← Chapters

ဖန်ချန်ယွမ်၏အရံအစီအစဉ်....

Vol. 49 Ch. 686

ဖန်ချန်ယွမ်၏အရံအစီအစဉ်....

Vol. 49 Ch. 686

ခရမ်းရောင်အမွှေးတိုင်က အငွေ့တွေ ကောင်းကင်ကို ပျံဝဲလာချိန်မှာတော့ အဖြူရောင် ကျောက်စိမ်း ရင်ပြင်ထဲက လူတိုင်းက အဲဒီအပေါ်မှာ အာရုံစူးစိုက်မှု အပြည့်ရှိနေကြသည်။

ကြယ်တာယာခရီးရှည်ကောလိပ်မှ ဖန်ချန်ယွမ်သည် တောင်တန်းနှင့်တူသော မြင့်မားသော တည်ရှိမှုဖြစ်ပြီး ရှပြည်ထောင်စုတွင် အားလုံး၏ အာရုံစိုက်မှုကို ခံရသည်။

အဘယ်ကြောင့်ဆိုသော်? သူသည် နိုင်ငံတော်တွင် တစ်ဉီးတည်းသော ဘုရင်အဆင့်ကျွမ်းကျင်သူဖြစ်သောကြောင့်ပင်.....

ထိုသို့သော ခွန်အားသည် ရှပြည်ထောင်စု တွင် အသန်မာဆုံးသော သူရဲကောင်းများကြားတွင်သာ မဟုတ်ဘဲ အရှေ့ပိုင်းနတ်ဘုရားကုန်းမြေထိပင်ကျော်ကြားစေသည်။ ၎င်းသည် စကားလုံးတစ်လုံးတည်းဖြင့် နိုင်ငံတော်ကို ထိန်းချုပ်နိုင်သည့် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူဖြစ်သည်။ သူသည် ကြယ်တာယာခရီးရှည်ကောလိပ်၏ကျောင်းအုပ်ဖြစ်ခဲ့သည်မှာ ကောင်းသောအချက်ဖြစ်သည်။ မဟုတ်ရင် ရှပြည်ထောင်စုရှိ အင်အားစုတိုင်းက သူ့ကို ဖြုတ်ချဖို့ ကြိုးစားပြီး တော်ဝင်နန်းတော် ပျက်စီးသွားတာ ကြာလှချေပြီ။

ဖန်ချန်ယွမ်သည် အရိပ်လှိုဏ်ဂူ၏ အနက်ရှိုင်းဆုံးတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး ပြင်ပကမ္ဘာတွင် ပေါ်မလာခဲ့ပေ။ ရလဒ်အနေဖြင့် သူ၏သြဇာလွှမ်းမိုးမှု ဆုတ်ယုတ်သွားကာ အချို့သော စွမ်းအားသစ်များက သူ့အကြောင်းကိုပင် မကြားဖူးတော့ပေ။ သို့သော် ယနေ့အခမ်းအနားသို့ တက်ရောက်လာသူအားလုံးက ဘုရင်အဆင့်၏ အကြွင်းမဲ့ဖိနှိပ်မှုကို နားလည်သဘောပေါက်ခဲ့ကြသည်။

ကျောင်းအုပ်ကြီးကို ဆင့်ခေါ်နိုင်တဲ့ အမွှေးတိုင်တစ်ချောင်းက အဆုံးစွန်သော ဝှက်ဖဲတစ်ခုပင်......

ကိုယ်စားအုပ်ချုပ်သူသည် ယခုအချိန်တွင် ကြီးကျယ်ခမ်းနားပြီး သူ့လမ်းစဉ်အတိုင်း လိုက်လျောညီထွေရှိပုံရသော်လည်း ကျောင်းအုပ်ကြီးကိုယ်တိုင် ပေါ်လာပြီး ဧကရာဇ်ငယ်ကို တိုက်ရိုက်ထောက်ခံပါက ကိုယ်စားအုပ်ချုပ်သူလက်အောက်တွင်စုရုံးနေသော တပ်များသည်လည်း ဆုတ်ခွာသွားရမည်ဖြစ်သည်။

ဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်သည် ဤနေရာတွင် အမြင့်ဆုံးစိုးစံခဲ့သည်။ ဘုရင်အဆင့်ကျွမ်းကျင်သူကို ဧကရာဇ်တစ်ပါးနှင့် နှိုင်းယှဉ်ရန် ဝေးကွာလှသည်။

ကိုယ်စားအုပ်ချုပ်သူ၏ အမူအရာသည် ပင်လယ်နက်ထဲသို့ နစ်မြုပ်သွားသကဲ့သို့ ပြိုလဲသွားသည်။ အမွှေးတိုင်မီးကို ငြှိမ်းသတ်ရန် လက်လှမ်းမမီသော်လည်း ဆက်လက် စိုက်ကြည့်နေသည်။ သို့သော်၊ ဤအရာသည် သူ မရပ်တန့်နိုင်သော အရာကြောင်းရှင်စလင်းစွာနားလည်ထားသည်။

ထို့အပြင်၊ ဖန်ချန်ယွမ်ကို ဆင့်ခေါ်ခြင်းအား တားဆီးမည်ဆိုပါက ကြယ်တာယာခရီးရှည်ကောလိပ်က အနှောက်အယှက်မပေးဘဒ ငြိမ်ငြိမ်လေးထိုင်နေမည်လား။ ဤလုပ်ရပ်သည် ကောလိပ်ကို ပစ်မှတ်ထားသည်ဟု ရှုမြင်နိုင်သည်မဟုတ်လော။

အရေးအကြီးဆုံးကတော့ ဖန်ချန်ယွမ်ကိုလည်း စော်ကားရာရောက်သွားပေလိမ့်မည်။

ကိုယ်စားအုပ်ချုပ်သူသည် ရွံရှာဖွယ် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသော်လည်း ၎င်းတို့၏ အစီအစဉ် မပြီးမီတွင် ရန်လိုမှုများ ဖွင့်ရန် မသင့်လျော်ပေ။

ရလဒ်အနေဖြင့် ဖန်ချန်ယွမ်အနေဖြင့် သူ၏လက်ရှိအခြေအနေမှ အလွယ်တကူ ရုန်းမထွက်နိုင်မှန်း သိသဖြင့် စိတ်ရှည်သည်းခံနေရန်သာဆုံးဖြတ်ခဲ့သည်။

ဒီနည်းလမ်းကို တွေးကြည့်ခြင်းအားဖြင့် စ်ိတ်သက်သာရာရစေသည့် ခံစားချက်ကို ဖြည်းဖြည်းချင်း ပြန်လည်ရရှိခဲ့သည်။

ဤသည်မှာ ကောင်းသောအရာဖြစ်ကောင်းဖြစ်နိုင်သည်။ ကုန်းလွမ်ယုက နောက်ဆုံး ဝှက်ဖဲကို အသုံးချခဲ့ပြီး ဖန်ချန်ယွမ် အမှန်တကယ် ပေါ်မလာပါက၊ သူ့အကြံအစည်များ မအောင်မြင်အောင် တားဆီးနိုင်သူ မရှိနိုင်တော့ပေ။

……..................

အရိပ်လှိုဏ်ဂူ၏ အနက်ရှိုင်းဆုံးတွင်.....

ကမ္ဘာပျက်စေလောက်သော စွမ်းအင် ဒီရေများသည် နေရာတိုင်းတွင် ကြောက်မက်ဖွယ် စွမ်းအားများဖြင့် ဆက်လက် တောက်လောင်နေပါသည်။

ရှေးနဂါးဆင်များသည် လေဟာနယ်အက်ကွဲကြောင်းကို ဖြည်းညှင်းစွာ ဆွဲယူလိုက်သဖြင့် ကမ္ဘာနှစ်နိုင်ငံကြားရှိ လေဟာနယ်အက်ကြောင်းကြီးကို တဖြည်းဖြည်း ကျုံ့သွားစေသည်။ မကောင်းသော အကြံအစည်များဖြင့် ဖန်တီးထားသော ဆိုးယုတ်သောမြစ်သည် အက်ကွဲကြောင်းအတွင်း စီးဆင်းနေသည်ကို မြင်တွေ့နိုင်သည်။ အနက်ရောင်

ကြာပန်းအမြောက်အမြား ထွက်ပေါ်လာပြီး အက်ကြောင်းကို ပြုပြင်ရန် ကြိုးပမ်းနေသော ရှေးနဂါးဆင်များကို အဆက်မပြတ် တိုက်ခိုက်နေတော့သည်။

နှစ်ဖက်စလုံ ရုန်းကန်နေရချိန်မှာတော့ မြင်ကွင်းက အတော်လေး ငြိမ်သက်နေပုံရပေမယ့် တကယ်တမ်းတွင်မူ လှုပ်ရှားမှုတိုင်းတွင် အရာဝတ္ထုအားလုံးကို ချေမှုန်းဖို့ လုံလောက်တဲ့ အင်အားများပါရှိနေသည်။

အနက်ရောင်ကြာပန်းများသည် ရှေးနဂါးဆင်များနှင့် တိုက်မိသည့်အခါတိုင်း ထွက်ပေါ်လာသော ပေါက်ကွဲမှုသည် ပြင်ပကမ္ဘာကို မထင်မှတ်နိုင်သော ပျက်စီးဆုံးရှုံးမှုများဖြစ်စေရန် လုံလောက်ပါသည်။

ဖန်ချန်ယွမ်သည် ဤမြင်ကွင်းကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ရှန်းလိသစ်ပင်တွင် ဖြစ်ပေါ်လာသော အပြောင်းအလဲများကြောင့် သူ၏ ဆင်နဂါး၀င်္ကပါ ရပ်တန့်သွားခဲ့သည်။ ရှန်းလိသစ်ပင်၏ အဆက်မပြတ် ပံ့ပိုးမှုမရှိဘဲ လုံကူရှန့်ပိန်းနှင့်ပင် ပြိုင်ဘက်အပေါ် အသာစီးမရနိုင်သောကြောင့် အနည်းငယ် စိတ်ပူနေရသည်။

ယွီလဲ့ဘုရင်သည် သူ့ကိုစိန်ခေါ်ရန် အရိပ်ကမ္ဘာ၏အကူအညီကို ချေးငှားနေကြောင်း သူသိသည်။

တစ်ချိန်တည်းမှာပင်၊ အက်ကွဲကြောင်း အဆက်မပြတ် ပြုပြင်နေသဖြင့် အချိန်ပိုလိုအပ်နေပါသည်။

လုံကူရှန့်ပိန်းသည် ယွီလဲ့ဘုရင်အား ဖိအားအနည်းငယ်မျှ မပေးနိုင်ခဲ့ပေ။

အခြေအနေကို သူဆက်လက်တွေးတောရင်းနှင့် အော်သံတစ်ခုခုကို ခံစားလိုက်ရသဖြင့် သူ့အမူအရာ ပြောင်းလဲသွားသည်။

"ဒီနေ့ နန်းတက်ပွဲလား? ငါမျှော်လင့်ထားသလိုပဲ..... ကုန်းရွှမ်....မင်းရဲ့ အမှန်တရားကို ဖုံးကွယ်ဖို့ အစီအစဉ်က မှားသွားခဲ့ပြီ....."

ဖန်ချန်ယွမ် သက်ပြင်းချလိုက်သည်။ သူနှင့်ယခင်ဧကရာဇ်သည် အသိအကျွမ်းဟောင်းများဖြစ်၍ ကျေးဇူးဆပ်ရန် အကြွေးတင်ခဲ့သည်။ ထို့ကြောင့် ဧကရာဇ် မကွယ်လွန်မီက ခရမ်းရောင်အမွှေးတိုင်ကိုပေးအပ်ခဲ့သည်။

ဧကရာဇ်သည် ဖန်ချန်ယွမ်က သားသမီးများကို ကာကွယ်ပေးရန်သာ မျှော်လင့်ခဲ့သည်။ မူလက ဖန်ချန်ယွမ်သည် အသေးအဖွဲကိစ္စမျှသာဖြစ်မည်ဟု တွေးခဲ့သည်။ ကြယ်တာယာခရီးရှည်ကောလိပ်၏ ကျောင်းအုပ် ရာထူးကြောင့် သူသည် ကြားနေဝါဒကျင့်သုံးရမည်ဖြစ်သည်။ သို့သော် သူ့ခွန်အားကြောင့်ထိုစည်းမျဉ်းများကသူ့အား ကန့်သတ်ထားခြင်း မရှိပေ။

"အချိန်ကောင်းပဲ..."

ဘေးကြပ်နံကြပ်ဖြစ်နေချိန်ကျမှ အမွှေးတိုင်ထွန်းရလေသလား.....

ဒီအခြေအနေကို တွေးကြည့်မိတော့ သူ မထွက်ခွာနိုင်ရင် အကျိုးအရှိဆုံးသူကတော့ ကုန်းယွမ် ဖြစ်လိမ့်မည်။ ဒါပေမယ့် အရိပ်လှိုဏ်ဂူထဲက ပြဿနာက ကုန်းယွမ်နဲ့ ဘယ်လိုသက်ဆိုင်သလဲ....ကုန်းယွမ်သည် အရိပ်လှိုဏ်ဂူ အတွင်းဖြစ်ပျက်မှုများကို ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်နိုင်ပါသလား။ အဲဒါက သိပ်တော့ ယုတ္တရှိပုံမပေါ်ပေ။

ဆိုလိုသည်မှာ သူ့နောက်တွင် ပို၍ကြီးမားသော လျှို့ဝှက်ချက်တစ်ခု ရှိနေသည်ဟု ဆိုလိုသည်။ထိုအတွေးကြောင့် ဖန်ချန်ယွမ် အကြည့်များ အေးစက်သွားသည်။

အလည်တစ်ခေါက်သွားပြီး ထိုသူကိုကြည့်ရမည်။ သူသည် ဤဂူထဲတွင် နှစ်ပေါင်းများစွာ အကျဉ်းချခံခဲ့ရသဖြင့် အပြင်မှာ ဘာတွေဖြစ်နေလဲ မသိနိုင်ခဲ့ပေ။

"ငါ့မှာနည်းလမ်းမရှိဘူးထင်ပြီး ပြောင်ပြောင်တင်းတင်းလှုပ်ရှားနေကြတာပဲ... "

ထိုအချိန်တွင်၊ မကောင်းဆိုးဝါးမြစ်သည် တောက်လောင်နေပြီး နေရောင်ကို ချေဖျက်နိုင်သော ဧရာမငါးအမြီးကြီးတစ်ခုပေါ်လာသည်။

ဖန်ချန်ယွမ်သည် သူ့လက်ချောင်းများဖြင့် ခေတ္တရေတွက်ပြီးနောက် လုံကူရှန့်ပိန်းကိုဆုပ်ကိုင်လိုက်သည့်အခါ ရွှေညိုရောင်အရည်တစ်စက် ထွက်လာပြီး ရွေရောင်အလင်းတန်းများဖြာကျလာသည်။

"ယွီလဲ့ဘုရင်၊ မင်းငါ့ကို တားချင်နေတာလား...."

သတ်ဖြတ်လိုသော အရိပ်အမြွက်ဖြင့် ဖန်ချန်ယွမ်၏ မျက်လုံးများ မှိတ်ထားလိုက်သည်။

"အရင်တုန်းကသံသယလေးတွေရှိခဲ့ပေမယ့် အခု အတည်ပြုနိုင်ခဲ့ပြီ.... ကုန်းယွမ်က မင်းတို့နဲ့ အဆက်အသွယ်ရှိပုံရတယ်..."

"... ဖန်ချန်ယွမ်၊ မင်းက သူတို့ကို ကိုင်တွယ်ဖို့ ပြင်ပလောကကို သွားမလို့လား.... ငါနဲ့ အချိန်ဖြုန်းတာက ပိုကျေနပ်စရာမကောင်းဘူးလား...."

ယွီလဲ့ဘုရင်က ဤစကားများနှင့်အတူ တခစ်ခစ်ရယ်မောလိုက်သည်။

ဖန်ချန်ယွမ် ခေါင်းယမ်းလိုက်ပြီး....

"စိတ်မကောင်းပါဘူး... မင်းငါ့ကို တားချင်လေ ငါကပိုသွားချင်လေပဲ......"

"မသွားရဘူး...!"

"မင်းငါ့ကိုတားလို့မရဘူး....မင်းလိုပဒ ငါ့မှာလည်း ကိုယ်ပိုင်နည်းလမ်းတွေရှိတယ်...."

ဖန်ချန်ယွမ်က လက်ဖဝါးကို မြှောက်ပြီး ပြုံးလိုက်သည်။ လုံကူရှန့်ပိန်းထဲက အလင်းအမှုန်အမွှားလေး သူ့လက်ဖဝါးထဲကို လွင့်နေတာကို တွေ့လိုက်ရသည်။ တကယ်တော့ ဒါဟာ သွေးတစ်စက်ပင်.....

"တစ်စက်ကျန်သေးတယ်"

သူ့လက်ဖဝါးအတွင်း၌ မီးတောက်တစ်ခု လောင်ကျွမ်းသွားပြီး သွေးအဆီအနှစ် တစ်စက်သည် နီညိုရောင် မှော်စာလုံးအဖြစ်သို့ တဖြည်းဖြည်း ပုံသွင်းလာခဲ့သည်။

မှော်စာလုံးကို ဖန်တီးလိုက်သောအခါ၊ ၎င်းသည် သေးငယ်သော လူတစ်ဦးကဲ့သို့ ဖြစ်နေသည်။ အနီးကပ်ကြည့်လျှင် လီလော့နှင့်တူသည်။

ဖန်ချန်ယွမ်သည် ကြားခံအဖြစ် အနီရင့်ရောင်လူသားသဏ္ဍာန်မှော်စာလုံးကို အသုံးပြု၍ နှစ်ပေါင်းများစွာ လိုက်ပါလာသော ဓါးကို ဆုပ်ကိုင်ကာ လက်တစ်ဖက်ဖြင့် တံဆိပ်တစ်ခု ဖန်တီးခဲ့သည်။

ရွှမ်းးးးးး

ဓားသွားသံက ဖန်ချန်ယွမ်ရဲ့ နှလုံးသားရဲ့ နက်နဲရာကနေ ပဲ့တင်ထပ်နေပုံရသည်။

……...........

သူ့အိတ်ဆောင်စက်လုံး စူးစူးစိုက်စိုက်ကြည့်ရင်း လီလော့၏နှလုံးသားတုန်လှုပ်သွားသည်။

တစ်ချိန်တည်းမှာပင်၊ အထိန်းအကွပ်မရှိ ပြောင်လက်တောက်ပနေသော ရှေးဟောင်းဓားတစ်ချောင်း လီလော့ ရှေ့မှာ ပေါ်လာပြီး သိမ်မွေ့စွာ တုန်ခါနေသည်။

All Chapters