ခရမ်းရောင်အမွှေးတိုင်တစ်ချောင်း....
Vol. 49 Ch. 685
တော်ဝင်တောင်တန်းများနှင့် မြစ်ချောင်းပါရှိနေသည့် လက်ဖဝါးတစ်ဖက်က နေကို ဖယ်ရှားပြီး ကောင်းကင်ကြီးကို ဖုံးအုပ်ကာ အောက်ဘက်ရှိ လူတိုင်းအပေါ် အကန့်အသတ်မရှိ ဖိအားများပေးခဲ့သည်။ ပရိသတ်၏ အံ့အားသင့်နေသော မျက်လုံးများရှေ့တွင် ၎င်းသည် ချင်ဇန်းကျန်း၏ စစ်သည်တစ်ထောင် လက်သီးနှင့် တိုက်မိသွားသည်။
ဝုန်းးးးးးး
ထိုဖလှယ်မှုတစ်ခုတည်းကြောင့် ကောင်းကင်ကြီးပြိုကျလုနီးပါးဖြစ်ခဲ့ပြီး ဟာရီကိန်းမုန်တိုင်းဝင်လာသကဲ့သို့ နေရာတိုင်းတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ပမာဏများ ပေါက်ကွဲသွားကာ မြို့တော် အတွင်းရှိ လူတိုင်းကြားနိုင်လောက်အောင် ကျယ်လောင်စွာ ပေါက်ကွဲသွားစေသည်။
ဤမြင်ကွင်းကြောင့် တမြို့လုံး လုံးဝတုန်လှုပ်သွားကာ မရေမတွက်နိုင်သော အကြည့်များက တော်ဝင်နန်းတော်ဆီသို့ဉီးတည်နေကြသည်။
ကုန်းယွမ် ဖန်တီးထားသော လက်ဖဝါးတစ်ဖက်သည် မရေမတွက်နိုင်သော တောင်တန်းများနှင့် မြစ်များကို ထင်ရှားပေါ်လွင်စေပြီး ကျားဖြူကြီးကိုအဆက်မပြတ် ရိုက်ခတ်နေသော တကယ့်အရာဝတ္ထုများဟု ထင်ရသည်။ တောင်တန်းနှင့် မြစ်တစ်စင်းစီ စီးဆင်းလာသည်နှင့်အမျှ ကျားဖြူ နောက်ပြန်ဆုတ်သွားကာ ၎င်းတွင်ရှိသော စစ်သည်တစ်သောင်း၏ စိတ်ဆန္ဒနှင့် စွမ်းအင်တို့သည်လည်း လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
ကျားဖြူ၏ ခံတွင်းမှ ပြင်းထန်သော စွမ်းအင်များ ထွက်လာပြီး တောင်တန်းများကို အပိုင်းပိုင်းအထိ ဖြိုခွဲလိုက်သောအခါတွင် ကျားဖြူ၏ သရုပ်သဏ္ဍာန် ပို၍ထင်ရှားလာသည်။
ဖြစ်ချင်တော့ တောင်တွေ၊ မြစ်တွေက အဆုံးမရှိတဲ့ပုံပေါက်ပြီး တိုက်ပွဲအတွက် အရေးပါတဲ့ စွမ်းအင်တွေကို အဆက်မပြတ်ထောက်ပံ့မှုကုန်ခမ်းတော့မလိုဖြစ်သွားခဲ့သည်။
ထိုအခါ ကိုယ်စားအုပ်ချုပ်သူက လက်သီးဆုပ်လိုက်ပြီး လက်ချောင်းတစ်ချက်ဆန့်ထုတ်လိုက်သည်။
စဉ်ဆက်မပြတ်ကြီးထွားနေသော တောင်တန်းများနှင့် မြစ်ချောင်းများကြားတွင် အထူးကြီးကျယ်ခမ်းနားသော တောင်ကြီးတစ်ခု ပေါ်လာသည်။ ၎င်းသည် လုံးလုံးလျားလျား အနက်ရောင်ဖြစ်ပြီး သံမဏိဖြင့် ပြုလုပ်ထားသကဲ့သို့ လေးလံသောခံစားမှုကို ထုတ်လွှတ်သည်။ ဤတစ်ခုတည်းသောတောင်ကြီး၏အသွင်အပြင်နှင့်အတူ၊ ယခင်ကထင်ရှားခဲ့သောတောင်များနှင့်မြစ်များ၏ဖိအားများက အနက်ရောင်တောင်ကြီးနှင့်အတူ ကျားဖြူပေါ်သို့ ကျဆင်းလာခဲ့သည်။
ဝေါင်းးးးးးး
ကျားဖြူသည် ချေမှုန်းမှုဒဏ်ကို ခံနိုင်ရည်ရှိသော်လည်း သိသာထင်ရှားစွာ နာကျင်နေပုံရသည်။
အတွင်းမှ စစ်သည်တစ်သောင်း စိတ်ဆန္ဒများ ပြင်းထန်စွာ ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ် ၎င်း၏ အစွမ်းရှိသမျှ ခုခံခဲ့သည်။ ကံမကောင်းစွာပဲ၊ အနက်ရောင်တောင်ကြီးသည် ဖျက်ဆီး၍မရနိုင်အောင်ခိုင်မာလွန်းလှသည်။ တိုက်ခိုက်မှုတွေ သဲသဲမဲမဲဖြစ်နေပေမယ့် တောင်ကြီးကတော့ မလှုပ်မယှက်ဖြစ်နေဆဲပင်.... စစ်သည်တစ်သောင်းလက်သီးချက် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး နောက်ဆုံးတွင် ကျားဖြူ၏ သရုပ်သဏ္ဍာန်သည်လည်း သနားစရာကောင်းသော ညည်းသံဖြင့် ပျက်ပြယ်သွားလေသည်။
ကျားဖြူ၏ အရိပ်အယောင် ကွဲပျက်သွားသောအခါ၊ ချင်ကျန်းကျန်း၏ ခန္ဓာကိုယ် တုန်လှုပ်သွားပြီး ဖြူဖျော့စွာဖြင့်
ခြေလှမ်းနှစ်လှမ်း နောက်ဆုတ်လိုက်ရသည်။
ချင်ဇန်းကျန်းသည် ကိုယ်စားအုပ်ချုပ်သူနှင့် ထိပ်တိုက်တွေ့သောအခါ အားနည်းချက်တစ်ခုအဖြစ်သို့ ကျရောက်ခဲ့သည်။
သို့တိုင် ဤသည်မှာ မျှော်လင့်မထားသော ရလဒ်မဟုတ်ပေ။ ကိုယ်စားအုပ်ချုပ်သူ သည် ပဉ္စမအဆငိ့မြို့စားဖြစ်ပြီး ဝိဉာဉ်တက်လှမ်းခြင်းအဆင့်ကျင့်စဉ်ကို ပိုင်ဆိုင်ထားသည်။ သူသည် ချင်ဇန်းကျန်းနဲ့ ယှဉ်ရင် အရပ်ရပ်မှာ သာလွန်နေသည့်အတွက်သူ့မှာ အသာစီးမရနိုင်စရာ အကြောင်းမရှိပေ။
လူနှစ်ဦး ထိပ်တိုက်တွေ့သောအခါ၊ တိုက်ပွဲကို ကြီးမားသော တိုက်ခိုက်မှုတစ်ခုတည်းဖြင့် ဆုံးဖြတ်လေ့ရှိသည်။
အခုတော့ ကိုယ်စားအုပ်ချုပ်သူက အားသာချက်ကို ထိန်းထားသဖြင့် သူ့ဘေးက လူတွေရဲ့ စိတ်ဓာတ်တွေ တဟုန်ထိုး တက်လာပြီး သူတို့ရဲ့ အငွေ့အသက်တွေက ဓါးသွားတွေလို ထက်မြလာသည်။ မင်းသမီးရဲ့ နံဘေးက လူတွေကတော့ လေးနက်တဲ့ အမူအရာတွေဖြင့် မျက်မှောင်ကြုံ့နေကြသည်။
"ဗိုလ်ချုပ်ကြီးချင်၊ ခင်ဗျားက ရှပြည်ထောင်စုတော်ရဲ့ အဓိကထောက်တိုင်ပါ.... နယ်စပ်ဒေသ တည်ငြိမ်ဖို့ ခင်ဗျားကို လိုအပ်တယ်.... ဧကရာဇ် ဘယ်သူဖြစ်ပါစေ ခင်ဗျားရဲ့ အနေအထားကပြောင်းလဲစရာအကြောင်းမရှိတာမို့ ဒီတိုက်ပွဲမှာ ပါဝင်ဖို့ဘာလို့ရွေးချယ်ခဲ့တာလဲ...."
ကိုယ်စားအုပ်ချုပ်သူသည် အောင်ပွဲခံနိုင်သော်လည်း ချင်ကျန်းကျန်းအား ဆွဲဆောင်မှုဖို့ အရှုံးမပေးသေးပေ။
သူ့စကားက သူနန်းတက်ရင်တောင် ရာထူးကနေမထုတ်ပယ်ဖို့ ချင်ဇန်းကျန်းကို အရိပ်အမြွက်ပြထားပြီးပင်....
ချင်ဇန်းကျန်းက ကြမ်းကြမ်းတမ်းတမ်း ရယ်မောရင်း သူ့စကားတွေကို နားထောင်လိုက်ကာ..... "ကျုပ် ဒီရာထူးကို တကယ်ဂရုစိုက်တယ်လို့ မင်းထင်နေတာလား ကိုယ်စားအုပ်ချုပ်သူ......"
ကိုယ်စားအုပ်ချုပ်သူက စိတ်ရင်းမှန်ဖြင့် ပြန်ဖြေလိုက်သည်။ “ရှနိုင်ငံတော်က ခင်ဗျားကို လိုအပ်နေတယ်လို့ ခံစားရတယ်”
ကိုယ်စားအုပ်ချုပ်သူသည် စကားစမြည်ပြောစဉ်တွင် သူသည် ယဉ်ကျေးသိမ်မွေ့နေခဲ့သော်လည်း ချင်ဇန်းကျန်းသည် ဆုံးဖြတ်ချက်ချပြီးသည့်နောက် စကားလုံးသက်သက်ဖြင့် ဘယ်သောအခါမှ တုန်လှုပ်မည့် ပုဂ္ဂိုလ်မျိုးမဟုတ်ပင်...
" ရှပြည်ထောင်စုရဲ့ ငြိမ်းချမ်းရေးကို တခြားအရာတွေထက် ဉီးစားပေးဖို့ ကိုယ်စားအုပ်ချုပ်သူကို တောင်းဆိုပါရစေ...."
ချင်ဇန်းကျန်း၏နှလုံးသားက မလှုပ်ရှားနိုင်တော့သဖြင့် အသုံးမကျသောစကားလုံးများဖြင့် နှောက်ယှက်ခြင်းမပြုနိုငိတော့ကြောင်း ကိုယ်စားအုပ်ချုပ်သူ နားလည်သွားခဲ့သည်။ အဲဒီအစား သူက ရင်ပြင်မှာရှိတဲ့ ဂိုဏ်းခွဲခေါင်းဆောင် မြောက်မြားစွာကို လှည့်ကြည့်ပြီး ....“ဒီမှာ ဘယ်သူက ကျုပ်ကို ထောက်ခံချင်တာလဲ” လို့ အေးအေးဆေးဆေး မေးလိုက်လေသည်။
ကြယ်တာယာခရီးရှည်ကောလိပ် နှင့်ရွှေနဂါးဘဏ်တိုက်မှ ပုဂ္ဂိုလ်များသည် ရိုးရှင်းစွာ ဘေးဖယ်နေကြပြီး အကြောင်းမပြန်ကြပေ။
ဂျိယန်အိမ်တော်၏ ဇူချင်းဟောင် သည် အနည်းငယ် ပြုံးကာ မတ်တပ်ရပ်ပြီူ....
"ကိုယ်စားအုပ်ချုပ်သူက ရှပြည်ထောင်စုရဲ့
အရေးကိစ္စတွေကို နှစ်ပေါင်းများစွာ စီမံအုပ်ချုပ်ခဲ့တယ်... ရလဒ်အနေနဲ သူ့ရဲ့အုပ်ချုပ်မှုစွမ်းရည် မြင့်တက်လာတာမို့ ကိုယ်စားအုပ်ချုပ်သူကို ကျုပ်ယုံကြည်တယ်.... ကိုယ်စားအုပ်ချုပ်သူသာ ရှပြည်ထောင်စုကို အုပ်ချုပ်နိုင်ရင် တောက်ပတဲ့အနာဂတ်တစ်ခုက ကျုပ်တို့ကို စောင့်ကြိုနေလိမ့်မယ်... ရှတိုင်းပြည်က အရှေ့ပိုင်းကုန်းမြေမှာ အသန်မာဆုံး နိုင်ငံဖြစ်လာနိုင်တယ်...." အခြေအနေအပေါ် သူ၏သဘောထားကို တိုက်ရိုက်ပြသခဲ့သည်။
ယနေ့အိမ်တော်ငါးခုတွင် ဂျိယန်အိမ်တော် သည် လီတိုင်ရွှမ်နှင့်တန်တိုင်လန်တို့ ပျောက်ဆုံးမှုနှင့်အတူ အသန်မာဆုံးဖြစ်လာခဲ့သည်။ ဇူချင်းဟောင် ကိုယ်တိုင် စတုတ္ထအဆင့်မြို့စားအဆင့်သို့ ရောက်ရှိခဲ့ပြီး နိုင်ငံ၏ အင်အားအကောင်းဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံရနိုင်သည်။
ထို့ကြောင့် သူ၏စကားများသည် အုပ်စုကြားတွင် သိသိသာသာ အံ့အားသင့်စေခဲ့သည်။
မင်းသမီး၏ဘက်တွင် မရေမတွက်နိုင်သော ပုဂ္ဂိုလ်များသည် မျက်နှာပျက်ကုန်ကြသည်။
ကျင်းချွဲ့အိမ်တော်ရဲ့ စီချင်းကလည်း ပြုံးပြီး မတ်တပ်ထရပ်လိုက်သည်။
"ကျင်းချွဲ့အိမ်တော်ကလည်း ကိုယ်စားအုပ်ချုပ်သူက ဧကရာဇ်ဖြစ်ဖို့ အကောင်းဆုံးရွေးချယ်မှုဖြစ်တယ်လို့ ယုံကြည်ပါတယ်.... "
အကယ်၍ အတိတ်ကာလမှာသာဆိုရင် စီချင်းသည် ထိုကဲ့သို့သော ကိစ္စများတွင် ပါဝင်ရန် စိတ်ကူးရှိမည်မဟုတ်ပေ။ သို့သော်၊ လော့လန်အိမ်တော်၏ အိမ်တော်စုဝေးပွဲ ပြီးနောက်၊ သူသည် ကိုယ်စားအုပ်ချုပ်သူကို အားကိုးပြီး သူ့အရိပ်အောက်တွင် ပုန်းအောင်းရန် ရွေးချယ်ခဲ့ရသည်။ ဤနည်းအားဖြင့် လီတိုင်ရွှမ်နှင့် ယတန်တိုင်လန်တို့ ပြန်လာခဲ့ပါက ကိုယ်စားအုပ်ချုပ်သူ၏ အကူအညီကို ရရှိမည်ဖြစ်သည်။ အံ့သြစရာကောင်းတာက အဲဒီနှစ်ယောက်ဟာ သူ့မျက်လုံးထဲမှာ ဆူးပင်တွေဖြစ်ခဲ့သည်။ စီချင်း၏ စကားများသည် ပရိသတ်ကြားတွင် ကျယ်လောင်စွာ ဆူညံသွားခဲ့သည်။
ကြီးမြတ်သောအိမ်တော်ငါးခုအနက် နှစ်ခုက ကိုယ်စားအုပ်ချုပ်သူနှင့် လက်တွဲရန် ရွေးချယ်ထားသောကြောင့် သူသည် များစွာသောထောက်ခံမှုရှိကြောင်း ရှုမြင်နိုင်သည်။
အချို့သော အကြည့်များသည် လော့လန်အိမ်တော်ဆီသို့ ဦးတည်သွားသည် ။ ထို့အတူ ကိုယ်စားအုပ်ချုပ်သူသည် လီလော့ နှင့် ကျန်းချင်းအာတို့ကို အပြုံးတစ်ခုဖြင့် စိုက်ကြည့်နေသည်။
"အိမ်တော်သခင် လီလော့၊ လော့လန်အိမ်တော်နဲ့အရင်တုန်းက သဘောထား ကွဲလွဲမှုတွေရှိခဲ့ပေမယ့် မင်းငါ့ကိုထောက်ခံချင်တယ်ဆိုရင် လီတိုင်ရွှမ်တို့ပြန်ရောက်ရင် ငါ့လုပ်ရပ်အတွက် တောင်းပန်ပြီး ရန်လိုမုန်းတီးမှုကို ခင်မင်ရင်းနှီးမှုအဖြစ် ပြောင်းလဲပေးပါ့မယ်...."
လီလော့ စိတ်ထဲကနေ အေးစက်စွာ ရယ်မောလိုက်သည်။ အကယ်၍ သူ့မိဘများ အမှန်တကယ် ပြန်လာခဲ့ပါက ကိုယ်စားအုပ်ချုပ်သူ အတွက် တောင်းပန်ရန် အခွင့်အရေးပင် ရှိမည်မဟုတ်ပေ။
"နန်းတက်ပွဲကိစ္စက ရှပြည်ထောင်စုတစ်ခုလုံးနဲ့ပတ်သက်တဲ့ အခြေခံပြဿနာပါ....ဒီကိစ္စက ရှပြည်ထောင်စုကို ကမောက်ကမဖြစ်အောင်သာ ဦးတည်စေတာကြောင့် အလွယ်တကူ ပြောင်းလဲသင့်တယ်လို့ မထင်ဘူး....."
လီလော့၏ တည်ငြိမ်သော စကားလုံးများသည် ကိုယ်စားအုပ်ချုပ်သူကို မျက်နှာဖြတ်ရိုက်လိုက်သလိုပင်....မပြေနိုင်သောရန်စများပျိုးထားပြီးသောကြောင့် မျက်နှာသာပေးနေဖို့မတော့ပေ။
လီလော့ ၏ စကားများကို နားထောင်ရင်း ကိုယ်စားအုပ်ချုပ်သူ၏ အမူအရာမှာ မပြောင်းလဲဘဲ သူ့မျက်လုံးများသာ အနည်းငယ် မှုန်မှိုင်းသွားသည်။ ထိုသို့သောအဖြေကို သူမျှော်လင့်ထားပြီးသားဖြစ်သော်လည်း မျိုးဆက်သစ်လူငယ်လေးများ၏ ငြင်းပယ်ခံရခြင်းသည် ဒေါသဖြစ်စရာအတွေ့အကြုံတစ်ခုဖြစ်သည်။
တစ်ချိန်တည်းမှာပဲ ဒူဇီအိမ်တော်ရဲ့ ဒူဇီယန်ကလည်း....
"ဒူဇီအိမ်တော်က ဒီကိစ္စမှာ ပါဝင်ပတ်သတ်မှာ မဟုတ်ဘူး။ ဒါက တော်ဝင်မိသားစုရဲ့ အတွင်းရေးတိုက်ပွဲဖြစ်တာကြောင့် ကျုပ်တို့နဲ့ ဘာမှ မဆိုင်ဘူး......"
ဤအချိန်တွင် မတက်ရောက်နိုင်သော လန်လင်းအိမ်တော်မှလွဲ၍ အိမ်တော်များအားလုံးသည် ၎င်းတို့၏ရပ်တည်ချက်ကို ရှင်းလင်းစွာဖော်ပြခဲ့သည်။
ဤအိမ်တော်များအပြင် ရှပြည်ထောင်စု၏ ထိပ်တန်းအဆင့် မျိုးနွယ်စုအချို့လည်း ရှိနေသည်။ ဤမျိုးနွယ်စုများသည် မှန်ကန်သောအခြေခံအုတ်မြစ်များရှိပြီး ၎င်းတို့၏အင်အားသည် ကြီးမြတ်သောအိမ်တော်များနှင့်မတူညီသော်လည်း ၎င်းတို့သည် ပညာရှိစွာလုပ်ဆောင်ရန်နှင့် ဘေးကင်းရန်အမြဲရွေးချယ်ခဲ့သည်။ အစကတည်းက ကိုယ်စားအုပ်ချုပ်သူနှင့်ပတ်သက်ခဲ့သူ အနည်းငယ်သာ ၎င်းတို့၏ ထောက်ခံမှုကို ဖော်ပြရန် ရွေးချယ်ခဲ့သော်လည်း ကျန်လူများမှာ ကြားနေခဲ့သည်။
ဒါက မင်းသမီးအတွက် သတင်းကောင်းမဟုတ်ခဲ့ပေ။ ကြားနေခြင်းသည် ကိုယ်စားအုပ်ချုပ်သူကို ဧကရာဇ်ဖြစ်ရန် သွယ်ဝိုက်၍ ထောက်ခံကြောင်း ပြသခြင်းနှင့် ကွာခြားမှုမရှိပေ။
လက်ရှိတွင် ကိုယ်စားအုပ်ချုပ်သူဘက်က ပိုအလေးသာနေသည်။
" လွမ်ယု ၊ ငါလုပ်နေတာက တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒကြောင့်မဟုတ်ဘဲ တိုင်းပြည်ကောင်းစားဖို့အတွက်ပါ.... နိုင်ငံတော် ကာကွယ်ရေး၀င်္ကပါရဲ့ အရေးပါမှုကပေါ့သေးသေးမဟုတ်ဘူး... အခု မင်းနဲ့ကျင်းယောင်တို့ နှစ်ယောက်စလုံးက ဒါကို ထိန်းချုပ်ပိုင်ခွင့် ဆုံးရှုံးသွားတဲ့အတွက် ဘာလို့ လက်မလျော့သေးတာလဲ..." ကိုယ်စားအုပ်ချုပ်သူသည် မင်းသမီးအား အရှုံးပေးရန် အကြံပေးကာ မာနကြီးစွာ စောင့်ကြည့်ခဲ့သည်။
မင်းသမီး၏ လှပသောမျက်နှာ မှေးမှိန်နေခဲ့သည်။ သူမသည် ကိုယ်စားအုပ်ချုပ်သူ၏ ရယ်စရာကောင်းသော စကားကို လုံးဝ လျစ်လျူရှုခဲ့ပြီး ပတ်ဝန်းကျင်ရှိ လူများ၏ မျက်နှာများကိုသာ စောင့်ကြည့်ရန် ရွေးချယ်ခဲ့သည်။
"ကုန်းယွမ်၊ ရှင်တကယ်ပဲ အနိုင်ရသွားပြီလို့ထင်လား"
ကိုယ်စားအုပ်ချုပ်သူက ဘာမှပြန်မဖြေခဲ့ပေ။
မင်းသမီးက..... "ရှင် မကြားရသေးတဲ့ ထင်မြင်ချက်တစ်ခုရှိတယ်ဆိုတာ မေ့သွားပြီလား"
ဤအခိုက်အတန့်တွင် ကိုယ်စားအုပ်ချုပ်သူက..... "မင်း ဖန်ချန်ယွမ်ကို ရည်ညွှန်းနေတာလား....သူက အရိပိလှိုဏ်ဂူကို နှစ်အတော်ကြာ စောင့်ကြပ်နေတာမို့ ပြီးတော့ ဒီလိုအသေးအဖွဲကိစ္စတွေကို စိတ်ပူဖို့ သူ့မှာ အချိန်မရှိလောက်ဘူး....."
"ခမည်းတော် နတ်ရွာစံခါနီးမှာ ငါ သူ့ဘေးနားမှရှိနေခဲ့တာ..... ကျောင်းအုပ် ဖန်ချန်ယွမ်က နန်းတက်ပွဲအခမ်းအနားမှာ ကျင်းယောင်ကို ထောက်ပံ့မယ်လို့ကတိပြုခဲ့ဖူးတယ်....."
ဤစကားများသည် တစ်ဉီးချင်းစီတိုင်းကို ချက်ချင်းပင် ထိတ်လန့်စေပါသည်။
ရှပြည်ထောင်စုရဲ့ အသန်မာဆုံး ကျွမ်းကျင်သူက ဧကရာဇ်ဟောင်းကို အမှန်တကယ် ကတိပေးခဲ့သလား.......
ကိုယ်စားအုပ်ချုပ်သူသည် သူ့အင်္ကျီအတွင်းမှ လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်ထားသည်။
"လွမ်ယု၊ သွေးရူးသွေးတန်းတွေလျှောက်မပြောနဲ့.... ဒါက ကုန်း မိသားစုရဲ့ ကိစ္စပါ..... ကျောင်းအုပ်ကြီးဖန်လို အပြင်လူတွေက ငါတို့ရဲ့ ကိစ္စတွေကို ဝင်စွက်ဖက်မှာ မဟုတ်ဘူး"
ထို့နောက် မင်းသမီးသည် သူမ၏ ကျောက်စိမ်းနှင့်တူသော လက်ကို လှန်လိုက်ရာ သူမ၏ လက်ချောင်းများကြားတွင် ခရမ်းရောင် အမွှေးတိုင်လေးတစ်ချောင်း ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူမသည် ပဲ့တင်ထပ်သံစွမ်းအားကို အသုံးပြုကာ အမွှေးတိုင်ကိုထွန်းညှိလိုက်သည်။ထိုအခါ စိမ်းလန်းသော မီးခိုးငွေ့များ ကောင်းကင်သို့ ပျင်းရိစွာ လွင့်ပျံလာသည်။
"လွမ်ယု မင်းဘာလုပ်နေတာလဲ?"
"ဒါက ကျောင်းအုပ်ကြီးဖန် ခမည်းတော်ကို ပေးခဲ့တဲ့ အရာတစ်ခုပဲ.... ဒီနံ့သာတိုင်ကိုထွန်းထားသရွေ့ သူ ဒီကိုရောက်လာလိမ့်မယ်..... ရှပြည်ထောင်စု မငြိမ်မသက် မဖြစ်ရအောင် ငါ သူ့ကို မလွှဲမရှောင်သာ ဖိတ်ရမယ်"
မင်းသမီးက အမှုမဲ့အမှတ်မဲ့ ပြန်ဖြေလိုက်သည်။
လူတိုင်းက မိုးကြိုးပစ်ခံရသလို ခံစားနေရသည်။ မင်းသမီးတွင် နှစ်ပေါင်းများစွာ မတွေ့ဖူးသော ခဲယဉ်းသော ကျောင်းအုပ်ကြီးဖန် ကို ခေါ်ယူသည့်နည်းလမ်း အမှန်တကယ်ရှိနေသည်။
ကိုယ်စားအုပ်ချုပ်သူသည် ခရမ်းရောင်အမွှေးတိုင်တစ်ချောင်းကို စိတ်ပျက်လက်ပျက်ကြည့်နေသည်။ နောက်ဆုံးတွင် ငြိမ်သက်သော အနေအထားသို့ ပြန်ရောက်မလာမီ သူ့မျက်နှာတွင် အမူအရာမျိုးစုံ ပြောင်းလဲသွားသည်။ သူ့စိတ်ထဲတွင် လှောင်ရယ်နေရုံမျှဖြင့် စကားမပြောတော့ပေ။
ကုန်းလွမ်ယုသည် ငယ်ရွယ်ပြီး နုံအလွန်းသည်။ ကျောင်းအုပ်ကြီးဖန် ရင်ဆိုင်နေရသောအရာကို သူမ မသိနိုင်သေးပေ။
ဒီအခြေအနေကနေ ရုန်းထွက်ချင်နေတာက အိပ်မက်တစ်ခုပင်.....
ထားလိုက်ပါတော့.... အမွှေးတိုင်တွေ မီးရှို့ပြီးတာနဲ့၊ လွမ်ယု ပိုင်ဆိုင်ထားတဲ့ ကျန်ရှိနေတဲ့ မျှော်လင့်ချက်တွေကို မလွဲမသွေ ပျက်ဆီးသွားစေပြီး သူမကို စိတ်ပျက်လက်ပျက် ဖြစ်သွားစေလိမ့်မယ်...အဲ့အခါကျရင် ဘယ်သူ ငါ့ကိုဆန့်ကျင်နိုင်ဉီးမလဲ......