နေရာတိုင်းမှာ ကျေးဇူးတင်ရမယ့်သူတွေချည်းပဲ...
Vol. 49 Ch. 673
ရွှေနဂါးဘဏ်တိုက်တွင်.....
ယုဟုန်ရှီသည် လီလော့နှင့် ကျန်းချင်းအာတို့ကိုလက်ခံတွေ့ဆုံရန် လုချင်းအာကိုပါခေါ်ဆောင်လာသည်။
"လော့လန်အိမ်တော်က နောက်ပြန်လှည့်လို့မရတော့ဘူး.... တခြားအဖွဲ့တွေက မင်းကို မျက်စိစုံမှိတ် ပစ်မှတ်ထားမှာမဟုတ်ဘူးလို့ ငါယုံကြည်တယ်၊ ဒါကြောင့် ဂုဏ်ယူပါတယ်.... မင်းရဲ့စမ်းသပ်မှုကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပြီ" ဟု ယုဟုန်ရှီက လီလော့တို့နှစ်ယောက်ကိုကြည့်ပြီးချီးကျူးလိုက်သည်။
လီတိုင်ရွှမ်နဲ့ တန်တိုင်လန်တို့ရဲ့ အရံအစီအစဉ်များရှိနေသည့်တိုင် ဒီနှစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှုမရှိဘဲ အဆင်ပြေနိုင်မည်မဟုတ်မှန်း သူမ သိတဲ့အတွက် အခုလိုချီးကျူးခဲ့ခြင်းပင်.....
လော့လန်အိမ်တော်သည် လွန်ခဲ့သော နှစ်နှစ်ခန့်က ပြိုကျပျက်စီးခဲ့သော်လည်း လီလော့နှင့်ကျန်းချင်းအာတို့သည် အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့ပြီး ကြီးကျယ်ခမ်းနားသော အစီအစဥ်တွင် အရေးပါလာခဲ့သည်။
"အိမ်တော်စုဝေးပွဲမှာ အကူအညီပေးခဲ့တဲ့အတွက် ဒေါ်လေးယုကို ကျေးဇူးတင်ပါတယ်..." လို့ လီလော့က ရိုးသားစွာကျေးဇူးတင်စကားဆိုလိုက်သည်။
အဆုံးတွင် ရွှေနဂါးဘဏ်တိုက်မှ မည်သူမျှ ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ပေ။ ရွှံ့ရေထဲမှာ ငါးဖမ်းချင်သူတွေ ရှိကောင်းရှိနိုင်ပေမယ့် ယုဟုန်ရှီက သူတို့ကို ထိန်းထားပေးခဲ့သည်။
ဒီလိုမှမဟုတ်ရင် အခြေအနေတွေ ပိုဆိုးလာမယ်ဆိုရင် လီတိုင်ရွှမ်နဲ့တန်တိုင်လန် တို့ရဲ့ အရံအစီအစဉ်များဟာလည်း အသုံးဝင်နိုင်မည်မဟုတ်တော့ပေ။
"ငါက ရွှေနဂါးဘဏ်တိုက်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ထိန်းထားရုံပါပဲ..... စီးပွားရေးလုပ်တာက ငါတို့ရဲ့ဆောင်ပုဒ်ပဲလေ.... စည်းလုံးညီညွတ်မှုဟာ စည်းစိမ်ဥစ္စာကို ဖြစ်ထွန်းစေတယ်၊ ဒါ့ကြောင့် ရန်ပွဲတွေထဲဝင်ပါနေစရာမလိုဘူး...."
ယုဟုန်ရှီ အနည်းငယ်ပြုံးလိုက်သည်။
"ဒေါ်လေးယုရဲ့ ကျေးဇူးတွေကို နှလုံးသားထဲမှာ စွဲနေအောင်မှတ်သားထားပါ့မယ်..."
ယုဟုန်ရှီသည် အပြုံးမမည်သော အပြုံးဖြင့်.... "နင် ကျေးဇူးတင်စရာတွေအတော်များနေပြီ...."
တစ်ချိန်တည်းမှာပင်၊ သူမသည် ကျန်းချင်းအာကို စိုက်ကြည့်ရင်း "ကိုယ်ရေးကိုယ်တာကျေးဇူးတွေက ပြန်ဆပ်ဖို့ အခက်ဆုံးဆိုတာ မင်းသိထားရမယ်...."
"ကိစ္စမရှိပါဘူး၊ အခုပြန်မဆပ်နိုင်ရင်တောင် မြို့စားအဆင့် ဒါမှမဟုတ် ဘုရင်အဆင့်ဖြစ်လာရင် ကျွန်တော့်ရဲ့ကျေးဇူးဆပ်မှုက တစ်ခုခုတော့ ထိုက်တန်လာမှာပါ..အဲ့အချိန်ရောက်မှ ကျေးဇူးဆပ်တာက အခုနေကျေးဇူးဆပ်တာထက် ပိုအသုံးဝင်ပါလိမ့်မယ်.... " လီလော့က ရင်ဘတ်ကို ပုတ်ရင်း ဂုဏ်ယူစွာ ပြောလိုက်သည်။
ယုဟုန်ရှီက မျက်လုံးပြူးသွားပြီး....
"မင်းက ယုံကြည်မှုရှိတဲ့သူတစ်ယောက်ပါ... မာနကြီးတာတောင် ဖြစ်နိုင်တယ်.... မြို့စားအဆင့်နဲ့ဘုရင်အဆင့်တွေကို အရမ်းလွယ်တယ်လို့ မင်းထင်လား!"
လီလော့က အနည်းငယ် ပြုံးပြပြီး....
"ဒေါ်လေးယု...ကိုယ်စားအုပ်ချုပ်သူကတောင် လူလုံးထွက်ပြနေပြီ....ဒီလူက အရမ်း ရည်မှန်းချက်ကြီးတယ်၊ ဒါကြောင့် ရွှေနဂါးဘဏ်တိုက်ဘက်က သူ့ကို အနာဂတ်မှာ ပိုပြီး အာရုံစိုက်သင့်တယ်....ဒီလူကိုကြည့်ရတာရူးနေသလိုပဲ ရည်မှန်းချက်ကြီးပြီး ရက်စက်ကြမ်းကြုတ်တဲ့ ကိုယ်စားအုပ်ချုပ်သူက တစ်နေ့မှာ ရွှေနဂါးဘဏ်ကိုတောင် မျက်စိကျလာနိုင်တယ်!နောက်တစ်ခုက ဒေါ်လေးယုတို့မှာ တော်ဝင်နန်းတွင်းထက် ပိုနက်နဲတဲ့ အုတ်မြစ်တွေရှိတယ်မလား....
ယုဟုန်ရှီသည် စူးစမ်းလိုစိတ်ဖြင့် မျက်ခုံးတစ်ချက်ပင့်လိုက်သည်။ "လီလော့.... မင်းရဲ့ ရန်စတဲ့စကားတွေက တိုက်ရိုက်ဆန်လွန်းတယ်....."
"အမှန်တိုင်းပြောနေတာပါ...ကိုယ်စားအုပ်ချုပ်သူက ကျွန်တော်တို့လော့လန်အိမ်တော်ရဲ့ နတ်ဘုရားအရာကို သိမ်းပိုက်ချင်တယ်ဆိုတော့ သူ့မှာ ကြီးကျယ်ခမ်းနားတဲ့ အစီအစဥ်တွေ သေချာပေါက်ရှိမှာပဲ!"
" နန်းတက်ပွဲကို နောက်နှစ်ရက်ကြာရင်ကျင်းပလိမ့်မယ်.... ဧကရာဇ်ငယ် နန်းတက်တဲ့အခါ တော်ဝင်နန်းတွင်းရဲ့ အရေးပါတဲ့ ဝန်ကြီးတွေက သူ့ရဲ့ အခွင့်အာဏာကို လွှဲပြောင်းပေးဖို့ ကိုယ်စားအုပ်ချုပ်သူကို ပန်ကြားလိမ့်မယ်...အဲ့အခါကျရင် မင်းသမီးနဲ့ ဧကရာဇ်ငယ်တို့ဆီ အုပ်ချူပ်ရေးအာဏာရောက်သွားပြီမို့ ...ကိုယ်စားအုပ်ချုပ်သူမှာ ယုတ်မာတဲ့ရည်ရွယ်ချက်ရှိရင်တောင် သူတို့နှစ်ယောက်ကိုပဲပစ်မှတ်ထားကြလိမ့်မယ်..” ဟု ယုဟုန်ရှီက မသိမသာ ရှင်းပြခဲ့သည်။
"နောက်ပြီး ပိုအရေးကြီးတာက လော့လန်အိမ်တော်နဲ့ မင်းသမီးတို့က တစ်လှေတည်းစီးနေတဲ့သူတွေဖြစ်နေပြီ...."
မင်းသမီးသည် လော့လန်အိမ်တော်ကိုကူညီရန် မြို့စားအဆင့်ကိုအသုံးပြုခဲ့သည်ကို အစောကတည်းကသိခဲ့သည်။ ကံမကောင်းစွာပဲ၊ အခြား မြို့စားအဆင့်က ဒီအကူအညီကို တားထားခဲ့သည်။
ထို့ကြောင့် လော့လန်အိမ်တော်ထံ မင်းသမီး၏အကူအညီနှင့် ကျေးဇူးတရားသည် သံသယဝင်စရာမလိုလောက်အောင်ထင်ရှားနေသည်။ အကယ်၍ လော့လန်အိမ်တော်သည် နန်းတက်ပွဲ အခမ်းအနားအတွင်း သူမအား မကူညီခဲ့ပါက တရားမျှတမှု မရှိနိုင်ပေ။
ကျန်းချင်းအာက ဒီအချက်ကို ထောက်ချင့်ပြီး....
"ဉက္ကဌယု...ကိုယ်စားအုပ်ချုပ်သူက သူတော်စင်မဟုတ်ဘူး။ သူ့မှာ နန်းတက်ပွဲအတွက် အစီအစဉ်ရှိပြီး သူသာ ဧကရာဇ်ဖြစ်လာရင် ရွှေနဂါးဘဏ်အတွက်လည်း သတင်းကောင်းဟုတ်နိုင်မှာမဟုတ်ဘူး...."
ယုဟုန်ရှီက ပြုံးလိုက်ပြီး.... "ကလေးစုတ်လေးတွေ မင်းတို့တွေ ရွှေနဂါးဘဏ်ကို ဒီရွှံ့ရေထဲ ဆွဲသွင်းဖို့ ကြိုးစားနေတာလား..."
သူမလက်ကို ဝှေ့ယမ်းလိုက်ပြီး...
"ရွှေနဂါးဘဏ်ရဲ့ ရပ်တည်ချက်ကို ပြောင်းလဲမှာမဟုတ်ဘူး... ဒါ့ကြောင့် ဘယ်သူပဲ နန်းတက်ပါစေ စိုးရိမ်နေစရာလည်းမလိုဘူး...... နန်းတော်က ရွှေနဂါးဘဏ်ကို လိုချင်တပ်မက်မှုရှိတယ်ဆို သတ္တိရှိရင် စမ်းကြည့်လိုက်ကြပေါ့....."
လီလော့နှင့်ကျန်းချင်းအာတို့သည် ယုဟုန်ရှီ ကို ဖြားယောင်းသွေးဆောင်ရန် ကြိုးစားမှု မအောင်မြင်သဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သို့တိုင်၊ ရွှေနဂါးဘဏ်သည် ကြယ်တာယာခရီးရှည်ကောလိပ်ကဲ့သို့ ကြားနေပါတီဖြစ်သောကြောင့် ၎င်းတို့ဆီသို့ လွန်လွန်ကဲကဲ မထိပါးသရွေ့ အရေးယူရန် အကြောင်းမရှိပေ။
ထို့ကြောင့် လီလော့သည် ဤအစီအစဥ်ကို စွန့်လွှတ်လိုက်ပြီး ထွက်ခွာမသွားမီ ယုဟုန်ရှီ နှင့် ခဏတာ စကားစမြည်ပြောဆိုခဲ့သည်။
ယုဟုန်ရှီက လုချင်းအာကို လိုက်ပို့ဖို့တာဝန်ပေးလိုက်သဖြင့် သုံးယောက်သား ဘဏ်တိုက်ကနေ အတူတူ ထွက်သွားကြသည်။ အဝင်ဝတွင် လုချင်းအာက လီလော့လက်ကို ရုတ်တရက် ဖမ်းကိုင်လိုက်ပြီး.... " နည်းပြချီချန်း ဘာဖြစ်သွားလဲ သိချင်လား ?"
လီလော့က ရှုပ်ထွေးသောအမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
" နည်းပြချီချန်းရဲ့ ကျေးဇူးကို ဘယ်တော့မှ ပြန်ဆပ်နိုင်မယ်မထင်ဘူး...."
သူ့ဆရာနဲ့ ပတ်သက်တဲ့ သတင်းကို သူကြားရတာ ကြာပါပြီ၊ ဒါက သူ့ကို ထိတ်လန့်စေသည်။ရာထူးမှနှုတ်ထွက်ပြီး လန်လင်းအိမ်တော်၏ လုပ်ကြံသတ်ဖြတ်သူအားလုံးကို လုံးလုံးလျားလျား ချုပ်ကိုင်ထားကာ အိမ်တော်သခင်နှင့်ပါ တိုက်ခိုက်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။
ဤသည်မှာ သူရခဲ့သော ကြီးမားသော ကျေးဇူးကြွေးဖြစ်သည်။
ယုဟုန်ရှီသည် ဘဏ်တွင်းရှိ ကြွက်များကို ခြိမ်းခြောက်ကာ ဘဏ်ထဲတွင် နေထိုင်ရန်အမိန့်ပေးရုံမျှသာ ထုတ်ပြန်ခဲ့သည်။ တစ်ဖက်တွင်၊နည်းပြချီချန်းသည် ကောလိပ်အတွင်း သူမ၏ရာထူးကို စွန့်လွှတ်ကာ သိသိသာသာ ပေးဆပ်ခဲ့သည်။ထို့ကြောင့် ထိကျေးဇူးတရားကိုအမြဲတမ်းသတိရနေမည်ဖြစ်သည်။
"သူ ဘယ်ရောက်သွားလဲ သိလား"
လုချင်းအာက ခေါင်းခါလိုက်သည်။
"လန်လင်းအိမ်တော်က ထွက်သွားပြီးနောက် ဘယ်မှ သူ့ကိုမတွေ့မိကြဘူး..."
လီလော့ သက်ပြင်းချလိုက်မိသည်။
"ချင်းအာ.. နည်းပြချီချန်းကိုရှာဖို့ ရွှေနဂါးဘဏ်ရဲ့ သတင်းကွန်ယက်ကိုသုံးပြီး ရှာပေးဖို့အကူညီတောင်းပါရစေ.... သူ ကောလိပ်ကထွက်ပြီး သွားစရာနေရာအသစ်ကို သေချာပေါက် ရှာတွေ့နိုင်မှာပါ"
"စိတ်ချပါ...သတင်းရတာနဲ့ နင့်ဆီချက်ချင်းအကြောင်းကြားပေးမယ်..."
လုချင်းအာက ခပ်မြန်မြန်ပြန်ဖြေလိုက်သည်။
လီလော့က ခေါင်းညိတ်ပြပြီး လုချင်းအာကို နှုတ်ဆက်ကာ ကျန်းချင်းအာနဲ့အတူ ထွက်လာခဲ့လိုက်ကြသည်။သူတို့၏ ဦးတည်ရာမှာ တော်ဝင်နန်းတော်ဖြစ်သည်။ မင်းသမီးထံသို့ အလည်အပတ်သွားရပေဉီးမည်။
…….......
တော်ဝင်နန်းတော်၏ အိပ်ခန်းတစ်ခုတွင်....
မင်းသမီးက ဧည့်သည်တွေကို ဝမ်းသာအားရ လက်ခံပြီး သူတို့ကို နွေးထွေးစွာ ဧည့်ဝတ်ပြုခဲ့ပါသည်။
ကျန်းချင်းအာနှင့် စကားစမြည်ပြောနေစဉ် လီလော့သည် ဧကရာဇ်ငယ်ကို အဆိပ်ဖြေပေးဖို့ကြိုးစားနေသည်။
ကုတင်ပေါ်၌ ဧကရာဇ်ငယ်သည် သူ၏ ၀တ်စုံကို ချွတ်လိုက်ပြီး ဖြူဖျော့သောကျောပြင်ကိုပြသလိုက်သည်။ ကျောပြင်ပေါ်က ကြာပန်း၏ အနက်ရောင် ပွင့်ချပ်အချို့သည် အဖြူသို့ပြောင်းသွားသည်မှာ ထူးဆန်းနေသည်။
ဧကရာဇ်ငယ်က ခေါင်းကိုလှည့်ပြီး.... "လီလော့ ...အဆိပ်တွေ ပျောက်ကင်းတော့မှာလား...အခုဆိုနေရထိုင်ရတာ အရင်ကထက်
ပေါ့ပါးသွားတယ်လို့ ခံစားရတယ်...."
လီလော့က ပြုံးပြီး ခေါင်းညိတ်ပြကာ ဧကရာဇ်ငယ်လေးရဲ့ မျက်နှာကို ကြည့်လိုက်သည်။ ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ ဧကရာဇ်လေးက ပို၍ပို၍ ချောမောလာသည်။ သူ၏ သွယ်လျသော မျက်ခုံးများနှင့် တွဲလျက် ကြည်လင်သော မျက်လုံးများ သည် အလွန် အပြစ်ကင်းသော ဆွဲဆောင်မှုကို ပေးစွမ်းသည်။ သို့သော်လည်း ထိုအတွေးကြောင့် လီလော့ အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ဧကရာဇ်ငယ်၏ နောက်ကျောပေါ်သို့ သူ့လက်ဖဝါးကို တင်ကာ အဆိပ်ဖြေဖို့သာ အာရုံစိုက်ခဲ့သည်။ ထို့နောက် သူ၏ ပဲ့တင်ထပ်သံစွမ်းအားကို စတင်ဖြန့်ကျက်ကာ ကုသမှုကို စတင်ခဲ့သည်။