ဖုယွဲ့မိသားစု...လုံချီဘုရားကျောင်း တိုက်ပွဲတွင် ပါဝင်လာခြင်း.....
Vol. 5 Ch. 75
“သူ့ကို ဝင်ခွင့်ပေးလိုက်....”
ကျန်းချန်ရှန်း မျက်လုံးမဖွင့်ဘဲ ပြောလိုက်သည်။ သူသည် တစ်ဖက်လူ၏ အစစ်အမှန်ချီကို အာရုံခံမိပြီးသားဖြစ်သည်။ ထိုသူ မြို့ထဲကို ဝင်ကတည်းက သူ သတိထားမိသည်။ သို့သော်၊ ဤသူသည် မကောင်းသော အကြံအစည်မရှိသဖြင့် ဂရုမစိုက်ခဲ့ပေ။
ဟွမ်းချွမ်က ချက်ချင်းပဲ ထိုသူကို ခေါ်လာခဲ့သည်။
ပိုင်ချီသည် မြေဝိညာဉ်သစ်ပင်၏နောက်တွင် မှီနေသော ယင်အရိုးစုကို တစ်ချက်ကြည့်လိုက်ပြီး ...." ဆရာတော်... ယင်အရိုးစုကို တခြားနေရာမှာ ဝှက်ထားချင်လား...သူစိမ်းတွေမြင်သွားရင် ဒုက္ခရောက်လိမ့်မယ်..."
ကျန်းချန်ရှန်းက.... "အဆင်ပြေပါတယ်.... ငါတစ်ယောက်လုံးရှိနေတာကို ဘယ်သူကသစ်ပင်နောက်ကိုဝင်ကြည့်မှာလဲ. ."
ယင်အရိုးစု၏ ခန္ဓာကိုယ်တွင် အော်ရာကို အနိမ့်ဆုံးအထိ လျှော့ချနိုင်သည့် သင်္ကေတတစ်ခု ရှိနေသောကြောင့် မည်သူမျှ နားမလည်နိုင်ပေ။
ဒါကို ပိုင်ချီ ကြားလိုက်တာနဲ့ အဓိပ္ပါယ်ရှိတယ်လို့ ခံစားမိပြီး တခြားဘာမှထပ်မပြောတော့ပေ။
သိပ်မကြာခင်မှာပဲ ဟွမ်းချွမ်က ချောင်ဂိုဏ်းသား ကိုယ်ခံပညာရှင်တစ်ယောက်နှင့်အတူ ရောက်လာခဲ့သည်။ဧည့်သည်ကို ခြံဝင်းတံခါးသို့ ပို့ပြီးနောက်၊ ဟွမ်းချွမ် မနှောင့်ယှက်ဘဲ ထွက်ခွာသွားခဲ့သည်။
ဤချောင်ဂိုဏ်း၏ ကိုယ်ခံပညာရှင်မှာ အစိမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသည့်
အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမသည် မျက်နှာတစ်ဝက်ကို အဖြူရောင်ပုဝါစဖြင့်ဖုံးကွယ်ထားပြီး ဝါးဦးထုပ်ဆောင်းခါးကာ သူမ၏လက်ထဲတွင် ဓားတစ်လက်ကိုင်ဆောင်ထားသည်။ ကျန်းချန်ရှန်း၏မျက်နှာကို မြင်လိုက်ရသောအခါ သူမသည်လည်း အခြားသူများကဲ့သို့ အံ့အားသင့်သွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် အကြာကြီး ထိတ်လန့်မသွားခဲ့ပေ။ သူမ ကျန်းချန်ရှန်း ရှေ့သို့ အလျင်အမြန်ရောက်လာပြီး ရိုသေစွာဖြင့်.... "ဂျူနီယာယုယန်ရိက ဖူယွဲ့ မိသားစု လို့ခေါ်တဲ့ ချောင်ဂိုဏ်းကပါ...တွေ့ရတာဝမ်းသားပါတယ် ဆရာတော်ချန်ရှန်း...."
ကျန်းချန်ရှန်း မျက်လုံးဖွင့်လိုက်ပြီး ....
"ဖူယွဲ့ မိသားစု? တကယ်တော့ မင်းကိုယ်မင်း မင်းမျိုးမင်းနွယ်လို့သုံးသင့်တာ... မင်းက သာမာန်လူမဟုတ်ဘူး....."
ယုယန်ရိက အသံခပ်တိုးတိုးဖြင့်... “ ချီးကျူးမှုကို ကျေးဇူးတင်ပါတယ်...စီနီယာကို ဖူယွဲ့ မိသားစုထဲဝင်ဖို့ ဖိတ်ခေါ်ဖို့ ဒီကိုလာခဲ့တာပါ... ဖူယွဲ့ မိသားစုက စီနီယာ လိုအပ်သမျှကို ဖြည့်ဆည်းပေးဖို့ ဆန္ဒရှိနေတယ်... စီနီယာရဲ့ နောက်ကွယ်မှာ ချောင်ဂိုဏ်းတစ်ခုရှိနေပြီဆိုရင်တော့ ခုနကပြောခဲ့တာကို မေ့ပစ်လိုက်ပြီး မိတ်ဆွေတွေလို ဆက်ဆံနိုင်ပါတယ်..."
ကျန်းချန်ရှန်းက ပြုံးပြီး မေးလိုက်သည်က....
"ငါသဘောတူရင် တကျန်းကို ထားခဲ့ရမှာလား။ ဖူယွဲ့မိသားစုက တကျန်းကို ကာကွယ်ပေးမှာလား...."
ယုယန်ရိ အလွန်ဝမ်းသာသွားပြီး..... "စီနီယာသာ ဖူယွဲ့ကို လိုက်ခဲ့မယ်ဆို ပိုကောင်းလိမ့်မယ်..... ဖူယွဲ့ မိသားစုကလည်း တကျန်း ကို သိမ်းပိုက်ဖို့ ဆန္ဒရှိတယ်..."
ကျန်းချန်ရှန်း ခေါင်းယမ်းလိုက်သည်။
ပိုင်ချီက ....“ချောင်ဂိုဏ်းက ဂိုဏ်းတစ်ခုသက်သက်ပဲ....”
ယုယန်ရိသည် သူမကို စိုက်ကြည့်ကာ လျစ်လျူရှုလိုက်သည်။ ကျန်းချန်ရှန်းကိုကြည့်ကာ.....
"စီနီယာ... တကျန်းကို သိမ်းပိုက်နိုင်မှသာ ဖူယွဲ့ မိသားစုက တကျန်းရဲ့ကံတရားနဲ့ သိုင်းပညာအရင်းအမြစ်များကို ပိုမိုကောင်းမွန်စွာအသုံးချနိုင်မှာပါ...ဒါတွေက စီနိယာကို ပံ့ပိုးပေးမယ့် အရင်းအမြစ်တွေထဲက တစ်ခုဖြစ်လာမယ်... ဒါက နှစ်ဖက်စလုံးအဆင်ပြေမယ့်အခြေနေပါ... စီနီယာက အစွမ်းထက်ပေမယ့် တကျန်းကို တစ်ယောက်တည်း မထိန်းချုပ်နိုင်ပါဘူး....စီနီယာမှာ ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ရဲ့ ခွန်အားတွေရှိရင်တောင် တုနှိုင်းမဲ့တောင်ကြားနဲ့ကြယ်စင်စုဝေးခြင်းမျှော်စင် က ကျားပါးစပ်ထဲက အသားတွေကို ကိုက်ဖြတ်ချင်နေတုန်းပဲ.....”
သူမ ခဏရပ်လိုက်ပြီး....
“ တုနှိုင်းမဲ့တောင်ကြားနဲ့ ကြယ်စုရုံးမျှော်စင်က မင်းဆက်ငါးဆက်ကိုစစ်ပွဲစတင်ဖို့ လှုံ့ဆော်ရုံသာမက၊ နောက်ထပ်မင်းဆက်လေးဆက်ကလည်းတပ်တွေကို စုစည်းပြီး မိုင်ထောင်ပေါင်းများစွာအဝေးကို ခရီးနှင်လာနေကြပြီ..... မင်းဆက် ကိုးဆက် အင်အားသုံးလာတဲ့အခါ တကျန်း ကျိန်းသေပေါက် ကျရှုံးလိမ့်မယ်... စီနီယာက အားကောင်းပေမယ့် ကမ္ဘာကြီးက ကျယ်ပြောလွန်းတာမို့ ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ။ တုနှိုင်းမဲ့တောင်ကြားက သူတို့ကို ကူညီပေးဖို့ ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူကို ရှာတွေ့နေပြီလို့ ပြောကြတယ်...”
လမ်းကြောင်းကိုးခုရှိ မင်းဆက်များသည် အလွန်ရက်စက်ကြမ်းကြုတ်လှသည်။
ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူတောင် ဆွဲဆောင်နိုင်တယ်တဲ့....
ကျန်းချန်ရှန်း စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
ထိုစကားကို ကြားသောအခါ ပိုင်ချီ ၏ မျက်ခွံများ လှုပ်ခါသွားသည်။ ချောင်ဂိုဏ်းများ ရူးသွပ်နေကြပြီလော.....
ကျန်းချန်ရှန်း အသံတိတ်နေတာကြောင့် ယုယန်ရိက.... “ ဖူယွဲ့ မိသားစုရဲ့ အခြေခံအုတ်မြစ်က မဟာယာနနဂါးမျှော်စင်ထက် ပိုနက်ရှိုင်းတယ်....ဖူယွဲ့မိသားစုက နှစ်ပေါင်းနှစ်ထောင်ကျော်ကြာ တည်ထောင်ခဲ့ပြီး မင်းဆက်လေးဆက်ကို ချုပ်ကိုင်ထားတယ်... စီနီယာသာလာဖို့ ဆန္ဒရှိတယ်ဆိုရင် မိသားစုအကြီးအကဲက ကောင်းကောင်းမွန်မွန် ဆက်ဆံမှာပါ...”
ပိုင်ချီ စိတ်အချဉ်ပေါက်လာတာကြောင့် "ဒါဆို မင်းရဲ့ မိသားစုခေါင်းဆောင်က ဘာလို့ ကိုယ်တိုင်လာမလာတာလဲ...."
ယုယန်ရိက ကူကယ်ရာမဲ့ဟန်ဖြင့်... " မိသားစုခေါင်းဆောင် လာမယ်ဆိုရင် သူက တုနှိုင်းမဲ့တောင်ကြား နဲ့ကြယ်စင်စုဝေးခြင်းမျှော်စင်နဲ့ ရန်သူတွေဖြစ်ကုန်လိမ့်မယ်....ဒါ့အပြင် စီနီယာလည်း သတိထားမိလိမ့်မယ်... မိသားစုအကြီးအကဲက သူ့ကိုခြိမ်းခြောက်ဖို့ အခွင့်အရေးယူနေတယ်လို့တောင် ထင်ကောင်းထင်နိုင်ပါတယ်...ဒါပေမယ့် မိသားစုခေါင်းဆောင်က ကျွန်မရဲ့အဖေမို့ ကျွန်မက ဖူယွဲ့ မိသားစုရဲ့ရိုးသားမှုကိုကိုယ်စားပြုနိုင်ပါတယ်...."
သူမ၏ သဘောထားသည် အလွန်နှိမ့်ချပြီး သနားဟန်ဆောင်နေပုံပင်။
ကျန်းချန်ရှန်းက....
“ဖူယွဲ့ မိသားစုရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် စိတ်မကောင်းပါဘူး.... ငါ တကျန်းကို မထားခဲ့နိုင်ဘူး...ပြီးတော့ လွတ်လွတ်လပ်လပ်နေရတာကိုပိုသဘောကျတယ်..."
ဒါကိုကြားတော့ ယုယန်ရိ စိုးရိမ်ထိတ်လန့်သွားပြီး .....“စီနီယာ.... ကြယ်စင်စုဝေးခြင်းမျှော်စင်နဲ့ တုနှိုင်းမဲ့တောင်ကြားက နှစ်တစ်ထောင်သက်တမ်းရှိတဲ့ သန့်ရှင်းတဲ့နယ်မြေပါ.... တကျန်း ပျက်စီးသွားရင်တောင် စီနီယာက သူတို့အတွက် ဆူးတစ်ချောင်းဖြစ်နေဉီးမှာပဲ.... ချောင် ဂိုဏ်းနှစ်ခုကို တစ်ယောက်တည်း တိုက်ခိုက်တာက ပညာရှိနည်းလမ်းမဟုတ်ဘူး... မဟာယာန နဂါးမျှော်စင်ကို စီနီယာ ဖျက်စီးလိုက်ပေမယ့် တကယ်ပျက်စီးသွားတာမှမဟုတ်တာ....သူတို့တွေက ပြန်လည်ပေါင်းစည်းမယ့်နေ့ကို စောင့်မျှော်ပြီး ကမ္ဘာအနှံ့ လှည့်လည်နေကြတယ်....ကျွန်မသိသလောက်ဆို စီနီယာ သတ်တဲ့လူတွေက မဟာယာနနဂါးမျှော်စင်ရဲ့ မျိုးဆက်ဟောင်းတွေပါ... သူတို့က စီနီယာကို ဓားအဖြစ်သုံးနေတာပဲ!"
ရွှေခန္ဓာနယ်ပယ်သည် သိုင်းလောကတွင် ဒဏ္ဍာရီလာနယ်ပယ်တစ်ခုဖြစ်သည်။
သို့သော် ရွှေခန္ဓာနယ်ပယ် မည်မျှပင် သန်မာနေပါစေ၊ သူတို့သည် တစ်ဦးတည်းသာ ဖြစ်ကြသည်။
ကျန်းချန်ရှန်းသည် ချောင် ဂိုဏ်းနှစ်ခုကို တိုက်ခိုက်လိုပြီး စစ်မြေပြင်သို့ အပြေးအလွှားသွားလိုပါက ဧကရာဇ်ကို တိုက်ခိုက်မည့်သူတွေပေါ်လာလိမ့်မည်။
ကျန်းချန်ရှန်းက အမူအယာ မပြောင်းလဲဘဲ ......
“ငါ့ကို ဓားအဖြစ်သုံးချင်တယ်ပေါ့..... ငါ တကျန်းမှာ ရှိနေသရွေ့ ငါ့ဓားက သူတို့ကို ထာဝရ နှိမ်နင်းနိုင်တယ်"
ယုယန်ရိ ပိုလို့တောင် အကူအညီမဲ့သွားသလို ခံစားနေရသည်။ ကျန်ချန်ရှန်း ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မည်နည်း.....
လူတစ်ဦးသည် ၎င်းတို့၏ သက်တမ်းကို ချောင်ဂိုဏ်းတစ်ခုနှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။
မည်သို့ပင်ဆိုစေ ယုယန်ရိက ကျန်းချန်ရှန်းကို မစော်ကားဝံ့ပေ။ ကျန်းချန်ရှန်းသည် မရေမတွက်နိုင်သော ကျွမ်းကျင်သူများကို သတ်ဖြတ်ခြင်းဖြင့် နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သည်။ ကြယ်စင်စုဝေးခြင်းမျှော်စင်၏လက်ဝဲသံအမတ်ပင်လျှင် သူ့လက်ထဲတွင် သေဆုံးခဲ့ရသည်။
ထိုအချိန်တွင် ကျန်းချန်ရှန်းက ရုတ်တရက် "ပိုင်ချီ မျက်လုံး မှိတ်ထား...." ဟုအမိန့်ပေးလိုက်သည်။
ဒါကိုကြားတော့ ယုယန်ရိ မသိစိတ်ကြောင့် သူမလက်ထဲက ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
ပိုင်ချီသည် ကျန်းချန်ရှန်း တိုက်ခိုက်တော့မည်ဟု ထင်ကာ မျက်လုံးများကို အလျင်အမြန်မှိတ်ထားသည်။
ကျန်းချန်ရှန်းသည် ယုယန်ရိကိုကြည့်ကာ ပုံရိပ်ယောင်နတ်မျက်စိကိုတိုက်ရိုက်အသုံးပြုနေချေပြီ။
ယုယန်ရိ ချက်ချင်းပင် အငိုက်မိသွားပြီး သူမ၏ မျက်ဆံများ ရွှေရောင်ပြောင်းသွားလေသည်။
ကျန်းချန်ရှန်းက.... “နဂါးသွေးကြောရဲ့ ဝင်ပေါက်က ဘယ်မှာလဲဆိုတာ မင်းသိလား..."
နဂါးသွေးကြောကို မြေအောက်၌ ဝှက်ထားသည်ကိုအကြမ်းဖျဉ်းသိထားသောကြောင့် တည်နေရာကိုသိရှိရန် အမွှေးတိုင်အရေအတွက်ကို အသုံးပြုရန် မလိုအပ်ပေ။ မဟာယာနနဂါးမျှော်စင်၏ အကြွင်းအကျန်များကြောင့် နဂါးသွေးကြော အားနည်းသွားပါက နဂါးသွေးကြောသို့ ဝင်ပေါက်ရှိမည်ဟု ဆိုလိုသည်။ သို့သော် ထိုသို့မဟုတ်ပါက နတ်ဆိုးများ မြေအောက်၌ မွေးဖွားလာခြင်းပင်ဖြစ်လိမ့်မည်။
သူ့ကိုယ်ပွားကို ရှာဖွေရန် စေလွှတ်ရခြင်း အကြောင်းရင်းမှာ သူ့ကိုယ်ပွားကို ထိန်းချုပ်ရန် မလိုအပ်သောကြောင့်ပင်.... သူ့ကိုယ်ပွား၏ အတွေးများသည် သူနှင့် အတူတူပင်။
အတိဒုက္ခကိုကျော်ဖြတ်ဖို့ နံသာတိုင်စနစ်ကို မှီခိုအားကိုးရမည်ဖြစ်သောကြောင့် အမွှေးတိုင်အရေအတွက်များကို အလွယ်တကူသုံးလို့မဖြစ်ပေ။
ငလျင်နှစ်ခုသည် နှစ်ပေါင်းများစွာ ခြားနားခဲ့သည်။ထို့ကြောင့် တာအိုကျင့်စဉ်၏ သတ္တမအဆင့်ကို ကျော်ဖြတ်ပြီးသည်နှင့် ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာရန်အချိန်ရှိပါသေးသည်။ သတ္တမအဆင့်သို့ ရောက်သည်နှင့် မြေအောက် မိုင်ပေါင်း ထောင်သောင်းချီ၍ ငုပ်လျှိုးနိုင်မည်ဖြစ်သည်။ ထို့အပြင်၊ နဂါးသွေးကြောမသေဆုံးမီ သဘာဝဘေးအန္တရာယ်များ ကျိန်းသေပေါက်လာမည်ဖြစ်ပြီး ကောင်းကင်နှင့်မြေကြီးတို့မှ အရိပ်အယောင်များ ရှိနေမည်ဖြစ်သည်။
ယုယန်ရိက.... “မသိဘူး..... နဂါးသွေးကြောက မြေအောက်မိုင်ပေါင်း ထောင်သောင်းမကအနက်မှာ ဖုံးကွယ်ထားတယ်လို့သာ ကြားဖူးတယ်.... သွေးကြောကိုရှာတွေ့ဖို့ ကံကိုပဲပုံအပ်ရမယ်...."
ကျန်းချန်ရှန်း အနည်းငယ် စိတ်မကောင်းဖြစ်သွားပြီး.... "ချောင်ဂိုဏ်းမှာ ရွှေခန္ဓာနယ်ပယ်ခက်ကျော်လွန်တဲ့သူရှိလား...."
ပိုင်ချီ ဒါကိုကြားလိုက်တဲ့အခါ သူမရဲ့ နှလုံးသား တုန်လှုပ်ချောက်ချားသွားလေသည်။
'ဘာကိုဆိုလိုတာလဲ?'
ရွှေခန္ဓာနယ်ပယ်အထက်မှာ နယ်ပယ်တွေရှိသေးတာလား...
ယုယန်ရိက မှိုင်းသောအမူအရာဖြင့်......
"မသိဘူး...ရွှေခန္ဓာနယ်ပယ်က ကျွန်မကြားဖူးသမျှထဲမှာ အမြင့်ဆုံးနယ်ပယ်ပဲ.... ရှန်းရှန်တုန်းထျန်းမှာ ပုန်းကွယ်နေတဲ့ မြင့်မားတဲ့နယ်ပယ်တစ်ခု ရှိနေနိုင်ပေမယ့် သူတို့တွေက အင်မတန် လျှို့ဝှက်လွန်းကြတယ်.... ချောင်ဂိုဏ်းတွေတောင်မှ သူတို့အကြောင်း ကောင်းကောင်းနားမလည်ဘူး....”
ကျန်းချန်ရှန်း စိတ်သက်သာရာရသွားခဲ့သည်။ ယုယန်ရိ၏မှတ်ဉာဏ်များကို စတင်ဖတ်ရှုပြီး "တုနှိုင်းမဲ့တောင်ကြနဲ့ ကြယ်စင်စုဝေးခြင်းမျှော်စင်အကြောင်း စဉ်းစားပါ" ဟု အမိန့်ပေးလိုက်သည်။
ပုံရိပ်ယောင်နတ်မျက်စိသည် အခြားသူများ၏ မှတ်ဉာဏ်များကို ပြောင်းလဲနိုင်သည်။ ထို့အပြင် မှတ်ဉာဏ်တွေက သူတို့စိတ်ထဲမှာ အဆက်မပြတ်ပြောင်းလဲနေတာမိ တစ်ဖက်သားရဲ့စိတ်ကိုလည်း ဖတ်နိုင်သည်။
သို့သော် ကျန်းချန်ရှန်း သည် သူမ၏မှတ်ဉာဏ်ထဲတွင် မတူညီသော နေရာများစွာကို တွေ့ခဲ့ရသည်။ ချောင်ဂိုဏ်းများတွင် ပုံသေလိပ်စာမရှိကြပေ။ အတိအကျပြောရလျှင် ၎င်းတို့တွင် ပုံသေလိပ်စာများစွာရှိသောကြောင့် ၎င်းတို့ကို တစ်ခုပြီးတစ်ခု အလွတ်ကျက်ထားရမည်။
အခြေအနေကို နားလည်ပြီးနောက် ကျန်းချန်ရှန်းက ပုံရိပ်ယောင်နတ်မျက်စိကို ရပ်တန့်လိုက်သည်။
ယုယန်ရိ သတိပြန်လည်လာပေမယ့် ခုနကဖြစ်ပျက်ခဲ့တာတွေကို သတိမထားမိခဲ့ပေ။
“ကျွန်မ မြို့တော်မှာ နောက်ထပ် နှစ်အနည်းငယ် ဆက်နေဉီးမှာပါ...စီနီယာ စိတ်ပြောင်းရင် အချိန်မရွေးလာခဲ့ပါ....."
ယုယန်ရိက ထွက်မသွားခင် ဦးညွှတ်လိုက်သည်။
သူမသည် တကျန်း ရှုံးနိမ့်မည့်အချိန်ထိစောင့်ဆိုင်းနေမည်။ ထိုအချိန်တွင်၊ ကျန်းချန်ရှန်းဘက်က သူမ၏တောင်းဆိုမှုကို သဘောတူနိုင်သည်။
ခြံဝင်းထဲမှာ လူနဲ့ ဝံပုလွေသာ ကျန်ခဲ့တော့သည်။
ပိုင်ချီ မျက်လုံးတွေကို ပြန်ဖွင့်လိုက်သည်။ ဖြစ်ပျက်ခဲ့တာကို မမြင်ရသော်လည်း ယုယန်ရိ၏ အမူအရာက ထူးဆန်းနေသည်။
ကျန်းချန်ရှန်းသည် မျက်လုံးများကိုမှိတ်ထားပြီး ဆက်လက် ကျင့်ကြံကာ ပိုင်ချီကို မေးခွန်းပေါင်းများစွာဖြင့်ထားရစ်ခဲ့သည်။ ဒီအကြောင်းကို သူမ ပိုတွေးလေ ပိုကြောက်လာလေပင်.....
ဆရာတော်သည် တဖက်လူ၏ စိတ်နှလုံးသားကို ထိန်းချုပ်နိုင်သော်လည်း ထိုမိန်းကလေးက ၎င်းကို သတိမထားမိခဲ့ပေ။
ငါသတိမထားမိရင် ငါ့အတွေးတွေကို သူဖတ်နိုင်မှာလား.....
ပိုင်ချီ ကြောက်ရွံ့တုန်လှုပ်သွားသည်။
မင်းဆက်ခြောက်ဆက်ကြား စစ်ပွဲစတင်ပြီးကတည်းက စစ်မြေပြင်ဟာ ရှေ့မတိုးနောက်မဆုတ်ဖြစ်နေခဲ့သည်။ တကျန်း၏ စွမ်းပကားသည် မင်းဆက်ငါးဆက်ကို ထိတ်လန့်စေခဲ့သည်။ ဘယ်နှစ်နှစ်ရှိပြီလဲ.... တကျန်းသည် ရှေးဟောင်းဟန်မင်းဆက်၏ ဖိနှိပ်ခံရခြင်းမှ မင်းဆက်ငါးဆက်ကို တစ်ယောက်တည်း တိုက်ခိုက်ခြင်းသို့ မည်သို့ပြောင်းလဲခဲ့သနည်း။
မင်းဆက်ငါးဆက်ဟာ ကြောက်ရွံ့ထိတ်လန့်ပြီး တကျန်းအားကောင်းလာမှာကို ကြောက်ကြသည်။ ထို့ကြောင့် ဧကရာဇ်ငါးပါးတို့သည် စစ်သည်များ ထပ်မံစေလွှတ်ကာ တကျန်းကို အမြစ်ပြတ်သုတ်သင်မည်ဟု ကတိပြုကြသည်။
ကျန်းမင်းဆက်သည် တန်ခိုးကြီးရုံသာမက ၎င်း၏ ရည်မှန်းချက်မှာလည်း ကြောက်မက်ဖွယ်ကောင်းသည်။ ကျန်းမင်းဆက်၏ဧကရာဇ်သည် အသက်လေးဆယ်ပင်မပြည့်သေးဘဲ၊ ကျင်းမင်းဆက်ကို ဝါးမျိုလိုက်ပြီးနောက် နယ်မြေများကို ဆက်၍တိုးချဲ့လာမည်ဖြစ်သည်။
အောက်တိုဘာလတွင်.....
မင်းဆက်ငါးဆက်၏ စစ်မြေပြင်တွင် အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူများ စတင်ပေါ်ပေါက်လာခဲ့သည်။ ပင်းအန်းရှိနေသည့် စစ်မြေပြင်မှလွဲ၍ အခြားစစ်မြေပြင်မှ စစ်ဗိုလ်ချုပ်များ တယောက်ပြီးတယောက် ခေါင်းဖြတ်ခံရသည်။
အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ သန်မာမှုက အစွမ်းထက်လွန်းလှသည်။ နတ်ဘုရားနယ်ပယ်များ လက်တွဲပူးပေါင်းမည်ဆိုပါက၊ အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူတစ်ဦးကို အနိုင်ယူရန် နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူ ဆယ်ဦးထက်မက လိုအပ်ပေမည်။
ယခုအချိန်တွင်၊ တကျန်းကို စေလွှတ်နိုင်သော အစစ်အမှန်နတ်ဘုရားနယ်ပယ် နှစ်ဉီးသာရှိသေးသည်။
အစစ်အမှန်နတ်ဘုရားနယ်ပယ်များသည်လည်း လူသားများထဲမှ လူသားများပင်... ရာနှင့်ချီသောတပ်သားများ ဝိုင်းရံထားလိုက်သည်နှင့် ၎င်းတို့၏ အစစ်အမှန်ချီများ ကုန်ဆုံးသွားပါက အလွန်အန္တရာယ်များပေလိမ့်မည်။ တကယ်တော့၊ လူတိုင်းက ပင်းအန်း နဲ့တူမည်မဟုတ်ပေ။ပင်းအန်းက အစစ်အမှန်ချီတွေ ကုန်ဆုံးသွားရင်တောင် ရန်သူကို ချေမှုန်းဖို့ သူ့ရဲ့ ခန္ဓာကိုယ်ခွန်အားကို အားကိုးနိုင်ပါသေးသည်။
နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက်၊ တကျန်း၏သိုင်းလောကသည်လည်း ပြောင်းလဲနေခဲ့ပြီဖြစ်သည်။အခုဆို စစ်ပွဲအတွက် ကျွမ်းကျင်ပညာရှင်များ စတင်လက်တွဲခဲ့ကြသည်။ စစ်မြေပြင်တွင်၊ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် နယ်ပယ်နှင့် ဝိညာဉ်နယ်ပယ် ကျွမ်းကျင်သူများက အစစ်အမှန်နတ်ဘုရားနယ်ပယ် ချုပ်ကိုင်ရန် လက်တွဲခဲ့ကြသည်။
ဒါတောင်မှ အစစ်အမှန်နတ်ဘုရားနယ်ပယ် ကို တိုက်ခိုက်တိုင်း လူတော်တော်များများ သေကြလိမ့်မည်။
နိုဝင်ဘာလတွင်....
စစ်မြေပြင်တွင်၊ ပင်းအန်းသည် ရွှေဂဠုန်တူလက်နှစ်ဖြင့် အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို သတ်ဖြတ်ခဲ့ပြီး သူ၏အမည်သည် ကမ္ဘာကိုတုန်လှုပ်စေခဲ့သည်။ တကျန်း၏ စိတ်ဓာတ်များ မြင့်မားလာကာ မင်းဆက်ငါးခု၏တပ်များ အားလုံး ထိတ်လန့်သွားကြသည်။
အစစ်အမှန်နတ်ဘုရားနယ်ပယ်တစ်ယောက်ကို အသေသတ်ပြီးနောက် ပင်းအန်းသည် ဝတ်ဖြူတော်အစောင့်တပ်များ၏ ဦးဆောင်မှုအောက်တွင် အခြားစစ်မြေပြင်များသို့ ပြေးသွားခဲ့သည်။
သို့သော်လည်း တကျန်း၏ နယ်မြေများက ကျယ်ပြောပြီး ပင်းအန်းအနေဖြင့် အခြားသော စစ်မြေပြင်များသို့ ချက်ချင်း အလျင်စလို မသွားနိုင်ပေ။
တိုက်ပွဲသတင်းတွေ မြို့တော်မှာ တောမီးလို ပျံ့သွားနေပြီး သာမန်လူများနှင့် သိုင်းသမားများကို သွေးပူစေပြီး တိုက်ခိုက်ရေး စိတ်ဓာတ်ကို မီးမောင်းထိုးပြနိုင်ခဲ့သည်။ စစ်မြေပြင်သို့ သွားရောက်လိုသူများထဲတွင် သိုင်းသမားများ ပိုများလာသည်။
ဤကဲ့သို့သော ဖြစ်ရပ်သည် လက်ရှိဧကရာဇ်မင်း၏ လုပ်ရပ်ကြောင့်ဟု ယူဆနိုင်သည်။ နေရာတိုင်းရှိ အရာရှိများ၏ အဆက်မပြတ် ဝါဒဖြန့်မှုများနှင့်အတူ လူအများကလည်း မကြုံစဖူးသော သာယာဝပြောရေးကို မျှော်လင့်ခဲ့ကြသည်။
တစ်နေ့သ၌......
ဟွမ်းချွမ်က ကျန်းချန်ရှန်းကိုတွေ့လာပြီး...... "ဆရာတော်..လုံချီ ဘုရားကျောင်းကလည်း စစ်ပွဲမှာ ပါဝင်ချင်နေတယ်..... တပည့်တစ်စုကို စစ်မြေပြင်သို့ ပို့ဆောင်ချင်တယ်...... သွားချင်တဲ့သူတွေကိုပဲ ခေါ်သွားမှာပါ.....တိုင်းပြည် ဒုက္ခရောက်နေချိန်မှာ လုံချီ ဘုရားကျောင်းက ဘာမှမလုပ်ဘဲ ထိုင်နေလို့မဖြစ်ဘူး....."
ကျန်းချန်ရှန်း မျက်လုံးမှိတ်ထားလျှက်နှင့် လက်ကို ဝှေ့ရမ်းလိုက်သည့်အခါ အခန်းပြတင်းပေါက် ရုတ်တရက်ပွင့်လာပြီး ချည်ထိုးအိမ်များ လွင့်ထွက်လာကာ ခြံဝင်းအတွင်းရှိ ကျောက်စားပွဲပေါ် ကျရောက်လာသည်။
ဟွမ်းချွမ် ဘာလဲဆိုတာ သိချင်လာသည်။
ကျန်းချန်ရှန်းက ...."တပည့်တိုင်းကို ချည်ထိုးအိတ်တွေ ယူလာခိုင်းပြီး ကျန်တာကို မင်း သယ်သွားလိုက်.... စစ်မြေပြင်ကိုရောက်တာနဲ့ ပဲစေ့အချို့ကို မြေပြင်ပေါ်ကျဲလိုက်ရုံပဲ..... သေချာသတိထားပြီးသုံးပါ.... ဘယ်သူ့ကိုမှ မတော်တဆ ထိခိုက်မှုမဖြစ်စေနဲ့.....”
ဟွမ်းချွမ် စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်ပြီး သူ့ကို အမြန်ကျေးဇူးတင်လိုက်သည်။ ထို့နောက် လမ်းလျှောက်လာကာ ချည်ထိုးအိတ်များကို အင်းကျီထဲထည့်လိုက်သည်။ အဲဒါတွေအားလုံးကို မထည့်နိုင်ခဲ့တာကြောင့် ပြန်သွားပြီး သေတ္တာတစ်ခုရှာဖို့ကလွဲလို့ သူ့မှာ ရွေးချယ်စရာမရှိတော့ပေ။ စုစုပေါင်း အိတ်တစ်ရာကျော်ရှိပြဖိး အိတ်တစ်အိတ်စီတွင် ဝိဉာဉ်စွမ်းအင်ပဲစေ့ငါးရာပါရှိသည်။ ဤအိတ်များသည် ပဲစေ့များစွာကို သေးငယ်သွားစေရန် တမင်ဖိထားသောကြောင့် အံဝင်ခွင်ကျဖြစ်စေနိုင်သည်။
ပိုင်ချီသည် ကျောက်စားပွဲပေါ်ရှိ အိတ်များကို စူးစူးစိုက်စိုက်ကြည့်နေသည်။
ကျန်းချန်ရှန်းက အပြာရောင်ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီး “လေအေးတွေတိုက်နေပြီ...... မင်း ငါ့ကိုစိတ်မပျက်စေနဲ့...."
ဆောင်းဦးလေညင်း တိုက်ခတ်လာပြီး မြေဝိညာဉ်သစ်ပင်၏ အကိုင်းအခက်များ အနည်းငယ်ယိမ်းယိုင်သွားကာ အရွက်ဟောင်းများကြွေကျလာခဲ့သည်။