← Chapters

နမိတ်ဖတ်ခြင်း.....

Vol. 49 Ch. 680

နမိတ်ဖတ်ခြင်း.....

Vol. 49 Ch. 680

ကျင်းချွဲ့အိမ်တော်သားတို့ကို ရင်ဆိုင်ရင်း လီလော့ရဲ့ မျက်ခွံတွေ အနည်းငယ် တွန့်ချိုးသွားခဲ့သည်။ စိတ်မပျက်ဘဲ တတ်နိုင်သမျှ အပြုံးကို စုစည်း၍ စီချင်း နှင့် စကားစမြည် ပြောလိုက်သည်။

"အိမ်တော်သခင် စီချင်း၊ အချိန်တွေကြာလာတာနဲ့အမျှ ပိုပိုပြီး တက်ကြွနေပုံရတယ်နော်..."

လီလော့ အစပြုလိုက်သနှင့် စီချင်းကလည်း ...

"လီလော့၊ မင်းက တကယ်ကို ထူးချွန်တဲ့သူပါ...ကြယ်တစ်ပွင့်ခန်းမမှာပဲရှိသေးပေမယ့် နတ်ဆိုးနန်းတော်အဆင့်ကိုရောက်နေပြီ.... လော့လန်အိမ်တော်မှာ နောက်ထပ် မြို့စားတစ်ယောက်ရှိလာတော့မယ်ထင်တယ်... "

"မဟုတ်ရပါဘူး... အိမ်တော်သခင်က သိပ်ကြင်နာတတ်တာပဲ၊ အကယ်၍ အစ်မချင်းအာနဲ့ကျွန်တော်သာ သုံးနှစ်အတွင်းမြို့စားအဆင့်ကိုရောက်နိုင်မယ်ဆို ကျွန်တော့်မိဘတွေပြန်ရောက်လာရင် လော့လန်အိမ်တော်မှာဘမြို့စားအဆင့် လေးယောက် ရှိလိမ့်မယ်! ခဏနေပါဉီး.. ..."

လီလော့ ခဏရပ်ပြီး နည်းပြချီချန်းဆီသို့ ညွှန်ပြလိုက်သည်။

"မေ့တတ်ရန်ကောဗျာ... နည်းပြချီချန်းလည်း ရှိသေးတာပဲ... သူက မကြာသေးမီကမှ လော့လန်အိမ်တော်ကို ဝင်ခဲ့တယ်တာလေ... အန်ကယ်ပေါင်ပေါင်ကိုလည်း မေ့ထားလို့ဘယ်ဖြစ်မလဲ... နည်းနည်းပါးပါး ဒဏ်ရာရသွားပေမယ့် မကြာခင် သက်သာသွားမှာပါ..."

လီလော့သည် သူ့လက်ချောင်းများဖြင့် စတင်ရေတွက်နေသည်။ တစ်၊ နှစ်... နောက်ဆုံးတွင် စီချင်းရှေ့မှာ လက်ခြောက်ချောင်းကို ဝှေ့ယမ်းကာ "လော့လန်အိမ်တော်မှာ မြို့စားခြောက်ယောက်ရှိတယ်ဗျ...!"

ဤမြင်ကွင်းကို ရင်ဆိုင်ရသောအခါ စီချင်း ၏ စိတ်အားထက်သန်မှုများ လျော့နည်းသွားသည်။

မြို့စားအဆင့်ခြောက်ယောက်.....

ဒါဟာ ကြီးမားတဲ့ တိုက်ခိုက်ရေး အင်အားစုတစ်ခုပင်.....

လီလော့ သူ့ကို ခြောက်လှန့်ရန် ရည်မှန်းထားသည်ကို သိသော်လည်း စီချင်း ခဏတာအတွင်း ရင်ထဲ၌ မုန်တိုင်းထန်သွားသလို ခံစားလိုက်ရသည်။ သို့သော် တဖြည်းဖြည်းချင်းစိတ်ထိန်းလိုက်သည်။ ကျန်းချင်းအာ သည် သုံးနှစ်အတွင်း မြို့စားအဆင့်သို့ ရောက်နိုင်ခြေရှိသော်လည်း လီလော့တွင်ရော ထိုကဲ့သို့သော စွမ်းဆောင်ရည်မျိုး အမှန်တကယ်ရှိနိုင်မည်လော.... လီတိုင်ရွှမ်တို့လင်မယား ပြန်လာမလားဆိုတာကလည်း ခန့်မှန်းချက်သက်သက်သာရှိသေးသည်။ ဤအတောအတွင်း၊ နွားသိုးကြီးပေါင်ပေါင်၏ဒဏ်ရာများ ဤမျှလွယ်ကူစွာ ပြန်လည်ကောင်းမွန်လာနိုင်ခဲ့ပါက၊ သူသည် ဤနှစ်များတစ်လျှောက်လုံး လော့လန်အိမ်တော်၏ဌာနချုပ်အတွင်း ငြိမ်နေမည်မဟုတ်ပေ။

ထို့ကြောင့် ဖြစ်ရပ်မှန်များကို ယုတ္တိရှိရှိတွေးခေါ်ခြင်းဖြင့် စီချင်း စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိခဲ့သည်။

"ဒါဆို မင်းရဲ့မျှော်လင့်ချက်တွေ ပြည့်စုံလာမယ်လို့ ငါမျှော်လင့်ပါတယ် တူလေး လီလော့!"

အကယ်၍ ကိုယ်စားအုပ်ချုပ်သူသည် ယနေ့ ထီးနန်းကို ရယူမည်ဆိုပါက၊ လီတိုင်ရွှမ်နှင့်တန်တိုင်လန်တို့ ပြန်လာချိန်အထိ လော့လန်အိမ်တော်ကို ရှင်သန်ခွင့်ပေးမည်လော...

လီလော့က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ သူသည် စီချင်းကို ဆက်လက်မနှောင့်ယှက်တော့ဘဲ ရှုပ်ထွေးသောအမူအရာများရှိသည့် စီထျန်းမင်းနှင့် စီချိုးယင်းတို့ကိုသာ ကြည့်လိုက်သည်။ စီချင်းက ပြုံးပြီး ခေါင်းညိတ်ကာ သူ့ထိုင်ခုံဆီသို့ သွားလိုက်သည်။

တစ်ဖက်တွင် ကျန်းချင်းအာသည် ဘေးနားတွင် ရပ်နေကာ သူမ၏ လျစ်လျူရှုသော အကြည့်များသည် သူတို့၏ ဦးတည်ရာကို လိုက်ကြည့်သည်ထက်မပိုခဲ့ပေ။ ယခု သူမသည် ၎င်းတို့အား ရန်သူများအဖြစ် သဘောထားခဲ့သည်မှာ ထင်ရှားသည်။ သူမရဲ့ ပင်ကိုယ်စရိုက်က လီလော့နှင့်မတူပေ။ လီလော့သည် ခင်မင်ရင်းနှီးသော အပေါ်ယံဟန်ဆောင်မှုများကို ထိန်းသိမ်းရန် ကြိုးပမ်းနေဆဲဖြစ်သော်လည်း ကျန်းချင်းအာကတော့ ပေါ်ပေါ်တင်တင်စစ်ကြေငြာတတ်သူဖြစ်သည်။

ဒါက စီထျန်းမင်း နဲ့ စီချိုးယင်းတို့ကို ပိုလို့တောင် စိတ်ပျက်သွားစေခဲ့သည်။

အချို့သော လုပ်ဆောင်ချက်များသည် ရုပ်သိမ်း၍မရသလို ညှိနှိုင်းဖို့လည်း မဖြစ်နိုင်တော့ပေ။

သူတို့နှစ်ဦးသည် နောက်ဆုံးတွင် ကျင်းချွဲ့အိမ်တော်၏အဖွဲ့ဝင်များဖြစ်ပြီး စီချင်းသည် ၎င်းတို့၏ဖခင်ဖြစ်သည်။ ဤသွေးသားဆက်ဆံရေးမှ သူတို့ကိုယ်သူတို့ ခွဲထုတ်ရန် နည်းလမ်းမရှိပေ။ ထို့ကြောင့် ကျန်းချင်းအာ နှင့်လီလော့တို့နှင့် တဖြည်းဖြည်းဝေးကွာကြတော့မည်။ အနာဂတ်တွင်၊ ၎င်းတို့သည် စစ်မြေပြင်ရန်သူများအဖြစ်သာ တွေ့ဆုံနိုင်တော့မည်။

ကျင်းချွဲ့အိမ်တော်မှ သုံးယောက်ကို ဖြတ်ကျော်သွားပြီးနောက် လီလော့သည် နောက်ဆုံးတွင် လော့လန်အိမ်တော်၏ ထိုင်ခုံများကို တွေ့ရှိခဲ့သည်။

ကျောက်စိမ်း ထိုင်ခုံများပေါ်တွင် ထိုင်လျက် ပတ်ပတ်လည်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။ ညာဘက်ဆုံးခုံတန်းတစ်ခုတွင် ယုဟုန်ရှီ၊လုချင်းအာနှင့် ရွှေနဂါးဘဏ်တိုက်မှ အကြီးတန်းအရာရှိအုပ်စုတစ်စုကို သတိပြုမိခဲ့သည်။ ယနေ့ အခမ်းအနားသည် သြဇာကြီးမားသောကြောင့် ကြားနေအဖွဲ့ခွဲများပင် ပါဝင်ကြမည်ဖြစ်သည်။

သူ့အတွေးတွေကြားထဲမှာပဲ နည်းပြချီချန်းက သူ့ကို တစ်ခုခုအကြောင်း ပေါ့ပေါ့ပါးပါး အသိပေးတာကို ရုတ်တရက် ကြားလိုက်ရသည်။

"ဒုကျောင်းအုပ်ကြီးစုရှင်း ရောက်နေတယ်..."

လီလော့ ခေါင်းကို အမြန်လှည့်ကြည့်လိုက်တော့ ရင်ပြင်ထဲသို့ ဝင်လာသည့် လူအုပ်စုကြီးတစ်ခုကို တွေ့လိုက်ရသည်။ အဖွဲ့၏ခေါင်းဆောင်မှာ ဒုကျောင်းအုပ်မှလွဲ၍ အခြားသူမဟုတ်ခဲ့ပေ။ဤအခမ်းအနားကို ကြယ်တာယာခရီးရှည်ကောလိပ်လည်း တက်ရောက်နေပုံရသည်။

ကြယ်တာယာခရီးရှည်ကောလိပ်သည် ခရမ်းအဆင့်နည်းပြ အများအပြားကို စေလွှတ်ခဲ့သဖြင့် အထင်ကြီးစရာကောင်းသော ကိုယ်စားလှယ်အဖွဲ့ဖြစ်သည်။ အနီးနားရှိ မတူကွဲပြားသော ဂိုဏ်းပေါင်းစုံမှ အကြီးအကဲများအားလုံး အလားတူ မတ်တပ်ထရပ်ကာ ဒုကျောင်းအုပ်ကြီးစုရှင်းကို နှုတ်ဆက်နေကြသည်။

သို့သော်လည်း ဒုကျောင်းအုပ်စုရှင်းသည် လီလော့တို့နားသို့ရောက်ရှိလာသောအခါ ချီချန်းတို့ကို အေးဆေးစွာ လေ့လာရင်း သူမ၏ အပြုံး အနည်းငယ် လျော့ပါးသွားခဲ့သည်။

"လီလော့၊ မင်း ငါ့ကောလိပ်မှာ မှတ်တမ်းတွေ အရမ်းများနေပြီလို့ မင်းမထင်ဘူးလား?"

ချီချန်းကို လော့လန်အိမ်တော် ထဲဝင်ဖို့ သူဘယ်လိုစည်းရုံးခဲ့သလဲဆိုတာကို သူမ ရည်ညွှန်းနေကြောင်း ထင်ရှားနေသည်။

တစ်ဖက်တွင် လီလော့သည် ရိုးသားစွာဖြင့်

"ချီးကျူးလွန်းနေပါပြီ.... ကောလိပ်အဖွဲ့ဝင်တစ်ယောက်အနေနဲ့ မှတ်တမ်းတွေ ချိုးဖျက်တာဟာ ကျွန်တော့်အတွက် အကြီးမားဆုံး ဂုဏ်ယူမှုနဲ့ တာဝန်ပါပဲ!"

"ဟမ့်...သွေးနထင်ရောက်နေတဲ့ကောင်လေး.... မင်းဟာ အလားအလာရှိတဲ့ ပျိုးပင်ဖြစ်နေပေမယ့် ကြယ်တာယာခရီးရှည်ကောလိပ်မှာ နင်မရှိလည်းဖြစ်တယ်... ချီချန်းရဲ့ အခြေအနေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာ ကောလိပ်က မဆုံးဖြတ်ရသေးဘူး... စုံစမ်းစစ်ဆေးမှုတွေ ရှိလာခဲ့ရင်သာ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးပါ....."

"ဟုတ်ကဲ့...သေချာပေါက်ပူးပေါင်းဆောင်ရွက်ပေးပါ့မယ်....!"

လီလော့က စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။

အနီးနားရှိ အဖွဲ့များသည် ၎င်းတို့၏ စကားအသွားလာကို အနည်းငယ်ကို သတိပြုမိခဲ့သည်။ နည်းပြချီချန်းသည် အရေးကြီးသော အခိုက်အတန့်တွင် ကြယ်တာယာခရီးရှည်ကောလိပ်မှ နှုတ်ထွက်ခဲ့ပြီး လန်လင်းအိမ်တော်ကို တားဆီးခဲ့သည်။ အထူးသဖြင့် သူမသည် လော့လန်အိမ်တော်တွင်ပါဝင်ရန်ရွေးချယ်ပြီးနောက် ဤသတင်းသည် ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့သွားသည့်သတင်းဖြစ်သည်။ ကြယ်တာယာခရီးရှည်ကောလိပ် ၏ ကြားနေရပ်တည်မှုကို သိသူတိုင်း ထိုသတင်းကြောင့် လုံးဝ ထိတ်လန့်ကုန်ကြသည်။

သို့သော် ဒုကျောင်းအုပ်စုရှင်း၏ စွပ်စွဲသောလေသံက အခြေအနေက ထင်သလိုမဟုတ်ကြောင်း ညွှန်ပြနေပုံရသည်။

မှန်ကန်သည်ဖြစ်စေ မမှန်ကန်သည်ဖြစ်စေ မျက်နှာပြင်ပေါ်တွင် ကောလိပ်မှ အရေးယူဆောင်ရွက်မှုများကို သဘောမတူသည့်ပုံပေါ်သည်။

လီလော့ကို သတိပေးပြီးနောက် စုရှင်း ထွက်ခွာသွားခဲ့ပြီး ခရမ်းအဆင့်နည်းပြများက လီလော့နှင့် ချီချန်းကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်နေကြသည်။ ဤအခြေအနေသည် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ကောလိပ်တွင် အကျော်ကြားဆုံးအကြောင်းအရာဖြစ်လာခဲ့ပြီး ချီချန်းသည် လီလော့ အပေါ် အထူးခံစားချက်ရှိကြောင်း ကောလာဟလများပင် ထွက်ပေါ်ခဲ့သည်။ သို့တိုင်၊ ဤကောလာဟလသည် မယုံနိုင်လောက်အောင်ယုတ္တိမဲ့သော်လည်း လူပြောများသောအကြောင်းအရာဖြစ်နေခဲ့သည်။

"ဆရာတွေက ငါ့ကို ထူးထူးဆန်းဆန်း ကြည့်နေကြတယ်..."

လီလော့က ကြယ်တာယာခရီးရှည်ကောလိပ် အဖွဲ့များ ထွက်ခွာသွားစဉ် ညီးညူလိုက်သည်။

"ဒုကျောင်းအုပ်က သက်သက် အာရုံလွှဲနေတာပါ... သူ မင်းကို ပစ်မှတ်ထားမှာကို စိုးရိမ်နေစရာ မလိုပါဘူး...."

နည်းပြချီချန်းက ရယ်မောရင်းနှစ်သိမ့်လိုက်သည်။

"အဲဒါတော့ ကျွန်တော်သိတယ်။ သူ ကျွန်တော့်ကို ကူညီဖို့ အများကြီး လုပ်ထားပြီးသား.... ရိုက်နှက်ချင်နေရင်တောင် ကျေကျေနပ်နပ်ကြီး လက်ခံမှာပါ"

လီလော့ အံကြိတ်ကာ ပြောလိုက်သည်။

"ဒီကိစ္စမှာ နည်းပြနဲ့ချင်းအာလည်း ပါတာပဲကို ဘာလို့ကျွန်တော်တစ်ယောက်တည်းကိုဆူသွားတာလဲ....မတရားလိုက်တာ.... "

သူ့စကားကြောင့် ကျန်နှစ်ယောက် မျက်လုံးပြူးသွားသည်။ ဒီကောင်က အားသာချက်တွေ အများကြီးရထားပြီးပြီ၊ ဒါတောင် နစ်နာသူလိုဟန်ဆောင်နေတုန်းပဲ တကယ့်ကို မုန်းစရာကောင်းတယ်...

သူတို့ စကားဆက်ပြောနေကြရင်း ကျွဲချိုမှုတ်သံတွေ ဆူညံသွားသလို စင်္ကြံကနေ ထွက်လာတဲ့ လူတန်းစီခုကို တွေ့လိုက်ရသည်။

အတန်းတစ်တန်းကို ကိုယ်စားအုပ်ချုပ်သူကုန်းယွမ်က ဦးဆောင်ခဲ့ပြီး ကျန်တစ်တန်းကို မင်းသမီးကုန်းလွမ်ယုက ဦးဆောင်သည်။

လူတန်းနှစ်တန်းသည် နီးနီးကပ်ကပ် လျှောက်လှမ်းနေပုံရသော်လည်း တစ်ယောက်ကိုတစ်ယောက် သတိထားကာ ရေနှင့်ဆီကဲ့သို့ မရောနှောနိုင်သော စူးရှသည့်အကြည့်များဖြင့် ပိုင်းခြားထားလေသည်။

သူတို့ရဲ့ အသွင်အပြင်ကြောင့် လူတိုင်းရဲ့ အကြည့်တွေက သူတို့အပေါ် တွင်သာ အာရုံစိုက်နေကြသည်။

ကိုယ်စားအုပ်ချုပ်သူနှင့်မင်းသမီးတို့သည် ယနေ့ပြဇာတ်၏ အဓိကဇာတ်ကောင်များဖြစ်သည်။

ဧကရာဇ်ငယ်၏ နန်းတက်ပွဲ အခမ်းအနားဖြစ်ခဲ့သော်လည်း၊ သူသည် ငယ်ရွယ်သေးပြီး မရင့်ကျက်သေးပေ။ထို့ကြောင့် မင်းသမီးကငါအာဏာကို ချုပ်ကိုင်မည်မှာ သေချာသည်။

မျက်နှာဖုံးများအောက်တွင် အမှောင်လှိုင်းများ ဝေ့ဝဲနေသော်လည်း ကိုယ်စားအုပ်ချုပ်သူ နှင့် မင်းသမီးတို့သည် သာမာန်တူဝရီးကဲ့သို့ ပျော်ရွှင်စွာ စကားပြောဆိုနေကြသည်။

ပရိသတ်၏ စောင့်ကြည့်မှုအောက်တွင်၊ ကိုယ်စားအုပ်ချုပ်သူနှင့် မင်းသမီးတို့သည် ရွှေရောင်ကျောက်ထိုင်ခုံသုံးလုံးရှိသည့် အမြင့်ဆုံးစင်မြင့်ပေါ်သို့ တက်သွားကြသည်။ ထို့နောက် နှစ်ယောက်သား လက်ဝဲနှင့်လက်ယာခုံတွင် နေရာယူကြသည်။

အဖြူရောင်ကျောက်စိမ်းရင်ပြင်ပေါ်တွင် ကျယ်လောင်သော စည်တီးသံများက ကောင်းကင်ယံသို့ ပေါက်ကွဲထွက်ကာ တော်ဝင်နန်းတော်တစ်ခုလုံး တုန်ခါသွားသည် ။

အခမ်းအနားဗုံသံများ ကျယ်လောင်စွာ မြည်ဟီးသံကို ကြားရသူတိုင်းသည် မြင်းတပ်နှင့် တိုက်ပွဲဝင် စစ်သည်များ၏ သူရဲကောင်းဆန်သော အားမာန်ကို အလိုလို သတိရမိပါလိမ့်မည်။

လူတိုင်းသည် စင်မြင့်ပေါ်ရှိ အခြေအနေကို သတိကြီးကြီးထားပြီး လှုပ်ရှားမှုများကို အာရုံစိုက်ကြသည်။

ရှည်လျားသော နိမိတ်ဖတ်သံနှင့်အတူ အချိန်များ ကုန်ဆုံးလာသည်။

နေဝင်ချိန်တွင်.....

စည်တော်သံများ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ရင်ပြင်တစ်ခုလုံး ဆူညံသံများ မြည်လာခဲ့သည်။ လူတိုင်း၏ နှလုံးသားများသည်လည်း တလှလှပ် ခုန်နေကြသည်။ ယခုအခါ ၎င်းတို့သည် ရာနှင့်ချီသော လူရာပေါင်းများစွာ တင်ဆောင်ထားနိုင်သော ဧရာမရွှေနဂါးရထားလုံးကြီးတစ်စင်း ကျောက်စိမ်းဖြူ၏စင်မြင့်ဆီသို့ အစောင့်အရှောက်များဖြင့် ရောက်ရှိလာသည်ကို တိတ်တဆိတ်စောင့်ကြည့်နေကြသည်။

ရွှေရထားလုံးပေါ်မှ ဧကရာဇ်ငယ်၏တင်းမာသောအမူအရာသည် လေးနက်သောခံစားချက်ကို ပေးစွမ်းနေသည်။

ဤသို့ဖြင့် ရှပြည်ထောင်စု၏ ကံကြမ္မာကို ပြောင်းလဲစေမည့် အခမ်းအနားစတင်ခဲ့ချေပြီ.......

All Chapters