နန်းတက်ပွဲအခမ်းအနား.....
Vol. 49 Ch. 679
ယနေ့ ရှမြို့တော်တွင် ပွဲလမ်းသဘင် မီးရောင်များနှင့် အလှဆင်မှုများဖြင့် ပြည့်နှက်နေပြီး အဆုံးမရှိသော အခမ်းအနားပွဲများဖြင့် စည်ကားနေသည်။ မြို့တော်၏ လေထုသည် တဟုန်းဟုန်းတောက်လောင်နေသော မီးဖိုကြီးတစ်ခုလို ပွက်ပွက်ဆူနေသည်ကို ကျွမ်းကျင်သူများကသာသိကြသည်။
လော့လန်အိမ်တော်တွင်.....
လီလော့နှင့်ကျန်းချင်းအာတို့သည် နန်းတက်ပွဲသို့ တက်ရောက်ရန် ပြင်ဆင်နေကြသည်။ ဤသည်မှာ ရှပြည်ထောင်စုတစ်ခုလုံးနှင့် သက်ဆိုင်သောကြောင့် ၎င်းတို့လက်မလွတ်နိုင်ပေ။
နွေးထွေးသော နေရောင်ခြည်သည် လီလော့ကို လွှမ်းခြုံထားသည်။၎င်း၏ဖြူဖွေးသော ဆံပင်များသည် နေရောင်ထဲတွင် တလက်လက်တောက်ပနေပုံရပြီး ချောမောလှပသော မျက်နှာပေါ်တွင်အပြုံးတစ်ခု ချိတ်ဆွဲထားသည်။ သူ့ကို မြင်ဖူးသူတိုင်းက သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်ကြောင့်ကောင်းမွန်တဲ့ ခံစားချက်တွေ ရရှိနေသည်။
သူ့အနားတွင် သွယ်လျသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး တိုက်ပွဲဝင်ဝတ်စုံကို ၀တ်ဆင်ထားကာ အလင်းရောင်အောက်တွင် ကျောက်စိမ်းကဲ့သို့ လှပနေသောမိန်းမပျိုတစ်ယောက်ရှိနေသည်။ သူမ၏ မျက်နှာသွင်ပြင်သည် နူးညံ့သော်လည်း မျက်လုံးကများကပို၍ နှစ်လိုဖွယ်ကောင်းသည်။ သူမ၏ ကြည်လင်တောက်ပသော ရွှေရောင်မျက်လုံးများသည် အဖိုးအတန်ဆုံးသော ရတနာများနှင့်တူပြီး နတ်ဘုရားမတစ်ပါး၏ အော်ရာမျိုးကို ပေးစွမ်းနေသည်။
လီလော့နှင့်ကျန်းချင်းအာတို့နှစ်ယောက်က နည်းပြချီချန်းရှေ့တွင် ရပ်လိုက်ပြီး.........
"သခင်လေး၊ ငါ မင်းကို လိုက်မပို့နိုင်တော့ဘူး... မင်းမှာ နည်းပြချီချန်းရနေတာ ကံကောင်းတယ်....သူရှိနေလို့သာ စိတ်ချနိုင်တာ "
နွားသိုးကြီးပေါင်ပေါင်သည် သူ၏ တောက်ပပြောင်လက်သော ခေါင်းကိုကုတ်ပြီး အပြုံးဖြင့် နှစ်ယောက်သားထံသို့ ပြေးသွားခဲ့သည်။ ထို့နောက် ချီချန်းဘက်သို့ လှည့်ကာ ပြုံးပြလိုက်ပြီး...
"ဆရာ ချီချန်း၊ ငါ မင်းကို အိမ်တော်သခင်ရဲ့ လုံခြုံရေးအတွက် အကူအညီတောင်းပါရစေ....."
ချီချန်းသည် လော့လန်အိမ်တော်၏ လျှို့ဝှက်ထားသော မြို့စားအဆင့် ကျွမ်းကျင်သူကို အလွန်ယဉ်ကျေးသိမ်မွေ့စွာ ပြုံးပြလိုက်သည်။
"အစ်ကိုပေါင်ကလည်း ယဉ်ကျေးလွန်းနေပြန်ပါပြီ.... ဒါပေမယ့် အဓိက ဇာတ်ကောင်က လော့လန်အိမ်တော်မဟုတ်ဘူး..ကျွန်မတို့က ပရိတ်သတ်တွေပဲ၊ ဒါကြောင့် သိပ်ပြီးစိတ်မပါနဲ့....."
နွားသိုးကြီးပေါင်ပေါင် သက်ပြင်းချလိုက်သည်။
"ကျုပ်လည်း ဒီလိုပဲဖြစ်ဖို့မျှော်လင့်ပါတယ်.... ဒါပေမယ့် ဒီနေ့မှာ အန္တရာယ်တွေနဲ့ ပြည့်နှက်နေလိမ့်မယ်၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အိမ်တော်စုဝေးပွဲမှာ ဖြစ်ပျက်ခဲ့တာထက် နည်းနည်းမှ မလျော့နိုင်ဘူးလို့ခံစားနေရတယ်...."
"အစ်ကို Ox၊ မင်း နန်းတက်ပွဲ အခမ်းအနားမှာ ကြားဖြတ်တိုက်ခိုက်မှုတွေ ရှိမယ် ထင်လား...."
ချီချန်းက မျက်ခုံးပင့်ကာ မေးလိုက်သည်။
"ကိုယ်စားအုပ်ချုပ်သူက ကြင်နာသနားတတ်သူ မဟုတ်ဘူး....အာဏာကို တခြားသူတွေဆီ တလိုတလား အပ်နှင်းမယ်လို့လဲ မထင်ဘူး.... ဒါကြောင့် ပဋိပက္ခတွေ ဖြစ်လာမှာ သေချာတယ်....အခြေအနေတွေ ပြင်းထန်လာတဲ့အခါ ရှပြည်ထောင်စု ပြိုကွဲသွားနိုင်တယ်....” ဟု နွားသိုးကြီးပေါင်ပေါင်က ပြန်ဖြေသည်။
လီလော့နှင့်ကျန်းချင်းအာတို့၏ အမူအရာများ ပြင်းထန်လာသည်။ ရှပြည်ထောင်စုသားများအနေနှင့် ငြိမ်းချမ်းမှုမရှိခြင်းသည် ၎င်းတို့ကို သိသိသာသာ ထိခိုက်စေမည်ဖြစ်သည်။
"ကျွန်မနားလည်ပါတယ်...."
ချီချန်းက ခေါင်းညိတ်လိုက်သည်။
"ဘာပဲဖြစ်ဖြစ် အခြေအနေတွေဆိုးဝါးလာရင် ဌာနချုပ်ကို အမြန်ဆုံး ပြန်ဆုတ်သင့်တယ်....ငါတို့မှာ ခံစစ်တေီအရင်တွေ ရှိတယ်.... ဒါကြောင့် ဒီမှာ လုံခြုံတယ်လို့ ယူဆသင့်တယ်" ဟု နွားသိုးကြီးပေါင်ပေါင်က သူမကို သတိပေးခဲ့သည်။
အဲဒီနောက်မှာတော့ သုံးယောက်သား ရထားလုံးပေါ်တက်ကာ နန်းတော်သို့သွားခဲ့ကြသည်။
လီလော့သည် အပြင်ဘက်သို့ငေးကြည့်မေရင်း နွားသိုးကြီးပေါင်ပေါင်၏ ယခင်သတိပေးချက်ကို တွေးလိုက်မိသည်။ ဤနေရာသည် သူ့မွေးရပ်မြေဖြစ်နေဆဲဖြစ်ပြီး သူသည် ဤနေရာတွင် ဆယ်နှစ်ကျော်နေထိုင်ခဲ့သည်။ သူ၏ဘိုးဘေးများသည် အလယ်ပိုင်းကုန်းမြေမှ ကောင်းကင်ဧကရာဇ် လီ၏မျိုးဆက်များဖြစ်ကြသော်လည်း၊ ထိုဝေးကွာသောတိုင်းပြည်ကို သတိရခြင်း သို့မဟုတ် ချစ်ခင်မှုမရှိခဲ့ပေ။ ထို့ကြောင့်၊ ရှပြည်ထောင်စု ငြိမ်းချမ်းပြီး သာယာဝပြောလာမည်ဟု စိတ်ရင်းမှန်ဖြင့် မျှော်လင့်ခဲ့သည်။
"ကိုယ်စားအုပ်ချုပ်သူက တကယ့်ကို ကပ်ဆိုးကြီးပဲ"
လီလော့၏ မျက်လုံးများ အနည်းငယ် မှိုင်းညို့သွားသည်။ လောဘကြီးသော လူယုတ်မာသည် သူ့မိဘ၏ မြင့်မြတ်သောရတနာကို ယူဆောင်ရန် ကြံစည်နေသောကြောင့် သူတို့ကြားတွင် မပြေလည်နိုင်သော ရန်ပွဲတစ်ခု ရှိနေပြီဖြစ်သည်။ ကိုယ်စားအုပ်ချုပ်သူ သေသွားပါစေဟုပင် တိတ်တဆိတ် ကျိန်ဆဲနေမိသည်။
အဲဒီလူူာ ထီးနန်းကို သိမ်းပိုက်ပြီး ရှပြည်ထောင်စုတစ်ခုလုံးကို ချုပ်ကိုင်ခဲ့မယ်ဆိုရင် လော့လန်အိမ်တော်ရဲ့ အနာဂတ်နေ့ရက်တွေ မှုန်ဝါးသွားလိမ့်မည်။
လီလော့ အတွေးထဲတွင် နစ်မြောနေစဉ် တော်ဝင်နန်းတော်သို့ ရောက်ပြီး သုံးယောက်သား ရထားလုံးပေါ်မှဆင်းခဲ့ကြသည်။ မင်းသမီး ပေးထားသည့် ဖိတ်စာကို ထုတ်ပြီး အစောင့်အကြပ်တွေဆီ ပေးခဲ့ရသည်။
လီလော့သည် တော်ဝင်နန်းတော်အတွင်းသို့ ဝင်ရောက်လာစဉ် နေရာအနှံ့ကိုအကဲခတ်နေခဲ့သည်။ နေရာတစ်ခုလုံးကို အစောင့်အကြပ်များ ထူထပ်စွာချထားပြီး မှောင်ရိပ်ထဲတွင် ပုန်းကွယ်နေသော အရိပ်အယောင်များပင် ရှိနေသည်ကို သူတွေ့လိုက်ရသည်။ ဤအတိုင်းသာဆို ၎င်းတို့ အပြည့်အဝသတိရှိကြသည်မှာ ထင်ရှားနေသည်။
ထိုနေရာတွင် ရှပြည်ထောင်စု၏ များပြားလှသော အဖွဲ့ခွဲများနှင့် တပ်ဖွဲ့များ၏ ခေါင်းဆောင်များဖြစ်သည့် အခြားသော ဧည့်သည်အများအပြားကိုလည်း တွေ့ကြုံခဲ့ရသည်။ နန်းတက်ပွဲသည် အမြင့်မားဆုံးရာထူးကို လွှဲပြောင်းပေးသည့်အချိန်ဖြစ်သောကြောင့် သာမန်လူတစ်ဦးမျှ တက်ရောက်ခွင့်မရှိပေ။
ခမ်းနားထည်ဝါပြီး ရင်သပ်ရှုမောဖွယ် စင်္ကြံကို အချိန်အတော်ကြာ လျှောက်သွားပြီးနောက်၊ သူတို့သုံးယောက်သည် နောက်ဆုံးတွင် လမ်းကြောင်း၏ အဆုံးသို့ ရောက်ရှိသွားကာ သူတို့၏ မြင်ကွင်းများ ပွင့်လာခဲ့သည်။ သူတို့မြင်လိုက်ရသည်မှာ လေးဘက်လေးတန်တွင် ကျောက်စိမ်းခုံများ ဝန်းရံထားသည့် ဧရာမ ကျောက်စိမ်းတုံးကြီးတစ်ခုဖြစ်သည်။
လီလော့သည် မီတာတစ်ရာမြင့်သော အဖြူရောင် ကျောက်စိမ်းရင်ပြင်၏ အလယ်ဗဟိုသို့ အာရုံစိုက်နေခဲ့သည်။ဤအရာသည် ယဇ်ပူဇော်တဲ့ ယဇ်ပလ္လင်နှင့်တူပြီး ပလက်ဖောင်းပေါ်တွင် နဂါးများကဲ့သို့ ပုံသဏ္ဍာန်ရှိသော မရေမတွက်နိုင်သော ရွှေရောင်ကော်ဇောများရှိသည်။
နန်းတက်ပွဲ အခမ်းအနားကို ထိုစင်မြင့်ထက်တွင် ကျင်းပမည်ဖြစ်ကြောင်း ထင်ရှားသည်။
ထို့နောက် သုံးယောက်သား အစေခံအမျိုးသမီးတစ်ဦး၏ ညွှန်ကြားချက်ကို လိုက်နာပြီး ရင်ပြင်၏ ညာဘက်ခြမ်းရှိ ၎င်းတို့အတွက်စီစဉ်ပေးထားသော ကျောက်စိမ်းခုံများဆီသို့ ပြောင်းရွှေ့ခဲ့ကြသည်။ သူတို့၏ ထိုင်ခုံများသည် အပေါ်ဆုံးတွင် တည်ရှိပြီး ရင်းနှီးသော အသွင်အပြင်အချို့ကို သတိပြုမိသည်။
တစ်ချိန်တည်းမှာပင် အခြားလူသုံးဦးသည် ဆန့်ကျင်ဘက်အစွန်းဘက်သို့ ရောက်လာခဲ့သည်။ ခံစားချက်မဲ့ လူလတ်ပိုင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦးတို့ထိုသူနောက်တွင် လိုက်ပါလာခဲ့သည်။ ၎င်းတို့သည် ဒူဇီအိမ်တော်၏ ဒူဇီယန်၊ ဒူဇီပိုင်ရွှမ်း နှင့် ဒူဇီဟုန်လျန် မှလွဲ၍ အခြားသူများမဟုတ်ပေ။
အဖွဲ့နှစ်ဖွဲ့သည် ခဏတာ မျက်လုံးချင်းဆုံမိပြီး အချင်းချင်း တိုက်ရိုက်ရင်ဆိုင်ခဲ့ကြသည်။
လီလော့က ဒူဇီယန်ကို တလေးတစား နှုတ်ဆက်ပြီး အတောက်ပဆုံး အပြုံးကို ပေးလိုက်သည်။ "မင်္ဂလာပါ ဒူဇီအိမ်တော်သခင်...."
တစ်ချိန်တည်းမှာပင် စူးစူးရဲရဲ ကြည့်နေသော မျက်လုံးအစုံက သူ့ဘက်သို့ ရောက်လာသည်။
ဒူဇီယန်သည် လီလော့ကို တစ်ချက်ကြည့်လိုက်သော်လည်း အကြောင်းပြန်ရန် ရည်ရွယ်ချက်မရှိသဖြင့် သူ့ထိုင်ခုံဆီသို့ တိုက်ရိုက်သွားလိုက်သည်။
လီလော့သည် ဒူဇီယန်၏ လျစ်လျူရှုသော သဘောထားကြောင့် အမှန်တကယ် ထိခိုက်ခြင်းမရှိပေ။ ကျင်းချွဲ့အိမ်တော်၏ စီချင်းသည် လီလော့ကို မကြာခဏ ချီးကျူးစကား နှုတ်ဆက်ပုံကို စဉ်းစားသောအခါတွင် သူ့အတွက် အပေါ်ယံ ဆက်ဆံပုံက အရေးမကြီးတော့ပေ။
ထို့ကြောင့် လီလော့သည် ဒူဇီယန်၏ မရိုးမရွတုံ့ပြန်မှုကို စိတ်မ၀င်စားခဲ့ပေ။ ယင်းအစား သူတတ်နိုင်သမျှ အနွေးထွေးဆုံးအပြုံးဖြင့် ဒူဇီပိုင်ရွှမ်းကို အာရုံစိုက်ခဲ့သည်။
"သူငယ်ချင်း.... !"
လီလော့ကို ဒေါသတကြီးစိုက်ကြည့်ရင်း ဒူဇီပိုင်ရွှမ်က.... "ပါးစပ်ပိတ်ထား!"
လီလော့ ထိုမလိုလားအပ်သော ပေါက်ကွဲသံကြောင့် အမှန်တကယ် ထိတ်လန့်သွားသည်။
ကျန်းချင်းအာသည် သူမ၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာ ရှိသည့် ဒူဇီဟုန်လျန် ကို ကြည့်နေသည်။ ကျန်းချင်းအာက ဘာမှ မပြောပေမယ့် အသိအမှတ်ပြုကြောင်း ခေါင်းညိတ်ပြပြီး သူတို့ကို နှုတ်ဆက်လိုက်သည်။
ထိုသိမ်မွေ့သောလုပ်ရပ်ကိုမြင်လိုက်ရတော့ ဒူဇီဟုန်လျန်၏နှလုံးသား ထိတ်လန့်တုန်လှုပ်စပြုလာသည်။ ကျန်းချင်းအာသည် ယခင်က သူမအား အေးဆေးစွာ ဆက်ဆံခဲ့ဖူးပြီး သူမရောက်ရှိနေခြင်းကို လုံးဝ မျက်ကွယ်ပြုထားခဲ့သည်။ ခေါင်းညိတ်ပြရင်း ဒီနေ့ သူမလုပ်ခဲ့သလို ဘယ်တုန်းကမှမလုပ်ခဲ့ဖူးပေ။ ဤရုတ်တရက်ပြောင်းလဲမှုသည် ဒူဇီဟုန်လျန် အား တခဏအတွင်း လွှမ်းခြုံသွားသည်။ သို့သော်၊ သူမသည် ချက်ချင်းဆိုသလို စိတ်အနှောင့်အယှက်ဖြစ်ပြီး ရှက်စိတ်အနည်းငယ်ခံစားရကာ လွန်လွန်ကဲကဲ တုံ့ပြန်ခြင်းအတွက် သူမကိုယ်သူမ လျှို့ဝှက်စွာ အပြစ်တင်ခဲ့သည်။ ကျန်းချင်းအာက ခေါင်းလေးတချက်ညိတ်ပြတာကို ဘာလို့များ လွန်လွန်ကျူးကျူးတွေ ခံစားနေရတာလဲ...
သူမသည် မျက်နှာထားကို ထိန်းသိမ်းရန် အတင်းအကျပ် တွန်းအားပေးကာ ဒူဇီယန် နောက်သို့ အလျင်အမြန် လိုက်မသွားခင် မသိမသာ ခေါင်းညိတ်ပြခဲ့သည်။
ထိုခဏတာတွေ့ဆုံမှုမှာ နီးကပ်လာသည်နှင့်အမျှ လော့လန်အိမ်တော် မှ သုံးယောက်တို့သည် ၎င်းတို့၏ထိုင်ခုံဆီသို့ လျှောက်သွားကြသည်။
သို့သော်လည်း ခြေလှမ်းအနည်းငယ်လှမ်းပြီးချိန်တွင် လီလော့သည် ကျင်းချွဲ့အိမ်တော် ၏အဖွဲ့ဝင်များကို တွေ့လိုက်ရသဖြင့် ရပ်တန့်သွားသည်။ စီချင်း၊ စီထျန်းမင်း နှင့် စီချိုးယင်း.........
ထို့အတူ သူတို့အဖွဲ့သည်လည်း လီလော့တို့ အဖွဲ့ကို တွေ့လိုက်ကြပြီး သုံးယောက်စလုံးသည် ခဏတာအတွင်း မတူညီသောအမူအရာများပြောင်းလဲသွားကြသည်။