← Chapters

လေးစားအပ်သော ဧည့်သည်တော် ရောက်ရှိလာခြင်း....

Vol. 49 Ch. 674

လေးစားအပ်သော ဧည့်သည်တော် ရောက်ရှိလာခြင်း....

Vol. 49 Ch. 674

လီလော့သည် နတ်ဆိုးနန်းတော်အဆင့်သို့ တိုးတက်လာသည်နှင့်အမျှ ဧကရာဇ်ငယ်အတွက် ကုသချိန်လည်း လျော့နည်းသွားခဲ့သည်။ မိနစ် 30 အတွင်းမှာ ကုသမှုပြီးဆုံးသွားပြီး တစ်ချိန်တည်းမှာပင် သူ၏နောက်ကျောရှိ အနက်ရောင်ပွင့်ချပ်များ ဖြူစင်သန့်ရှင်းသွားခဲ့သည်။

လောလောဆယ်မှာတော့ ကြာပန်း၏ပွင့်ချပ့တစ်ဝက်လောက်ကို အဆိပ်ဖြေပေးနိုင်ခဲ့ပြီ။

ကုသမှုအပြီးတွင် ဧကရာဇ်ငယ်လေးသည် အနည်းငယ်မောပန်းလာသဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

လီလော့ အတွင်းခန်းမှ ထွက်လာတော့ ကျန်းချင်းအာနှင့် မင်းသမီးတို့ စကားစမြည်ပြောနေကြသည်ကို တွေ့လိုက်ရသည်။

မင်းသမီးသည် လီလော့ ရောက်ရှိလာသည်ကို သတိပြုမိပြီး သူမ၏အသံမှာ ရွှင်မြူးမှုကြောင့်တုန်ယင်နေသည်။

"လီလော့ ..ဂုဏ်ယူပါတယ် မင်းက အခု လော့လန်အိမ်တော်ရဲ့ အိမ်တော်သခင်ဖြစ်သွားပြီ!"

"မင်းသမီးရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်....ဒီကျေးဇူးကို လော့လန်အိမ်တော်က ထာဝရအမှတ်ရနေမှာပါ..."

မင်းသမီး၏ တောက်ပသော မျက်လုံးများသည် သူ့အား ဖျတ်လတ်စွာ စိုက်ကြည့်နေသည်။ "လော့လန်အိမ်တော်ရဲ့ မျက်နှာသာပေးမှုက အနာဂတ်မှာ အရမ်းတန်ဖိုးရှိလာလိမ့်မယ်... ငါ့ရဲ့ ရင်းနှီးမြုပ်နှံမှု အကြီးအကျယ်အောင်မြင်ခဲ့ပြီပဲ....."

ဤသည်မှာ အမှန်တရားဖြစ်သည်။ အိမ်တော်သခင်နှစ်ယောက် ဘေးကင်းစွာ ပြန်လာသရွေ့၊ လော့လန်အိမ်တော်သည် အခြားအိမ်ကြီးလေးခုထက် သာလွန်ပြီး ရှပြည်ထောင်စုတွင် မဟာအင်အားစုအဖြစ်သို့ ပြောင်းလဲသွားဖွယ်ရှိသည်။ ထိုအချိန်တွင် တော်ဝင်နန်းတော်ကပင် ၎င်းတို့ကို အလေးအနက်ထားရမည်ဖြစ်သည်။

လီလော့ ပြုံးလိုက်ပြီး... "မှောင်ရိပ်ထဲကနေကြိုးကိုင်ပြီး လော့လန်အိမ်တော်ရဲ့ နတ်ဘုရားအရာကို မက်မောတဲ့သူက ကိုယ်စားအုပ်ချူပ်သူဆိုတာကို မင်းသမီး သိပြီးပြီလား"

"သဲလွန်စတချို့တော့ ရှိခဲ့တယ်.... နောက်ပြီး ငါ့ရဲ့သတင်းပေးတွေဆီကနေ သတင်းတချို့ ရခဲ့ပေမယ့် အခုမှပဲသေချာသွားတော့တာ.......ဉီးရီးတော်က လော့လန်အိမ်တော်ရဲ့ ဘုရားရေးရာကို အမြဲတမ်း မက်မောနေပုံရတယ်။ သူက မြို့စားအဆင့်ရဲ့ပဉ္စမအဆင့်ရောက်နေပေမယ့် ဘုရင်အဆင့်ကိုဝင်ရောက်ဖို့ အရည်အချင်းပြည့်မီဖို့ အလှမ်းဝေးနေသေးတယ်...”

မင်းသမီးက ရှုံ့ချတဲ့အပြုံးနဲ့ မှတ်ချက်ပေးခဲ့ပြီး...

"ရိုးရိုးသားသားပြောရရင် သူသာ ဘုရင်အဆင့်ကိုရောက်သွားရင် အကုန်ပွဲသိမ်းပြီ....ငါ့မောင်လေးလဲ ထီးနန်းစွန့်လွှတ်ပြီး ရှပြည်ထောင်စုကို အုပ်ချုပ်ခွင့်နိုင်မှာမဟုတ်တော့ဘူး....."

ထို့နောက် မင်းသမီးက လီလော့တို့ နှစ်ယောက်ကို မျက်နှာချင်းဆိုင် လှည့်ကြည့်လိုက်သည်။

"လော့လန်အိမ်တော်က ဆိုးရွားတဲ့ဒုက္ခကို ကျော်ဖြတ်နိုင်ခဲ့ပြီး နှစ်ရက်အတွင်း ငါလည်းဒီလိုဒုက္ခမျိုးနဲ့ကြုံရတော့မယ်...နင်တို့လို ကံကောင်းခြင်းတွေ ထပ်တူထပ်မျှ ရနိုင်ပါ့မလား...."

"မင်းသမီးက နန်းတက်ပွဲကို ရည်ညွှန်းနေတာလား....ကိုယ်စားအုပ်ချုပ်သူက တခုခုလုပ်မယ်လို့သံသယဝင်နေတာလား..."

လီလော့က မေးခွန်းထုတ်လိုက်သည်။

"ဉီးရီးတော်မှာ ရိုင်းစိုင်းပြီး ရည်မှန်းချက်ကြီးတဲ့ နှလုံးသားရှိတယ်...သူက ရှပြည်ထောင်စုကို နှစ်ပေါင်းများစွာ ချုပ်ကိုင်ထားတာကြောင့် အရာအားလုံးကို လွယ်လွယ်နဲ့ စွန့်လွှတ်ဖို့ မဖြစ်နိုင်ဘူး.... ဒါကြောင့် သူ့မှာ အစီအစဉ်ရှိနေမယ်လို့ ငါ ယုံကြည်တယ်...."

လီလော့နှင့်ကျန်းချင်းအာတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည်။ လော့လန်အိမ်တော်နှင့်ကိုယ်စားအုပ်ချုပ်သူတို့သည် ယခုအချိန်တွင် ပြန်လည်ညှိနှိုင်း၍မရသော ရန်သူများဖြစ်နေကြပြီ။ ထို့ကြောင့် ကိုယ်စားအုပ်ချုပ်သူသာ ထီးနန်းရသွားလျှင် လော့လန်အိမ်တော်သည် ထိုသူ၏လှည့်ကွက်များကို အဆက်မပြတ်ခုခံကာကွယ်နေရသောကြောင့် ခက်ခဲသောအနေအထားတွင်ရှိနေမည်ဖြစ်သည်။

"မင်းသမီးဘက်က လူတွေကရော... ဘယ်လိုလဲ...ထောက်ခံသူတွေအများကြီးရှိတယ်မလား...."

ကျန်းချင်းအာက မေးလိုက်သည်။

"ဧကရာဇ်ငယ်က တရားဝင် အမွေဆက်ခံသူပါ... ဒါကြောင့် ရှပြည်ထောင်စုတော်ရဒ့ မရေမတွက်နိုင်တဲ့ အကြီးအကဲအရာရှိတွေက သူ့ကို ထောက်ခံအားပေးကြတယ်... သူတို့ရဲ့ စွမ်းအားတွေကို ပေါင်းစည်းလိုက်ရင် ဉီးရီးတော်ကတောင် ပေါ့ပေါ့တန်တန် သဘောထားရဲမှာမဟုတ်ဘူး... အကောင်းဘက်ကကြည့်မယ်ဆို ငါတို့အခြေနေကောင်းပါသေးတယ်...."

မင်းသမီးက လေးလေးနက်နက် သက်ပြင်းချလိုက်သည်။

"လော့လန်အိမ်တော်က မင်းသမီးကို ပံ့ပိုးပေးမှာပါ... ဒါပေမယ့် ကျွန်တော်တို့ အပါအဝင် လူအင်အား နည်းနည်းပဲ ရှိတယ်...."

လီလော့သည် ၎င်း၏ ရပ်တည်ချက်နှင့် ကူညီရန် ဆန္ဒရှိကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။ ကိုယ်စားအုပ်ချုပ်သူ၏ လုပ်ရပ်များက ၎င်းတို့အား ဤဘက်သို့ တွန်းပို့နေပြီဖြစ်သည်။

"ဒါက နည်းနည်းတော့ ကံဆိုးတာပဲ၊ အိမ်တော်သခင် နှစ်ယောက်သာ နောက်တစ်ကြိမ် ပြန်ဆင်းလာနိုင်ခဲ့ရင် ဉီးရီးတော်လည်း ယုတ်မာတဲ့ ရည်ရွယ်ချက်တွေထားနိုင်တော့မှာမဟုတ်ဘူး..."

မင်းသမီးက ပေါ့ပေါ့ပါးပါး ရယ်မောနေသော်လည်း ကျန်းချင်းအာ၏ မျက်လုံးများ တောက်ပလာသည်။

"ကျောင်းအုပ်ကြီးဖန်က ယခင်ဧကရာဇ်မင်းကို ထောက်ခံတဲ့သူမလား... အကာ်၍ ကျောင်းအုပ်ကြီးသာရောက်လာမယ်ဆိုရင်ရော....."

လီလော့တွင်လည်း အလားတူ အတွေးမျိုး ရှိသည်။ဖန်ချန်ယွမ်သည် အရိပ် လှိဏ်ဂူ၏ အနက်ရှိုင်းဆုံးတွင် ချည်နှောင်ခံထားရပြီး သူ၏ပင်မခန္ဓာကိုယ်ကို ထုတ်ယူ၍မရပေ။ လီလော့သည် လုံကူရှန့်ပိန်းကိုရရှိခဲ့ပြီး သူ၏သွေးအဆီအနှစ်အချို့ကို ကျောင်းအုပ်ထံသို့ပင် ပေးအပ်ခဲ့သည်။ ကျောင်းအုပ်ကြီး ဘာကြံစည်နေမှန်း မသိသော်လည်း၊ အားလုံးသည် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သင့်သည်။

"ကျောင်းအုပ်ကြီးဖန်ရဲ့ အခြေနေကို အတည်မပြုနိုင်သေးပါဘူး... အရိပ်ဂူကို နှိမ်နှင်းဖို့က အရေးကြီးဆုံးပဲလေ.....

မင်းသမီးက သက်ပြင်းတစ်ချက်ချလိုက်သည်။

"လုံကူရှန့်ပိန်းက သူ့လက်ထဲ ရောက်သွားပြီမို့ မကြာခင် ပြေလည်သွားလိမ့်မယ် ထင်တယ်"

ကျန်းချင်းအာက နှစ်သိမ့်လိုက်သည်။

"ဒါဆိုရင်တော့ အကောင်းဆုံးပေါ့..."

အကယ်၍ ကျောင်းအုပ်ကြီးဖန်သာ နန်းတက်ပွဲအတွက် လူကိုယ်တိုင်လာရောက်နိုင်ခဲ့ပါက အံ့သြဖွယ်သတင်းဖြစ်မည်မှာ သေချာပါသည်။ ကျောင်းအုပ်ကြီး၏ ပံ့ပိုးကူညီမှုဖြင့် ဧကရာဇ်ငယ်လေးသည် ဘေးကင်းစွာ နန်းတက်ပြီး နိုင်ငံတော် ကာကွယ်ရေး၀င်္ကပါကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။

ဤအချက်က အရေးကြီးဆုံးအချက်ပင်.... နိုင်ငံတော်၀င်္ကပါ၏ အကာအကွယ်ကြောင့် ဉီးရီးတော်ကိုကြောက်နေစရာမလိုတော့ပေ။

"နန်းတက်ပွဲက နှစ်ရက်နေရငမ စတော့မယ်

ဖိတ်စာပို့လိုက်မှာမို့ မပျက်မကွက် တက်ရောက်ကြနော်...."

မင်းသမီးက လီလော့ နဲ့ ကျန်းချင်းအာကို ပြုံးပြလိုက်သည်။

နှစ်ယောက်သား ခေါင်းညိတ်ကြသည်။ နန်းတက်ပွဲ၏ ရလဒ်သည် လော့လန်အိမ်တော်၏ အိမ်တော်စုဝေးပွဲ သက်ရောက်မှုများကို ကျော်လွန်သွားခဲ့သည်။ ၎င်းသည် ရှပြည်ထောင်စုအတွင်း အာဏာချိန်ခွင်လျှာကို ဆုံးဖြတ်မည်ဖြစ်ပြီး ၎င်း၏အဖွဲ့ခွဲများထဲမှ တစ်ခုအနေဖြင့် လော့လန်အိမ်တော်သည် နောက်ဆက်တွဲဆိုးကျိုးများကိုခံစားရပေမည်။ ကြယ်တာယာခရီးရှည်ကောလိပ်နှင့် ရွှေနဂါးဘဏ်တိုက်တို့ကပင် ရလဒ်ကို အလေးအနက် အာရုံစိုက်ကြမည်ဖြစ်သည်။

ထို့နောက် သူတို့နှစ်ဦးသည် မင်းသမီးအား နှုတ်ဆက်ကာ တော်ဝင်နန်းတော်မှ ထွက်ခွာကာ လော့လန်အိမ်တော်သို့ ပြန်သွားကြသည်။

"ပြသာနာတွေက တစ်ခုပြီးတစ်ခုပါလား.. ငါတို့ကို အသက်ရှူခွင့်လေးတောင်မပေးကြဘူး.... အခု နန်းတက်ပွဲ လာတော့မယ်၊ ဒီအတွက် ရှပြည်ထောင်စု တစ်ခုလုံး ရိုက်ခတ်ခံရတော့မယ်...."

လီလော့က နားထင်ကိုနှိပ်နှယ်ရင်း ညီးညူနေသည်။

ကျန်းချင်းအာသည် လေးနက်သော အတွေးထဲတွင် နစ်မြောနေပုံရသည်။ကိုယ်စားအုပ်ချူပ်သူ အလွန်အစွမ်းထက်သည်ကို ရှပြည်ထောင်စုမှလူတိုင်းသိသည်။ နန်းတက်ပွဲအတွင်း တော်လှန်ပုန်ကန်လိုလျှင် လူ့အဖွဲ့အစည်းတစ်ခုလုံးကို ပြိုကွဲစေမည့် ဆိုးရွားလှသော ကြောက်စရာကောင်းသည့် ဖြစ်ရပ်ကို မလွဲမသွေ ဖြစ်ပေါ်စေမည်ဖြစ်သည်။

ထိုအခါ ရှပြည်ထောင်စု တစ်ခုလုံး ကမောက်ကမ ဖြစ်ကုန်လိမ့်မည်။

ကျန်းချင်းအာသည် သူမ၏ လှပသောလက်ကို ဆန့်ထုတ်လိုက်ပြီး လီလော့၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် လော့လန်အိမ်တော်က ရှပြည်ထောင်စုနဲ့အတူ ဖျက်ဆီးခံရရင်တောင် ငါ ဂရုမစိုက်ဘူး...နင်ရယ် ဆရာနဲ့ဆရာကတော်ရယ် အဆင်ပြေနေဖို့ပဲအရေးကြီးတယ်...."

ကျန်းချင်းအာရဲ့ ကျောက်စိမ်းနဲ့တူတဲ့ လက်ကို ဆုပ်ကိုင်လိုက်ချိန်မှာ လီလော့ ရဲ့ နှလုံးသားထဲမှာ နွေးထွေးတဲ့ ခံစားမှုတစ်ခု ထွက်ပေါ်လာသည်။ သို့သော် သူ စကားမပြောမီတွင် ရထားလုံး ရုတ်တရက် ရပ်သွားကာ လေပြင်းကြောင့် ပြတင်းပေါက်များပွင့်သွားသည့်အတွက် လီလော့သည် လော့လန်အိမ်တော် ရုံးချုပ်အပြင်ဘက်တွင် ရပ်နေသည့် သွယ်လျသောရုပ်သွင်ကို မြင်လိုက်ရသည်။

အနီးကပ် ဆန်းစစ်ကြည့်ရာ လီလော့ လျှပ်စီးလက်သလို ခံစားရသည်။ထို့နောက် ရထားလုံးပေါ်မှ အမြန်ဆင်းလိုက်ပြီး....

"နည်းပြချီချန်း!"

ထိုအချိန်တွင် သူမသည် လီလော့ ၏အသံကိုကြားပြီး လှည့်ကြည့်လိုက်သည်။ သူမ၏မျက်လုံးများသည် လခြမ်းပုံသဏ္ဍာန်ရှိပြီး ပြုံးနေပုံရသည်။

"လီလော့၊ ငါ့မှာ သွားစရာနေရာမရှိဘူး.... လော့လန်အိမ်တော်က အဖွဲ့ဝင်အသစ်တွေလက်ခံနေသေးလား...."

All Chapters