ပြောင်းလဲမှုများ....
Vol. 49 Ch. 677
ကိုယ်စားအုပ်ချုပ်သူစံအိမ်တွင်.....
စာကြည့်ခန်းထဲတွင် အစီအစဉ်အချို့ရေးဆွဲနေရင်းကနေ ကိုယ်စားအုပ်ချုပ်သူ၏အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူ့ဘေးနားက အရိပ်တွေထဲကနေ ထူးဆန်သောမျက်လုံးပိုင်ရှင်ထွက်လာပြီး လူငယ်သည် အများအားဖြင့် မကျေမနပ်ဖြစ်နေသော အမူအရာမျိုးရှိသော်လည်း ယခုတစ်ကြိမ်မှာ အနည်းငယ်ဆိုးရွားပုံရသည်။
ကိုယ်စားအုပ်ချုပ်သူသည် ဤရှားပါးသောမြင်ကွင်းကိုမြင်သောအခါ "ဘာဖြစ်တာလဲ" ဟု စိတ်ဝင်တစားမေးလိုက်သည်။
လီတိုင်ရွှမ်နှင့်တန်တိုင်လန်တို့ အိမ်တော်စုဝေးပွဲတွေင်ပေါ်လာစဉ်ကပင် ထိုလူငယ်အခုလောက် အမူမရာမပျက်ခဲ့ပေ။
"ဖန်ချန်ယွမ် လှုပ်ရှားနေပြီ.... သူက ယွီလဲ့ဘုရင် ဘုရင်ကို နှိမ်နင်းဖို့အတွက် လုံကူရှန့်ပိန်းကို အသုံးပြုခဲ့တယ်.... တစ်ချိန်တည်းမှာပဲ လေဟာနယ်အက်ကွဲကြောင်းကိုလည်း ပြုပြင်နေတယ်.... သူအောင်မြင်ခဲ့ရင် အရိပ်လှိုဏ်ဂူရဲ့ အန္တရာယ်တွေ ပြေလည်သွားပြီး လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီ” ဟု လူငယ်က ရိုးရိုးရှင်းရှင်း ရှင်းပြခဲ့သည်။
ထိုရှင်းပြချက်ကြောင့် ကိုယ်စားအုပ်ချုပ်သူ၏ အကြည့်များမှေးမှိန်သွားလေသည်။ ဖန်ချန်ယွမ်သည် သူတို့အတွက် ဒုက္ခများ၏ရင်းမြစ်ဖြစ်သည်။ ရှပြည်ထောင်စု တစ်ခုလုံးတွင် ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦးတည်းသာ ရှိပြီး၊ သူသည် ကိုယ်စားအုပ်ချုပ်သူ နှင့် ကျန်သူများကို အကြောက်တရား တိုးပွားအောင် လုပ်နိုင်သူ တစ်ဦးဖြစ်သည်။
ဤအခြေအနေသည် ကိုယ်စားအုပ်ချုပ်သူအတွက် အလွန်စိုးရိမ်စရာဖြစ်သည်။ ဖန်ချန်ယွမ်သည် အရိပ်လှိုဏ်ဂူမှရုန်းထွက်ပြီးသည်နှင့် နန်းတက်ပွဲအခမ်းအနားသို့ တက်ရောက်ကာ ရှပြည်ထောင်စုသို့ ပြန်လည်ရောက်ရှိနိုင်သည်မှာ သတင်းကောင်းမဟုတ်ပေ။
ကြယ်တာယာခရီးရှည်ကောလိပ် ယသည် ကြားနေပါတီတစ်ခုဖြစ်သော်လည်း ဖန်ချန်ယွမ်သည် ရှပြည်ထောင်စု ၏ တစ်ဦးတည်းသောဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဉီးဖြစ်သောကြောင့် သူလုပ်ချင်သမျှကို မည်သူမျှတားနိုင်မည်မဟုတ်ပေ။
တကယ်တော့ သူက ဝင်ရောက်စွက်ဖက်ဖို့တောင် မလိုပေ။ သူသည် ဧကရာဇ်ငယ်၏ နောက်ကွယ်တွင် ရပ်တည်နေရုံဖြင့် ကိုယ်စားအုပ်ချုပ်သူ၏ အစီအစဉ်များအားလုံး သဘာဝအတိုင်း ပြိုကွဲသွားမည်ဖြစ်သည်။
"ဘာလုပ်ဖို့စီစဉ်ထားလဲ"
သူတို့ရဲ့ ရည်ရွယ်ချက်က အတူတူပဲမို့ ဖန်ချန်ယွမ်ကို တားဆီးဖို့အတူ စဉ်းစားရတော့မည်။
လူငယ်က ပြုံးလိုက်ပြီး ..... "အခုလောလောဆယ် စိတ်ပူစရာ မလိုဘူး.... နှစ်ပေါင်းများစွာ စီစဉ်ထားပြီးပြီပဲ.... ဒါကြောင့် ဖန်ချန်ယွမ်ကို သူ့အကျဉ်းခန်းကနေ လွတ်မြောက်ခွင့်ပေးလိုက်ရင် ငါတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေ အလဟသ ဖြစ်ကုန်မှာပေါ့.... ကောလိပ်တစ်ခုတည်းကို ဖျက်ဆီးလိုက်တာက င့ါတို့အတွက် ပထမဆုံးအကြိမ်မှမဟုတ်တော့တာ....."
သူစကားပြောနေစဉ်တွင် သူသည် လက်ကောက်ဝတ်ရှိ အိတ်ဆောင်စက်လုံးတစ်ခုကို ထိလိုက်ပြီး အနက်ရောင် လက်ဖဝါးအရွယ် ရွှံ့ရုပ်တစ်ခုကို ထုတ်ယူလိုက်သည်။ ရုပ်ခု၏ မျက်နှာသွင်ပြင်မှာ မှုန်ဝါးနေသော်လည်း ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ မှော်စာလုံးများက အဆက်မပြတ် လှုပ်ရှားနေသည့် သက်ရှိငါးများနှင့်ဆင်တူသည်။
လူငယ်သည် ၎င်းကို စေ့စေ့ကြည့်ကာ အစိတ်စိတ်အမွှာမွှာ ချေမွလိုက်လေသည်။
……...........................
ကြယ်တာယာခရီးရှည်ကောလိပ်ရှိ ရှန်းလိသစ်ပင်ပေါ်တွင်.....
ခရမ်းအဆင့်နည်းပြတစ်ယောက်က ရှန်းလိသစ်ပင်၏ အမြင့်ဆုံးနေရာတွင် အမြဲရှိနေမည်ဖြစ်ပြီး ၎င်းကို စောင့်ရှောက်ထားသည်။ ဤနေရာ၏အလယ်ဗဟိုတွင် ခရမ်းအဆင့်နည်းပြ နည်းပြဆရာတစ်ဦးသည် မျက်လုံးမှိတ်ထားပြီး တင်ပျဉ်ခွေထိုင်နေသည်။
သူ့ခန္ဓာကိုယ်က ရုတ်တရက် တုန်လှုပ်သွားပြီး သူ့အမူအရာက ရုန်းကန်နေရသလို ရှုံ့မဲ့နေသည်။ ထို့နောက် သူ့မျက်နှာပေါ်တွင် အရောင်အသွေး ကွဲပြားသော ငါးတစ်ကောင် ရုတ်တရက်ပေါ်ထွက်လာကာ သူ့ခန္ဓာကိုယ်အတွင်း၌ ကူးခတ်နေသည်။
ခဏအကြာတွင် မျက်လုံးကို ပြန်ဖွင့်လိုက်သော်လည်း သူ့မျက်လုံးနှစ်လုံးစလုံးမှာ မှင်ရောင်ကဲ့သို့ ထူးထူးခြားခြားနက်မှောင်နေသည်။
ထို့နောက် လက်တစ်ဖက်ကို မြှောက်ကာ ဝတ်ရုံအပေါ်ပိုင်းကို ချွတ်၍ သူ၏ရင်ဘတ်အနှံ့ လက်ချောင်းတစ်ချောင်းဖြင့် ပွတ်ဆွဲကာ သူ့အသွေးအသားများကို လှီးဖြတ်ကာ သူ၏ နှလုံးသားကို ထုတ်ယူလိုက်သည်။
ထို့နောက် တဆတ်ဆတ်ခုန်နေဆဲ နှလုံးသားကို ပြင်းပြင်းထန်ထန် ဆုပ်ကိုင်ထားသည်။
နှလုံးခုန်သံ ပြင်းထန်လာသည်နှင့်အမျှ၊ အတွင်းမှ ကြည်လင်သောအရည်တစ်စက် ညှစ်ထုတ်လိုက်သည်ကို မြင်နိုင်သည်။
၎င်းတွင် နှိုင်းမရသည့် ညစ်ညမ်းသော အငွေ့အသက်များ ပါရှိနေပြီး တစ်စက်မျှသာဖြစ်သော်လည်း မြို့စားတစ်ဦးပင် မခုခံနိုင်သည့် နတ်ဆိုးစွမ်းအားကို ပိုင်ဆိုင်ထားသည်။
ထိုအရည်တစ်စက် ရှန်းလိသစ်ပင်ပေါ်သို့ ဆင်းသက်သောအခါ၊ ၎င်းသည် ကြီးမားသော ရေကန်ကြီးထဲသို့ မှင်တစ်စက်ကျဆင်းသွားသည့်နှယ် လျင်မြန်စွာ နစ်မြုပ်သွားပြီး မျက်စိရှေ့တွင် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
ထိုလုပ်ရပ်ပြီးတဲ့အခါ ခရမ်းအဆင့်နည်းပြက သူ့နှလုံးသားကို ရင်ဘတ်ထဲပြန်ထည့်လိုက်ပြီး ဒဏ်ရာက ဘာမှမဖြစ်ခဲ့သလို ပျောက်ကင်းသွားခဲ့သည်။
အေးမြသောလေပြေတစ်သုတ်ကြောင့်
ခရမ်းအဆင့်နည်းပြ မျက်လုံးများသည် နဂိုအတိုင်း ပြန်ဖြစ်သွားခဲ့သည်။ သူ့ပတ်ဝန်းကျင်ကို စူးစူးစိုက်စိုက်စိုက်ကြည့်ရင်း ရှုပ်ထွေးမှုအရိပ်အယောင်များ ရှိနေပုံရသည်။ ခဏလောက် စိတ်လွတ်သွားပုံရပေမယ့်သူလုပ်ခဲ့တဲ့အရာကို မမှတ်မိတော့ပေ။
အဆုံးမှာတော့ ဘာမှလွဲချော်မှုမရှိမှန်း သေချာတော့မှသာ မျက်စိမှိတ်ပြီး ဆက်လက် တရားထိုင်နေခဲ့တော့သည်။
…….....................
အရိပ်လှိုဏ်ဂူ၏ အနက်ရှိုင်းဆုံးတွင်.....
ရှေးခေတ် ဆင်နဂါးများ၏ သရုပ်သဏ္ဍာန်များသည် လေဟာနယ်ကို တစ်စတစ်စ ပြောင်းလဲစေပြီး အက်ကြောင်းရာများကို ဖုံးအုပ်ထားသည်။
ထိုအချိန်တွင် ဖန်ချန်ယွမ်သည် ခေါင်းကို မော့ကာ လေဟာနယ်၏ အစိတ်အပိုင်းတစ်ခုကို စိုက်ကြည့်နေသည်။ သူသည် နယ်မြေအတွင်း သေးငယ်သော အနှောက်အယှက်တစ်ခု ရှိနေကြောင်း ရှင်းရှင်းလင်းလင်း ခံစားရနိုင်ပြီး ၎င်းသည် ကမ္ဘာကြီးနှင့် သူ၏ ဆက်သွယ်မှုကို အားနည်းသွားစေခဲ့သည်။
ဤအနှောက်အယှက်၏ သြဇာလွှမ်းမိုးမှုကြောင့် လေဟာနယ်အက်ကွဲကြောင်း ချိတ်ပိတ်ခြင်းကို နှေးကွေးစေသည်ဟု သူခံစားနိုင်သည်။
"ဒါစွမ်းအင်တွေ ဖယ်ထုတ်ခံလိုက်ရတဲ့ ခံစားချက်ပဲ...... ရှန်းလိသစ်ပင်ကများလား... ?"
ဖန်ချန်ယွမ် မျက်မှောင်ကြုတ်လိုက်မိသည်။ ကြယ်တာယာခရီးရှည်ကောလိပ်၏ ရှန်းလိသစ်ပင်သည် အရိပ်လှိုဏ်ဂူ ဖြိုခွင်းရာတွင်လိုအပ်သော စွမ်းအင်များကိုရရှိရန် ရှန်းလိသစ်ပင်နှင့်ချိတ်ဆက်ထားရသည်။
ဤသည်မှာ သူသည် ယွီလဲ့ဘုရင် ဘုရင်အား ဤနေရာတွင် ဖိနှိပ်ထားနိုင်ခဲ့သော အကြောင်းရင်းတစ်ခုဖြစ်သည်။
သို့သော်၊ ရှန်းလိသစ်ပင်နှင့် သူ့ကြားက
ချိတ်ဆက်မှုသည် အနည်းငယ်မှုန်ဝါးနေပြီး မတည်မငြိမ်ဖြစ်လာပုံရသည်။
"ရှန်းလိသစ်ပင် တစ်ခုခုဖြစ်နေလို့လား....."
ထိုအတွေးက ဖန်ချန်ယွမ်ရဲ့နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။ ရှန်းလိသစ်ပင်သည် ယခုလို အရေးကြီးသော အခိုက်အတန့်တွင် ပြဿနာဖြစ်လာပါက ဒါက တိုက်ဆိုင်မှုတစ်ခု မဟုတ်န်ိုင်တော့ပေ။
ကောလိပ်၏ တင်းကြပ်သော စောင့်ကြည့်မှုနှင့် ကာကွယ်မှုအောက်တွင် သစ်ပင်အခုလိုဖြစ်သည်မှာအလွန်ထူးဆန်းနေသည်။ ခရမ်းအဆင့်နည်းပြတစ်ဉီးက အမြဲတာဝန်ယူစောင့်ရှောက်နေလျှက်နှင့် အဘယ်ကြောင့် ပြဿနာဖြစ်လာနိုင်မည်နည်း။
လေဟာနယ်အက်ကွဲကြောင်းအတွင်းမှ မကောင်းဆိုးဝါးမြစ်ကို ငုံ့ကြည့်ရင်း သူ့မျက်လုံးများက တလက်လက်တောက်ပနေသည်။ ယွီလဲ့ဘုရင်သည် မြစ်ရေပြင်ပေါ်တွင် ငြိမ်သက်စွာ လွင့်မျောနေပြီး ကြောက်မက်ဖွယ်ရာ အဖြူရောင်မျက်လုံးများနှင့် လှောင်ပြောင်သောအမူအရာတို့ဖြင့် သူ့ကို စိုက်ကြည့်နေသည်။
"ဖန်ချန်ယွမ်...မင်းတစ်ယောက်တည်းမှာပဲအကြံအစည်တွေရှိနေတယ် ထင်နေတာလား...."
ဖန်ချန်ယွမ်သည် ယွီလဲ့ဘုရင်ကို အေးစက်စွာ စိုက်ကြည့်နေသည်။ဘုရင်အဆင့် ကမ္ဘာခြားသက်ရှိနှင့် ရင်ဆိုင်ပြီးမှသာ ၎င်းတို့နှင့် ဆက်ဆံရခက်ခဲခြင်းတို့ကို အပြည့်အဝ သဘောပေါက်နိုင်မည်ဖြစ်သည်။ သူနှင့် ယွီလဲ့ဘုရင်တို့သည် နှစ်များတစ်လျှောက် မရေမတွက်နိုင်အောင်တိုက်ခိုက်ခဲ့ကြသည်။ အားလုံးသတိထားနေသော်လည်း၊ သူသည် ထောင်ချောက်ထဲသို့ အကြိမ်ကြိမ်ကျလုနီးပါးပင်။ ယွီလဲ့ဘုရင်သည် မကောင်းသော အတွေးအမြင်များနှင့် စိတ်ခံစားမှုများကို ထုတ်ဖော်ပြသခြင်းဖြစ်ပြီး၊ လူသားမျိုးနွယ်၏ အားနည်းချက်များကို ရှင်းရှင်းလင်းလင်း ပိုင်းခြားသိမြင်နိုင်ပြီး ပျားရည်စွတ်သော စကားများဖြင့်လည်း သူတို့ကို သွေးဆောင်နိုင်သည်။
၎င်းတို့၏ မြောက်မြားစွာသော ဖလှယ်မှုတွင်၊ သေးငယ်သော ချို့ယွင်းချက်တစ်ခုကို ဖော်ထုတ်ခြင်းသည် သူ၏နှလုံးသားကို တုန်လှုပ်သွားစေမည်ဖြစ်သည်။ ထိုအချိန်တွင် ဖောက်ပြန်ခြင်းမျိုးစေ့များ ကြဲချကာ အပြီးတိုင်းပြောင်းလဲပျက်စီးသွားပေလိမ့်မည်။
ရှန်းလိသစ်ပင် ဖြစ်ပျက်ခဲ့တာတွေဟာ ပြင်ပလူများကြောင့် မဟုတ်ဘဲ ကောလိပ်တွင်းရှိ တစ်ယောက်ယောက်ဆီကသာ ဖြစ်နိုင်သည်။
ဖန်ချန်ယွမ်က "မင်း ကောလိပ်တစ်ခုလုံးမှာ နတ်ဆိုးမျိုးစေ့တွေ လျှို့ဝှက်ဖြန့်ကြဲထာသတာပဲ...."
"ဖန်ချန်ယွမ်၊ ဒီတိုက်ပွဲမှာ မင်းငါ့ကို အနိုင်မယူနိုင်ဘူး... မင်း ပိုသန်မာချင်သလား၊ မင်းဟာ ဘုရင်အဆင့် ကျွမ်းကျင်သူဖြစ်တာကြောင့် အရိပ်ကမ္ဘာထဲကို ဝင်ရင် မင်းပိုပြီး ခွန်အားတွေ တိုးလာနိုင်တယ်!"
"ငါ့ကို ဆွဲဆောင်ဖို့ ကြိုးစားနေလဲအလကားပဲ... မင်းငါ့ကို ဟန့်တားဖို့ လျှို့ဝှက်ဝှက်ဖဲကို ထုတ်သုံးလိုက်လဲ ဆက်ပြီး တံဆိပ်ခတ်ဖို့ ငါ့မှာ နောက်ထပ် အကြောင်းပြချက် ရှိသေးတယ်၊ ငါ့ကို နှောင့်နှေးစေရုံပဲဆတ်နိုင်မှာကို မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ"
ဒီအချိန်မှာ သူ့စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာခဲ့သည်။ “နောက်ရက်အနည်းငယ်ကြာရင် ပြင်ပကမ္ဘာမှာ ဘာတွေဖြစ်နိုင်မလဲ....ဟမ်၊ နန်းတက်ပွဲပဲ.... အဲဒါက ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ....ဒီကနေ... အကြီးမြတ်ဆုံး အကျိုးခံစားခွင့်ရမှာက ရည်မှန်းချက်ကြီးတဲ့ လူယုတ်မာ ကုန်းယွမ်ပဲကိုး..."
ထိုအခိုက်အတန့်တွင် သူ့အကြည့်များက ပို၍ အေးစက်လာသည်။
"မင်းနဲ့ ကုန်းယွမ်က မဟာမိတ်တွေလား...?"
ဖန်ချန်ယွမ်၏မေးခွန်းကို ရင်ဆိုင်သောအခါ၊ ယွီလဲ့ဘုရင်သည် တိုးတိုးလေးသာ ရယ်မောလိုက်သည်။ ထို့နောက် မကောင်းဆိုးဝါးမြစ်၏ နက်နဲရာသို့ ပြန်မြုပ်သွားခဲ့သည်။