ဆူပူအုံကြွမှု
Vol. 49 Ch. 682
လီလော့ စိတ်ထဲမှာ အဲဒီလို ရယ်စရာကောင်းတဲ့ အတွေးကို တွေးနေချိန်မှာပဲ အဖြူရောင် ကျောက်စိမ်းရင်ပြင်တစ်ခုလုံးမှာ အလားတူ ထိတ်လန့်အံ့သြစရာ အသံတွေ ထွက်ပေါ်လာသည်။
အသွင်ပြောင်းတာက နည်းနည်း သိသာလွန်းနေသည်။
ခေါင်းပေါ်၌ ဝတ်ဆင်ထားသော သရဖူလွှင့်စင်သွားသည့်အတွက် သူ၏ဆံပင်များသည် ရေတံခွန်ကဲ့သို့ ကျောပြင်သို့ ဖြာကျနေသည်။ မူလက ဖြူဖျော့သော အသားအရည်သည် ကြည်လင်ပြီး တောက်ပနေပုံရပြီး၊ သူ၏ ပျော့ပျောင်းသော ခန္ဓာကိုယ်သည် ရုတ်တရက် အရပ်ပိုမြင့်လာသည် တခဏချင်းမှာပင် တင်းကျပ်စွာ ၀တ်ဆင်ထားသော သင့်လျော်လျောက်ပတ်သော နဂါးဝတ်ရုံအောက်က မို့မောက်လာသောရင်သားတစ်စုံကြောင့် သူ၏ ပြောင်မြောက်သော အသွင်အပြင်သည် အမျိုးသမီးတစ်ဉီး၏ စရိုက်လက္ခဏာများကို ခံယူကာ မင်းသမီးနှင့် ပို၍ပင်တူလာခဲ့သည်။ တစ်ခုတည်းသော ခြားနားချက်မှာ ချောမောလှပသော မင်းသမီးနှင့်ယှဉ်လျှင် သူက ပိုနူးညံ့ပြီး ချစ်စရာကောင်းနေပုံရသည်။
ယခင်က သူသည် အသက် ဆယ်နှစ်ဝန်းကျင်သာရှိသေးပြီး ကလေးလေးတစ်ယောက်လို အသွင်အပြင်ရှိသည်။ အခုတော့ မျက်စိတမှတ်အတွင်းမှာပက် မိန်းမပျိုလေးအဖြစ် ချက်ခြင်း ရင့်ကျက်လာပုံရသည်။
သူ့ခန္ဓာကိုယ် အပြောင်းအလဲကြောင့် ဧကရာဇ်ငယ်လေးသည်လည်း တခဏတာ တုန်လှုပ်သွားခဲ့သည်။ ဤအခိုက်အတန့်တွင် အနည်းငယ် တုန်လှုပ်သွားပြီး အဘယ်ကြောင့် ဤမျှဆိုးရွားသော အပြောင်းအလဲ ဖြစ်သွားသည်ကို အဖြေရှာမရပေ။ ပြီးတော့ ကြောက်စိတ်က သူ့နှလုံးသားရဲ့ နက်နဲရာကနေ လှိုက်တက်လာသည်။
ဤအခိုက်အတန့်တွင် ဖြစ်ပေါ်နေသောပြောင်းလဲမှုသည် သေရာပါဖြစ်သွားမည်ကို
သူ ရှင်းရှင်းလင်းလင်း သိထားသည်။
သူသည် ထီးနန်းဆက်ခံရန် လေးစားအပ်သော နန်းတက်ပွဲအခမ်းအနားအတွင်း ယောက်ျားလေးမှ ငယ်ရွယ်သော မိန်းမပျိုအဖြစ်သို့ ရုတ်တရက် အံ့ဩဖွယိ အသွင်ပြောင်းသွားခဲ့သည်။
ဒါက စိတ်အနှောက်အယှက်ဖြစ်စေသလို ရှက်ဖို့လည်းကောင်းလှသည်။
ဧကရာဇ်အဖြစ်တက်လှမ်းဖို့ သူ့ရဲ့ယုံကြည်ကိုးစားမှုအားလုံးကို ဖျက်ဆီးပစ်လိုက်သလိုပင်.....
ဝုန်းးးးးး
ဧကရာဇ်ငယ်သည် ကြောက်မက်ဖွယ်ကောင်းသော အကြောက်တရားတွင် အမြစ်တွယ်နေချိန်၌ အပြင်းအထန်တုံ့ပြန်လိုက်သူမှာ ပရိသတ်မဟုတ်ဘဲ ကောင်းကင်ပေါ် နိုင်ငံတော်ကာကွယ်ရေး၀င်္ကပါဖြစ်နေသည်။ ကောင်းကင်တစ်ခုလုံးသည် ၎င်း၏ဒေါသကြောင့် ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျများက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ဆူညံလာသည်။
ဤပြောင်းလဲမှုကြောင့် ၀င်္ကပါ အပြင်းအထန်ဒေါသထွက်နေပုံရသည်။
ဧကရာဇ်ငယ်သည်၀င်္ကပါ၏ အပြောင်းအလဲကို ခံစားရပြီး သူ၏နှလုံးအေးခဲသွားသည်။ သူသည် တော်ဝင်မိသားစုအတွင်းက လျှို့ဝှက်ချက်တစ်ခုကို ရုတ်တရက် သတိရသွားသည်။ ရှပြည်ထောင်စု၏ နိုင်ငံတော်ကာကွယ်ရေး၀င်္ကပါကို တော်ဝင်မိသားစုမှ အမျိုးသားများကသာ ထိန်းချုပ်နိုင်မည်ဖြစ်သည်။
ယခု သူသည် အမျိုးသမီးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခြင်းသည် ၀င်္ကပါကို ထိန်းချုပ်ပိုင်ခွင့်ဆုံးရှုံးသွားသည်ဟု ဆိုလိုခြင်းမဟုတ်လော။
သူ့လက်ထဲမှာ ဒီအရာမရှိရင် ရာဇပလ္လင်ပေါ်မှာ သူ့ရာထူးကို လုံခြုံစွာထိန်းသိမ်းနိုင်မည်မဟုတ်ပေ။
"ဘယ်လိုဖြစ်တာလဲ၊ ဘယ်လိုဖြစ်တာလဲ?!"
ဧကရာဇ်ငယ်၏ အသံက ထိတ်လန့်မှုကြောင့် တုန်ရီနေသည်။ ရုတ်တရတ် အသွင်ပြောင်းမှုက သူ့စိတ်ကို လုံးဝ တုန်လှုပ်ခြောက်ခြားစေခဲ့သည်။
နှစ်ပေါင်းများစွာ ယောက်ျားလေးဖြစ်ခဲ့ပေမယ့် နန်းတက်တဲ့နေ့မှာ မိန်းကလေးအဖြစ် ပြောင်းလဲသွားပြီ....ဒါဘယ်လို လှည့်စားမှုမျိုးလဲ......
ထို့နောက် သေးသွယ်သော လက်ဖဝါးကို ငုံ့ကြည့်လိုက်တော့ ၀င်္ကပါ ထိန်းချုပ်ရန်အတွက် မှော်စာလုံးများ တဖြည်းဖြည်း ကွယ်ပျောက်သွားသည်ကိုမြင်နေရသည်။
ဧကရာဇ်ငယ်သည် ကြောက်ရွံ့ထိတ်လန့်စွာ အော်ဟစ်နေချိန်တွင် မှော်စာလုံးများကို အခြားလက်တစ်ဖက်ဖြင့်အုပ်ပြီး အလျင်အမြန် ဆုပ်ကိုင်ထားရှာသည်။
"ပျောက်သွားလို့မဖြစ်ဘူး....ပျောက်သွားလို့မဖြစ်ဘူး! ငါက ရှပြည်ထောင်စုရဲ့ ဧကရာဇ်ပဲ..... မင်းကို ထိန်းချုပ်ဖို့ ငါ့မှာအခွင့်အရေးရှိတယ်... ပျောက်ကွယ်မသွားပါနဲ့ ...."
ဤအခမ်းအနား၏ အရေးကြီးပုံကို သူနားလည်ခဲ့ပြီး သူ့အစ်မသည် ယနေ့ ဤနေရာသို့ရောက်ဖို့ သေချာစေရန် မရေမတွက်နိုင်သော အားထုတ်မှုများစွာကို သုံးစွဲခဲ့သည်။ မအောင်မြင်ရင် သူ့ဦးလေးဟာ သူ့ကိုယ်ပိုင် ထိန်းချုပ်မှုနဲ့ အာဏာကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားဖို့ ဒီအခွင့်အရေးကို အသုံးချလိမ့်မည်။ နောက်ဆုံးတွင်၊ ဧကရာဇ်မင်းသည် ရုပ်သေးရုပ်ဖြစ်လာလိမ့်မည်။
ယခင်က သူ့ကို ပံ့ပိုးပေးခဲ့ကြသော အရာရှိများသည် ဤအသွင်ပြောင်းပြီးနောက်တွင် သူနှင့် သူတို့ကြားတွင် တဖြည်းဖြည်းစည်းခြားကြတော့မည်။
၀င်္ကပါ၏ အဟန့်အတားမရှိပဲ အာဏာကို ဆုပ်ကိုင်ထားရန် နည်းလမ်းမရှိပေ။
ဝမ်းနည်းစရာကောင်းတာက သူ့ရဲ့ သနားစရာကောင်းတဲ့ ကြိုးစားမှုတွေက ရလဒ်ကို ပြောင်းလဲဖို့ ဘာမှ မလုပ်နိုင်ခဲ့ပေ။မှော်စာလုံး အားလုံး တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မရေမတွက်နိုင်သော ထိတ်လန့်နေသောမျက်လုံးများရှေ့တွင် ကြီးမားသော ၀င်္ကပါကလည်း အလားတူ ဒေါသဖြင့်ဟိန်းဟောက်နေချေပြီ.....
ဒါက ဘယ်သူမှ မမျှော်လင့်ထားတဲ့ ရလဒ်ဖြစ်ပြီး အခမ်းအနားလည်း မအောင်မြင်ခဲ့ပေ။
ဝှစ်.......
မင်းသမီးသည် နောက်ဆုံးတွင် သူမ၏ ထိတ်လန့်တုန်လှုပ်မှုမှ ရုန်းထွက်ပြီး မတ်တပ်ထရပ်ကာ၊ သူမ၏ ချစ်စဖွယ် မျက်နှာပေါ်တွင် ထိတ်လန့်မှုနှင့် မယုံနိုင်ဖွယ်ရာ အကြည့်များဖြင့် ပြည့်နေသည်။
သူမ၏ မျက်လုံးများရှေ့တွင် ဖြစ်ပေါ်လာသော ပြောင်းလဲမှုသည် ကန့်သတ်ချက်များကို ကျော်လွန်သွားခဲ့သည်။
သူမမှီခိုခဲ့ရတဲ့ အဖိုးတန်မောင်လေးက ညီမလေးအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ.....
ဘယ်လိုလဲ?!
သူမ မူးဝေလာသလ်ို ခံစားနေရသည်။
ရင်ထဲ၌ ဒေါသနှင့် နာကြည်းမှုများ တိုးလာသဖြင့် ကိုယ်စားအုပ်ချုပ်သူထံ ပြင်းထန်သော အကြည့်တစ်ချက်ပစ်လွှတ်လိုက်ပြီး....
"ကုန်းယွမ်! ရှင်ဘာလုပ်လိုက်တာလဲ!?"
တစ်ချိန်လုံး ဘာမှမလုပ်ဘဲ ထိုင်နေပေမယ့် ဒီဖြစ်ရပ်တွေရဲ့ကွင်းဆက်တစ်ခုလုံးက သူနဲ့သက်ဆိုင်တယ်လို့သာ ခံစားနေရသည်။ ဧကရာဇ်ငယ်လေးသာ နိုင်ငံတော်ကာကွယ်ရေး၀င်္ကပါကို မထိန်းချုပ်နိုင်ခဲ့ပါက အမြတ်အစွန်းများဆုံးရမည့်သူမှာ ကုန်းယွမ်ဖြစ်သည်။
ဒေါသထွက်ခဲသော မင်းသမီးနှင့် ရင်ဆိုင်ရသောအခါ ကိုယ်စားအုပ်ချုပ်သူသည် သက်ပြင်းချကာ ဧကရာဇ်ငယ်ကို ဝမ်းနည်းစွာ စိုက်ကြည့်နေသည်။
" လွမ်ယု ၊ ဒီလိုရုတ်တရက်အပြောင်းအလဲက တကယ်ကို ကြေကွဲစရာကောင်းပါတယ်..... မင်းငါ့ကို သံသယရှိနေတာ နားလည်နိုင်ပေမယ့် ငါ့မှာ ယောက်ျားလေးတစ်ယောက်ကို မိန်းမပျိုလေးအဖြစ် ပြောင်းလဲနိုင်တဲ့ အရည်အချင်းရှိတယ်လို့ မင်းတကယ်ထင်နေတာလား ? ကျင်းယောင်က တကယ်တော့ မွေးကတည်းက အမျိုးသမီးပဲ၊ ဒါပေမယ့် ဒီသတင်းကို ဖုံးကွယ်ထားခဲ့ကြတာ....."
"လိမ်မနေနဲ့.....!"
ဒီသတင်းကို သူမ တစ်ခါမှမကြားဖူးခဲ့ပေ။ ယုတ်စွအဆုံး သူ့အဖေ သေလုဆဲဆဲဖြး်နေချိန်မှာတောင် ထုတ်မပြောခဲ့ဖူးပေ။
" ငါ့အစ်ကိုတော်မှာ မျိုးဆက်ဆိုလို့ မင်းတို့နှစ်ယောက်ပဲရှိတာ.... သားယောက်ကျားလေးကသာထီးနန်းကို ဆက်ထိန်းထားနိုင်တယ်ဆိုတာသိလို့ သားယောက်ကျားလေးလိုချင်ခဲ့တယ်.... မင်းက ကျင်းယောင်ထက် သိသိသာသာကို ထူးချွန်သူပေမယ့် ဧကရီဖြစ်မလာနိုင်ဘူးလေ.... ကျင်းယောင်ကိုမွေးလာတော့ ယောက်ျားမဟုတ်တာကြောင့် သူ့မျှော်လင့်ချက်တွေ ပျက်ကုန်တယ်... စိတ်ပျက်အားငယ်စွာနဲ့ပဲ ၀င်္ကပါကိုလှည့်စားဖို့ ကျင်းယောင်ရဲ့ လိင်အမျိုးအစားအစစ်အမှန်ကို ဖုံးကွယ်ဖို့ အထူးနည်းလမ်းအချို့ကို အသုံးပြုခဲ့တယ်.... "
ကိုယ်စားအုပ်ချုပ်သူသည် မင်းသမီး၏ အေးစက်သောအကြည့်ကို လျစ်လျူရှုကာ သူ့အတွေးများကို ဆက်လက်ပြောပြနေခဲ့သည်။
"ဒါဆို ဘာလို့ ငါ့ကို မရှင်းပြတာလဲ ကျင်းယောင်ရဲ့ ကျောဘက်မှာ ယင်ယန်အစိမ်းရောင် ကြာပန်းကို ရေးထွင်းထားတယ်.... အဲဒါက သူ့ရဲ့ အစစ်အမှန်လိင်အမျိုးအစားကို ဖုံးကွယ်ထားတဲ့ အရာ ဖြစ်နိုင်ပါ့မလား....ကြာနက်ရဲ့ အဆိပ်က သူမကို ဒုက္ခတွေ ပေးစွမ်းနိုင်ပေမယ့်၊ သူ့ရဲ့ ကျားမ ခွဲခြားမှုကို ဖုံးကွယ်ထားလို့ ငါ့အစ်ကိုတောက လုံလောက်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားပြီး သူ့ရဲ့ နည်းလမ်းတွေက နိုင်ငံတော် ကာကွယ်ရေး၀င်္ကပါကို လှည့်စားဖို့ ဖြစ်နိုင်ခြေ များတယ်လို့ ထင်ခဲ့မိတယ်....ဒါပေမယ့် ကြာနက်အဆိပ်ကို သန့်စင်ဖို့ တစ်ယောက်ယောက်ကို အမှန်တကယ် ရှာတွေ့လိမ့်မယ်လို့ ဘယ်သူက မျှော်လင့်မှာလဲ..... ငါသ်ိသလောက်ဆို အဲဒီလူက လီလော့ပဲ!ကြာနက်အဆိပ်ရဲ့ တစ်ဝက်ကျော်ကို သန့်စင်ပြီးနောက်၊ ယင်ယန်ကြာပန်းစိမ်းရဲ့ ဟန်ချက်ပျက်သွားပြီး သူ့ရဲ့ ပြီးပြည့်စုံတဲ့ ဖုံးကွယ်ထားတဲ့ တန်ခိုးအာနိသင်ကို ဆုံးရှုံးသွားစေတယ်....၀င်္ကပါက ကျန်နေသေးတဲ့ ကြာနက်အဆိပ်ကို လုံးလုံးသန့်စင်လိုက်လို့ ကျင်းယောင် ရဲ့ လိင်စိတ်အမှန်ကို ထွက်ပေါ်လာတယ....!"
ကိုယ်စားအုပ်ချုပ်သူသည် ဖြူဖျော့သော မင်းသမီးမျက်နှာကို လှည့်ကြည့်ရင်း သူ့မျက်နှာပေါ်တွင် နက်နဲသော အပြုံးတစ်ခုပေါ်လာသည်။
"အိုး... လွမ်ယု, လွမ်ယု... မင်းအဖေရဲ့ ခမ်းနားတဲ့ အစီအစဉ်ကို ဖျက်ဆီးပစ်လိုက်ပြီပဲ.....!"