သံလိုက်...
Vol. 49 Ch. 675
"ဘယ်လို? ဆရာက လော့လန်အိမ်တော်ရဲ့အဖွဲ့ဝင်ဖြစ်ချင်တယ်...."
လီလော့သည် ချီချန်း၏စကားကိုကြားသောအခါ နားရွက်ကိုပွတ်သပ်ကာ မယုံနိုင်ဖြစ်သွားသည်။ နားကြားများမှားသွားသလား..... ထို့ကြောင့် ထပ်မေးရပြန်သည်။
ချီချန်းက ခေါင်းညိတ်ပြလိုက်ပြီး....
"ကောလိပ်က ထွက်လာပြီးမှ သွားချင်တဲ့ နေရာမရှိမှန်း သိလိုက်ရတယ်။ ဒါကြောင့် ဒီမှာ ခဏလောက်နေချင်တယ်...သင့်တော်ပါ့မလား......
လီလော့သည် ရင်ထဲထိရှသွားသဖြင့် နည်းပြချီချန်းကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ မျက်ရည်များ စီးကျလာသည်။
"ဆရာ...ဆရာက အဖေရဲ့ လျှို့ဝှက်ထားတဲ့ချစ်သူလားဟင်....ဆရာ ကျွန်တော့်အပေါ် အရမ်းကောင်းခဲ့တယ်...ဆရာက ကျွန်တော့်အမေ ဖြစ်နေရင်တောင် အံ့သြမိမှာမဟုတ်တော့ဘူး....."
"ငါ ကြယ်တာယာခရီးရှည်ကောလိပ်မှာ တာဝန်ကျကတည်းက လောကီလောကနဲ့ အဆက်အသွယ်မရှိခဲ့ဘူး...နင့် အဖေနဲ့လည်း မရင်းနှီးဘူး၊ အမြဲတမ်း တစ်ကိုယ်တည်းနေခဲ့တာမို့ ပေါက်ကရပြောနေတာနေတာတွေ ရပ်လိုက်.... ငါဘာပဲလုပ်လုပ် နင်က ထူးခြားတဲ့ကျောင်းသားတစ်ယောက်ကြောင့်မို့ပဲ...နင် ငါ့အတွက်အများကြီးလုပ်ခဲ့ပေးပြီပြီ.... ဒီလိုအံ့သြစရာကောင်းတဲ့ကျောင်းသားတစ်ယောက် လွယ်လွယ်သေသွားမှာကို ငါသည်းမခံနိုင်ဘူး....အခုလောလောဆယ်တော့ လော့လန်အိမ်တော်မှာနေတာလဲ ကြားဖြတ်အစီအစဉ်တစ်ခုပဲ...."
လီလော့က ရှက်ရွံ့စွာဖြင့်... "အိုး...ဒီလိုလား..."
ပြီးတာနဲ့ ချက်ချင်းဆိုသလို ဘာမှမဖြစ်ခဲ့သလို နွေးနွေးထွေးထွေး ပြုံးပြလိုက်ပြီး....
"ကြိုဆိုပါတယ် ကြိုဆိုပါတယ် ဆရာ ဆန္ဒရှိသရွေ့ လော့လန်အိမ်တော်က ဆရာ့အတွက် တံခါးတွေအမြဲတမ်းဖွင့်ပေးထားမှာပါ.... ဆရာ နေချင်သလောက်နေနိုင်ပါတယ်!"
ကျန်းချင်းအာသည် ထိုအချိန်တွင် သူမ၏ လှပသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"လော့လန်အိမ်တော်က နည်းပြချီချန်းကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်....."
အမှန်အတိုင်းပြောရရင် ကျန်းချင်းအာသည် ဒီအဖြစ်အပျက်တွေရဲ့ ကွင်းဆက်ကြောင့် လုံးဝကို ထိတ်လန့်သွားခဲ့သည်။
ချီချန်း လော့လန်အိမ်တော်တွင် ခေတ္တနေထိုင်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ ဤအချိန်ကာလမည်မျှကြာမည်ကို မသိသော်လည်း ထူးခြားသည့်သတင်းဖြစ်သည်။
လီတိုင်ရွှမ်နှင့် တန်တိုင်လန်တို့ ပြန်မလာမီတွင် လော့လန်အိမ်တော်တွင် နောက်ထပ် မြို့စားတစ်ဦး ရှိဦးမည်ဟူသော အဓိပ္ပါယ်ပင်....
နွားသိုးကြီးပေါင်ပေါင်ကိုလည်း ထည့်သွင်းစဉ်းစားခဲ့လျှင် လော့လန်အိမ်တော် ဌာနချုပ်တွင် မြို့စားအဆင့်နှစ်ဦးရှိမည်ဖြစ်သည်။
ဒီသတင်းသာ ပြန်သွားလျှင် ရှပြည်ထောင်စုအတွင်း အာရုံစိုက်မှုများကို ဖြစ်ပေါ်စေပါလိမ့်မည်။
နည်းပြချီချန်းသည် လီလော့ကို ရိုးရိုးရှင်းရှင်း ဆက်ဆံသည်။ သူမသည် မြို့စားအဆင့် ဖြစ်သည်! သူမရဲ့ ခွန်အားနဲ့ ရှပြည်ထောင်စုအတွင်း ဘယ်ကိုသွားနေပါစေ ဆန္ဒရှိမယ်ဆို ကိုယ်ပိုင်အိမ်တော်ပင်တည်ထောင်နိုင်သည်။ ထို့နောက် ရှပြည်ထောင်စုတွင် အိမ်တော် ခြောက်ခုရှိလာပေလိမ့်မည်။
ထို့ကြောင့် သူမတွင် သွားစရာနေရာမရှိဟု ရိုးရှင်းစွာပြောခြင်းသည် ဟာသတစ်ခုဖြစ်သည်။
ကျန်းချင်းအာသည် ယခင်က နည်းပြချီချန်း နှင့် သိပ်မဆက်ဆံဖူးသောကြောင့် လော့လန်အိမ်တော်ကို သူမ ရွေးချယ်ခဲ့သည့် တစ်ခုတည်းသောအကြောင်းပြချက်မှာ လီလော့ ကြောင့်ဖြစ်သည်ကို နားလည်ထားသည်။
လီလော့၏ ဖွင့်ဆိုချက်သည် လုံးဝ ရယ်စရာကောင်းသော်လည်း၊ အမှန်မှာ နည်းပြချီချန်းသည် သူ့ကို ကောင်းစွာ ဆက်ဆံခဲ့ပုံပင်။
ဒါက ကျောင်းသားနဲ့ ဆရာတစ်ယောက်ရဲ့ ဆက်ဆံရေးကို ကျော်လွန်နေခဲ့ချေပြီ။
သူမ၏ရည်ရွယ်ချက်က နတ်ဘုရားအရာများလား....သို့သော်လည်း ဖြစ်နိုင်ချေသိပ်မမြင့်ပေ။
အတွေးပေါင်းစုံတွေးတောပြီးနောက် ကျန်းချင်းအာသည် လီလော့၏ချောမောသောရုပ်ရည်ကြောင့်ဟုသာ အဖြေထုတ်နိုင်ခဲ့သည်။
ကျန်းချင်းအာသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ရှားရှားပါးပါး ရင်းနှီးစွာဖြင့် နည်းပြချီချန်း၏ လက်ဖျံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး လော့လန်အိမ်တော်ထဲသို့ ဆွဲသွင်းလိုက်သည်။
တစ်ဖက်တွင် လီလော့ ကြည်နူးစွာဖြင့်နောက်က လိုက်ပါလာခဲ့သည်။
လော့လန်အိမ်တော်သည် မြို့စားအဆင့်ကို ဆွဲဆောင်နိုင်ခဲ့ပြီး ၎င်းမှာ သူ့မိဘများပင် ၎င်းတို့ခေတ်တွင် မအောင်မြင်နိုင်သောအရာဖြစ်သည်။ ထင်ရှားသည်မှာ၊ သူသည် ထူးခြားသော ပုဂ္ဂိုလ်ရေး ဆွဲဆောင်မှုတစ်ခုကို ပိုင်ဆိုင်ထားပုံရသည်။
လော့လန်အိမ်တော်ထဲ ရောက်သည်နှင့် ချီချန်း၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ သူမသည် ဧရိယာတစ်ခုလုံးကို ပျံ့နှံ့သွားစေသည့် ပြင်းထန်ပြီး ပုံသဏ္ဍာန်မရှိသော ဖိအားကို ပြတ်ပြတ်သားသား ခံစားနေရသည်။ ဖိအားများ၏ ဖိနှိပ်မှုအောက်တွင် သူမ၏ ခွန်အား သိသိသာသာ လျော့ကျသွားသည်။
"ဒါက လော့လန်အိမ်တော်ရဲ့ ခံစစ်အစီအရင်ပဲ.... သူ့ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အရည်အသွေးတွေက ပြိုင်စံရှားပါပေတယ်.... အကွာအဝေးအတွင်းမှာရှိတဲ့ မြို့စားအဆင့်တိုင်းက သူတို့ရဲ့ မြို့စားရဲတိုက်တွေကို ထုတ်ဖို့တောင် ခက်ခဲလိမ့်မယ်...."
ချီချန်းက သက်ပြင်းချလိုက်သည်။
အိမ်တွင်းရှိ ရတနာအားလုံးကို တပ်မက်နေသော်လည်း ခံစစ်အစီအရင်ကြောင့် မည်သူမျှ မကျူးကျော်ဝံ့သည်မှာ အံ့သြစရာမဟုတ်ပေ။
"ကျေးဇူးပြုပြီး စိတ်ဆိုးပါနဲ့.... အစီအရင်ကို မထိန်းချုပ်နိုင်သေးတာကြောင့် ခဏလောက်တော့သည်းခံပေးပါ....."
အစီအရင်က ၎င်းတို့၏ စွမ်းအားကို ကန့်သတ်ထားသောကြောင့် စိတ်မသက်မသာ ဖြစ်ရသည့်အတွက် မြို့စားအဆင့်မုးသည် ၎င်းတို့၏ ဌာနချုပ်သို့ ဝင်ရောက်ရန် မနှစ်မြို့ကြောင်း ကျန်းချင်းအာသိနေသည်။
ချီချန်းက လက်ကို ဝှေ့ယမ်းကာ စိုးရိမ်စရာမရှိကြောင်းတုံ့ပြန်လိုက်သည်။
ထို့နောက် သုံးယောက်သား ဆွေးနွေးခန်းထဲသို့ ဝင်သွားကြသည်။
"လီလော့၊ ဒီမှာ ယာယီပဲနေဖြစ်လိမ့်မယ်....ထူးခြားတဲ့ အခြေအနေတွေ ကျော်လွန်သွားရင် ငါ ကြယ်တာယာခရီးရှည်ကောလိပ်ကို ပြန်သွားရမယ်..."
"ဆရာ...ကောလိပ်ကို ပြန်သွားလို့ရလို့လား...."
လီလော့က ထိတ်လန့်စွာ မေးလိုက်သည်။
သူ့စကားကအနည်းငယ်ရိုင်းပေမဲ့ နည်းပြချီချန်းက ဆန္ဒအလျောက်နှုတ်ထွက်ခဲ့ပြီး လော့လန်အိမ်တော်ရဲ့တိုက်ပွဲမှာတောင် ပါဝင်ခဲ့သည်။ သူမသည် အဓိကတိုက်ပွဲတွင် တိုက်ရိုက်ပါဝင်ခြင်းမရှိသော်လည်း သူမသည် ၎င်းတို့နှင့် တဖက်တည်းဖြစ်နေဆဲပင်.... ဒါက ကောလိပ်ကို ဒုက္ခရောက်စေနိုင်သည်။ ဒါကြောင့် ဒီလိုအခြေအနေမျိုးမှာ ကောလိပ်က ချီချန်းကိုလက်ခံပါမည်လော....
လီလော့၏ မှတ်ချက်ကို နားထောင်ရင်း ချီချန်း မျက်မှောင်ကြုတ်လိုက်သည်။
"ဒါဆို နင်င ငါ ပြန်မသွားနိုင်ဖို့ မျှော်လင့်ထားပုံရတယ်"
သူသဘောမတူသလို ငြင်းလည်းမငြင်းဘဲ.... "လော့လန်အိမ်တော် က ဆရာ့ကိုအမြဲတမ်းထောက်ခံနေမှာပါ" ဟုသာ ပြန်ဖြေလိုက်သည်။
"တရားမျှတဖို့၊ ငါလုပ်ဆောင်ခွင့်ရခဲ့တဲ့ တစ်ခုတည်းသော အကြောင်းပြချက်က ဒုကျောင်းအုပ် စုရှင်း ကြောင့်ပဲ၊ သူသာ ခွင့်မပြုရင် ငါ လွယ်လွယ်နဲ့ လန်လင်းအိမ်တော်ကို ထိန်းထားနိုင်မယ်လို့ထင်နေတာလား..."
ဒီအဖြေက လီလော့ အံ့သြသွားစေသည်။
"ဒုကျောင်းအုပ် စုရှင်း?"
နည်းပြချီချန်းက ခေါင်းညိတ်လိုက်ပြီး သူမ အသံက နူးညံ့လာသည်။
"ဒုကျောင်းအုပ်စုရှင်းက ကောလိပ်ဟာ ကြားနေပါတီဖြစ်ပြီး ငါတို့ကို တိုက်ခိုက်မှုတွေ မဖြစ်ပွားအောင် တားမြစ်ထားတယ်လို့ ပြောနေပေမယ့် ငါ နုတ်ထွက်စာတင်တဲ့အခါမှာတော့ သူမအနေနဲ့ ဒီလိုလုပ်ဖို့ အခွင့်အရေးရှိပေမယ့် ငြင်းဆိုခြင်းမရှိခဲ့ဘူး..ငါ လန်လင်းအိမ်တော်ကို သွားမယ်ဆိုတာ သူသိနေသားပဲ.....တကယ်လို့ ကြားနေရေး သဘောထားကို တင်းတင်းကျပ်ကျပ် လိုက်နာချင်တယ်ဆိုရင် ငါ့ကို ထိန်းဖို့ ကောလိပ်ရဲ့ ကျွမ်းကျင်သူတွေကို စေလွှတ်လိုက်လို့ရသားပဲ.... အဲဒီမှာ ကောလိပ်ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ဒါပေမယ့် ဒီအချက်ကြောင့် သူ ဘာမှ မလုပ်ခဲ့ဘူး...ဒါဟာ မင်းတို့ နှစ်ယောက်ကို လျှို့ဝှက်တဲ့ နည်းလမ်းနဲ့ကူညီလိုက်တာပဲ..... မင်းနဲ့ ကျန်းချင်းအာတို့က ရာစုနှစ်တစ်ခုအတွင်း တွေ့ရခဲတဲ့ ကောလိပ်ရဲ့ အကောင်းဆုံး ပညရမီရှင်တွေ ဖြစ်တာရယ် လုံကူရှန့်ပိန်းကိုယူပေးနိုင်ခဲ့တာရယ်ကြောင့် သူ့ဘက်က ပထမဆုံးအကြိမ် အပေးအယူလုပ်ခဲ့တာ....ငါ နှုတ်ထွက်စာမတင်ခင် သူနဲ့ လျှို့ဝှက်ဆက်သွယ်ခဲ့ပြီးပြီ.....သူ့အဖြေက ရှင်းတယ်....မုန်တိုင်းထန်တဲ့ကာလပြီးရင် အခွင့်ရေးရှာပြီး အလုပ်ပြန်ခန့်ပေးမယ်တဲ့....."
"ဒုကျောင်းအုပ် စုရှင်းက အကောင်းဆုံးပဲ"
လီလော့ မနေနိုင်တော့ဘဲ ချီးကျူးလိုက်သည်။ ရိုးရိုးရှင်းရှင်း နှုတ်ထွက်လိုက်တာတောင်မှ ရှုပ်ထွေးတဲ့ အမှန်တရားကို ဆုပ်ကိုင်ထားခဲ့သည်။
လီလော့သည် ဒုကျောင်းအုပ်စုရှင်း၏ လျှို့ဝှက်အကူအညီကြောင့် ရင်ထဲထိမိခဲ့သည်။ ကောလိပ်၏ ကြားနေမှုသည် အကြွင်းမဲ့ပြီး မည်သည့်အခါမျှ မပြောင်းလဲနိုင်သော အရာတစ်ခုဟု ပြောခဲ့သော်လည်း နောက်ဆုံးတွင် သူမ တတ်နိုင်သမျှ အကူအညီ ပေးခဲ့သည်။
"ဆရာ၊ ထွက်သွားချင်ရင် ကျွန်တော်တို့ကို အကြောင်းကြားလိုက်ရုံနဲ့ လုံလောက်ပါပြီ..... လက်လွှတ်ပေးဖို့ ဆန္ဒမရှိပေမယ့် ဆရာ့ကို တားမှာမဟုတ်ဘူးဆိုတာ စိတ်ချနိုင်ပါတယ်...."
နည်းပြချီချန်းကိုကြည့်ရသည်မှာ ကောလိပ်တွင်နေရသည်ကို ပိုပျော်နေပုံရသည်။ထို့ကြောင့် ကိုယ်ပိုင်အကျိုးဆန္ဒအတွက် သူမကို လော့လန်အိမ်တော်တွင်နေထိုင်ရန် ထောင်ချောက်ဆင်ဖို့ ကြိုးပမ်းမည်မဟုတ်ပေ။ ဒါက သူတို့နှစ်ယောက်ရဲ့ ဖြူစင်တဲ့ဆက်ဆံရေးကို ပျက်စီးစေလိမ့်မည်။
ချီချန်းက အနည်းငယ် ပြုံးကာ ခေါင်းညိတ်လိုက်သည်။
ထို့နောက် လီလော့သည် ချိုင်ဝေ၊ယွမ်ချင်း နှင့် ကျန်သော အကြီးအကဲများကို
နည်းပြချီချန်းအကြောင်း အကြောင်းကြားရန် ခေါ်ခိုင်းလိုက်သည်။
ဤအံ့သြဖွယ်သတင်းသည် သူတို့အား ထိတ်လန့်သွားစေခဲ့သည်။
ထို့နောက် သူတို့အားလုံးသည် လီလော့ ကို အလွန်ကြည်ညိုလေးစားသော အကြည့်ဖြင့် ကြည့်လိုက်ကြသည်။
အိမ်တော်သခင်အသစ်သည် အလွန်အံ့သြဖွယ်ကောင်းသည်။ သူသည် တကယ့် မြို့စားအဆင့်ကို တစ်ရက်တာအချိန်တိုအတွင်း ခေါ်ဆောင်နိုင်ခဲ့သည်။ အရင်အိမ်တော်သခင်တွေတောင် ဒါကို မအောင်မြင်နိုင်ခဲ့ပေ။
ယနေ့ခေတ် လော့လန်အိမ်တော်သည် အရင်တနှင့်မတူတော့ပေ။ အိမ်တော်စုဝေးပွဲ ပြီးသွားသော်လည်း၊ ဌာနချုပ်တွင် အမှန်တကယ်နေထိုင်သော မြို့စားအဆင့်နှစ်ဉီး ရှိခြင်းသည် ၎င်းတို့၏ ခွန်အားနှင့် သြဇာကို သံသယဖြစ်ဖွယ်မရှိတိုးပွားလာစေသည်။ ဤနည်းဖြင့် ၎င်းတို့၏တိုးတက်မှုများက ယခင်ကထက် ပိုမိုမြန်ဆန်လာမည်ဖြစ်သည်။
ထို့ကြောင့် ချီချန်း၏ ရောက်ရှိလာမှုက တကယ့်ကိုဝမ်းသာစရာပင်
.................................
ဤသတင်းကောင်းနှင့် ဆန့်ကျင်သည့် အရာများ အခြားနေရာများတွင် ပေါက်ဖွားလာခဲ့သည်။
အရိပ်လှိုဏ်ဂူ၏ အနက်ရှိုင်းဆုံးနေရာတွင် ထူးဆန်းသော လှုပ်ရှားမှုအချို့ကို မြင်တွေ့ခဲ့ရသည်။