အလင်းရောင်အလွှာပါးတစ်လွှာ ထုတ်လွှတ်နေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ကြယ်တာယာချီလွှာသည် သူ့ခန္ဓာကိုယ်ကို မသိစိတ်ဖြင့် ကာကွယ်ထားသောကြောင့် ဖြစ်သည်။
ကျန်းချန်ရှန်းကို မျက်နှာမူရင်း ပင်းအန်း သည် ချက်ချင်းပင် သူ၏ ခက်ထန်သောအမူအရာပျောက်ကွယ်သွားပြီး ကျန်းချန်ရှန်း အနားတွင် နာခံစွာ ထိုင်ကာ ခေါင်းတိုးဝှေ့နေသည်။
"ဘယ်လိုလဲ? ကျွန်တော် သူ့ကို မနှိပ်စက်ခဲ့ဘူး ..ဟုတ်တယ်မလား"
ပေါ့ပေါ့ပါးပါးအဝတ်အစားကို ၀တ်ဆင်ထားသော ကျန်းဇီယုသည် ပြုံးစိစိဖြင့် ပြုံးနေသည်။လုံချီဘုရားကျောင်းသို့ ပြန်ရောက်ပြီးနောက်တွင် ဧကရာဇ်ဟူသောဂုဏ်ပုဒ်များကို ခတ္တစွန့်လွှတ်ထားလိုက်တော့သည်။
ဟွမ်းချွမ်က... “ အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ဆိုတာဒီလိုမျိုးလား.... တကယ်ကို အစွမ်းထက်နေပြီပဲ..... သူ မလှုပ်ဘူးဆိုရင်တောင် ငါ သူ့ကို တိုက်ခိုက်နိုင်မှာမဟုတ်ဘူး.... သူ့ရဲ့စစ်မှန်တဲ့ချီက တောက်လောင်နေတဲ့ မီးလုံးတစ်ခုလို ကြောက်စရာကောင်းလွန်းတယ်.....”
ဝမ်ချန်းက ပင်းအန်း၏မေးစေ့ကို ကိုင်လိုက်ပြီး "သူက အစစ်အမှန်နတ်ဘုရားနယ်ပယ် ဖြစ်လာပေမယ့် ကိုယ်အလေးချိန် ကျသွားပြီ"
ပိုင်ချီသည် ပင်းအန်းကို ကြောက်လန့်တကြားကြည့်နေပြီး သူ့အတွက် တကယ်ကို နားလည်ရခက်နေသည်။
သူတို့က အရူးတစ်ယောက်ကို အစစ်အမှန်နတ်ဘုရားနယ်ပယ်ရောက်အောင်ပြုစုပျိုးထောင်ပေးခဲ့ကြတယ်.... သူ ရူးသွပ်သွားပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်မှာကို မစိုးရိမ်ကြဘူးလား...အဲ့အစားငါ့ကို ပြုစုပျိုးထောင်လိုက်ကြပါလား....
ပိုင်ချီ အလွန်မနာလိုဖြစ်နေမိတော့သည်။
ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး ....
“မဆိုးပါဘူး... သွေးကြောနဲ့ အရိုးတွေ ထိခိုက်ဒဏ်ရာရထားတာမျိုးမရှိဘူး.... မင်းက ငါတွေ့ဖူးတဲ့ အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူတွေထက် ပိုသန်မာတယ်...."
မဟာယာနနဂါးမျှော်စင်၏ခေါင်းဆောင် ရှောင်တုထျန်းသာလျှင် ပင်းအန်းကို နှိမ်နင်းနိုင်ပေမည်။
အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူတစ်ဦးကို ဖန်တီးရန် အရင်းအမြစ်များကို အသုံးပြုလိုလျှင်ပင် ယင်းကို ခံနိုင်ရည်ရှိရန် ကြံ့ခိုင်သော ကိုယ်ခန္ဓာ လိုအပ်နေသေးသည်ဟု ဆိုရမည်ဖြစ်သည်။ အစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ အခြေခံအုတ်မြစ်သည် အရည်အချင်းများစွာ လိုအပ်နေသေးသည်။
ကျန်းဇီယုက ပြုံးလိုက်ပြီး.....
“ဟုတ်ပါတယ်....သူ့ကို နာကျင်အောင် ဘယ်လိုလုပ်ရက်ပါ့မလဲ ...."
ဝမ်ချန်းနှင့် အခြားသူများ ထွက်ခွာသွားချိန်အထိ လူတိုင်း စကားစမြည်ပြောဆိုကြသည်။နောက်ဆုံးတွင် ခြံဝင်းထဲတွင် ကျန်းချန်ရှန်းနှင့်ကျန်းဇီယုသာကျန်ခဲ့သည်။ ပိုင်ချီ ကိုတောင် အပြင်ထွက်ခိုင်းထားသည်။
ကျန်းဇီယုက သူ့အပြုံးကို ပြန်ရုတ်သိမ်းလိုက်ပြီး.... “အဖေ...အဖေအရင်ကပို့ပေးလိုက်တဲ့ ပြည်နယ်သုံးခုနဲ့ဆိုင်တဲ့ အချက်အလက်တွေကို အချိန်အတော်ကြာ ဆွေးနွေးပြီး တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ.... သေခြင်းတရားကို ထိုင်စောင့်နေရုံနဲ့ မရပါဘူး.... ဒါ့ကြောင့် ကျင်းမင်းဆက်က ကျွန်တော်တို့ကို အရင် ခြိမ်းခြောက်ခဲ့တာမို့ကျင်းမင်းဆက်ကနေ စတင်ရမယ်.... ပင်းအန်းနဲ့ သိုင်းပညာရှင်အနည်းငယ်လောက်သာစေလွှတ်လိုက်ရင် ကိစ္စပြတ်ပြီ.... အဲဒီအချိန်ကျရင် သူတို့ နောက်ဆုတ်လို့ မရတော့ဘူး.....ဒီတိုက်ပွဲမှာ ရှုထျန်းကျိ၊ ကျုံးထျန်းဝူ နှင့် ယန်ကျောက်တို့လို ကျွမ်းကျင်သူတွေ ဦးဆောင်ကြလိမ့်မယ်...သူတို့ထဲမှာ ယန်ကျောက်က အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူဖြစ်တာမို့ သေချာပေါက်အောင်မြင်မှာပါ....."
ကျန်းချန်ရှန်းက .... "မင်းက ကျင်းမင်းဆက်ကို မြို့တော်ကို လာဖို့ အတင်းအကြပ်ဖိအားပေးချင်နေတာမလား...."
ကျန်းဇီယုက တခစ်ခစ်ရယ်လိုက်ပြီး "အဖေက ကျွန်တော်နဲ့ တကျန်းကို ကာကွယ်မယ်လို့ ပြောထားတယ်လေ...."
ထိုအချိန်တွင် သူသည် ကျန်းချန်ရှန်း၏ ရှေ့တွင် ကလေးတစ်ယောက်လို ဖြစ်နေသည်။
ကျန်းချန်ရှန်းက ကျန်းဇီယုကိုချစ်ခင်သည့်အတွက် ထိုအပြုမူမျိုးကိုစိတ်အနှောက်ယှက်ဖြစ်မနေပေ။
ဘယ်လိုပဲဖြစ်ဖြစ် သူသည် သူ့သားထက် အသက်ပိုရှည်နိုင်သည်။ ဒါကြောင့် သူ့ကို တစ်သက်လုံး အလိုလိုက်ထားရမည်။
"ငါရှိနေတဲ့အတွက် စိတ်မပူနဲ့"
ကျန်းချန်ရှန်း၏ စကားကြောင့် ကျန်းဇီယု၏အပြုံးကပို၍ပီပြင်လာသည်။ ကျန်းဇီယုသည် သူ့အိတ်ကပ်ထဲမှ မြေပုံတစ်ခုကို ထုတ်လိုက်ပြီး အနီးနားရှိ မင်းဆက်များကို ကျန်းချန်ရှန်းအား မိတ်ဆက်ပေးလိုက်သည်။ ကျန်းဇီယုက အရည်မှန်းချက်ကြီးမားသူဖြစ်ပြီး ကမ္ဘာပေါ်ရှိ မင်းဆက်တိုင်းကို သိမ်းပိုက်ပြီး မည်သည့်ဧကရာဇ်မျှ မအောင်မြင်ဖူးသေးသော အောင်မြင်မှုမျိုးရရှိလိုသည်။
ယခုတွင် တကျန်းတွင် အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်ပညာရှင် နှစ်ယောက်နှင့် ၎င်းတို့ထက်ပင် တန်ခိုးကြီးသော ကျန်းချန်ရှန်းရှိသောကြောင့် ကျန်းဇီယု အနေဖြင့် ချောင်ဂိုဏ်းများကို မကြောက်ခဲ့ပေ။
သားအဖနှစ်ယောက် စကားအကြာကြီး ပြောဖြစ်ခဲ့ကြပြီး ကျန်းဇီယုကသာ စကားအများဆုံးပြောခဲ့သူပင်.... သူ့ဆန္ဒတွေအကြောင်း ပြောတဲ့အခါ အလွန်စိတ်လှုပ်ရှားနေဟန်ရှိပြီး ကျန်းချန်ရှန်းကတော့ ပြုံးကာ နားထောင်နေသည်။
မဟာယာန နဂါးမျှော်စင်ကြောင့်သာ မဟုတ်ရင် သူလည်း လူစား လဲလှယ်ခံရမည် မဟုတ်ပေ။သူသာ နန်းတက်ခွင့်ရခဲ့လျှင် ကျန်းဇီယု ကဲ့သို့ပင် သူရဲကောင်းပီသပြီး ခြားနားသော ဘဝတစ်ခုကို ဖြတ်သန်းနေပေမည်။ ဧကရာဇ်ဖြစ်ခဲ့လျှင်လည်း သမိုင်းတွင် နံပါတ်တစ်ဧကရာဇ်ဖြစ်ရမည်။
ကံမကောင်းစွာဖြင့်၊ ထိုသို့မဖြစ်နိုင်ခဲ့ချေ။
သူ၏ ငယ်ဘဝအတွေ့အကြုံနှင့် ရှင်သန်မှုစနစ်ကြောင့် ကျန်းချန်ရှန်းသည် ကျန်းဇီယု နှင့် လုံးဝခြားနားသော လမ်းကြောင်းသို့ ရောက်ရှိနေပြီဖြစ်သည်။ထို့အတွက်ကြောင့် နောင်တမရဘဲ ပျော်ရွှင်နေပါသည်။
စက်တင်ဘာလတွင် တကျန်းသည် ကျင်း မင်းဆက်ကို ပထမဆုံး ကျူးကျော်တိုက်ခိုက်ခဲ့သည်။ ဒီတိုက်ပွဲမှာ ကျင်းမင်းဆက်က တပ်ဖွဲ့ဝင် ၄၀၀,၀၀၀ကို စေလွှတ်ခဲ့ပေမယ့် တကျန်းကို မတားဆီးနိုင်ပေ။
လွန်ခဲ့သော ဆယ်နှစ်ကျော်က ကျင်း မင်းဆက်ကို တကျနက ရှုံးနိမ့်ခဲ့ဖူးသည်။ ထို့နောက် နှစ်တိုင်း စဉ်ဆက်မပြတ်တိုးတက်လာသည့် တကျန်းကို ရှေးဟောင်းဟန်မင်းဆက်နှင့်ကျင်းမင်းဆက်တို့ မယှဉ်နိုင်ကြတော့ပေ။
နှစ်အနည်းငယ်ကြာအောင် ငြိမ်သက်နေခဲ့ပြီးနောက် တကျန်းသည် အလွန်ကြောက်စရာကောင်းသော အင်အားဖြင့် တိုက်စစ်ဆင်နွှဲနေပြီဖြစ်သည်။ ကျားက သိုးတစ်ကောင်ကို မျိုချသလိုမျိုး၊ အတားအဆီးမရှိပေ။
ထိုသတင်းကောင်းသည် ကျန်းမင်းဆက်သို့ ပျံ့နှံ့သွားခဲ့သည်။ ဧကရာဇ်ယန်ကျောက် သည် အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူ၏ ခွန်အားဖြင့် ရန်သူများကို သုတ်သင်ကာ ပင်းအန်းထက် မနိမ့်ကျသော ကြောက်မက်ဖွယ် ကြီးစိုးမှုကို ပြသခဲ့သည်။ သူ့ရဲ့ ရလဒ်တွေကလည်း သိုင်းလောကကို ဆူပွက်စေခဲ့သည်။
ပထမတော့ သိုင်းလောကထဲက လူအများစုက တရားရုံးက ဧကရာဇ်ယန်ကျောက်ကို ဖမ်းပြီး ကောင်းကင်အကျဉ်းထောင်ဆီပို့လိုက်သည်ဟု ထင်ခဲ့ကြသည်။ ဧကရာဇ် ယန်ကျောက် စစ်မြေပြင်သို့ ရောက်သွားပြီး မင်းဆက်အမျိုးမျိုးကို တုန်လှုပ်စေသော စစ်သူကြီးအဖြစ် အသွင်ပြောင်းသွားမည်ဟု မမျှော်လင့်ထားပေ။ ဤပြောင်းလဲမှုသည် အခြားသော သိုင်းပညာရှင်များကို များစွာ လှုံ့ဆော်ပေးခဲ့သည်။
ထို့ကြောင့် သိုင်းပညာရှင်များက စစ်တပ်ထဲ ဝင်ရောက်ခဲ့ကြပြီး မကြာသေးမီက စစ်ထဲဝင်ခဲ့သော သိုင်းပညာရှင်များကလည််း တိုက်ပွဲတွင်ပါဝင်ရန် အထက်အရာရှိများကို တောင်းဆိုခဲ့သော်လည်း ကျန်းဇီယုက ငြင်းပယ်ခဲ့သည်။ အနာဂတ်တွင် အခွင့်အလမ်းများစွာ ရှိလာမည်ဟု တပ်အသီးသီးသို့လည်း အမိန့်ပေးပို့ခဲ့သည်။
ကျင်းမင်းဆက်ကို ကိုင်တွယ်ရန် တပ်ဖွဲ့ဝင်များစွာမလိုအပ်သေးပေ။
....................
တော်ဝင်စာကြည့်ဆောင်တွင်.......
ဟန်ထျန်းကျီက သဲစားပွဲကို ညွှန်ပြပြီး......
" ကျင်းမင်းဆက်ကို သိမ်းပိုက်ပြီးရင် ကျုပ်တို့ရဲ့ ပစ်မှတ်က အနောက်ဘက်မှာရှိတဲ့ ချန်းမင်းဆက် ဖြစ်သင့်တယ်.... ချန်မင်းဆက်က နယ်မြေကျယ်ပြန့်ပြီး သယံဇာတပေါများတာကြောင့် တစ်ဖက်ကို ခုခံဖို့ သဘာဝအတားအဆီးတွေရှိနေတယ်...ချန်းမင်းဆက်ကို ဖြုတ်ချပြီးတာနဲ့ ဒီလမ်းကြောင်းမှာ ရန်သူတွေ ပေါ်လာမှာကို စိုးရိမ်စရာ မလိုတော့ဘူး..."
တကျန်း၏ အနောက်ဘက်တွင် မင်းဆက်သုံးဆက်ရှိသည်။ အပေါ်မှအောက်ခြေအထိ မြောက်ပိုင်းဇူမင်းဆက်၊ချန်းမင်းဆက်နှင့် နန်ယွမ်မင်းဆက်တို့ဖြစ်သည်။ နန်ယွမ်မင်းဆက်သည် ပင်လယ်နှင့်နီးပြီး သေးငယ်သောမင်းဆက်ဖြစ်သည်။ လူဦးရေနည်းတဲ့အတွက် ဘာမှစိုးရိမ်စရာမရှိပေ။ ချန်မင်းဆက်၏ အခြားတစ်ဖက်တွင်၊ မြင့်မားပြီးလူသူအရောက်အပေါက်နည်းသော တောင်တန်းကြီးများရှိသည်။ ထို့ကြောင့်၊ ချန်မင်းဆက်သည် နှစ်ပေါင်းများစွာကြာအောင် ကျင်းမင်းဆက်ထံမှ မျက်နှာသာရခဲ့သည်။ မြောက်ပိုင်းဇူမင်းဆက်၏ အထက်တွင် သဲကန္တာရများနှင့်လွင်ပြင်များ ရှိပြီး တိုက်ပွဲလမ်းကြောင်းကို ပိုမိုရှည်လျားစေသည်။
ကျန်းဇီယုက... "ချန်းမင်းဆက်ကို တိုက်ခိုက်ရမှာလား...."
ဟန်ထျန်းကျီက.... “မှန်ပါတယ်...အရှင်မင်းကြီးရထားတဲ့ အချက်အလက်တွေအရ ချောင်ဂိုဏ်းနှစ်ခုက တကျန်းကို ဝါးမြိုဖို့ အင်အားသုံးချင်ရင် မြောက်ပိုင်းဇူမင်းဆက်၊အပြင်ဘက်စီရင်ကိုးခုနဲ့ကျင်းမင်းဆက်တို့ကို ဖြတ်ကျော်လာရလိမ့်မယ်... ကျုပ်တို့တွေ မြောက်ပိုင်းကိုအာရုံစိုက်နေယ်ဆို သူတို့တွေအတွက် လမ်းကြောင်းဖွင့်ပေးသလိုဖြစ်ကုန်လိမ့်မယ်...ဒါပေမယ့် ချောင်ဂိုဏ်းတွေက မိုက်မဲသူတွေ
မဟုတ်တာကြောင့် ကျုပ်တို့လို တွေးမိမှာအမှန်ပဲ.... မင်းဆက်အမျိုးမျိုးနဲ့ စစ်ပွဲစတင်ပြီး နယ်မြေထဲမှာ စစ်အင်အားတွေ ချို့တဲ့နေမယ်ဆို ချန်မင်းဆက်ကရုတ်တရက် တိုက်ခိုက်ရင် အကုန်သေကုန်လိမ့်မယ်...."
ကျန်းဇီယု မျက်မှောင်ကြုတ်လိုက်သည်။ ဟန်ထျန်းကျီ ဖော်ပြတဲ့ အခြေအနေကို တွေးကြည့်တော့ ဒါဟာ တကယ်ကို အန္တရာယ်များတယ်လို့ ခံစားနေရသည်။
ထိုအခိုက်တွင် ဝတ်ဖြူတော်အစောင့်တစ်ဉီးရောက်လာပြီး ကျန်းဇီယုကို လျှို့ဝှက်သတင်းပို့ခဲ့သည်။ ဖွင့်ကြည့်လိုက်တော့ သူ့အမူအရာ နည်းနည်းပြောင်းသွားခဲ့သည်။
ဟန်ထျန်းကျီက... “ကျင်းမင်းဆက်ကိုတိုက်ခိုက်နေတဲ့ စစ်မြေပြင်ကသတင်းပို့တာလား..."
ကျန်းဇီယုက ခေါင်းညိတ်လိုက်ပြီး....
“ဟုတ်တယ်... ရှုထျန်းကျိ နဲ့အခြားသူတွေ ဖိနှိပ်ခံခဲ့ရတာမို့ ရွေးချယ်စရာမရှိဘဲနောက်ဆုတ်လိုက်ရပြီ... ယန်ကျောက်က အစစ်အမှန်နတ်ဘုရားနယ်ပယ်ဖြစ်ပေမယ့် ရန်သူက သူ့ထက်အင်အားကြီးတယ်တဲ့...ဒါနဲ့များ ယန်ကျောက်ကသူ့ကိုယ်သူ ဧကရာဇ်လို့နာမည်ပေးဝံ့သေးတယ်...အသုံးမကျတဲ့သူတွေ!!!!"
ဟန်ထျန်းကျီက ခေါင်းခါလိုက်ပြီး.....
“ဒါ သူ့အပြစ်မဟုတ်ဘူး... တကျန်းမှာ အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ မွေးဖွားလာ ဘယ်နှနှစ်ရှိသေးလို့လဲ...ကြည့်ရတာ ရန်သူဘက်က ပညာရှင်က ချောင်ဂိုဏ်းကပဲဖြစ်ရမယ်... ချောင်ဂိုဏ်းတွေရဲ့ သိုင်းပညာကို ယန်ကျောက် က ဘယ်လို ယှဉ်နိုင်မလဲ...ဒါပေမယ့် ရန်သူဘက်က ပညာရှင်က ယန်ကျောက်၊ ဗိုလ်ချုပ်ရှုနဲ့ အခြားသူတွေကို ဘာမှလုပ်မပေးနိုင်ဘူးထင်တယ်...ဒီလိုသာဆို စစ်ပွဲက ရှေ့မတိုးနောက်မဆုတ်သာ အခြေနေဖြစ်လာမှာမို့ ကျုပ်တို့ဘက်မှာ အားသာချက်ရှိဉီးမှာပဲ...."
ကျန်းဇီယုက ခေါင်းညိတ်ပြီး.....
"စောင့်ကြည့်ရေးမျှော်စင်တွေကို ဘယ်အချိန်မှာ ထိန်းချုပ်နိုင်မလဲ?"
ဟန်ထျန်းကျီက.... " နှစ်အနည်းငယ်ကြာဉီးမယ်...စောင့်ကြည့်ရေးမျှော်စင်တွေ နေရာတိုင်းတွင် တည်ဆောက်ထားပေမယ့် ကမ္ဘာကြီးရဲ့ ပံ့ပိုးမှုက လူသားတွေ စုစည်းနိုင်တဲ့အရာမဟုတ်တာမို့ လမ်းပြဖို့ အခွင့်အာဏာကို ချေးငှားရဉီးမယ်..."
ကျန်းဇီယု အသက်ပြင်းပြင်းရှူပြီး သဲစားပွဲကို တစ်ချက်ပြန်ကြည့်ကာ အတွေးနက်သွားလေသည်။
ချန်းဝူခေတ် 13 နှစ်တွင်၊ ....
ကျန်းမင်းဆက်စစ်တပ်သည် ကျင်း မင်းဆက်၏နယ်မြေများစွာကို ဝါးမြိုခဲ့ပြီး ကျင်းမင်းဆက်စစ်တပ်အား တစ်ဆင့်ပြီးတစ်ဆင့်ဆုတ်ခွာစေခဲ့သည်။ ထိုအချိန်တွင်၊ အခြားတစ်ဖက်ရှိ မြောက်ပိုင်းဇူမင်းဆက်က ရုတ်တရက် အံ့အားသင့်ဖွယ်တိုက်ခိုက်မှုတစ်ခုပြုလုပ်ပြီး တကျန်း၏ လျန်စီရင်စုကို ထိုးစစ်ဆင်ခဲ့သည်။ လျန် စီရင်စု၏ ခံတပ်များ မခုခံနိုင်ဘဲ မြို့အများအပြား တစ်ခုပြီးတစ်ခု ပြိုလဲသွားသည်။ ကျန်းဇီယု အလွန်ဒေါသထွက်ကာ ဝတ်ဖြူတော် အစောင့်တပ်များကို ပင်းအန်းကို ခေါ်ဆောင်ရန် စေလွှတ်လိုက်သည်။
လူတစ်ယောက်တည်းရှိသောစစ်တပ်....
တစ်လကြာပြီးနောက် ပင်းအန်းသည် မြောက်ပိုင်းဇူစစ်တပ်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တော့သည်။အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူဖြစ်လာပြီးနောက်၊ သူသည် ပို၍ပင် ကြမ်းတမ်းလာခဲ့သည်။
တကျန်းသည် မင်းဆက်နှစ်ဆက်ကို စစ်သားတစ်ယောက်တည်းဖြင့် တိုက်ခိုက်ခဲ့ပြီး အသာစီးရနေသေးသည်။
ခမ်းနားထည်ဝါသောခန်းမတစ်ခုတွင် အနီရောင်တိုင်များကို ကျောက်မျက်မျိုးစုံဖြင့် အလှဆင်ထားသည်။ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသူတစ်ယောက် ခန်းမဆောင်တွင် ထိုင်နေပြီး သူ့တွင် ရဲရင့်သော ရွှေဓားတစ်လက်ရှိနေကာ သူ့တစ်ကိုယ်လုံးမှ အန္တရာယ်ရှိသော အငွေ့အသက်များဖြာထွက်နေသည်။
သူသည် ညာဘက်ရှိ ဧည့်သည်ထိုင်ခုံတွင် ထိုင်နေသူကို စိုက်ကြည့်ကာ.....
“အခု တကျန်းမှာ အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ သုံးဦးရှိနေပြီး အင်မော်တယ်ဆရာတော်ချန်ရှန်းကလည်း ရွှေခန္ဓာ နယ်ပယ်နဲ့ နီးကပ်နေပြီ ... ငါတို့ သူ့ကို ဘယ်လို ဖြေရှင်းကြမလဲ....."
ဧည့်ခန်းမှာထိုင်နေသူက ပညာရှင်တစ်ယောက်လို အသက်သုံးဆယ်ကျော်လောက်ရှိပြီဟု ထင်ရပြီး မျက်နှာက ဖြူဖျော့နေသည်။ သူ့မျက်လုံးအောက်မှာ ညိုမည်းနေတဲ့ အရိပ်တွေရှိနေတာကြောင့် သူ့ကို အတော်လေး ပျော့ညံ့တဲ့ပုံပေါက်စေသည်။
ထိုသူက....“မင်းရဲ့ တုနှိုင်းမဲ့ချိုင့်ဝှမ်းနဲ့ ငါ့ရဲ့ကြယ်စင်စုဝေးခြင်းမျှော်စင်မှာ အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူငါးဦးကို စုဆောင်းထားနိုင်ပေမယ့် ဆရာတော်ချန်ရှန်းကို ကိုင်တွယ်ဖြေရှင်းဖို့ မလွယ်ဘူး...အဲ့တော့ မျှော်စင်သခင်က ချိုင့်ဝှမ်းသခင်ဝေကို အချိန်အနည်းငယ်စောင့်ပေးဖို့တောင်းဆိုလိုက်တယ်... အခုလုပ်ရမှာက တိုင်းပြည်ရဲ့ အင်အားကို ဖြည့်တင်းဖို့ပဲ... ကျုပ်တို့ရဲ့ မျှော်စင်သခင်က လောလောဆယ် တစ်ခုခုကို စီစဉ်နေပြီး အချိန်ကျလာတဲ့အခါ စီရင်စု ဆယ့်သုံးခုက ကျုပ်တို့ ချောင်ဂိုဏ်းနှစ်ခုရဲ့ အပိုင်ဖြစ်လာမှာပါ... ”
အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသူကို ချိုင့်ဝှမ်းသခင်ဝေဟုခေါ်သည်။
သခင်ဝေက မျက်လုံးမှိတ်ထားပြီး.... “မင်းတို့ မျှော်စင်သခင်ရဲ့ အစီအစဉ်ကို ငါ အရမ်းသိချင်တယ်။ ရွှေခန္ဓာနယ်ပယ် နတ်ဆိုးအိုကြီးကိုတကယ်ပဲ ဖိတ်နိုင်ပါ့မလား....."
ပညာရှင်နှင့်တူသောသူက ခေါင်းခါလိုက်ပြီး.....“ရွှေခန္ဓာနယ်ပယ် နတ်ဆိုးအိုကြီးက တွေ့ရခဲတာမို့ သူ့ကို ဘယ်လိုဖိတ်ခေါ်နိုင်မလဲ.....ထိပ်တန်းချောင်ဂိုဏ်းသုံးခုသာ ဒီလိုလုပ်နိုင်စွမ်းရှိမှာ... ဒါ့အပြင်၊ ဆရာတော် ယချန်ရှန်းက ရွှေခန္ဓာနယ်ပယ်မဟုတ်နိုင်ဘူး... ရွှေခန္ဓာနယ်ပယ်ကို ရောက်ခဲ့လျှင် ကံကောင်းခြင်းတွေ တဟုန်ထိုးတိုးတက်လာပြီး ကမ္ဘာကြီးကို ပဲ့တင်ရိုက်ခတ်မှာမို့ ကျုပ်တို့ ဘယ်လိုမှ မသိဘဲနေမှာလဲ . သူက ရွှေခန္ဓာနယ်ပယ်နဲ့နီးကပ်နေရုံပါ..."
သူက ခဏရပ်လိုက်ပြီး “ကြယ်စင်စုဝေခြင်းမျှော်စင်က မင်းဆက်ကိုးခုနဲ့ မဟာမိတ်ဖွဲ့မှုကို အဆင်ပြေချောမွေ့စေလိမ့်မယ်.... မင်းဆက် ကိုးခုရဲ့သန်းပေါင်းများစွာသော စစ်သည်အင်အားနဲ့သာဆို တကျန်းကို သေချာပေါက် ချေမှုန်းပစ်နိုင်မှာပါ.. ဒါ့အပြင် ကျုပ်တို့ရဲ့ လက်ဝဲသံအမတ်ကြီးက တကျန်းရဲ့မြို့တော်ဆီ အမြန်ခရီးနှင်နေပြီ... သူက ဆရာတော်ချန်ရှန်းရဲ့ ပြိုင်ဘက်မဟုတ်ရင်တောင် ဘယ်သူမှမသိဘဲ တကျန်းဧကရာဇ်ကိုသတ်နိုင်မယ်လို့မျှော်လင့်ထားတယ်... အဲ့အခါကျရင် တကျန်း ပရမ်းပတာဖြစ်မည်မှာ သေချာပြီး အာဏာပြန်လည်ထူထောင်ဖို့ အချိန်လိုအပ်လိမ့်မယ်... ကျုပ်တို့မှာ အချိန်တွေ အများကြီး ကျန်ပါသေးတယ်....."
ချိုင့်ဝှမ်းသခင်ဝေက မျက်မှောင်ကြုတ်လိုက်ပြီး.... “မင်းတို့ရဲ့ လက်ဝဲသံအမတ်ရဲ့ အစွမ်းကို ငါသိတယ်။ သူက တကယ်ကို သန်မာပေမယ့် ရှောင်တုထျန်းနဲ့တိုက်ခိုက်ရင်တောင် သရေကျအောင်တိုက်ခိုက်နိူင်တယ်.... အကယ်၍ သူ့ကို ဆရာတော်ချန်ရှန်းကသာ အရင်တွေ့သွားရင် ....."
ပညာရှင်က.. "သူ့မှာ ယင်အရိုးစုရှိတယ်!"
ဒါကိုကြားတော့ ချိုင့်ဝှမ်းသခင် တုန်လှုပ်သွားသည်။ သူသည် ငြိမ်သက်နေသော ပညာရှင်ကို စူးစူးစိုက်စိုက် ကြည့်နေကာ....
“ကြယ်စင်စုဝေးခြင်းမျှော်စင်က ယင်အရိုးစုကို တကယ်ရသွားလိမ့်မယ် ထင်မထားဘူး.... အထက်တန်းအဆင့်ချောင်ဂိုဏ်းသုံးခုကသာ ဒီကိစ္စကိုသိရင် မင်း ဒုက္ခအကြီးအကျယ်ရောက်လိမ့်မယ်.....”
ပညာရှင်က ပြုံးလိုက်ပြီး.....“ တုနှိူင်းမဲ့ချိုင့်ဝှမ်းနဲ့ ကြယ်စင်စုဝေးခြင်းမျှော်စင်ကို ချိတ်ဆက်ထားပြီးသားပဲ... ချိုင့်ဝှမ်းသခင်ဝေက ငါတို့ကို သစ္စာမဖောက်ဘူး မဟုတ်လား.... လက်ဝဲသံအမတ်မအောင်မြင်ရင် ယင်အရိုးစုက ကျန်းမင်းဆက်လက်ထဲရောက်သွားလိမ့်မယ်..”
တစ်ခုခုကို နားလည်သွားဟန်ဖြင့် သခင်ဝေက အားရပါးရရယ်မောနေလေတော့သည်။