← Chapters

မိသားစုရှိခြင်း၏ ပျော်ရွှင်မှု၊ တော်ဝင်မြို့တော်ကို အပြစ်ပေးဌာနအဖြစ်ပြောင်းလဲခြင်း.....

Vol. 5 Ch. 71

မိသားစုရှိခြင်း၏ ပျော်ရွှင်မှု၊ တော်ဝင်မြို့တော်ကို အပြစ်ပေးဌာနအဖြစ်ပြောင်းလဲခြင်း.....

Vol. 5 Ch. 71

ဩဂုတ်လတွင် ရောက်လာခဲ့ပြန်ပြီ...

ကျန်းချန်ရှန်းထံသို့ လီကျွင်း ရောက်လာပြီး လီကုန်းကုန်း ကွယ်လွန်သွားသည့်အကြောင်း ပြောပြနေချိန်တွင် ကျန်းချန်ရှန်း နှုတ်ဆိတ်နေခဲ့သည်။

လီကျွင်းက..... " အဘိုးက ဆရာတော်နဲ့အတူနေခဲ့ရတဲ့အချိန်တွေမှာ တကျန်းရဲ့သိူင်း ဘိုးဘေးကို ဝတ်ပြုတဲ့အခါ ငယ်ရွယ်စဉ်အချိန်ကို ပြန်ရောက်သွားသလို ခံစားခဲ့ရတယ်လို့ ပြောတယ်.... သူ့ဘ၀မှာ နောင်တရစရာမရှိဘူးလို့လည်း ပြောခဲ့သေးတယ်..."

လီကျွင်းသည် လီကုန်းကုန်း ကွယ်လွန်ခြင်းအတွက် စိတ်မကောင်းမဖြစ်ခဲ့ပေ။ လီကုန်းကုန်းသည် အနှစ် 90 ကျော်နေထိုင်ခဲ့ပြီး တကျန်းတွင် အသက်ရှည်ဆုံးဟု သတ်မှတ်နိုင်သည်။

ထို့အပြင် သူ မသေဆုံးမီတွင် ဝေဒနာများစွာ မခံစားခဲ့ရပေ။

ကျန်းချန်ရှန်းက သက်ပြင်းချလိုက်ပြီး.....

"ကံကြမ္မာကအရာရာကိုကြိုတင်စီမံပြီးသားပါ...."

လီကျွင်းက.... "လွန်ခဲ့တဲ့လအနည်းငယ်က ထင်းရှုးရေကန်က သိုင်းပြိုင်ပွဲမှာ ထိပ်တန်းသိုင်းပညာရှင်အသစ်တစ်ယောက် မွေးဖွားခဲ့ပါတယ်....အဲ့လူက…"

လီကျွင်း ဆက်ပြောဖို့ တုံ့ဆိုင်းနေသည်။

"မင်းဘာလို့ တုံ့ဆိုင်းနေတာလဲ?"

"သူက ဆရာတော်ရဲ့စီနီယာအစ်ကို မန်ချွဲ့ဟေး....."

လီကျွင်း အသက်ပြင်းပြင်းရှူပြီး ထုတ်ပြောလိုက်လေသည်။

မန်ချွဲ့ဟေး အသက်ရှင်နေပြီး အမြင့်မြတ်ဆုံး သိုင်းပညာရှင်တစ်ယောက်တောင် ဖြစ်နေပြီလား.....

မန်ချွဲ့ဟေးက သူ့ကို စိန်ခေါ်ဖို့ မင်းသားခုနှစ်နောက်ကို လိုက်ခဲ့ကတည်းက မအောင်မြင်ခဲ့ဘဲ လေထုထဲတွင် အငွေ့ပျံသွားသလို ပျောက်ကွယ်သွားခဲ့သည်။ ၄၁နှစ်ကြာခဲ့ပြီတော့ သူသေပြီဟုပင် ထင်ခဲ့မိသည်။

မသေဆုံးမီ မန်ချွဲ့ဆောင်၏ တစ်ခုတည်းသောနောင်တမှာ မန်ချွဲ့ဟေးကို မတွေ့လိုက်ရခြင်းပင်။ တကယ်တော့ သူတို့ဟာ မောင်နှမအရင်းတွေဖြစ်ကြသည်။

လီကျွင်းက.... "ဒီလူဟာ တုနှိုင်းမရတဲ့ နတ်ဘုရားကျင့်စဉ်ကို ဘယ်က သင်ယူခဲ့ရမှန်း မသိပေမယ့် ပြိုင်ပွဲမှာ လူတိုင်းကို နှိမ်နင်းခဲ့ပါတယ်....အခုဆို သိုင်းလောကသားတွေက ဧကရာဇ်ယန်ကျောက်ကိုစိန်ခေါ်ဖို့ အရည်အချင်းပြည့်မီတယ်လို့တောင် ထင်ကြေးပေးနေကြပြီ...."

"နောက်ဆို သူ့ရဲ့လှုပ်ရှားမှုတွေကို ပိုအာရုံစိုက်လိုက်ပါ...."

လီကျွင်းက ခေါင်းညိတ်လိုက်ပြီး မပြန်ခင် နောက်ထပ် အကြောင်းအရာ အနည်းငယ်ကို ပြောပြခဲ့သည်။

လီကျွင်း ထွက်သွားပြီးနောက် ကျန်းချန်ရှန်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ပိုင်လုံသည် သစ်ပင်၏ ပင်စည်တစ်လျှောက်ကိုရစ်ပတ်ထားပြီး ၎င်း၏ကြီးမားသောခန္ဓာကိုယ်သည် မြေဝိညာဉ်သစ်ပင်ကို တုန်ခါစေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် မြေဝိညာဉ်သစ်ပင်သည် သက်တမ်းတစ်ရာရှိ သစ်ပင်တစ်ပင်ကဲ့သို့ အလွန်ကြီးမားသောကြောင့် ပိုင်လုံ၏အလေးချိန်ကိုခံနိုင်ရည်ရှိခဲ့သည်။

ပိုင်လုံက လျှာကို ဆန့်ထုတ်လိုက်ပြီး ကျန်းချန်ရှန်း၏ မျက်နှာကို နမ်းလိုက်သည်။

ကျန်းချန်ရှန်းသည် နံ့သာတိုင်စနစ်ကို တိတ်တဆိတ်အသုံးပြုကာ... "မန်ချွဲ့ဟေး ဘယ်လောင် သန်မာသလဲ သိတယ်...."

[အမွှေးတိုင်အရေအတွက် 500 လိုအပ်သည်.... ဆက်လက်လုပ်ဆောင်လိုပါသလား.....]

ကျန်းချန်ရှန်း မျက်ခုံးပင့်လိုက်နိသည်။

အမွှေးတိုင်အရေအတွက် ၅၀၀က မနည်းလှပေ။ မန်ချွဲ့ဟေး ဘယ်လိုကံကောင်းမှုမျိုးနှင့်ကြုံခဲ့လို့ ဒီလောက်မြန်မြန်ဆန်ဆန် အဆင့်တက်နိုင်ခဲ့သနည်း.....

မဟာယာနနဂါးမျှော်စင်မှ အသက်ရှင်ကျန်ရစ်သောအဖွဲ့ဝင်များက သူ့ကိုကူညီနေသလား.....

ကျန်းချန်ရှန်း ဖြစ်နိုင်ချေများစွာကို စဉ်းစားခဲ့သည်။ ကောင်းတာတွေ ဆိုးတာတွေ ရှိခဲ့သော်လည်း မည်သို့ပင်ဆိုစေကာမူ မန်ချွဲ့ဟေးသည် သူ၏ရန်သူဖြစ်လာနိုင်သည့် အဆိုးဆုံးရလဒ်အထိ ပြင်ဆင်ထားရမည်။

သို့သော် ကျန်းချန်ရှန်း ထိတ်လန့်ခြင်းမရှိခဲ့ပေ။ မန်ချွဲ့ဟေးသာ သေခြင်းတရားကို ဆွဲဆောင်နေပါက၊ သူ့အား ရှင်သန်မှုဆုလာဘ်တစ်ခု ပေးလိမ့်မည်။ အကယ်၍ သူသာ သေခြင်းတရားကို မရှာခဲ့ပါက မန်ချွဲ့ဟေးသည်လည်း နှစ်ပေါင်းများစွာ အသက်ရှင်နိုင်မည်မဟုတ်ပေ။

ယခင် စီနီယာနှင့်ဂျုနီယာ ညီအကိုများသည် ယခု ရန်သူများ ဖြစ်သွားပေလိမ့်မည်။

ငယ်စဉ်က မန်ချွဲ့ဟေး သူ့ကို ကယ်တင်ခဲ့ဖူးသည်။ဘဝဆိုသည်မှာ တကယ်ကို မှန်းဆ၍မရသောပုစ္ဆာတစ်ခုပင်....

ကျန်းချန်ရှန်း စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်ပြီး ဆက်လက်ကျင့်ကြံနေခဲ့သည်။

သူသည် သဘာဝတာအိုနည်းစနစ်၏ ခုနစ်ခုမြောက်အဆင့်သို့ နီးကပ်လာလေပြီ။ သူ၏ ခွန်အားသည် စကြာဝဠာနယ်ပယ်ကို ကျော်လွန်နေပြီဟုပင် ခံစားမိသည်။ သတ္တမအဆင့်ကို ရောက်တုန်းကနဲ့ ယှဉ်ရင် ခြားနားမှုအချို့ရှိလာခဲ့ချေပြီ။

ကံဆိုးသည်က သူ၏ခွန်အားကို အစွမ်းကုန်ထုတ်မပြနိုင်ခြင်းပင်... ပထမအချက်က သူ့မှာ သင့်တော်တဲ့ပြိုင်ဘက် မရှိခဲ့ဘဲ ဒုတိယအချက်က အကြောင်းပြချက်မရှိဘဲ ခွန်အာယအစစ်အမှန်ကို အသုံးပြုပါက အပြစ်မဲ့သူများကို အလွယ်တကူ ထိခိုက်စေနိုင်သည်။ ဒါတောင်မှ ဝှက်ဖဲအချို့ကို သိမ်းထားရတဲ့အတွက် သူ့ရဲ့ခွန်အားကို လုံးလုံးထုတ်မပြချင်သေးပေ။

တစ်လခွဲအကြာတွင်.....

အသက်ကိုးနှစ်အရွယ် ကျန်းရှုသည် အဆာပြေမုန့်ဘူးတစ်ဘူးသယ်ဆောင်၍ ကျန်းချန်ရှန်းဆီသို့ လာရောက်လည်ပတ်ခဲ့သည်။

ကျန်းရှု၏ရုပ်ရည်သည် ကျန်းချန်ရှန်းငယ်စဉ်ကနှင့်တကယ်တူသည်ဟု ဆိုရမည ချင်ကူ ကျန်းရှုကိုမြင်တိုင်း စိတ်ထဲမှာ မှန်းဆချက်တချို့ရှိပေမယ့် ထုတ်မပြောဝံပေ။

"ဆရာတော်ဘိုးဘိုး...သား မနေ့ညက အိပ်မက်မက်တယ်"

ကျန်းရှုက ကျန်းချန်ရှန်း၏ပေါင်ပေါ်တွင်တက်ထိုင်လိုက်သည်။ သူတို့နှစ်ယောက်က မြေးအဖိုးဟုမထင်ရဘဒ ကျန်းချန်ရှန်းက ငယ်ရွယ်နုပျိုလွန်းတာကြောင့် ညီအကိုတွေနဲ့ ပိုတူနေသည်။

ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး....

"ဘာအိပ်မက်လဲ?"

" နတ်ဆိုးတွေနဲ့ သရဲတစ္ဆေတွေ မြို့တော်ကို တိုက်ခိုက်ပြီး သားကို စားဖို့ရောက်လာတယ်....အဲ့အချိန် မသေမျိူးအင်မော်တယ်တပါးရောက်လာပြီး သားကိုကယ်တင်ပေးခဲ့တယ်....အင်မော်တယ်က သားကိုတောင် ပျံသန်းစေခဲ့တယ်…”

ကျန်းချန်ရှန်းက ပြုံးလျက် နားထောင်နေစဉ် ကျန်းရှုက အိပ်မက်အကြောင်းကို စိတ်လှုပ်ရှားစွာ ပုံဖော်ပြောဆိုနေသည်။

ရုတ်တရက်..ကျန်းရှုက ပိုင်ချီ ကို လက်ညှိုးထိုးပြပြီး.... "ဆရာတော်ဘိုးဘိုး.... အဲ့ဒီနတ်ဆိုးက ပိုင်ချီ ဖြစ်နိုင်လား....သူက သားကိုသဘောမကျတာမို့ စားချင်နေတာတောင် ဖြစ်နိုင်တယ်!"

ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော ပိုင်ချီ သည် မျက်လုံးများကို မှိတ်ထားကာ သူ့ကို ဂရုမစိုက်နိုင်ပေ။

"တကယ်လို့ မင်းကို အနိုင်ကျင့်ဖို့ သတ္တိရှိရင် ဘိုးဘိုး သူ့ကို စွပ်ပြုတ်ချက်ပစ်လိုက်မယ်.... ဘယ်လိုလဲ?"

“ကောင်းတယ် ကောင်းတယ်... သားအရင်က ဝံပုလွေစွပ်ပြုတ် တစ်ခါမှမစားဖူးဘူး....."

ကျန်းရှုက လက်ခုပ်တီးပြီး ရယ်မောနေသော်လည်း ပိုင်ချီ တုန်လှုပ်သွားသည်။

ခဏလောက်ကစားပြီးနောက် ကျန်းချန်ရှန်း က ကျန်းရှုကို လွှတ်ပေးလိုက်သည်။ ကျန်းရှု သည် သိုင်းပညာသင်ယူရန် စောရနတ်ဘုရားကိုရှာဖွေခဲ့သည်။

ယမန်နှစ်က ကျန်းရှုနှင့် စောရနတ်ဘုရားတို့ အမှတ်တမဲ့ တွေ့ဆုံခဲ့သည်။ သူတို့ နှစ်ယောက် အတူတူ ဆော့ကစားကြရင်း ကျန်းရှုက လက်ရှိ အိမ်ရှေ့စံမင်းသားဖြစ်ကြောင်း သိရှိလာသောအခါ စောရနတ်ဘုရားက ပို၍ပင် အာရုံစိုက်လာခဲ့သည်။ သူသည် နောက်ထပ် ရှုထျန်းကျိ ဖြစ်လာနိုင်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

စောရနတ်ဘုရားက ကျန်းရှုကို ပညာသင်ကြားပေးသည်မှာ ကျန်းချန်ရှန်းတို့လိုမဟုတ်ပေါ သူတို့နှစ်ဦး အပြန်အလှန် ဆက်ဆံကြရာတွင် စောရနတ်ဘူရားက ကျန်းရှုကို ကောင်းမွန်စွာ ဂရုစိုက်ခဲ့ပြီး ကစားဖော်ကစားဖက်နှင့်ပိုတူနေသည်။

ကျန်းချန်ရှန်းသည် ကျန်းရှု ထွက်ခွါသွားသည်ကို ကြည့်ပြီး ထိုကဲ့သို့သော ဘဝမျိုးပိုင်ဆိုင်ထားခြင်းက မဆိုးလှကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။

ဒါက မိသားစုရှိနေခြင်းရဲ့ ပျော်ရွှင်မှုလား.....

ချန်းဝူခေတ် 14 နှစ်တွင် ပင်းအန်းသည် မြောက်ပိုင်းဇူ စစ်မျက်နှာကို ဖြတ်ကျော်ပြီး ရန်သူ၏စခန်းကို တစ်ယောက်တည်း တိုက်ခိုက်ခဲ့သည်။ သို့သော်လည်း စခန်းရှိ ဗိုလ်ချုပ်များ အချိန်အတော်ကြာ ဆုတ်ခွာသွားခဲ့ရသည်။ စစ်တပ်သည် လျန် ပြည်နယ်၏စခန်းကို တိုက်ခိုက်ရန် အခွင့်အရေးယူကာ အခြေအနေပြောင်းသွားခဲ့သည်။

တစ်ဖက်တွင် ကျင်းမင်းဆက်၏နယ်မြေ ထက်ဝက်ကျော်သည် ကျန်းမင်းဆက်၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး တကျန်း၏စစ်တပ်များက ကျင်းမင်းဆက်၏တော်ဝင်မြို့တော်နှင့် နီးကပ်လာခဲ့သည်။ ကျင်းမင်းဆက်သည် ခုခံနိုင်စွမ်းကျဆင်းခဲ့ပြီး အဆက်မပြတ် ရှုံးနိမ့်နေပုံရသည်။ ထိုအချိန်အထိ လျှို့ဝှက်ဆန်းကြယ်သော သိုင်းသမားများကို မည်သည့်နေရာမှ မတွေ့ရတော့ပေ။

ဧကရာဇ်သည် လျန်ပြည်နယ်ကိုထောက်ပံ့ရန် စစ်သည် ၂၀၀,၀၀၀ စေလွှတ်ရန် အမိန့်ပေးခဲ့သည်။

ဤစစ်သား 200,000 တွင် အများစုသည် သိုင်းလောကမှ သိုင်းပညာများဖြစ်သည်။ သူတို့သည် သာမာန်စစ်သားများကဲ့သို့ စည်းစနစ်တကျမရှိကြသော်လည်း ၎င်းတို့တစ်ဦးချင်းစီ၏ အင်အားမှာ အလွန်အားကောင်းနေပါသည်။

ညအခါတွင်.....

တော်ဝင်စာကြည့်ဆောင်တွင် ကျန်းဇီယုက သဝဏ်လွှာများကို လက်ကချကာ မျက်ခုံးနှစ်ခုကြားကို ပွတ်သပ်လိုက်သည်။

နယ်မြေပိုင်ဆိုင်မှု များပြားလာသည်နှင့်အမျှ နေ့စဉ်နှင့်အမျှ သဝဏ်လွှာများစွာ တင်သွင်းလာကြသည်။ စစ်ပွဲမှလွဲ၍ တိုင်းသူပြည်သားတို့၏ စားဝတ်နေရေး၊ တရားဥပဒေစိုးမိုးရေး၊ သိုင်းပညာဆိုင်ရာကိစ္စများ အစရှိသည်တို့လည်း ရှိသေးသည်။ စားပွဲပေါ်ရှိ သဝဏ်လွှာများသည် တောင်တန်းငယ်များကဲ့သို့ပုံထပ်နေပြီး စားပွဲရှေ့ရှိ မြေပြင်တွင်ပင် စုပုံနေသေးသည်။

ကျန်းဇီယု မတ်တပ်ထရပ်ပြီး ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်သည်။ ပြတင်းပေါက် အပြင်ဘက်တွင် တောက်ပနေသော လရောင်ကိုမော့ကြည့်ပြီး မှင်သက်နေမိသည်။

ဒါက သူ့အကျင့်တစ်ခုပင်.... ပင်ပန်းလွန်းတဲ့အခါ ညကောင်းကင်ကို မော့ကြည့်ရင်း အနားယူတတ်သည်။

ထိုစဉ် အေးစက်သော လေပြင်းများ တိုက်ခတ်လာသည်။ သူသည် ယခု ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် တော်ရုံ

အအေးဒဏ်ကို မကြောက်ပေ။ သို့သော် သူ မျက်မှောင်ကြုတ်လိုက်သည်။

ပူပြင်းတဲ့ နွေရာသီကြီးမှာ လေအေးတွေ ဘယ်ကနေတိုက်ခတ်လာတာလဲ.....

ကျန်းဇီယု ရုတ်တရက်စိတ်ထင့် သွားသည်။ တစ်ခုခုဖြစ်နေပြီဆိုတဲ့ ခံစားချက်မျိုးလည်းခံစားနေရသည်။

'မင်းဆက်အမျိုးမျိုးရဲ့ တော်ဝင်မိသားစုတွေကို သတ်ခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျွမ်းကျင်ပညာရှင်တွေ ရောက်လာတော့မှာလား.....'

ကျန်းဇီယု တိတ်တိတ်လေး တွေးနေမိသည်။ ကျင်းမင်းဆက်ကို တိုက်ခိုက်ရန် အမိန့်ပေးသည့်အချိန်မှစ၍ တစ်ဖက်လူ ရောက်လာရန် စောင့်ဆိုင်းနေခဲ့သည်။ သို့သော် ရန်သူကိုအခုချိန်ထိ မမြင်နိုင်ပေ။ ဒါတောင်မှ သတိမပြတ်စောင့်ကြည့်နေစမြဲပင်....

တစ်ချိန်တည်းမှာပင်........

လုံချီ ဘုရားကျောင်းရှိ မြေဝိဉာဉ်သစ်ပင်အောက်မှာ တရားထိုင်နေတဲ့ ကျန်းချန်ရှန်း က မျက်လုံးဖွင့်လိုက်ပြီး ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။

ပိုင်ချီသည်လည်း တစ်ခုခုကို သတိထားမိပြီး မျက်လုံးဖွင့်လိုက်သည်။ထို့နောက် ဟိိုဟို သည်သည်အနံ့ခံကြည့်ပြီး...

“ဆရာတော်.... မကောင်းဆိုးဝါးအငွေ့အသက်တွေရနေတယ်.... ညစ်ပတ်တဲ့အရာတစ်ခု မြို့ထဲကို ဝင်လာတော့မယ်....”

ကျန်းချန်ရှန်းက.... “ခြံဝန်းကို ဂရုစိုက်ထား... ငါ မကြာခင် ပြန်လာခဲ့မယ်...."

ထိုသို့ မှာကြားပြီးသည်နှင့် ညအမှောင်ထုနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။

ပိုင်ချီ အံ့သြသွားလေသည်။ ဒါက ဘယ်လို လှုပ်ရှားမှူမျိုးလဲ......

ကျန်းချန်ရှန်းရဲ့အနားမှာ နေ့တိုင်းရှိနေခဲ့ပြီး ကျန်းချန်ရှန်း ကျင့်ကြံရသည်ကို ဘယ်လောက်နှစ်သက်မှန်း ပိုင်ချီ သိသည်။ ဒီလူရဲ့ ကြံ့ခိုင်မှုက သေချာပေါက် တိုးတက်နေပါပြီ။

"ဒီလူ သိုင်းပညာကို ဘယ်အချိန်မှာ သင်ယူခဲ့တာလဲ....."

..................................

နန်းတော်တံတိုင်းများကို ဖြတ်ကျော်ပျံသန်းရင်း နန်းတော်အတွင်းသို့ တိတ်တဆိတ် အမြန်ဝင်လိုက်သည်နှင့် ပုံရိပ်ယောင်တစ်ခုကဲ့သို့ လျင်မြန်လာသည်။ ခေါင်းမိုးပေါ်တွေမှာ ကင်းလှည့်နေတဲ့ အစောင့်တွေနဲ့ ဝတ်ဖြူတော်အစောင့်တွေတောင် သူ့ကို သတိမထားကြပေ။

ထိုပူုရိပ်က နန်းတော်ထဲကို မြန်မြန်ဝင်သွားပြီး ဧကရာဇ်ဘယ်မှာရှိတယ်ဆိုတာ သိပုံရသည်။ မကြာမီ ထိုသူသည် ဧကရာဇ်၏စာကြည့်ဆောင်ရှေ့သို့ ရောက်ရှိလာသည်။

ကျန်းဇီယု ရုတ်တရက် တံခါးကိုတွန်းဖွင့်ပြီး သူ့လက်ထဲမှာ ဓားတစ်လက်နဲ့ ထွက်လာခဲ့သည်။ မျက်ခုံးနှစ်ခုကြားမှ မွေးရာပါအမှတ်အသားကနေ အလင်းရောင်ဖျော့ဖျော့ ထွက်ပေါ်လာသည်။

"ဘယ်သူလဲ? ထွက်လာခဲ့စမ်း...!"

ကျန်းဇီယုက အသံနက်ကြီးဖြင့်အော်လိုက် ပြောသည်။ ရန်သူ ချဉ်းကပ်လာသောအခါ မျက်ခုံးကြားမှ စူးစူးရှရှ နာကျင်မှုကို ခံစားလိုက်ရသောကြောင့် ဓားကို ချက်ချင်းထုတ်ကာ အခန်းအပြင်သို့ ထွက်လာခဲ့ခြင်းပင်....

သူစကားပြောပြီးသည်နှင့် အနက်ရောင်အရိပ်တစ်ခုက အလွန်လျင်မြန်သောအရှိန်ဖြင့် တိုက်ခိုက်လာသည်။ ကျန်းဇီယု တုံ့ပြန်ရန် အချိန်မရှိခဲ့ပေ။ထိုသူက အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားပီး ဓားမြှောင်တစ်ချောင်းကို ကိုင်ဆောင်ထားသည်ကိုသာ တွေ့လိုက်ရသည်။

ဒင်!

ဓားမြှောင်သည် ရုတ်တရက် ခုန်ထွက်သွားပြီး ဝတ်ရုံနက်ကြီး၏ လှုပ်ရှားမှုများ ပြောင်းလဲသွားသည်။ သို့သော် သူသည် ကျန်းဇီယုကို ကန်ရန် အခွင့်အရေးရခဲ့သည်။ သို့သော်၊ ကျန်းဇီယု ၏ရှေ့တွင် ရုပ်ပုံလွှာတစ်ခုပေါ်လာပြီး ဝတ်ရုံအနက်ရောင်အမျိုးသား၏ရင်ဘတ်ကို ကန်ထုတ်လိုက်လေသည်။

ဝုန်းးးးး

အနက်ရောင်ဝတ်ဆင်ထားသူသည် နန်းတော်တွင်းရှိ အုတ်တံတိုင်းများနှင့်တိုက်မိကာ ပေတစ်ထောင်အကွာသို့ လွှင့်စင်သွားသဖြင့် နန်းတော်ရှိလူတိုင်းကို ထိတ်လန့်စေခဲ့သည်။

ကျန်းဇီယုသည် သူ့ရှေ့က ရုပ်သွင်ကိုမြင်သောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။ သူ့ကိုယ်သူလည်း ဒေါသဖြစ်ခဲ့မိသည်။ သူသည် သိုင်းပညာ လေ့ကျင့်မှုတွင် ဘယ်တုန်းကမျှ မပေါ့လျော့ခဲ့ပေါ အနက်ရောင်ဝတ်ရုံလူ၏အရှိန်သည် သူ့လို ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ကိုတောင် အံ့အားသင့်စေခဲ့သည်။

ဖုန်မှုန့်တွေ မပျောက်ခင်မှာ အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသူက အပျက်အစီးတွေကြားကနေ ခက်ခက်ခဲခဲ ထရပ်လိုက်ပြီး သူ့ရင်ဘတ်ကို ကိုင်လိုက်ကာ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ သူ့မျက်လုံးများထဲတွင် မယုံနိုင်စရာများဖြင့် ပြည့်နှက်နေသည်။

သူသည် အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်၊ သို့သော် သူ၏ရင်ခေါင်းကို တစ်ချက်ကန်သွင်းလိုက်ရုံဖြင့် အရိုးများကွဲအက်ကာ စွမ်းအားများ ပျောက်ကွယ်လုနီးပါးဖြစ်နေပြီဖြစ်သည်။

ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ......

သူတို့နှစ်ဦးစလုံးသည် အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများဖြစ်ကြသည်၊ ထို့ကြောင့် တစ်ဖက်လူက အဘယ်ကြောင့် ဤမျှအားကောင်းနေသနည်း။

သူ့အကြည့်တွေ ကျဉ်းမြောင်းသွားပြီး နန်းတော်ခေါင်မိုးပေါ်၌ ရပ်နေသူတစ်ယောက်ကို မြင်လိုက်ရသည်။ လရောင်အောက်တွင် သူ၏ သားမွေးဝတ်ရုံကြီးမှ ငွေရောင်အလင်းတန်းများ ထုတ်လွှတ်နေသဖြင့် ကျန်းချန်ရှန်းသည် သေမျိုးလူသားကမ္ဘာဆီသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးနှယ် ရန်သူ၏စိတ်ဝိညာဉ်ကို ထိတ်လန့်စေပါသည်။

"မင်းက ဘယ်သူလဲ...."

ဝတ်ရုံအနက်ရောင်အမျိုးသားက အံကြိတ်ကာ..... “တကျန်းမှာ ဘယ်လိုပညာရှင်မျိုးတွေရှိနေတာလဲ... မဟာယာန နဂါးမျှော်စင်ကျဆုံးသွားလို့ဒီကိုလာခဲ့တာလား....မင်း တကျန်းက မဟုတ်တာတော့ သေချာတယ်!"

ရန်သူသည် နတ်ဆိုးအိုကြီးတစ်ကောင်

ဖြစ်ကြောင်း ကျန်းချန်ရှန်း သေချာသိသည်။

ကျန်းချန်ရှန်းက သူ့ကိုငုံ့ကြည့်ရင်း.....

“အဲဒီတုန်းက မဟာယာနနဂါးမျှော်စင်ထဲက ပညာရှင်အုပ်စုကို ငါသတ်လိုက်တုန်းက ရွှေခန္ဓာနယ်ပယ်ရောက်နေပြီလို့ မင်းဘာလို့ မထင်ခဲ့တာလဲ..... ဘာကြောင့် သေဖို့သက်သက် တကျန်းကို လာရတာလဲ....."

ဝတ်ရုံအနက်ရောင် အမျိုးသားက အံကြိတ်ကာ..... “မဖြစ်နိုင်ဘူး...နောက်ဆုံး ရွှေခန္ဓာနယ်ပယ်ပညာရှင်တစ်ဦး မွေးဖွားခဲ့တာ နှစ်ပေါင်းတစ်ရာကျော်ကြာခဲ့ပြီ...ရှောင်တုထျန်းတောင် ဆယ်စုနှစ်များစွာ တခါးပိတ်ကျင့်ကြံခဲ့လို့ ရွှေခန္ဓာနယ်ပယ်နဲ့ နီးစပ်ရုံပဲရှိခဲ့တာ.... မင်းမရှိရင်တောင် ငါတို့ မဟာယာနနဂါးမျှော်စင်နဲ့ ရင်ဆိုင်နိုင်တယ်..... ဒါပေမယ့် မင်း ငါတို့ကို အနိုင်ယူခဲ့တယ်......."

ကျန်းချန်ရှန်းက..... "ဒါဆို ငါက အချိန်အတော်ကြာအောင် နေထိုင်ခဲ့တဲ့ ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်လို့ မင်းဘာလို့ မခန့်မှန်းခဲ့တာလဲ"

ဝတ်ရုံအနက်ရောင် အမျိုးသားက လေးနက်သောအသံဖြင့်...... “ငါတို့ ခန့်မှန်းမိပေမယ့် ရွေးချယ်စရာမှမရှိတာ... ချောင်ဂိုဏ်းတွေက ကံတရားအတွက် တိုက်ပွဲဝင်နေကြတာမို့ တွန့်ဆုတ်နေစရာမလိုဘူး.... အကယ်၍ မင်းသာ ရွှေခန္ဓာနယ်ပယ်ပညာရှင်ဟောင်းဖြစ်ပြီး စီရင်စု 13 ခုကို လွှမ်းမိုးထားပြီး ကျင်းမင်းဆက်ကို ဝါးမျိုဖို့ ထောက်ခံနေရင် မင်း ငါတို့ကိုရန်စနေတာ ထင်ရှားနေပြီ..... မင်း ရွှေခန္ဓာနယ်ပယ်ရောက်နေရင်တောင် ငါတို့ ခုခံရမှာပဲ......”

ထို့နောက်အိတ်ကပ်ထဲမှ စာလိပ်တစ်လိပ်ကို ရုတ်တရက် ထုတ်ကာ အမြန်ဖွင့်လိုက်သည်။ စာလိပ်ထဲမှ အနက်ရောင် အော်ရာများ ထွက်ပေါ်လာသည်။

ကျန်းချန်ရှန်းက သူ့ကို မတားခဲ့ပေ။ သူ၏ စွမ်းဆောင်ရည်ကို ကြည့်လိုက်လျှင် အနက်ရောင် အော်ရာသည် အနက်ရောင် ၀တ်စုံ ဝတ်ထားသူထက် အနည်းငယ်သာ ပြင်းထန်ပြီး သူ့ကို မခြိမ်းခြောက်နိုင်ပေ။

"ဆရာတော်ချန်ရှန်း မင်းက လောဘကြီးလွန်းတယ်.... စီရင်စု 13 ခုရဲ့ အရင်းအမြစ်တွေကို မင်းတစ်ယောက်တည်း လက်ဝါးကြီးအုပ်ချင်နေတဲ့အပြင် နယ်မြေချဲ့ထွင်ချင်နေသေးတယ်....ဒီည.... တကျန်းရ တော်ဝင်မြို့တော်ကို အပြစ်ပေးဘုံအဖြစ် ပြောင်းလဲပေးမယ်....!”

အနက်ရောင်ဝတ်ထားသူက အေးစက်စွာအော်လိုက်သည်။ စာလိပ်ထဲမှ ထွက်လာသော အနက်ရောင်အော်ရာများသည် အရိုးစုတစ်ခုအဖြစ်သို့ လျင်မြန်စွာ ပေါင်းစပ်သွားသည်။ ထို့နောက် အရိုးစု လွင့်ပျံလာပြီး လူနှင့်တူသော အော်ဟစ်သံကို ထုတ်လွှတ်နေသည်မှာ အလွန်ကြောက်စရာကောင်းသည်။

ကျန်းချန်ရှန်းက လက်ကို မြှောက်လိုက်ပြီး အပေါ်ကနေ အောက်ကိုငုံ့ကြည့်ရင်း အရိုးစုဆီ လက်ညိုးညွှန်လိုက်သည်။

ဝိညာဉ်စွမ်းအင်များသည် အရိုးစုကို ထိုးဖောက်သွားသောမြှားတစ်စင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ အရိုးစုဟ ချက်ခြင်းပြိုကျပြီး မြေပြင်ပေါ်ကို ပြုတ်ကျသွားလေတော့သည်။

ဒါကိုမြင်တော့ ဝတ်ရုံနက်ဝတ်ဆင်ထားသူ မျက်လုံးပြူးပြီး တုန်လှုပ်သွားခဲ့သည်။

All Chapters