ဓာတ်ကြီးငါးပါး ဆင်နဂါး၀င်္ကပါ.........
Vol. 49 Ch. 676
အရိပ်လှိုဏ်ဂူ၏အနက်ရှိုင်းဆုံးတွင်.....
ဤနေရာရှိ သဘာဝစွမ်းအင်များအတွင်းမှဒြပ်စင်များသည် ပွက်ပွက်ဆူလာသောအခါ ပိုမိုရှုပ်ထွေးသောပုံစံသို့ ပြောင်းလဲသွားခဲ့သည်။ အကန့်သတ်မရှိသော မီးပင်လယ်သည် လေဟာနယ်ကို ဖြတ်ကျော်ကာ ပင်လယ်ရေပြင်အဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။ ၎င်းသည် ရှေးဦးခေတ် ရူပဗေဒဖြစ်စဉ်ကို အမှတ်ရစေမည့် မြင်ကွင်းတစ်ခုဖြစ်သည်။
မိုးကြိုးမုန်တိုင်းများသည် ပြင်းထန်သော
သားရဲတစ်ကောင်ပြေးလွှားနေသလို နေရာတိုင်းတွင် တိုက်ခတ်နေသည်။
ဖရိုဖရဲ ပျက်ပြယ်နေသော လေဟာနယ်အတွင်းတွင် အက်ကြောင်းရာကြီးတစ်ခုသည် ကမ္ဘာ နှစ်ခုကို ပိုင်းခြားထားသည်။
အပြင်ဘက်တွင် ရှုပ်ထွေးနေသော သဘာဝစွမ်းအင်များအတွင်း ရွှေကြာပန်းတစ်ပွင့် လွင့်မျောနေသည်။ ရွှေကြာပန်းပေါ်တွင် တင်ပျဉ်ခွေထိုင်နေသူတဉီးရှိပြီး ထိုသူသည် အနက်ရှိုင်းဆုံး ရေကန်များနှင့် အမြင့်ဆုံးတောင်များကို သတိရစေသည့် လေးနက်သော အော်ရာကို ဖော်ထုတ်ပေးကာ နှိုင်းယှဉ်၍မရသော ဖိအားမျိုးခံစားရစေသည်။ သူသည် ထိုနေရာတွင် ရှိနေသော်လည်း သူသည် သေမျိုးကမ္ဘာ၏ အလှမ်းဝေးသောနေရာတွင် ရှိနေပုံရသည်။
၎င်းမှာ ကြယ်တာယာခရီးရှည်ကောလိပ်၏ ကျောင်းအုပ်ဖန်ချန်ယွမ် ဖြစ်သည်။
လက်ရှိတွင် သူသည် ကြီးမားသော အက်ကြောင်းရာကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။ အထဲမှာ အနက်ရောင် တောက်လောင်နေတဲ့ မြစ်တစ်စင်းဟာ မဟူရာနဂါးကြီးတစ်ကောင်သဖွယ် ရစ်ခွေစီးဆင်းနေသည်။ အနက်ရောင်မြစ်ရေသည် အဆက်မပြတ်စီးဆင်းနေသဖြင့် တစ်စုံတစ်ယောက်အား မငြိမ်သက်သောခံစားချက်ကိုပေးသည်။ လှိုင်းလုံးများသည် ရံဖန်ရံခါ ပေါ်လာတတ်ပြီး မရေမတွက်နိုင်သော ပုံပျက်ပန်းပျက် လူ့မျက်နှာများနှင့်အတူ အဆိုးမြင်စိတ်များ ထွက်လာသည်ကို မြင်တွေ့နိုင်သည်။ လောဘ၊ လောဘ၊ ဒေါသ၊ မုန်းတီးမှု စသည်ဖြင့် ခံစားချက်မျိုးစုံပါဝင်နေသည်မှာ မြင်သူတိုင်းကို ထိတ်လန့်စေမယ့် မြင်ကွင်းတစ်ခုပင်.....
မြစ်ထဲတွင် မုန်တိုင်းကို လှုံ့ဆော်ပေးသည့် ဧရာမငါးကြီးတစ်ကောင် သူ့အလိုလို ပေါ်လာသည်ကို တွေ့လိုက်ရသည်။ အနက်ရောင်ငါးကြီးသည် ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်များကို ပေးစွမ်းနိုင်ပြီး အကြေးခွံတစ်ခုတစ်ခုစီတိုင်းတွင် ညှင်းပန်းနှိပ်စက်ခံထားရသော လူသားမျက်နှာတစ်ခုစီ ပါဝင်နေသည်။ ဤမျက်နှာများထဲမှ တစ်ယောက်စီသည် စိတ်ပျက်အားငယ်စွာ အော်ဟစ်နေကြပုံရပြီး ၎င်းကို ရိုးရိုးရှင်းရှင်း ကြည့်လိုက်လျှင် ရူးသွပ်မှုဆီသို့ခေါ်ဆောင်သွားမည်ဖြစ်သည်။
မဟူရာငါးကြီး၏ ပါးစပ်မှ ကလေးကဲ့သို့ ရယ်မောသံများ ထွက်ပေါ် လာကာ ထိုအသံသည် လေဟာနယ်ကို ဖြတ်သန်းကာ ဖန်ချန်ယွမ်၏ နားထဲသို့ ဝင်ရောက် သွားခဲ့သည်။ အသံလှိုင်းများအတွင်းတွင်ပါဝင်သော ထူးခြားသော စွမ်းအားတစ်ခုသည် မြို့စားအဆင့်ကိုပင် ခဏတာ တုန်လှုပ်ချောက်ချားသွားစေနိူင်သည်။
သို့သော်လည်း ဖန်ချန်ယွမ်သည် ငြိမ်သက်စွာဖြင့် သဘာဝစွမ်းအင် အတက်အကျများကို တိတ်တဆိတ် ခံစားနေခဲ့သည်။
သူသည် တစ်ခုတည်းသော အခွင့်အရေးကို စောင့်နေခြင်းဖြစ်သည်။
ဤအရာသည် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ပြင်ဆင်ခဲ့သော အရာဖြစ်သည်။
အချိန်တွေ အများကြီးကုန်သွားပေမယ့် အရာအားလုံးက သူ့အတွက် ခဏတာ အခိုက်အတန့်တစ်ခုလိုပင်.....
ထိုအခိုက်အတန့်တွင် သူ့မျက်လုံးများအတွင်းမှ အလင်းတန်းတစ်ခု ပေါ်လာသည်။ ဖရိုဖရဲဖြစ်ပြီး အဆုံးမရှိသဘာဝစွမ်းအင်များသည် တိကျသောဦးတည်ချက်သို့ ပြောင်းသွားသည်ကို သူခံစားနိုင်သည်။
ဖောက်....
ထိုအချိန်မှာပင် ထူးဆန်းသော အပြောင်းအလဲတစ်ခု ပေါ်လာသည်။ ထိုအသံသည် လေဟာနယ်အတွင်း တဟုန်ထိုး တုန်ခါသွားသောအခါ၊ မူလက ဖရိုဖရဲ ဖြစ်နေသော သဘာဝစွမ်းအင်များသည် မမျှော်လင့်ဘဲ ရပ်တန့်သွားပြီး ကောင်းကင်၏နိယာမကို ယူဆောင်လာစေရန် အသစ်သော ပြုပြင်ပြောင်းလဲမှုများ စတင်လာသည်။
ဖန်ချန်ယွမ်သည် ရွှေကြာပန်းပေါ်မှ မတ်တပ်ထရပ်ပြီး ဝတ်ရုံလက်စကို ဝှေ့ယမ်းလိုက်သည်။
တစ်ချက်လှုပ်ရုံဖြင့် လေဟာနယ်တစ်ခုလုံး တုန်လှုပ်သွားပုံရပြီး ဒြပ်စင်ငါးခုက မုန်တိုင်းတခုလိုစတင်လှုပ်ရှားလာသည်။ များပြားလှသော သဘာဝစွမ်းအင်အတွင်းမှ ဒြပ်စင်ငါးခုသည် ဆင်နဂါး သဏ္ဍာန်ကြီး အဖြစ်စတင်ဖွဲ့စည်းလာခဲ့သည်။
ကြောက်စရာကောင်းတဲ့ ဖိအားတစ်ခုက အရာအားလုံးအပေါ်ကို ကျဆင်းလာခဲ့သည်။
" ဒြပ်စင်ငါးခု ဆင်နဂါး၀င်္ကပါ!" ဖန်ချန်ယွမ်၏ ကြွေးကြော်သံနှင့်အတူ တစ်ချိန်တည်းမှာပင် ကွဲအက်နေသော ရှေးဟောင်း သံကြိုးများ ပေါ်လာပြီး တစ်ခုနှင့်တစ်ခုသွယ်ယှက်ကာ ကမ္ဘာကြီးကိုပင် ဖုံးကွယ်ထားနိုင်ပုံရသည်။
နိယာမအသစ်တစ်ခု ပေါ်ပေါက်လာသည်နှင့်အမျှ ယခင်က ကမ္ဘာကြီးကိုမဖန်ဆင်းမီခေါတ်တစ်ခု အသစ်တဖန် ပြန်လည်မွေးဖွားလာပုံရသည်။
မကောင်းဆိုးဝါးမြစ်အတွင်းရှိ မဟူရာငါးနက်ကြီးသည် ၎င်း၏အမြီးကို ပေါ့ပေါ့တန်တန် ဝှေ့ယမ်းကာ.... "ဖန်ချန်ယွမ်၊ မင်းရဲ့နည်းလမ်းတွေက အထင်ကြီးလောက်စရာပဲ.... ဒီနှစ်တွေထဲမှာ အက်ကွဲကြောင်းကိုပြုပြင်ဖို့ နောက်တဖန် ငြိမ်သက်နေတဲ့ အခိုက်အတန့်ကို စောင့်မျှော်နေတာလား...လွယ်မယ်ထင်နေတဲ့ပုံပဲ.... ငါ့ကို အန္တရာယ်ကင်းတဲ့ သတ်သတ်လွတ်သမားများထင်နေသလား...."
ယွီလဲ့ ဘုရင်သည် ထိုသို့ လှောင်ပြောင်ရင်း ဧရာမပါးစပ်ကြီးကိုဖွင့်လိုက်သည်။အနက်ရောင်အရောင်အဆင်းရှိသော စေးကပ်သော ရေများ ထွက်လာကာ မကောင်းဆိုးဝါးအငွေ့အသက်အျား လျှံထွက်နေသည်။ အဆင့်မြင့်ကောင်းကင်ပဲ့တင်ထပ်သံအဆင့်များပင်လျှင် အနက်ရောင် ရေတစ်စက် ၎င်းတို့အပေါ်သို့ ကျရောက်ပါက ဖောက်ပြန် ပျက်စီးသွားမည်ဖြစ်သည်။
၎င်းသည် လေဟာနယ်ကိုဖြတ်ကျော်ကာ အနက်ရောင်ရေထဲမှ မဲနက်နေသောလက်တစ်ဖက် ဆန့်ထွက်လာသည်။၎င်းတွင် လက်ချောင်းရှစ်ချောင်းပါရှိပြီး အရေပြားမှာ ပုံမှန်မဟုတ်ဘဲ ကွဲအက်နေတာကြောင့် အနည်းငယ် ထူးဆန်းနေပုံရသည်။
ထိုအခိုက်အတန့်လေးတွင် လက်ချောင်းများသည် ဖန်ချန်ယွမ်၏ ဒြပ်စင်ငါးခု ဆင်နဂါး၀င်္ကပါဆီသို့ ဦးတည်သွားပြီး တစ်ချက်တည်းနှင့် ဖျက်စီးရန် ရည်မှန်းထားသည်။
ဖန်ချန်ယွမ်သည် သူ့ဝတ်ရုံအတွင်းမှ အရာဝတ္ထုတစ်ခုကို အမြန်ထုတ်လိုက်ယူသည်။ ၎င်းသည် ရှေးဟောင်းခွက်တစ်လုံးဖြစ်ပြီး အနီးကပ်စစ်ဆေးကြည့်လျှင် ၎င်းသည် ရှန့်ပိန်းတွေ့ဆုံပွဲမှ လီလော့ ပြန်လည်ရယူခဲ့သော လုံကူရှန့်ပိန်း ဖြစ်သည်။
လုံကူရှန့်ပိန်းသည် ဖန်ချန်ယွမ်၏လက်ထဲကနေ ရှေ့သို့ ပျံသန်းလာသောအလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်ထိအောင်မြင့်မားသော ဧရာမတောင်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် မရေတွက်နိုင်သော လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။ အလင်းတန်းတစ်ခုစီတိုင်းတွင် ဖိနှိပ်ချုပ်ချယ်သည့်အကျိုးသက်ရောက်မှုများ ပါဝင်နေပုံရပြီး မဲနက်နေသောလက်တစ်ဖက်သာ် ဝမ်းနည်းဖွယ်အော်သံနှင့်အတူ မည်းမှောင်သောအခိုးအငွေ့များစွာကို ထုတ်လွှတ်လိုက်သည်။
သန့်ရှင်းသော အလင်းတန်းများကြောင့် လက်ချောင်းရှစ်ချောင်းစလုံး ကွဲကြေသွားခဲ့လေသည်။
"လုံကူရှန့်ပိန်း ?!"
ယွီလဲ့ဘုရင်သည် အနက်ရောင်မြစ်အတွင်းမှ မှုန်ကုပ်ကုပ်အော်လိုက်သည်။
"ဟမ့် ရတနာတွေရှိနေလို့ အခုလိုငါ့ကိုရင်ဆိုင်ရဲနေတာပေါ့!"
လုံကူရှန့်ပိန်းသည် ကမ္ဘာခြားသက်ရှိများအပေါ် အလွန်ထိရောက်သော အထူးဖိနှိပ်သည့်အကျိုးသက်ရောက်မှုရှိသည်။ ဖန်ချန်ယွမ် အဘယ်ကြောင့် မတုန်မလှုပ်နှင့် ကြောက်ရွံ့ခြင်းမရှိပုံရသည်မှာ အံ့သြစရာမဟုတ်ပေ။
ဖန်ချန်ယွမ်သည် သူတည်ဆောက်ထားတဲ့ ဧရာမ၀င်္ကပါ အာရုံစိုက်နေချိန်မှာ ယွီလဲ့ ဘုရင်ကို လုံးဝလျစ်လျူရှုထားခဲ့သည်။ ဤလျှို့ဝှက်ဆန်းကြယ်သော၀င်္ကပါသည် ထန်ချန်ယွမ် နှစ်ပေါင်းများစွာ ကြိုးစားတည်ဆောက်ခဲ့သော အရာဖြစ်သည်။၀င်္ကပါသည် ကမ္ဘာနှစ်ခုကြား လမ်းဆုံတွင် တည်ရှိနေသဖြင့် ဤနေရာရှိ သဘာဝစွမ်းအင်များသည် ဖရိုဖရဲဖြစ်နေသော သဘောသဘာဝကို ပိုင်ဆိုင်ထားသည်။ထို့ကြောင့် နည်းလမ်းများစွာကို အသုံးပြုရန် ခက်ခဲစေခဲ့သည်။ ဤတစ်ကြိမ်တွင်၊ ၀င်္ကပါ၏အကူအညီဖြင့် အက်ကွဲကြောင်းကို ပြုပြင်နိုင်ပြီး အရိပ်ဂူအတွင်းမှပြဿနာများကို ဖြေရှင်းနိုင်ဖို့ပြင်ဆင်ထားသည်။
သူသည် ဉီးတည်ချက်လေးခုစီ လမ်းကြောင်းဖြန့်ကျက်နေသော ရှေးဟောင်း ဆင်နဂါးလေးကောင်ကို တစ်ချက်စီကြည့်လိုက်သည်။
ထိုအချိန်တွင် ဧရိယာတစ်ခုလုံးအပေါ်သို့ ဖော်မပြနိုင်သော ဖိအားတစ်ခု ဆင်းသက်လာပုံရသည်။ အက်ကွဲကြောင်း နှစ်ဖက်စလုံးတွင် ၀င်္ကပါ၏ အစွမ်းထက်လှသော တွန်းအားကြောင့် တုန်လှုပ်နေပုံရသည်။
တုန်ခါနေသော်လည်း ၀င်္ကပါ၏ဖိအားကို ခံနိုင်ရည်ရှိသည်။
"အဖြေတစ်ခုကို ဖြတ်ထုတ်ဖို့ အချိန်အများကြီးပေးပြီးမှ အလဟာသာဖြစ်ကုန်ပြီထင်တယ်...."
ဖန်ချန်ယွမ် မျက်မှောင်ကြုံ့ပြီး တကိုယ်တည်း ညည်းညူလိုက်သည်။
"ဟဲ..ဟဲ....ဖန်ချန်ယွမ်....မင်း ကိုယ့်ကိုကိုယ် သိပ်အထင်ကြီးလွန်းနေပြီ.... မင်းတကယ်ပဲ လေဟာနယ်အက်ကွဲကြောင်းကို အတင်းပိတ်ဖို့ ကြိုးစားခဲ့တာလား...."
ယွီလဲ့ဘုရင်က မကောင်းဆိုးဝါးမြစ်အတွင်းမှ လှောင်ပြောင်နေသည်။
ဖန်ချန်ယွမ်က အေးစက်စွာ ကြည့်နေသော်လည်း သူသည် အခြားသူကို အာရုံမစိုက်တော့ပေ။ ၀င်္ကပါဟာ သူ့ရည်မှန်းချက်တွေကို မပြည့်မီခဲ့ပေမဲ့လည်း မျှော်လင့်ချက်ရှိနေဆဲပင်..... ဒီလို ကြီးကျယ်ခမ်းနားတဲ့ အလုပ်တစ်ခုကို ပြီးမြောက်ချင်တယ်ဆိုရင်တော့ သူ့မှာ ဒီထက်ပိုတဲ့ နည်းလမ်းတွေကို သဘာဝကျကျ ပိုင်ဆိုင်ထားပေလိမ့်မည်။
ဧရာမ လုံကူရှန့်ပိန်းကို ဝှေ့ယမ်းလိုက်သည့်အခါ ချက်ချင်းပင် သွေးအဆီအနှစ်တစ်စက် ထွက်လာပြီး သူ့ရှေ့တွင် လွင့်မျောနေသည်။
သွေးအဆီအနှစ်သည် ကျောက်မျက်ရတနာကဲ့သို့ ဝိုင်းစက်ကြည်လင်နေ၏။၎င်းအတွင်းမှ လျှို့ဝှက်ဆန်းကြယ်မှုများကို အခြားသူများက မမြင်နိုင်သော်လည်း ဖန်ချန်ယွမ်သည် သာမန်လူတစ်ဦးမဟုတ်ပေ။ သူ့အကြည့်တွေက သွေးအဆီအနှစ်၏ အနက်ရှိုင်းဆုံးတွင် ကိန်းအောင်းနေသည့် အထူးသွေးမျိုးဆက်ကို ပိုင်းခြားနိုင်ခဲ့သည်။
ဤသွေးအဆီအနှစ်ကို လီလော့ဆီမှ ရရှိခဲ့ခြင်းဖြစ်သည်။
"ကောင်းကင်နဂါးစွမ်းအင်..."
ဖန်ချန်ယွမ် အနည်းငယ်ပြုံးကာ သွေးအဆီအနှစ်ကို အာရုံစိုက်လိုက်သည်။ ဒီခဏမှာ လက်သီး ဆုပ်လိုက်ပြီး များပြားလှတဲ့ စွမ်းအင်တွေ ထွက်လာသည်။ ၎င်းသည် ကြယ်မီးဖိုတစ်ခုကဲ့သို့ သွေးအဆီအနှစ်ကိုစတင်လောင်ကျွမ်းနေသည်။ ၎င်းသည် အလွန်လျင်မြန်စွာ အရည်ပျော်သွားပြီး နောက်ဆုံးတွင် ကျန်ရှိခဲ့သော အရာများသည် သာမန်မျက်စိဖြင့် မမြင်နိုင်သည့် ရွှေဝါရောင် စွမ်းအင် အနည်းငယ်ပင်.... ဤစွမ်းအင်သည် သူ၏ စစ်မှန်သော ရည်ရွယ်ချက်ဖြစ်သည်။
ဒြပ်စင်ငါးခု ဆင်နဂါး၀င်္ကပါတွင် ကောင်းကင်နဂါးစွမ်းအင်ကို ထည့်သွင်းခြင်းဖြင့် ၎င်းအား အချိန်တိုအတွင်း ကောင်းကင်ကိုပင်ပြိုကျစေမည့် ခွန်အားကို ပေးစွမ်းမည်ဖြစ်သည်။ ထိုကဲ့သို့သော ခွန်အားဖြင့် လေဟာနယ်အက်ကွဲကြောင်းကို ပြုပြင်နိုင်ဖို့ အလားအလာရှိသည်။
ဖန်ချန်ယွမ် ရှေ့သို့ လက်ညှိုးညွှန်လိုက်သည့်အခါ ကြီးမားသော ဆင်နဂါးကြီးများ၏ သရုပ်သဏ္ဍန်များနှင့် လျင်မြန်စွာ ပေါင်းစပ်ကာ စွမ်းအင်များ ထွက်လာသည်။၀င်္ကပါ အားကောင်းလာသည်နှင့်အမျှ ဆင်နဂါးများ၏ကြီးမားသောကိုယ်ထည်များ ဖောင်းကားလာပြီး သူတို့၏ဟိန်းဟောက်သံများကပင် မြင့်မြတ်သောဖိအားကို ခံစားရစေသည်။
ဘုန်းးးးးးး
ထို့နောက် ရှေးဟောင်းဆင်နဂါးများသည် အရှိန်ပြင်းစွာဖြင့် စတင်လှုပ်ရှားလာကြသည်။
ဆင်နဂါးကြီးများ၏ ပြင်းပြင်းထန်ထန် ပြေးလွှားနေသည့် သရုပ်သဏ္ဍာန်နှင့်အတူ ကြီးမားသော အက်ကွဲကြောင်းများ တဖြေးဖြေး ပိတ်ဆို့သွားခဲ့သည်။
ထိုမြင်ကွင်းကိုမြင်လိုက်ရတော့ ဖန်ချန်ယွမ် သက်ပြင်းတစ်ချက်ချလိုက်မိသည်။
သူ့ရဲ့ နှစ်ပေါင်းများစွာ ပြင်ဆင်မှုတွေက ဒါတွေအတွက်ပင်......
လေဟာနယ်အက်ကွဲကြောင်းကို တံဆိပ်ခတ်ထားနိုင်လျှင် ကြယ်တာယာခရီးရှည်ကောလိပ်၏ အရိပ်လှိုဏ်ဂူကို ဖြိုခွင်းပြီး ရှည်လျားသော ငြိမ်းချမ်းရေးကို ခံစားနိုင်မည်ဖြစ်သည်။
စွမ်းအင်ဒီရေများ ဆက်လက်စီးဆင်းနေပြီး အက်ကွဲကြောင်းကို တဝုန်းဝုန်းရိုက်ခတ်နေသည်။
ထို့ထက် ပို၍အရေးကြီးသည်မှာ အခြားကမ္ဘာနေရာရှိ မကောင်းဆိုးဝါးမြစ်နက်ကြီးသည်လည်း အလားတူလှိုင်းလုံးကြီးများဖြင့် ဒဏ်ခတ်ခံရပြီး ထိုမြစ်ထဲတွင် ဧရာမမဟူရာငါးကြီးတစ်ကောင်ရှိနေသည်။၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော အဖြူရောင်မျက်လုံးဖြင့် ဤမြင်ကွင်းကို အေးစက်ငြိမ်သက်စွာ ဆက်လက်ကြည့်ရှုနေခဲ့သည်။