← Chapters

ချင်ဇန်ကျန်း၏လှုပ်ရှားမှု....

Vol. 49 Ch. 684

ချင်ဇန်ကျန်း၏လှုပ်ရှားမှု....

Vol. 49 Ch. 684

ကိုယ်စားအုပ်ချုပ်သူ မိန့်ခွန်းပြောပြီးသောအခါ၊ ရင်ပြင်ရှိ လေထုသည်လည်း အလွန်မွန်းကြပ်ဖွယ်ကောင်းလာသည်။စည်တော်သံများ တိတ်ဆိတ်သွားကာ နွေးနွေးထွေးထွေး ပျော်ပွဲရွှင်ပွဲအငွေ့အသက်များ တခဏအတွင်း အေးစက်သွားခဲ့သည်။

ကိုယ်စားအုပ်ချုပ်သူ၏စကားများက သူ၏ရည်မှန်းချက်ကို သက်သေပြခဲ့သည်။ သူသည် ဧကရာဇ်ငယ်၏ နေရာကို သိမ်းပိုက်ပြီး နန်းတက်ပွဲ အပြီးတွင် နိုင်ငံတော် ကာကွယ်ရေး၀င်္ကပါကို ထိန်းချုပ်လိုသည်။

"မိုက်မဲလိုက်တာ!"

မင်းသမီး၏မျက်နှာ အေးစက်သွားကာ မဒေါသတကြီး အေးစက်စွာအော်လိုက်သည်။

"ကုန်းယွမ်! ရှင် သစ္စာဖောက်ဖို့ ကြံစည်နေတာလား! ကုန်းမိသားစုဘိုးဘေးတွေရဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်ချင်တာလား....."

ထိုအခါ မင်းသမီးဘက်တော်သား အရာရှိများက ဒေါသတကြီးဖြင့်......

"ကိုယ်စားအုပ်ချုပ်သူ...အတင့်ရဲတဲ့စကားတွေမပြောပါနဲ့...... ရှပြည်ထောင်စုကို တော်ဝင်နန်းတွင်းက ပိုင်ဆိုင်ထားပြီးသားပါ.... တော်ဝင်နန်းတော်ရဲ့ ထိန်းချုပ်သူကို ဘယ်လိုမှ ရှောင်တခင်ပြောင်းလဲလို့မရဘူး.."

အထက်အရာရှိအချို့ကလည်း ၎င်းတို့၏ ထင်မြင်ချက်များကို ထုတ်ဖော်ပြောဆိုခဲ့သည်။ ကုန်းကျင်းယောင်၏ ရုတ်တရတ် အသွင်ပြောင်းမှုကြောင့် အံ့သြထိတ်လန့်ကာ ဒေါသထွက်ခဲ့ကြသော်လည်း ကိုယ်စားအုပ်ချုပ်သူ၏ စကားများက လုံးဝ အရှက်မဲ့ပြီး ပုန်ကန်ဖို့ကြိုးစားနေသလိုပင်.... သူသည် ဧကရာဇ်ငယ်၏ရာထူးကို အမှန်တကယ် သိမ်းပိုက်ချင်ခဲ့သည်။

"ကိုယ်စားအုပ်ချုပ်သူပြောတာတွေကို ကျုပ် သဘောတူတယ်.... နိုင်ငံတော်ကာကွယ်ရေး၀င်္ကပါက အသေးအဖွဲကိစ္စမဟုတ်ဘူး....ဒါကို ရှပြည်ထောင်စု တည်ထောင်သူဘိုးဘေးရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ အရင်းအမြစ်တွေအများကြီးပုံအောပြီးတည်ဆောက်ထားတာ..... ကျုပ်တို့ ဒါကို မထိန်းချုပ်နိုင်ဘဲ ရှပြည်ထောင်စု ဘေးဥပဒ်တစ်ခုကြုံလာရင် ဘယ်သူက ကာကွယ်ပေးမှာလဲ! ၀င်္ကပါကို ထိန်းချုပ်နိုင်တဲ့သူသာ ရှပြည်ထောင်စုရဲ့ဧကရာဇ်ဖြစ်သင့်တယ်!"

တစ်ချိန်တည်းမှာပင်၊ ကိုယ်စားအုပ်ချုပ်သူကိုထောက်ခံသူများသည် ခုခံကာကွယ်ရန် မဆိုင်းမတွထရပ်ခဲ့ကြသည်။ ၎င်းတို့အနက် အထင်ရှားဆုံးမှာ ပြည်နယ် ၃ ခုကို အုပ်ချုပ်သည့် ဘုရင်ခံကျုံးကျယ် ဖြစ်သည်။ ယခုအချိန်သည် သူ၏ထောက်ခံမှုကို အခိုင်အမာပြသရမည့်အချိန်ဖြစ်သည်ကို နားလည်ထားသည်။

ကုန်းယွမ် နန်းတက်သည်နှင့် တပြိုင်နက် သူသည်လည်း ရာထူးမြင့်မားလာမည်ဖြစ်သည်။

သူ၏အနာဂတ်အတွက်၊ ကိုယ်စားအုပ်ချုပ်သူကို ရှေ့သို့တွန်းပို့ရန်အတွက် အဖိုးအခပေးရမည်ဖြစ်သည်။

"မင်းရော ပုန်ကန်ဖို့ စီစဉ်နေတာလား...."

မင်းသမီးဘက်မှ စောင့်ရှောက်သူချင်သည် မှုန်ကုပ်ကုပ်နှင့် ထွက်လာပြီး သူ၏ ၀တ်ရုံများ ဖောင်းပွလာကာ သူ့ခန္ဓာကိုယ်မှ အတိုင်းအဆမရှိသော ပဲ့တင်ထပ်သံစွမ်းအားများစွာ ထွက်လာခဲ့သည်။ ပေါ့ပေါ့ပါးပါး လက်ဝှေ့ယမ်းကာ မရေမတွက်နိုင်သော လက်ရွေးစင် စစ်သည်တော်များသည် ရင်ပြင်၏ မြင့်မားသော တံတိုင်းများပေါ်မှ ထွက်ခွာလာကာ အားလုံးကိုဝိုင်းရံထားသည်။

မငြိမ်မသက်မှုများ ချက်ချင်းပြင်းထန်လာပြီး ဂိုဏ်းခွဲများ၏ အကြီးအကဲများ သတိအနေအထားဖြင့်ပြင်ဆင်နေကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ပြင်းထန်သော ပဲ့တင်ထပ်သံစွမ်းအားလှိုင်းများကို ထုတ်လွှတ်ခဲ့သည်။ အရာများသည် အဆိုးဆုံးဖြစ်နိုင်သည့် အခြေအနေသို့ ဆုတ်ယုတ်သွားသောကြောင့် သတိထားရန် လိုအပ်သည်။

"ဟမ့်!"

ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေကို မြင်တဲ့အခါ ကိုယ်စားအုပ်ချုပ်သူက ဟစ်အော်လိုက်ပြီး စောင့်ရှောက်သူချင်ကို စူးစူးရဲရဲစိုက်ကြည့်နေသည်။ တစ်ချိန်တည်းမှာပင်၊ မီးတောင်ကဲ့သို့ ကြောက်စရာကောင်းသော ပဲ့တင်ထပ်သံစွမ်းအားများစွာ ထွက်ပေါ်လာပြီး ဧရိယာတစ်ခုလုံးတွင် ဧရာမသတ္တဝါကြီးတစ်ကောင် ပေါက်ဖွားလာသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုလည်း ထွက်ပေါ်လာသည်။ အဲဒီနောက် သူ့နောက်ကွယ်လေဟာနယ် ကွဲအက်သွားပြီး ကိုယ်ပိုင်နယ်မြေပေါ်လာခဲ့သည်။ မြို့စား ရဲတိုက်ငါးခုသည် ကိုယ်ပိုင်နယ်မြေအတွင်းမှ ပဲ့တင်ထပ်သံစွမ်းအား သမုဒ္ဒရာထဲတွင် ပျံဝဲနေ၏။

ကိုယ်စားအုပ်ချုပ်သူသည် ပဉ္စမအဆင့်မြို့စားတစ်ဦးအနေဖြင့် သူ၏ခွန်အားကို အပြည့်အဝပြသနေသည်။

ယင်းကြောင့် မင်းသမီးအဖွဲ့မှ လူများ၏အမူအရာများ ပြောင်းလဲသွားကာ ထိတ်လန့်ခြင်းအရိပ်အမြွက်ကို သူတို့၏မျက်လုံးများတွင် မြင်တွေ့နိုင်သည်။

ဤအတောအတွင်း၊ ကြယ်တာယာခရီးရှည်ကောလိပ် နှင့် ရွှေနဂါးဘဏ်တိုက်တို့လို မဟာအင်အားစုနှစ်ခုက မငြိမ်မသက်ဖြစ်မှုကို ရ ကြည့်ရင်း ရှုံ့မဲ့သွားကြသည်။ စုရှင်း ရော ယုဟုန်ရှီပါ ရှပြည်ထောင်စုတွင် ပြည်တွင်းစစ်ဖြစ်လိမ့်မယ်ဟု မမျှော်လင့်ထားကြပေ။

သို့သော်လည်း ရာဇပလ္လင်တိုက်ပွဲသည် သူတို့ဝင်ရောက်မစွက်ဖက်နိုင်သော အရာဖြစ်သောကြောင့် ဘေးတွင် ရပ်ကာ အခြေအနေကို စောင့်ကြည့်ရုံသာ တတ်နိုင်ပေသည်။

ကံကောင်းထောက်မစွာ၊ ဤအရေးကြီးသောအချိန်ကာလတွင် မင်းသမီးသည် မတ်တတ်ထရပ်ကာ ငြိမ်သက်မှုကို အမြန်ပြန်လည်ရရှိရန် ရွေးချယ်ခဲ့သည်။

"ဗိုလ်ချုပ်ကြီးချင်၊ ရှပြည်ထောင်စုတော်ရဲ့ မဏ္ဍိုင်တစ်ခုအနေနဲ့ အခု နိုင်ငံတော် မငြိမ်မသက်ဖြစ်သွားပြီဆိုတော့ ဘာလုပ်ဖို့ စိတ်ကူးထားလဲ......"

သူမပါးစပ်ကိုဖွင့်လိုက်သည်နှင့် အရာအားလုံးစတင်ကတည်းက တစ်လက်မမျှမရွေ့သေးသော ချင်ဇန်းကျန်းဆီသို့ မရေမတွက်နိုင်သောအကြည့်များ ရောက်ရှိလာခဲ့သည်။

တစ်ဖက်တွင် ချင်ဇန်းကျန်းသည် ကြီးမားသော သားရဲတစ်ကောင်ကဲ့သို့ မတုန်မလှုပ် ဆက်လက်ထိုင်နေပြီး သူ၏ခန္ဓာကိုယ်မှ သွေးဆာနေသော အငွေ့အသက်များ ထွက်လာသည်။ မင်းသမီး၏ တိုက်တွန်းချက်ကို ကြားသောအခါ ခေါင်းကို အနည်းငယ်မော့ကာ ယဇ်ပူဇော်သည့်စင်မြင့်ပေါ်မှ အခြေအနေကို ကြည့်ရှုခဲ့သည်။ ဧကရာဇ်ငယ်သည် ပြိုလဲနေပြီး လုံးဝတိတ်ဆိတ်နေသည်။ ထို့နောက် သူက ဘာသိဘာသာဖြင့်.... "မင်းသမီးက ကျုပ်ကို ဘာပြောချင်လို့လဲ"

မင်းသမီးသည် ချင်ဇန်းကျန် အား ဆက်လက် စူးစိုက်ကြည့်နေခဲ့ပြီး သူမ၏ အိတ်ကပ်မှ ရွှေရောင်စာလိပ်တစ်လိပ်ကို ထုတ်ယူလိုက်သည်။

“ကျွန်မမှာ ခမည်းတော် ဧကရာဇ်ဆီက အမိန့်တော်ရှိတယ်....ဗိုလ်ချုပ်ချင် ကြားတဲ့ဆန္ဒရှိလား....”

ချင်ဇန်းကျန်း အနည်းငယ် ထိတ်လန့်သွားသည်။ သူသည် ယခင်ဧကရာဇ်မင်းမြတ်၏ အရာရှိတစ်ဦးဖြစ်ပြီး သူ့ကို ရိုသေလေးစားသူဖြစ်သောကြောင့် သူ့ကို အလွန်သစ္စာစောင့်သိသည်။ ထို့ကြောင့် ချက်ချင်း ဒူးတစ်ဖက်ထောက်လိုက်သည်။

မင်းသမီးသည် ထိုစာလိပ်ကိုဖွင့်ပြီး ရှင်းလင်းသောအသံဖြင့် စကားလုံးတိုင်းကိုဖတ်ပြလိုက်သည်။

"ဧကရာဇ်ငယ်ကို ကာကွယ်ဖို့နဲ့ ရှပြည်ထောင်စုတော်ရဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ ဗိုလ်ချုပ်ကြီး ချင်ဇန်းကျန်းကို ငါအမိန့်ပေးတယ်......."

မရေမတွက်နိုင်သော အကြည့်များက ချင်ဇန်းကျန်းဆီသို့ ဦးတည်သွားခဲ့သည်။ သူသည် ကြီးမားသောစစ်တပ်အာဏာကိုင်ဆောင်ထားသည့် နယ်ခြားစောင့်တပ်ဗိုလ်ချုပ်ကြီးဖြစ်သည်။သူသည် ရှပြည်ထောင်စုအတွင်း အဓိကကျသော ရာထူးနှင့် တုနှိုင်းမဲ့အာဏာကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သူ၏ရွေးချယ်မှုသည် အလုံးစုံအခြေအနေအပေါ် ဖျောက်ဖျက်၍မရသော အကျိုးသက်ရောက်မှုရှိလိမ့်မည်။

ပွင့်ပွင့်လင်းလင်းပြောရရင် မင်းသမီးလက်ထဲက အမိန့်ဟာ အစစ်လား အတုလားဆိုတာ ဘယ်သူမှ မသိကြပေဖယ သို့သော် ယခုလို အမိန့်ပြန်လိုက်ခြင်းကြောင့် ချင်ဇန်ကျန်း ငြိမ်နေလို့မရတော့ပေ။

ရှေးရိုးစွဲအဖွဲ့ခွဲမှ အဖွဲ့ဝင်ဟောင်းအချို့သည် ဤမြင်ကွင်းကြောင့် လှုပ်လှုပ်ရှားရှား ခံစားခဲ့ရသည်။ ဧကရာဇ်ငယ်လေး၏ အသွင်ပြောင်းမှုကြောင့် ဒေါသထွက်ကာ မင်းသမီးကို ဒေါသဖြစ်ခဲ့ကြသော်လည်း၊ သူမ၏ အပြုအမူများကို မြင်လိုက်ရသဖြင့် လေးလေးနက်နက် သက်ပြင်းချနိုင်ခဲ့သည်။ ဗိုလ်ချုပ်သည် နယ်စပ်တွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် ဝေးကွာနေခဲ့ရပြီး ကိုယ်စားအုပ်ချုပ်သူနှင့်ရော မင်းသမီးနှင့်ပါ ရင်းနှီးသောဆက်ဆံရေး မတည်ဆောက်ခဲ့ကြောင်း ၎င်းတို့ ရှင်းရှင်းလင်းလင်း သိထားကြသည်။ ဗိုလ်ချုပ်သည် ယခင်ဧကရာဇ်မင်းတစ်ပါးမှလွဲ၍ မည်သူ့ကိုမျှ မျက်နှာသာပေးမည့်သူမဟုတ်ကြောင်း ၎င်းတို့လို မျိုးဆက်ဟောင်းများကသာ သိကြသည်။ မင်းသမီးဘက်က ထိုအမိန့်ကို ထုတ်နှုတ်လိုက်သည်မှာ မှန်ကန်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဤအဓိကပုဂ္ဂိုလ်၏ အားနည်းချက်ကို ညွှန်ပြခဲ့သည်။

ထို့အပြင်၊ ချင်ဇန်းကျန်း သည် အမိန့်ပြန်တမ်း၏ စစ်မှန်မှုကို မေးခွန်းထုတ်ရန် ဘယ်သောအခါမှ စိတ်ကူးရှိမည်မဟုတ်ပေ။

ချင်ဇန်းကျန်း၏ ကြမ်းတမ်းသော မျက်နှာသွင်ပြင်မှာ စက္ကန့်အနည်းငယ်မျှ စဉ်းစားနေချိန်တွင် မတုန်မလှုပ် ဖြစ်နေသည်။ ထို့နောက် ဘုရင်မင်းမြတ်၏ အလိုတော်အတိုင်း ရင်ဘတ်ကို ဖိကာ ဉီးညွှတ်လိုက်လေသည်။

ထို့နောက် သူ မတ်တပ်ရပ်ပြီး ကျားရဲနဲ့တူတဲ့ မျက်လုံးတွေနဲ့ ကိုယ်စားအုပ်ချုပ်သူကို စိုက်ကြည့်နေပြီး.... " ရှပြည်ထောင်စုရဲ့ ငြိမ်သက်အေးချမ်းမှုကို ဦးစားပေးဖို့ ကိုယ်စားအုပ်ချုပ်သူကို မေတ္တာရပ်ခံချင်ပါတယ်.... နောက်ထပ်ဒုက္ခတွေ ထပ်မတိုးလာပါစေနဲ့....."

လူအုပ်ကြားတွင် မရေမတွက်နိုင်သော တီးတိုးသံများ ထွက်ပေါ်လာသည်။ ချင်ဇန်းကျန်း၏ စကားများက သူ့ရွေးချယ်မှုကို ထင်ရှားစေသည်။ သံသယဖြစ်ဖွယ်နောက်ခံအမိန့်ကို ရင်ဆိုင်ရသော်လည်း ဧကရာဇ်ငယ်ကို ကာကွယ်ရန် ရွေးချယ်ခဲ့သည်။

"ဗိုလ်ချုပ်ကြီးချင်၊ မင်းရွေးချယ်မှုက ငါ့ကို စိတ်ပျက်စေတယ်" လို့ ကိုယ်စားအုပ်ချုပ်သူ က ပြတ်ပြတ်သားသား ပြန်ဖြေခဲ့သည်။

"နိုင်ငံတော်ကာကွယ်ရေး၀င်္ကပါကို ထိန်းချုပ်နိုင်စွမ်းမရှိတဲ့ ဧကရာဇ်က ရှပြည်ထောင်စု ရဲ့ငြိမ်းချမ်းရေးကို ကာကွယ်နိုင်မယ် ထင်သလား။"

ထို့နောက် အထိတ်တလန့်ဖြစ်နေသော အမျိုးသမီးငယ်လေး ကုန်းကျင်းယောင်ကို ညွှန်ပြလိုက်သည်။

ချင်ဇန်းကျန်းက အေးတိအေးစက်နဲ့ .....

"ကျူပ်တစ်ယောက်တည်းနဲ့ဆို ၀င်္ကပါရဲ့အင်အားကိုမယှဉ်နိူင်ပေမယ့် ရှပြည်ထောင်စု ပေါင်းစည်းလာမယ်ဆိုရင် ကျုပ်တို့ရဲ့ ပေါင်းစည်းမှုအင်အားက ၀င်္ကပါထက် အားနည်းသွားမှာမဟုတ်ဘူးလို့ယုံကြည်တယ် "

"သတ်ဖြတ်ခြင်းနဲ့အောင်ပွဲတွေကိုပဲသိတဲ့ စစ်ဗိုလ်ချုပ်တစ်ယောက်က ဒီလို အဆင်အခြင်မဲ့ ရယ်စရာကောင်းတဲ့ စကားတွေ ပြောထွက်ရဲတယ်နော်...."

ကိုယ်စားအုပ်ချုပ်သူက မထီမဲ့မြင်ပြုကာ ခေါင်းယမ်းလိုက်သည်။

"ဗိုလ်ချုပ်ကြီးက ကျုပ်ကို မထောက်ခံတဲ့အတွက် ကျားဖြူကျော်ဖြတ်ခြင်းကျင့်စဉ် ဒီနှစ်တွေထဲ ဘယ်လောက်များတိုးတက်လာသလဲ စမ်းသပ်ရလိမ့်မယ်...."

ကိုယ်စားအုပ်ချုပ်သူရဲ့အကြည့်တွေ အေးစက်သွားခဲ့သည်။ ချင်ဇန်းကျန်း ၏ထောက်ခံမှုသည် မင်းသမီး၏အဖွဲ့အတွက် ယုံကြည်မှုပြန်လည်ရရှိလာမည်မှာ သေချာပါသည်။ ထို့ကြောင့် သူသည် နောက်ထပ် ခုခံမည့် အကြံအစည်မှန်သမျှကို ချိုးနှိမ်ရန် သူ၏ အကြွင်းမဲ့အာဏာကို သရုပ်ပြရမည်ဖြစ်သည်။

"ကိုယ်စားအုပ်ချုပ်သူက ဒီလိုတောင်းဆိုနေမှတော့ ဘယ်သူ ငြင်းနိုင်မှာလဲ"

ချင်ဇန်းကျန်းသည် သဘာဝအားဖြင့် ရက်စက်ကြမ်းကြုတ်သူတစ်ဦးဖြစ်သည်။ ယခု သူသည် သူ၏ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ထုတ်ပြလိုက်သဖြင့်၊ ကိုယ်စားအုပ်ချုပ်သူကို စော်ကားခြင်း၏ အကျိုးဆက်များကို သူ မကြောက်ရွံ့တော့ပေ။ မာန်သွင်းသံနှင့်အတူ လေထဲသို့ ခုန်ဆင်းကာ သူ့နောက်မှ လေဟာနယ် တုန်ခါသွားပြီး အတွင်းမှ တောင်တန်းကြီးလေးခုနှင့်တူသော မြို့စားရဲတိုက်လေးခုကို ထုတ်ဖော်ပြသကာ သဘာဝစွမ်းအင်ကို အများအပြားစုပ်ယူထားသည်။

သူသည် စတုတ္ထအဆင့်မြို့စားဖြစ်သည်။

အတွေးတစ်ခုဖြင့် မြို့စားရဲတိုက် လေးခုသည် ကိုယ်ပိုင်နယ်မြေအတွင်းမှ များပြားလှသော စွမ်းအင်များကို စုပ်ထုတ်ပစ်လိုက်တော့သည်။ ထိုအခါ ပေတစ်ထောင်ရှည်သော ကျားဖြူတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားကြပြီး ကျားဖြူသည် ရဲရင့်ပြီး တိုက်ပွဲဝင်ဆန္ဒမျာ ထုတ်လွှတ်ကာ ထောင်ချီသော တပ်သားများ၏ အော်သံများနှင့် ကြွေးကြော်သံများ ထွက်ပေါ်လာသည်။

ချင်ဇန်းကျန်းသည် လက်ချောင်းများကို ဆုပ်ကိုင်ကာ လက်သီးချက်ထုတ်ဖော်လိုက်သည်။ တွန်းအားတစ်ခု၏အရှိန်အဟုန်ဖြင့် ကောင်းကင်နှင့်မြေကြီး တုန်ခါနေပုံရပြီး မရေမတွက်နိုင်သော အတားအဆီးမရှိ အားမာန်အပြည့်ဖြင့် စစ်သားများကို အမှန်တကယ် မြင်တွေ့နိုင်သည်။

"ကျားဖြူ ဖြတ်ကျော်မှု၊ စစ်သည်တစ်သောင်း၏ လက်သီးချက်!"

တစ်ချက် ထိုးလိုက်ရုံဖြင့် တိုက်ပွဲဝင်ကြွေးကြော်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ကျားဖြူသည် သောင်းနှင့်ချီသောစစ်သားများကိုအုပ်ချုပ်ရသော စစ်သူကြီးကဲ့သို့ ခုန်ထွက်ကာ ဖိနှိပ်ချုပ်ချယ်နိုင်သော စွမ်းအားဖြင့်ကိုယ်စားအုပ်ချုပ်သူထံသို့ တိုက်ရိုက် ချီတက်ခဲ့သည်။

ဤလက်သီးချက်ကြောင့် ရင်ပြင်အတွင်းရှိ မရေမတွက်နိုင်သော မြို့စားအဆင့်များ၏ အမူအရာများ ပြောင်းလဲသွားစေသည်။

စတုတ္ထအဆင့် ဇူချင်းဟောင်သည်ပင် ၎င်းကိုမြင်သောအခါတွင် အမူအရာ လေးနက်လာသည်။

"ချင်ဇန်းကျန်းက နှစ်ပေါင်းများစွာ သူ့စစ်ဆင်ရေးအတွက် အရေးကြီးတဲ့ စွမ်းအင်ကို ပြုစုပျိုးထောင်ခဲ့ပြီး ကျားဖြူဖြတ်ကျော်မှုရဲ့ စစ်သည်တစ်ထောင် နယ်ပယ်အထိရောက်အောင်လေ့ကျင့်နိုင်ခဲ့တယ်.... "

"တပ်သားတစ်သောင်းရဲ့ လက်ငီးချက်က ရန်သူအားလုံးကို နှိမ်နင်းနိုင်တယ်!"

"ဒီလက်သီးတစ်ချက်က ဝိဉာဉ်တက်လှမ်းခြင်းအဆင့်နဲ့ ယှဉ်နိုင်တယ်....."

ဇူချင်းဟောင်သည် ဤလက်သီးနှင့် တိုက်ရိုက်ထိမိပါက ပြင်းထန်သောဒဏ်ရာကို မလွဲမသွေခံရမည်ကို သိထားသည်။ ချင်ဇန်းကျန်း၏လက်သီးချက်သည် မူလက ကံကြမ္မာအဆင့် မြို့စားပညာရပ်ဖြစ်သည်။ သို့သော်လည်း နှစ်ပေါင်းများစွာ စဉ်ဆက်မပြတ် လေ့ကျင့်မြှင့်တင်ခြင်းများကြောင့် ပိုမြင့်မားသောအဆင့်သို့ ရောက်ရှိခဲ့သည်။

ချင်ဇန်းကျန်း၏ပြိုင်ဘက်သည် သူမဟုတ်သော်လည်း ကိုယ်စားအုပ်ချုပ်သူကို အမှန်ပင် သနားနေမိသည်။

အထွတ်အထိပ် ကျွမ်းကျင်သူ အများအပြား အနီးကပ် စောင့်ကြည့်နေချိန်တွင် ကိုယ်စားအုပ်ချုပ်သူက လက်ဖဝါးကို မြှောက်ထားရင်း အကြည့်များမှိန်ဖျော့သွားခဲ့သည်။ ထိုလုပ်ဆောင်ချက်ကြောင့် သူ၏လက်ဖဝါးသည် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံကာ အဆမတန်ကြီးမားလာပုံရသည်။ မြင့်မားသော တောင်တန်းများနှင့် မြစ်များ၏ ပုံသဏ္ဌန်များ ၎င်း၏ဗဟိုတွင် စတင်ပေါ်လာသည်။

လက်ဖဝါးတစ်ဖက်ကနေ တောင်တန်းများနှင့် မြစ်များ ပြည့်နှက်နေသော ကျယ်ပြန့်သော လွင်ပြင်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။

ဒီပညာရပ်ကြောင့် ကြည့်ရှုသူတွေ တုန်လှုပ်သွားခဲ့ကြသည်။

ဤသည်မှာ ကုန်းမိသားစု၏ သြဇာအကြီးဆုံး မြို့စားအဆင့်ပညာရပ်ဖြစ်သည်။

ဝိဉာဉ်တက်လှမ်းခြင်းအဆင့်၊ တော်ဝင်

တောင်တန်များနှင့်မြစ်ပြင်များ......

All Chapters