← Chapters

နတ်ဆိုးနှင့် နဂါးသွေးကြော.... မင်းဆက်ငါးခု၏ စစ်ပွဲ.......

Vol. 5 Ch. 74

နတ်ဆိုးနှင့် နဂါးသွေးကြော.... မင်းဆက်ငါးခု၏ စစ်ပွဲ.......

Vol. 5 Ch. 74

နှစ်ပေါင်းရာနှင့်ချီအတွင်း ကြုံခဲလှသော ဤငလျင်သည် ရှီပြည်နယ်ရှိ မြို့အားလုံးကို ထိခိုက်စေခဲ့သည်။ အသေအပျောက်တွေ အများကြီးရှိတော့ ခန့်မှန်းရခက်သည်။လုံချီဘုရားကျောင်းအနီးရှိ လမ်းများအပြင် မြို့တော်ရှိ အခြားနေရာများလည်း ပျက်စီးခဲ့သည်။ ၎င်းတို့ကို ပြန်လည်တည်ဆောက်ရန် အချိန်များစွာယူရပေမည်။ ကံကောင်းထောက်မစွာဖြင့် တကျန်းသည် ယခုအချိန်တွင် အားကောင်းနေပြီဖြစ်သည်။ကျန်းဇီယုက ဧကရာဇ်တပါးအနေဖြင့် လူများအတွက် အိမ်များကို ပြုပြင်ရန် လိုအပ်သောငွေအားလုံးကို တော်ဝင်ဘဏ္ဍာတိုက်မှထုတ်ယူရန် အမိန့်ပေးခဲ့သည်။

ရှီပြည်နယ်မှာ ငလျင်ဒဏ် ခံခဲ့ရသော်လည်း ပြည်သူတွေရဲ့ နှလုံးသားတွေ မယိမ်းယိုင်ခဲ့ပေ။ ဧကရာဇ်သည် ကောင်းကင်ဘုံကို တစ်နှစ်ပတ်လုံး စစ်ပွဲဆင်နွှဲရခြင်းအတွက် သူ့ကို နာကြည်းစေသည်ဟုသော ကောလဟာလအချို့ရှိခဲ့သော်လည်း ထိုအသံများ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

လုံချီဘုရားကျောင်းမှ တပည့်များသည် မြို့တော်နှင့် ရှီပြည်နယ်တွင် တွေ့ကြုံရသည့် အဖြစ်အပျက်များကို သိရှိသောအခါ တုန်လှုပ်သွားကြသည်။ တောင်ပေါ်၌ ငလျင်ငယ်တစ်ခုသာ ဖြစ်သည်ဟု သူတို့ထင်ခဲ့ကြသည်။ ဤမျှကြီးမားသော ခြားနားချက်ရှိနေသည်ကို တွေ့လိုက်ရသဖြင့် ဒါဟာ ကျန်းချန်ရှန်း၏ အကာအကွယ်ကြောင့်သာ ဖြစ်သည်ဟု ယူဆနိုင်သည်။

ဒါကို သူတို့တွေတင် သဘောပေါက်ခဲ့ခြင်းမဟုတ်ပေ။ လုံချီ တောင်အနီးရှိ လမ်းများလည်း ပျက်စီးဆုံးရှုံးမှုများစွာမရှိခဲ့ကြောင်း လူများပိုမိုသိရှိနားလည်လာကာ အင်မော်တယ်ဆရာတော်ချန်ရှန်း ယ၏အမည်ကို ထပ်မံပျံ့နှံ့စေခဲ့သည်။ မြို့တော်ရှိ သြဇာကြီးသူများသည် လုံချီတောင်အနီးရှိ မြေကွက်ကို မြင့်မားသောစျေးနှုန်းဖြင့် ဝယ်ယူကြသည်။ အချို့က ငြိမ်းချမ်းရေးကို လိုလားကြပြီး အချို့က ချမ်းသာချင်ကြသည်။

ယခုနှစ်ကုန်တွင်၊ ရှီပြည်နယ်သည် ငလျင်ကြောင့် ဖြစ်ပေါ်လာသော ဘေးဒုက္ခမှ လွတ်မြောက်ခဲ့သည်။

ထိုနေ့တွင်၊ ကျန်းဇီယု အလည်အပတ်ရောက်ရှိလာပြီး ဟန်ထျန်းကျီကိုပါအတူ ခေါ်ဆောင်လာခဲ့သည်။

ကျန်းချန်ရှန်းကို ပထမဆုံးတွေ့စဉ်က ဟန်ထျန်းကျီ အတော် အံ့ဩသွားခဲ့သည်။ အင်မော်တယ်ဆရာတော်ချန်ရှန်းသည် ငယ်ရွယ်နုပျိုအောင်ထိန်းသိမ်းရာတွင် ကျွမ်းကျင်ကြောင်း မကြာခဏကြားသိဖူးသော်လည်း ကိုယ်တိုင်မြင်တွေ့ရချိန်တွင် မအံသြဘဲမနေနိုင်ပေ။

ကျန်းဇီယုက ဟန်ထျန်းကျီနှင့်အတိုချုံး မိတ်ဆက်ပေးပြီး ကိစ္စအချို့ကိုဆွေးနွေးစကားစခဲ့သည်။ ထိုမှသာ ဟန်ထျန်းကျီ သတိပြန်ဝင်လာပြီး.....

"အမတသခင်.... လွန်ခဲ့တဲ့ နှစ်လက ငလျင်က အတော်ထူးခြားတယ်... မြို့တော်မှာလည်း လွန်ခဲ့တဲ့ နှစ် ၆၀က ငလျင်လှုပ်ခဲ့တယ်လို့ ကြားတယ်.... ဒါက နဂါးသွေးကြော အဓိကရုဏ်းကြောင့်လို့ ထင်ပါတယ်.....”

ကျန်းချန်ရှန်းက ခေါင်းညိတ်ပြီး.... "အဲ့တော့?"

ဒီလူနှစ်ယောက်က သူ့ကို နဂါးသွေးကြောအကြောင်း အဖြေရှာစေချင်နေတာလား....

ဟန်ထျန်းကျီက.... “နဂါးသွေးကြော အဓိကရုဏ်းဖြစ်တိုင်း နောက်ဆုံးအကြိမ်ထက် ပိုပြင်းထန်လိမ့်မယ်....ဒါက ကြီးမားတဲ့ ဘေးအန္တရာယ်တစ်ခုပါ ...လူသားတွေလက်ချက်ကြောင့်ဖြစ်စေ သဘာဝအရဖြစ်စေ သေခြင်းတရားကို ငြိမ်ငြိမ်လေး ထိုင်စောင့်လို့ မရဘူး....”

ကျန်းဇီယုကလည်း... “ မဟာယာနနဂါးမျှော်စင်ရဲ့ အကြွင်းအကျန်တွေ လက်ချက်လို့ ကျွန်တော် သံသယရှိတယ်....မဟာယာနနဂါးမျှော်စင် ဖျက်ဆီးခံခဲ့ရပေမယ့် တကယ်တမ်းကျတော့ မီးစာကုန်ဆီခမ်းနေတဲ့ သေခါနီးလူတစ်စုသာ သေဆုံးခဲ့ရတာလေ.... "

နဂါးမျှော်စင်တွင် လူအနည်းငယ်သာရှိသောကြောင့် ၎င်းသည် ကျန်းဇီယု ၏နှလုံးသားထဲတွင် ဆူးတစ်ချောင်း

အဖြစ်ရှိနေဆဲပင်...."

ကျန်းချန်ရှန်းက ကူကယ်ရာမဲ့စွာဖြင့် ..."ဒါဆို နဂါးသွေးကြောက ဘယ်မှာလဲဆိုတာ မင်းသိလား....မင်းတို့ ငါ့ကို မြေကြီးတူးခိုင်းမှာတော့ မဟုတ်လောက်ပါဘူးနော်...."

သူသည် ကိုးကောင်ကင်အသွင်ပြောင်းခြင်းပညာရပ်ဖြင့် တီကောင်အဖြစ်ပြောင်းလဲကာ မြေထဲသို့ စိမ့်ဝင်ရမည်လော.....

“ရှီပြည်နယ်မှာ စုံစမ်းစစ်ဆေးဖို့ ဝတ်ဖြူတော်

အစောင့်တွေကို စေလွှတ်ထားပြီးသားပါ.... လူသားတွေရဲ့လက်ချက်ဆို ဝင်ပေါက်ရှိမှာ သေချာတယ်....ဝင်ပေါက်တွေ့ရင် ဆရာတော်ကူညီပေးနိုင်ဖို့ပဲ မျှော်လင့်ပါတယ်....နဂါးသွေးနဲ့ ရောနှောနိုင်တဲ့သူတွေဟာ အလွန်မြင့်မားတဲ့ နယ်ပယ်ရောက်နေသူတွေပဲဖြစ်ရမယ်....” ဟု ကျန်းဇီယုက ပြန်ပြောခဲ့သည်။

ဟန်ထျန်းကျီက... “အမတသခင် လုံချီ တောင်ကို ဘယ်လိုကာကွယ်ခဲ့တာလဲဆိုတာ သိခွင့်ရမလား.... လုံချီ တောင်ကိုကာကွယ်ဖို့ ဘယ်လိုပညာရပ်များအသုံးပြုခဲ့ပါသလဲ..."

ဒီအကြောင်းကို သူအရမ်းသိချင်တဲ့အတွက် ကျန်းဇီယု သူ့ကို ဒီကိုခေါ်လာခဲ့ခြင်းပင်....

ကျန်းချန်ရှန်းက ခေါင်းခါလိုက်ပြီး.... "ထောက်ပံ့ရေးနဲ့ ပတ်သက်ပြီး ငါဘယ်လိုသိမလဲ....တောင်ကြီးကို ကိုယ့်အစွမ်းအစနဲ့ ကာကွယ်ခဲ့ရုံပါ....”

ဒီစကားတွေကြားတာနဲ့ ကျန်းဇီယုနဲ့ဟန်ထျန်းကျီတို့ အံ့ဩသွားပြီး သူတို့ရဲ့နားကို မယုံနိုင်အောင်ဖြစ်သွားကြသည်။

ကျန်းဇီယုက မနေနိုင်တော့ဘဲ.... “ဆရာတော်ရဲ့ ခွန်အားနဲ့ လုံချီတောင်ကို ကာကွယ်ခဲ့တာလား... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ...လုံချီ တောင်က ဧရာမတောင်ကြီးမဟုတ်ပေမယ့် သေးငယ်တဲ့တောင်ကုန်းမှမဟုတ်တာ... တောင်ပေါ်ကိုရောက်ဖို့ တစ်နာရီလောက်ကြာတယ်လေ.....”

ကျန်းချန်ရှန်း ပြုံးပြီး ဘာမှပြန်မပြောခဲ့ပေ။

ဟန်ထျန်းကျီ အံ့သြသွားသည်။

ငလျင်ဒဏ်ကနေ တောင်ကို ကာကွယ်ဖို့ဆို သူ ဘယ်လောက် အစွမ်းထက်နေပြီလဲ......

စိတ်ကူးကြည့်ရုံဖြင့်ပင် တုန်လှုပ်စရာကောင်းလွန်းလှသည်။ ရှန်းရှန့်တုန်းထျန်းတွင် ထိုသို့သော ကျွမ်းကျင်သူတစ်ဦး ရှိကောင်းရှိနိုင်သော်လည်း သူ၏ အဆင့်အတန်းနှင့် ခွန်အားဖြင့် ထိုသူတို့ကို တွေ့ခွင့်မရနိုင်ပေ။

အဆုံးတွင် နှစ်ယောက်သား တိတ်ဆိတ်စွာ ထွက်ခွာသွားကြသည်။ သူတို့ဘာတွေတွေးနေလဲဆိုတာကို သူတို့ပဲသိပေလိမ့်မည်။

မပြန်ခင် ကျန်းချန်ရှန်းက ကျန်းဇီယုကို ဆေးပြား နှစ်ပုလင်း ပေးလိုက်သေးသည်။ သူ့သားလေး အသက်တိုသွားမှာကိုလည်း စိုးရိမ်သည့်အတွက် တတ်နိုင်သမျှ အမြန်ဆုံး ပြုစုစောင့်ရှောက်ဖို့ စီစဉ်ပေးခဲ့ရသည်။

ပိုင်ချီက အံ့သြစွာနဲ့ လျှာကိုက်လိုက်ပြီး....

'တောင်ကြီးကို သူ့အစွမ်းနဲ့ ကာကွယ်ရုံလောက်ပဲတဲ့လား...တကယ်တမ်းကျတော့ ပေါ့ပေါ့ပါးပါး တစ်ချက်ရိုက်လိုက်ပြီ ခွန်အားကို အပြည့်အ၀ အသုံးမပြုဘဲ ငလျင်ရဲ့ စွမ်းအားကို ဖြန့်ခွဲပစ်လိုက်ရုံပဲကို....."

ကျန်းချန်ရှန်းသည် တွေးတောဆင်ခြင်ရန် ကမြေဝိညာဉ်သစ်ပင်ရှိရာသို့ရောက်လာပြီး အမွှေးတိုင်အရေအတွက်ကို စတင်အသုံးပြုခဲ့သည်။ စိတ်ထဲကနေ မေးလိုက်သည်က...

“ဒီငလျင်ဘာကြောင့်ဖြစ်လာတာလဲသိချင်တယ်...."

[အမွှေးတိုင်အရေအတွက် ၄၀၀၀ လိုအပ်ပါသည်။ ဆက်လက်လုပ်ဆောင်လိုပါသလား....]

ဆက်လက်လုပ်ဆောင်မည်.....

ဒီတစ်ခါတော့ အများကြီး ရင်းနှီးမြှုပ်နှံရတော့မည်။

[ဤငလျင်သည် နဂါးသွေးကြော၏ ကံကြမ္မာကို နတ်ဆိုးတစ်ကောင်က စုပ်ယူခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ နဂါးသွေးကြော၏ကောင်းချီးများကုန်ဆုံးသွားသည်နှင့် ရှီပြည်နယ်ပျက်စီးမည်ဖြစ်ပြီး စီရင်စုဆယ့်သုံးခု၏ ကံတရား ဖြတ်တောက်ခံရမည်ဖြစ်သည်။ ထိုအချိန်မှစ၍ ဘေးဥပဒ်များစတင်ဖြစ်ပေါ်လာလိမ့်မည်]

နတ်ဆိုး?

၎င်းသည် ချောင်ဂိုဏ်းနှစ်ခု၏ ပေါင်းစပ်အင်အားနှင့် ညီမျှနေပြီဖြစ်သည်။

သို့ရာတွင်၊ အမွှေးတိုင်အရေအတွက် ၄၀၀၀ သည် သဘာဝတာအိုကျင့်စဉ်၏ ဆဋ္ဌမအဆင့်သို့ ဖြတ်ကျော်ရမည့် ကောင်းကင်အတိဒုက္ခကို လုံးလုံးလျားလျား ထေမိနိုင်မည် မဟုတ်ပေ။

ဆိုလိုတာက နတ်ဆိုးက သူ့ကို လောလောဆယ် မခြိမ်းခြောက်နိုင်သေးပေ။

ကျန်းချန်ရှန်း ဒါကို တွေးလိုက်တဲ့အခါ ကြီးကြီးမားမား ပြဿနာမဟုတ်ကြောင်း ခံစားလိုက်ရသည်။

သူသည် ချက်ချင်းပင် သူ၏ ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်ကာ ကိုယ်ပွားခွဲထုတ်လိုက်သဖြင့် ပိုင်ချီ၏ ဝံပုလွေမျက်လုံးများ ပြူးကျယ်သွားစေသည်။

ကိုယ်ပွားက သူနဲ့တစ်ထပ်တည်းတူပြီး သူတို့နှစ်ယောက် ဘေးချင်းကပ် တရားထိုင်ကြလျှင် ဘယ်သူအစစ်လဲဆိုတာ မပြောနိုင်ပေ။

ကျန်းချန်ရှန်းသည် ကိုယ်ပွားကျင့်စဉ်ကို နှစ်လအတွင်း ပြီးပြည့်စုံအောင် လေ့ကျင့်နိုင်ခဲ့သဖြင့် သက်တောင့်သက်သာ အသုံးပြုနိုင်ပြီဖြစ်သည်။

သူ့ကိုယ်ပွားက မတ်တတ်ထပြီး လေပေါ်ခုန်တက်ကာ တိမ်များကိုစီးနင်း၍ မိုးကုတ်စက်ဝိုင်းထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

ပိုင်ချီ တုန်လှုပ်သွားပြီး ...“ဆရာတော်...…”

ကျန်းချန်ရှန်း က သူမကို တစ်ချက်ကြည့်လိုက်ပြီး "မင်း ဘာမှ မတွေ့လိုက်ဘူးမဟုတ်လား"

ပိုင်ချီ အလွန်ထိတ်လန့်သွားပြီး တစ်ကိုယ်လုံး တုန်ရီနေသော်လည်း အစွမ်းကုန် ခေါင်းညိတ်လိုက်သည်။

ဒါက သိုင်းပညာရောဟုတ်သေးရဲ့လား....

သေချာတာကတော့ ထင်ယောင်ထင်မှားဖြစ်ခဲ့တာ မဟုတ်ပေ။

ပိုင်ချီသည် ကိုယ်ပွား၏အော်ရာကို အာရုံခံနိုင့်ပြီး ထိုအော်ရာက ကျန်းချန်ရှန်းနှင့်တထပ်တည်းတူနေသည်။

ကျန်းချန်ရှန်းက ကိုယ်ပွားကို ရှီပြည်နယ်သို့စေလွှတ်ခဲ့သည်။ သူကိုယ်တိုင်ရှာဖွေတာက ဝတ်ဖြူတော်အစောင့်တွေ ရှာဖွေတာထက် ပိုအဆင်ပြေသည်။

ချန်းဝူခေတ် 16 နှစ်... မတ်လတွင်...

တကျန်းသည် မင်းဆက်အမျိုးမျိုးမှ စစ်ကြေညာခြင်းကို ရုတ်တရက်လက်ခံရရှိပြီး အနီးနားရှိ မင်းဆက်များက တကျန်း၏ ကုန်သွယ်မှုတောင်းဆိုချက်ကို ပယ်ချခဲ့သည်။ မင်းဆက်အမျိုးမျိုးရဲ့ နယ်နိမိတ်မှာ တပ်ဖွဲ့ဝင်အများအပြား ပေါ်လာခဲ့ပေမယ့် တကျန်းကို မတိုက်ခိုက်ကြသေးပေ။ ယင်းအစား သူတို့သည် အမိန့်များကို လေးနက်စွာ စောင့်ဆိုင်းခဲ့ကြသည်။

“မြောက်ပိုင်းဇူ၊ဝေ့၊ချန်း၊ထျန်းကန် နန်းယန်တို့တွေက တကျန်းကို စစ်ကြေငြာတယ်...!”

ကျန်းဇီယုသည် နဂါးပလ္လင်ရှေ့တွင် ရပ်ကာ အသံနက်ကြီးဖြင့် အော်လိုက်သည်။ သူ့မျက်နှာမှာ သတ်ဖြတ်လိုစိတ်တွေ ပြည့်နှက်နေတဲ့ အေးစက်စက် အပြုံးတစ်ခုရှိနေသည်။

အရပ်ဘက်နှင့် စစ်ဘက်အရာရှိများ အချင်းချင်း စိတ်လှုပ်ရှားစွာ ဆွေးနွေးကြသည်။ စီရင်စု ၁၃ ခုသည် ထိုသို့သော အခြေအနေမျိုး တစ်ခါမှ မကြုံဖူးပေ။ ရှေးယခင်က အနီးနားရှိ မင်းဆက်များနှင့် တိုက်ခိုက်ခဲ့ကြသော်လည်း မင်းဆက်များစွာပူးပေါင်း၍စစ်ကြေငြာခြင်းမျိုးမရှ်ခဲ့ပေ။ နောက်ဆုံးတွင် အခြားမင်းဆက်များ အချင်းချင်း အကျိုးစီးပွားအတွက် ပဋိပက္ခများ ရှိခဲ့သည်။

ချန်းလီက.... "အရှင်... မင်းဆက်ငါးဆက် တစ်ပြိုင်နက်တည်း စစ်ကြေညာခဲ့ပေမယ့် မတိုက်ခိုက်ကြသေးဘူး... သူတို့က တကျန်းရဲ့ စွမ်းအားကို ကြောက်လို့ အတူတကွ တွန်းလှန်ချင်ကြတာ ဖြစ်နိုင်တယ်....”

ရှုထျန်းကျို ခေါင်းခါလိုက်ပြီး “ကျုပ်ကတော့ အဲ့လိုမထင်ဘူး... တစ်ချိန်တည်း တိုက်ခိုက်ဖို့ အမိန့်ကို စောင့်နေကြတာ ဖြစ်နိုင်တယ်....”

တာဝန်ရှိသူများက ၎င်းတို့၏ သဘောထားများကို တယောက်ပြီးတယောက် ထုတ်ဖော်ပြောဆိုကြသည်။

ကျန်းဇီယု ငြိမ်သက်နေခဲ့သည်။သူသည် မာနကြီးသော်လည်း တုံးအသူမဟုတ်ပေ။ မင်းဆက်ငါးဆက်ပေါင်းပြီး တကျန်းကို တိုက်ခိုက်ခဲ့လျှင် မင်းဆက်ခြောက်ဆက်ကြား စစ်ပွဲကြီးတစ်ခုဖြစ်လာမည်သာ... ထိုအချိန်တွင်၊ တကျန်း၏ နယ်နိမိတ်အားလုံးသည် စစ်မြေပြင်ဖြစ်လာလိမ့်မည်။

ဤအရာသည် တကျန်းအတွက် အလွန်ဆိုးရွားသည်။

လက်ရှိ တကျန်းသည် မင်းဆက်သုံးဆက် ပေါင်းစပ်ခြင်းနှင့် ညီမျှသော်လည်း ရှေးဟောင်းဟန်မင်းဆက်နှင့်ကျင်းမင်းဆက်တို့က ရောနှောနေဆဲဖြစ်သည်။ စစ်ပွဲကြောင့် ချို့ယွင်းချက်များဖြစ်ပေါ်လာသည်နှင့် ရှေးဟောင်းဟန်မင်းဆက်နှင့် ကျင်းမင်းဆက်တို့က ပုန်ကန်ကြမည်သာ...

“အရှင်မင်းကြီး၊ အခုအချိန်မှာ အပြောင်းအလဲတွေကို ကိုင်တွယ်ဖြေရှင်းတာ အကောင်းဆုံးပါပဲ....မင်းဆက်ငါးဆက် လက်တွဲပြီး တိုက်ဖို့ ဘယ်သူမှ သတ္တိရှိမှာ မဟုတ်ဘူး...တကျန်းက ကျင်းမင်းဆက်ကို ချေမှုန်းဖို့ တပ်ဖွဲ့တွေစေလွှတ်ဖို့ အချိန်တစ်ခုတော့လိုနေသေးတယ်..."

ယန်ချယ်၏ ထောက်ပြချက်ကို လူအများက လက်ခံခဲ့ကြသည်။

ကျန်းဇီယုက လှောင်ပြောင်ဟန်ဖြင့်....

“ဒါဆို တကျန်းကို ဘယ်သူက အရင်တိုက်ခိုက်ရဲလဲဆိုတာ ငါကြည့်မယ်....ငါ့ဘက်ကနေ သူတို့ကိုအရင်ဖျက်စီးပစ်မယ်...!”

အမိန့်ထုတ်ပြီးနောက် စစ်ဗိုလ်ချုပ်အများအပြားကို အချိန်မရွေး စောင့်ကြပ်ရန် နယ်အသီးသီးသို့ စေလွှတ်ခဲ့သည်။ မြို့တော်အတွက် ဗိုလ်ချုပ်ကိုတောင် ချန်မထားခဲ့ဘဲ ပဉ္စမအဆင့်အထက် ဗိုလ်ချုပ်များအားလုံးကို စေလွှတ်ခဲ့သည်။

လုံချီ ဘုရားကျောင်းတွင်၊ ကျန်းချန်ရှန်း သည် လီကျွင် မှတဆင့် ၎င်းကို သိရှိခဲ့သည်။ မင်းဆက်ငါးဆက် အတူတကွ စစ်ကြေငြာပြီးနောက် ထိုသတင်းကို သက်သက်မဲ့ ဖြန့်လိုက်ခြင်းဖြစ်ပြီး ထိုသတင်းကြောင့် လူတိုင်း အထိတ်တလန့် ဖြစ်စေခဲ့သည်။

မင်းဆက်ငါးပါး၏ ဝိုင်းရံမှုသည် ကြောက်မက်ဖွယ်ကောင်းလှသည်။

ဤသည်မှာ မင်းဆက်ငါးပါးက စစ်ကြေညာပြီး တိုက်ခိုက်ခြင်းမပြုရသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။

ကျန်းချန်ရှန်း ထိုစကားကိုကြားသောအခါ သူ့စိတ်ထဲတွင် သက်ပြင်းချမိသည်။ နဂါးသွေးကြောကို ရှာမတွေ့ခင်မှာ ရန်သူဘက်က လှုပ်ရှားနေပြီ......

ချောင်ဂိုဏ်းများသည် နဂါးသွေးကြောအကြောင်းကို သိရှိပြီး ဤအချိန်တွင် အခွင့်ကောင်းယူကာ တမင်တကာ ပြဿနာရှာနေသည်ဟုပင် သံသယဖြစ်မိသည်။

သုံးလကြာရှာဖွေခဲ့သော်လည်း ကျန်းချန်ရှန်း၏ကိုယ်ပွားနှင့် ဝတ်ဖြူတော်အစောင့်တပ်သားများ နဂါးသွေးကြောကို ရှာမတွေ့ခဲ့ပေ။ ရှင်းနေသည်မှာ၊ နဂါးသွေးကြောသည် မြေအောက်အနက်ရှိုင်းဆုံးနေရာတွင် ဖုံးကွယ်ထားပြီး သူ၏ ဝိဉာဉ်ခွဲထုတ်ခြင်းနည်းလမ်းဖြင့် ပင်လျှင် ရှာမတွေ့နိုင်ပေ။ ရှီပြည်နယ်တွင် မရှိနိုင်တာလည်းဖြစ်နိုင်သည်။

"... ငါအကုန်သိတယ်..."

လီကျွင်း မထွက်သွားမီ သတင်းအားလုံးပြောပြခဲ့သည်။

ထိုစဉ် ပိုင်ချီ ရောက်လာပြီး "မင်းဆက်ငါးခုနဲ့ ချောင်ဂိုဏ်းတွေပူးပေါင်းနေပြီထင်တယ်...ဂိုဏ်းတွေက နောက်ကွယ်ကနေ ကြံစည်နေတာပဲဖြစ်ရမယ်...”

ကျန်းချန်ရှန်း ခေါင်းညိတ်လိုက်သည်။ ဒီအကြောင်းကိုလည်း သူသိပေမယ့် စိတ်အနှောက်အယှက်မဖြစ်မိပေ။ ယင်းအစား၊ သူ့အတွက် ရှင်သန်ခြင်းဆုလာဘ်များပေးနိုင်သော ရန်သူများကိုသာ စောင့်မျှော်နေပါသည်။

ပိုင်ချီက ...“တကျန်းက မင်းဆက်ငါးဆက်ရဲ့ ဝိုင်းရံမှုကို ကာကွယ်နိုင်မှာ မဟုတ်ဘူး...ဆရာတော် လှုပ်ရှားမှာလား....."

ကျန်းချန်ရှန်းက "ငါတို့မနိုင်တော့မှ ဒီအကြောင်းကို ဆက်ပြောကြရအောင်......"

သူသည် မင်းဆက်ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခဲသည်။ တကျန်းက တောင်တွေ မြစ်တွေ ပျက်စီးတော့မှသာ လှုပ်ရှားသင့်လျှင် လှုပ်ရှားရမည်။

သူ၏ လုပ်ရပ်ကြောင့် လူများစွာ သေဆုံးနိုင်သော်လည်း နှစ်ရာနှင့်ချီကြာပြီးနောက် မသေနိုင်သောသူကိုမမြင်ဖူးသေးပေ။ သူသည် ဘုရားလောင်းမဟုတ်သဖြင့် သတ္တဝါတိုင်းကိုကယ်တင်ဖို့မဖြစ်နိုင်ပေ။

သူသည် တကျန်း အတွက် အထောက်အပံ့မဏ္ဍိုင်ဖြစ်လာရန် ဆန္ဒရှိသော်လည်း တစ်ယောက်တည်း ကာကွယ်ရန်နှင့် အရာအားလုံးအတွက် လုပ်ဆောင်ရန် ဆန္ဒမရှိခဲ့ပေ။ အနှစ်တစ်ထောင်မင်းဆက်ကို အမှန်တကယ် တည်ထောင်လိုလျှင် သူ၏ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်မှုကသာ အထူးအရေးကြီးပါသည်။

ကျန်းချန်ရှန်းသည် စွမ်းအားမြှင့်ဆေးတစ်ပုလင်းကို ထုတ်ကာ စားသုံးပြီးနောက် စွမ်းအင်ကို ဆက်လက် လည်ပတ်စေသည်။

တစ်ချိန်က သူသည် မည်သည့်ပြိုင်ဘက်နှင့်မျှ မတွေ့ဆုံဖူးသော်လည်း သဘာဝတာအိုကျင့်စဉ်၏ ခုနစ်ခုမြောက်အဆင့်ကို တောင့်တဆဲဖြစ်သည်။ စကြဝဠာနယ်ပယ်ကို ကျော်လွန်သည့် ကျွမ်းကျင်သူတစ်ဦး ပေါ်ထွန်းလာသောအခါတွင် သူ့အသက်အန္တရာယ်ကို တားဆီးရန် သူသည် စဉ်ဆက်မပြတ် အားကောင်းနေမှဖြစ်မည်။

သူ့ခန့်မှန်းချက်အရ၊ သူသည် ငါးနှစ်အတွင်း တာအိုကျင့်စဉ်၏ အဆင့်ခုနစ်သို့ ရောက်ရှိနိုင်သည်။

ဤသည်မှာ သူ့နယ်ပယ်မျှသာ ဖြစ်သည်။ နှစ်တိုင်း သူ့ခွန်အားတွေ တိုးလာမယ်။

နေနှင့်လ၏ သံသရာစက်ဝန်း တစ်နေ့ပြီးတစ်နေ့ လည်ပတ်နေစမြဲပင်.....

တစ်လကြာပြီးနောက် တကျန်းနယ်စပ်တွင် တပ်များ ပိုများလာခဲ့သည်။ ကျန်းဇီယုသည် ဘဏ္ဍာငွေကြေးကို ဂရုမစိုက်ဘဲ မင်းဆက်ငါးဆက်ကို သေသည်အထိ တိုက်ခိုက်လိုသကဲ့သို့ အငမ်းမရ တပ်သားစုဆောင်းနေဆဲဖြစ်သည်။

တကျန်း၏ သဘောထားက အနီးနားရှိ မင်းဆက်ငါးဆက်ကို အံ့အားသင့်စေခဲ့သည်။ တကျန်းကို ထိတ်လန့်သွားလိမ့်မည်ဟု ထင်ခဲ့ကြသော်လည်း ၎င်းသည် ပို၍ ကြီးစိုးပြီး စစ်ပွဲ ဆင်နွှဲဖို့ပြင်ဆင်နေမည်ဟု မမျှော်လင့်ထားပေ။

သြဂုတ်လတွင်...စစ်ပွဲစတင်ချေပြီ..

မြောက်ပိုင်းဇူမင်းဆက်က တကျန်းကို ပထမဆုံး တိုက်ခိုက်ခဲ့သည်။ ထိုနေ့တွင်ပင် မြောက်ပိုင်းရှိ ထျန်းကန်မင်းဆက်သည် ကျန်းမင်းဆက်ကို တိုက်ခိုက်ရန် ၎င်းတို့၏တပ်များကို မြှင့်တင်ခဲ့သည်။ နောက်ခုနစ်ရက်ကြာတော့ ဝေမင်းဆက်က မြောက်ပိုင်းသို့ တပ်တွေ ပို့လိုက်သည့်အပြင် ချန်မင်းဆက်နှင့် နန်ယွမ်မင်းဆက်တို့သည်လည်း တပ်ဖွဲ့များ စေလွှတ်ခဲ့သည်။ တစ်လအတွင်းမှာပဲ တကျန်းနယ်နိမိတ်မှာ စစ်ပွဲတွေ ဖြစ်ပွားခဲ့ချေပြီ။

ဒါဟာ မကြုံစဖူး တိုက်ပွဲတစ်ခုပင်.... မင်းဆက်ငါးဆက်သည် တပ်ဖွဲ့ဝင်နှစ်သန်းကျော်ကို ရင်းနှီးမြှပ်နှံပြီး လူသစ်စုဆောင်းနေဆဲဖြစ်သည်။

ဘုရင်မင်းမြတ်က သိုင်းပညာရှင်များအား ပံ့ပိုးကူညီရန် အမျိုးမျိုးသော စစ်မြေပြင်များသို့ လွတ်လပ်စွာ သွားရောက်ခွင့်ပြုဖို့ အမိန့်ထုတ်ပြန်ခဲ့သည်။ စစ်ပွဲပြီးသောအခါ၊ ၎င်းတို့၏ ပံ့ပိုးမှုများအပေါ် မူတည်၍ ဆုချမည်ဖြစ်ပြီး မှူးမတ်များအထိ ရာထူးတိုးမြှင့်ခံရနိုင်သည်။ သူတို့ရဲ့ နောက်ခံအကြောင်း၊ အတိတ်အကြောင်းလည်း မေးမြန်းနေမည်မဟုတ်ပေ။

ဤအမိန့်ကို ထုတ်ပြန်လိုက်သည့်အခါ တကျန်း၏သိုင်းလောကသားတွေ စိတ်လှုပ်ရှားနေပါသည်။

အဲဒီနေ့မှာ တစ်စုံတစ်ယောက်က ကျန်းချန်ရှန်းဆီကို အလည်လာခဲ့သည်။

ဟွမ်းချွမ်က ကျန်းချန်ရှန်းရှေ့မှာ ရပ်လိုက်ပြီး ငုံ့ကြည့်လိုက်သည်။

"ရောက်လာတဲ့ဧည့်သည်က ချောင်ဂိုဏ်းကလို့ ပြောတယ်....."

All Chapters