← Chapters

နန်းတက်ပွဲမတိုင်မီ.....

Vol. 49 Ch. 678

နန်းတက်ပွဲမတိုင်မီ.....

Vol. 49 Ch. 678

ရှမြို့တော်သည် စိတ်လှုပ်ရှားမှုနှင့်သက်ဝင် စည်ကားနေသည်။ အချိန်ကြာလာသည်နှင့်အမျှ နန်းတွင်းမှ အရာရှိများနှင့် တိုင်းနှင့်ပြည်နယ် အသီးသီးမှ ခေါင်းဆောင်များ မြို့ထဲသို့ တယောက်ပြီးတယောက် ရောက်ရှိလာကြသည်။

နန်းတက်ပွဲ နီးနေပြီဖြစ်သဖြင့်

ရှမြို့တော် သည် သပ်သပ်ရပ်ရပ် အလှဆင်ထားပြီး လေထုထဲတွင် အငွေ့အသက်မျိုးစုံ ရောထွေးနေသည်။

သာမန်လူများအတွက် နန်းတက်ပွဲသည် ကြီးကျယ်ခမ်းနားသော ပွဲတော်အချိန်ဖြစ်သည်။ သို့သော် ပိုမိုထက်မြက်သောသူများအတွက်မူ ဤဖြစ်ရပ်ကို ဖြစ်ပေါ်စေသည့် အန္တရာယ်ရှိသော အငွေ့အသက်များကိုအာရုံခံနိနေသည်။ ရလဒ်က ရှပြည်ထောင်စု လျှောက်မယ့်လမ်းကို မကြာခင် ဆုံးဖြတ်နိုင်မယ်ဆိုတာ အားလုံးသိနေကြသည်။

သက်ရောက်မှုများသည် နိုင်ငံတစ်ဝှမ်းလုံးတွင် တဟုန်ထိုးပျံ့နှံ့သွားမည်ဖြစ်ပြီး မည်သည့်အဖွဲ့ခွဲမျှ ၎င်း၏သြဇာလွှမ်းမိုးမှုမှ ကင်းလွတ်မည်မဟုတ်ပေ။

ထို့ကြောင့်၊ ဂိုဏ်းခွဲတိုင်းသည် ရှပြည်ထောင်စု ၏အနာဂတ်ကိုပုံဖော်မည့် ခမ်းနားသောပွဲကို စောင့်မျှော်လျက် ဤနေရာ၌ စုရုံးလာခဲ့ကြသည်။

လော့လန်အိမ်တော်တွင်.....

အလွန်အလုပ်များသော လီလော့သည် ကောလိပ်မှ သူငယ်ချင်းတစ်စုကို ဖျော်ဖြေရင်း အသက်ရှုကြပ်မှုများမှ ခဏတာ ရုန်းထွက်နိုင်ခဲ့သည်။ ယုလန်၊ ပိုင်မျန်မျန်၊ ပိုင်တုတုနှင့်ကျောက်ခွော်တို့သည် အိမ်တော်စုဝေးပွဲ၏ရလဒ်ကိုသိရှိပြီးနောက် လာရောက်လည်ပတ်ခဲ့ကြသည်။

"ဂုဏ်ယူပါတယ် အိမ်တော်သခင် လီလော့..... မင်းရဲ့နာမည်ကြီးက ရှပြည်ထောင်စုတဝှမ်းမှာ ကျက်သရေရှိစွာ ပျံ့နှံနေပြီ.... အစ်ကိုလော့က သစ္စာရှိတဲ့သူငယ်ချင်းတွေကို ဘယ်တော့မှ မမေ့နိုင်ဘူးလို့ မျှော်လင့်ပါတယ်....."

ထိုရင်းနှီးသော တိုးတိုးတိတ်တိတ် အသံထွက်လာသောအခါ လီလော့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

ယုလန်သည် ပြုံးနေသော မျက်နှာဖြင့် ရင်ကော့ကာ အိမ်တော်ထဲသို့ဝင်လာသည်။

ယုလန်က ရယ်မောရင်း.... “ဒါပေမယ့် အစ်ကိုလော့ အိမ်တော်သခင် ဖြစ်တာက သိပ်အံ့သြစရာမရှိဘူး... အံ့သြစရာကောင်းတဲ့ အကြောင်းအရာက သပ်သပ်ရှိတယ်....."

"ဘာလဲ?"

လီလော့သည် ဤရုတ်တရက်ဆန်သော

စကားကြောင့် အနည်းငယ် ထိတ်လန့်သွားသည်။

ယုလန်က မျက်လုံးတဖက် မှိတ်ပြလိုက်ပြီး....

" ကြယ်တာယာခရီးရှည်ကောလိပ်ကို တည်ထောင်ပြီးကတည်းက ခရမ်းအဆင့်နည်းပြ အလုပ်ထွက်နာ ပထမဆုံး အကြိမ်လို့ပဲ ဆိုရမလား... သူ့ကျောင်းသားရဲ့ အိမ်တော်သားဖြစ်ဖို့အထိ စိတ်ချယုံကြည်ခဲ့တာ ကောလိပ်သမိုင်းမှာ ကျောင်းသားတိုင်း ထာဝရကြည်ညိုရမည့် အောင်မြင်မှုတစ်ခုပဲ...."

လီလော့ ရယ်ရမလား ငိုရမလားပင် မသိတော့ချေ။ ဒါက နည်းပြချီချန်းရဲ့ အခြေအနေနဲ့ သက်ဆိုင်သည်။ဒီသတင်းကို တက်ကြွစွာ ဖြန့်ဝေခြင်း မရှိပေမယ့် ဉာဏ်ရည်ထက်မြက်တဲ့ ပုဂ္ဂိုလ်အချို့ကတော့ ဒီသတင်းကို သေချာပေါက် ဖမ်းဆုပ်မိပြီး မျိုးဆက်သစ်လူငယ်တွေ မလွှဲမရှောင်သာ ကြားဖူးကြမှာပင်.....

ကောလိပ်ကျောင်းသူကျောင်းသားများအတွက်၊ လီလော့ အိမ်တော်သခင်ဖြစ်လာခြင်းထက် ပိုမိုအံ့သြစရာကောင်းပြီး အထင်ကြီးစရာပင်။

"ခေါင်းဆောင်၊ အခု မင်း နည်းပြချီချန်းကို လုယူသွားပြီဆိုတော့ ငါတို့ တရားမျှတမှုအဖွဲ့ ဘာဖြစ်သွားမလဲ...."

ပိုင်မျန်မျန်က လီလော့ကို ဝမ်းနည်းမှုအရိပ်အမြွက်ဖြင့် အပြစ်ကင်းစင်တဲ့ မျက်လုံးကြီးတွေနဲ့ စိုက်ကြည့်ရင်း ငိုနေခဲ့သည်ဖယ သူမနှင့် ရှင်းဖူတို့ ဤသတင်းကြားရသောအခါ တုန်လှုပ်ခဲ့ရသည်။ သူတို့သည် ကြယ်တစ်ပွင့်ခန်းမတွင်ရှိနေဆဲဖြစ်သော်လည်း သူတို့အတွက်ဆရာ ပျောက်ကွယ်သွားခဲ့သည်။ အဲဒီနောက် ကောလိပ်က သူတို့ကို ခရမ်းအဆင့်နည်းပြအသစ် ပေးမှာလား။ သူတို့ရဲ့ ဆက်ဆံရေးကို အစကနေ ပြန်တည်ဆောက်ရမှာလား.....

လီလော့က... "ရွေးချယ်စရာမှမရှိတာ သူလုပ်ချင်တာလုပ်တာလေ..ငါက ဘာလို့ ငြင်းရမှာလဲ" လို့ ပြန်ဖြေရင်း ပခုံးတွန့်ပြလိုက်သည်။

"ပြောပေါက်ကတော့ထိုးပစ်ချင်စရာနော်. ...."

ပိုင်တုတု နှုတ်ခမ်းစူလိုက်သည်။ ဒီကောင်က ရိုးရိုးကံကောင်းတာလား ဒါမှမဟုတ် မိုက်မဲတဲ့ကောင်လားဆိုတာ မသိနိုင်တော့ပေ။

လီလော့က "ရှင်းဖူ ဘယ်မှာလဲ" ဟု မေးလိုက်သည်။

သူ့အသင်းဖော် ပျောက်ဆုံးနေကြောင်း သူသဘောပေါက်ခဲ့သည်။

ပိုင်မျန်မျန်က... "သူ မလာချင်ဘူး... သူက လန်လင်းအိမ်တော် အဖွဲ့ဝင်ဖြစ်ပြီး နည်းပြချီချန်းက သူတို့နဲ့ ရန်ဖြစ်ဖူးတယ်လို့ ပြောတယ်"

လီလော့က ပြုံးလိုက်ပြီး ခဏလောက် ငြိမ်သွားခဲ့သည်။ "ဒီကောင်ကတော့ကွာ.. ...သူဘာလုပ်ဖို့ကြိုးစားနေတာလဲ? ငါ့မျက်လုံးထဲမှာ လန်လင်းအိမ်တော်က လန်လင်းအိမ်တော်... ရှင်းဖူက ရှင်းဖူ ပဲ... သူက ငါတို့တရားမျှတမှုအဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်နေတုန်းပဲ.... ”

အိမ်တော်တွေ့ဆုံပွဲအတွင်း၊ ယုလန်၊ ပိုင်မျန်မျန်နှင့် ရှင်းဖူတို့သည် ရဲချန်းရင်းကို ချုပ်နှောင်ထားရန် အတတ်နိုင်ဆုံး လုပ်ဆောင်ခဲ့ကြောင်း သူသိသည်။

သူမ၏ ခွန်အားများသည် လော့လန်အိမ်တော်၏ အခြေအနေကို အလုံးစုံ မပြောင်းလဲနိုင်သော်လည်း၊ သူငယ်ချင်းများ၏ ရည်ရွယ်ချက်များသည် သူဘယ်တော့မှ လစ်လျူရှုထားသလို မေ့ပျောက်မည့် အရာမဟုတ်ပေ။

အထူးသဖြင့် ရှင်းဖူ.....

သူသည် လန်လင်းအိမ်တော်၏အဖွဲ့ဝင်တစ်ဦးဖြစ်သော်လည်း တာဝန်ကိုလက်မခံရန် ရွေးချယ်ခဲ့ပြီး ရဲချန်းရင်းကိုပင် တားဆီးခဲ့သည်။ ဤချစ်ခင်ရင်းနှီးမှုကို ပြသခြင်းကို လီလော့ ထာဝရအမှတ်ရနေမည်ဖြစ်သည်။

"ချင်ဇူလုရော?" လီလော့က ဆက်မေးလိုက်သည်။

"သူ့အဖေ ဒီနေ့ ရှ မြို့ကို ရောက်နေပြီလို့ ပြောတယ် " ဟု ယုလန်က ရှင်းပြသည်။

ဒါကိုကြားလိုက်တာနဲ့ လီလော့ ရဲ့ အကြည့်တွေ လှုပ်ခတ်သွားသည်။ချင်ဇူလုရဲ့အဖေက နယ်ခြားစောင့်တပ်က ကျော်ကြားတဲ့ ချင်ဇန်ကျန်းပဲ မဟုတ်လား။ သူသည် ရှပြည်ထောင်စု၏ အင်အားအကောင်းဆုံး သူရဲကောင်းများထဲမှ တစ်ဦးဖြစ်သည်။ ရှမြို့တော် သို့ အလျင်အမြန် ပြန်လာရမည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ နန်းတက်ပွဲသို့ တက်ရောက်ရန် ဖြစ်သည်။

ဤကိစ္စတွင် တစ်ခုတည်းသောမေးခွန်းမှာ ဗိုလ်ချုပ်က မည်သူ့ကို ထောက်ခံမည်နည်း။ သူ၏ရာထူးနှင့် အရင်းအမြစ်များနှင့်အတူ၊ သူရွေးချယ်သောမည်သူမဆို၏ အခြေနေကောင်းသွားမည်ဖြစ်သည်။

လီလော့က "မင်းတို့ မနက်ဖြန် ကောလိပ်ထဲမှာပဲ နေသင့်တယ်....သတိမပေါ့ကြနဲ့ ...."

"နန်းတက်ပွဲကြောင့်လား" ပိုင်မျန်မျန်က အတော်လေးကို လိမ္မာပါးနပ်ပြီး ဆိုလိုရင်းကိုချက်ခြင်းနားလည်ခဲ့သည်။ ပိုင်မိသားစုသည် နိုင်ငံ၏ ထိပ်တန်း မျိုးနွယ်စုတစ်ခု ဖြစ်သောကြောင့် သူမသည်လည်း ဤကိစ္စများကို သတိပြုမိမည်ဖြစ်သည်။

လီလော့က ခေါင်းညိတ်လိုက်ပြီး သူ့အကြည့်တွေက လေးနက်လာသည်။

"ကောလိပ်ကို ဒီလောက်ထိ မထိခိုက်နိုင်ပေမယ့် သတိထားနေသင့်တယ်။ မနက်ဖြန် နန်းတက်ပွဲပြီးရင် အရာအားလုံး ပြီးဆုံးသွားလိမ့်မယ်...."

လီလော့သည် သူ့ရှေ့မှ ရင်းနှီးနေသော သူငယ်ချင်းများကို ကြည့်နေခဲ့သည်။ သူတို့အားလုံး အပြည့်အဝ ရင့်ကျက်မှု မရှိသေးဘဲ မိမိကိုယ်ကို ဖွံ့ဖြိုးတိုးတက်ရန် အချိန်လိုအပ်ပါသည်။ နန်းတက်ပွဲ ချောချောမွေ့မွေ့ ပြီးဆုံးမည်ဟုသာမျှော်လင့်ရတော့မယ်....

..............

ဗိုလ်ချုပ်စံအိမ်တွင်...

ချင်ဇူလုသည် စားပွဲပေါ်တွင် ခံစားချက်မဲ့စွာထိုင်နေပြီး သူ့ရှေ့မှ ပိန်ပိန်ပါးပါး လူလတ်ပိုင်းကို ကြည့်နေသည်။ ထိုလူ၏လက်ဗလာတွင် မရေမတွက်နိုင်သော ကြောက်စရာကောင်းသော အမာရွတ်များဖြင့် ဖုံးလွှမ်းထားသည်။ ဒါဟာ အံ့သြဖို့ကောင်းပေမယ့် တစ်ချိန်တည်းမှာပဲ တစ်ယောက်ယောက်က သူ့ရှေ့ရပ်နေရုံနှင့်ပင် အသက်ရှုကြပ်လောက်သည့်ဖိအားများကိုခံစားရမည်။

ဤသည်မှာ ချင်ဇူလု၏ဖခင်၊ ရှပြည်ထောင်စု ၏ စစ်ဗိုလ်ချုပ်ကြီး ချင်ဇန်ကျန်း ဖြစ်သည်။

အဲဒီလူက စားပွဲပေါ်က စားသောက်စရာများကို အားပါးတရစားသောက်နေပြိး ခဏအကြာတွင် ဗိုက်ကိုဖိကာ ကျေနပ်စွာ သက်ပြင်းချလိုက်သည်။

"ရှမြို့တော်ရဲ့ အစားအစာတွေက ရှေ့တန်းမှာစားခဲ့ရတဲ့ အမဲခြောက်ထက် ပိုအရသာရှိတယ်"

ထို့နောက် ခေါင်းကို မော့ပြီး ချင်ဇူလုကို စိုက်ကြည့်ရင်း သူ့အမူအရာ တင်းမာလာသည်။

"လုလု.... မင်း ကောလိပ်မှာ တစ်နှစ်ကြာနေပြီးပြီ၊ မင်းဘာတွေရခဲ့လဲ ငါသိချင်တယ်" ဟု တိုးညှင်းသောလေသံဖြင့် အမိန့်ပေးလိုက်သည်။

ချင်ဇူလုက.... "ကျွန်တော် အချိန်မဖြုန်းပါဘူး..အခုဆို မြေနတ်ဆိုးခန္ဓာအဆင့်ရောက်နေပြီ.... ဒါပေမယ့် ကျွန်တော်က ကြယ်တစ်ပွင့်ခန်းမမှာ အသန်မာဆုံး ကျောင်းသားတော့ မဟုတ်ဘူး...."

ချင်ဇန်ကျန်းက မျက်မှောင်ကြုတ်ပြီး ဖိအားများကို ထုတ်လွှတ်လိုက်ကာ စားပွဲကို ရိုက်ချလိုက်သည်။

"ငါ့မေးခွန်းက အဲ့ဒါကို ရည်ညွှန်းနေလို့လား... ငါသိချင်တာက ကောလိပ်မှာ မင်းစိတ်ကြိုက် မိန်းကလေးတစ်ယောက်ကို ရှာတွေ့ခဲ့သလား...."

ချင်ဇူလုသည် မီးပုံရှေ့ရောက်နေသော သမင်တစ်ကောင်လို ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ချေ။

ဒါကိုမြင်တော့ ချင်ဇန်ကျန်းရဲ့ မျက်နှာမှာ စိတ်ပျက်စရာတွေ ပြည့်နှက်နေပြီး...

"ငါ မင်းကို ဒီကောလိပ်ကို ပို့လိုက်တာက မိန်းကလေးတစ်ယောက်ရှာဖို့ပဲ...မင်းသိတာက ကျင့်ကြံဖိ့ တစ်ခုတည်းပဲ.. ငါ့ဖင်ကြီးကိုသာ ကျင့်ကြံနေလိုက်တော့ မင်း ဒီနည်းနဲ့ ဆက်ပြီး ကျင့်ကြံနေရင် ချင်မိသားစုက မျိုးဆက်ပြတ်သွားလိမ့်မယ်!!!!"

ချင်ဇူလု၏ မျက်ခွံများ လှုပ်ယမ်းသွားပြီး ဤစကားဝိုင်းကို ဆက်လက်ဆွေးနွေးရန် စိတ်မ၀င်စားနိုင်သောကြောင့် လှည့်ထွက်သွားခဲ့သည်။

ချင်ဇန်ကျန်းသည် မကျေနပ်ဖြင့်သာ သားဖြစ်သူ ထွက်ခွာသွားသည်ကို စိုက်ကြည့်နေသည်။ ထို့နောက် အိမ်တော်ထိန်းကိုခေါ်ယူပြီး....

"လုလု.. ကောလိပ်မှာ ဘယ်လိုနေလဲ၊ သူ မိန်းကလေးတွေနဲ့ တွေ့ဖူးလား..."

အိမ်တော်ထိန်းက... "သခင်လေးမှာ အမျိုးသမီးအသင်းဖော် နှစ်ယောက်ရှိတယ် ကံမကောင်းစွာနဲ့ပဲ သူက သူတို့ရဲ့ လွှမ်းမိုးမှုတွေကို ဆက်ပြီး တွန်းလှန်နိုင်ခဲ့တယ်.... ဒီတနှစ်လုံးမှာ သူက လီလော့နဲ့ ပိုရင်းနှီးလာခဲ့တယ်....တကယ်တော့ သူတို့ရဲ့ ဆက်ဆံရေးက မဆိုးပါဘူး...."

"လီလော့? ဒါဆို လော့လန်အိမ်တော်ရဲ့ သခင်လေး ကိုဆိုလိုတာလား... မဟုတ်သေးဘူး... အခု သူက အိမ်တော်သခင်ဖြစ်နေပြီပဲ.... အိမ်တော်စုဝေးပွဲမှာ ဖြစ်ပျက်ခဲ့တာတွေကို ငါကြားပြီးပြီ...."

ချင်ဇန်ကျန်းက မုတ်ဆိတ်မွေးကို ဟန်ပါပါသပ်လိုက်ပြီး ....

“ငါ့သားငတုံးက မိန်းမတွေနဲ့ နီးစပ်ဖို့ မကြိုးစားဘဲ ယောက်ျားလေးနဲ့ ပေါင်းဖို့ ရွေးချယ်ခဲ့တာလား”

ခဏကြာတော့ သူ့အမူအရာက ထိတ်လန့်သွားသည်။

"လုလုက ယောက်ျားတွေကို စိတ်ဝင်စားနေတာများလား....."

အိမ်တော်ထိန်းက ရှက်ရွံ့စွာ ပြုံးလိုက်သည်။ ဤမေးခွန်းအတွက် သူ့တွင်လည်း အဖြေမရှိပေ။

ချင်ဇန်ကျန်းက နာကျင်တဲ့အမူအရာနဲ့ အံတင်းတင်းကြိတ်ကာ...

"လုလုကို သွားရှာစမ်း... သူ့အဖေက ပွင့်လင်းမြင်သာတဲ့သူတစ်ယောက်ဆိုတာကိုသေချာပြောပြပေးရမယ်... ယောက်ျားတွေကို ကြိုက်တယ်ဆိုရင်တောင် မိဘအနေနဲ့ လက်ခံပေးရမှာပဲ..."

အိမ်တော်ထိန်းက ခင်မျာ အထိတ်တလန့်ဖြင့်

နောက်ပြန်ဆုတ်လိုက်မိသည်။ ဒီလိုစကားမျိုး သူဘယ်လိုပြောရဲမှာလဲ... သေချင်နေရင်တောင် ဒီထက်ကောင်းတဲ့နည်းလမ်းတွေရှိပါသေးတယ်...

ကံကောင်းထောက်မစွာဖြင့် ချင်ဇန်ကျန်းသည် အချိန်အတော်ကြာအောင် တွေးနောက် အခြားအကြောင်းအရာတစ်ခုကိုမေးလိုက်သည်။

"အခုထိ ဘယ်သူတွေရောက်လာသေးလဲ...."

"ကိုယ်စယးအုပ်ချုပ်သူနဲ့ မင်းသမီး နှစ်ယောက်စလုံး တွေ့ဆုံပွဲကို ဖိတ်ကြားထားပါတယ်....."

ချင်ဇန်ကျန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး....

"သူတို့နှစ်ယောက်လုံးကို ငြင်းလိုက်ပါ.... ဘာလို့ဒီလို အဓိပ္ပါယ်မဲ့တဲ့ လှုပ်ရှားမှုမျိုးကို ဆက်လုပ်နေတာလဲ.... သူတို့ချင်း ရန်ဖြစ်ချင်ရင်တောင် မဆိုင်တဲ့သူတွေကိုဆွဲထည့်နေစရာမလိုဘူး... ရှပြည်ထောင်စု ငြိမ်းချမ်းနေသရွေ့တော့ ငါဘယ်သူ့ကိုမှရွေးချယ်မှာမဟုတ်ဘူး... အရေးကြီးတာက ငါ့အစ်ကိုတွေက သူတို့ရဲ့ အသက်ကို စတေးခဲ့တာပဲ...”

All Chapters