← Chapters

ပဲစေ့စစ်သားများ၊ အရှုံးမပေးနိုင်သော ကံကြမ္မာ.......

Vol. 5 Ch. 72

ပဲစေ့စစ်သားများ၊ အရှုံးမပေးနိုင်သော ကံကြမ္မာ.......

Vol. 5 Ch. 72

မြေပြင်ပေါ်ကျသွားတဲ့ အရိုးစုကို ကြည့်ရင်း အနက်ရောင်ဝတ်ထားသူက မြေပြင်ပေါ်မှာ ဒူးထောက်ပြီး တုန်တုန်ယင်ယင်အသံနဲ့..... “ဒါက ယင်အရိုးစုလေ....ဘယ်လိုဖြစ်ပြီး ဒီလောက် အားနည်းရတာလဲ......"

တံစက်မြိတ်ပေါ်တွင် ရပ်နေသော ကျန်းဇီယု သည်လည်း ဤမြင်ကွင်းကို အဝေးမှမြင်လိုက်ရသောအခါ ထပ်တူထပ်မျှ ထိတ်လန့်သွားသည်။

ယင်အရိုးစု ပေါ်လာသောအခါ ကျန်းဇီယုကို တုန်လှုပ်သွားစေသည်။ သို့သော်လည်း သူနောက်ထပ်မတွေးနိုင်မီ ယင်အရိုးစု ပျက်စီးသွားချေပြီ။

သူ့အဖေ ဘယ်လောက်သန်မာနေပြီလဲ.......

ကျန်းဇီယုသည် ကျန်းချန်ရှန်း မည်မျှ သန်မာသည်ကို မည်သူမျှ သိပုံမပေါ်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။ ရန်သူက ဘယ်လောက်ပဲ အားကောင်းနေပါစေ ကျန်းချန်ရှန်းက သူတို့ကို အလွယ်တကူ အနိုင်ယူနိုင်သည်။

ကျန်းချန်ရှန်း၏ အတွေ့အကြုံကို သူသိသော်လည်း ဤအခြေနေထိ မည်သို့ ရောက်ရှိလာသည်ကို သူနားမလည်နိုင်ပေ။

ကျန်းဇီယုက လက်ကို မြှောက်လိုက်ပြီး ဝတ်ဖြူတော်အစောင့်တွေကို ရပ်တန့်ဖို့ အချက်ပြလိုက်သည်။

ကျန်းချန်ရှန်းက အနက်ရောင်ဝတ်ဆင်ထားသူကို ငုံ့ကြည့်ကာ.... "မင်းမှာ တခြားနည်းလမ်းရှိသေးလား...."

အနက်ရောင်ဝတ်ထားသူ ကြောက်ရွံ့ထိတ်လန့်သွားသည်။ သူက မချိပြုံး ပြုံးလိုက်ပြီး... "မင်းတကယ်ကို ရွှေခန္ဓာနယ်ပယ်ရောက်နေပြီပဲ...."

သူ မတ်တပ်ထရပ်ရန် ရုန်းကန်ခဲ့သော်လည်း သူ၏ အစစ်အမှန်ချီဓာတ်များ ကွဲအက်သွားသည်။ မလွတ်မြောက်နိုင်ဘူးဆိုတာ သူသိနေခဲ့သည်။

ကြယ်စင်စုဝေးခြင်းမျှော်စင်က သူ့ကို ဒီကို ပို့ရတဲ့ အကြောင်းရင်းက သူ့ရဲ့ ပေါ့ပါးမှု စွမ်းရည်ဟာ ချောင်ဂိုဏ်းခွဲတွေမှာတောင် ယှဉ်နိုင်သူမရှိသောကြောင့်ပင်... သူရင်ဆိုင်နေရသူသည် လျှို့ဝှက်ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူဖြစ်လျှင်ပင် သူလွတ်မြောက်ရန် အခွင့်အရေးရှိမည်ဟု သူ ခန့်မှန်းမိခဲ့သည်။

မထင်မှတ်ပဲ တစ်ဖက်လူက သူ့ကို တစ်ခချက်တည်း ကန်ကျောက်ပြီး ပွဲသိမ်းခဲ့သည်။

ဒီကန်ချက်ကြောင့် သူ တုန်လှုပ်သွားခဲ့ပြီး နှစ်ပေါင်းများစွာသိုင်းပညာ လေ့ကျင့်ခဲ့တဲ့ အချိန်မှာ ဒီလို ထိတ်လန့်မှုမျိုး တစ်ခါမှ မခံစားခဲ့ဖူးပေ။

အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသူက ဒေါသတကြီးနှင့်.....

"နတ်ဆိုးဘုန်းကြီးချန်ရှန်း၊ ဒီနေ့ ငါသေသွားရင်တောင် မင်းတစ်ယောက်တည်း စီရင်စုဆယ့်သုံးခုကို လက်ဝါးကြီးမအုပ်ထားနိုင်စေရဘူး....!"

သူ ရုတ်တရက်ထရပ်ပြီး ကျန်းချန်ရှန်းဆီသို့ ပြေးသွားခဲ့သည်။

တံစက်မြိတ်မှာရပ်နေတဲ့ ကျန်းချန်ရှန်းပေါ်သို့ တောက်ပသော လရောင်ခြည်ဖြာကျနေသည်မှာ အင်မော်တယ်နတ်ဘုရားတစ်ပါးနှယ် တင့်တယ်လွန်းလှသည်။

အနက်ရောင်ဝတ်ထားသူသည် လေထဲသို့ခုန်တက်ကာ ခါးမှနောက်ထပ်ဓားမြှောင်ကို ထုတ်ယူကာ ကျန်းချန်ရှန်းကို ထိုးရန်ပြင်သည်။ လေဟာနယ်ကိုဖြတ်ကျော်လာသလို သူ့ရဲ့အရှိန်အဟုန် ရုတ်တရက် တိုးလာသည်ကို ကျန်းချန်ရှန်း တွေ့လိုက်ရသည်။

ကျန်းချန်ရှန်းက လက်ကို မြှောက်လိုက်ပြီး လက်ညိုးတစ်ချက် ညွှန်လိုက်ရာ...ဝိညာဉ်စွမ်းအင်များသည် အေးစက်သောအလင်းရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသူ၏နဖူးကို ထိုးဖောက်သွားလေသည်။

ဘုန်းးးးးး

ထိုအမျိုးသား၏ ရုပ်အလောင်း မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။

ထိုလူသည် လုပ်ကြံသတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် လာခဲ့သည်။ သို့သော် သူ၏ အစစ်အမှန်ချီကိုပင် ထုတ်မသုံးရခင် သေဆုံးခဲ့ချေပြီ။

အနက်ရောင်ဝတ်ရုံ၏ လုပ်ကြံသတ်ဖြတ်ခြင်းခံရလုနီးပါးဖြစ်သော ကျန်းဇီယု သာလျှင် ကျန်းချန်ရှန်း မည်မျှတန်ခိုးကြီးသည်ကို သိသည်။

ကျန်းချန်ရှန်း လက်ကို မြှောက်လိုက်ပြီး စာလိပ်နှင့် အရိုးစုကို မြေကြီးပေါ်ကနေ စုပ်ယူလိုက်သည်။ ထို့နောက် ထွက်မသွားခင် ကျန်းဇီယုကို လှည့်ကြည့်လိုက်သည်။

တိုက်ပွဲကိုကြည့်နေသော ၀တ်ဖြူတော်အစောင့်များနှင့် နန်းတော်စောင့်များအားလုံး အခုမှသာ လန့်နိုးလာကြသည်။ သူတို့သည်လည်း ကျန်းချန်ရှန်း၏ခွန်အားကြောင့် အံ့သြနေကြသည်။

ဟန်ထျန်းကျီသည် မြို့တံခါးနားက တံစက်မြိတ်တွင် တုန်လှုပ်ချောက်ချားသည့်အမူအရာဖြင့် ရပ်နေသည်။

"သူက ဘယ်နယ်ပယ်မှာလဲ...."

ကျန်းချန်ရှန်းသည် ချောင်ဂိုဏ်းသားများကဲ့သို့ အစစ်အမှန်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်တွင်သာရှိနေသည်ဟု ဟန်ထျန်းကျီ ယခင်က ထင်ခဲ့ဖူးသည်။ ဒါပေမယ့် အခုကြည့်ရတာသလောက်ဆို သေချာပေါက် အထင်လွဲနေချေပြီ။

ဤတိုက်ပွဲကို သူ့မျက်စိဖြင့် မြင်ရုံမျှဖြင့် ဆရာတော်ချန်ရှန်းသည် အခြားသူများပြောသည်ထက် နားမလည်နိုင်လောက်အောင် အားကောင်းကြောင်း သူသဘောပေါက်ခဲ့သည်။

“ဒီအလောင်းကို မြို့တော်မြောက်ဘက်တံခါးမှာ ခုနစ်ရက်ပတ်လုံး ချိတ်ဆွဲထားလိုက်...”

ကျန်းဇီယု၏ အေးစက်သောအမိန့်ပေးသံ နန်းတော်ထဲတွင် ပဲ့တင်ထပ်သွားသည်။

အခန်းထဲရှိ ကျန်းချန်ရှန်းသည် စားပွဲပေါ်ရှိ အရိုးစုများကို ကြည့်ကာ စူးစမ်းရန် နတ်ဘုရားအာရုံကို အသုံးပြုခဲ့သည်။

ပိုင်ချီသည် ပြတင်းပေါက်ရှေ့တွင် လှဲအိပ်နေပြီး အခန်းထဲသို့ စူးစူးဝါးဝါး ကြည့်လိုက်သည်။ အရိုးစုတွေကိုတွေ့လိုက်ရသည်နှင့် သူ့မျက်လုံးထဲမှာ ကြောက်ရွံ့မှုတွေ ပြည့်နေသည်။

“ဆရာတော် သတိထားပါ.... နတ်ဆိုးတွေက လူတွေကို အလွယ်တကူ လှည့်စားနိုင်တယ်…”

ပိုင်ချီက သူ့ကို သတိပေးရုံမှတစ်ပါး မကူညီနိုင်ခဲ့ပေ။ ကျန်းချန်ရှန်း သတိလက်လွတ်ဖြစ်သွားမှာကိုသာ ကြောက်မိသည်။

ကျန်းချန်ရှန်း ရုတ်တရက်တုန်ရီသွားပြီး ပိုင်ချီကို ထူးဆန်းတဲ့အပြုံးနဲ့လှည့်ကြည့်လိုက်သည်။

ပိုင်ချီ သေလုမတတ် ကြောက်လန့်နေရှာသည်။ ကျန်းချန်ရှန်းသာ နတ်ဆိုးပြုစားခံလိုက်ရရင် ဘယ်သူ သူ့ကိုတားနိုင်မှာလဲ....

ပိုင်ချီ၏တုံ့ပြန်မှုကိုမြင်သောအခါ ကျန်းချန်ရှန်း ချက်ချင်းပင် ကြည်နူးသွားပြီး....

"ဘယ်လိုသတိထားရမလဲမသိဘူးလို့ ထင်နေတာလား?"

သူ့အကြည့်တွေကို ပြန်ရုတ်သိမ်းလိုက်ပြီး ပို အရိုးဖြူများကို စစ်ဆေးရန်သာ အာရုံစိုက်ခဲ့သည်။

ပိုင်ချီ သက်ပြင်းချပြီး ကျန်းချန်ရှန်းကို နာကြည်းစွာ ကြည့်နေသည်။

“ဆရာတော်... ငါ သေလောက်အောင် ကြောက်နေခဲ့တာ...…”

ထို့နောက် စားပွဲပေါ်ရှိ အဖြူရောင်အရိုးများကို ကြည့်လိုက်သည်။ သူတို့ကို ခဏလောက်ကြည့်ပြီးနောက် သူ့အမူအရာက ရုတ်တရက်ပြောင်းသွားပြီး......

“ဒါက ဒဏ္ဍာရီလာ ယင်အရိုးစုမလား”

ယင်အရိုးစု?

ကျန်းချန်ရှန်းက ပိုင်ချီကို လှည့်ကြည့်လိုက်ပြီး... "မင်းအထဲဝင်ပြီး စကားပြောလို့ရတယ်...."

ပိုင်ချီ စိတ်လှုပ်ရှားသွားပြီး ချက်ချင်းဆိုသလို ပြတင်းပေါက်ကနေ ခုန်ဝင်ကာ ကျန်းချန်ရှန်းရဲ့ နံဘေးကို ရောက်လာသည်။ထို့နောက် နတ်ဆိုးချီတွေ ပြန့်နှံ့သွားပြီး ဝတ်ရုံဖြူဝတ်ဆင်ထားသည့် အမျိုးသမီးအဖြစ် အသွင်ပြောင်းသွားခဲ့သည်။ သူမကျန်းချန်ရှန်းအနားတွင်ထိုင်ကာ.....

"ကျွန်မက တုံ့လင်းမင်းဆက်မှာမွေးဖွားခဲ့တဲ့သူပါ.... လွန်ခဲ့တဲ့ အနှစ်ငါးဆယ်က ယင်အရိုးစုလို့ ခေါ်တဲ့ မကောင်းဆိုးဝါး သတ္တဝါကို ဂိုဏ်းပေါင်းစုံက တိုက်ခိုက်နေကြတယ်လို့ ကြားဖူးတယ်....ဒီယင်အရိုးစုက အမှန်တော့ အနှစ်တစ်ထောင်ကျော် အသက်ရှင်နေခဲ့တဲ့ အရိုးဖြူနတ်ဆိုးဝိဉာဉ်ပါ.... လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ကလဲ့စားချေမှုကြောင့် သားသေဆုံးသွားလို့ ရူးသွပ်သွားတဲ့ ပညာရှင်တစ်ဦးရှိခဲ့ဖူးတယ်လို့ ဒဏ္ဍာရီရှိခဲ့ဖူးတယ်.... သားဖြစ်သူသေဆုံးသွားတာကို လက်မခံနိုင်တာကြောင့် ရှေးဟောင်းတားမြစ်ပညာရပ်သုံးပြီး သားဖြစ်သူရဲ့အလောင်းကို အနှစ်တစ်ရာကြာအောင် အချိန်ယူပြီး နတ်ဆိုးဝိဉာဉ်အဖြစ်ပေါင်းလဲခဲ့တယ်... အနှစ်တစ်ထောင်ကြာပြီးနောက်၊ ယင်အရိုးစုမှာ အစစ်အမှန်နတ်ဘုရားနယ်ပယ်တစ်ဉီးရဲ အစွမ်းသတ္တိတွေရှိနေလောက်ပြီ....”

ကျန်းချန်ရှန်း စိတ်ခံစားချက်နဲ့ သက်ပြင်းချလိုက်မိသည်။ ဤကမ္ဘာသည် သာမန်သိုင်းပညာလောကမဟုတ်ဟု ထင်ရသည်။

ပိုင်ချီက... “ယင်အရိုးစု မှာ အထူးအသုံးပြုမှုရှိတယ်လို့ ပြောလို့ရပါတယ်... ဘာလဲတော့ မသိဘူး....”

သူမ မသိစိတ်က ကျန်းချန်ရှန်း ရဲ့ လက်မောင်းကို ပွေ့ဖက်ချင်နေသည်။ သို့သော်လည်း ကျန်းချန်ရှန်းက သူမကို တစ်ချက်ကြည့်လိုက်သဖြင့် ပွေ့ဖက်ရန် ကြောက်ရွံ့နေသည်။

ကျန်းချန်ရှန်းက.... "ဒီလောက်ဆိုလဲ အထူးအသုံးတည့်ပါတယ်"

ယင်အရိုးစုသည် ဝိညာဉ်စွမ်းအင်နှင့် စစ်မှန်သောချီဓာတ်တို့ကို သယ်ဆောင်ထားနိုင်သည်ကို အာရုံခံမိသည်။ တစ်နည်းဆိုရသော် သူသာ အစစ်အမှန်ချီကို လုံလောက်အောင် ပေးမည်ဆိုပါက၊ ယင်အရိုးစု ပိုမိုအားကောင်းလာမည်ဖြစ်သည်။ ထို့အပြင်၊ယင်စည်းတံဆိပ်ခတ်ခြင်းနည်းပညာ တစ်မျိုးရှိနေသေးသည်။

ယင်စည်းတံဆိပ်ကို အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးပင်လျှင် မဖွင့်နိုင်သောကြောင့် ရွှေခန္ဓာနယ်ပယ်အဆင့် တစ်ယောက်ယောက်က လုပ်ခဲ့တာ ဖြစ်နိုင်သည်။

ဒီကမ္ဘာကြီးရဲ့ သိုင်းပညာတွေက တကယ်ကို အံသြစရာပင်... ၀င်္ကပါများအပြင် တံဆိပ်ခတ်ခြင်းနည်းပညာ အမျိုးမျိုးရှိနေသေးသည်။

ထိုအချိန် သူ့ရှေ့မှာ စကားတစ်ကြောင်း ပေါ်လာသည်။

[ ချန်းဝူ ခေတ် 14 နှစ်တွင်၊ ကြယ်စင်စုဝေးခြင်းမျှော်စင်၏လက်ဝဲအမတ်က သင့်ကို ယင်အရိုးစုနှင့်တိုက်ခိုက်ခဲ့သည်။ ဧကရာဇ်ကိုကယ်တင်ပြီး ဘေးဆိုးတစ်ခုမှ လွတ်မြောက်ခဲ့သည့်အတွက် သင်သည် ရှင်သန်ခြင်းဆုလာဘ်အဖြစ် ပဲစေ့များကို စစ်သားအဖြစ်အသွင်ပြောင်းခြင်း မန္တာန်ကို ရရှိခဲ့သည်]

ပဲစေ့များကို စစ်သားအဖြစ်အသွင်ပြောင်းခြင်း...

မဆိုးပါဘူး....

ကျန်းချန်ရှန်းသည် မန္တာန်နှင့်ပတ်သတ်သောအချက်အလက်များကို ချက်ချင်း လက်မခံသေးဘဒ ယင်းအစား ယင်အရိုးစု၏စည်းတံဆိပ်ကို ချိုးဖျက်ခဲ့သည်။

သူ၏ နတ်ဘုရားအာရုံ လျင်မြန်စွာ ဖြန့်ကျက်လိုက်သည်နှင့် တပြိုင်နက် စည်းတံဆိပ် ချက်ချင်း ကျိုးပျက်သွားခဲ့သည်။

အသံဗလံများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ပြတင်းပေါက်များ တုန်ခါသွားပြီး ပိုင်ချီ လည်း ကြောက်ရွံ့တုန်လှုပ်သွားသည်။

ချက်ချင်းပင် စားပွဲပေါ်ရှိ အရိုးဖြူများ တုန်ခါလာပြီး ပိုင်ချီ၏ ထိတ်လန့်သော အကြည့်အောက်တွင် အဖြူရောင်အရိုးများ လျင်မြန်စွာ တွဲဆက်ပြီး စားပွဲပေါ်တွင် လုံးလုံးလျားလျား ရပ်နေလေသည်။ အရိုးစုကိုကြည့်လျှင် ယင်အရိုးစုသည် ငယ်ရွယ်သောရုပ်သဏ္ဍာန်ရှိပြီး အသက်ဆယ့်သုံးနှစ် သို့မဟုတ် ဆယ့်လေးနှစ်ဟု ခန့်မှန်းရသည်။

"သင်ဘယ်သူလဲ…"

ယင်အရိုးစုက ဆူညံသော အသံကို လွှင့်ထုတ်လိုက်သော်လည်း ကလေးဆန်သော အရိပ်အယောင်ကို ပေါ်လွင်စေသည်။ ကျန်းချန်ရှန်းက ...."ငါက မင်းရဲ့သခင်၊ အခုကစပြီး မင်း ငါနဲ့ အတူ ကျင့်ကြံရမယ်... "

ယင်အရိုးစုသည် ချက်ချင်းပင် ကျန်းချန်ရှန်းကို ဒူးထောက်ထိုင် အရိုအသေပေးခဲ့သည်။

ကျန်းချန်ရှန်း မျက်ခုံးပင့်လိုက်သည်။ တကယ်ထိရောက်သားပဲ....

စည်းတံဆိပ်ကို ချိုးဖျက်လိုက်သောအခါ ယင်အရိုးစုထဲသို့ ပြန်လည်ဝင်စားခြင်းအမှတ်အသားကို ထည့်သွင်းခဲ့သည်။ထိုနည်းလမ်းဖြင့် ယင်အရိုးစုကို အမှန်တကယ် အနိုင်ယူနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ယခုတွင် သူသည် ယင်အရိုးစုကို ထိန်းချုပ်ရန် ပြန်လည်ဝင်စားခြင်း အမှတ်အသားကို အသုံးပြု၍ရနိုင်ပြီဟု ခံစားလာရသည်။

ပြန်လည်ဝင်စားခြင်းအမှတ်အသားသည် ဆက်စပ်မှုတစ်ခုမျှသာဖြစ်သည်။ အဓိကအချက်မှာ ဤတံဆိပ်ခတ်ခြင်းနည်းပညာက လေးနက်နက်ရှိုင်းလွန်းသဖြင့် အခြားသူတစ်ယောက်က စည်းတံဆိပ်ကိုချိူးဖျက်လိုက်လျှင်တောင် ယင်အရိုးစုက သူကို သခင်အဖြစ် အသိအမှတ်ပြုနေဉီးမှာပင်....

ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး "ပိုင်ချီ ..သူ့ကိုခေါ်ထုတ်သွားပြီး သစ်ပင်အောက်မှာ ထားလိုက်..."

ပိုင်ချီက စိတ်ဝင်တစားဖြင့်..

"တခြားသူတွေမြင်သွားမှာ မကြောက်ဘူးလား"

"မကြောက်ပါဘူး....."

တိတ်တဆိတ်သဘောတူထားခြင်းမရှိပါက သူ၏ခြံဝင်းအတွင်းသို့ မည်သူမျှ ဝင်ရောက်နိုင်မည်မဟုတ်ပေ။ သူ့မှာ ယင်အရိုးစုရှိနေသည့်သတင်း ပြန့်နှံ့နေရင်တောင် စိုးရိမ်စရာမရှိပေ။ အကယ်၍ ဤရတနာသည် ကြယ်စင်စုဝေးခြင်းမျှော်စင်၏လက်ထဲသို့တောင်ရောက်နိုင်ခဲ့လျှင် သူ အဘယ်ကြောင့် မထိန်းသိမ်းနိုင်ရမည်နည်း။

ပိုင်ချီ ခဏမျှ တုံ့ဆိုင်းသွားပြီး သက်ပြင်းချလိုက်သည်။ ထို့နောက် ယင်အရိုးစုနှင့်အတူ အိမ်ထဲမှ ထွက်လာခဲ့သည်။

ကျန်းချန်ရှန်း စာလိပ်ကိုကြည့်တော့ အထဲမှာ နေရာလွတ်တစ်ခုရှိသည်ကို သဘောပေါက်လိုက်သည်။ ကြီးကြီးမားမားမဟုတ်ပေမယ့် ယင်အရိုးစုကို ထည့်ထားနိုင်လောက်သည်အထိတော့ ကျယ်ဝန်းသည်။

နောင်တွင် သိုလှောင်ပစ္စည်းအဖြစ်အသုံးပြုရန် စာလိပ်ကို သိမ်းဆည်းထားရမည်။

ကျန်းချန်ရှန်းသည် စာလိပ်ကို ဖယ်လိုက်ပြီး စနစ်ကပေးသော ဆုလာဘ်ကို အမွေဆက်ခံရန် ကုတင်ပေါ်တွင် ထိုင်လိုက်သည်။

မကြာခင်မှာပဲ လှုပ်လှုပ်ရှားရှား ဖြစ်သွားလေတော့သည်။

ဒီမန္တာန်က....လုံးဝကိုအမိုက်စားပဲ.....

ပဲစေ့များကို စစ်သားအဖြစ်သို့ အသွင်ပြောင်းခြင်း.... နာမည်ပေးထားသည့်အတိုင်း ပဲစေ့များကို ကြဲဖြန့်ပြီး စစ်သားများအဖြစ် ပြောင်းလဲနိုင်သည်။ သို့သော်၊ ဤပဲစေ့များကို ဝိညာဉ်စွမ်းအင်ဖြင့်သာဖန်တီးနိုင်သည်။

ဝိညာဉ်စွမ်းအင် ပဲစေ့များစွာကို သိုလှောင်ထားပြီး အသက်သွင်းလိုက်သည်နှင့် စစ်သားများအဖြစ်အသွင်ပြောင်းသွားမည်ဖြစ်သည်။ ဝိဉာဉ်စွမ်းအင်ပါရှိသောကြောင့် ထိုစစ်သည်များသည် သာမန်စစ်သားများထက် ပိုမိုအားကောင်းသည်။

ပဲစေ့များ မြေပြင်ပေါ်သို့ ကျရောက်ပြီး မြေဆီလွှာနှင့် ထိတွေ့နေသမျှ ကာလပတ်လုံး ၎င်းတို့သည် စစ်သားများအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။ တစ်နည်းဆိုရသော် ကျန်းချန်ရှန်းသည် အခြားသူများကို ဝိညာဉ်စွမ်းအင်ပဲစေ့များ ပေးနိုင်သည်။

ကျန်းချန်ရှန်း၏ ဝိညာဉ်စွမ်းအင် ပိုမိုအားကောင်းလာသည်နှင့်အမျှ ပဲစေ့များဖြင့်ဖန်တီးထားသော စစ်သည်များသည်လည်း ပိုမိုအားကောင်းလာမည်ဖြစ်သည်။

ဝိုးးးးအစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူနှစ်ဦးကို အနိုင်ယူပြီးရလာခဲ့တဲ့ ရှင်သန်ခြင်းဆုလာဘ်က မျှော်လင့်ထားတာထက်တောင်ပိုကောင်းနေသေးတယ်....

ကျန်းချန်ရှန်းသည် အချက်အလက်များကို အမွေဆက်ခံပြီးနောက်၊ ဝိညာဉ်စွမ်းအင်များကို ပဲစေ့များအဖြစ် သိပ်သည်းလိုက်သည်။ ဒီလုပ်ငန်းစဉ်က မခက်ခဲခဲ့ပေ။ သူသည် တခဏအတွင်း လက်တစ်ဆုပ်စာ ပဲစေ့များကို သိပ်သည်းနိုင်ခဲ့သည်။

မန္တာန်ပါ အချက်အလက်အရ တစ်စက္ကန့်အတွင်း ဝိညာဉ်စွမ်းအင် ပဲစေ့တစ်ရာကို ဖန်တီးရန် ဝိညာဉ်ရေးစွမ်းအား များများစားစား မသုံးစွဲခဲ့ရပေ။ ဤသည်မှာ သူ၏ လက်ရှိဝိညာဉ်စွမ်းအားများ အလွန်အားကောင်းသည့်အဓိပ္ပါယ်ပင်....

သူသည် ပဲစေ့တစ်စေ့ကို မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ပစ်ချလိုက်သည်။ ပဲစေ့ကနေ လူသားတစ်ဉီးပုံသဏ္ဍာန်အဖြစ် လျင်မြန်စွာ ပြောင်းလဲသွားသည်။ သူ၏ ထိန်းချုပ်မှုအောက်တွင် ပဲစေ့စစ်သားက မလှုပ်ရှားဘဲ ထိုနေရာတွင် ရပ်နေခဲ့သည်။

အမွှေးတိုင်တစ်တိုင်စာခန့်အကြာတွင် ပဲစေ့စ်သား သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

တစ်နည်းဆိုရသော် ပဲစေ့တပ်သားတစ်ဦးသည် အမွှေးတိုင်တစ်တိုင်စာအချိန်တစ်ခုသာ တိုက်ပွဲဝင်နိုင်သည်။

ကျန်းချန်ရှန်းသည် အိတ်ငယ်လေးကို ထုတ်ကာ ဝိညာဉ်စွမ်းအင် ပဲစေ့များစွာကို ဖန်တီးခဲ့သည်။ သူသည် ၎င်းတို့ကို အိတ်ထဲထည့်၍ ခါးတွင်ချိတ်ဆွဲထားသည်။

နောက်ဆို ပိုးထည်အိတ်လေးတွေထဲထည့်ပြီး ငါ့ရဲ့ ထူးခြားတဲ့စွမ်းရည်တွေကို မြှင့်တင်ဖို့ တခြားသူတွေကို လက်ဆောင်ပေးရမယ်...

ကျန်းချန်ရှန်း ထိုသို့တွေးပြီးနောက် တက်လက်ကျင့်ကြံနေခဲ့သည်။

နောက်တစ်နေ့မနက်မှာတော့ ကြယ်စင်စုဝေးခြင်းမျှော်စင်၏ လက်ဝဲသံအမတ်အလောင်းကို မြို့မြောက်ဘက်တံခါးမှာ ချိတ်ဆွဲထားတာကြောင့် သိုင်းပညာရှင်နဲ့ သာမန်လူတော်တော်များများကို ကြောက်ရွံ့ထိတ်လန့်စေခဲ့သည်။

မြို့တံခါးနားမှာ ကပ်ထားတဲ့ သတိပေးစာတစ်စောင်လည်းရှိနေသေးသည်။

ကျင်းမင်းဆက်၏ အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဉီးသည် ညသန်းခေါင်တွင် နန်းတော်အတွင်းသို့ ခိုးဝင်ကာ ဘုရင်မင်းမြတ်အား လုပ်ကြံသတ်ဖြတ်ဖို့ကြံစည်ခဲ့သည်။ သို့သော် ကြံစည်မှုကျရှုံးပြီးသေဆုံးခဲ့သဖြင့် သူတို့ရဲ့ ပြစ်မှုတွေကို အပြစ်ပေးလို့မရနိုင်ပေ။

တောင်တွေ ဝန်းရံထားတဲ့ တောလမ်းလေးရဲ့ နံဘေးမှာ တည်းခိုခန်းတစ်ခုရှိနေသည်။ခရီးသွားများ၏မြင်းများကို တည်းခ်ိုခန်းနံဘေးတွင်ချည်နှောင်ထားပြီး သားသတ်သမားတစ်ဉီးက နွားတင်းကုပ်ဘေးတွင် ဝက်များကို သတ်နေ၏။

"ကြားပြီးလား ကျင်းမင်းဆက်က အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးက လွန်ခဲ့တဲ့ တစ်လလောက်က ဧကရာဇ်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ်တဲ့!”

"ဟေ...တကယ်ကြီးလား? ဘာဖြစ်သွားသေးလဲ....”

“လုပ်ကြံဖို့ကြိုးစားတဲ့သူ သေသွားလို့ သူ့အလောင်းကို မြို့ရိုးပေါ်မှာ ချိတ်ဆွဲထားတယ်တဲ့..... ”

"ကြည့်ရတာ လုံချီဘုရားကျောင်းရဲဲ့ သိုင်းနတ်ဘုရားက အရေးယူလိုက်တာ ဖြစ်နိုင်တယ်...."

“ကျစ်...ကျစ်... သိုင်းနတ်ဘုရားက တကယ်ကို အလုပ်ကြိုးစားတယ်။ ဧကရာဇ်က သူ့တပည့်ဆိုပေမယ့် သူ့သားနဲ့ ပိုတူနေတယ်.... သူ့ကို နေ့ရောညပါ စောင့်ရှောက်ပေးနေတာကိုပဲကြည့်လေ....”

တည်းခိုခန်းရှိ သိုင်းပညာရှင်တို့ ဆွေးနွေးနေကြသည်ကို အဘိုးကြီးနှင့် လူငယ်တစ်ဦးက ထောင့်တစ်နေရာတွင် ငြိမ်သက်စွာ နားထောင်နေသည်။

အဘိုးအိုသည် မီးခိုးရောင် ၀တ်ဆင်ထားပြီး ဆံပင်တွေကော မုတ်ဆိတ်မွေးပါ ဖြူဖွေးနေသည်။

ကျန်းချန်ရှန်းသာ ဒီမှာရှိနေရင် သူ့ကို သေချာပေါက်မှတ်မိလိမ့်မည်။

ဤလူသည် လုံချီဘုရားကျောင်း၏အကြီးဆုံးအစ်ကိုဖြစ်သူ မန်ချွဲ့ဟေး ဖြစ်သည်။

လက်ရှိတွင် မန်ချွဲ့ဟေးသည် အသက်ခုနစ်ဆယ်ကျော်နေပြီဖြစ်သည်။ ငယ်ငယ်တုန်းကနှင့်မတူတော့ဘဲ သူကြည့်ရတာ သာမန်အဘိုးကြီးတစ်ယောက်လိုပင်....

မန်ချွဲ့ဟေးက သက်ပြင်းချကာ ..."သူ အရင်ကလို အစွမ်းထက်တုန်းပဲ" ဟု ပြောလိုက်သည်။

သူ့ဘေးမှာထိုင်နေတဲ့ လူငယ်လေးတစ်ယောက်ကတော့ တောက်ပြောင်စွာဝတ်စားထားပြီး သူ့နောက်ကျောမှာ ဓားတစ်ချောင်းလွယ်ထားသည်။ ခွေးခြေပေါ် ခြေတစ်ချောင်းပစ်တင်ထားပုံက အတော်လေးစည်းမဲ့ကမ်းမဲ့နိုင်လှသည်။

သို့သော် ထိုလူငယ်က တော်တော်ချောသည်။

လူငယ်သည် လက်တစ်ဖက်နှင့် ဝိုင်အိုးကိုကိုင်ကာ ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။ တစ်ကျိုက်တည်း သောက်ပြီးနောက် ပါးစပ်ကို သုတ်ကာ ပြုံးလိုက်သည်။

“ဆရာတော်ချန်ရှန်းက တကယ့်ကို အထင်ကြီးစရာပဲ....မဟုတ်ရင် ကျုပ်အဖေနဲ့ တေေအထက်လူကြီးတွေ သူ့လက်ထဲမှာ သေမှာမဟုတ်ဘူး.....”

မန်ချွဲ့ဟေးက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "မင်း ပြုံးနေသေးတာလား.... မုန်းတီးစိတ်နဲ့ အံကြိတ်နေသင့်တာမဟုတ်ဘူးလား..."

လူငယ်သည် လက်ကို ဝှေ့ယမ်းပြီး မန်ချွဲ့ဟေးအနားသို့ကပ်ကာ တိုးတိုးလေးရယ်လိုက်ပြီး .....

"ဘာကိုမုန်းရမလဲ။ နဂါးမျှော်စင်မရှိတော့မှပဲ. သက်သာရာရသွားတယ်...... ဒါ့အပြင် အဖေဆုံးသွားတဲ့ အကြောင်းရင်းက သူ့ဆန္ဒကြောင့်ပဲလေ.... သူတို့ကို အနိုင်ယူခဲ့တဲ့ဆရာတော်ချန်ရှန်းက အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ကျော်လွန်ပြီး ဒဏ္ဍာရီ နယ်ပယ်ကို ရောက်နေလောက်ပြီ.... ဒါ့ကြောင့် သူက စီရင်စု ၁၃ ခုကို စိုးမိုးပြီး နဂါးမျှော်စင်ရဲ့ရန်သူတွေကို ကူညီသုတ်သင်ဖို့ လွှတ်ထားပေးလိုက်စမ်းပါ...သူ အသက်ကြီးလို့ ကွယ်လွန်သောအခါ နဂါးမျှော်စင် ပြန်လည်ထမြောက်ပြီး ကမ္ဘာကို အုပ်စိုးလိမ့်မယ်...”

“လူတစ်ယောက် ဘယ်လောက်ပဲ အားကောင်းနေပါစေ ကောင်းကင်ဘုံကို မအနိုင်ယူနိုင်ဘူး.... ဆရာတော်ချန်ရှန်းက တာအိုအယူဝါဒကို ကျင့်ကြံသူမို့ သူ့မှာ သားသမီးမရှိဘူး... သူသေတဲ့အခါ စီရင်စုဆယ့်သုံးခုကု နဂါးမျှော်စင်လက်ထဲပြန်ရောက်လာမှာပဲလေ....ကျူပ်တို့ရဲ့ အနှစ်တစ်ထောင်သက်တမ်းရှိတဲ့ အခြေခံအုတ်မြစ်က တိုက်ပွဲတစ်ခုတည်းကြောင့် ပျက်စီးသွားမယ်တဲ့လား.. အချိန်တန်ရင် လက်တစ်ချောင်းမှလှုပ်စရာမလိုပဲအောင်ပွဲခံနိုင်မှာကို.... အဲ့အခါကျရင် သိုင်းလောကထဲက ဘယ်သူကမှ ကျူပ်စကားကို နားမထောင်ဘဲနေရဲမှာမဟုတ်ဘူး....”

မန်ချွဲ့ဟေးက လှောင်ပြောင်သည့်အနေဖြင့် .....“မင်း အခုလိုထွက်သွားတော့မလို့လား...အလျော်အစားကြီးတယ်မထင်မိဘူးလား....?"

လူငယ်သည် ပခုံးတွန့်ကာ အနည်းငယ်မူးနေဟန်ဖြင့်.....

“မထင်ပါဘူး.... အဖေက ကျင့်ကြံနေစဉ် ရူးသွပ်သွားပြီး သူ့နှလုံးသားထဲမှာ အတွင်းနတ်ဆိုးဖြစ်ပေါ်လာတယ်... သေဆုံးသွားတဲ့စီနီယာတွေကလည်း အကုန် သေခါနီးတွေချည်းပဲ.... နဂါးမျှော်စင်က လွန်ခဲ့သောနှစ်ပေါင်းတစ်ရာကျော်လောက်ကတည်းက ဆုတ်ယုတ်သွားပြီဆိုတာ အစေခံဟောင်းတွေဆီကနေ သိထားပြီးပြီ.....အရင်ချောင်ဂိုဏ်းတွေနဲ့ သိုင်းပညာပြိုင်ပွဲမှာ မဟာယာနနဂါးမျှော်စင် ရှုံးနိမ့်ခဲ့တယ်.... ဒါ့အပြင် ထိန်းချုပ်လို့မရနိုင်တဲ့ ဆရာကြီး ဆရာတော်ချန်ရှန်းရှိနေသေးတယ်...အတွင်းရောအပြင်မှာပါရန်သူပတ်လည်ဝိုင်းနေပြီလေ...ကျူပ်တို့နေရာမှာ ခင်ဗျားသာဆို ဘာလုပ်မှာလဲ....."

All Chapters